ရှေးတရုတ်နဲ့ ကျွန်တော်တို့ပျူ (၇)
********************
မင်းသမီးကြီး မိချဲန် လာပါပြီ မိချဲန် ဆိုတာ တရုတ် မှတ်တမ်းက လာတဲ့ ပျူ တပ်မြို့ ၉ မြို့ထဲက တစ် မြို့ကို ပြောတာ ဘယ်မြို့လဲ ဆိုရင် ပဲခူး ကို ပြော တယ် လို့ ဆရာ့ဆရာတွေက ယူဆထားကြတယ်
ပဲခူး ခေါ် ဟံသာဝတီ ဆိုတာ မွန်ရာဇဝင်မှာတော့
စစ်သေနာပတိချုပ်ပါပဲ သထုံ ပြီးရင် သူပဲကိုး
ဒီတော့ ပဲခူးရာဇဝင် ရွှေမော်ဓေါဘုရားသမိုင်း မဒမ ရာဇဝင်ချုပ် မွန်ရာဇဝင်ကြီး သထုံရာဇဝင်ချုပ် ရွှေမော်ဓေါသမိုင်း ဇင်းကျိုက်တောင်သမိုင်း ကေလာသသမိုင်း ပဲခူးရာဇဝင်ပြဇာတ် ဆန္ဒန် ဂူ သမိုင်းကော့ဂွန်းဂူသမိုင်း တွေကို အဆင်သင့်ထား ရာဇဝင် မှာ နာမည်ကြီး ဇာတ်နာတဲ့ ပြည်ကြီး ကို ရှာရဖွေရ မွှေ နှောက်ရ တော့ တာပဲပေါ့
ဟံသာဝတီပဲခူး တည်ထောင်တာလေး စကြည့် ရအောင်
ရာဇဝင်တွေ အဆိုအရ မြတ်စွာဘုရား (၈) ဝါအရမှာ ဂဝံပတိမထေရ်က ပင့်လို့ ဘုရားကြွလာတဲ့ အချိန် မှာ ဟံသာဝတီ ပဲခူးဟာ ပင်လယ်ဖြစ်နေသေးတယ် တဲ့ သမိုင်းစကားနဲ့ ပြောရင် BC-6 ရာစု အလယ် ပိုင်းကာလ ဖြစ်ပါတယ်
ဆက်ပြောတာက တကယ်က ပဲခူးသာမဟုတ်ပါဘူး မြန်မာနိုင်ငံ ပယ်လယ်ကမ်းရိုးတန်းဟာ လက်ရှိနဲ့ မတူ များစွာ ကွဲပြားပါတယ်တဲ့ ဧရာဝတီ စစ်တောင်း သံလွင်မြစ်ဝကျွန်းပေါ်ဒေ တွေ မဖြစ် ပေါ် သေးပါသလို ရခိုင်ကမ်းမြောင်နဲ့ တနင်္သာရီ ကမ်းမြှောင်ဒေသ တွေဟာလည်း ပင်လယ်အောက် မှာပဲ ရှိပါသေးတယ်တဲ့
ပင်လယ်ပြင်ဟာ ပြည့်မြို့ အောက်နားထိ ရောက်ခဲ့ တယ် အနောက်ဘက်မှာ အနောက်ရိုးမ ရခိုင်ရိုးမ ကို ဆိုလိုပါတယ် ရခိုင်ရိုးမ တောင်ခြေ အလယ်ပိုင်း မှာ ပဲခူးရိုးမ တောင်ခြေ အထိ ပင်လယ်အောက်မှာ ပါတဲ့ မုတ္တမ ပင်လယ်ကွေ့ရဲ့ အနောက်မြောက်ခြမ်း ဟာ ပဲခူးမြို့တည်ရာကို ကျော်လွန်ပြီး ပဲခူးရိုးမ တောင်ခြေအထိ ရှိပါတယ်တဲ့
အရှေ့ဘက်မှာ ပေါင်းလောင် ဇင်းကျိုက် ကုလားမ ဇွဲကပင် တောင်ညိုတောင်တန်းနဲ့ တနင်္သာရီ ရိုးမ တောင်ခြေအထိ ပင်လယ်ပြင်တွေ ဖြစ်တယ် တဲ့
ဒါကြောင့်ပဲ ရှေးက ပြည် သထုံ မဒမ ထားဝယ် တနင်္သာရီ တို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်ရ ပါတယ်တဲ့
နောက်ကာလအတန်ကြာတဲ့အခါ ဟင်္သတ ပုသိမ် မြောင်းမြ သန်လျင်တို့ဟာ တဖြည်းဖြည်း ပေါ်လာ ပြီး ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်ပြန်တယ်တဲ့
၁၅ ရာစု နှစ် အနောက်နိုင်ငံသား ကုန်သည်များရဲ့ မှတ်တမ်းများအရ ပဲခူး ဆိုတာ မုတ္တမ ပင်လယ် ကွေ့ ပေါ်မှာ ရှိတဲ့ ဆိပ်ကမ်းမြို့ ပါတဲ့
ပဲခူးရာဇဝင် အဆိုအရ BC-6 ရာစုမှာ မြန်မာနိုင်ငံ ဟာ မြေပုံမှာ အစက်အပျောက်သာသာ ရှိပါလိမ့် မယ် အကုန်ပင်လယ်ချည်း ဖြစ်နေတယ် ဆိုထား တာကိုး
မုတ္တမတစ်ဖက်ကမ်းဟာ ပဲခူးရိုးမ တောင်ခြေမှာ ဆုံး တယ် ပြည်နားအထိ ရောက်တယ် ဆိုထားတော့
မွန်တွေပြောတဲ့ ပထမဆုံး မြို့တော် သထုံက ရေ အောက် ရောက်နေတယ် လို့ ဆိုလိုက်တာပါ သထုံ ဆိုတာ မရှိတော့ပါဘူး မုတ္တမကမ်းဟာ ပဲခူးတောင် ကျော်သွားမှတော့ ကျိုက်ထို သထုံ ပဲခူး တဖက်က ဆို ပြည်နားထိ ဆိုတော့ ရန်ကုန် ဆိုတာလည်း မရှိ
သုဝဏ္ဏဘူမိ မွန်မြို့တော် ဆိုတာ လေပေါလို့ လျောက်ပြောသလို လက်အားလို့ လျောက်ခြစ်ထား တာတွေ ဖြစ်တယ်လို့ မွန်ရာဇဝင်တွေက သူတို့ အချင်းချင်း ရာဇဝင်တွေ မညီပဲ ဖျက်ဆီးပစ်လိုက်ပါ တယ်
အောက်ဘက်ကြည့်ပြန်တော့ မော်လမြိုင်ကနေ ကလိန်အောင်အထိ ပင်လယ်အောက် ရောက်နေ ပြန်ပါတယ် အဲဒီမှာ မုတ္တမပင်လယ်ကွေ့ တဖက် ကမ်း ဖြစ်နေတာ တွေ့ရပါတယ် ဒီတော့ မုဒုံမြို့ ကန်ကြီးစေတီ ဆိုတာလည်း မရှိဘူးပေါ့ ရေ အောက်မှာပဲ ရှိသေးတာကိုး ဒီဘုရားသမိုင်းလည်း မရှိဘူးပေါ့ ဘုရားမှ မရှိတာ သမိုင်းက ဘယ်လို လာမလဲလေ
