*******************************
ဟိုလှန်ဒီလှန်နဲ့ အလုံမြို့ ပရမတ်ဆရာ ထွန်းဦး နှင့် ထွန်းလှ နှစ်ဦးကို အသိ ပေး သတိ သံဝေဂ စပ်ဆိုထားတဲ့ လယ်တီ ဆရာတော် ဘုရား ကြီး တေးထပ်ကို ပြန်ဖတ်မိပါတယ်။
အဲဒီ လူ နှစ်ယောက်က တကယ့် ကျမ်းတတ် အကျော် လူတတ်ကြီးတွေပါ။ ကျမ်းတတ်သလို အဟော အပြော ကလည်း ကောင်းမှ ကောင်းတဲ့။ လျှာမှာ လိုတရ ပဒေသာ ပင်လို အော်တိုမက်တစ် လူငေးရလောက်အောင် စကား တွေက ထွက်နေ တော့တာပါပဲတဲ့။
အလုပ်တကယ်လုပ်မည့်ချိန်ဆိုရင်တော့ ရှောင်တောင် ရှောင်တောင်။ နောက်တွန့် ဆုတ် တွန့် ဆုတ် ရယ်။ အကြွား ကတော့ မျက်နှာ ပြောင်ပြောင်ပဲ ကြွားတတ်တယ်။သူတို့ က မှားမှန်း သိလျက်နဲ့ လည်း စကားကို ဟိုလိုလို ဒီလိုလို ယောင်တောင်ပေါင်တောင် လှည့်ပတ် ပြီး ပြော တတ်ကြ တယ်။ သံသရာမှ ကျွတ်လမ်း လွတ်လမ်း က သူတို့  နှစ်ယောက်အတွက် ဝေးစွာ့။ သူတို့ အကြောင်းကို အဲဒီလို သိထားတာနဲ့ ပဲ လယ်တီ ဆရာတော် ဘုရားကြီး က ပရမတ်ဆရာဆိုသူ ဒကာ နှစ်ယောက်ကို ဒီလိုလေး တေးထပ်လေးနဲ့  ဆိုဆုံးမခဲ့ပါတယ်။
ထွန်းဦး နှင့် ထွန်းလှ ဖွဲ့ တေးထပ်
ထွန်းဦး နှင့် ထွန်းလှ လွမ်းစရာ့ နှစ်လူကျမ်းဓမ္မ အဆူဆူမှာ သူမတူ ဉာဏ်သွား ဟောပြောမှု ထွေအလာ ပဒေသာ နှုတ်လျှာကပါး...။
အလုပ်နဲ့  အဟုတ်တယ်လျှင် ဆုတ်ပြယ်ပြယ် လူစား တကယ်ဆို ရှောင်သမား ပြောင်ကြွားကြွား ဟန်ပို ပြော ဟောဉာဏ် စာအရေးမှာတော့ လျှာကလေး သွက်ကြ သကို...။
သိလျက်သားနဲ့  အမှားပို စကားထိုထို ရိုးမယ်ဖွဲ့ လို့ ဘယ်တဲ့ ညာတဲ့ ယောင်ယောင်ပေါင်ပေါင် ပြောကြ ဟန်ဆောင် နစ် မြဲ နစ်ဖို့  အလွတ်ဆောင်လျင် အကျွတ်ဟိုနောင် ကွာလှမ်း ရှာလိမ့်လေး....။
လူတိုင်းလည်း ကိုယ့် သဘောနဲ့ ကိုယ်ပဲ တေးထပ် မူရင်းကို နားလည် နိုင်ပါတယ်။ ဒါမှ ပိုထိရောက် ပါ့မယ်။ ခု ကိုယ့် အနေနဲ့  ကိုယ်နားလည်သလို ပဲ ပြောကြည့်တာပါ။ တကယ် တမ်းက တရားကို နာ ယူသင့်တယ်။ တရားစာများကိုလည်း ဖတ်သင့် တယ်။ တရားမနာ တရားအကြောင်းရေးရာ မလေ့ လာ မနာယူပါက လှော်တာ လှော်ခတ်နေတာ ပဲ့ မပါတဲ့ လှေလို သူရောက်ချင်ရာ ရောက်ပါလိမ့် မယ်။
ပြီးတော့ တရားတွေ နားလည်တယ်ဆိုပြီး တကယ် ကို လက်တွေ့ မကျင့်လည်း နောက်က ပဲ့တော့ ပါတယ် ၊ လှော်တက် မရှိတော့ ၊ မလှော်ရင်တော့ ကိုယ်မှန်းရာကို တော့ ရောက်မှာ မဟုတ်ဘူး။ ထွန်းဦး နှုင့် ထွန်းလှ လိုသာ ဖြစ်ပါလိမ့်မယ်။
ကဲ ဒီလောက်ဆို အားလုံး သဘောပေါက် လောက် ပါပြီ နော်။ ဘယ်တရား နာနာ ၊ ဘယ်တရားစာအုပ် ဖတ်ဖတ် နာတဲ့ အတိုင်း ကျင့် ၊ ဖတ်တဲ့အတိုင်း ကျင့်။ သို့ မဟုတ် သင်ခန်းစာ ယူနိုင်ဖို့ ပါဘဲ။ ဗုဒ္ဓဘာသာတို့  ပန်းတိုင်ကို ရောက်လိုပါလျင်...
ထွန်းဦး နှင့် ထွန်းလှ လိုမျိုး အသိဥာဏ် ကျမ်းများ တတ် မြောက်ကြပြီး ၊ တကယ့် အလုပ်ကို အလုပ်နဲ့  တူအောင် အပြောသန်မဟုတ်ပဲလက်တွေ့  အလုပ် များ ကျင့်ကြံနိုင် ကြပါစေ...
Showing posts with label သြ၀ါဒ ကထာ. Show all posts
Showing posts with label သြ၀ါဒ ကထာ. Show all posts
ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ
****************************
မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ် လုပ်ငန်းတို့တွင်
သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်
ရှုတော် မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ် အဖြစ်ပါဝင်ပါသည်။
သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသ တစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည်
ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမ ရာဂကိုငြိမ်အောင်
ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန် ပြတော်မူသည်။ရံခါ ဒေသတစ်ခု
သတ္တ၀ါတစ်စုစုမှာ သို့ မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက် မောမှု တည်း
ဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်း များသည်ကို မြင်တော်မူလျှင်
ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာ လမ်းစဉ်ကို ညွှန်ကြားတော်မူသည်။ရသေ့ ရဟန်း
ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့် သုံးကြဖို့ ဟောကြား
တော်မူသည်။
ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေ အနေကို ရှုမြင်သုံးသပ်ကာ
အခြေအနေအားလျော်စွာ ကျင့် သုံးပုံနည်းစနစ်များကို
ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည်
မျက်စိနှင့် နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ်
