Showing posts with label အဘိဓမ္မာ မြတ်ဒေသနာ ဆိုင်ရာများ. Show all posts
Showing posts with label အဘိဓမ္မာ မြတ်ဒေသနာ ဆိုင်ရာများ. Show all posts

သောတာပန်၏ ထူးခြားချက်(၇)ရပ်




ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့ ၀ိပရိဏာမလက္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။ အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။

အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။

ဝိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။

ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။ အကျဉ်းအားဖြင့် သစ္စာသိရင် သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။

ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။ သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ ဒေါသလဲ ဖြစ်သေးတယ်၊ မောဟလဲ ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။

ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။

လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။

နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။

(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။

(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။

နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။

နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။

နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။

အကျဉ်းပြန်ချုပ်လိုက်ရင်-

၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။

၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။

၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။

၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။

၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။

၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။

၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။

ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)

ဒေါက်တာအရှင်ပါရမီ

လူတွေ ဖတ်ဖို့ ၂၂၇ သွယ်သော ၀ိနည်း




လူဝတ်ကြောင်များ လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။
ဝိနယ - ၀ိနည်း
ဝိနယော နာမ ဗုဒ္ဓ သာသနဿ အာယု
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။

အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး

၁။ဂရုကအာပတ် ၂မျိုး (ကြီးလေးသော)
၂။လဟုကအာပတ် ၅မျိုး
ဂရုကအာပတ် ၂မျိုး
၁။ပါရာဇိက အာပတ်(ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။သံဃာဒိသိသ်အာပတ်(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိုး
၃။ထုလ္လစ္စဉ်းအာပတ်(ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၎။ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅။ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၇။ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး

၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀

ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၎။ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
(( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ))

သံဃာဒိသိသ် ၁၃ ပါး
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
၅။သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
၈။အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက် လွန်သောကျောင်းကို ဆောက်မှု)
၁၁။ဝိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)

(( အာပတ်ဖြေရုံဖြင့် မပြေပျောက်)
ရဟန်း အချင်းချင်း ဒေသနာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို ၀န်ခံလျှင်
ပြေပျောက်နိုင်သော အပြစ်များ
၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၁၉။ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀(စွန့်ပြစ်ရမည်)

(စီဝရ၀ဂ်)
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး မချူပ်ဆိုးဘဲ ထားမှု)
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် ((ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)

(ကောသိယ၀ဂ်)
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)

(ပတ္တ၀ဂ်)
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)

၅။ သုဒ္ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး (ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
၅၁။ သြမသ ၀ါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
၅၂။ ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု)
၅၃။ ပဒသော ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
၅၅။ ဒုတိယ သဟသေယျ သိက္ခာပုဒ် (မာတုကာမနှင့်အတူ အမိုးအကာတူ နေရာ၌အိပ်မှု)
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောကျာ်းအဖော်မပါပဲ တရားဟောမှု)
၅၇။ ဘူတာရောစန သိက္ခာပုဒ် (ဈာန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)

(ဘူတဂါမ၀ါဂ်)
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
၆၁။ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
၆၂။ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကကျောင်းပေါ်ဝယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးများ အနားကပ်ပြီး နေထိုင်မှု)
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကျောင်းမှ ထွက်သွားအောင်လုပ်မှု)
၆၇။ ဝေဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကျောင်းကို အထပ်ထပ် အမိုးခိုင်းမှု)
၆၉။ သပ္ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)

(ဘိက္ခုနောဝါဒ၀ဂ်)
၇၀။ သြ၀ါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြ၀ါဒ ပေးမှု)
၇၁။ အတ္ထင်္ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြ၀ါဒ ပေးမှု)
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကျောင်းသို့သွားပြီး သြ၀ါဒပေးမှု)
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
၇၄။ စီဝရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
၇၅။ စီဝရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
၇၆။ သံဝိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု။

(ဘောဇန၀ဂ်)
၈၀။ အာဝါသထပိဏ္ဍ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်ဝတ်ဆွမ်းကို အမြဲစားမှု)
၈၁။ ဂဏဘောဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်များကို အကုန် အလှူခံမှု)
၈၄။ ပထမ ပ၀ါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
၈၅။ ဒုတိယ ပ၀ါရဏာ သိက္ခာပုဒ် (ပ၀ါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန် တိုက်တွန်းမှု)
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမှီ သိမ်းစည်းထားပြီး စားမှု)
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ်မခံပဲ စားမှု)
(အစေလက၀ဂ်)
၉၀။ အစေလက သိက္ခာပုဒ် ( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
၉၁။ ဥယျောဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
၉၂။ သဘောဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
၉၃။ ရဟောပဋိစ္ဆန္န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
၉၉။ ဥယျောဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)
(သုရာပါန၀ဂ်)
၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)
(သပ္ပါဏက၀ဂ်)
၁၁၀။ သဥ္စိစ္စ သိက္ခာပုဒ် (ကျီးကန်သတ်မှု)
၁၁၁။ သပ္ပါဏက သိက္ခာပုဒ် (ရေကို ပိုးကောင်ရှိမှန်းသိလျက်သောက်သုံးမှု)
၁၁၂။ ဥက္ကောဋန သိက္ခာပုဒ်( အဓိကရုဏ်ဖြစ်အောင် လှုပ်ဆော်မှု)
၁၁၃။ ဒုဋ္ဌုလ္လ သိက္ခာပုဒ် (ရုန်ရင်းသောအာပတ်ကို ဖုံးကွယ်ထားမှု)
၁၁၄။ ဥုန၀ီသတိဝဿ သိက္ခာပုဒ် (အသက်နှစ်ဆယ်မပြည့်သူကို ရဟန်းပြုပေးမှု)
၁၁၅။ ထေယျသတ္ထ သိက္ခာပုဒ် (ခိုးသူကုန်သည်နှင့်အတူသွားမှု)
၁၁၆။ သံဝိဓာန သိက္ခာပုဒ် (မာတုကာမနှင့်အတူ ခရီးသွားမှု)
၁၁၇။ အရိဋ္ဌ သိက္ခာပုဒ် (မှားယွင်းသောအယူကို ယူမှု)
၁၁၈။ ဥက္ခိတ္တ သံဘောဂ သိက္ခာပုဒ် (ထုတ်ခံရသော ၇ဟန်းနှင့် ပေါင်းမှု)
၁၁၉။ ကဏ္ဋက သိက္ခာပုဒ် (မိစ္ဆာဝါဒီသာမဏေနှင့် ဆက်ဆံမှု)
(သဟဓမ္မိက၀ဂ်)
၁၂၀။ သဟဓမ္မိက သိက္ခာပုဒ် (သိက္ခာပုဒ်ကို သွယ်ဝိုက်ငြင်းဆန်မှု)
၁၂၁။ ၀ိလေခန သိက္ခာပုဒ် (သိက္ခာပုဒ်ကို ကဲ့ရဲ့မှု)
၁၂၂။ မောဟန သိက္ခာပုဒ် (သိက္ခာပုဒ်ကို မသိဟန်ဆောင်မှု)
၁၂၃။ ပဟာရ သိက္ခာပုဒ် (ရဟန်းကို ရိုက်နှက်မှု)
၁၂၄။ တလသတ္တိက သိက္ခာပုဒ် (ရိုက်နှက်မည့်ဟန် ချိန်ရွယ်မှု)
၁၂၅။ အမူလက သိက္ခာပုဒ် (သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲမှု)
၁၂၆။ သဥ္စိစ္စ သိက္ခာပုဒ် (ရဟန်းအား သံသယဖြစ်စေမှု)
၁၂၇။ ဥပဿုတိ သိက္ခာပုဒ် (ရန်ဖြစ်သော ရဟန်းများ စကားပြောနေသည်ကို ချောင်းနားထောင်မှု)
၁၂၈။ ကမ္မပတိဗာဟန သိက္ခာပုဒ် (ဆန္ဒပေးပြီးမှ ကံကို တားမြစ်မှု)
၁၂၉။ ဆန္ဒံအဒတွာ ဂမန သိက္ခာပုဒ် (ဆန္ဒမပေးပဲ ဖယ်ခွာသွားမှု)
၁၃၀။ ဒုဗ္ဗလ သိက္ခာပုဒ် (သံဃာနှင့် သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ ချကဲ့ရဲ့မှု)
၁၃၁။ ပရိဏာမန သိက္ခာပုဒ် (သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွတ်စေမှု)