မွန်သမိုင်းပညာရှင် ဦးစံဝင်း ကတော့ မွန်တွေဟာ BC-17 ကတည်းက ဝင်လာပြီး သုဝဏ္ဏဘူမိ ကို တည်ထောင်တယ်တဲ့ ယခု တိုက်ကုလားမြို့ ကိုပေါ့
ပင်လယ်ချည်း ဖြစ်နေတဲ့ ဒီမုတ္တမပင်လဟ်ကွေ့ကြီး အပေါ် ဗုဒ္ဓခေတ်ကို နှစ်ပေါင်း ၁၁၀၀၀ လောက် ကျော်လွန်ပြီး ဝင်လာတဲ့ မွန်တွေဆိုတာ အဲဒီအချိန်
မှာ ပငမလယ်ပြင်ထက် ဖောင်ဖွဲ့ပြီး ခြေသလုံး အိမ် တိုင် မျောချင်ရာမျော သွားနေကြတဲ့ လူမျိုးစုတွေ ဖြစ်တယ် လို့ ဦးစံဝင်းက ဆိုလိုချင်လေသလား အကုသိုလ် မသိပါ ဒါပေမယ့်လည်း ပင်လယ် ထဲ နေမှ ရမယ့် အနေအထား ဆိုတော့ ဦးစံဝင်းက မွန် လူမျိုးတွေကို ဂျောက်ချတာလား ဒါမှမဟုတ် မဟုတ်တမ်းတရား ပြောတာလား ဆိုတာ သူကိုယ် တိုင်ပဲ သိမှာပါ
သထုံဆိုတာ မရှိမှတော့ သုဓမ္မဝတီ ၅၇ ဥမို ၅ ဆက် ၆၂ ဆက် ဆိုတဲ့ မင်းတွေ ဆိုတာ အာပေါ ဝါယောတွေ ဖြစ်ကုန်ပါတယ် ဘယ်နားက သွားလာ တော့မလဲ ကုန်းမြေတောင် မရှိတာ သုဓမ္မဝတီပြည်
ဆိုတာ ဇာတ်တော်ထဲက နဂါးမြို့တော်များ ဖြစ်လေ သလားပေါ့
၁၅ ရာစု ထိတိုင်အောင် ပဲခူးက မုတ္တမ ပင်လယ် ကွေ့ပေါ်က ဆိပ်ကမ်းမြို့ ဆိုတော့ ၁၅ ရာစုအထိ မုတ္တမကမ်းက ပဲခူး မြို့အထိ ရောက်နေတုန်း ဖြစ်
တာမို့ ဘယ်မှာလဲ သထုံ ဘယ်မှာလဲ ကျိုက်ထို ဘယ်နားမှာလဲ ဘီလင်း ဘယ်နေရာက မုတ္တမ ဘယ်နေရာက ဘီလူးကျွန်းလဲ ဆိုတာတွေ မေးလာ ရင် ပင်လယ်ရေအောက်မှာပါ ခင်ဗျ လို့ ဖြေရ မှာပါ
မိချဲန် ဖျက်တဲ့ မွန်ရာဇဝင် တက်တက်စင်အောင် ပြောင်လေရော့လား ဘာမှကို မကျန်တော့ပါဘူး
ဆက်ကြည့်ရအောင်ပါ ဇွဲကပင်တောင်ခြေဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တယ်လို့ ရှေးဟောင်း မွန် စာပေတွေမှာ ဆိုပါတယ်တဲ့ ရှေးဟောင်း မွန်စာပေ ဆိုတာ ဘယ်စာကို ညွှန်းတာလဲ မသိရပါ ရှိလျှင် ကျမ်းညွှန်း ပေးစေလိုပါတယ် ပင်လယ်အောက် ရောက်နေပါတယ် ဆိုထားပြီး ဒီမှာ ဆိပ်ကမ်းမြို့ လို့ ဆိုပြန်ပါတယ် ဆိပ်ကမ်းမြို့ဟု ဆိုလျှင် ၁၅ ရာစု နောက်ပိုင်းသာ ဖြစ်ပါလိမ့်မယ်
နောက် ဟံသာဝတီ ပဲခူး ဖြစ်လာမည့် ပင်လယ်ပြင် အလယ်တွင် ကျောက်တောင်ကြီး တစ်ခုရှိသည်
ရေကျချိန်တွင် ၂၃ လံ အမြင့် တွေ့မြင်ရသော် လည်း ရေတက်လို့ ရေပြည့်ချိန်တွင် အရိပ် အယောင် လောက်သာ တွေ့ရသည် လို့ ဆိုတယ်
ဒီကျောက်တောင် မြှပ်ချည်ပေါ်ချည် ဖြစ်နေတာကို
မွန်ဘာသာနဲ့ မုတောင်း လို့ ခေါ်တယ် တဲ့ နောက်ပိုင်း အဲဒီနေရာမှာ တည်တဲ့ စေတီကိုလည်း ကျိုက်မုတောင်းလို့ နာမည်ပေးခဲ့တယ်လို့ ဆိုပါ တယ် အဲဒီ ကျိုက်မုတောင်းကနေ ကျိုက်မုတော ကျိုက်မုဓေါ ယခု ရွှေမောဓေါ ဆိုပြီး ဖြစ်လာတယ် တဲ့
အဲဒီ ကျောက်တောင်နေရာဟာ ဘုရားပရိနိဗ္ဗာန် ပြု ပြီး နှစ်ပေါင်း ကိုးရာကျော် အချိန်မှာ သောင်ထွန်း လာပါတယ် သမိုင်းစကားအရ AD- ၃ ရာစု ကျော် တဲ့ အချိန်မှာ ပင်လယ်ကနေ သောင်ထွန်း ကုန်းဖြစ် လာတယ်ပေါ့လေ
အရင်က ရေကျချိန် ၂၃ လံ ရှိခဲ့တာက နှစ် ၉၀၀ ကျော် ကြာတဲ့ အချိန်မှာ ရေပြည့်ချိန် ၁၃ လံသာ ကျန်ပါတယ် တဲ့ သောင်ထွန်းလာလို့ ကျောက် တောင်က အောက်ကို မြှုပ်သွားတယ်လို့ ဆိုလို တာပါ
ဒီအချိန်မှာ အိန္ဒိယတိုင်းသား တေလဂူများ ရွှက်လွှင့် ပြီး သုဝဏ္ဏဘူမိကို ကုန်ကူးသန်းရောင်းဝယ် သွား လာလျက်ရှိတယ်တဲ့ AD-3 ရာစု ကျော်ထိ ပင်လယ် ပြင်အောက်က မထွက်သေးတဲ့ ပဲခူးနဲ့ မုတ္တမပင်လယ်ကွေ့ထဲ သုဝဏ္ဏဘူမိ ဆိုတာ
ဘယ်နေရာမှာ ရှိမှာလဲ
ဒီတေလဂူတွေ အပြန် ပဲခူးနေရာ ကျောက်ဆောင် မှာ ရွှေဟင်္သာ ဖိုမ နားနေတာကို တွေ့ရလို့ အိန္ဒိယ ရောက်တော့ ဘုရင်ကို ပြောတယ်တဲ့ ဘုရင်က ပညာရှိတော့ ချက်ချင်းပဲ မင်းဆရာ အာဒိစ္စ အာဘောဇ ကို ခေါ်မေးသတဲ့ ဒီတော့ မင်းဆရာက
