ထားဝယ်ဆိုတာ ရခိုင်ကဆင်းသက်လာတယ် ဆိုတာ ဟုတ်သလားတဲ့


********************************************************************

ထားဝယ်ဟာ ရခိုင်ကနေ လာတာ ဟုတ်မဟုတ်မပြောခင် သိထားရမယ့် မြုံမြို လူမျိုးစု အကြောင်း အရင် ပြောပေးပါမယ်
ရခိုင်ရာဇ၀င်ကျမ်းများ၏ ဖော်ပြချက်အရ မြိုလူမျိုးများသည် ရှေ့ကျသောလူမျိုး တစ်မျိုးဖြစ် ပါသည် ရခိုင်ပြည် မြောက်ပိုင်းဒေသ အနံအပြား နှင့် ချင်းပြည်နယ် ပလ၀မြို့ နယ် မတူ ပီ မြို့နယ် ဒေသများတွင်ပြန့်ကြဲ နေထိုင်လျက် ရှိကြပါသည် မြိုလူမျိုးများသည် သီးခြား ဘာသာ စကား ယှဉ်ကျေးမူ ထုံးတမ်းစဉ်လာဖြင့် တိုင်းရင်းသား လူမျိုးစုတစု အဖြစ် ရေ ကြည်ရြာ မက်နုရာ ဒေသများသို့ ယနေ့တိုင် ရပ်တည်နေထိုင် လျက်ရှိပါသည်
(မြို) ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံးတွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညိုရေးသားသော (ဘစောဖြူသမီး ဧချင်း) တွင်
ဖြစ် ပါသည်
မြန်မာကျေက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂-ခုနှစ် နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ စာကြောင်းရေ (၂၀)တွင်လည်း တွေ့ရပါသည် ထို့နောက် ရခိုင် ရာဇ၀င်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇ၀င်တော်ကြီး ဓည၀တီရာဇ၀င်သစ် မာရာယုနှင့်ဗေဒါရှင်းတမ်းစသော ကျမ်းဂန်များ၌လည်းကောင်း အချို့သောစာအုပ် စာပေ များတွင် လည်းကောင်း မြိုလူမျိုးများ အကြောင်းကိုရေးသားရာ၌ မြို ဟူသောဝေါ ဟာရ အပြင် မြုံ ဟူ၍လည်းကောင်း မြုန် ဟူ၍လည်းကောင်း မြုပ် ဟူ၍လည်းကောင်း မြူ ဟူ၍ လည်းကောင်း မြို ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်း ဟန်များဖြင့် လည်း ရေးသား ထားပါသည်
မြုံ မြုန် မြုမ် မြူ ဟူသည့်စာလုံးပေါင်းဟန်များသည် မြို လူမျိုးများကိုပင် ရည်ညွန်းရေး သား ထားခြင်း ဖြစ်မည်ဟု ယူဆရပါသည် ထိုကြေင့် မရို မြို ဟူသောအသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသော တိုင်းရင်းသား( ရခိုင်) တို့ကခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည် မြိုမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွန်းခေါ်ဝေါ် လိုသောအခါ (ခမိ ) ဟူသော အမည်ကို သုံးစွဲကြပါသည် မြို (မရို )တို့သည် သူတို့ကိုသူတို့ ခမိ ဟုခေါ်သည် လူ ဟု အဓိပ္ပယ်ရသည် မီးချောင်းနှင့် သမိန်ချောင်းဖျား တ၀ိုက် တွင် နေထိုင်သူများ ကို တောင်မြို ဟုခေါ်၍ မီးချောင်း နှင့် သမိန်ချောင်းဝ တ၀ိုက်တွင်နေထိုင် သူများကို အ၀မြို ဟုခေါ်သည်
ကိုးကားချက် -အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း ရန်ကုန် ဟံသာဝတီ ပုံနိုပ်တိုက် ၁၉၆၅ ခု စာ ၇ နောင်ကိုးကားလျင် အဒူမင်းညို ဧချင်းစစ်ကိုင်းထူပါရုံကျောက်စာ စာကြောင်းရေ ၂၀-၂၃-၈၀၄ ခရစ်နှစ် ၁၄၄၂ ခု တွေ့စုံမေးမြန်းသူ ဉီးအင်္ဂါအောင် တရက်တပင်ကျေးရွာ ကျောက်တော်မြို့နယ် ၁၂ မတ်လ ၂၀၀၅ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ရခိုင်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေး ဗဟိုကော် မတီဌာနချိုပ် ရန်ကုန် ဇွန်န၀ါရီ ၁၉၇၆ စာ၃၁-၃၂(နောင်ကိုးကားလျင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစဉ်များ (ရခိုင်)ဟုဖော်ပြပါမည်
မြိုဟုခေါ်တွင်ရခြင်းအကြောင်း

မြို ဆိုသည်မှာ ရခိုင် လူမျိုးများက ပေးထားသော နာမည်ဖြစ်သည် မြို လူမျိုးတို့ ၏ အကြေင်းကို ရေးသားမည်ဆိုလျင် မြို (၃)မျိုး ၄င်း (၃)မျိုးတို့သည် တစ်မျိုး နှင့် တစ်မျိုး သဘော သဘာဝအားဖြင့်ကောင်း ရိုးရာဓလေ့ထုံးစံ ယှဉ်ကျေးမူအားဖြင့်လည်းကောင်း ဆက်နွယ်လျက် အနည်းအများ တူညီမူရှိသောကြောင့် မြိုလူမျိုးတစ်မျိုးတည်း၏ သမိုင်းေ ကြာင်းကို ရေးသားလျင် မပီပြင် နားမလည် နိုင်မည်စိုး၍ မြို လူမျိုး (၃ ) မျိုးရှိကြောင်း တို့ ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားလိုက်ပါသည်

(၁) မြို (ခမိ) mrokhami အ၀ခမိ ဟူ၍လည်းခေါ်သည် ၄င်းတို့ သည် ကျေက်တော်မြို့နယ် မြောက်ဉီးမြို့နယ်ပုဏ္ဏားကျွန်းမြို့နယ်ပေါက်တောမြို့နယ်ဘူသီးတောင်မြို့နယ်များ၌နေထိုင်ကြသည်
(၂) မရို (ခမိ ) khumi အရိုင်း(သို့)အဖျားခမိ ဟူ၍လည်းခေါ်သည် ၄င်းတို့သည် ပလ၀မြို့နယ် မတူပီမြို့နယ်များတွင်နေထိုင်လျက်ရှိကြသည်
(၃) တောင်မြို(ခမိ) မြို (ခမိ) နှင့် မရှူ (ခမိ)တို့က ( ဒါး) dhanna ဟူ၍ လည်းခေါ် ကြ သည် လွတ်လပ်ရေးမရမည်နှင့်ရပြီး တွင်လည်းအောက်ပါအတိုင်ခေါ်ကြလေသည်
ဖ ဆ ပ လ ခေတ် မူလတန်းပညာရေး ပထ၀ီဝင်စာပေတို့ ၌လည်း တောင်မြို ဟု ရေး သားခေါ်ဝေါ်ထားသည် ၄င်းတို့သည် ပုဏ္ဏားကျွမ်းမြို့နယ် ဘူးသီးတောင်မြို့ နယ် မောင်တောမြို့နယ် နှင့် ဘင်္ဂလားနယ်တို့၌ ရှိကြသည်
ဤလူမျိုး (၃)မျိုးတို့ကို နှောင်းခေတ် သမိုင်းဆရာတို့ကို ရခိုင်ပြည်နယ်ရှိ ရှေ့ကျသော လူမျိုး (၃)မျိုးတို့အား ပီပီပြင်ပြင် မရေးတော့ဘဲ အဆိုပါ မြို (၃) မျိုးလုံးတိုကို မြို ဟူသောဝေါဟာရ တစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်း သာဖြစ်ပါသည်
မြိုခမိ လူမျိုးတို့၏ ဝေါဟာရမည်သို့ ဆက်စပ်မူရှိသည်ကို ဆက်လက်လေ့ လာတင်ပြ ပါမည် လူမျိုးတစ်မျိုးပင်ဖြစ်စေ လူပုဂ္ဂုလ်တစ်ဉီးဉီးပင်ဖြစ်စေ နေရာဒေသတစ်ခုခုတွင် အခြေချ နေထိုင်ခဲ့ဖူးသည့် အခါတို့၌လည်းကောင်း ပြောင်းရွေ့သွားလာသည့် အခါတို့၌ လည်းကောင်း ခရီးပြန်ထွက်သည့်အခါ ၌လည်းကောင်း ထိုနေရာဒေသတွင် မြို့ ကျေး ရွာသော် လည်းကောင်း အိမ်ရာမြေသော်လည်းကောင်း သမိုင်းအစနသော် လည်း ကောင်း သွေးစပ် သားစပ် ဆွေမျိုးသော်လည်းကောင်း ကျန်ရစ် စမြဲပင် ဖြစ်ပေ သည် ဤသည် တို့ကား လူမျိုးတိုင်းတို့၏ နောက်ခံသမိုင်းကို ရှာဖွေလွယ်ကူစေရန် အချက်ပင်ဖြစ်ပေသည်
မြို(ခမိ) လူမျိုးတို့တွင် ကမ္ဘာဉီးသမိုင် (ခေါ်မု ၀ထ္ထု ) ဟူ၍ရှိလေသည် ထို ခေါ်မု ၀ထ္ထုတွင် ကော်မရီ အမည်ရှိသော မိန်းမ နှင့် ကော်မရင် အမည် ရှိုသော ယောက်ျား တို့က မြို တို့၏ဘာသာ စကားဖြင့် ခေါ်မု ကမ္ဘာဉီး နေ လ မထွက်သေးသော အမှောင်လောက (သို့) ကျောက်ဂူအမှောင် တွင်နေကြရသော (ခေါ်မု အမှောင်)ပြည် သား လူ ဟူ၍ အမည်နာမအါဓိပ္ပာယ်ကို ရရှိလေသည် ထို ကော်မရီ ကော်မရင် တို့နှစ် ဉီး ပေါင်းသင်းဆက်ဆံ ကြရာမှ သားသမီး မြေး မြစ် စသော လူအပေါင်းတို့ ကို မွေး ထုတ် (မြို-ပြုပြင်) ဖန်တီးပေးသော ကြေင့် မြို ဟူသောအမျိုးအမည် နာမအါဓိပ္ပာယ်ကို ရရှိကြပြန်လေသည်
ထိုနောက်တွင် နေ လ ထွက်ပြီးအလင်းရောင်ရကာ (သို့) ဂူနေမှ အိမ်နေ လူ ဖြစ်လာ ကာ ကာလကြလေသော် ခေါ်မုမှ ခမိ သို့ ပြောင်းလဲခေါ်ဝေါ်လာကာ (မြို ခမိ)ဟူသော အမျိုးအမည် နာမ် အခေါ်အဝေါ် ဖြစ်လာကြတောသည်ဟု မြိုလူမျိုးတို့၏ ရိုးရာသီချင်း များတွင် လေ့လာသိရှိရပေသည်
ကိုးကားချက် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစဉ်များ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေးဗဟို ကော်မတီဌာနချိုပ် ရန်ကု ဖေဖောါ်ဝရီလ ၁၉၆၈ စာ-၆၂ (နောက်ကိုး ကားလျင် တိုင်ရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)ဟုဖေါ်ပြပါမည်
U Ba Myaning The N orthern Hill of Ponnagyun Township Journal of Burma Research sorcery vol.xxiv,yangon ,1933 p,125 U Ba Thein ,Sensus of India 1931 ,vol xi part -1 Burma Report ,P 254
အထက်ပါ(ခေါ်မု ၀ထ္ထု)အတိုင်း သက်လူမျိုး ဒိုင်းနက်လူမျိုး ရာဇ၀င်တို့တွင်လည်း မြို ခမိ လူမျိုးတို့၏ ရိုးရာသီချင်းကို မှတ်းတင်ရေးသားထားသော ရှေးဟောင်းပေမူ ဂီ-ချပ် ရေး ကိုလည်း လေ့လာနိုင်ပေသည် မြို ဟူသော ဝေါ်ဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေ ကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရှိနိုင်ပါသည်
(၁) မောင်တောမြို့နယ် ဘူးတီးတောင်မြို့နယ် ပုဏ္ဏားကျွမ်းမြို့ရှိ မြို လူမျိုးတို့သည် မိမိတို့လူမျိုးကို မြိုစာ ဟုခေါ်ဝေါ်ကြကြောင်း သိရှိရပါသည် မြိစာ ၏ အဓိပ္ပာယ်နှင့် ယင်း၏နီးစပ်သည့် အဓပ္ပာယ်များကိုမူ မသိရပါ
ရခိုင်ပြည်ဓညဝတီခောတ်
မြိုခမိဘုရင် ဘင်ဘာနှင့်မိဘုရားအာခုံ
(၂) မဇ္စိုမဒေသ ကုသ၀တီပြည်ရှင် တုဓမ္မတူ၏ သားတော်မင်းသားခေါ် စာပတီ သည် နောက်လိုက်အင်းအား တစ်သောင်ခန့်ကို ဉီးဆောင်၍ အိမ်ထောင်နယ်ဘက်တွင် တိမ်းရှောင်ပြီး အာသံဘုရင်၏ ခွင့်ပြုချက် အရအချိန်အတန်ကြာ အခြေစိုက် နေ ထိုင် ခဲကြသည် ထိုသို့ နေထိုင်စဉ် တစ်ခြားသော မျိုးနွယ်စုများ ၏ ဘေးရန်နှင့် သဘာ ဝ ဘေးအန္တရာယ် တောတောင် သားရဲတို့၏ ရန်စွယ်များကို ကာကွယ်ရန် အလိုငှါ ခြံ စည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြသည် သာသဲနယ်ဘက်မှနေ၍ ကစ္ဆပနဒီ မြစ် ညာဒေသ များသို့ ရေကြည်ရာ မြက်နုရာ ရွေးလျားလာပြီး နောက်တွင် ဗလိုင်ခေါ် သည့် အရပ်၌ အခြေချခဲ့ကြသည် ခေါ်စာပေတီသည် မင်းသမီး ဟုတ်လော်ကို လက်ဆက်၍ မင်းအဖြစ်ခံယူလေသည် နောက်လိုက် နောက်ပါများလည်း ခြံစည်းရိုးအတွင်းမှ ထွက် ခွာ၍ ဝန်းကျင်အနီးအနားများတွင် အခြေချ၍ အိမ်မြေနေရာသစ်ကို ထူထောင်ခဲ့ ကြ သည် ထိုသို့မြေယာသစ်တွင် အခြေချနေထိုင်သော်လည်း မိမိတို့အလေ့အကျင့် ရှိနေ ပြီဖြစ်သောကြောင့် ခြံစည်းရိုးခေတ် နေထိုင်းခြင်း အလေ့ကိုဆက်ခံ ထိမ်းသိမ်း ထား ကြလေသည် ဤကဲ့သို့ မြိုလူမျိုးတို့သည် ကုဿဝတီပြည်ကြီး ပျက်စီးပြီးနောက် အာသံနယ် ဘက်မှတဆင့် ကစ္ဆပနဒီ မြစ်ညာဒေသများသို့ အခြေချနေထိုင်လာခဲ့သည့် ကာလအ ပိုင်း အခြားမှ မြန်မာနိုင်ငံလွတ်လပ်ရေးမရမည် ကာလအထိ မြိ့ရွာတည်ဆောက်သည့် အခါတိုင်း ခိုင်မာသောခြံစည်း ရိုးခတ် ၍ နေထိုင်ခဲ့ကြလေ သည်