ရတန၀င်္ဂ ရာဇ၀ဂ်
၁၃၂။ အန္တေပုရ သိက္ခာပုဒ် (ကြိုတင်အသိမပေးပဲ နန်းတွင်းခန်းဆောင်သို့ ၀င်မှု)
၁၃၃။ ရတန သိက္ခာပုဒ် (ငွေထုတ်ကို သိမ်းထားမှု)
၁၃၄။ ၀ိကာလဂါမပဝေသန သိက္ခာပုဒ် (နေလွဲချိန်တွင် ရှာတွင်းဝင်မှု)
၁၃၅။ သူစိဃရ သိက္ခာပုဒ် (အလိုက်မသိပဲ အပ်ဗူးအများကိုတောင်းမှု)
၁၃၆။ မဉ္စပီဋ္ဌ သိက္ခာပုဒ် (မြင့်သောကုတင်ပေါ်တွင် အိပ်မှု)
၁၃၇။ တူလောနဒ္ဓ သိက္ခာပုဒ် (၀ါဂွမ်းမွေ့ယာသုံးစွဲမှု)
၁၃၈။ နိသီဒန သိက္ခာပုဒ် (အလွန်ကြီးသော နိသီဒိုင်အခင်းကိုဆောင်မှု)
၁၃၉။ ကဏ္ဍုပဋိ စ္ဆာဒိ သိက္ခာပုဒ် (အနာလွမ်းသင်္ကန်းကို ပမာဏလွန်အောင်ပြုမှု)
၁၄၀။ ၀ဿိကသာဋိကာ သိက္ခာပုဒ် (အတိုင်းအရှည်လွန်သောမိုးရည်ခံသင်္ကန်းကို ပြုလုပ်မှု)
၁၄၁။ နန္ဒတ္ထေရ သိက္ခာပုဒ် (ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ၀တ်ဆင်မှု)
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ၄ ပါး (သီးခြား ထုတ်ဖော် ပြောကြားရသောအပြစ်)
၁၄၂။ ပဋ္ဌမ ပါဋိဒေသနီယ သိက္ခာပုဒ် ( ဘိက္ခုနီထံမှ ဆွမ်းကိုခံယူမှု)
၁၄၃။ ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ဆွမ်းစားစဉ် ဘိက္ခုနီ စီမံသည်ကို မတားမြစ်မှု)
၁၄၄။ တတိယ ပါဋိဒေသနီယ သိက္ခာပုဒ် (ခဲဖွယ်ဘောဇဉ်ကို အတိုင်းအရှည်မသိ ခံယူမှု)
၁၄၅။ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ် (ကြိုတင်အသိမပေးသည့် ဆွမ်းကိုစားမှု)
၇။ သေခိယ သိက္ခာပုဒ် ၇၅ပါး (သင်ကြားလေ့ကျင်ရမည်)
၁၄၆။ ပရိမဏ္ဍလ သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို ရှေ့နောက်ဝဲယာ အ၀န်းညီစွာ ၀တ်ရုံရန်။)
၁၄၈။ သုပ္ပဋိ စ္ဆန္န သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် သင်္ကန်းရုံထား၇န်။)
၁၅၀။ သုသံဝုသ သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် ကာယိနြေ္ဒထိန်းရန်)
၁၅၂။ သြက္ခိတ္တစက္ခု သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းတွင် မျက်လွှာချထားရန်)
၁၅၄။ ဥက္ခိတ္တက သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို မပြီးသွားလာနေထိုင်မှု)

ဥဇ္ဖ ဂ္လိက၀ဂ်
၁၅၆။ဥဇဂ္ဃိက၀ဂ် သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းပြင်းစွာရယ်မှု)
၁၅၈။ အပ္ပသဒ္ဒ သိက္ခာပုဒ် (၂)ပါး (စကားကို တိုးတိုးပြောရန်)
၁၆၀။ ၁၆၅ထိ ။ ပစာလကစာသော သိက္ခာပုဒ် (၆)ပါး (ကာယိနြေ္ဒကိုစောင့်ထိန်း၇န်)

ခမ္ဘကတ၀ဂ်
၁၆၆။ ခမ္ဘကတ သိက္ခာပုဒ် (၂)ပါး (ခါးမထောက်ရ)
၁၆၈။ ဥဂုဏ္ဌိတ သိက္ခာပုဒ် (၂)ပါး (ခေါင်းမြီး မခြုံရ။)
၁၇၀။ ဥက္ကုဋိက သိက္ခာပုဒ် (ခြေဖျားထောက်မသွားရ)
၁၇၁။ ပလ္လတ္ထိက သိက္ခာပုဒ် (ဒူးကို သိုင်းဖွဲ့မထိုင်ရ)
၁၇၂။ သက္ကစ္စပဋိဂ္ဂဏ သိက္ခာပုဒ် (လေးလေးစားစားဆွမ်းခံရန်)
၁၇၃။ ပတ္တသညီ သိက္ခာပုဒ် (ဆွမ်းခံစဉ် သပိတ်တွင် စိတ်အာရုံပြုနေရန်။)
၁၇၄။ သမသူပက သိက္ခာပုဒ် (ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရန်။)
၁၇၅။ သမတိတ္ထိက သိက္ခာပုဒ် (သပိတ်အနားရေးညီရုံသာ ဆွမ်းခံရန်။)
၂၂၇ သွယ်ဝိနည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