ပြောတယ်တဲ့ ဒီနေရာဟာ သာမည နေရာမဟုတ်
မြတ်စွာဘုရား ၈ ဝါ တုန်းက ဒီလိုပဲ ရွှေဟင်္သာဖိုမ နားနေတာကို မြင်တဲ့အခါ ရှင်အာနန္ဒကို ဒီနေရာမှာ နောင်အခါ ဟံသာဝတီ ရာဇဌာနီ မင်းနေပြည်ကြီး ပေါ်လိမ့်မယ်လို့ ဗျာဒိတ်တော်ပေးခဲ့ တယ် လို့ ဖြေ သတဲ့
ဒီတော့ အကုသိုလ်လည်း ဘယ်ရမလဲ ဗျာဒိတ် တော်ကျမ်း ရှိတာပဲ အလကားထား တာမှ မဟုတ် တာ လှန်သည်ပေါ့ စာအုပ်သာ ဆုံးတယ် ဒီဗျာဒိတ် ကို မတွေ့ရ သို့သော်လည်း ဗျာဒိတ်တော်ကျမ်းက မစုံတာနေမှာပါလို့ပဲ သဘောပိုက်ပြီး ဆက်ကြည့်
တယ်
ဒီတော့ ဘုရင်က မင်းဆရာကို လှေသား ၅၀၀ နဲ့ အတူ သင်္ဘောနဲ့ အဲဒီနေရာကို ရက် လနှစ်တွေ မှတ်ထားဖို့ လွှတ်တယ်တဲ့ လာရင်း ရေတက်ချိန်မို့ ဇွဲကပင်တောင်ခြေမှာ ချိတ်ဆွဲ ရပ်နားရတယ်တဲ့
အဲဒီလို ချိတ်ဆွဲရပ်နားတာကို စွဲပြီး မွန်ဘာသာနဲ့ သင်္ဘောချိတ် လို့ အမည်ရတဲ့ စကား ဂြဲကွ့င် လို့ ခေါ်ခဲ့ကြတယ်တဲ့ နောက်ပိုင်းကျတော့ ဂြဲကွ့င်ကနေ ဇွဲကပင် ဖြစ်သွားတယ်လို့ ဆိုတယ်
ရေကျချိန် ဆက်သွား ကျောက်တောင်မှာနား မှတ် တိုင်စိုက်ပြီး အိန္ဒိယကို ပြန်ကြတယ်တဲ့ အဲဒီကနေ နှစ် ၁၆၀ ကြာတဲ့ အခါ ရွှေဟင်္သာနားတဲ့ နေရာဟာ မြေသား ပကတိဖြစ်လာတယ်လို့ ဆို တယ် AD-5 ရာစု ရောက်သွားပါပြီ မိချဲန်းခေါ် ပဲခူး ဆိုတဲ့ ဟံသာဝတီ ပြည်ကြီး မတည်ရသေးဘူး
အိန္ဒယပြန်သွားတဲ့သူတွေက သေကုန်ပြီး လေး ဆက်မြောက် မင်းအထိ ရောက်နေပြီတဲ့ သူတို့ လည်း ကုန်းမြေပေါ်တယ် ကြားတာနဲ့ လူ ၇၀ နဲ့ ဒီနေရာကို စောက်ရှောက်ဖို့ စေလိုက်တယ်တဲ့ အဲဒီလူပေါင်း ၇ဝ ဟာ အဲဒီကုန်းမှာ ၅၆ နှစ် တိုင် တိုင် နေထိုင်ပြီး စောက်ရှောက်ခဲ့တယ်တဲ့ အဲချိန်ကျ မှ ကုန်းမြေတပြင်လုံး ထွန်းတယ်တဲ့
AD-5 ရာစု နှောင်းပိုင်း ရောက်လာခဲ့ပြီ အခုမှ မြေ ဖြစ်ပါတယ် ဒီနေရာမှာ တစ်ခု ပြောစရာရှိတယ် ထိုင်းထွက် စာအုပ် ဥပ္ပန္နသုဓမ္မဝတီ ရာဇဝံသကထာ မှာ ဘယ်လို ပြသလဲ ဆိုရင် သုဓမ္မဝတီ သထုံမြို့ ဟောင်း ရေလွှမ်းပျက်စီးလို့ ကေလာသတောင် ဘက်ကို ရွှေ့ပြောင်းရကြောင်း ဆိုပါတယ် သုဓမ္မဝတီ ပျက်တာကို ထိုင်းရာဇဝင်ဆရာက အဲသလို ပြောထားတယ် ဘယ်ချိန်ရယ်လို့တော့ မပါပါ
ဒီမှာ နည်းနည်းလောက် စပ်ဟပ်ကြည့်ရအောင်ပါ
BC-3 ရာစု ဆိုတာ အသောကခေတ် အသောက ကိုးတိုင်း ကိုးဌာန စေလွှတ်ခန်းမှာ သုဝဏ္ဏဘူမိ မပါ သလို သုဓမ္မဝတီလည်း မပါပါ အဲဒါတွေကို နှစ် 600 လောက် ကျော်လာပြီးမှ ပဲခူးနေရာက သောင်ပါးပါး ထွန်းတယ် နှစ် ၉၀၀ ကျော်မှ ကုန်းမြေ ဖြစ်လာတယ် မွန်ရာဇဝင်အရ ဆိုရင် သုဝဏ္ဏဘူမိ ဆိုတာ အသောကခေတ်မှာ ရှိမှ မရှိသေးတော့ အသောက စေလွှတ်ရာမှာ မပါဘူး ဆိုတာ ဖြစ်နိုင် တာပဲပေါ့ ဥတ္တရနဲ့သောဏ ဆိုတာ ဒီပဝံသရဲ့ အစွယ်အပွား ကလျာနီ ကနေ လာတာ ဖြစ်တာမို့
အကုသိုလ်က ဒီပဝံသကို သမိုင်းအမြင်အားဖြင့် ပယ်ဖျက်ထားလေတော့ ကလျာနီ ဆိုတာ ထည့် ပြောစရာ မရှိတော့ဘူးပေါ့ ပင်မကို ပယ်ချထားရင် ကျန်တာ အကုန် ကြည့်စရာမလိုတော့ဘူးလေ
ဗုဒ္ဓခေတ်နဲ့ ခေတ်ပြိုင် အထောက်အထားတွေ မြန်မာပြည်မှာ အနှံ့အပြား တွေ့နေရပါလျက်နဲ့
သထုံကနေ တိုက်ယူလို့ ပိဋကတ်ကို ပုဂံက ရတယ် ဆိုတဲ့ စာတွေဟာ အကျည်းတန်လွန်းပါတယ်