ခြံစည်းရိုး(ရ)ထပ်ကာရံပြီး အခိုင်အမာ နေထိုင်ခြင်းကို မြိုဘာသာစကားဖြင့် မရုနယ် အအယ်ဒီ ဟူ၍ ခေါ်ဆိုလေသည် ခြံစည်းရိုးပြုလုပ်သည်ကို မရူးရောက်ဒီ ဆရီ အအယ်ဒီ ဟူ၍ လည်းခေါ်ဝေါ်လေသည် မရူ ပြုလပ်၍ နေထိုင်သောလူမျိုး တစ်နည်း ခြံစည်းရိုးဖြင့်နေထိုင်သူများ ဟူသည့်အနက်ကို ရည်ညွန်း၍ မရူ မှ မရို သို့ လည်းကောင်း မရိုဆာ မှမြိုဆာ မြိုစာ သို့လည်းကောင်း အဆင့်ဆင့် ပြောင်းလဲလာပြီး ကာလ ကြာမြင့်သောအခါ မြို ဟူ၍ပြောင်းလဲရွေ့လျားလာဟန် ရှိပါသည်
ကိုးကားချက် ဉီးအောင်ခင် ပြွန်တိုကျေးရွာ ပေါက်တောမြို့နယ် မြို ခမိ ရိုးရာသီချင်း မှ တေး ဆိုပြောပြချက် (၂၀-၆-မတ်လ၂၀၀၂ )ဓညဝတီအောင်ဇေယျ (မြောက်ဉီး) ရက္ခပူရ ကြေးမူကျမ်း ရန်ကုန် သန်းထိုက် ရာတနာပုံနှိပ်တိုက် ၂၀၀၃-စာ-၅၄ ဤကား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီ နယ်သား ဒိုင်းနက်အမျိုး သားဖြစ်သူ (ဉီးအဉ်ဒရာ ကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက် ဘာသာစကား စက္ကမ သက်ဘာသာ စကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီးကူးယူခဲ့သည် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်း နှင့် ယှဉ်ကျေးမှု ဖော်ထုပ်ရေးအဖွဲ့ ရခိုင်ပြည်နယ် အဖွဲ့ခွဲ အမှတ်(၁)၏လေ့လာတွေ့ရှိချက် စာတမ်း ရခိုင်တိုင်းရင်းသားလူမျိုးများ အကြောင်းနှင့် တိုင်းခွဲအကြို ဆွေးနွေးပွဲမှတ်တမ်း
မြိုလူမျိုးတို့သည် အာသံနယ်ဘက်မှတဆင့် ကုလားတန်မြစ် ဖျား ရေကြည်ရာ မြက်နု ရာဒေသ များသို့ တရွေ့ရွေ့ပြောင်းရွေ့ ရောက်ရှိလာသူများ ဖြစ်ကြသည်အလျောက် မိမိတို့အဆင့်ဆင့် ဝင်ရောက်လာရသည့်လမ်းသည် ယစ်မာ (ခေါ်) မြစ်ရိုးအတိုင်း စုန်ဆင်း လာရခြင်းဖြစ်သည် ယင်း ယင်းမာမြစ်ရိုးမှတဆင့် ရခိုင်ပြည်နယ် မြောက် ပိုင်း ဒေသ များသို့ ပျံ့နှံ့ရောက်ရှိလာကြရသည် ထိုသို့လာလမ်းကို အစွဲပြု၍ မြစ်မရိုး မှလာသူများ ဟူသည့်အဓိပ္ပာယ်ကို ညွန်းလို၍ တစ်ခြာသော တိုင်းရင်းသား (ရခိုင်)တို့ က မြစ်မရိုး (သို့)မြစ်ကိုချေ၍ မရို ဟူ၍ လည်းကောင်း တစ်နည်း မြစ်ရိုးမှ အစ် သဒ္ဒါ ကိုချေ၍ မြစ်ရိုး ၄င်းမှ မြိုး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြရာမှ ကာလကြာမြင့်လာသော အခါ မရို မှ မရို ၄င်းမှ မြိုး မြို့ မှ မြို ဟူ၍ တဖြည်းဖြည်း ရွေ့လျောပြောင်းလဲ လာဟန်ရှိ သည်
အထက်ပါအချက်များကို ခြုံငုံသုံးသပ်ကြည့်သောလျင် မြို ဟူသောဝေါ်ဟာရ၏ ရင်းမြစ် သည် မရု (ခြံစည်းရိုး)ဟူသော စကား မြစ်မရိုး (သို့)မြစ်ရိုး ဟူသော ဝေါ်ဟာရများ မှာ ပြောင်းလဲ ဆင်းသက်လာကြောင်း ထင်ရှားပါသည် သို့ရာတွင် မြုံ မြုန် မြုမ် ဟူသောဝေါ်ဟာရအတွက်မူ အံဝင်ဆီလျှော်မူ မရှိတော့ ပါ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်ရှိ ကုလားများက မြိုလူမျိုးများကို မြိုဂျာ ဟုခေါ်ဝေါ်ကြောင်း အထက်တစ်နေရာ၌ ဆိုခဲ့ ပါ သည် ထိုအခေါ်မှ မြို ဟူ၍ ပြောင်းလဲလာခြင်းလော့ ဟူ၍လည်းတွေး ထင်ဖွယ်ဖြစ်ပါ သည်
မြို ဘာသာစကား၌ မရို မြို ဟူသောဝေါဟာရများကိုလည်းကောင်း မြုံ မြုန် မြုမ် ဟူသောဝေါဟာရကို လည်းကောင်း မတွေ့ရပါ ထို ဝေါဟာရနှင့် နီစပ်သော အသံထွက်နှင့် စာလုံးပေါင်းဟန်များကိုလည်း မတွေ့ရပါ စာတမ်း၏ အထက်တနေရာ တွင် ခမိ ဆိုသည်မှာ လူ ဟူသောဝေါဟာရကို ဆက်လက်လေ့လာကြည့်သော အခါ ရှေးအခါက ခမိ တို့ကိုတောင်မင်းများက အုပ်ချိုပ်ရာက တောင်မင်းပိုင်နက်ကို ခူ ဟုခေါ်သည် ပုပုရွရွ သတ္တဝါကို မီ ဟုခေါ်သည် ထိုကြောင့် ခူ အတွင်း ၌ နေထိုင်ကြ သည့် မီ များကို ခူမီ (သို့) ခမိ ဟုခေါ်ကြသည် ပလဝ နှင့် မတူပီ နယ်စပ်ရှိ ခန်းလုံးတောင် မှ အောက်သို့ဆင်းသွားသူများကို အဝခမိ ဟုခေါ်ကြသော်လည်း ရခိုင် အမျိုးသားတို့က မြို မရို ဟုအမည်ပေးထားလေသည်
ကိုးကားချက် ပလဝမြို့နယ် ဉီးမောင်မောင်တူ၏ မြိုလူမျိုးများ အကြောင်း စာတမ်း လက်ရေးမူ နောက်ကိုးကားလျင် မောင်မောင်တူ မြိုလူမျိုးစု ဟု ဖော်ပြပါမည် (ရခိုင်တိုင်း ရင်းသားများ အကြောင်းနှင့် တိုင်းခွဲ အကြိုဆွေးနွဲပွဲ မှတ်တမ်း မောင်မောင်တူ မြိုလူမျိုးစု ဟုဖော်ပြထားပြသည်
ရှေးအခါက ခမိ တို့ကို တောင်မင်းများက အုပ်ချုပ်သည် တောင်၏ပိုင်နက် ခူ အတွင်းရှိ ပုပုရွရွ လှုပ်ရှားသွားလာနေထိုင်ကြသော သတ္တာဝါများကို မိ ဟုခေါ်ရာမှ ခုမိ ခူမီ မှ ခမိ ဖြစ်လာသည် တစ်နည်းဆိုသော် လှုပ်ရှားသွားလာနေထိုင်သော သတ္တာဝါ (သို့) လူ ဟူ၍ အဓပ္ပာယ်ရပါသည် အထက်ပါ ယူဆချက်များသည် ချင်းပြည်နယ် ပလဝမြို့နယ် အတွင်းရှိ ခူမီး မျိုးနွယ်စုတို့၏ သွင်ပြင်လက္ခဏာကို ဖော်ဆောင်နိုင်ရန် ဖွင့်ဆိုသော အနက်ြ ဖစ်ပါသည်
စင်စစ် ခမိ ဟူသောအသံထွက်သည် ခူမီး မျိုးနွယ်စုများ၏ ၄င်းတို့ကို ရည်းညွန်
ခေါ်ဝေါ်သော အနီးစပ်ဆုံး အစံထွက်ဖြစ်ပါသည် မြို လူမျိုးတို့က မိမိတို့ကို ရည် ညွှန်းခေါ်ဝေါ်သည် အနီးစပ်ဆုံး အသံထွက်မှာ ခမီ ဖြစ်ပါသည် ခမီ နှင့် ခမိ အက္ခရာ
ရေးသားမူ အမြင်အရ ကွဲပြားမူမရှိပါ ယေဘုယအားဖြင့် မျိုးတူစုများဖြစ်သည်ဟု ဆိုနိုင် ပါသည် သို့ရာတွင် ခမိဘာသာစကား (၁၀) လုံးတွင် မြိုဘာသာစကားနှင့် တူသော စကားလုံး (၂)လုံး ပါဝင်သည် ဟူသော ဖော်ပြချက် အရ ခမိ ဟူသောဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်များသည် ခမိ ဟူသောဝေါဟာရအတွက် ဆီလျှော်အံဝင်နိုင်ရန် ခပ်ပါသည် ထို့ကြေင့် ခမိ ဟူသောဝေါဟရကို စစ်ဆေးကြည့်ပါမည် ထို့နောက် ခမိ ဟူသောဝေါဟာရ၏ ယင်းမြစ်ကို ဖော်ထုတ် ကြည့်ပါမည် ထိုနောက်ဝေါဟာရ(၂)လုံး၏ ဆိုလိုရင်း အနက်ကို တိုက်ဆိုင်စစ်ဆေး ကြည့်ရန် လိုအပ်ပေသည်
ခမိ ဟူသောဝေါဟာရ၌ ဝါကျများအတွင်း စကားအဆက်အစပ် အပေါ်မူတည်၍ အနက် ပွားများလျှက် ရှိပါသည် ရှိနိုင်သော အနက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
(၁) သတ္တဝါလောက အတိုင်းအဝိုင်းမှ တိရစ္ဆာန် သတ္တဝါစသည်တို့နှင့် ခွဲခြားလိုသော အခါ အသိညဏ် အရှိဖြစ်သော လူသား ဟူသည့်အနက်ကို ရည်ညွှန်းခြင်း
(၂)မည်သည့်အချင်းအရာ အကြောင်ကစ္စများ၌မဆို မိမိနှင့် ဆက်စကှ်နီးနွယ်မှု မရှိကြောင်း ဖော်ပြလိုက်သည့် အခါ၌ သူတစ်ပါးတို့ဟူသော အနက်ကို ရည်ညွှန်းခြင်း
(၃)အခြားသောတိုင်းရင်းသား လူမျိုးများနှင့် ခွဲခြားပြောဆိုဆသာအခါ မြိုလူမျိုး တစ်မျိုးတည်း အတွက် မိမိတို့လူမျိုး ငါတို့လူမျိုး ဟူသည့်အနက်ကို ရည်ညွန်းခြင်း စသည်တို့ဖြစ်သည်
အထက်ပါအနက်(၃)ရပ်အနက်နံပတ်(၃)အနက်အရ ခမိ လူမျိုးဟူ၍ ရည်ညွှန်းခံ လူမျိုး တစ်မျိုး ရလာပါသည် မည့်သည့်အနက်ကို သရုပ်ခွဲကြည့်သောအခါ ခ သဒ္ဒါတို့ ပေါင်း စပ်ကြောင်း တွေ့ရပါသည် ခမိ ဟူသောပုဒ်၌ ခ သဒ္ဒါသည် စေးကပ်ခြင်း ခက်ခဲ့ခြင်း အနက်ကိုဆောင်ပါသည် မိ သဒ္ဒါသည် မျက်စိ အဆန် ဟူသော အနက်ကို ဆောင် ပါသည် သဒ္ဒါနှစ်ခုတို့၏ ပေါင်းစပ်ခြင်း အနက် စေးကပ်ခြင်း သဘောရှိသော မျက်စိ (ဝေါ) အဆန် ဟူ၍ဖြစ်လာသည် ဤအနက်များသည် လူသား ဟူသည့် အနက် ကို လည်း မရည်ညွှန်းနိုင်ပါ သူတစ်ပါးတို့ ဟူသည့် အနက်ကိုလည်း မရည်ညွှန်းနိုင်ပါ ခမိ ဟူသည့် အညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခဏာများကိုလည်း ရည်ညွှန်းနိုင်ခြင်း မရှိပါ သို့ဖြစ်လျင် ခမိဟူသောဝေါဟာရ၏ ပင်ကိုသဘော၌ လူမျိုးတစ်မျိုး၏ အသွင် အပြင်နှင့် လက္ခဏာရပ်များကိုဖော်ဆောင်နိုင်သည့် အဓိပ္ပာယ်မရှိကြောင်း ထင်ရှား ပါသည်
ကိုးကားချက် ဉီးတင်မောင် အလင်းဆောင်သူများ အတွေ့အကြုံ ရန်ကုန် စာပေဗီမာန် ပုံနိပ်တိုက် ၁၉၇၇ စာ၁၆ တိုင်းရင်းသား ဓလေ့ထုံးစဉ်များ (ချင်း)စာ ၆၂ မောင်စာခေါင် မြိုဘာသာစကား၏ စကားသံများကိုအသုံးချက် သဒ္ဒါဗေဒ အမြင်ဖြင့် လေ့လာချက် မဟာဝိဇ္ဇာကျမ်း ရန်ကုန်တက္ကသိုလ် မြန်မစာဌာန ၁၉၉၀ စာ ၁၄ နောက်ကိုးကား လျင် မောင်စာခေါင် မြို ဘာသာစကားဟု ဖော်ပြပါသည်
ထိုကြေင့် ခမိ ဟူသော ဝေါဟာရ၏ ရင်းမြစ်ကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည် မြိုဝေါဟာရအတွင်း ၌ ရှာဖွေကြည့်သောအခါ ခူ ဟူသောဝေါဟာရ မိုး မိုးကောင် ကျေးရွာ ပိုင်နက် တိုင်းပြည် ဟူသောအနက်များကို ဆောင်ပါသည် အမိန် ဟူသောဝေါဟာရသည် ပိုးပွား အသက်ရှိခြင်း သေးကွေးခြင်း ရွရွစိစိဖြစ်ခြင်း များပြားရှုပ်ထွေးခြင်း စသည့်အနက်များကို ဆောင်ပါသည် ၄င်းဝေါဟာရနှစ်လုံး ကို ပေါင်းစပ်ကြည့်သောအခါ ခုအမိန်ဖြစ်လာသည် ခုအမိန် အဓိပ္ပယ်မှာ
(၁)မိုးကောင်းကင်အောက်၌ သေးသေး ကွေးကွေးနှင့် များပြားရှုပ်ထွေးစွာရှင်သန် လှုပ်ရှားနေကြသော သက်ရှိမျာ
(၂)တိုင်းပြည်နက် နယ်ပယ်အတွင်း၌ သေးသေးကွေးကွေး နှင့် များပြားရှပ်ထွေးစွာ ရှင်သန်လုပ်ရှားနေကြသော လူမျိုးများဟူ၍ဖြစ်ပါသည် ထိုအနက်များသည် အထက်၌ ဆိုခဲ့သော အနက်သဘောကိုအကျုံဝင် ခြံငုံမိစေနိုင်ကြောင်း တွေ့ရပါသည် ထိုကြေင့် ခမိ ဟူသောဝေါဟာရသည် ခုအမိန် ဟူသောဝေါဟာရမှ ပြောင်းလဲဆင်းသက်လာကြောင်း ထင်ရှားပါသည် ပြောင်းလဲပုံမှာ အောက်ပါပါအတိုင်းဖြစ်ပါသည်
အခုအမိန်- ခမိ
ခု - ခ
အမိန် - မိန်
မိန် - မိ
ဟူ၍ဖြစ်ပါသည် ထိုအခါ ခမိ လူမျိုး၏အဓိပ္ပယ်မှာလည်း တိုင်းပြည်ပိုင်နက် အတွင်း၌ သေးကွေးများပြားစွာ ရှင်သန်လုပ်ရှားနေကြသော လူမျိုးဟူ၍ ဖြစ်လာပါသည် ဤအနက်သည် ခမိ ဟူသောအရည်ညွှန်းခံ လူမျိုးတစ်မျိုး၏ သွင်ပြင်လက္ခဏာများကို ဖော်ဆောင်နိုင်သော ဆီလျှော်သည့် အနက်ဖြစ်သည်ဟု ယူဆပါသည် ပလက်ဝမြို့နယ်ရှိ ခူမီးမျိုးနွယ်စုများ၏ ခမိ အဓိပ္ပယ်ခွင့်ဆို ချက် နှင့် ယေဘုယအားဖြင့် တူညီသည်ဟုဆိုနိုင်ပါသည်