သက္ကစ္စ၀ဂ်
၁၇၆။ သက္ကစ္စ ဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းစားရာတွင် လေးစားမှုရှိရန်)
၁၇၇။ ပတ္တသညီဘဉ္ဖန သိက္ခာပုဒ် ( သပိတ်၌စိတ်စိုက်ပြီး စားရန်)
၁၇၈။ သပဒါန သိက္ခာပုဒ် (ဆွမ်းကို အစဉ်အတိုင်း စားရန်)
၁၇၉။ သမသူပကဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းနဲ့ဟင်း မျှတစွာစားရန်)
၁၈၀။ ထူပကတ သိက္ခာပုဒ် (ဆွမ်းဦးဆွမ်းထိပ်မှ ယူမစား၇န်..)
၁၈၁။ ပဋိစ္ဆာဒန သိက္ခာပုဒ် (ဟင်းကို ဆွမ်းဖြင့် ဖုံးမထားရ)
၁၈၂။ သူပေါဒန၀ိညတ္တိ သက္ခာပုဒ် (မနာမဖျားပဲ ဆွမ်းနဲ့ဟင်းကို တောင်းခံမစားရ)
၁၈၃။ ဥဇ္ဈာနသညီ သိက္ခာပုဒ် (ကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ရ)
၁၈၄။ အတိမဟန္တကဗဠ သိက္ခာပုဒ် (ဆွမ်းလုတ်ကြီးကြီးမစားရ)
၁၈၅။ ပရိမဏ္ဍလအာလောပ သိက္ခာပုဒ် (ဆွမ်းလုတ်ကို ညီအောင်ညှိပြီး စားရမည်)
၁၈၆။ အနာဟဋ သိက္ခာပုဒ် (ဆွမ်းလုတ်မေ၇ာက်မီ ခံတွင်းကို ကြိုတင်ဖွင့်မထားရ)
၁၈၇။ ဘုဉ္ဖမန သိက္ခာပုဒ် (လက်ချောင်းအားလုံး ခံတွင်းသို့မသွင်းရ)
၁၈၈။ သကဗဠ သိက္ခာပုဒ် (ဆွမ်းပလုတ်ပလောင်းဖြင့် စကားမပြောရ)
၁၈၉။ ပိဏ္ဍုက္ခေပက သိက္ခာပုဒ်( ဆွမ်းလုတ်ကို ခံတွင်းထဲသို့ ပစ်ပေါက်မသွင်းရ)
၁၉၀။ ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် (ဆွမ်းလုတ်ကို ကိုက်ဖြတ်မစားရ)
၁၉၁။ အ၀ကဏ္ဍကာရက သိက္ခာပုဒ် (ပါးဖောင်းအောင်ပြုပြီး မစားရ)
၁၉၂။ ဟတ္ထ နိဒ္ဓုနကံ သိက္ခာပုဒ် (ဆွမ်းစားစဉ် လက်မခါရ)
၁၉၃။ သိတ္ထ ၀ကာရက သိက္ခာပုဒ် (ဆွမ်းလုံးများ ဖြန့်ကြဲပြီး မစားရ)
၁၉၄။ ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် (လျှာထုတ်မစားရ)
၁၉၅။ စပုစပုသာရက သိက္ခာပုဒ် (ပျတ်ပျတ်အသံမထွက်စေရ)
(သုရုသုရုဝဂ်)
၁၉၆။ သုရုသုရု သိက္ခာပုဒ် (အစာစားစဉ် ရှုးရှုးရှဲရှဲမမြည်စေရ)
၁၉၇။ ဟတ္ထနိလ္လေဟက သိက္ခာပုဒ် (လက်တွင် ကပ်နေသော အစာကို မလျက်ရ)
၁၉၈။ ပတ္တနိလ္လေဟက သိက္ခာပုဒ် (သပိတ်ကို ခြစ်ပြီး မစားရ)
၁၉၉။ သြဠနိလ္လေဟက သိက္ခာပုဒ် (နှုတ်ခမ်းကို လျှာဖြင့် ရက်ပြီး မစားရ)
၂၀၀။ သာမိသ သိက္ခာပုဒ် (ဟင်းပေကျံသော လက်ဖြင့် သောက်ရေခွက် မကိုင်ရ)
၂၀၁။ သသိတ္ထက သိက္ခာပုဒ် (ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာအတွင်း မစွန့်ရ)
၂၀၂။ ဆတ္တပါဏိ သိက္ခာပုဒ် ( ထီးကိုင်ထားသူအား တရားမဟောရ)
၂၀၃။ ဒဏ္ဍပါဏိ သိက္ခာပုဒ် ( တုတ်ကိုင်ထားသူအား တရားမဟောရ)
၂၀၄။ သတ္ထပါဏိ သိက္ခာပုဒ် ( ဓားကိုင်ထားသူအား တရားမဟောရ)
၂၀၅။ အာဝုဓပါဏိ သိက္ခာပုဒ် (လေးလက်နက်ကိုင်ထားသူများအား တရားမဟောရ)
၂၀၆။ ပါဒုကာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရားမဟောရ)
၂၀၇။ ဥပါပနာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ)
၂၀၈။ ယာနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် ယာဉ်ပေါ် နေသူအား တရားမဟောရ)
၂၀၉။ သယနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် အိပ်ရာထဲနေသူအား တရားမဟောရ)
၂၁၀။ ပလ္လတ္ထိကနိသိန္န သိက္ခာပုဒ် (ကျန်းမာပါလျက် အယောဂပတ်ဖွဲ့ပြီး ထိုင်နေသူအား တရားမဟောရ)
၂၁၁။ ဝေငှိတသီသ သိက္ခာပုဒ် (ကျန်းမာပါလျက်ခေါင်းပေါင်းပေါင်းထားသူအား တရားမဟောရ)
၂၁၂။ သြဂုဏ္ဍိသီသ သိက္ခာပုဒ် (ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ)
၂၁၃။ ဆမာ သိက္ခာပုဒ် (မြေကြီးပေါ်နေလျက် တရားမဟောရ)
၂၁၄။ နီစ အာသန သိက္ခာပုဒ်(နိမ့်ရာမှ နေပြီး တရားမဟောရ)
၂၁၅။ ငှိတ သိက္ခာပုဒ် (မတ်တပ်ရပ်လျက် တရားမဟောရ)
၂၁၆။ ပစ္ဆဂမန သိက္ခာပုဒ် (နောက်က လိုက်၍ တရားမဟောရ)
၂၁၇။ ဥပ္ပထဂမန သိက္ခာပုဒ် (လမ်းဘေးက လိုက်၍ တရားမဟောရ)
၂၁၈။ ငှိတဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ မတ်တပ်၇ပ်ပြီး ကျင်ကြီးမစွန့် ရ)
၂၁၉။ ဟရိတ ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ စိမ်းစိုရာ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
၂၂၀။ ဥဒက ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ ရေ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
အဓိကရဏ သမထ ၇ ပါး ဖြစ်ပေါ်လာသော အဓိကရုဏ်းမှုခင်းများကို ပြေငြိမ်းစေမည့် နည်းလမ်း ခုနှစ်မျိုး
၂၂၁။ သမ္မုခါဝိနယသမထ
၂၂၂။ သတိဝိနယသမထ
၂၂၃။ အမူဠ၀ိနယသမထ
၂၂၄။ ပဋိညာတကရဏသမထ
၂၂၅။ ယေဘုယျသိကာသမထ
၂၂၆။ တဿပါပိယသိကသမထ
၂၂၇။ တိဏ၀တ္ထာရကသမထ။

သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀ သိလိုပါက အကျယ် စာအုပ်တွင်ဖတ်ကြပါရန်။
၂၂၇ သွယ်ဝိနည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

နာမ်ပိုင်း

နာမ်ပိုင်း
နာမ ပရိဂ္ဂဟ (နာမ်တရားကို မှတ်ယူခြင်း)
နာမ = အာရုံသို့ ညွှတ်ခြင်း၊ ဦးလှည့်ခြင်း၊ သိခြင်းသဘာဝရှိ တရား။

ရံခါပေါင်းစပ်သည် စေတသိက် (၆)မျိုး
အကုသိုလ်စေတသိက် (၁၄)မျိုး
အကုသိုလ်စေတသိက် ၁၄- မျိုးမှာ -
(၁) အကုသိုလ်စိတ်မှန်သမျှနှင့် တွဲဖက် ဖြစ်သော အကုသိုလ်စေတသိက် (၄)မျိုး။
(၂) လောဘမူလစိတ် မှန်သမျှနှင့် တွဲဖက် ဖြစ်သော စေတသိက် (၁)မျိုး။
(၃) အချို့သော လောဘမူလစိတ်နှင့်သာ တွဲဖက်ဖြစ်သော စေတသိက် (၂)မျိုး။
(၄) ဒေါသမူလစိတ် မှန်သမျှနှင့် တွဲဖက် ဖြစ်သော စေတသိက် (၄)မျိုး။
(၅) လောဘမူလစိတ်အချို့၊ ဒေါသမူလ စိတ်အချို့နှင့် တွဲဖက်ဖြစ်သော စေတသိက် (၂)မျိုး။
(၆) မောဟမူလစိတ် အချို့နှင့်သာ တွဲဖက် ဖြစ်သော စေတသိက် (၁)မျိုး။
စုစုပေါင်း အကုသိုလ် စေတသိက် (၁၄) မျိုး။
အကုသိုလ်စိတ် မှန်သမျှမှာ
(၁) မောဟ (၂) အဟိရိက (၃) အနောတ္တပ္ပ
(၄) ဥဒ္ဓစ္စ
လောဘမူလစိတ်မှာ
(၅) လောဘ(၆) ဒိဋ္ဌိ (၇) မာန
ဒေါသမူလစိတ်မှာ
(၈) ဒေါသ (၉) ဣဿာ (၁၀) မစ္ဆရိယ
(၁၁) ကုက္ကုစ္စ
လောဘမူလ - ဒေါသမူလစိတ်မှာ
(၁၂) ထိန (၁၃) မိဒ္ဓ
မောဟမူလစိတ်မှာ
(၁၄) ၀ိစိကိစ္ဆာ
အကုသိုလ်စိတ်နှင့် တွဲဖက်ဖြစ်နိုင်သော စေတသိက် (၂၇)မျိုး
လောဘမူလစိတ်နှင့် တွဲဖက်ဖြစ်နိုင်သော စေတသိက် (၂၂)မျိုး
ဒေါသမူလစိတ်နှင့် တွဲဖက်ဖြစ်နိုင်သော စေတသိက် (၂၂)မျိုး
မောဟမူလစိတ်နှင့် တွဲဖက် ဖြစ်နိုင်သော စေတသိက် (၁၆) မျိုး