ဗုဒ္ဓခေတ် ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း 2600 BC-6 ရာစုကို ပြောတာပါ ဗုဒ္ဓခေတ် အရေး အသား စာပေအက္ခရာတွေ မြန်မာပြည်ထဲ အနှံ့ အပြား တွေ့ရပါတယ် အဲဒီအချိန်မှာ မြန်မာပြည်က လူတွေ အဲဒီ ဗြဟ္မီစာပေတွေကို တလုံးမှ နားမလည် ခဲ့ရင် မြန်မာပြည် တောင်ကမြောက် အရှေ့က အနောက် တလွှား ပြဲပြဲစင် တွေ့စရာ မရှိပါ ထားဝယ်မှာ သာဂရ အနီး ရပ်ခံတောင် ဘုရားမှာ ဆို ပတ်ပတ်လည်မှာ ပလူပျံနေတယ် မြို့ဟောင်း ဘုရားဝန်းကျင်မှာလည်း တပုံတပင် ခေတ်အဆက် ဆက်စာတွေ အုတ်ပြားတွေမှာ ရေးထားတာ မြင်ရ တယ် အစက အဲဒါတွေကို ဗုဒ္ဓခေတ်နဲ့ ခေတ်ပြိုင် လို့ မသိခဲ့ပါဘူး လိမ်ထားခံရတဲ့ သမိုင်းတွေ သိလာ ခဲ့ရတဲ့ အကုသိုလ်တို့ မျိုးဆက်တွေဟာ သိဖို့ အတော် ခဲယဉ်းပါတယ် ဒီအကြောင်း သက်ဆိုင်ရာ နေရာရောက်မှ ပုံနဲ့ တကွ အသေးစိတ်ရေးပေးပါ မယ်
ပြန်ဆက်ပါမယ် နောက်တော့ ဇင်းကျိုက်တောင် သမိုင်း နဲ့ ဆက်သွားပြန်တယ် နဂါးမတောင် လို့ ခေါ်တယ်လို့ ဆိုတယ် ရသေ့တပါးရှိတယ် နဂါး မင်းသားနှစ်ပါးကို ရသေ့မှာအပ်တယ် နဂါး မင်းသား နှစ်ကောင်ကို ရသေ့က ဟံသာဝတီဟာ မင်းနေ ပြည် ဖြစ်လိမ့်မယ် သွားနေကြချေ ဆိုပြီး လွှတ် တော့ နဂါးမင်းသား နှစ်ကောင်က လူ ၁၇၀ ကို ခေါ် ပြီး ဝါးဖောင် ၁၇ ဖောင်နဲ့ ဇင်းကျိုက်ကမ်းခြေကနေ
ပဲခူး ကုန်းမြေကို သွားတယ် ဟံသာဝတီ ပဲခူး ကုန်း ကို ရောက်တော့ တောချုံတွေရှင်းပြီး နေတယ် ဆိုတယ်
နဂါးမင်းသားနှစ်ကောင်နဲ့ လူ ၁၇၀ နေပြီး နောက် ပိုင်းမှာ လူတွေထပ်ရောက်လာတယ် လို့ ဆိုတယ်
ဘယ်နားကလာမှန်း မသိပါ နောက်ပိုင်း လို့ ဆိုရာ မှာ နှစ် လား လလား ရက်လား ဆိုတာလည်း မသိ ရပါ ထားပါတော့ လူတွေထပ်လာတယ် ဘယ် လောက် လာတယ် ဆိုတာ မပါပြန်ပါဘူး
ဒီမှာ နဂါးမင်းသား နှစ်ကောင်က တိုင်းပြည် ထူ ထောင်ဖို့ အကြံပေါ်တယ် တဲ့ စဉ်းစားစရာက ဒီနေ
ရာပါ လူက ဘယ်လောက်လာလို့ တိုင်းပြည်တစ်ခု ထူထောင်ရအောင် အရူးထကြတာလဲ မသိဘူး
သူတို့ရှိတဲ့ လူနဲ့ဆို ရွာတောင် တည်လို့မရ နိဂုံးရွာ မဖြစ်နိုင်ပါ ဇနပုဒ်သာသာ ပဲရမှာပေါ့ ထပ်လာတဲ့ လူက တစ်ထောင်ပဲ ထားပါဦးတော့ ရွာငယ်လေး သာသာပဲ ရမှာပေါ့ တိုင်းပြည်ထူထောင်မယ် ဆို တော့ အင်း ဟုတ်တော့လည်း ဟုတ်နေတာပါပဲ
အဲသလို အကြံရတဲ့အခါ အတော်ကို အားယားနေ
တဲ့ သိကြားမင်းကြီး မာဃက ပရဟိတပိုးထပြီး မနေနိုင် မထိုင်နိုင်နဲ့ လက်သမားအသွင်ဆောင်ပြီး
လူပြည့်ကိုလာ သူက တာဝန်ယူမယ်ပြောတယ် ဆို ပဲ
ဒီမှာ ခုဏက အိန္ဒယက ၇၀ ဟာ ၅၆ နှစ် နေတယ် ဆိုတော့ မျိုးဆက် တစ်ဆက်စာလောက် ရှိတယ်
အိမ်ထောင်သားမွေး မပြုကြဘူးလား မသိဘူး အဲလူ တွေနဲ့ နေရာလု စကားများကြတော့တယ် ဆိုပါ တယ်
အဲဒီတော့ အိန္ဒိယကလူတွေက ရေလံ ၁၃လံ အချိန်က သူတို့အမှတ် အသား ရှိကြောင်း ပြော တယ်
ဒီအချိန်မှာ သိကြားမင်းက ရေလံ ၇ လံကတည်းက မှတ်ထားတဲ့ အမှတ်အသား ရှိကြောင်း ပြောတယ် လို့ ဆိုတယ် ဒီတော့ သူတို့ပဲ ရသင့်တယ်ပေါ့လေ
အဲတော့ စစ်ကြည့်တော့ သိကြား အကြံအဖန် လုပ် ထားတော့ နိုင်တယ် ဆိုပါတော့ ဟိုလူတွေက ပြန် ကြတော့တယ်
ဒီမှာ ဒီ မွန်ရာဇဝင်ကို ဘယ်သူရေးသလဲ မသိဘူး
တော်တော်ကို အပြစ်များမယ့် သူပါ သိကြားမင်း ဆို တာ ပါမစ်ရ သောတာပန်ကြီးပါ သောတာပန် သိကြားမင်းကိုမှ ရွေးပြီး လိမ်ခိုင်းရတယ် ဆိုတဲ့ ဥာဏ်ပညာကတော့ အတော်တော်လွန်းတယ် ပြောရမှာပါ ရှက်တတ်ရင် သေလို့ရလောက်ပါတယ်
အခြားနည်းကလည်း မရှိလေတော့ သိကြားမင်း ကို ပဲ လိမ်ခိုင်းရတော့တယ်ပေါ့လေ ကောင်းပါလေရော လား
သောတာပန်သိကြားက ညာပေးမှာ မဟုတ်သလို
နဂါးမင်းသား နှစ်ကောင်လည်း နိုင်စရာ မရှိဘူး
ယုတ္တိမရှိတဲ့ ပေါချောင်ချောင် ရာဇဝင်တစ်ခု အဖြစ် ကို အဲဒီအချက် တစ်ခုတည်းက ရောက်စေပါတော့ တယ်
ယုတ္တိကျကျ ဆိုရင် အိန္ဒိယက လူတွေပဲ နိုင်ရမှာပါ
မဟုတ်တမ်းတရား ရေးပြီး အတင်းနိုင်ခိုင်းတာ ဆို
တော့ ကြားရာအရပ်က သာဓုခေါ်တော့ အကုသိုလ် ရေစက်ချလို့ အမျှခေါ်ပြီ မိချဲန် ရေ အမျှ အမျှ အမျှ
ဒီရာဇဝင် ဒီမှာနား မိချဲန် သမိုင်းဘက် သွားရအောင်
ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (၈)
********************
မိချဲန် သမိုင်းအကြောင်းကို ပြောရင် မပြောချင်ပေ မယ့် ချန်ထားလို့ မဖြစ်တာတွေကို ထည့်ပြောရမှာ ပါ သမိုင်းကို ပြောရင် အထောက်အထားက ခိုင်မှ
ဆိုတော့လည်း ဆက်စပ်ရာ အကုန် ပြောရမှာပါ
အကြောင်းကတော့ မွန်တွေ ဘာအကြောင်း ကြောင့်မှန်း မသိ မနှစ်သက်ပါဘူး ဆိုတဲ့ တန်လိုင်း ဆိုတာက အဓိက ကျလာလို့ပါ ဒီအချိန်မှာ မွန် သမိုင်းကို ပြောတယ် ဆိုပေမယ့် မွန်ဆိုတာကို ခေါက်ထားလို့ ရပါတယ်
ဇာတ်လိုက်က တန်လိုင်း ဖြစ်နေလို့ပါ မွန်တွေက တန်လိုင်းဟာ မွန် မဟုတ်ပါဘူးလို့ တိတိပပ ဝန်ခံ
ရင်တော့ တန်လိုင်း ဆိုတာကို ထည့်ပြောစရာ မလို တော့ပါဘူး အခုက ဟုတ်သလိုလို မဟုတ် သလိုလို ဖြစ်နေတော့ ချန်ထားခဲ့ချင်ပေမယ့် ချန်မရတဲ့ အနေ အထားပါ
တန်လိုင်း ဆိုတာ မြန်မာတွေက မွန်တွေကို ခေါ်တဲ့
အခေါ် မဟုတ်ပါဘူး ဟိုးတုန်းက တန်လိုင်း ဆိုတာ ကို အခန်းဆက် ရေးခဲ့ပြီးပါပြီ တန်လိုင်း ဆိုတာ စာ မှတ်တမ်းတွေပေါ် စတင် မှတ်တမ်းတင်ခဲ့တာ ဗမာ တွေ မဟုတ်ပါဘူး တရုတ်တွေပါ ပထမ ဆုံး တွေ့ ရတဲ့ အထောက်အထားက ထန်မင်းဆက်သမိုင်း သစ်က ပျူ နိုင်ငံဆိုတဲ့ အခန်းမှာပါ အဲဒီမှာ ဖော်ပြ ထားတယ် ရေးထားတာက Teng-ling ဆိုပြီး ပြ တယ် ရှေးဟောင်းအသံထွက်နဲ့ ဆိုရင် d'ang-liang ဆိုပြီး ထွက်ပါတယ် ဒီအမည်ဟာ လူမျိုး နာမည် နေရပ် နာမည်ဖြစ်ကြောင်း ပြောထားပါ တယ်
အဲဒီ ထန်မင်းဆက်သမိုင်းသစ်မှာ ပြောတဲ့ တန်လိုင်း ဆိုတာဟာ နှောင်းခေတ် ဗမာတွေ AD- 11 ရာစုလောက်မှာ သိလာတဲ့ တန်လိုင်း ဆိုတာ
ပါပဲ ဒါကြောင့်ပဲ မြန်မာရာဇဝင်တွေမှာ တန်လိုင်း တွေ နေထိုင်တဲ့ နေရပ်တွေကို အစွဲပြုခေါ်တဲ့ တန်လိုင်း သုံးရပ် ဆိုတာတွေ ပေါ်လာခဲ့ရတာ ဖြစ်
ပါတယ် မရှိတဲ့ လူမျိုးကို ဘယ်သူက အရေးတယူ ခေါ်နေမှာတဲ့လဲ ထန်မင်းဆက်က မှတ်တမ်းက ဗမာတွေ တန်လိုင်း ဆိုတာ သုံးစွဲ လာချိန်နဲ့ ယှဉ်ရင် နှစ်ပေါင်းများစွာ စောပါတယ်
မြန်မာမှာ တန်လိုင်းဆိုတဲ့ ကျောက်စာ အထောက် အထားကို အစောဆုံးတွေ့ရတာ ၁၁ ရာစု အထဲမှာ မှ တွေ့ရတာပါ တလိုင်းသုတေသန စစ်တမ်းရေး တဲ့ မွန်သမိုင်းဆရာက ဒီတန်လိုင်း အဆိုကို အသေ အလဲ မွန်တွေ မဟုတ်ကြောင်း ဗမာတွေက သက် သက်မဲ့ နှိမ့်ချခေါ်တယ် လို့ အဆိုကို သက်သေပြလို တဲ့ သဘောနဲ့ ကန်ကျောက် ရေးသားခဲ့ဖူးပါတယ်
ဒီတန်လိုင်းဆိုတာ မွန် မဟုတ်သည် ဖြစ်စေ ဟုတ် သည် ဖြစ်စေ ဘာမှ အရေးပါတဲ့ အရာမဟုတ်ပါဘူး
နှောင်းခေတ် (ကိုလိုနီခေတ်မှအစ) မွန်တွေက တန်လိုင်း ဆိုတဲ့ ရှေးစကားကို သူတို့ကို မေးကြည့် မိမစစ် ဖမစစ် သားသမီးတွေလို့ ခေါ်တယ်ပဲ ပြော ကြပါတယ် တကယ်တမ်း နှောင်းခေတ် မွန်တွေ ဒီ စကား အနက်ကို အမှန်တကယ် မသိကြပါဘူး မယုံ မေးကြည့်ပါ သူတို့ကို အဲသလို ခေါ်ပါတယ်လို့ ဘယ်လို သိရသလဲလို့ သူတို့ မပြောတတ်ပါဘူး
သေသေချာချာလည်း ခိုင်မာတဲ့ အချက်တွေနဲ့ ပြော ဆိုနိုင်တာ မရှိပါဘူး အဖိုးပြောလို့ အဖေသိတယ် အဖေပြောလို့ သားသိတယ် ဆိုတဲ့ အဆင့်မှာပဲ ရှိပါ တယ် ဘာပြောတယ် ဆိုတာသူတို့ သေချာ မသိကြ
ပါ
မိမစစ် ဖမစစ်လို့ ခေါ်တာ ဆိုပြီး ပြောကြလိမ့်မယ်
မင်းတို့ သမိုင်းမှာ ပါသလား ဆက်မေးကြည့်ပါ
ခုခေတ်ကလေးတွေဆို မွန်ရာဇဝင်တွေထဲ တန်လိုင်း ဆိုတဲ့ စာလုံးကို မြင်တောင် မြင်ဖူး ကြ တော့မယ် မထင်ပါဘူး အစိုးရ အမိန့် သုံးကြိမ်ဆင့် ပြီး တန်လိုင်း အစား မွန်ကို ပြောင်းလဲ ရေးသား သုံးစွဲ လာလိုက်တာ ဗိုလ်ချုပ် မသေသေးတဲ့ အချိန် က စလို့ပါ ဗိုလ်ချုပ်လက်ထက်မှာ ပထမဆုံး အမိန့် ထုတ်ပြန်ပေးခဲ့ရပါတယ် နောက်ပိုင်း ဦးနေဝင်း လက်ထက်အထိ သုံးကြိမ် ထုတ်ပြန်ရတယ်