မြို လူမျိုးတို့၏ ဆင်းသက်လာရာ လမ်းကြောင်း ကို လေ့လာကြည့်သော အခါ အောက် ပါအတိုင်းတွေ့ရပါသည် ဘာသာစကားအရ မြိုလူမျိုးများသည် တိဘက်-မြန်မာ အနွယ် ဝင်များဖြစ်ကြပါသည်
မြန်မာနိုင်ငံအတွင်းသို့ တရုပ်နိုင်ငံ အနောက်မြောက်ဘက်မှ တစ်ဆင့်မြောက်ဘက် သို့ ရွှေ့လျှားလာပြီး ၄င်းမှတဆင့် ဝင်ရောက်လာကြဟန် တူပါသည် အချို့ပညာရှင်များ ၏ အယူအဆအရ မြိုလူမျိုးဟု အမည်တွင်လာမည် လူစုသည် မွန်ဂိုဒေသမှတစ်ဆင့် အနောက်မဇ္စိုမဒေသသို့ ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ တစ်လျောက်စုရုံးအခြေချ နေထိုင်ခဲကြဟန်တူပါသည်
ကိုးကားချက် မောင်စာခေါင်-မြိုဘာသာစကား-စာ-၁၅
Shafer Robert The Linguistic Relationship of Journal of Mru Burma Research Society vol.xxi 1941.p-60 John Stuart,Burma Though The centuries, London, Kagan Paul Trench Turbner,1910.p-1
ရှေးက မြို တို့ဒေသမှာ ရေရှားပါးသဖြင့် ဆည်ရေ တာတမံရေ တူးကြရသည် အန္ဒိယ လူမျိုးများက ထိုတာတမံများကို ဗန္ဓရဗန် ဟုခေါ်ကြသည် ဗန္ဒရ=မျောက်-ဗန် ဆည် အဓိပ္ပယ်မှာ မျောက်ဆည် ဟူ၍ဖြစ်သည် ဗန္ဓရဇာတိ-ဗန္ဓရဗန် ဟူသော စကားလုံး များသည် ရှေးကျသော မဇ္စှိုမဒေသသုံး စကားများဖြစ်ကြပါသည် အဓိပ္ပာယ်မှာ မျောက် လူမျိုး မျောက်ဆည် ဟူ၍ဖြစ်သည် ရှေးက လူမျိုးတို့သည် အလျား(၁၂)တောင် အနံ(၁) ခန့်ရှိသောတောင်ရှည်ပုဆိုးကို ဝတ်ဆင်ကြပါသည် ဝတ်ဆင်ပုံမှာ တစ်စွန်းဖြစ်
သော ရှေ့ဆံမြီးကို အတိုထား၍နောက်တစ်စွန်းကို ခါးတောင် ကျိုက်ပြီး နောက်ဆံမြီး ကိုအရှည်ထား၍ ဝတ်ဆင်ကြပါသည် ဆင်းရဲသားများသည် နောက်ဆံမြီး ကို မြေကြီး
ပေါ် မှာ တစ်တောင်ခန့် လူးလိမ့်တွဲလောင်းကြအောင် ထားတတ် သည် တောင်မင်း
ကြီးဖြစ် လျှင် နောက်ဆံမြီးကို(၅)တောင်ခန့်ထား၍ ဝတ်ကြ သည်
တောင်မင်းကြီးဖြစ်လျှင် မြိုလူမျိုး (၃)ယောက်တို့က အမြီးကိုပွေ့မပြီး လိုက်ကြရသည် ထိုကဲ့သို့ အမြီး အရှည်ထားသောကြောင့် မဇ္စီုမဒေသ(အိန္ဒိယလူမျိုး)များက ဗန္ဓရဇတိ သည် မျောက်မျိုးဟုဆိုခြင်းဖြစ်သည်
အထက်ပါ သုံးသက်ချက်ကို ခိုင်လုံစေသည့် အချက်တစ်ခုမှာ -ဤခောတ် တွင် သမိုင်း မတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသများကဲ့သို့ပင် ဘီလူးဟု သိနေ ကြသော သြစတြလွိုက် လူမျိုးနွယ်ဝင်များ နေထိုင်ခဲ့ဟန်တူခဲ့သည်ယင်းရှေ့ လူတို့ နေ ထိုင် ခဲ့ရာသို့ တိုင်းရင်းသား လူမျိုးတစ်စုများသည် မြောက်ဘက် မဏီပူရလောက် မှစ ၍ တောင်ဘက် ရခိုင် ကမ်းခြေဒေသအထိ မြောက် မှ တောင်ဘက်သို့ ကူလားတန်
နှင့် လေးမြို့မြစ်ဝှမ်း များသို့ ရွှေ့လျားပြောင်းရွှေ့ သွားလာနေထိုင်ခဲကြပေသည် မြောက် မှ ဆင်းလာသူတို့သည် ပင်လယ်ကို ရင်ဆိုင်တိုး ရသောအခါ အနောက်မြောက်ဘက် ဆီသို့ တစ်ဖန်ရွေ့ခဲ့ကြပြန်သည် ဤသို့ဖြင့် ရှေးဟောင်းမျိုးတူစုတို့သည် စစ်တကောင်း
တောင်တန်းဒေသ (အရှေ့ပါကစ္စတန်)သို့ ရောက်ခဲ့ကြောင်း ရှေးအကျဆုံးဟု ယူဆ ရ သူတို့မှာ မရုများ သက် များနှင့် ချင်း အစုဝင်များဖြစ်ကြသည် မြို အမည် တွင်လာမည့် လူမျိုးများသည် အနောက် မဇ္စိုမဒေသတွင် မြို့ပြ တည်ထောင်ပြီး နေထိုင်ခဲ့ကြသည်ဟု ယူဆရပါသည် မဇ္စိုမဒေသ မြို့ပြနိုင်ငံများထဲတွင် ကုဿဝတီပြည်သည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်
ဤတိုင်းပြည်ကို ဘုရင်ဝရဗမ္မတူမင်းကြီး အုပ်စိုးခဲ့သည်ဟု ဆိုပါသည် ထိုစဉ်က မည် သည့် လူမျိုးဟုခေါ်တွင်သည်ကို မသိရပါ သို့ရာတွင် ယင်းအချိန်ကာလသည် အနောက် မဇ္စိုမဒေသ၌ အာရိယဉ် ယဉ်ကျေးမှု မထွန်းကားမီ ကာလဖြစ်မည်ဟု ဆိုနိုင်ဖွယ်ရှိပါ သည် အရိယဉ် ယဉ်ကျေးမှု အယူအဆ ကွဲပြားလာမှုကြောင့် အချင်းချင်းစစ် တိုက် အနိုင် ယူကြသည့် အချိန်ဖြစ်ပါသည် ထိုသို့ စစ်မတ်ပြု၍ အနိုင်အထက်ပြုကြသော အချိန်တွင် ကုဿဝတီပြည်ကြီးကိုလည်း အခြားတစ်ပါးသော မင်းများက စစ်ခင်းလေ သည် ပြည်ကြီးပျက်စီး၍ ဘုရင်တုဓမ္မတူသည်လည်း ထွက်ပြေးတိမ်းရှောင်ရလေသည်
ကိုးကားချက် မောင်မောင်တူ မြိုလူမျိုးစု
လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း ရန်ကုန်စာပေ ပုံနှိပ်တိုက် ၁၉၈၀ စာ၂ နောင်ကိုးကားလျင် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိလူမျိုးစာများ
အခြေပြနိုင်ငံရေးသမိုင်း အတွဲ(၁)ရန်ကုန်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ၁၉၇၀ စာ-၁၉၄ နောင်ကိုးကားလျင် အခြေပြုမြန်မာနိုင်ငံရေး သမိုင်းဟုဖော်ပြပါသည်
Dr.Daw Thin Kyi Arakanese Capital;A Preliminary of their Geographic Siting.JBRS,L 111 ii Dec1970 p4
မြို လူမျိုးဟု အမည်တွင်လာမည့် လူစုကို မင်းကြီး၏ သားတော် ခေါ်စာပတိ ဉီးဆောင် ကာ မြောက်ဘက်အာသံပြည်သို့ ခိုလုံရန်ထွက်ပြေး လာခဲ့ကြသည် ၄င်းအာသံပြည် ၌ နေစဉ်အတွင်း မိမိတို့လူစု မပြိုကွဲစေရန်နှင့် သဘာဝဘေးအန္တရာယ် သားရဲတိစ္ဆာန် များ ၏ ရန်မှကာကွယ်ရန် အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြလေသည် မင်းသားခေါ် စာပတိသည် မိမိ၏နောက်လိုက် အပေါင်းအပါများ စားဝတ်နေရေး ခက် ခဲ လာသည်က တကြောင်း အာသံပြည်တွင် ဆက်လက် နေထိုင်ခွင့် မရတော့၍ လည်းကောင်း မိမိ၏လူစုများကို ရေကြည်ရာ မြက်နုရာဒေသသို့ ထွက်ခွါ သွားလာ ခွင့်ပြု ခဲ့ရလေသည် ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွါပြီး အိုးသစ်အိမ်သစ် ထူထောင်ခြင်း ဟု သတ်မှတ်ခဲ့ကြလေသည်
လူစုခွဲ၍ အိုးသစ်အိမ်သစ် ထူထောင်ရန်လာကြသော လူအများစုမှာအချို့က ကုလား တန်မြစ်ဖျား ဒေသမှ အခြေစိုက်နေထိုင်ခဲ့ပြီး ယင်းမှမြစိရိုးအတိုင်း စုန်ဆင်းလာကြသည် အချို့မှုကား အာသံပြည်တောင်ဘက်သို့ အနည်းငယ်ဆင်းလာပြီး ကလတ်ချောင်းမှ ဝင်ရောက်လာကြလေသည် အချို့မှာ ဉဿလင်းချောင်းမှ ဝင်ရောက်လာကြသည် အချို့ က ချောင်လက်ချောင်း အတိုင်းစုန်ဝင်လာကြသည် အချို့မှာ ပလက်ဝနှင့်မတူပီ နယ် စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာပြီး ဆမီးချောင်း မီးချောင်း ရန်ချောင်းနှင့် သရီချောင်း အတိုင်း စုန်ဆင်းလာကြသည် ထိုဒေသတွင် များစွာပြားများနေထိုင်ခဲ့ကြသည် ထိုသို့ ကူလားတန်မြစ်နှင့် ပျံ့နံနေထိုင်ခဲ့ရာ၌ မြစ်ကမ်တစ်လျောက်ဖြစ်သော ပလက်ဝမြို့နယ် စက်ပြတ်ပြင် ထက်ဝန်းကျင် ချင်းလက်ဝ ဉဿလင်း လက်ချောင်း အထက်ဘလိုင် စသည့်
ဒေသ တစ်ဝိုက်တွင်လည်းကောင်း ဉဿလင်းချောင်း ဝကိတူသောင် အောက်ဘလိုင် ကူဝဒေသမျာသို့ ပျံ့နံနေထိုင်ခံ့ကြလေသည်
မြို လူမျိုးများသည် ပလက်ဝမြို့နယ်သို့ အစောဆုံးရောက်ရှိ အခြေချနေ ထိုင်ခဲ့ကြလေ သည် မြိုမျိုးနွယ်စုများသည် ပလက်ဝမြို့နယ်သို့ အခြေပြုပျံ့နံနေထိုင်စဉ် မင်းသားခေါ် စာပတိသည် ဟုန်လော်အမည်ရှိ အမျိုးသမီးနှင့် ဆက်လက်ထိမ်းမြှားပြီး အထက်ဘလိုင်
ဒေသတွင် မင်းအဖြစ် စိုးစံခဲလေသည် သို့ရာတွင် အထက်ဘလိုင်ဒေသ၌ မည်မျှကြာ
အောင် အခြေ ချနေထိုင်ခဲ့သည်ကိုမှု မသိရှိနိုင်ချေ မြို သင်းကြီအောင်လာသည် မီး ဝအောက်ဒေသ တစ်ခုတွင် အခြေချနေထိုင်ပြီး မာရာယု မင်းသား အား ကောက်ယူမွေး စားနိုင် ခဲ့ခြင်း ထောက်လျင် ပလက်ဝဒေသမှ ကုလားတန်မြစ်အောက်ဘက်သို့ စုန်ဆင်း အခြေချ နေထိုင်ခဲ့ကြပြီး ဟု ယူဆနိုင်ပါသည်
ကိုးကားချက် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂ရ ယင်း စာ၂ရ တိုင်းရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)စာ-၆ရ မောင်မောင်တူ မြိုလူမျိုးစုလက်ရေးမူ ပလက်ဝမြို့ နယ် နိုင်ငံရေးသမိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၉၇၆ စာ-၁၀ လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂၈
ရခိုင်ရာဇဝင်တို့၏ ဖော်ပြချက်အရ မာရာယုမင်းသားသည် ပထမဓညဝီကို ဘီစီ ၃၃၂၅ ခန့်က တည်ထောင်ခဲ့သည်ကို ထောက်လျင် မြို လူမျိုများသည် မြန်မာနိုင်ငံအတွင်းသို့ စတင် ဝင်ရောက်ခဲ့သည့် ကာလမှာ ဘီစီ ၄၀၀၀ မှ ၃၅၀၀ အတွင်း ဖြစ်နိုင်ဖွယ် ရှိပါ သည် ပလက်ဝမြို့နယ်အတွင်းမှ ကုလားတန်မြစ်ရိုးအတိုင်း အောက်ဘက်သို့ စုန်ဆင်း ရခြင်းသည် နောက်ပိုင်းမှအခြားသောလူမျိုးများ တိုးဝင်လာမှုကြောင့်လည်းကောင်း စစ် မက်ပြု၍ နယ်ချဲတိုးဝင်လာမှုကြောင်းလည်း ကောင်း ရေကြည်ရာ မြက်နု ရာ ဖြစ် သည့် မြေညီရာပြန့်ဖြိုးသော ဒေသများသို့ တိုးချဲ့အခြေစိုက်လိုသည့် အတွက်ကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်
မတူပီမြို့နယ် ခန်းလုံးတောင်ဒေသမှ စဖွေတောင်တန်း ကယက်တောင် တန်း ဒေသ များနှင့် ဆမီချောင်း မီးချောင်ဒေသမျာသို့ စုန်ဆင်းနေထိုင်သူများ သည် နောက်ပိုင်းမှ တိုးဝင်လာသည့် လူမျိုးနွယ်စုများကို အတော်အတန်ခုခံ နိုင်ဟန်ရှိပါသည် ထိုဒေသ များ၌ နှစ်ရှည်ကြာစွာ အခြေချ နေခဲ့ ဟန်တူပါသည် ယကက်တောင်စခန်းတွင် မြို မင်းကြီး ခုနောန်တိန်းသည် မြိုရွာတည်ထောင်ကာ ခြံစည်းရိုး(ရ)ထပ်ဖြင့် အခိုင်အမာ ထီးနန်းစိုက်ခဲ့ကြောင်း မြို မင်းကြီး ခုနောန်တိန်း တွင် ပါစိန် ပါငန် ဟူသော သားနှစ် ပါး ရှိပြီး ကျောက်ပန်းတောင် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မြို့ရွာတည်ထောင်ခဲ့ကြောင်း မြို ရှေ့လူကြီးသူမတို့ အစဉ်လာပြောစကားအရ သိရပါသည်
မြိုမင်းကြီး ခုနောန်တိန်သည် ရခိုင်ရာဇဝင်များ၌ မြိုမင်းကြီး ငတိန်ကာ (ငတိန်)ဟူ ၍