သောဘနစေတသိက် (၂၅) မျိုး
သောဘနစေတသိတ် (၂၅) မျိုးမှာ
(၁) သောဘနစိတ် (၅၉)မျိုးလုံးနှင့် တွဲဖက်ဖြစ်သော သောဘနသာဓာရဏ စေတသိက် (၁၉)မျိုး။
(၂) သောဘနစိတ်အချို့နှင့်သာ တွဲဖက် ဖြစ်သော စေတသိက် (၆)မျိုး။
စုစုပေါင်း သောဘနစေ တသိက် (၂၅)မျိုး။

သောဘနသာဓရဏ (၁၉) မျိုး
(၁) သဒ္ဒါ (၂) သတိ (၃) ဟိရီ (၄) သြတ္တပ္ပ
(၅) အလောဘ (၆) အဒေါသ (၇) တတြမဇ္ဈတ္တတာ (၈) ကာယပဿဒ္ဓိ
(၉) စိတ္တ ပဿဒ္ဓိ (၁၀) ကာယ လဟုတာ
(၁၁) စိတ္တ လဟုတာ (၁၂) ကာယ မုဒုတာ
(၁၃) စိတ္တ မုဒုတာ(၁၄) ကာယကမ္မညတာ
(၁၅) စိတ္တ ကမ္မညတာ (၁၆) ကာယ ပါဂုညတာ (၁၇) စိတ္တ ပါဂုညတာ (၁၈) ကာယု ဇုကတာ(၁၉) စိတ္တု ဇုကတာ
သောဘနစိတ် အချို့နှင့်သာ တွဲဖက် (၆)
ဝိရတီ
(၁) သမ္မာဝါစာ (၂) သမ္မာကမ္မန္တ (၃) သမ္မာအာဇီဝ
အပ္ပမညာ
(၄) ကရုဏာ (၅) မုဒိတာ (၆) ပညိနြေ္ဒ
သောဘနစိတ်နှင့် စေတသိက်
သောဘနသာဓာရဏ (၁၉) မျိုး
(၁) သဒ္ဓါ (၂) သတိ (၃) ဟိရီ (၄) သြတ္တပ္ပ
(၅) အလောဘ (၆) အဒေါသ (၇) တတြမဇ္ဈတ္တတာ (၈) ကာယပဿဒ္ဓိ
(၉) စိတ္တ ပဿဒ္ဓိ (၁၀) ကာယ လဟုတာ
(၁၁) စိတ္တ လဟုတာ (၁၂) ကာယ မုဒုတာ
(၁၃) စိတ္တ မုဒုတာ(၁၄) ကာယကမ္မညတာ
(၁၅) စိတ္တ ကမ္မညတာ (၁၆) ကာယ ပါဂုညတာ (၁၇) စိတ္တ ပါဂုညတာ (၁၈) ကာယု ဇုကတာ (၁၉) စိတ္တု ဇုကတာ
စိတ္တသန္တတိ
အာရုံနှင့်ဝတ္ထု တိုက်ခိုက်မှုကြောင့် စိတ် နှင့် စေတသိက်တို့ ပြိုင်တူ ဖြစ်လာကြ၏ စိတ်၊ စေတသိက် ပေါင်းစပ်ပြီး အာရုံကို ဖမ်းယူကြ၏။ အာရုံမှာ အလုပ် လုပ်ဆောင်ကြ၏။
စိတ်၊ စေတသိက် (၂)မျိုးတွင် စိတ်ဖြစ်မှ သာ စေတသိက်များ ဖြစ်နိုင်၏။ စိတ် သည် နာမ်တရား၏ ကိုယ်ထည်နှင့်တူပြီး စေတသိက်များက နာမ်တရား၏ အင်္ဂါ အစိတ်အပိုင်းများနှင့် တူ၏။
စိတ်သည် အာရုံကို သိမှု၊ အာရုံကို ရယူမှု တစ်မျိုးသာ ဖြစ်သော်လည်း -
(က) ဇာတိဘေဒ။ (ခ) ဘူမိဘေဒ။ (ဂ) ဝေဒနာဘေဒ။ (ဃ) ယောဂဘေဒ။ (င) သင်္ခါရဘေဒ။ (စ) ကိစ္စဘေဒ။
(ဆ) အာရမ္မဏဘေဒ။ (ဇ) ဈာနဘေဒ ရူဒေါင့်များမှ အမျိုးမျိုး ခွဲခြားနိုင်၏။

စိတ်တို့၏ဖြစ်ပုံ လေ့လာရာ၌ လွယ်ကူ စေရန် ဤသို့ ကိစ္စဘေဒ အားဖြင့် စိတ် တို့ကို ခွဲခြမ်း ပြဆို ပါမည်။
(၁) ပဋိသန္ဓိကိစ္စကို ဆောင်ရွက်သည့် ပဋိသန္ဓေစိတ် (၁၉)မျိုး -
(၁) အပါယ ပဋိသန္ဓိ
အကုသလဝိပါက ဥပေက္ခာသန္တီရဏ (၁)
(၂) ကာမသုဂတိ ပဋိသန္ဓိ
ကုသလဝိပါက ဥပေက္ခာ သန္တီရဏ၊
မဟာဝိပါက (၈) (၁+၈=၉)
(၃) ရူပါဝစရ ပဋိသန္ဓိ
ရူပါဝစရ ဝိပါကစိတ် (၅)
(၄) အရူပါဝစရ ပဋိသန္ဓိ
အရူပါဝစရ ဝိပါကစိတ် (၄)
(၂) ဘဝင်ကိစ္စကို ဆောင်ရွက်သည့် ဘ၀င်စိတ် (၁၉)မျိုး (ပဋိသန္ဓေစိတ် (၁၉)မျိုး ပင်တည်း။)
(၃) စုတိကိစ္စကို ဆောင်ရွက်သည့် စုတိ စိတ် (၁၉)မျိုး (ပဋိသန္ဓေစိတ် (၁၉)မျိုး ပင် တည်း။)
(၄) အာဝဇ္ဇနကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) ပဉ္စဒွါရာဝဇ္ဇန (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ - ငါး ဒွါရ၌ အာဝဇ္ဇနကိစ္စ ဆောင်ရွက်သည်။)
(၂) မနောဒွါရာဝဇ္ဇန (မနောဒွါရ၌ အာဝဇ္ဇန ကိစ္စ ဆောင်ရွက်သည်။)
(၅) ဒဿနကိစ္စ ဆောင်ရွက်သော စိတ် (၂) မျိုး
(၁) အကုသလ ၀ိပါက စက္ခုဝိညာဏ။
(၂) ကုသလ၀ိပါက စက္ခုဝိညာဏ။