ကြည့်ရှု သုံးသပ်နေသင့်ပါသည်။
လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မတ်ြကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ
ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင် များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏
လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား
တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏
လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။သို့မှသာ လူသားအများ စု တို့က
ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောက ကြီး အတွက်မရှိမဖြစ် လိုအပ် သော
ပုဂ္ဂိုလ်များဖြစ်ကြသည် ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။
သိပ္ပံနှင့် နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာ သော ယနေ့ခေတ်တွင်
လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက် နိုင်သောလောကနှင့် ဓမ္မကို
တစ်သားတည်း ကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင် တို့ကို
လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး
သိပ္ပံနှင့် နည်းပညာ သည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု
တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည်
လောကကောင်းကျိုးကို ပြုပင်ပြုငြားသော် လည်း လူလောကကြီးကို
လူညွန့်တုန်းအောင် သတ်ဖြတ် နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို
သတိပြု ကြရန် လိုအပ်လှပါသည်။ တက်ထရာ ဆိုင်ကလင်း ဆေး သည်
အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ် သော်လည်း အစာအိပ်ကို
လောင်ကျွမ်းစေကာ ရောဂါ တစ်မျိုး ထပ်တိုးစေသည်မှာလည်း ထိုဆေးပင်ဖြစ်ပါသည်။
(၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီး
မားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သော အဏုမြူဗုံးသည်
သိပ္ပံဆရာများ တီထွင်ခဲ့သော လက်နက် ပင် မဟုတ်ပါလော။ဘာသာရေးတိုင်သည်
လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု
ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေ နိုင် သည်ဟု
ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။
ယနေ့မျက်မှောက် ခေတ်တွင် ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်အားလုံးသည်
လူ့လောကကြီး၏ မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နား
လည် ခံယူလာအောင် ကျွန်ုပ်တို့ အားထုတ်ကြရမည် ဖြစ်
ပါသည်။မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့
မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး
ရဋ္ဌပါလ ရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာ တို့ ကိုစွန့်ကာ
ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်း ကြီးက အောက်ပါအတိုင်း
မေးလျှောက်ပါသည်။ (အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကို
စွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်း ပြုခဲ့ပါ သနည်း)အရှင်ရဌပါလာက
ပြန်လှန်ကာ မေးခွန်းထုတ်ပါ သည်။(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ
သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း) မင်းကြီးက ဆိုပါသည်။(လူတွေဟာ
စီးပွားပျက်သောကြောင့် လည်း ကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။
အိုမင်း ရင့်ရော် သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက် သော
ကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေ တဲ့ လူ တွေဟာ ဘာသာရေးခေါင်းဆောင်
ဝင်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ) တိုင်းပြည် နှင့်
လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့် အဓိပ္ပါယ်ကို မင်းကြီးက ဆိုလာသည်။
ဘာသာရေးခေါင်း ဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့
အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါက ပင်လျှင် ရှိဖူးပါသည်။
ပညာမဲ့သော လူသားတို့ ထိုသို့မြင် သည်မှာ အလွန်အရေး မကြီးလှသော်လည်း
ကောရဗျမင်း ကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့
ဘာသာရေး ခေါင်းဆောင်များ သတိပြုစရာပင် ဖြစ်ပါ သည်။
အရှင်ရဌပါလာ၏အဖြေမှာ-----
၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး
တလှုပ်လှုပ်ဖြစ်နေသည်။သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည်