အဲဒီအရင်က ထုတ်တဲ့ ၁၉၇၂ လောက်က မွန် ဘုရား သမို်င်း မွန်ရာဇဝင်စာအုပ် တွေမှာ တန်လိုင်း လို့သာသုံးပါသေးတယ် အကုသိုလ် ဆီမှာ ရှိပါ တယ် ကျိုက္ခမီရေလယ် ဘုရား သမိုင်း
ကျိုက်ပေါလောမှဲ့ရှင်တော်သမိုင်း ပဲခူးရာဇဝင် ပြဇာတ် စတာတွေပေါ့လေ အဲစာအုပ်တွေမှာ တန်လိုင်း ဆိုတာကိုပဲ မွန်တွေ ရေးမှတ်လာခဲ့ကြ
တာ အထင်အရှားပါပဲ
ရှေးဟောင်း ပေါရာဏ စကားတွေကို မသိရင် မသိ သလို မနေကြပဲ ခေတ်ကာလ စကားနဲ့ ဘာသာ ပြန်ကြတော့ မဖြစ်သင့်တာတွေ ဖြစ်ရတာပါပဲ အထက်ဖော်ပြပါ စာအုပ်ထဲကပဲ ထုတ်ပြီး ပြောပြပါ မယ်
ဘုရားသမိုင်း နှစ်ခုကို အသာထား ပဲခူးရာဇဝင် ပြဇာတ်ကို ပြောပြပါမယ် ဘာကြောင့်လဲ ဆို ဒီ ပြဇာတ်ကို ရေးသူကြောင့်ပါ မပြောခင် အမေး တစ်ခု အရင် မေးပါရစေ ကိုယ့်ဟာကိုယ် ရှာကြည့် ပါ
မွန်လူမျိုးတွေထဲမှာ ကိုလိုနီခေတ်ကာလက သခင် ကိုယ်တော်မှိုင်း ကို ကြည့်မရတဲ့သူ မုန်းတဲ့သူ တွေ ရှိခဲ့ပါသhhhလား ရှိတယ်လို့ ဖတ်မှတ် ဖူးပါသလား
ဒီမေးခွန်းကို အရင် ကိုယ့်ဟာကိုယ် ဖြေကြည့်လိမ့် ပါ အကုသိုလ် ကတော့ လေ့လာမိသလောက် မရှိခဲ့
ဘူးလို့သာပဲ သိထားပါတယ် ရှိခဲ့တယ် ဆိုရင် ပြော ပြပေးပါ သိလိုပါတယ် ဘယ်လိုလူလဲ ဆိုတာ မှတ် သားထားရ အောင်လို့ပါ
ပဲခူးရာဇဝင်ပြဇာတ်ကို ရေးတဲ့သူဟာ သခင်ကိုယ် တော်မှိုင်းပါ အစချီကတည်းက တန်လိုင်းဆိုတာ ကြီး သုံးသွားတာ မွန်ဆိုတာ တစ်လုံးမှ မပါပါဘူး
အဲဒီအချိန်ထိ မွန်နဲ့ ဗမာကြား တလိုင်း ဆိုတဲ့ ဝေါ ဟာရကြောင့် ပြဿနာ မဖြစ်ခဲ့ကြဘူး ဆိုတာ အရမ်းထင်ရှားပါတယ် ကလောင် ထက်လွန်းတဲ့ အဘိုးလွန်း ရေးတဲ့ ဒီပဲခူး ပြဇာတ်ကို မွန်တွေ မသိ ဘူး ဆိုတာလည်း ဟာသပြောတယ် မှတ်ရမှာပါ
မြန်မာလူထုအပေါ် သြဇာကြီးလွန်းတဲ့ အဘိုးမှိုင်း
လို အထင်ကရ ပုဂ္ဂိုလ်ရဲ့ စာဆိုတာ ပညာရှင်တွေ ကြားမှာ ဝဲပျံနေမှာပါ ဆိုရင် မလွဲလောက်ဘူး ထင် ပါတယ်
ပြဿနာ ဖြစ်လာစေတဲ့ တရားခံက ဘယ်သူလဲ ဆိုတာကို မွန်တွေ ခုချိန် ထိ သိမှ သိကြပါရဲ့လား မသိပါဘူး ဒီပြဿနာ ဖြစ်လာအောင် တမင်တကာ ရည်ရွယ်လုပ်ခဲ့တာက အင်္ဂလိပ်တွေရဲ့ ကျွန်ပညာ ရေးပါ ဒီအကြောင်းတွေ အသေးစိတ် သိလိုရင် ပညာမင်းကြီး စည်သူဦးကောင်း ဒေါက်တာဘွဲ့ အတွက် နိုင်ငံခြား တက္ကသိုလ်မှာ တင်ပြီး ဖတ်ကြား ခဲ့တဲ့ စာတမ်း မြန်မာပညာရေးသမိုင်း ဆိုတာကို လေ့လာနိုင်ပါတယ် ဒီစာအုပ်က ပေါ့ပေါ့ စာအုပ် တော့ မဟုတ်ပါဘူး ဦးကောင်း အင်္ဂလန်မှာ စာတမ်း ဖတ်တာ သူ့ခေတ် သူဘွဲ့ယူတဲ့ နှစ်မှာ အကောင်း ဆုံး စာတမ်းဆု ရခဲ့တဲ့ စာအုပ်ပါ အတော်ကို ပြည့်စုံ ကောင်းမွန်တဲ့ စာတမ်းပါ ပြန်ဆက်တွေမှာ စုံစမ်း ကြည့်မှ ရလိမ့်မယ် ထင်ပါတယ် အပြင်မှာ ရှာဖို့ မလွယ်လောက်တဲ့ ရှားပါး စာရင်းဝင်ပါ နောက် တစ်အုပ်ကတော့ The History Of Burma
ဆိုတဲ့ ဂျီ အီး ဟာဗေး ရဲ့ စာအုပ် ကို ဖတ်ပါ ဒါဆို တရားခံ ဘယ်သူလဲ ဆိုတာ ရေးရေး ရိပ်စား မိလာ ပါလိမ့်မယ် အဓိကကတော့ စနစ် မဟုတ်ပါဘူး လူ ပါ လူက တမင်တကာ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ
ပါ အကုသိုလ်တော့ အဲသလိုပဲ မြင်တယ်
ဒီလူက ဘာလုပ်သလဲ ဆိုရင် သမိုင်းဆိုင်ရာ အထောက်အထားတွေကို သိသိနဲ့ ထိန်ချန်ခဲ့တာပါ
သူထိမ်ချန်တာနဲ့ တန်လိုင်းနဲ့ ဘာဆိုင်လဲ မေးချင်ပါ လိမ့်မယ် သူက အဲဒီ တန်လိုင်းဆိုတာကို ထိန်ချန်ခဲ့ ပြီး မဟုတ်တဲ့ဘက်က ပြောသွားခဲ့တာ ဖြစ်ပါတယ်
သူလုပ်တာ နဲ့ ပက်သက်ပြီး သူ့ကို ယုံကြည်ပြီး မွန်တွေက ဘုရားအလား ထင်ကြလေသလား မသိ ပါဘူး သူပြောရင် ဟုတ်တယ် ဆိုတဲ့ဘက်ကချည်း နေခဲ့ကြတာကလည်း မွန် ဗမာကို လွယ်လွယ် သွေး ခွဲဖို့ အကွက်ရစေခဲ့တာပါပဲ