ဖော်ပြကြပါသည် ရခိုင်ရာဇဝင်လာ ငတိန်၏ သားတော် ငန်တန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် က္ကုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း ၄င်းတို့ မှ မွေးဖွား လာသော ငန်ဆန္ဒန် ပလက်ကောက် ပက္ကစီ ငရက္ခိုက် ညီအစ်ကိုတို့သည် အစိမ်စား ကြ၍ ဝေသာလီအား နှောက်ယှက်သဖြင့် မာရယုမင်းသည် ဉီးရီးတော်များဖြစ်သည့် ထိုရန်ကို နိုင်နှင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည်
စာတန်း၏ အထက်တစ်နေရာတွင် ရှေးက မဇ္ဇိုမသားတို့သည် မြို လူမျိုးများ ကို မျောက် လူမျိုးဟူ၍ ခေါ်ဝေါ်ခဲ့ကြောင်း သိရှိနိုင်ပါသည် မျောက်နှင့် ပတ်သက်သည့် အရေးအ သား များကို ရခိုင်ရာဇဝင်ကျမ်း တို့၌ ဖော်ပြခြင်းရှိ/ မရှိ လေ့လာကြည့်သော အခါ အောက်ပါကောက်နုတ်ချက်ကိုတွေ့ရပါသည်
ထိုအခါ ဟိမဝန္တာတောင်ဝယ် မျောက်ဖိုနှင့် ဆက်မ ကျင်လည်ကြ ၍ နေထိုင်ကြစဉ် တွင် လေမုန်တိုင်းထန်လျက် မိုးသည်းထန်စွာ ရွာသည်ရှိသော် မှီခိုနေကြသော ပညောင်ပင် သဖန်းပင် တို့သည် လဲ၍ ရေထဲသို့ကျပြီးလျင် ကစ္ဆပနဒီမြစ်ညာမှ အစဉ် အတိုင်း မျောလာသည် ရှိသော် သေလာဂီရိ အမည်ရှိသော ကျောက်တော်တောင်ခြေ ရင်းဝယ် တင်လေ၏ ထိုအခါမျောက်ဖိုနှင့်ဆက်မသည် တောသို့ဝင်၍ မွေးဖွာလေ၏ ထိုသားသမီးတို့တွင် အချို့ကားဘီလူး ဖြစ်သ တည်း
အထက်ပါဖော်ပြချက်၌ မျောက်ဖို အပြင် ဆက်မ ဟူ၍လည်း ပါလာပါ သည် မျောက်ဖိုနှင့် ဆက်မ တို့ ဆက်နွယ်ပတ်သက်မှုအရ ငဆန်န္ဒန် ဘီလူးဖြစ်လာသည်
ကိုးကားချက် အခြေပြုမြန်မာနိုင်ငံရေး ဘီစီ ၂၆၆၆ ခန့်
မောင်မောင်တူ မြိုလူမျိုးစု လက်ရေးမူ ညဏ ဓညဝတီသစ်
ဓညဝတီအောင်ဇေယျ (မြောက်ဉီး) ရက္ခပူရ ကြေးမူကျမ်း စာ၄၆
ထိုဘီလူရန်ကြောင့် ဝေသာလီပြည်ရှင် ဗြဟ္မဒ္ဓိ နတ်ရွာလားရသည့် အကြောင်း ရာဇဝင် အမှတ်အသားများ ရှိပါသည် ဆက်မ ဟူသောဝေါဟာရ၏ ရှင်းတန်းကို ရှာကြည့်သော အခါ သကျသာကီဝံသကို အိန္ဒိယ သံဖတ်လျင် ဆက်သယ ဆာကိဝံသ် ဟု အသံထွက် သည် သကျ ကို သက်လူမျိုး တို့၏ အခေါ်အားဖြင့် ဆက်ကယ ဟုပြော ဆိုကြလေ
သောကြောင့် ငါတို့ကား ဆက်လူမျိုး ဟူ၍၄င်း သက်လူမျိုးဟူ၍၄င်း ခေါ်ရိုးခေါ်စဉ်ရှိကြ၏ ဟူ၍တွေ့ရပါသည် တဖန် သကျ ဟူသော စကားမှာ မြန်မာအသံဖြစ်၍ အိန္ဒိယအသံနှ င့် ဖတ်လျင် (ဆကျ) ဟူ၍ ဖတ်ရပါသည် ဆကျ မှ ဆက်ခြစ်လာ၍ ရခိုင်အသံနှင့် ဆက် ဟူ၍ အသံအနည်းငယ်ရွေးလျား လာခဲ့ပါသည် ယင်းကြောင်းလည်း က္ကန္ဒမာယုကို ဆက် ဟုပြောရခြင်းဖြစ်ပါသည် တိရစ္ဆန်မဟုတ်ပါ ဟူ၍လည်း တွေ့ရပါသည် အထက် ပါဖော်ပြချက်အရ မျောက်ဖိုသည် မြို အမျိုးသားဖြစ်လာ၍ ဆက်မသည် သက် အမျိုး သမီး ဖြစ်လာပါသည်
သက်လူမျိုး
မြို အမျိုးသားနှင့် သက်အမျိုသမီးတို့မှ မွေးဖွားလာသောသားသမီး (၃၂)အနက် အချို့ ကားဘီလူးဖြစ်လေသည်ဟူသော စကား၌ သဘာဝယတ္တိအရ စဉ်းစားဖွယ် ဖြစ်ပါသည် ထိုအခါ မျောက် နှင့် သက်မ ဟူသော အယူအဆ၏ အရည်ညွန်းခံသည့် လူသား စင် စစ်ဖြစ်ပါလျက် ဘီလူးတို့မွေးဖွား လာရသည်ဆိုသော စကားမှာ စောဒကတက်စရာဖြစ် ပါသည် ထို့ကြောင့်ဘီလူး၏ အရည်ညွန်းခံကို ဆက်လက်ရှာဖွေလေ့ လာကြည့်သော အခါ အောက်ပါအချက်ကိုတွေ့ရပါသည်
ဤဒေသတွင် သမိုင်းသတင်မည် ခောတ်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှာ ကဲ့သို့ပင် ဘီလူးဟု သိနေကြသော သြစတြလွိုက် လူမျိုးနွယ်ဝင် များ နေထိုင်ခဲ့ကြဟန် တူပေ သည် ထိုကြောင့်ဘီလူး၏ အရည်ညွန်းခံသည် သြစတြလွိုက် လူမျိုးနွယ်ဝင် များ ဖြစ်နိုင်သည် ဟူသော အချက်ကို ရလာပါသည် ရခိုင်ဝေသာလီမြို့အား ဖျက်စီးနှောက် ယှက်သော ရက္ခိုင်ဘီလူးတို့၏ ရန်ဆူးရန်ငြောင့်ဆိုသည်မှာလည်း သြစတြလွိုက် လူမျိုးဝင်တို့၏ ရန်ဆူးရန်ငြောင့်ဟု ယူဆရန်ဖြစ်လာပါသည်
အထက်ပါ ယူဆချက်များကို ခိုင်လုံစေသော အထောက်အထားကို ဆက်လက် ရှာဖွေသောအခါ ကောက်နုတ်ချက် အချို့ကိုတွေ့ရပါသည်
က္ကန္ဒမမာယု သကျသာကီဝင် အမျိုးသမီးမှ မွေးဖွားသော မာရာယုသည် အရွယ်ရောက် လာသော အခါ ရန်ငြောင့် ဟူသမျှကို သုတ်သင်ရှင်းလင်းရန် ဓညဝတီ မြို့တော်ကို တည်ထောင်ဖန်ဆင်း မင်းမူလေ၏ ရန်ဆူးရန်ငြောင့်မှဘီလူးရန်ဖြစ်သည်ဟု ရာဇဝင် ဆရာများ ဆိုကြ၏ သားစိမ်းစား ငါးစိမ်းစားများဖြစ်ကြသဖြင့် ဘီလူးရန် ဟုခေါ်ကြရ သည် ပင် အလွန်ရှေးကျသော ခောတ်မှာ မီးကို ရှာမတွေ့ခင် ကမ္ဘာအနံအပြား ရှိနေ ခဲ့ကြသူများသည် သားစိမ်း ငါးစိမ်းများကို စားခဲ့ကြသည် ယင်းကဲ့သို့ လူတစ်စုကို မာရာယု နှိမ်နှင်းတော် မူရသည် ဟူ၍သော မှတ်ယူစဖွယ်ရှိသည် ထိုကြေင့် မြို အမျိုး သားနှင့် သက် အမျိုးသမီးတို့ပေါာင်းဖက်ရာမှ မွေးဖွားလာသူများသည် လူ များသာဖြစ် သည် ဟူသော အယူအဆမှာ အတော်အတန်ခိုင်လုံပြီဟု ဆိုနိုင်ပါသည်
ကိုးကားချက် အရှင်ကေသာရ မာရာယုနှင့် ဗေဒါရာဇဝင်ရှင်းတန်း ရန်ကုန် ဒီမိုကရေစီပုံနှိပ်တိုက် ၁၃၇၁ ပြာတိုလ ၁၅ နောင် ကိုးကား လျင် ကေသာရ ဗေးဒါရှင်းတန်း ဟုဖော်ပြပါမည် ကေသာရ ဗေဒါရှင်းတန်း စာ ၆
အောင်သာဉီး ရခိုင်ရာဇဝင် ရန်ကုန် မြရာတနာ ပုံနှိပ်တိုက် ၁၉၅၆ စာ ၂ (နောင်ကိုးကားလျင် အောင်သာဉီး ရခိုင်ရာဇဝင်ဟုဖော်ပြပါမည်) ဓညဝတီအောင်ဇေယျ (မြောက်ဉီး) ရက္ခပူရ ကြေးမုံကျမ်း စာ-၄၈/၄၉ အခြေပြ မြန်မာနိုင်ငံရေး သမိုင်း စာ-၁၉၄
မာရယုနှင့် ဗေဒါရာဇဝင် ရှင်းတမ်း နိဂုံးချုပ် ရှင်းလင်းချက်တွင် အောက်ပါအတိုင်းရေး သား ရှင်းလင်းထားသည်ကို တွေ့ရပါသည်။
…မျောက်တစ်ကောင်နှင့် ဆတ်မတစ်ကောင် ဟိမဝန္တာမှ ကစ္ဆပနဒီမြစ်အတိုင်းမျောပါလာ၍ ကျောက်တော်တောင်နားတွင် ရောက်သောအခါ သူတို့ချင်း သင့်မြတ်ကြ၍သားသမီး ၃၂ ယောက်မွေးသည် ဟူ၏။
ရခိုင်ရာဇဝင်များ၌ ရေးသားခြင်းသည်လည်း “သက်” ရာဇဝင်နှင့် “မြို” ရာဇဝင်တို့ ကို တိတိကျကျ နားမလည်၍ ရေးသားကြ ဟန် ရှိလေသည်။ စင်စစ်မှာ “မြို” ကို အိန္ဒိယ အခေါ် ဗန္ဓရဇာတိ ခေါ်သောကြောင့် ဗန္ဓရကို ဘာသာပြန် ၍ မျောက်ဖြစ် ရလေသည်။
တစ်နေရာမှာလည်း “မြို” မင်းကြီး၏သား ငတန်နှင့် ဝရသိဒ္ဓိရှင်ဘုရင်၏ သမီးတော် ဣန္ဒမာလ ဟူသော “သက်” အမျိုးသမီးသာ ဖြစ်လေသည်။ ငဆန္ဒန်တို့ ညီအစ်ကိုတို့ကို ဘီလူး ဟု ဆိုရာ၌ စင်စစ်မှာ လူသားစားသောကြောင့် ဘီလူးဟု ဆိုဟန် ရှိလေသည်။ နာနာဘာဝ၊ ဝိနာဘာဝ ဖန်ဆင်းနိုင်သော ဘီလူးမျိုး မဟုတ်ချေ။ လူသားစားသော လူ တစ်ယောက်ပင် ဖြစ်ချေသည်။လူသားစားသော ပေါရိသာဒဘုရင်သည်လည်း ဘီလူး မဟုတ်ချေ။ အမြဲတမ်း စားလိုသောရသ-တဏှာကို မဖြတ်နိုင်သော လူတစ်ယောက် ပင်ဖြစ် သည်။
သို့ဖြစ်၍ လူသားစားလျှင် ဘီလူးဟု ဆိုခြင်းမှာ မဖြစ်နိုင်ချေ။ “အသားစိမ်းစားဖူးသော သူ သည် အကျက်စားသည်ထက် ခွန်အားဗလကို ပြည့်စုံ၏။ အစိမ်းစားဖန် များလာသော သူသည် အကျက်ကို မစားချင်တော့ပေ” ဟူ၍ပြောစမှတ်ပြုကြလေသည်။ ငဆန္ဒန်တို့ ညီအစ်ကိုလည်း အစိမ်းစားလျှာကြောလည်လာသောကြောင့် အကျက်စားခြင်းကို အလို မရှိဘဲ အစိမ်းစားလျှာကြောလည်သောသူများသာ ဖြစ်ကြသည်။ ရခိုင်ရာဇဝင် အချို့၌ စင်စစ်ဘီလူးဖြစ်လေဟန်ရေးသားကြ၏။ လုံးဝ ယုတ္တိ မရှိချေ၊
အထက်ပါရှင်းလင်းချက်များသည် ဝေသာလီမြို့ပြ နိုင်ငံအား နှောက်ယှက်ဖျက်ဆီးသောရ က္ခိုက်ဘီလူးတို့၏ ရန်ဆိုသည်မှာ “သြစတြလွိုက် လူမျိုးနွယ်လား” (သို့) “သားစိမ်း ငါးစိမ်းစား လူတစ်စုလား” ဟူသည့်မေးခွန်းကို ကွက်ကွက်ကွင်းကွင်း ဖြေရှင်း ရာ ရောက် သည့် အပြင် ရခိုင်ရာဇဝင်များ၌ အရေးအသားပြုကြသည့် “မျောက်” “ဆတ်” “ဘီလူး” စသည့် အယူအဆများကိုလည်း တစ်ကြိမ်တည်း ဖြေရှင်းရာ ရောက်ပါသည်။
စင်စစ် အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်းအပိုဒ် (၆) တွင် “ရခိုင်ဂုမ္ဘန်၊ငဆန္ဒန်ဆိုးဘီလူးမျိုးကို” ဟူ သည့် အပိုဒ်များကို စကားပြေပြန်သောအခါ နိပါတ်တော်များတွင် ပါဝင်လေ့ရှိသည့် နာနာဘာဝ၊ ဝိနာဘာဝ “လူသားစား ဘီလူးများ” ဖြစ်လေဟန် အဓိပ္ပါယ် အယူအဆလွဲ၍ စကားပြေပြန်ထားကြဟန် တူပါ သည်။ “ဆတ်မ” ကို လည်း တိရစ္ဆာန်အဖြစ် အဓိပ္ပါယ် အယူလွဲကြဟန် တူပါသည်။
မြန်မာစာပေ အနှုန်းအဖွဲ့၌ အတ္ထာလင်္ကာရ၊ သဒ္ဒါလင်္ကာရ ဟူ၍ အနက်ကို တန်ဆာ ဆင် ၍နှုန်းဖွဲ့ရခြင်း၊ အသံကို တန်ဆာဆင်၍ နှုန်းဖွဲ့ရခြင်းများ ရှိပါသည်။ ဖော်ပြပါ ဧချင်း၌ စာဆို အဒူမင်းညိုသည် ဝေသာလီ၏ ရန်ဆူးရန်ငြှောင့်ဖြစ်သော ငဆန္ဒန်တို့ ညီအစ်ကို၏ ဆိုးသွမ်းသောင်းကျန်းမှုကို ကွက်ကွက်ကွင်းကွင်း ထင်ရှားသိမြင်စေလို သည့်စေတနာရှိသောကြောင့်လည်းကောင်း၊ ရုန်းရင်းကြမ်းတမ်း၍ လူသားစားသော ငဆန္ဒန်တို့၏သရုပ်ကို ထင်ရှားစေလိုသည့်အတွက် လည်းကောင်း၊ အနက်ကို တန်ဆာ ဆင်၍ ခိုင်းနှိုင်း ဖွဲ့ဆိုလိုသည့် အတွက် နာနာဘာဝ၊ ဝိနာဘာဝ၊ စုန်း၊ ဘီလူးများနှင့် ခိုင်းနှိုင်း ရေးဖွဲ့ထားဟန်တူပါသည်။ ငဆန္ဒန်သည် ဥပမေယျ၊ ဘီလူးသည် ဥပမာ အဖြစ် ထား၍ တင်စား နှုန်းဖွဲ့ခြင်းသာဖြစ်နိုင်ဖွယ်ရှိပါသည်။