ဗုဒ္ဓသာသနာတော်တွင် ဘ၀၏ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ် သည်
ဟုဖြေပါသည်။ အရှင်ဘုရား၏ ဘ၀တည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု
မင်းကြီးကမေးလျှင်-အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့် တည်ဆော
က်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။
၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ
မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်း
တောက်လောင်နေသော မီးကို ငြိမ်းအေးစေဖို့ဝင်ရောက် လာခြင်းဖြစ်သည်။
ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု
ဖြေတော်မူခဲ့ပါသည်။
၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ
သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုး ရှင်မှ ထိမ်းချုပ်လို့မရဘူး။
ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့
ဝင်ရောက်လာ ခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့်
ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။
၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ
ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစာအဖြစ် ဘာကိုမှ
မပိုင်ဆိုင်ကြဘူး။ ငါ့ဥစာဟုပြောနေကြသောလည်း နှစ်ပေါင်း တစ်ရာထက်ပိုကာ
ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ
ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။
သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့
ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို
ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း
မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်
နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြ သော်လည်း အလိုကားမပြည့်ကြပေ။
အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည်
မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့်
မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့်
အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။
၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည် ) ဆိုသည့်
လိုအပ်ချက်ကိုရှာဖွေ ဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို
အဆုံးမသတ်နိုင်ခဲ့ကြသည့် အတွက် ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာ
ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန် အဖြစ်က လွတ်ဖို့ရန်အတွက်သာ
ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏
မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ ရည်ရွယ်ချက် တို့ကို မင်းကြီးကြား
သောအခါ အလွန်ပင်ကျေနပ်နှစ်သက် ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့်
သူစွပ်စွဲခဲ့မိသော အပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ
ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက် ထားခဲ့လေသည်။
သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်
အတည်း တို့နှင့် ရင်ဆိုင်ကြုံတွေ့နေကြ ရသောကာလတွင် နိုင်ငံအသီးသီးရှိ
လူသားတော်တော် များများ အလုပ် လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်
အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်း ဆောင် များအားလုံး
မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း
ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ်
ကာနေတတ် ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု
အလုပ်လက်မဲ့ဖြစ် နေကြရသည် ကိုကြည့်ကာ ကျွန်ုပ် တို့ခေါင်းဆောင်များ ဘာသာရေး
အလုပ်လက်မဲ့ မဖြစ် ရလေအောင် အထူးသတိပြုကြ ရမည်ဖြစ်ပေ သည်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး
အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြား ပို့ချရေး လုပ်ငန်းများ၊
ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေး လုပ်ငန်း များ ကို ယနေ့ခေတ်တွင်
နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြ ရမည်ဖြစ်သည်။ အရှင်ရဌပါကကို
ကောရဗျမင်းကြီးစွပ်စွဲ သလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေ
သည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင် တို့အပေါ်
အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံး ကို ကျေနပ်နှစ်သိမ့်မှုရအောင်
အရှင်ရဌပါလကဲ့သို့ အား ထုတ် ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသော ကမ္ဘာ
ကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပေသည်။
ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ
မပါဝင်ဖို့ အရေး ကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ် တို့
ဝိုင်းဝန်း ဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ် ပါသည်။
လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက် ကိုဆိုလိုပါသည်။ သို့မှသာ
ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံး တို့အတွက်
ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်
ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။
ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို
ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များ အဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ လောက ကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင် နိုင်ပေ။
ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံ မှ ဘာကိုမျှ မတောင်း
ဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good
သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ
ဝိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။
သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။ သီတဂူဆရာတော်
လယ်တီဆရာတော်ဘုရားကြီး၏ ဆိုပိန့်မညှာ ဆုံးမစာ...
******************************
ဆိုပိန့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေတ်အခါဝယ်...
လူ့ရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် ယီးတီးယောင်တောင် ခုတိုင် အောင်တည့်။
သန်းခေါင်လကွယ် တောအုပ်နယ်၌ ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးသည့်
မိုးလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက် အပြား အင်လေးပါးထက်
နင်ကားရာထောင် မကမှောင်၏။
လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင်
မိုက်မြဲနှင်နှင် မိုက်စရွှင်၏ မျက် မြင်လောက ဤဘ၀ကား ဒုက္ခစင်းစင်း
ချမ်းသာကင်း၏။
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို
နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ
လွန်ခဲ့တုံပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း
သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ။
ယီးတီးယားတား သေ၍သွားလည်း တရားမကြွယ် အထုပ်ငယ်လျက် အပါယ်စခန်း
သွားမြဲလမ်း၌ တပန်း ဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြိုငြို ဆင်းရဲပိုလျက်
ထိုထိုဘ၀ အနန္တလျှင် အစမဆုံး အများထုံးတည့် အနှုန်းမပျက် အောက်နရက်ဝယ်
တစ်သက်နွယ်နွယ် အမြစ်တွယ်သို့ အပါယ်ထိုထို ဥဒဟိုသည် နင်လိုလူမိုက်
သွားလမ်းတည်း...
လယ်တီဆရာတော်ဘုရားကြီး၏ ဆိုပိန့်မညှာ ဆုံးမစာ...
******************************
ဆိုပိန့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေတ်အခါဝယ်...
လူ့ရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် ယီးတီးယောင်တောင် ခုတိုင် အောင်တည့်။
သန်းခေါင်လကွယ် တောအုပ်နယ်၌ ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးသည့်
မိုးလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက် အပြား အင်လေးပါးထက်
နင်ကားရာထောင် မကမှောင်၏။
လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင်
မိုက်မြဲနှင်နှင် မိုက်စရွှင်၏ မျက် မြင်လောက ဤဘ၀ကား ဒုက္ခစင်းစင်း
ချမ်းသာကင်း၏။
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို
နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ
လွန်ခဲ့တုံပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း
သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ။
ယီးတီးယားတား သေ၍သွားလည်း တရားမကြွယ် အထုပ်ငယ်လျက် အပါယ်စခန်း
သွားမြဲလမ်း၌ တပန်း ဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြိုငြို ဆင်းရဲပိုလျက်
ထိုထိုဘ၀ အနန္တလျှင် အစမဆုံး အများထုံးတည့် အနှုန်းမပျက် အောက်နရက်ဝယ်
တစ်သက်နွယ်နွယ် အမြစ်တွယ်သို့ အပါယ်ထိုထို ဥဒဟိုသည် နင်လိုလူမိုက်
သွားလမ်းတည်း...