(၄) အာဝဇ္ဇနကိစ္စ ဆောင်ရွက်သော စိတ် (၂) မျိုး
(၁) ပဉ္စဒွါရာဝဇ္ဇန (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ - ငါးဒွါရ၌ အာဝဇ္ဇနကိစ္စ ဆောင်ရွက်သည်။)
(၂) မနောဒွါရာဝဇ္ဇန (မနောဒွါရ၌ အာဝဇ္ဇန ကိစ္စ ဆောင်ရွက်သည်။)
(၅) ဒဿနကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) အကုသလ ၀ိပါက စက္ခုဝိညာဏ။
(၂) ကုသလ၀ိပါက စက္ခုဝိညာဏ။
(၆) သ၀နကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) အကုသလ ၀ိပါက သောတ၀ိညာဏ။
(၂) ကုသလ၀ိပါက သောတ၀ိညာဏ။
(၇) ဃာယနကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) အကုသလ ၀ိပါက ဃာန၀ိညာဏ။
(၂) ကုသလ၀ိပါက ဃာန၀ိညာဏ။
(၈) သာယနကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) အကုသလ ၀ိပါက ဇိဝှါဝိညာဏ။
(၂) ကုသလ၀ိပါက ဇိဝှါဝိညာဏ။
(၉) ဖုသနကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) အကုသလ ၀ိပါက ကာယ၀ိညာဏ။
(၂) ကုသလ၀ိပါက ကာယ၀ိညာဏ။
(၁၀) သမ္ပဋိစ္ဆနကိစ္စ ဆောင်ရွက်သော စိတ် (၂)
(၁) အကုသလ ၀ိပါက သမ္ပဋိစ္ဆန။
(၂) ကုသလ၀ိပါက သမ္ပဋိစ္ဆန။
(၁၁) သန္တီရဏကိစ္စ ဆောင်ရွက်သော စိတ် (၃)
(၁) ဥပေက္ခာ သန္တီရဏ (အကုသလ၀ိပါ က)
(၂) ဥပေက္ခာ သန္တီရဏ (ကုသလ၀ိပါက)
(၁၂) ဝေါဋ္ဌဗ္ဗနကိစ္စ ဆောင်ရွက်သော စိတ် (၁)
မနောဒွါရာဝဇ္ဇ စိတ်ပင်၊ ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗ ကိစ္စကို ဆောင်ရွက်သည်။
(၁၃) ဇ၀နကိစ္စ ဆောင်ရွက်သော စိတ် (၅၅)
(၁) အကုသလစိတ် - ၁၂
(၂) ဟသိတုပ္ပါဒစိတ် - ၁
(၃) မဟာကုသလစိတ် - ၈
(၄) မဟာကြိယစိတ် - ၈
(၅) ရူပါဝစရကုသလစိတ် - ၅
(၆) ရူပါဝစရကြိယစိတ်- ၅
(၇) အရူပါဝစရ ကုသလစိတ် - ၎
(၈) အရူပါဝစရ ကြိယစိတ် - ၎
(၉) လောကုတ္တရစိတ် - ၈
ပေါင်း - ၅၅
(၁၄) တဒါရမ္မကိစ္စ ဆောင်ရွက်သော စိတ် (၁၁)
(၁) သန္တီရဏစိတ် - ၃
(၂) မဟာဝိပါကစိတ် - ၈
ပေါင်း - ၁၁
စိတ်၏ ဒွါရများ
စိတ်သည် အာရုံနှင့် ဆက်သွယ်ရာ၌ ဒွါရ (၆) မျိုးမှ ဆက်သွယ်သည်။ ဒွါရ (၆) မျိုးကို စိတ်၏တံခါး (၆) ပေါက်ဟု ဆိုနိုင်သည်။ စိတ်၏ ဒွါရများနှင့် ဒွါရ၌ဖြစ်သော စိတ် များကို မှတ်သားရမည်။

ဒွါရ၌ဖြစ်သော စိတ်များ
ဒွါရ (၆) ပါး သီးသန့် ဖြစ်နိုင် စုစုပေါင်း
၁။ စက္ခုဒွါရ ၂ ၄၄ ၄၆
၂။ သောတဒွါရ ၂ ၄၄ ၄၆
၃။ ဃာနဒွါရ ၂ ၄၄ ၄၆
၎။ ဇိဝှါဒွါရ ၂ ၄၄ ၄၆
၅။ ကာယဒွါရ ၂ ၄၄ ၄၆
၆။ မနောဒွါရ ၂၆ ၄၁ ၆၇

ရှင်းလင်းချက်
(၁) စက္ခုဝိညာဏစိတ် (၂) ခုသည် စက္ခု ဒွါရ၌သာ သီးသန့် ဖြစ်၏။ ပဉ္စဒွါရ ၀ဇ္ဇန်း (၁)၊ သမ္ပဋိစ္ဆန (၂)၊ သန္တီရဏ (၃) ဝေါဋ္ဌဗ္ဗန (၁)၊ ကာမဇော (၂၉)၊ တဒါရမ္မဏ (၈)၊ ပေါင်း (၄၄) မျိုး ရှိသည် စက္ခု ဒွါရ၌ ဖြစ်နိုင် ၏။ နှစ်ရပ် ပေါင်းသော် စက္ခု ဒွါရ၌ စိတ် ပေါင်း (၄၆) ခု ဖြစ်နိုင်၏။
(၂) သောတဒွါရ စသည် အတူတူ။
(၃) အပ္ပနာဇော (၂၆)ခုသည် မနောဒွါရ ၌ သာ သီးသန့် ဖြစ်၏။ မနောဒွါရာဝဇ္ဇန်း (၁)၊ကာမဇော (၂၉)၊ တဒါရမ္မဏ (၁၁)၊ စုစုပေါင်း (၄၁)ခုသည် မနောဒွါရ၌ ဖြစ်နိုင် ၏။ နှစ်ရပ် ပေါင်းသော် မနောဒွါရ၌ စိတ် ပေါင်း (၆၇) ခု ဖြစ်၏။
စိတ်၏မှီရာ ၀တ္တုရုပ်များ
စိတ်သည် အာရုံတစ်ခုခုနှင့် ပေါင်းဆုံ မိသောအခါ မှီရာဝတ္တုရုပ် တစ်ခုခုကို အမှီ ပြု၍ ဖြစ်၏။ စိတ်၏ မှီရာ ၀တ္ထုရုပ်သည် (၆) မျိုး ရှိ၏။ မှီရာဝတ္ထုရုပ် (၆)မျိုးနှင့် မှီ၍ ဖြစ်သော စိတ်များကို ခွဲခြားမှတ်သား ရ မည်။
မှီ၍ဖြစ်သော စိတ်များ
ဝတ္ထုရုပ် (၆) မျိုး မှီ၍သာ ရံခါမှီ လုံးဝမမှီ
၁။ စက္ခုဝတ္ထု ၂ x ကျန်စိတ်များ (၈၇)
၂။ သောတဝတ္ထု ၂ x ကျန်စိတ်များ (၈၇)
၃။ ဃာနဝတ္ထု ၂ x ကျန်စိတ်များ (၈၇)
၎။ ဇိဝှါဝတ္ထု ၂ xကျန်စိတ်များ (၈၇)
၅။ ကာယဝတ္ထု ၂ xကျန်စိတ်များ (၈၇)
၆။ ဟဒယဝတ္ထု ၃၃ ၄၂ ၎