ရခိုင်ရာဇဝင်များလာ “မြို” လူမျိုးများနှင့် ဆက်နွယ်ပတ်သက်နိုင်သည့် အဖြစ်အပျက် အကြောင်း အရာများကို ခြေရာကောက် စုစည်းခြင်း ဖြစ်သဖြင့် မာရယုနှင့် “မြို”သင်းကြီးအောင်လာတို့၏ ဆက်နွယ်မှုကိုလည်း ဖော်ပြရန် လိုအပ်မည် ထင်ပါ သည်။မာရယုမင်းသားသည် အဇ္စုနရှင်ရသေ့နှင့် ဣန္ဒမာယု သက်အမျိုးသမီးတို့ မှောက် မှားရာမှဖွားမြင်လာသော မင်းသားဖြစ်သည်။ မင်းသားကို ဖွားမြင်သော အခါ လေမုန် တိုင်း ထလျှက်မိုးကြီးစွာ ရွာသောကြောင့် အာသံမြစ်ရေလျှံလာပြီး ကစ္ဆပနဒီမြစ် ညာနှင့် ပေါင်းဆက် သွားသဖြင့် ရသေ့နှင့် ဣန္ဒမာယုနတို့ သားအမိသားအဖ သုံးယောက် တို့မှာ ရေထဲမျောပါ သွားကြလေသည်။ မာရယုမင်းသားသည် ဘုန်းကံ ရှိသောကြောင့် နတ်အပေါင်းတို့၏ စောင့်မမှုဖြင့် ရေနစ်သေဆုံးခြင်းမရှိဘဲ ကုလားတန်မြစ် မှ မျောပါလာရာ မီးဝအောက် “မြို” ရွာနှင့် မနီးမဝေးသောတောခြုံငယ် တစ်ခု၌ တင်လေသည်။ “မြို” သင်းကြီး အောင်လာသည် ညအိပ်မက်အရ မိမိအိမ် မှမြောက်စူးစူးသို့ ထွက်လာရာ သူငယ်ကိုတွေ့ ၍ ကောက်ယူလာပြီး လျှင် ကောင်း စွာ မွေး စားလေ၏။ အောင်လာ၏ ဇနီး ဒေါ်ဇံမေမှာလည်း သမီးငယ် တစ်ဦးကို မွေြး ပီးဖြစ်လျက် မပိန်ဟု မှည့်ပြီး မာရယုနှင့် တွဲ၍ နို့တိုက်မွေးစားရာမှ ကြီးပြင်းလာသော အခါ ဖခင်အောင်လာက လေးအတတ်ကို သင် ပေးသည်။ မာရယု သည် လေးအတတ် ၌ အလွန်ကျွမ်းကျင်၏။ “မြို” အပေါင်းတို့သည် မာရယုမင်းသားအား ချစ်ခင်မြတ်နိုးကြ ၍ တောင်ကုန်းပေါ်၌ အိမ်သီးခြားနန်းပုံ ဆောက်လျှက်မပိန်နှင့် ထိမ်းမြားကြလေသည်။ 6
ထွန်းရွှေခိုင် (စစ်တွေကောလိပ်) ၏ ရခိုင်ရှေးဟောင်းမြို့တော်များ စာအုပ် တွင် နိုင်ငံရေး အခြေအနေအရ နိမ့်၍ ကစ္ဆပနဒီ ကုလားတန်မြစ် တလျှောက် စုန်ဆင်းလာခဲ့သော သာကိနွယ်ဝင် ဒုတိယအုပ်စုသည် ကုလားတန်မြစ်ညာ ပိုင်း သို့ ရောက်ရှိကြလေသည်။ အဆိုပါအုပ်စု၏ ခေါင်းဆောင်သည် အမြော်အမြင်ရှိ၍ ရှိနှင့်ပြီးသော လူမျိုးစုနှင့်ရောနှောနေထိုင်ပြီး လူမျိုးစု ခေါင်းဆောင်၏ သမီးနှင့် လက် ဆက် သူဖြစ်သည်။ ၎င်းတို့မှမွေးဖွားလားသော မာရယုမင်းသားကား စွမ်းရည် သတ္တိနှင့် ပြည့်စုံ သူဖြစ်သည်။ယခင်ရှိနှင့်ပြီးသော ဝေသာလီကို တိုက်ခိုက် သိမ်း ယူပြီး မင်းပြုသည်ဟု ဖော်ပြပါရှိသည်။ ပထမ ဓညဝတီကိုလည်း ဘီစီ ၃၀၀၀ ဟူ၍ လည်း ဖော်ပြ ပါသည်။ 7
မာရယုသည် သာကီဝင် ဒုတိယအုပ်စုမှ ခေါင်းဆောင်နှင့် ရှိနှင့်ပြီးသော လူမျိုး စုခေါင်းဆောင်၏ သမီးကို လက်ဆက်ရာမှ မွေးဖွားလာသည်ဟု ဆိုထားရာ “လူမျိုးစု” ၏ အညွှန်းခံသည် “သက်” အစရှိသော အခြားသော မျိုးနွယ်စုများလည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ရခိုင်မင်းသမီး ဧချင်းလာအရ
“ဘပြုမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာ ဒေဝီ၊ သမီးဘီနှင့်” ဟု ဖော်ပြ ထားခြင်းသည် “လူမျိုးစု” ဟူသော စကားရပ်၏ အရည်ညွှန်းခံသည် “မြို” လူမျိုးသာဖြစ်နိုင်ဖွယ် ရှိပါသည်။ သို့မှလည်း ရခိုင်ရာဇဝင်များ တွင် ဖော်ပြပါရှိသည့် ရာဇဝင်ကြောရိုးနှင့်လည်း ကိုက်ညီနိုင်ဖွယ် ရှိပါသည်။ သို့ဖြစ်၍ မာရယုနှင့် ဆက်စပ်နေသော လူမျိုးစုကို “မြိုလူမျိုး” ဟု ယူဆရပါသည်။
မာရယုမင်းသည် ငတန်၊ ပလက်ကောက်၊ ပက္ကမိ၊ ငရက္ခိုက်တို့နှင့် လည်းဆွေမျိုးတော်စပ်လျက်ရှိကြောင်း “ဦးရီးတော်” ဟူသည့် ဆွေမျိုးစပ် ဝေါဟာရက ဖော်ပြလျက်ရှိပါသည်။ ထို့ကြောင့် မီးဝအောက် အနီးအနား ပတ်ဝန်းကျင်တွင် အခြေချနေထိုင်လျက်ရှိသောမြိုသင်းကြီး အောင်လာနှင့် ကယက်တောင်စခန်းတွင် မင်းလုပ်အုပ်ချုပ်လျက် ရှိသည့် မြို့မင်းကြီးငတိန်ကာ (ငတိန်) တို့သည် တစ်နည်းတစ်ဖုံအားဖြင့် ဆွေမျိုးစပ်နိုင်ဖွယ် ရှိပါသည်။
ထိုမြိုမင်းများအုပ်ချုပ်သော ကာလကို အတိအကျ မဖော်ပြနိုင်သော်လည်း မာရယုမင်းပထမ ဓညဝတီကို တည်သည့် ကာလကို အခြေခံထား၍ ဆက်စပ်ခန့််မှန်း လျှင် ဘီစီ-၃၅၀၀ပတ်ဝန်းကျင်တွင် ဖြစ်နိုင်ဖွယ်ရှိပါသည်။ “မြို” လူမျိုးများသည် ကုလားတန်မြစ်ရိုးလမ်းကြောင်းအတိုင်း စုန်ဆင်း၍ လည်းကောင်း၊ မီးချောင်း၊ ရန်ချောင်း၊ သရီချောင်း(သရေချောင်း) လမ်းကြောင်းအတိုင်း စုန်ဆင်း၍ လည်းကောင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနှံ့အပြားသို့ ပျံ့နှံ့ အခြေချ နေထိုင်ခဲ့ကြဟန် တူပါ သည်။ ဆမီးချောင်း၊ မီးချောင်း ဒေသများတွင်ဘီစီ-၃၅၀၀ မှ အေဒီ-၇၇၆ မတိုင်မီ ကာလ များအထိ အခြေတကျနေထိုင်လျက်ရှိနေသေးကြောင်း သိနိုင်ပါသည်။ သို့ရာတွင် ထိုကာ လ များ၌ အုပ်ချုပ်သော ထင်ရှားသည့် “မြို” မင်းများ ကို မသိရချေ။
ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြချက်အရ မာရယုမင်းဆက်၏ ၅၄-ဆက်မြောက်နောက် ဆုံး မင်းငယ် ပျော်လှစည်သူသည် စောစစ် ဟူသော မိဖုရားနှင့် ထီးနန်းစည်းစိမ်ကို အုပ် စိုး သည်။ ဓညဝတီမြို့၏ ကိန်းခန်း ကုန်သောကြောင့် သိမာနဒီ မည်သော သရေချောင်း လက်ျာ ကမ်းနား၌ မြို့တည်အုပ်စိုးသည်။ ထို့နောက် အမတ်ကြီး သုံးယောက် ပုန်စား၍ လွန်တော်မူ၏။ ထို့နောက်အမတ်ကြီးသုံးယောက်တို့သည် ခြောက်လစီ အဆင့်ဆင့် မင်းပြု သည်။ မိဖုရား စောစစ်သည် သမီးတော်ကြီး သုန္ဒရီ၊ သမီးတော်ငယ် ဖွားတော်
သွေးနှင့်နောက်လိုက်နောက်ပါများကို စုရုံးပြီး ကံသုံးဆင့်မြို့မှ ထွက်ခွာလာ၍ နီလာပန်း
တောင်းမြို့ကို တည်ထောင် ပြုစု၍ နေကြသည်။

တကောင်းပြည်မှ အဘိရာဇာမင်းကြီး၏ သားတော် ကံရာဇာကြီးသည် ထီးနန်းစည်းစိမ် အတွက် ညီတော် ကံရာဇာငယ်နှင့် ကုသိုလ်စစ်ထိုးကြရာမှ ရှုံးနိမ့်သဖြင့် ကလေးတောင်ညို အရပ်မှ ဖိုးခေါင်တောင်ကို ကျော်၍ ရခိုင်ပြည် မီးချောင်းဖျားကျောက် ပန်းတောင်း တောင်ထိပ်ဝယ် မြို့ကြီးသာယာစွာ တည်ပြီးလျှင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ ကံရာဇာကြီးသည် နီလာပန်းတောင်းမြို့၌ နေနှင့်ကြသော မင်းငယ်ပျော် လှစည်သူ၏ မိဖုရားစောစစ်နှင့် သမီးတော် သုန္ဒရီ၊ ဖွားတော်သွေး အကြောင်းကို ကြား သိသဖြင့် မင်းကိုယ်တိုင် သွားရောက်ဆောင်ယူ၍ မိဖုရားစောစစ်ကို ယောက္ခမအရာ၌ ထားကာ သမီးတော် နှစ်ပါးကို မိဖုရား မြှောက်လေသည်။ နီလာပန်းတောင်းမြို့ကို မိဖုရားစောစစ် တည်ထောင်သည့်ကာလမှာ ဘီစီ-၁၆ ရာစုဖြစ်ပြီး ကျောက်ပန်းတောင်းမြို့ကို ကံရာဇာကြီးတည်ထောင်သော ကာလမှာ ဘီစီ-(၁၅၃၁-၁၅၀၇) တွင် ဖြစ်သည်ဟု ဖော်ပြသည်။
မြုံနှင့် မြိုမှာ လူမျိုးထပ်တူဖြစ်သလို မြိုလူမျိုးကိုလည်း မရိုဟူ၍လည်း ရေး သားခဲ့ကြ သည်။ဇေယျအဆိုအရ မြို ဟူသော ဤအမည်ကို ရေးသားထားရာ မြန်မာတို့ ရွတ်မြဲ အတိုင်း မျိုဟူသော အသံဖြင့် မဖတ်ရ။ မရို ဟု နှစ်လုံးစွဲပြီး ရကောက်သံကို လျှာဖျား လှုပ်၍ ပီပီသသရွတ်ဆိုရန်လိုသည်။ မရိုဟု ရေးလျှင် ပို၍သင့်သည်။သို့သော် ရေး ထုံး ကို လိုက်၍ မြိုဟူ၍ပင်ရေးသား လိုက်ရသည် ဟူ၍ မှတ်တမ်းဝင် ဗမာ့အရေးအခင်း စာအုပ် တွင် မှတ်ချက်ပြုထားပါသည်။
မြုံနှင့် မြိုမှာ လူမျိုးတမျိုးတည်းကို ရည်ညွှန်းကြောင်းဆက်လက် တင်ပြပါမည်။ မြုံနှင့် မြိုမှာ သေးသေးတင်နှင့် လုံးကြီးတင်ကိုပေမူစာမူအရေးအကူးတွင် လွှဲမှားရေးသားခဲ့၍ လူမျိုးနှစ်မျိုးဟု ယူဆခဲ့ကြသည်။ မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း (၁၉၇၈) တွင် မြိုလူမျိုးနှင့် မြုံလူမျိုးဟူ၍နှစ်မျိုးစလုံးဖော်ပြထားပါသည်။
မောင်စာခေါင်၏ ရန်ကုန်တက္ကသိုလ် မဟာဝဇ္ဇာဘွဲ့အတွက် တင်သွင်းသော“မြို ဘာသာစကား၏ စကားသံများကို အသုံးချသဒ္ဒဗေဒ အမြင်ဖြင့် လေ့လာချက်” ကျမ်းတွင် မြိုနှင့် မြုံ အရေးအသားနှင့် ပတ်သက်၍-
ကျမ်းဂန်များနှင့် စာအုပ်စာပေများတွင် မြိုဟူသော စာလုံးပေါင်း အပြင်မြုံဟူ၍ လည်းကောင်း မြုန် ဟူ၍လည်းကောင်း မူကွဲစာလုံးများဖြင့် ရေးသားတင်ပြထားပါသည်။ မြုံမြုန် အရေးအသားသည် မြိုလူမျိုးကိုပင် ရည်ညွှန်းရေးသားကြဟန် တူပါသည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ခေတ် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား မျိုးနွယ်စု များတွင် မြုံမြုန် လူမျိုးဟူ၍ မရှိပါ။ မြိုလူမျိုးများသာ ရှိပါသည်။ ကျောက်တော်မြို့တွင် ကုလားများကမြိုလူမျိုးများကို မြုံဂျာဟူ၍ ခေါ်ဝေါ်နေကြခြင်း မြိုလူမျိုးများသည် မျက်မှောက်ခေတ် အထိ တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အထင်အရှား အခြေချနေထိုင် လျှက် ရှိကြခြင်း စသည့်အကြောင်းအချက်များကို ထောက်ရှုတင်လျှင် ရခိုင်ရာဇဝင် ကျမ်းများ၌ အရေးအသားပြုလှသောမြုံ မြုန် စသည့်စာလုံး ပေါင်းဟန်များသည် မြို လူမျိုးများကိုပင် ရည်ညွှန်းရေးသားခြင်းဖြစ်သည်ဟုယူဆရသည် ဟူ၍ ရေးသား ထားသည်ကို တွေ့ရှိရပေမည်။
ရခိုင်ပြည်နယ်ရှိ ကုလားများက မြို လူမျိုးကို မြူး ဟူ၍ အသံထွက်သည်။ အသံထွက် သည့် အတိုင်း မြူးလူမျိုးဟူ၍ ရေးသားခဲ့ကြောင်း ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ထုတ်လွင့်သောနိုင်ငံရေးပါတီ အသီးသီး၏ အသံလွင့်ဟောပြောချက် စာအုပ်တွင် လေ့ လာနိုင်ပေသည်။ရခိုင်ပြည်နယ်တွင် မြူလူမျိုးမရှိပဲ မြိုလူမျိုးသာရှိပါသည်။ ယခုစာအုပ် တွင် ရေးသားထားသည့်မြူးလူမျိုးဆိုသည်မှာ သာမန်အနေဖြင့်ကြည့်လျှင် မည်သည့် လူမျိုးကို ရည်ညွှန်းကြောင်းမသိနိုင်ချေ။
ဒေါက်တာသန်းထွန်းက မြုံလူမျိုးကို မြု ဟူ၍ရေးသားထားသည်ကို လည်းဆက် လက်တင်ပြ လိုပါသည်။ ကလျာမဂ္ဂဇင်း (၈/၉၄) တွင် ချင်းမြု နဲ့ ခုမိ (မြောက်ရခိုင်)ဆောင်း ပါး ၌ မြု လူမျိုးကို ရက္ခိုင်မြောက်ပိုင်းနေ ချင်းတစ်မျိုးဟူ၍ လည်းကောင်း၊ မြုတစ်ယောက်ဟာ (၁၄) ရာစုက ရက္ခိုင်ဘုရင် ဖြစ်ဘူတယ် လို့လဲ ပြောပါသည် ဟူ၍လည်းကောင်း၊စစ်ကိုင်းထူပါရုံကျောက်စာ (စာရင်း ၉၆၃/ ၂၀-၂၃ သက္ကရာဇ် ၈၀၄ ခရစ်နှစ် ၁၄၄၂) ကိုကိုးကားပြီး မြုန် ဆိုတာ အခုမြု ကို ဆိုပါသလား၊ မြုန်ဟာ မြု ဖြစ်ဖို့များပါတယ် လို့ရေးသားထားပါသည်။