မိမိ ကိုယ်ကို စမ်းစစ်ပါ
**************
၁။ ပါပိစ္ဆာ-- အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၂။ အတ္တုက္ကံသန ပရဝမ္ဘန-- မိမိကိုယ်ကို မြှင့်တင်၊ သူတစ် ပါးကို
ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။ “ငါလည်း မိမိကိုယ်ကို မြှင့်တင်၊
သူတစ်ပါးကို ရှုတ်ချတတ် သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့
ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင်
သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၃။ ကောဓန-- အမျက်ထွက်သူကို ငါသည် မချစ် မနှစ် သက်။“ငါလည်း
အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”
ဟု ရှုဆင် ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၎။ ဥပနာဟီ -- အမျက်ထွက်ခြင်းဟူသော အကြောင်း ကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ် သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၎။ ဥပနာဟီ -- အမျက်ထွက်ခြင်းဟူသော အကြောင်း ကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ် သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၅။ အဘိသင်္ဂိ -- အမျက်ထွက်ခြင်းဟူသော အကြောင်း ကြောင့် အစွဲကြီးသူကို ငါသည်
မချစ် မနှစ်သက်။“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့
ချစ်ခင်နှစ် သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို
ဖြစ်စေရမည်။
၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --ရန်စကားပြောသူကို ငါသည် မချစ်
မနှစ်သက်။“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်
နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို
ဖြစ်စေရမည်။
၇။ ပရိပ္ဖရတိ-- စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည်
မချစ် မနှစ်သက်။“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်
ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်”ဟု
ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင်
စိတ်ကို ဖြစ်စေရမည်။
၈။ အပသာဒေတိ--စောဒက-က စောဒနာသော် စောဒက ကို ကြိမ်းမောင်းသော သူကို ငါသည်
မချစ် မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်း
မောင်းသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက် ကြမည် မဟုတ်” ဟု
ရှုဆင်ခြင်၍ စောဒက-က စောဒနာ သော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင်
စိတ်ကို ဖြစ်စေရမည်။
၉။ ပစ္စာရောပေတိ--စောဒက-က စောဒနာသော် စောဒက ကို အပြစ်ပြန်တင်သော သူကို
ငါသည် မချစ် မနှစ်သက်။ “ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်
ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ် သက်ကြမည် မဟုတ်” ဟု
ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင်
စိတ်ကို ဖြစ်စေရမည်။
၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ
ပါတုကရောတိ--စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို
ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း
ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြု တတ်သော သူကို ငါသည် မချစ်
မနှစ်သက်။“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ် မျိုးကို
ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ် သော၊ အမျက်ထွက်ခြင်း
ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း
သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော်
စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့
လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြု
တတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၁။ အပဒါနေ န သမ္ပာယတိ--စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို
ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း စောဒကက
စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင်
မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည်
မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို
ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၂။ မက္ခီ ပဠာသီ--ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ ကို ငါသည် မချစ်
မနှစ်သက်။“ငါလည်း ဂုဏ်ကျေးဇူး ချေ ဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင်
ငါ့ကိုလည်း သူတပါးတို့ ချစ် ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရ မည်။
၁၃။ ဣဿုကီ မစ္ဆရီ--မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း မနာလို
ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု
ရှုဆင် ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရ မည်။
၁၄။ သဌော မာယာဝီ --ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း
ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်
နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင်
စိတ်ကို ဖြစ်စေရမည်။
၁၅။ ထဒ္ဓေါ အတိမာနီ --ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။“ငါလည်း
ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည်
မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို
ဖြစ်စေရမည်။
၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --မိမိအယူကို စွဲလမ်းတတ်သော၊
မြဲမြံစွာ ယူတတ်သော၊ မစွန့် လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင်
သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု
ရှုဆင်ခြင်၍ မိမိ အယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်
လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။ ဤသို့ နေ့ရော ညပါ အခါမလပ်
ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ
မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ
တွေ့မြင်ရဘိသကဲ့သို့ --“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို
အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါ တော့သည်။ထိုအခါ
အကုသိုလ်တရားများကို ပယ်ရှားရန် အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို
အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း”
သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့ သည်။
ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာ
သြ၀ါဒ ကထာ
ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီး နှစ်ခု၏ အဓိပတိ ဆရာတော်
ဘဒ္ဒန္တ ကုမာရာဘိဝံသ
(ဗန်းမော်ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) ၏
(ဗန်းမော်ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) ၏
ပညာသင်ကြာရေးဆိုင်ရာ သြ၀ါဒကထာ။
မာဂဓာ ပါကတာ စေ၀၊ သဟ သင်္ခတ ဘာသယ၊
တိသန္နံ ကောဝိဒေါ ယော သော၊ ဓိရော ပါဠိ ၀ိသောဓယေ။
တိသန္နံ ကောဝိဒေါ ယော သော၊ ဓိရော ပါဠိ ၀ိသောဓယေ။
ပုဂံခေတ်ဦးက ရှးပညာရှင်ကြီးများ စီရင်ရေးသားခဲ့သော ဂါထာဖြစ်ပေသည်။ အနက်မှာ သက္ကတ ဘာသာနှင့် တကွ၊ ပါဠိ၊ပြာကတ ဘာသာဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို တတ်ကျွမ်းသည့် ပညာရှိသည် ပါဠိ၊ ပုဒ်ပါဌ်၊ အက္ခရာမှန်၊ မမှန်ကို သုတ်သင်ရှင်းလင်းနိုင်၏။ ဟူ၍ဖြစ်၏။ ဤအဆိုအမိန့်အရ ရှေးခေတ်အခါမှစ၍ တစ်ဘာသာနှင့် တစ်ဘာသာနီးကပ်စွာဆက်စပ်နေသည့် သက္ကတ၊ မာဂဓ၊ ပြကတ အမျိုးမျိုးဟူသော အိန္ဒိယ ဘာသာများကို တတ်ကျွမ်းအောင်ကောင်းစွာလေ့လာသင်ယူထားမှ သာလျှင် ပါဠိပုဒ်တွေကို နိုင်နင်း၍ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင့် ထင်ရှားလှပေသည်။ရှေးခေတ်မှစ၍ ယခုအထိ သုံးစွဲနေသည့် ဘာသာစကားတွေ အမျိုးမျိုးကိုမျိုးနွယ်တူရာအုပ်စုခွဲခြား သတ်မှတ်လိုက်လျှင် သက္ကတဘာသာ မျိုးနှင့် ပြာက တ ဘာသာမျိုးဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပေမည်။ ထိုနှစ်မျိုးတွင်...