ရှင်းလင်းချက်
(၁) စက္ခုဝတ္ထုကိုမှီ၍သာဖြစ်သော စိတ် သည် စက္ခုဝိညာဏစိတ် (၂) ခု ဖြစ်၏။
(၂) သောတ၀တ္ထုကို မှီ၍သာဖြစ်သော စိတ်သည် သောတ၀ိညာဏစိတ် (၂) ခု စသည် မှတ်ပါ။
(၃) ဟဒယ၀တ္ထုကို မှီ၍သာဖြစ်သော စိတ် သည် (၃၃) မျိုး ရှိ၏။
ပဉ္စဒွါရာဝဇ္ဇန - ၁၊ သမ္ပဋိစ္ဆန - ၂၊ သန္တီရဏ - ၃၊ ဟသိတုပ္ပါဒ - ၁၊ ဒေါသမူလ - ၂၊ မဟာဝိပါက - ၈၊ ရူပါဝစရ - ၁၅၊ သောတာပတ္တိမဂ္ဂ - ၁၊ စုစုပေါင်း - ၃၃ ခု ဖြစ်၏။
(၄) ဟဒယ၀တ္ထုကို ရံခါမှီ၍ဖြစ်သော စိတ် သည် (၄၂)မျိုး ရှိ၏။ လောဘမူ - ၈၊ မောဟမူ - ၂၊ မနောဒွါ ရာဝဇ္ဇန - ၁၊ မဟာကုသလ - ၈၊ မဟာကြိယ - ၈၊ အရူပါဝစရကုသလ ကြိယ -၈၊ သောတာပတ္တိမဂ္ဂကြဉ် လောကုတ္တရာ စိတ် - ၇၊ စုစုပေါင်း - ၄၂ ခု ဖြစ်၏။
(၅) ဝတ္ထုရုပ်ကို လုံးဝမမှီဘဲဖြစ်သော အရူပါဝစရ ၀ိပါက (၄) ခု ဖြစ်၏။
စိတ်၏ အာရုံများ
စိတ်သည် ၀တ္ထုနှင့်အာရုံ ဆုံမိခြင်းကြောင့် ဖြစ်ပေါ်လာပြီး အာရုံကို ဆုပ်ကိုင်လျှင် ဆက်လက် ရှင်သန်နေ၏။ ဤ၌ စိတ်၏ အာရုံများနှင့် အာရုံပြုသော စိတ်များကို ခွဲခြား မှတ်သားရမည်။
အာ(၆) တရားကိုယ် အာရုံပြောစိတ်
(၁) ရူပါရုံ ဝဏ္ဏရုပ်
(၂) သဒ္ဒါရုံ သဒ္ဒရုပ်
(၃) ဂန္ဓာရုံ ဂန္ဓရုပ်
(၄) ရသာရုံ ရသရုပ်
(၅) မောဋ္ဌဗ္ဗာရုံ ပ တေ ဝါ
ကာမ အမျိုးအစားအစုများဖြစ်၏
ဧကန်-၂၅ အနေကန်-၃၁
ဓမ္မာရုံသည် အုပ်စု ၄ မျိုးကွဲ၏
(၆) ဓမ္မာရုံ (၁) ပသာဒရုပ် (၂) သုခမရုပ်
ကာမမျိုး ဧကန်-၂၅ အနေကန်-၃၁
(၆) ဓမ္မာရုံ (၃) စိတ် (၈၉) (၄) စေ (၅၂)
ကာမမဟဂ္ဂတလောကုတ္တရမဟဂ္ဂုတ် ဧကန်-၆
အနေကန်-၃၁
(၆) ဓမ္မာရုံ (၅) နိဗ္ဗာန် နိဗ္ဗာန် ဧကန်-၈
အနေကန်-၁၁
(၆) ဓမ္မာရုံ (၆) ပညတ် ပညတ် ဧကန်-၂၁ အနေကန်-၃၁
ရှင်းလင်းချက်
(၁) ကာမအာရုံကို ဧကန် အာရုံပြုသော စိတ် (၂၅)မျိုး - ကာမ၀ိပါက်စိတ် - ၂၃၊ ပဉ္စဒွါရ၀ဇ္ဇန်း - ၁၊ ပေါင်း ၂၅ မျိုး။
(၂) မဟဂ္ဂုတ်အာရုံ (အာကာ ၃ + အာကိဉ် ၃ = ၆) ကို ဧကန် အာရုံပြုသော စိတ် ၆ မျိုး။
ဝိညာဏဉ္စယတနစိတ် - ၃၊ နေ၀သာနာ သညာယတနစိတ် - ၃၊ ပေါင်း (၆)မျိုး။
(၃) ပညတ်ကို ဧကန် အာရုံပြုသောစိတ် (၂၁)မျိုး - အဘိညာသ်စိတ် (၂) ကြဉ် ရူပါဝစရစိတ် (၁၅)၊ အာကာသာနဉ္စာယတန စိတ် (၃)၊ အာကိဉ္စညာယတနစိတ် (၃)၊
ပေါင်း (၂၁) မျိုး။
(၄) ကာမ၊ မဟဂ္ဂုတ်၊ ပညတ်တို့ကို အနေကန် အာရုံပြုသောစိတ် (၃၁)မျိုး အကုသိုလ်စိတ် (၁၂)၊ မနောဒွါရာဝဇ္ဇန်း (၁)၊ မဟာကုသိုလ်စိတ် (၈)၊ မဟာကုသိုလ်စိတ် (၈)၊ မဟာကြိယစိတ် (၈)၊ အဘိညာဉ်စိတ် (၂)၊ ပေါင်း (၃၁)မျိုး။
အဆိုပါ (၃၁)မျိုးတွင်
(က) အကုသိုလ်စိတ် (၁၂)၊ မဟာကုသိုလ် မဟာကြိယ ဉာဏ၀ိပ္ပယုတ် (၈)၊ ပေါင်း (၂၀) သည် လောကုတ္တရာ အာရုံမှတပါး အားလုံးကို အာရုံပြု၏။
(ခ) မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် (၄)၊ ကုသိုလ်အဘိညာဉ်စိတ် (၁)၊ ပေါင်း (၅) ခု သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် အာရုံမှတစ်ပါး အားလုံးကို အာရုံပြု၏။
(ဂ) မနောဒွါရာဝဇ္ဇန်း (၁)ခု၊ မဟာကြိယ ဉာဏသမ္ပယုတ်စိတ် (၄)ခု၊ ကြိယ အဘိညာဉ်စိတ် (၁)ခု၊ ပေါင်း (၆)ခု သည် အာရုံ အကြွင်းအကျန် မရှိ အားလုံးကို အာရုံပြု၏။
(၅)နိဗ္ဗာန်ကို ဧကန်အာရုံပြုသောစိတ် (၈) ခုမှာ လောကုတ္တရာစိတ် (၈)ခု ဖြစ်၏။
(၆)နိဗ္ဗာန်ကို အနေကန်အာရုံပြုသောစိတ် (၁၁)ခုမှာ မဟာကုသိုလ်မဟာကြိယ ဉာဏသမ္ပယုတ် (၈)ခု၊ အဘိညာဉ်စိတ် (၂)ခု၊ မနောဒွါရာဝဇ္ဇန်း (၁)ခု၊ ပေါင်း (၁၁) ခု ဖြစ်၏။
(၅) စိတ္တသမ္ပယုတ္တ (စိတ်နှင့် စေတသိက် တို့ ပေါင်းစပ်မှု)
စိတ်နှင့်စေတသိက်တို့ ယှဉ်တွဲဖြစ်ကြရာ၌ -
(၁) တူသော မှီရာဝတ္ထုတစ်ခုကို မှီ၍
(၂) အာရုံတစ်ခုဆီသို့ ဦးတည်လျက်
(၃) ပြိုင်တူဖြစ်ပြီး
(၄) ပြိုင်တူပျောက်ကွယ်ခြင်း တို့သည် သမ္ပယုတ္တလက္ခဏာ (၄)ပါးဖြစ်၏။ သမ္ပယုတ္တလက္ခဏာနှင့် ညီမှသာ “ပေါင်းစပ်မှု” ဟု ဆိုနိုင်၏။
ဤ၌ စိတ်တစ်မျိုး၌ စေတသိက်များ ပေါင်းစပ် ပါဝင်မှု ကိန်းဂဏန်းများနှင့် စိတ်၊ စေတသိက်အမည်များ စိတ္တ၀ီထိ အတိုင်း ဖေါ်ပြပါမည်။ ထိုသို့ ဖေါ်ပြရာ၌ အဆိုပါ စိတ်၊ စေတသိက်တို့၏ ဒွါရ၊ ၀တ္ထု၊ အာရုံတို့ကိုပါ တွဲဖက်၍ ဖေါ်ပြပါမည်။
(၁) ပဉ္စဒွါရာဝဇ္ဇနစိတ် (၁)
(က) ဇာတိ = ကြိယ အဗျာကတ။
(ခ) စေတသိက = ၁၀ (သဗ္ဗစိတ္တ ၇ + ၀ိတက္က၊ ၀ိစာရ၊ အဓိမောက္ခ ၃ = ၁၀)
(ဂ) ဝေဒနာ = ဥပေက္ခာ။
(ဃ) ဟေတု = အဟေတုကာ။
(င) ကိစ္စ = အာဝဇ္ဇနကိစ္စ။
(စ) ဒွါရ = ၅ ဒွါရ (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ)
(ဆ) ၀တ္ထု = ဟဒယ၀တ္ထု (ဧကန်)
(ဇ) အာရုံ = အာရုံ (၅)ပါး (ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ)
(၂) စက္ခုဝိညာဏစိတ် (၂)
(က) ဇာတိ = ၀ိပါက။
(ခ) စေတသိက = သဗ္ဗစိတ္တ (၇)
(ဂ) ဝေဒနာ = ဥပေက္ခာ။
(ဃ) ဟေတု = အဟေတုက။
(င) ကိစ္စ = ဒဿနကိစ္စ (အာရုံကို မြင်ခြင်းကိစ္စ)
(စ) ဒွါရ = စက္ခု ဒွါရ။
(ဆ) ၀တ္ထု = စက္ခု ၀တ္တု။
(ဇ) အာရုံ = ရူပါရုံ။
(၃) သောတ၀ိညာဏစိတ် (၂)စသည် -
ကိစ္စ = (အစဉ်အတိုင်း) သ၀နကိစ္စ၊ ဃာယနကိစ္စ၊ သာယနကိစ္စ၊ ဖုသနကိစ္စ။
ဒွါရ = သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ။
ဝတ္တု = သောတ၀တ္ထု၊ ဃာန၀တ္ထု၊ ဇိဝှါဝတ္တု၊ ကာယာဝတ္ထု။
အာရုံ = သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ။
ကြွင်းကျန်သမျှ စက္ခုဝိညာဏနှင့် တူ၏။
(၄) သမ္ပဋိစ္ဆနစိတ် (၂)
(က) ဇာတိ = ၀ိပါက။
(ခ) စေတသိက = (၁၀)ပါး (သဗ္ဗစိတ္တ ၇ + ၀ိတက္က၊ ၀ိစာရ၊ အဓိမောက္ခ ၃ =၁၀)
(ဂ) ဝေဒနာ = ဥပေက္ခာ။
(ဃ) ဟေတု = အဟေတုက။
(င) ကိစ္စ = သမ္ပဋိစ္ဆနကိစ္စ (အာရုံကို လက်ခံခြင်းကိစ္စ)
(စ) ဒွါရ = ၅ ဒွါရ (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ)
(ဆ) ၀တ္ထု = ဟဒယ၀တ္ထု။
(ဇ) အာရုံ = အာရုံ ၅ ပါး (ရူပါရုံ - ဖောဋ္ဌဗ္ဗာရုံ)။