ဒေါက်တာသန်းထွန်းက သက္ကရာဇ် ၈၆၀ လောက်က လူမှုရေးသမိုင်းဆောင်းပါးမှာ ကူကျောက်စာပါ လူမျိုးစာရင်းတွင် မြုန်လူမျိုးဟူ၍ ရေးသားထားပါသည်။ ယင်းဆောင်းပါး မှာ တင်လှသော်၏ (အေဒီ ၁၄၀၀-၁၅၀၀) မြန်မာ့သမိုင်းဆောင်းပါးကို ကိုးကားပြီးရေးခြင်းဖြစ် ပါသည်။ တင်လှသော်၏ဆောင်းပါး ကို ပြန်၍လေ့လာကြည့် လျှင် မြုန် (Mrun) ဟူ၍ရေးသားထားပါ သည်။ ဒေါက်တာသန်းထွန်းရေးသား သည့် ဆောင်းပါးများတွင် မြု (Mru) နှင့်မြုန် (Mrun) မှာ လူမျိုးတူဖြစ်ကြောင်း ကောက်ချ ဆွဲနိုင်ပါသည်။ ပြောရလျှင်မြု ဟု အသံမထွက်ပဲ မြူ ဟုအသံထွက် ပါက ပိုသင့်သည်ဟု ယူဆရပါသည်။ မြူလူမျိုးဟူ၍အရေးအသားရှိကြောင်းကို ပြန်လေ့လာကြည့်လျှင် ဦးသာထွန်းအောင်၏ ရခိုင်ရာဇဝင်တော်ကြီးကောက်နုတ်ချက်၊ ဟားဗေး၏ မြန်မာနိုင်ငံသမိုင်းစာအုပ်များနှင့် မောင်ထင်၏ရှေးဖြစ်ဟောင်းဆောင်းပါး၊ ဇေယျ၏ မှတ်တမ်းဝင် ဗမာ့အရေးအခင်းများ၊ ဦးဉာဏ(အထက်တော်ကျောင်းဆရာတော်) ၏ ရခိုင်ရာဇဝင်၊ ဒေါက်တာသန်းထွန်း၏ အသစ်မြင်ဗမာ့သမိုင်း၊ အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း၊ စွယ်စုံကျော်ထင်ကျမ်း၊မြန်မာစာလုံးသတ်ပုံရေးထုံးကျမ်းများ၊ ကဝိလက္ခဏာသတ်ပုံကျမ်း၊ ရခိုင်နိုင်မော်ကွန်း ကိုးခန်းပျို့၊မန္တလေး မဟာမြတ်မုနိဘုရားကြီး သမိုင်း (မန်းရာပြည့်)၊ ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း၊ ဦးညွှန့်ဟန်၏ဝေသာလီမြို့ဟောင်း လေ့လာချက်စာတမ်း၊ မြောက်ဦးလမ်းညွှန်မဂ္ဂဇင်း၊ ဦးစာခေါင် (မဟာဝိဇ္ဇာ)တင်သွင်းသော “မြို” ဘာသာစကား၏ စကားသံများကို အသုံးချသဒ္ဒဗေဒအမြင်နှင့်လေ့လာသောကျမ်း၊ ချင်းမဂ္ဂဇင်း (၂၀၀၇-၂၀၀၈)၊ ဦးဖေမောင်တင်၏ မြန်မာဝတ္ထုသမိုင်းအစနှင့်သုတေသနစာတမ်းများ စာအုပ်တို့တွင် “မြုံ” လူမျိုးဟု ရေးသားထားသည်။
အထက်ပါသမိုင်းရာဇဝင် သမိုင်းမှတ်တမ်းများတွင် “မြုံ” လူမျိုးဟု ရေးသားထားသည့်လူမျိုးမှာ ရခိုင်ပြည်နယ်ရှိ ချင်းအနွယ်ဝင်မြို (ခမီ) လူမျိုးဖြစ်ပါသည်။ သာမာန်အားဖြင့် ကြည့်လျှင်စာပေတွင် ဖော်ပြထားသည့် မြုံလူမျိုးဆိုသည်မှာ မည်သည့်လူမျိုးမှန်းမသိဖြစ်နေပါသည်။အမှန်မှာ ရခိုင်ပြည်နယ်ရှိ မြို (ခမီ) လူမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။
ရခိုင်ပြည်နယ်တွင် မြိုလူမျိုးအနေဖြင့် မင်းဆက်နှစ်ဆက် အုပ်ချုပ်ခဲ့သည်။ အမြတူ (အေဒီ၇၆၉-၇၇၆) မှာ ဝေသာလီမြို့တော် နောက်ဆုံးမင်းဆက်ဖြစ်ပြီး ပဲဖြူ (အေဒီ ၇၇၆-၇၉၄) မှာမြောက်ဦးနေပြည်တော်ကို ပထမဦးဆုံး တည်ထောင်သောမင်း ဖြစ်သည်။ ဤမင်းနှစ်ဆက်မှာ(၂၅) နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) တွင် ဖော်ပြထားသည်။
ဦးရာဇ်မြေမဂ္ဂဇင်း အမှတ် (၃) တွင် ပထမမြောက်ဦးမြို့ကို “ပဲဖြူ” မင်း ထူထောင်ခဲ့သည်။ဒုတိယမြောက်ဦးကို မင်းစောမွန် တည်ထောင်ခဲ့သည်။ တတိယမြောက်ဦးကိုမင်းဘာကြီးထူထောင်ခဲ့သည်ဟု ရေးသားထားသည်။ မြန်မာနိုင်ငံသုတေသနဂျာနယ် (၁၂/၇၀)အတွဲ (၅၃) အပိုင်း (၂) စာအုပ်တွင် ပထဝီပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်က ရခိုင်မြို့ပြနိုင်ငံထူထောင်စဉ် မူလအခြေချနေထိုင်သော လူမျိုးမှာ မြို၊ သက် လူမျိုးများဖြစ်ကြောင်းဖော်ပြထားသည်။
ဗိုလ်မှူး ဘရှင်၏ အနော်ရထာအရပ်က မြန်မာနိုင်ငံစာအုပ်တွင် ကုလားတန်မြစ်နှင့်လေးမြို့မြစ်ဝှမ်းတွင်ရှိခဲ့သော တိုင်းရင်းသား မြို (မရို) များ ဖြစ်ဟန်တူသည်ဟု ရေးသားခဲ့သည်။ဦးထွန်းရွှေခိုင်၏ ရခိုင်မြန်မုနိဘုရားနှင့် ဦးမောင်မောင်သိုက်၏ တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှုကွင်းဆင်း စာတမ်း တို့တွင် မြိုလူမျိုးဟု မှတ်တမ်းတင်ထားခဲ့သည်။တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ (ရခိုင်) စာအုပ်တွင် မြို (မရို) ဟူသော အသံထွက်နှင့်အခေါ်ဝေါ်မှာ ရခိုင်တို့ က ခေါ်သော အမည်ဖြစ်သည် ဟု ရေးသားခဲ့ပြီး၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ (ချင်း) စာအုပ်တွင် မြို (မရို) တို့က သူတို့ကို သူတို့ “ခမီ” ဟုခေါ်သည်၊ “ခမီ” မှာလူဟု အဓိပ္ပါယ်ရသည်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
မြန်မာအဘိဓာန်တွင် မြို (မရို) တိဗက်မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုး ကိုပြောသောမြန်မာတိုင်းရင်းသားဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ “ခမီ” လူမျိုးကိုလည်း အထက်ပါအတိုင်းဖွင့်ဆိုထားပါသည်။ အမှန်မှာ မြိုနှင့် ခမီဟူ၍ ဖော်ပြထားသော လူမျိုးမှာ လူမျိုးတစ်မျိုးတည်းကို ဆိုလိုကြောင်း ပညာရှင်များသာ သိမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများအဖြစ် ရခိုင်၊ ချင်း၊ သက်၊ ဒိုင်းနက်၊ မရာမာကြီးနှင့် မြို (ခမိ) လူမျိုးများ နေထိုင်ကြသည်။ ခေတ်ဟောင်းမြန်မာရာဇဝင်နှင့် ရခိုင်ရာဇဝင်တို့တွင် မြိုလူမျိုးဟူ၍ အများဆုံးရေးသားကြသည်။ ခမိလူမျိုး အနေဖြင့် ရေး သားမှုနည်းပါးလှသည်။ မြိုနှင့် ခမိဟူ၍ နှစ်မျိုးခေါ်ဝေါ်ရေးသားကြသည်။ မြို (ခမိ) လူမျိုးများသည် မိမိတို့ကို မိမိရည်ညွန်းပြောဆိုရာတွင် ခမိဟူ၍ အမည်ခံသုံးစွဲကြရာ ခမိလူမျိုးဟူ၍လည်း ခေါ်ဝေါ်ကြသည်။ မြိုလူမျိုး၊ ခမိလူမျိုးဟူ၍ ရေးသားကြရာ လူမျိုးနှစ်မျိုး မဟုတ်ဘဲ မြို (ခမိ) လူမျိုးတစ်မျိုးတည်းကိုသာ ခေါ်ဆိုခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသား အချို့ကလည်း မြို (ခမိ) လူမျိုးကဲ့သို့ မိမိတို့ကို ခမီလူမျိုးအမည်ဖြင့် ရည်ညွှန်းပြောဆိုကြကြောင်း မှတ်သားရသည်။ ကချင် (ဂျင်းဖော)၊ ပဒေါင် (ကယမ်း)၊ ရှမ်း (တိုင်/တိုင်း)၊ ပိုးကရင် (ဖလုံ)၊ လရှိ (လာချစ်)၊ ပလောင် (တအောင်း)၊ ကော် (အခါ) စသည့်လူမျိုးတို့ဖြစ်ကြသည်။
မြဝတီမဂ္ဂဇင်း (၄/၆၇) တွင် ဆရာမောင်ထင်က “ရှေးဖြစ်ဟောင်း” ဆောင်းပါးဖြင့် မြိုလူမျိုးနှင့် ပတ်သက်၍ အကျယ်တဝန်းရေး သားထား သည်။ ဆရာမောင်ထင်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ ရာ ကိုယ်တွေ့အဖြစ်အပျက်ကိုရေးသားထားသည်။ ၁၉၄၁ ခုနှစ် သန်းခေါင်စာ ရင်း ကောက်ယူသည့်အခါသန်းခေါင်စာရင်း ကြီးကြပ်သောတာဝန်ကို ထမ်းဆောင်ခဲ့ သည်။ စပ်စပ်စုစုမေးမှသာ မြိုလူမျိုးဟုပြောလေ့ရှိကြသည်။ ဤကား ခေတ်လူငယ် များနှင့် စပ်လျဉ်း၍ ပြောရခြင်းဖြစ်သည်။ လူကြီးသူမများကား မြိုလူမျိုးဖြစ်လျှင် မြိုဟုပင် စင်းစင်းကြီး ပြောကြသည်ဟူ၍ ရေးသားထားသည်။ ဆရာမောင်ထင်အား သိမ်တော် ဆရာတော်က မိန့််ကြားရာတွင် “ဒီသိမ်တောင်တစ်ဝိုက် (တောင်ကုတ်မြို့၊ သိတောင် ရပ်ကွက်) ဟာ မြိုလူမျိုးတွေနေထိုင်တဲ့အရပ်ပဲ ဒကာရဲ့” ဟူ၍ ရေးသားထားသည်။ ဤဖြစ်ရပ်မှာ လွန်ခဲ့သော နှစ် (၆၇) နှစ်က ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြိုလူမျိုးများမှာ ယင်းအချိန်ကတည်းက တဖြည်းဖြည်းနှင့် ပျောက်ကွယ်ခဲ့ရပုံနှင့် မြန်မာ လူမျိုးဖြစ် လာကြောင်း မှတ်သားရသည်။
၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပသော အမျိုးသားညီလာခံတွင် မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ ပါတီမည်ဖြင့် တက်ရောက်ခဲ့သည်။ ဦးစံသာအောင် မှာ ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော် က ကိုယ်စားလှယ် အနေဖြင့်လည်းကောင်း၊ အခြားလူပုဂ္ဂိုလ်များမှာ ပါတီအနေဖြင့်လည်းကောင်း စုံညီစွာ တက်ရောက်ခဲ့သည့် သမိုင်းဝင် မြို (ခမီ) လူမျိုးဖြစ်ပါသည်။
မြို (ခမီ) လူမျိုးကို မြုံ၊ မြုံမ်၊ မြုံန်၊ မြု၊ မြူးဟူ၍ သတ်ပုံ အမျိုးမျိုးဖြင့် ရေးသားထားသော ရှေးရာဇဝင်သမိုင်းများတွင် ဖော်ပြထားသော လူမျိုးမှာ ရခိုင်ပြည်နယ်ရှိ မြို (ခမီ) လူမျိုးကို ဆိုလိုခြင်း ဖြစ်ကြောင်းနှင့် မြန်မာအစ ပျူလူမျိုးကဟု ဖော်ပြခံရသော ရှေးဟောင်းပျူ၊ ကမ်းရံ သက်လူမျိုးနှင့် ခေတ်ပြိုင်လူမျိုးကို ဆိုလိုခြင်းဖြစ်ကြောင်း သုတေသနပြု ရေးသားတင်ပြပါသည်။
မြို (မရို)=Mro ၊ မရူ=Mru ၊ မူရောင်= Murong ၊ မရမ်=Maram၊ မရမ္မာ=Marmas (၁)
အထက်ဖော်ပြပါ တိုင်းရင်းသား လူမျိုးစုများမှာ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ကချင်ပြည်နယ်
ရခိုင်ပြည်နယ် (တိုင်းဒေသ)၊ အန္ဒိယနိုင်ငံ မနိပူရ (Manipur)၊ အာသံ(assam)၊ ထရီပူရ (Taripura) ပြည်နယ် နှင့် ဘင်္ဂလာ ဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်ကြား (Chittagong Hill Tracks= CHT) ဒေသများ အတွင်း ယနေ့တိုင် နေထိုင် လျှက် ရှိကြ ပါသည်။ ဤလူမျိုး များထဲမှ မြို ၊ မရူ စသည် တို့ကို မြန်မာနိုင်ငံ ၏ ၁၃၅ မျိုးသော တိုင်းရင်းသား လူမျိုးစုများ စာရင်း ထဲမှာ ပါဝင် ကြောင်း မှတ်သားရပါသည်။ မရူ=Mru တို့ မှာ မြို (မရို)=Mro နှင့် မူရောင်= Murong ဟုလည်း ခေါ်တွင်၏။ ချတ်ကမာ (Chakmas ) နှင့် မရမ္မာ=Marmas (မြန်မာတို့) က သူတို့ကို လင်ဂ်တာ(Lengta), ကူကီ(Kuki ) သို့မဟုတ် လင်ေ၈ျး ( Langye) သို့မဟုတ် ရှေးဟောင်း လူရိုင်းများ ဟုခေါ်ကြပါသည်။ မြေပြန့်သားများကမူ မူရောင် များ= Murongs ဟူ ၍ ခေါ်ကြ ပါသည်။ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက် ကို ရှုပါ။
Mru are also Known as Mro and Murong. Chakmas and Marmas call them Lengta, Kuki or Langye or wild/primitive people while some people of the plains designate them as Murongs.(Ref: SAIFEE p3)
မြို ၊ မရူ သည် အယူသီး ရှေးကျလှသော အယူအဆများကို ကိုင် စွဲထားကြ သည့် အတွက် လွန်စွာမှ ပင် ခေတ်နောက်ကျ ကျန်ခဲ့ကြပါသည်။ အင်တာနက် တွင် တွေ့ ရသော ဘင်္ဂလာ ဒေ့ရှ် နိုင်ငံ သုတေသီများ ၏ သုတေသနစာတန်း အရ စစ်တကောင်း တောင်ကြား (Chittagong Hill Tracks= SHT) တွင် မရူ လူဦးရေ မှာ ၁၉၅၆ က ၁၇၀၀၀ နှင့် ၁၉၈၁ တွင် ၂၀၀၀၀ မျှသာ ရှိသည် ဆို၏။
The Mru population in Chittagong Hill Tracts in 1956 was 17000 and in 1981, it stood at 20,000.