သူ့အပြောကြောင့် မွန်လူကြီးတွေ ဘာလိုထိ လုပ် သလဲ ဆိုရင် မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် ခွဲတဲ့ အခါတုန်းက ရာမည ဆိုတာ သရက်က စပြီး ကော့ သောင်းထိ ပိုင်တယ် ဆိုတဲ့ အချက်အပေါ်မှီးပြီး သင့် မသင့် ဆိုတာလည်း မစဉ်းစားကြတော့ပဲ အထက်ဘက်ဆို သရေခေတ္တရာကို မွန်အပိုင်ထဲ ထည့်သွင်းပေးဖို့ တောင်းဆိုတယ် သရက်မြို့ ဆို တာက ပြည်ရဲ့အထက်က ကပ်နေတဲ့ မြို့ ဖြစ်တော့ သူ့စာဆိုနဲ့ သူ နယ်ကုန်ပေါ့ အဲဒါတင်ပဲလား ဆို မဟုတ်ပါဘူး အောက်ဘက်ကိုလည်း တနင်္သာရီ (၂) ကို မွန်ပြည်နယ်ထဲ ထည့်ပေးဖို့ တောင်းဆို ပြန်ပါတယ် အောက်ဘက်ကို တောင်းရာမှာတော့ မွန်တစ်ခုတည်း မဟုတ်ဘူး ကရင်ပြည်နယ် က လည်း တနင်္သာရီ(၂) ကို ထည့်ပေးဖို့ တောင်း ပါ တယ် စကားဆက်သွားလို့ ဆက်ပြောလိုက်ပါတော့ မယ် အဲဒီအချိန်မှာ အစိုးရ အဖွဲ့တွေက တနင်္သာရီ (2) ကို ဘယ်သူ့ကိုမှ မပေးပဲ တနင်္သာရီ (2) ဆိုတဲ့ နာမည် အစား ထားဝယ် ဆိုတဲ့ နာမည်နဲ့ ယခု တနင်္သာရီ တိုင်းကို ပေးကြတယ် ဒါပေမယ့် ကျွန်တော်တို့ ထားဝယ်က ရှေးတုန်းက လူကြီး တွေဟာ ဘာအကြောင်းကြောင့် မယူခဲ့တာလဲ မသိ ပါဘူး အပြစ်တင်တာ မဟုတ်ပါဘူး အကုသိုလ် ပြောတာက အဲဒီလို မယူခဲ့ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို မသိရသေးဘူးလို့ ဆိုလိုတာ မယူဘူး ဆို
တာ အကြောင်း ရှိကို ရှိရမှာပဲပေါ့ အဲခေတ်က တနင်္သာရီတိုင်း ဆိုတာကလည်း တတိုင်းလုံး နီးပါး
က ကာလာစုံ ဖြစ်နေတာကြောင့်လဲ ပါမယ် ထင်ပါ တယ် ဦးနေဝင်း လက်ထက်မှာ စစ်ကြောင်းထိုး တိုက်တာ စစ်ကြောင်းထိုးမှားလို့ တပ်ရင်း နှစ်ရင်း ကြွသွားပါတယ် အဲချိန်မှာ ဦးနေဝင်း ကိုယ်တိုင် စစ်
ကြောင်းကို အပေါ်ကနေ ကွန်မန်ဒါ လုပ်တာ ဒီ အချက်နဲ့ နယ်မြေကျွမ်းကျင်မှုကိုတော့ ဦးနေဝင်း အပေါ် တကယ် လေးစားမိပါတယ် စစ်ကြောင်းထဲ ပါနေတာ မဟုတ်ဘဲ အပေါ်ကနေ စက်နဲ့ ကွန်မန်ဒါ လုပ်တယ် ဆိုတာ တော်ရုံ အရည်အသွေးနဲ့ မရနိုင် တဲ့ အရာပါ အခုခေတ်လို ဆက်သွယ်ရေး ကောင်း ရင်တော့ မဆိုပါဘူး အဲဒီအချိန်က တိုက်ပွဲက ပုလော ပုလောက်ကို စစ်ကြောင်းပါ ထားဝယ်သား တွေ မှတ်မိလေသလားနော် အကုသိုလ်က အဘိုး နဲ့ အဖေပြောပြတာရယ် စာဖတ်တာရယ်ကနေ သိရ တာပါ
မွန်က အဲသလို တောင်းတော့ အစိုးရအဖွဲ့တွေက
မေးပါတော့တယ် ဘာကြောင့် ဒီလိုတောင်းတာလဲ
ဆိုတော့ သူပြောလို့ တောင်းတာ ဆိုပြီး ဖြေပါလေ
ရောလား သူဆိုတာ သမိုင်းပညာရှင် လုစ် ကို ပြော တာပါ မွန်လူကြီးတွေက တလျောက်လုံး လုစ်နဲ့ အလျဉ်းသင့်ပြီး လုစ်ရဲ့ ကျောက်ဆည်စာတမ်း ကြီး ကို အကိုးအကားပြု လုစ်ပြောတာ အမှန် အဲသလို ဖြစ်သွားခဲ့တာ မွန်လူမျိုး အားလုံးကို မဆိုလိုပါ အဲချိန်က ပြောရေးဆိုခွင့် ရှိသူအဆင့်လောက် အထိကိုပဲ ပြောတာပါ အထက်ကလူတွေက ဟုတ် တယ် ဆို ရင် ကျန်လူထုက ဘာသိတော့မလဲ ဟုတ်ရတာ ဓမ္မတာပဲ ဆိုတော့ ဘုမသိ ဘမသိနဲ့ လုစ်လှည့်ကွက်ထဲ ခုန်ဆင်းမိလျက်သား ဖြစ်သွား ခဲ့ရတာ
လုစ်ရဲ့ ကျောက်ဆည်စာတမ်းကြီးကို အကြီး အကျယ် ကိုးကွယ်နေချိန်မှာပဲ ဗမာဘက်က လူမိုက်ကြီး ဦးဖိုးလတ်က မြန်မာအစ တကောင်းက ဆိုပြီး လုစ်ရဲ့ ကျောက်ဆည်စာတမ်းကြီးကို ထကန် ထည့်လိုက်တာ လုစ်ညာသမျှထဲ ဆယ်ပုံ နှစ်ပုံ လောက် ပေါ်ထွက်လာရော ကျောက်ဆည်စာတမ်း မှားတာ သိသာတော့ လုစ် အနေနဲ့ မရှက်ပဲ နေပါ့ မလား ကျွန်လုပ်လာတဲ့ ကောင်တွေက ငါ့ကို အာခံ တယ် ဆိုတဲ့ သဘောကတော့ မပြောလို့သာ ရှိချင် ရှိလိမ့်မယ် စိတ်ထဲကတော့ အရှက်ခွဲရ ကောင်း လားလို့ ဗမာကို ညှိုးပြီပဲပေါ့ လူ့သဘာဝကို ထည့်ပြီး ယှဉ်တွဲ ပြောတဲ့ အကုသိုလ်ရဲ့ အမြင်သာ ဖြစ်ပါ တယ် အဲသလိုညှိုးတာ ဘယ်စာအုပ်မှာ ပါလဲ လာ မမေးပါနဲ့ ပုဂ္ဂလိက အမြင်သက်သက်ရယ်ပါ