(၅) သန္တီရဏစိတ် (၃)
(က) ဇာတိ = ၀ိပါက အဗျာကတ။
(ခ) စေတသိက = (၁၀/၁၁)
= ဥပေက္ခာ သန္တီရဏ စိတ် (၂) ခုမှာ သဗ္ဗစိတ္တ (၇)ခု၊ ၀ိတက္က၊ ၀ိစာရ၊ အဓိမောက္ခ (၃)ခု၊ ပေါင်း စေတသိက် (၁၀)ခု။
= သောမနဿ သန္တီရဏစိတ်မှာ ယခင် (၁၀)၌ ပီတိ တိုး၍ (၁၁)ခု မှတ်ပါ။
(ဂ) ဝေဒနာ = သောမနဿ ၊ ဥပေက္ခာ။ (ဃ) ဟေတု = အဟေတုက။
(င) ကိစ္စ = ဥပေက္ခာသန္တီရဏ (၂)ခုမှာ ၅-ကိစ္စ-ပဋိသန္ဓီ၊ ဘ၀င်္ဂစုတိ၊ သန္တီရဏ၊ တဒါရမ္မဏ။
= သောမနဿ သန္တီရဏမှာ ၂-ကိစ္စ-သန္တီရဏ၊ တဒါရမ္မဏ။
(စ) ဒွါရ = ဥပေက္ခာသန္တီရဏ သည် သန္တီရဏီကိစ္စနှင် တဒါရမ္မဏကိစ္စ ဆောင်ရွက်စဉ် ၆-ဒွါရ၌ ဖြစ်၏။
ကျန်ကိစ္စဆောင်ရွက်စဉ် ဒွါရ ၆-ပါးမှ လွတ်၏။
= သောမနဿ သန္တီရဏသည် ၆-ဒွါရ၌ ဖြစ်။
(ဆ) ၀တ္ထု = ဟဒယ၀တ္ထု။
(ဇ) အာရုံ = သောမနဿ သန္တီရဏစိတ်သည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ကာလ၀ိမုတ်ဖြစ်သော အာရုံ ၆- ပါး။
= ဥပေက္ခာသန္တီရဏ စိတ် ၂-ခု သည် -
(က) ဒွါရ၌ဖြစ်ခိုက် ပစ္စုပ္ပန်၊ အတိတ်၊အနာဂတ်၊ ကာလ၀ိမုတ် ဖြစ်သော အာရုံ (၆)ပါး။
(ခ) ဒွါရမှ လွတ် သောအခါ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု ဆိုအပ်သော အာရုံ (၆) ပါး။
(၆) မနောဒွါရာဝဇ္ဇန / ဝေါဋ္ဌဗ္ဗနစိတ်
(က) ဇာတိ = ကြိယ အဗျာကတ။
(ခ) စေတသိက = (၁၁) ပါး၊ (ဆန္ဒ ပီတိမှတစ်ပါး အညသမာန်းစေတသိက် (၁၁)ပါး)
(ဂ) ဝေဒနာ = ဥပေက္ခာ။
(ဃ) ဟေတု = အဟေတုက။
(င) ကိစ္စ = မနောဒွါရ၌ အာဝဇ္ဇနကိစ္စ၊ ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနကိစ္စ။
(စ) ဒွါရ = ဒွါရ (၆)ပါး။
(ဆ) ၀တ္ထု = ဟဒယ၀တ္ထု။
(ဇ) အာရုံ = အာရုံ ၆ ပါး (အလုံးစုံ)
(၇) ဇ၀န (ဇော) စိတ် (၅၅)
- အကုသလစိတ္တ = ၁၂
- ဟသိတုပ္ပါဒစိတ္တ = ၁
- မဟာကုသလစိတ္တ = ၈
- မဟာကြိယစိတ္တ = ၈
- ရူပါဝစရကုသလစိတ္တ = ၅
- ရူပါဝစရကြိယာစိတ္တ = ၅
- အရူပါဝစရကုသလစိတ္တ = .၎
- အရူပါဝစရကြိယာစိတ္တ = .၎
- လောကုတ္တရစိတ္တ = .၈
စုစုပေါင်း = ၅၅။
(က) ဇာတိ = အချို့ ကုသလ၊ အချို့ အကုသလ၊ အချို့ အဗျာကတ။
(ခ) စေတသိက = အကုသလစိတ္တ = ၁၂၊ စေတသိက = ၂၇။
= ဟသိတုပ္ပါဒ်စိတ္တ = ၁၊ စေတသိက = ၁၂။
=မဟာကုသလစိတ္တ= ၈ စေတသိက =၃၈။
= မဟာကြိယစိတ္တ = ၈ စေတသိက = ၃၅။
= ရူပါဝစရကုသလစိတ္တ = ၅၊ စေတသိက = ၃၅။
= ရူပါဝစရကြိယစိတ္တ = ၅။ စေတသိက = ၃၅။
= အရူပါဝစရကုသလစိတ္တ= ၄၊ စေတသိက = ၃၀။
= အရူပါဝစရကြိယစိတ္တ = ၄။ စေတသိက = ၃၀။
= လောကုတ္တရစိတ္တ = ၈၊ စေတသိက = ၃၆။
(ဂ) ဝေဒနာ = အချို့သောမနဿ ၊အချို့ဥပေက္ခာ၊ အချို့ဒေါမနဿ။
(ဃ) ဟေတု = ဟသိတုပ္ပါဒ အဟေတုက၊ အချို့ဧကဟေတုက၊ အချို့ ဒွိဟေတုက၊ အချို့ တိဟေတုက။
(င) ကိစ္စ = ဇ၀နကိစ္စ။
(စ) ဒွါရ = အပ္ပနာဇော ၂၆ သည် မနောဒွါရ၊ ကာမဇော ၂၉ သည် ဒွါရ ၆ ပါး။
(ဆ) ဝတ္ထု = ဟဒယ၀တ္ထု။
(ဇ) အာရုံ = ဟသိတုပ္ပါဒ သည် ကာမအာရုံ (ဧကန်)။
= အကုသလဇော ၁၂ ခု သည် လောကီအာရုံ။
= မဟာကုသလ မဟာကြိယ ဉာဏ၀ိပ္ပယုတ်ဇော ၈ ခု သည် လောကီအာရုံ။