သူတို့ ၏ ဓလေ့ထုံးစံမှာ အဖေသည် အိမ်ထောင်ဦးစီးဖြစ်သော်လည်း၊ အမျိုးသမီးများ (အမေ၊ အဒေါ် တို့ကို ဆိုလို ဟန်ရှိ၏) မှာ အရေးပါသည့်နေရာ က ပါဝင်သည် ဆို၏။ အမွေခွဲဝေရာတွင်မူ အငယ်ဆုံးသားကို အများဆုံးပေး၏။ အငယ်ဆုံးသား သည် မိဘများ အသက်ကြီး အိုမင်းမစွမ်း ဖြစ်ချိန်အထိ အတူတကွ နေထိုင် ရသည်။ ဤ ဓလေ့ထုံးစံမှာ မြို မိသားစု စနစ် ၏ မူလဘူတ အခြေခံ ဖြစ်၏။ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက် ကို ရှုပါ။
The Mro society is patriarchal. Although the father is the head of the family, women play a dominant role in social life. The property goes from father to son but the lion's share is given to the youngest son. In old age, father and mother live with him. Elementary and joint family system are prevalent in the Mro society.
စိတ်ဝင်စား စရာ အလွန်ကောင်းပါသည်။ ဤ ဓလေ့ထုံးစံမှာ တကောင်း အဘိရာဇာ ခေတ်က ရှေးဗမာ (မြန်မာ) တို့၏ ဓလေ့ထုံးစံ နှင့် တထပ်တည်း၊ တသဘောတည်း ဖြစ်၏။ အောက်ဖေါ်ပြပါ ကောက်နှုတ်ချက် ကို ရှုပါ။ တော်စိန်ကို (Taw Sein Ko) မှတ်တမ်းပြုခဲ့ခြင်းမှာ၊
အဘိရာဇာ ကွယ်လွန်သည့်အခါ သားအငယ်ဖြစ်တဲ့ ကံရာဇာငယ်က တိုင်းပြည်ထီးနန်းကို အမွေ ဆက်ခံ ခဲ့ရ ပါသည်။ သားကြီးဖြစ်တဲ့ ကံရာဇာ ကြီးက မူ ချင်းတွင်းမြစ်ဝှမ်း ဒေသ သို့ သူရဲ့နောက်လိုက် နောက်ပါ များနှင့် ထွက်ခွါသွားပြီး၊ တထီးတနန်း တနိုင်ငံ ထူထောင် ခဲ့သည်၊။ သူ့သား မူဒူချိတာ (မူရူချိတာ ဖြစ်မည်ထင်ပါသည်) ကို နန်းတင်ခဲ့သည် ဟုဆိုပါ သည်။
Abhiraja is stated to have founded Tagaung in the ninth century B. C. He was an Aryan Prince from Northern India, but the course of his migration is not set forth. On his death, the crown was bequeathed to Kanrajange, the younger of his two sons; while the elder Kanrajagyi, moved to the Chindwin valley, established his son, Muducitta, as king at Kale, and, crossing over to Kyaukpadaung, became the first ruler of the Arakanese, who thereby claim to be the elder branch of the race. {Taw Sein Ko (1913) p;17 }
ဤသမိုင်း အထောက်အထား များကို အခြေခံ ၍၊ ဗမာ (ဝါ) မြန်မာ (ဝါ) မရမ္မာ=Marmas (မြန်မာတို့) သည် မြို (မရို)=Mro ၊ မရူ=Mru ၊ မူရောင်= Murong နှင့် ဇာတိမျိုးရိုး အတူတူပင် ဖြစ်သည်ဟု ဆိုနိုင် ပေသည်။ တနည်း အထက် အဆိုပါ လူမျိုးစုများ မှာ လူမျိုး တမျိုး တည်း ဖြစ်၏။ “သက်”=Sak=Saka=Sakyan=Sythian=Parthian လူမျိုးက မွေးဖွား ဆင်းသက် ခဲ့ခြင်းဖြစ်ပါသည်
မှီငြမ်းကိုးကားစာအုပ်များ
မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ၁၉၉၁
မြန်မာစာအဖွဲ့၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ ၁၉၇၈
မြန်မာစာလုံးပေါင်သတ်ပုံကျမ်းများ
မဟာပညာကျော်လျှေက်ထုံး
ဘိုးရာဇာလျှောက်ထုံး
မှော်ဘီဆရာသိန်း၊ ပါးစပ်ရာဇဝင်
ဦဘသန်း၊ မြန်မာရာဇဝင်
ဦးကြည်၊ မြန်မာရာဇဝင်သိအပ်ဖွယ်ရာအဖြာဖြာ
ဒေါက်တာထင်အောင်၊ ညောင်ရမ်းအလွန် အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးသမိုင်း
ဦးကုလားရာဇဝင်
မှန်နန်းရာဇဝင်
တက္ကသိုလ်စာပေးစာယူပို့ချချက် (မြန်မာစာ) နောက်ဆုံးနှစ်
ကလျာမဂ္ဂဇင်း(၈/၉၄)
ဦးရာဇ်မြေမဂ္ဂဇင်း၊ အမှတ် (၃)
ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း
ဒေါက်တာသန်းထွန်း၊ အသစ်မြင်ဗမာ့သမိုင်း
ဦးထွန်းရွှေခိုင်၊ ရခိုင်မဟာမုနိ ဘုရားသမိုင်း
မန္တလေးမဟာမြတ်မုနိဘုရားသမိုင်း (မန်းရာပြည့်)
ဦးသာထွန်းအောင်၊ ရခိုင်မဟာရာဇဝင်တော်ကြီး
ဦးဖေမောင်တင်၊ မြန်မာဝတ္ထုအစနှင့် သုတေသနစာတမ်းများ
ဦးညွန့်ဟန်၊ ဝေသာလီမြို့ဟောင်းလေ့လာချက် (၁၉၈၆) ရှေးဟောင်းသုတေသနဦးစီးဌာန
ဇေယျ၊ မှတ်တမ်း၌ ဗမာ့အရေးအခင်းများ
မြောက်ဦးလမ်းညွှန်
မြန်မာ့စွယ်စုံကျမ်း (အမှတ် ၁/၉)
မြန်မာနိုင်ငံသုတေသနဂျာနယ် (၁၂/၅၉)၊ ၄၂ (၂)၊ (၁၂/၇၈)၊ ၅၃(၃)
ဦးသိန်းမောင်၊ စစ်သူကြီးမဟာဗန္ဓုလ
ကျဉ်းကန်ရှင်ကြီး၊ စွယ်စုံကျော်ထင်ကျမ်း
မြန်မာမင်းလွတ်တော်သုံးသတ်ပုံကျမ်း၊ စာစဉ်(၁)
ကျော်အောင်စံထား၊ ဝေါဟာရရတ္ထပကာသနီ
ဦးတင်ဧ၊ ဝဏ္ဏဘောဓနသတ်အင်း
ဦးကျော်ထွန်း၊ ကဝိမျက်မှန်သတ်ပုံကျမ်း
ဦးသာမြတ်၊ မြန်မာစာရေးထုံးကျမ်း
ဦးဝန်၊ တက္ကသိုလ်သတ်ညွှန်းကျမ်း
ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့
ဒုတိယနဝဒေး၊ ရခိုင်နိုင်မော်ကွန်း
ရှင်မြတ်ခေါင်၊ သခင်ကြီးဧချင်း
ရှင်မဂ္ဂသမာဓိ၊ နေမိဘုံခန်းပျို့
ရှင်အုန်းညို၊ ဂါထာခြောက်ဆယ်ပျို့
နဝဒေးကြီး၊ မနော်ဟာရီပျို့
မြန်မာအဘိဓာန်ဝေါဟာရများ၊ အတွဲ (၃)
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်/ချင်း)
သခင်ကိုယ်တော်မှိုင်း၊ သခင်ဋိကာ
ဦးပဏ္ဍိတ၊ ရမ်းဗြဲ တောင်ကျောင်းဆရာတော်၊ ဓညဝတီရာဇဝင်သစ်
ဦးအောင်သာဦး၊ ရခိုင်ရာဇဝင်
မြဝတီမဂ္ဂဇင်း (၄/၆၇)
အရှင်စက္ကိန္ဒ၊ ရခိုင်ယဉ်ကျေးမှုများ
ပီယမာန်အောင်၊ ရခိုင်သာစွလေ
အရှင်ကေသရ၊ မာရယုနှင့် ဗေဒါရာဇဝင်ရှင်းတမ်း
ဗန်းမော်တင်အောင်၊ ပုဂံရွှေပြည်
မင်းတပ်ဘူနိန်၊ ချင်းတောင်သမိုင်း
မောင်စာခေါင် “မြိုဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်” ရန်ကုန်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့အတွက်တင်သွင်းသောကျမ်း (၁၉၉၁)
ရခိုင်မင်းသမီးဧချင်း (အဒုမင်းညို)
တပ်မတော်သမိုင်း (ဒု) တွဲ
တိုင်းကျိုးပြရပ်ပြုမှတ်တမ်း (ပ/ဒု) တွဲ
စွယ်စုံနှစ်ချုပ် (၁၉၉၃)
- ကေသာရ ၊ ဗေဒါရှင်းတမ်း၊ စာ-၂၀၊ ၂၂
2- ယင်း ၊ စာ-၂၃၊ ၂၄
3- အဒူမင်းညို၊ ရခိုင်မင်းသမီး ဧချင်း ၊ စာ-၁၈
4- စာခေါင်၊ မြိုဘာသာစကား၊ စာ-၂၅
5- မာရယုနှင့် ဗေဒါရှင်းတမ်း၌ “မာရယု” ဟု အမည်မှည့်ပုံ မပါ။ “ဓညဝတီ ရာဇဝင်သစ်” ၌မူ ဣန္ဒမာယုနတ်မတွင် ဖွားမြင်သောကြောင့် နတ်တို့ပူးဝင်၍ ပြောသဖြင့် “မာရယု” ဟုအမည်မှည့်ကြောင်း ဖော်ပြသည်။ “ရက္ခပူရ ကြေးမုံကျမ်း” စာအုပ်တွင် ဣန္ဒမာယု သကျအမျိုးသမီးမှ ဖွားမြင်သော သားဖြစ်သောကြောင့် (မာရယု) ဟူသော အမည်ကို မှည့်ခေါ်ကြလေကုန်၏ဟု ဖော်ပြထားသည်။ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ရွာမှ ဦးအင်္ဂါအောင် ပြောပြချက်အရမှု မရာ-သောင်၊ ယု-ခေါင်၊ သောင်စပ်ချုံတွင် ကောက်ရသဖြင့် အထိမ်းအမှတ်အဖြစ် ခေါင်ဖွင့်၍ သောက်ကြရသည်ကို အစွဲပြု၍ “မာရယု” ဟူ၍ “မြို” ထုံးစံနှင့်အညီ အမည်မှည့်သည်ဟု ဆိုပါသည်။ မရာ-သောင်၊ ယု-ခေါင် (သို့) ခေါင်ရည်
6- (က) ကေသာရ၊ ဗေဒါရှင်းတမ်း၊ စာ-၁၁-၁၄
(ခ)ဓညဝတီ ဦအောင်ဇေယျ (မြောက်ဦး)၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၅၁
7- (က) ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ ရန်ကုန်၊ သိဒ္ဓိမြိုင်စာပေ၊ ၁၉၈၅၊ စာ-၂၇
(ခ) ညိုမြ၊ ကုန်ဘောင်ရှာပုံတော်၊ စာ-၁၅၉
(ဂ) San Shwe Bu, A Brief Note on the old capitals of Arakan, p.3
8- အဒူမင်းညို၊ ရခိုင်မင်းသမီ ဧချင်း၊ စာ-၁၈
9- လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း စာတမ်းတွင် တင်းမ၊ တောင်ဘွေဒေသဟု ဖော်ပြပါသည်။ တင်းမ ဘုရင်အောင်လာဟုလည်း ဖော်ပြပါသည်။ စာ-၂၈
10- ညဏ၊ ဓညဝတီသစ်၊ စာ- ၄၁-၄၇
11- (က) မှန်နန်းရာဇဝင်တော်ကြီး၊ ပထမတွဲ၊ မျိုးချစ်စိတ်ဓါတ် ထက်သန်ရေး ပညာပြန့်ပွါး လှုံ့ဆော်ရေးအဖွဲ့၏ စာနယ်ဇင်းအဖွဲ့၊ ပထမအကြိမ်၊ ရန်ကုန်၊ ၂၀၀၃၊ စာ-၁၅၄၊ ၁၅၅
(ခ) ဓညဝတီ ဦးအောင်ဇေယျ၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၆၁
12- (က) ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၂၉
(ခ) အချို့ကမူ ကျောက်ပန်းတောင်းနှင့် နီလာပန်းတောင်းမှာ တူဟန် ယူဆကြ သည်။ ဒေသခံ “မြို” လူမျိုးများက အဖိုတောင်နှင့် အမတောင် ဟု ခေါ်စမှတ်ပြုကြသည်။
အပိုင်းလေးတွေ ထားဝယ် ရခိုင် အကြောင်း ဖော့်ပြပေးပါမည်

မြုံတွေ မြို တွေ မြူ တွေ မြန်တွေ အကြောင်း ဖော်ပြပြီးခဲ့ပါပြီ ထိုလူမျိုးသည် ထားဝယ်
နှင့် အနည်းငယ်မျ စပ်ဆိုင်ခြင်း မရှိသည်ကိုလည်း မြင်သာပြီးသား ဖြစ်ကြပေလိမ့်မည်
ယခု ရခိုင်ကနေ ထားဝယ်ဖြစ်လာသည် ဟူသော အဆို ကို ဟုတ်သည် မဟုတ်သည်
ကြည့်မြင်နိုင်ပါရန် သမိုင်းအထောက်အထားများ အရ တင်ပြပေးပါမည်