အဲဒီလို ဖြစ်တဲ့ အချိန်မှာ လုစ် ဘာလုပ်မလဲ ဖြစ်နိုင်
တဲ့ အချက်တွေကို သုံးသပ်ကြည့်ကြပေါ့လေ ကိုယ့် ခံယူချက်နဲ့ ကိုယ်ပဲပေါ့ ကြိုက်သလို ခံယူနိုင်ပါတယ် ကိုလိုနီခေတ်တလျောက်လုံး ပြဿနာ မရှိခဲ့တဲ့ မွန် နဲ့ ဗမာ တန်လိုင်းလို့ ပြောတာကို မဟုတ်ဘူး မငြင်း ခဲ့ကြတဲ့ မွန်နဲ့ ဗမာ ကျောက်ဆည် စာတမ်း ကျရှုံး ပြီးကာမှ သိပ်မကြာလှတဲ့ နှစ်တွေထဲ လူသတ်မှု တွေ ဖြစ်လိုဖြစ် ဦးအောင်ဇေယျတို့ သားအဖတွေ က တန်လိုင်းလို့ နှိမ်ခေါ်တယ် ပြောလိုပြော ဖြစ်လာ တာတွေဟာ ယထာဘူတကျကျ သုံးသပ်ကြည့်ပါ
တရုတ်သမိုင်းက ပြောတဲ့ တန်လိုင်း အကြောင်း လုစ်သာ မထိန်ချန်ခဲ့ရင် ဒီအကွက် ရွေ့လို့ မရသေး ပါဘူး အဲဒီ မတိုင်မီ ကတည်းက သမိုင်းလိမ် ဆရာ ကြီးက တန်လိုင်းကို ဖျောက်ထားတာက မွန်-ဗမာ ကို သွေးကွဲအောင် လုပ်ဖို့ အံဝင်ဂွငိကျ ဖြစ်သွား စေခဲ့တာပါ
သမိုင်းအချက်အလက်ကို ထိမ်ချန်တယ် ဆိုတာက ဘယ်သမိုင်းလဲ ဆိုရင် ထန်မင်းဆက် သမိုင်းသစ် ပျူ နိုင်ငံ အခန်းက တန်လိုင်း အကြောင်းကို လုံးဝ မပြောဘဲ ထိမ်ချန်ထားလိုက် တယ် နောက်ပိုင်း တလိုင်းသုတေသန စာတမ်း ရေး ဆရာကလဲ ထန်မင်းဆက် သမိုင်းသစ်ကို မဖတ်ဘဲ သူ ပြောတဲ့ အပေါ် သံယောင်လိုက်ပြီး ဒီအကြောင်း ကို မဆို စလောက်သာ ပြောသွားပါတယ် ဒီတော့ မူလ ရင်းမြစ်က မပေါ်နိုင်ဘဲ အငြင်းပွားစရာလိုပဲ ဆက် ဖြစ်နေပြီး ဗမာက နှိမ်ခေါ်ပါတယ် ဆိုပြီး အတင်း ကို စွပ်စွဲတော့ပါပဲ
တန်လိုင်း ဆိုတာကို မွန်စကား နဲ့ ဘာသာပြန်တယ်
ပြောတော့ဖြင့် ဗမာက ခေါ်တယ် ပြောကြတယ်
ဒါဟာ ပြောင်းပြန် ဖြစ်နေတာ လိုရာဆွဲတွေးတာပါ
ထန်မင်းဆက်သမိုင်းသစ်အရ တန်လိုင်းဆိုတဲ့ လူမျိုး နဲ့ နေရပ်ဒေသ ဆိုတာ ရှိတယ် ဆိုတာ ရှင်း ပါပြီနော်
တစ်ခုပဲ ပြောစရာရှိပါတယ် မွန်ဟာ တန်လိုင်းဆို တာကို လက်မခံရင် တောင်ငူခေတ်ကို ရောက်သွား ပါလိမ့်မယ် ပြည်တွင်း အထောက်အထား တွေမှာ ရှေ့ပိုင်းမှာ တန်လိုင်းမင်း တန်လိုင်းပြည် တလိုင်း အမတ် စတာတွေကိုပဲ သုံးသွားတာ အထင်သား မြင်နေရတာမို့ပါ မွန် မွန် ဆိုပြီး ထိုးလာတာ ဘယ် အချိန်လဲ စစ်ကြည့်ပြီးရင် ဘာမဟုတ်တဲ့ ဟာကို လက်ခံယူမနေစေချင်ပါဘူး ကောင်းတဲ့ စေတနာနဲ့ ပါ ဘာလုပ်မှာတဲ့လဲ ဒီရှေ့ဟောင်း စကားကို ကိုယ် မသိမှ မသိတဲ့ဟာ သူ့အတိုင်းလေး ရှိနေပါစေပေါ့
တန်လိုင်းကို မယူရင် သမိုင်းပျက်မှာ အသေအချာ
ပါပဲ
ပြည်တွင်းမှာ အစောဆုံးတွေ့ရတာ စောလူးမင်း ကျောက်စာနဲ့ ထီးလှိုင်ရှင် ကျောက်စာမှ တွေ့ရတာ
မွန်ဆိုပြီး မလာပါဘူး တလိုင်း လို့ပဲ ထိုးထားတယ်
ဒီ တလိုင်း က မွန်မဟုတ်ဘူး ဆို ပင်းယကို ကျော်
သွား ပြီး အင်းဝဆီ ရောက်လာမယ် မနူဟာ ကျောက်စာ ကလျာဏီ ကျောက်စာ ရာဇကုမ္မာ တွေမှာ မွန်လို့ မပြောထားတော့ သမိုင်းအထောက် အထား ပျောက်သွားမယ် ပြတ်သွားပါလိမ့်မယ်
တန်လိုင်းဆိုတာက ကိုလိုနီခေတ်ထဲ အထိ လာ
လေတော့ တန်လိုင်းကို မွန်မဟုတ်ဘူး ငြင်းလေ
အထောက်အထား ပျောက်လေ ဖြစ်မှာပါ
ဓမ္မစေတီ မင်း ခေတ်မှ ထိုးတာကို ယူလို့ကတော့
အကုန် ပျက်ကုန်မှာပါ ရာဇဝင်အသစ် တွေ ပြန် ထွင် နေရပါလိမ့်မယ် ဟုတ်တာကို ဟုတ်တဲ့ အတိုင်းလေး နေလိုက်ရင် အေးရာအေးကြောင်းပဲ မဟုတ်လားလေ
အပိုင်း(9) ဆက်ရန်
ဖတ်ရတာသိပ်ကိုဗဟုသုတရစေပါတယ်ခင်မျာ...ကျေးဇူးတင်ပါတယ်။ဆက်ပြီးဖတ်ပါရစေ...လေးစားပါတယ်ခင်မျာ
ReplyDeleteဖတ်ရတာသိပ်ကိုဗဟုသုတရစေပါတယ်ခင်မျာ...ကျေးဇူးတင်ပါတယ်။ဆက်ပြီးဖတ်ပါရစေ...လေးစားပါတယ်ခင်မျာ
ReplyDelete