= မဟာကုသလ ဉာဏ သမ္ပယုတ်ဇော ၄ ခုသည် အရဟတ္တ မဂ်၊ အရဟတ္တဖိုလ်မှတပါး အလုံးစုံ အာရုံ။
= မဟာကြိယ ဉာဏသမ္ပ ယုတ်ဇော ၄ ခုသည် အကြွင်းမဲ့ အလုံးစုံ အာရုံ။
= ၀ိညာဏဉ္စာယတန၊ နေ၀သညာနာသညာယတန ဇော ၄ ခု သည် မဟဂ္ဂုတ် အာရုံ (ဧကန်)။
= ရူပါဝစရဇော ၁၀ ခု၊ အာကာသာနဉ္စာယတန၊ အာကိဉ္စညာ ယတနဇော ၄ (ပေါင်း ၁၄)ခုသည် ပညတ် အာရုံ (ဧကန်)။
= အဘိညာဉ်ကုသိုလ် ဇောသည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် မှတပါး အလုံးစုံ အာရုံ။
=အဘိညာဉ်ကြိယဇော သည် အကြွင်းမဲ့ အလုံးစုံ အာရုံ။
= လောကုတ္တရဇော ၈ ခု သည် နိဗ္ဗာန်အာရုံ (ဧကန်)
(ဂ) တဒါရမ္မဏစိတ် (၁၁)
- မဟာဝိပါကစိတ် ၈ - ခု
- သန္တီရဏစိတ် ၃ - ခု
(က) ဇာတိ = ၀ိပါက အဗျာကတ။
(ခ) စေတသိက = မဟာ ၀ိပါကစိတ် ၈ - ခု၊ စေတသိက = ၃၃။
= သန္တီရဏစိတ် ၃- ခု၊ စေတသိက = ၁၁။
(ဂ) ဝေဒနာ = အချို့ သောမနဿ ၊ အချို့ ဥပေက္ခာ။
(ဃ) ဟေတု = အချို့အဟေတုက၊ အချို့ဒွိဟေတုက၊ အချို့တိဟတုက။
(င) ကိစ္စ = မဟာဝိပါကသည် ပဋိသန္ဓိ၊ ဘ၀င်္ဂ၊ စုတိ၊ တဒါရမ္မဏ (၄-ကိစ္စ)။
= သောမနဿ သန္တီရဏသည် သန္တီရဏကိစ္စ၊ တဒါရမ္မဏကိစ္စ (၂-ကိစ္စ)။
= ဥပေက္ခာသန္တီရဏ ၂-ခုသည် ပဋိသန္ဓိ၊ ဘ၀င်္ဂ၊ စုတိ၊ သန္တီရဏ၊ တဒါရမ္မဏ (၅-ကိစ္စ)
(စ) ဒွါရ = သောမနဿ သန္တီရဏသည် ဒွါရ ၆-ပါး၌ ဖြစ်၏။
= မဟာဝိပါကနှင့် ဥပေက္ခာသန္တီရဏတို့သည် ရံခါ ဒွါရ ၆-ပါး ၌ ဖြစ်၍ ရံခါ ဒွါရမှ လွတ်၏။
(ဆ) ၀တ္ထု = ဟဒယ၀တ္ထု။
(ဇ) အာရုံ = ကာမအာရုံ (ဧကန်)။
(၉) ပဋိသန္ဓိစိတ် (၁၉)
= ဥပေက္ခာသန္တီရဏစိတ် ၂-ခု။
= မဟာဝိပါကစိတ် ၈-ခု။
= ရူပါဝစရ၀ိပါကစိတ် ၅-ခု။
= အရူပါဝစရ၀ိပါကစိတ် ၄-ခု။
စုစုပေါင်း ၁၉-ခု။
(က) ဇာတိ = ၀ိပါက အဗျာကတ။
(ခ) စေတသိက = ဥပေက္ခာသန္တီရဏ ၂၊ စေတသိက = ၁၀။
= မဟာဝိပါက၊ စေတသိက = ၃၃။
= အရူပါဝစရ၀ိပါက၊ စေတသိက = ၃၅။
= အရူပါဝစရ၀ိပါက၊ စေတသိက = ၃၀။
(ဂ) ဝေဒနာ = အချို့သောမနဿ ၊ အချို့ဥပေက္ခာ။
(ဃ) ဟေတု = အချို့အဟေတုက၊ အချို့ဒွိဟေတုက၊ အချို့တိဟေတုက။
(င) ကိစ္စ = ဥပေက္ခာသန္တီရဏ ၅-ကိစ္စ။
= မဟာဝိပါက ၄-ကိစ္စ။
= ရူပ၊ အရူပ ၀ိပါက ၃-ကိစ္စ။ (ပဋိသန္ဓိ၊ ဘ၀င်္ဂ၊ စုတိ)
(စ) ဒွါရ = ဥပေက္ခာသန္တီရဏ၊ မဟာဝိပါက ပေါင်း ၁၀-ခုသည် ရံခါ ၆-ဒွါရ၊ ရံခါ ဒွါရမှ လွတ်၏။
= ရူပ၊ အရူပ ၀ိပါက ၉-ခုသည် အမြဲ ဒွါရမှ လွတ်၏။
(ဆ) ၀တ္ထု = အရူပ၀ိပါက ၄-ခု သည် ၀တ္ထုရုပ်ကို လုံးဝ မမှီ။
= ကျန်စိတ် ၁၅-ခု သည် ဟဒယ၀တ္ထုကို မှီကြ၏။
(ဇ) အာရုံ = ဥပေက္ခာသန္တီရဏ ၂-ခု၊ မဟာဝိပါက ၈-ခုသည် ကာမအာရုံ (ဧကန်)။
(ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ်)
= ၀ိညာဏဉ္စာယတန၊ နေ၀သညာနာသညာယတန၀ိပါက စိတ်၂-ခု သည် မဟဂ္ဂုတ်အာရုံ။
(ကမ္မနိမိတ်)
=အာကာသာနဉ္စာယတန၊ ၀ိညာဏဉ္စာယတန ၀ိပါကစိတ် ၂-ခုနှင့် ရူပ၀ိပါက ၅-ခုသည် ပညတ်အာရုံ (ဧကန်)။
(ကမ္မနိမိတ်)
(၁၀) ဘ၀င်္ဂစိတ် (၁၉)
ပဋိသန္ဓိစိတ်နှင့် တူ၏။
(၁၁) စုတိစိတ် (၁၉)
ပဋိသန္ဓိစိတ်နှင့် တူ၏။
အဘိဓမ္မာ အနှစ်ချုပ် ပြီး၏။