(၁) သက္ကတဘသာဟူသည် ပညာရေးကိုအချိန်ယူစောက်ချသင်ယူ၍ ပညာဖြင့်အသက်မွေးကြသည့် ပုဏ္ဏား တို့က သဒ္ဒါနည်းစနစ် တိကျတင်းကျပ်စွာ မူသေသတ်မှတ်ပြောဆို ရေးသားသည့် ဘာသာစကားမျိုးဖြစ်ပေ သည်။(၂)ပြာကတဘာသာ စကားမျိုးဆိုတာကတော့ သာမာန်လူတန်းစားများပြောဆိုသုံးစွဲကြ၍ ကာလ ၊ ဒေသ၊ ပုဂ္ဂလအရ တစ်ဖြည်းဖြည်း အနည်းငယ် ပြောင်းလွဲကွဲပြားသွားသည့် ဘာသာစကား အမျိုး မျိုးကို မျိုးနွယ်တစ်ခုအဖြစ် စုပေါင်းခေါ်ဝေါ်အမည်ပေးထားသော အမည်ပညတ်တစ်ခုဖြစ်ပေသည်။ ထိုဘာသာနှစ်မျိုး တွင်ပြာကတ ဘာသာမျိုးသည် သုံးစွဲသည့် ဒေသအမျိုး ကိုလိုက်၍ ပါဠိနှင့်တကွ ၊ မာဂဓီ၊ အဒ္ဓမာဂဓီ စသည် အားဖြင့် ဘာသာစကား များစွာကို ကိုယ်စားပြုထားပေသည်။
ရှေးဆရာတော်ကြိးများ၏ အလိုအရ သက္ကတ၊ မာဂဓ၊ ပြာကတ ဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို သင်ယူလေ့လာ တတ်မြောက်မှသာလျှင်ပါဠိဘာသာကို တကယ်ကျွမ်းကျင်နိုင်နင်းနိုင်မည်ဖြစ်၏။ အဘယ့်ေ ကြာင့်ဆိုသော်နောက်ခံသမိုင်းကြောင်းအရပြောရလျှင် ဗုဒ္ဓသာသနာတော်သည် ဗုဒ္ဓလက်ထက်တော်မှစ၍ နှစ်ပေါင်းများစွာအတွင်းမှာအိန္ဒယနိုင်ငံရှိပြည်နယ်ဒေသမြောက်များစွာသို့ရောက်ရှိပြန့်နှံ့သွားခဲ့ရာမှထိုထိုဒေသတို့မှ ပုဂ္ဂိုလ်မြောက်များစွာတို့သည် ဗုဒ္ဓသာသနာတော်တွင်းသို့ ၀င်ရောက်လာခဲ့ကြသဖြင့် တစ်ခုနှင့် တစ်ခု အနည်း ငယ်စီ ကွဲပြားသည့် ဒေသသုံးဘာသာတွေ မြောက်များ စွာတို့သည် ပါဠိပိဋက၊ အဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ဂန္ထန္တရ ဟူသော ပါဠိစာပေပင်လယ် ထဲသို့ တစ်ဖြေးဖြေး ၀င်ရောက် လာသောကြောင့် ဖြစ်ပေ သည်။
ကောင်းပြီ ယခုမြန်မာနိုင်ငံ၌ ပါဠိဘာသာတစ်ခုတည်းကိုပင် ကစ္စည်းသဒ္ဒါကျမ်း ၊ ရူပသိဒ္ဓိ၊ မောဂ္ဂလာန်ကျမ်း ၊ဘေဒစိန္တာကျမ်း စသည်အားဖြင့် စာပေပေါင်းမြောက်များစွာကို အချိန်များစွာပေး၍ သင်ယူခဲ့ကြ သော်လည်း ပါဠိကိုမနိုင်၊ ပါဌ်မှား၊ ပါဌ်မှန်မသိဖြစ်နေရပေသည်။ သက္ကတဘာသာ၊ပြာကတဘာ သာ၊ပြာကတဘာသာ တို့ကိုလည်း ထိုထိုဆိုင်ရာ သဒ္ဒါကျမ်းများကို ဆက်လက်လေ့လာရမည်ဆိုလျှင်နှစ်ပေါင်းများစွာထပ်ကြာဦး မည်ဖြစ်၍အိုမင်းမစွမ်းအရွယ်ရောက်မှ စာတတ်ရတော့မည်မဟုတ်တုံလော ဟုမေးခွန်းထုတ်ငြားအံ့
အဖြေကောင်းကိုတင်ပြပေးပါမည်။
နည်းပညာသာ ပဓာန
နောက်ခံသမိုင်းအရ ရှင်းပြရလျှင် အနောက်ဥရောပ တိုက်သားတို့သည် ဦးစွာပထမ အိန္ဒိယ၊ သီဟိုဠ် ပညာ ရှင်များထံ၌ ပါဠိ၊ သက္ကတ၊ပြာကတဘသာရပ်များကို ဇွဲလုံ့လကြီးစွာ သင်ယူခဲ့ကြ၏။ နောင်စာတတ်လာ သည့်အခါ ဥရောပတိုက်သားတို့သည်(အထူးသဖြင့် ဂျာမာန်လူမျိုးတို့သည်) ၀ိဇ္ဇာ-သိပ္ပံဘာသာရပ်တို့၌ခေတ်မှီ လွယ်ကူသည့် နည်းစနစ်များကို ပညာရှင်တွေ တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ ကြိုးစားအား ထုတ်တီထွင်လာခဲ့ကြသဖြင့် ၀ိဇ္ဇာ-သိပ္ပံဘက်စုံမှာ တစ်ဟုန်ထိုးတိုးတက်လာပြီး (ဆရာဖြစ်ကြသည့်)အရှေ့ တိုင်းသားများကိုကို ကျော်လွန်သွားကြပေသည်။ (ဥပါဒါန် အစွဲမရှိမှု၏ ကောင်းကျိုးပင်တည်း)။
ထိုအနောက်ဥရောပသားတို့သည် ဤပါဠိ၊ သက္ကတ၊ပြာကတ ဘာသာများကို သင်ယူရာ၌လည်း ပညာရှင်တို့ သည် သဒ္ဒါစနစ်တိကျတင်းကြပ်သည့် သက္ကတဘာသာကို အဓိကထား၍ ပါဠိ၊ပြာကတ ဘာသာ များနှင့် နှိုင်းယှဉ်လေ့လာခြင်းဟူသော ဘသာဘေဒခေါ် သိပ္ပံနည်းကျ သဘာဝရုတ္တိနည်း များကို တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ တီထွင်ကြံဆခဲ့ အသုံးပြုကြသဖြင့် အဆိုပါ သုံးဘာသာလုံးကို ကျကျနနခြုံငုံနား လည်အောင်လေ့လာခြင်းဖြင့် မကြာမီကာလအတွင်းမှာ တတ်မြောက်ကောင်းစွာတတ်ကျွမ်း သွားကြပေ သည်။ ထို့ပြင်ခေတ်မှီသော သက္ကတ အဘိဓာန်၊ ပါဠိအဘိဓာန်၊ပြာကတ အဘိဓာန်ကောင်း များကို ပညာရှင် များက စုပေါင်းသားကြသဖြင့်လည်း စာသင်သားတို့၏ ပညာရေးကို အလွန်ပင် ကျေဇူးပြု ကြပေသည်။
အချုပ်ဆိုရသော် ဆရာကြီး ဦးမြင့်ဆွေသည် ပါဠိသက္ကတနည်းစနစ်ကို အပတ်တကုတ် ကြိုးစားအားထုတ် သင်ယူတတ်မြောက်ခဲ့သည့် အဆိုပါခေတ်မှီ သင်ကြားနည်း ဘာသာဘေဒနည်းကို မန္တလေး (မန်းတက္က သိုလ်)၌ နှစ်ပေါင်းသုံးဆယ်ကျော် ၊မန္တလေး သာသနာ့တက္ကသိုလ်၌ ဆယ့်ရှစ်နှစ်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်၌ ဆယ်နှစ်တိုင်တိုင် သင်ကြားခဲ့သည့်နှစ်များစွာအတွင်း၌ ရရှိသည့် သင်ကြားသည့်အတွေ့ အကြုံများစွာ ဖြင့် လည်း မူလဥရောပ သင်နည်းကိုပိုကောင်းအောင်ပြုပြင်မွမ်းမံ၍ သင်ကြားပေးသဖြင့် ယခုအခါ ပါဠိ၊သက္ကတ ၊ပြာကတ ဘာသာတို့၌ တတ်ကျွမ်းကြသည့် မြန်မာရဟန်းတော်တွေ များစွာ ပေါ်ထွန်း လာကြပါပြီ။ ပညာရေး တိုးတက်မှု၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြိုင်အဆိုင် ကြိုးစားနေကြသည့် ဤခေတ်ကြီးဝယ်အောက်တန်း မကျ ရအောင်ပြည်တွင်းပြည်ပ၌ သာသနာပြုကြမည့် အရှင်ဘုရားတို့ ဇွဲလုံ့လကြီးစွာဖြင့် ကြိုးစား အားထုတ်တော် မူကြပါ၊ ဟုတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါသည်။