ရခိုင်မှ ထားဝယ် ဖြစ်လာတယ်လို့ ပြောကြတဲ့ မူလ အစ ကို လေ့လာကြည့်တဲ့ အခါ ၁၉၃၂ ခုနှစ် ထုတ် အရေးတော်ပုံ ငါးစောင်တွဲ စာအုပ် စာမျက်နှာ ၈၄ မှာပါတဲ့ ဓည၀တီ အရေးတော်ပုံ အခန်း ၄၈ မှာ ရေးထားတာက
တရံရောအခါ ထားဝယ်သား အာလောတက်ညွန့်သည် လူပေါင်း ကျားမ တစ်ထောင်နဲ့ ၀င်ရောက်လာတဲ့ အခါ အမတ်ကြီး မဟာပညာကျော် လျောက်သည်မူကား အရှင်မင်း
မြတ် တက်ညွှန့်တို့သည် ရှေးဘေးတော် မင်းများလက်ထက် မရိပ်မခေါင်းနေ မြုံ ကိုးခေါင်းသား တို့ ငြိမ်သက်စွာ မနေ တမြို့ တရွာကိုသာတိုက်ဖျက် အစဉ်ပြုကျင့်ဆိုး
သွမ်းသောကြောင့် ထိုအရပ် ကသင်းတို့ကို သိမ်းခေါ်ကာ ဘီတော်ဒေသရာဇာမင်းက
မြန်အောင်ကျွန်းတွင် ချထားတော်မူရာ တစ်နှစ်ခန့်ရှိသော် ထွက်သွားတော်မူပြီး ပဲခူးနှင့် ယိုးဒယား နှစ်ပြည်အကြားတွင် နေလေရာ မြို့ကို ထားဝယ်တွင်လေ၏
ဒီအတိုင်းလျောက်ထားတာ တွေ့တယ် နောက်ဆက်ပြီး လျောက်ပုံကို ကြည့်ပါဦး
ယင်းသို့ ဇာတိရင်းပမာသော်ကား တောတွင် ကြီးသော သတ္တ၀ါတို့ကို လူတို့ယူပြီးမွေး ထားလေသော် တပါးသော အကောင်ဖြစ်လျှင် ယဉ်ကျေးပျော်ပိုက်ကြသည်ပင်
တောကြက်မျိုးသည် လုံစွာထားတတ်မှ နေပါသည် မလုံလွတ်ချေမူ မိမိတောသို့ သွား လေသည် ထိုအတူ့ မြုံဓားဝယ် ဗသျှူး လေးထူး ချင်း လင်းကဲ ကချင် အမျိုးသား တို့သည်လည်း တောကြက်နှင့်တူပါသည် တဲ့ တိန် လုပ်ပုံက အဲလိုလာတယ်
ဆက်ကြည့်ပါဦး
တိုက်ယူလုယက် စားသောက်မပြု ရသော် အရှည်နေမည့် လူမျိုး မဟုတ်ပါ သင်းတို့ စိတ်ကြိုက် လုယက်တိုက်ဖျက် နေရမှသလျင် ပျော်ပိုက် ရှည်ကြမည့် လူမျိုးဖြစ်ပါသည်
လူရှိသော မြို့ရွာ အနီးအပါးချထားချေမူ သင်းတို့ သွေးဆောင်ရာပါသွားချေပြီး လူဆိုး ကြောင့် လူကောင်းပျက်တတ်ပါသည် တယ်ဆိုတဲ့ မဟာပညာကျော် ခုချိန် ရှိနေလို့ကတော့ နရင်း နှစ်ချက်လောက် ဖြတ်တီးပစ်လိုက်မှာ ဆက်ကြည့်ဦး
သင်းတို့ချည်း တစ်စုတည်း အုန်းကျွန်း(ကပလီကျွန်း)မှာ ချထားပြီး အုန်းသီး အခွန်နှစ် စဉ် ဆက်သွင်းစေရမည်ဟု လျောက်ထားလေသော် ပြည့်ရှင်မင်းလဲ ကြိုက်တော်မူပြီး
မြုံ ထားဝယ်တို့ကို အုန်းကျွန်းမှာ ချထားလေ၏ တစ်နှစ်ခန့်ကြာသော် ၄င်းတို့ လူစု အုန်းကျွန်းမှထွက်သွားပြန်လေ၏တဲ့
မဟာပညာကျော်က အဲသလိုလျောက်ထားတယ်
နောက်တစ်ခါ ၁၉၆၄ ထုတ် စာ ၂၄ မှာ သားတော်အလတ် သံတောင်စား (တပင်ရွှေထီး၏ သားတော်လဲ ဖြစ်နိုင်)ုအပြစ်ရှိသဖြင့် မြုံတို့နေရပ်ကို ပို့ထားသည် မြုံတို့ အရပ်မှာ မရိမ်ချောင်းညာ ဝေလာတောင် ဖြစ်သည် နောက် မြုံ ကိုးခေါင်းသားတို့ မငြိမ်မ ဆက်ဖြစ်လို့ မန်အောင်ကျွန်းကိုပို့ထားတ.် ထိုမှထွက်ခွာပြီး ပဲခူး ယိုးဒယား နှစ်ပြည်ကြား ထားဝယ်မှာနေကြသည် မြုံကို ထားဝယ်တွင်သည် (၁၉၆၂-၆၄)မဟာပညာကျော်
အဲလိုတွေ ရေးလာတာ တွေ့ရတယ် ထားဝယ် ဘုရားသမိုင်းအချို့က ဦးမောင်ကြီး မဟာပညာကျော်နောက် သံယောင်လိုက်ရေးထားတဲ့ စာအချိ့ စာရှည်နေမှာ စိုးလို့ မဖော်ပြတော့ဘူး အကျဉ်းလောက်စီ သိသာရုံလောက် ဖော်ပြသွားပေးပါမယ် လက်ညောင်းနေပြီ

ကဲ မဟာပညာကျော် ကနေ ပြန်ဆက်ရအောင် မဟာပညာကျော်ဆိုတာ ဘယ်သူလဲ သိရမယ်
မဟာပညာကျော်ဆိုတာ ရခိုင်ဘုရင် မင်းဖလောင်း လက်ထက်က အမတ် ပညာရှိကြီးပေါ့ နာမည်ကိုက မဟာပညာကျော် ဆိုလေသကိုး ဘယ်လောက်ထိများ
ပညာတွေ ကျော်သွားသလဲ ဆိုရင် ရှေ့မှာ ဝိသေသ အဖြစ်နဲ့ မဟာတောင်တပ်ပြီး ကျော်တာ ကျော်တယ် ဆိုတာ တော်လို့တော့ မဖြစ်တန်ရာဘူး ကျော်ခွသွားတာပဲ ဖြစ်ရ မယ် လို့ သူ့အရေးအသား တွေကို လေ့လာပြီး မှတ်ချက် ပေးလိုက်တယ်
ပုံ
အကုသိုလ်
မဟာပညာကျော် ဆိုတဲ့ အမတ်က ခေသူတော့ မဟုတ်ဘူး
မင်းသုံးဆက် တိုင်တိုင် အမတ်လုပ်ခဲ့တာ ဘယ်မင်းတွေလဲ
ဆိုရင်
မင်းဖလောင်း (၁၅၇၂-၁၅၉၃)
မင်းရာဇာကြီး (၁၅၉၃-၁၆၁၂)
မင်းခမောင်း (၁၆၁၂-၁၆၂၂)
ဒီမင်းသုံးဆက် အမှုထမ်းခဲ့တာ ခုနှစ်တွေအရ မဟာပညာကျော် ရေးခဲ့တာ (၁၆-၁၇) ရာစုလောက်မှာ ရေးတာပေါ့
ရေးစရာရှိ ကိုယ့်လူမျိုး ကိုယ့်ဟာကိုယ် ရေးပါတော့လား
အခုက ဘာလဲ မဆီမဆိုင် သိလဲမသိဘဲနဲ့ အာရွှီး ထည့်တာ
ဘာတဲ့ မြုံဓါးဝယ် တွေ ချင်းတွေ ဗသျူး တွေက လုယက် စားသောက်ရမှ ပျော်တဲ့ အမျိုး ဆိုပဲ တော်လိုက်တဲ့ ပညာရှိ
အကုသိုလ် နရင်းတီးချင်တယ် ပြောတာ အဲဒါ ဘာ အထောက်အထားနဲ့ သူက ထားဝယ်လူမျိုး ကို သူခိုးဂျပိုး ပုံစံ ရောက်အောင် ရေးခဲ့ပြောခဲ့တာတဲ့လဲ မဟာပညာကျော် ဆိုတာ ခွေးမျိုးလို့ ပြောရင် ဘယ်သူက ခံချင်ပါ့မလဲ မခံချင် မှန်းသိလို့ အကုသိုလ် မပြောပါဘူး အထောက်အထားရှိသ လားဆို မရှိဘူး အဲသလို ရေးချင်ရာလိုက်ရေးတဲ့ ပညာရှိ အမတ် လုပ်နေမှတော့ ……ဒါကြောင့် ပြောတာ ပညာ တွေ ကျော်ခွသွားတာ ဖြစ်မယ် လို့ လေ
အဲဒီ မဟာပညာကျော် အရေးအသားကိုမှီပြီး ရခိုင်တွေက ထားဝယ်ဆိုတာ ရခိုင်ကနေ လာတာ ဆိုပြီး ပြောတာ ဘယ်
အထောက်အထားနဲ့ လာပြောပြော အကုသိုလ် ရှင်းနိုင် တယ် ရခိုင်တွေအနေနဲ့လည်း ဒီအချက်ကို ပြန်စဉ်းစား သင့်တယ် ဟုတ်တယ် မဟုတ်ဘူးဆိုတာ
ထားဝယ် သမိုင်းချုပ်မှာ ပါတာ နဲနဲပြပေးမယ်
ရန္တပိုမင်းသည် မူလနေထိုင်သူ ထားဝယ်ပေါင်း သုံးထောင် ကျော် အင်အားနှင့် ရခိုင်မှ ပါလာသော မြုံကိုးခေါင်းသား တို့ ကို ဖြိုဖျက်နှိမ်နှင်း၍ အောင်မြင်မှ မြို့စတည်သည် ဒါက ရှင်ဓါတ်ဝဲ ဘုရားသမိုင်းက စာ
ထားဝယ် သမိုင်းချုပ်မှာပါတာက
အာလောတက်ညွှန့် ဆိုသူကိုဗိုလ်မှူးခန့်လျှက် ထားဝယ်သို့ ပြောင်းလာသည်
နောက် ရှင်ဓါတ်ဝဲ သမိုင်းမှာ မြုံးကိုးခေါင်းသားတို့ကို ဖြိုဖျက် နှိမ်နှင်းရာ အောင်မြင်သောကြောင့် မြို့တည်တယ်တဲ့
ထားဝယ်ရာဇဝင်ချုပ်မှာ ပြတာ
ရန်သူဖြစ်သော ရှမ်း(ယိုးဒယား) တလိုင်း တို့ကို စွမ်းရည် သတ္တိရှိသောကြောင့် ဆိုပြီးပြတယ်
အခုပြောနေတဲ့ ထားဝယ်ချုပ်ရော ရှင်ဓါတ်ဝဲ သမိုင်းရော ရေးသူက ဦးမောင်ကြီးဆိုတဲ့သူ တစ်ဦးတည်း ရေးတယ်
ထုတ်ဝေတာ စာအုပ်နှစ်အုပ် ငါးလပဲ ကွာတယ် ဆန္ဒစော လွန်းတယ် လို့ပဲ မှတ်ချက်ပြုပါမယ်
အပေါ်က နှစ်ခုကို ကြည့်တဲ့အခါမှ ရှင်ဓါတ်ဝဲ သမိုင်းမှာ ဦးမောင်ကြီး အနေနဲ့ မဟာပညာကျော်နောက် သံယောင် လိုက် ရေးထားတာ နောက်ထုတ်တဲ့စာအုပ်မှ ဖြစ်နိုင်ချေ ကို ပြန်ပြင်ရေးထားတဲ့ သဘောရှိတယ် ဘာကြောင့်ဒီလို ပြော ရသလဲ ဆိုရင် ထားဝယ်ဆိုတာ ရှမ်းနဲ့ တလိုင်းကြားညှပ်နေ တဲ့ ဒေသဖြစ်တာ နောက် အဆက်ဆက်ကာလတွေမှာ ရှမ်း အောက်ရောက်လိုက် မွန်အောက်ကျလိုက် နေလာခဲ့တာက ခပ်များများ အရှေ့ဘက်က ယိုးဒယား မြောက်ဘက်က တလိုင်း တောင်ဘက်က မာလာယု(မလေးရှား) အင်အား ကြီးတွေကြား သုံးဖက်ညှပ်နေတဲ့ ဒေသလေး ဆိုတော့ ချင့် တွေးယူပေါ့ဗျာ ဘယ်ဟာတော်မလဲ လို့ အဟဲ ဒါက ပထဝီ ကြောင်းအရပဲ ပြောသေးတာနော် မဟာပညာကျော် ကို ခဏထားထားသေးတယ် မဟုတ်ရင် သူ့ချည်း ဆော်နေ
တယ် ဖြစ်မှာစိုးလို့
ဒီတော့ မဟာပညာကျော် ခဏထား ထားဝယ် ဆိုတဲ့ မူရင်း လူတွေက ဘယ်ချိန် ဘယ်ကာလက ရှိနေတာလဲ ဆိုတဲ့ အချက်က မေးစရာဖြစ်လာတယ်ပေါ့ မေးစရာဆိုတော့ မေး တယ် မေးတော့ဖြေတယ်
ဘယ်ချိန်ကတည်းက ဆိုတာ အမှန်ပြောရရင် အကုသိုလ် လဲ အစကိုမသိ မသိဆို ကျောက်ခေတ်က အကုသိုလ် မှ မရှိတာလေနော် အဲတော့ ဆရာ့ဆရာကြီးတွေကို ဟယ်ပါ ခေါ်လိုက်မယ် အပ်ချလောင်း လာလေရော့ လဟယ်……
တကယ်က လဟယ် မဟုတ်ဘူး ခေါ်လိုက်တာ ဒေါက်တာ သန်းထွန်း ကို ခေါ်တာ လဟယ်လို့ပဲ မှတ်ထားလိုက်
ခုလောလောဆယ် ဒေါက်တာ မအားသေးဘူးတဲ့ 

ဒေါက်တာသန်းထွန်း မအားသေးလို့ ခဏဆိုင်းထားဦးမယ် ဒီတော့ မဟာပညာကျော်ဆီ ပြန်ရောက်လာပြီ အစက ပထ၀ီကြောင်းအရ ပြောထားတယ် အခု ခောတ်ပြိုင် အနေနဲ့ ချိန်ထိုး ပြောပေးပါမယ်
မဟာပညာကျော်က မင်းဖလောင်း ဆီမှာ ခစားချိန်
မြန်မာဘုရင် ဘုရင့်နောင် ကျော်ထင် အနော်ရထာ တို့က ခောတ်ပြိုင် ပေါ့
ကောဇာသက္ကရာဇ် အားဖြင့် ၉၀၀ ကျော်
အဲဒီအချိန်မှာ အုန်းကျွန်းခေါ် ကပ်ပလီ ကျွန်းကနေ အာလောတက်ညွန့်တို့ လူစု ထားဝယ် ဒေသကို လာတယ်ပဲ ထားပါဦးစို့ ခဏထားမယ် လာတယ်ပေါ့ဗျာ
ထားဝယ် ဒေသက ဘုရင့်နောင် ပိုင်နက် ဖြစ်နေတာက တစ်ကြောင်း
အဲချိန်မှာ ထားဝယ်ဒေသမှာထားဝယ်တွေ ထီးနန်းနဲ့ အဆက်ဆက် တည်ထောင်ပြီး ဖြစ်နေတာက တကြောင်း ဒီနှစ်ချက်နဲ့ တင် ယုတ္တိမရှိ မဟာပညာကျော်
ပြောတာ ပျက်ပျယ်ပါပြီ
နောက်တစ်ချက် ဘီတော်ဒသရာဇာခေတ်ဆိုရင်လည်း
ကောဇာနှစ် ၇၀၀ ကျော်ဖြစ်လေတော့ အင်းဝခောတ်ပေါ့
ခေတ်ပြိုင်အားဖြင့် မြန်မာမင်း မင်းကြီးစွာစော်ကဲနဲ့အပြိုင်
မွန်တွေဘက်ကြည့်ရင် ပဲခူးမွန်ဘုရင် ဗညားဦးနဲ့ခောတ်ပြိုင်
အဲဒီအချိန်မှာ ထားဝယ်ဒေသက မွန်လက်အောက် ရောက်နေပါတယ်
ဒါကြောင့် မန်အောင်ကျွန်းမှ မြုံကိုးခေါင်းသားတို့ ယိုးဒယားနဲ့ ပဲခူးအကြားနေလာရာ
မြုံကို ထားဝယ်တွင်၏ ဆိုလေတော့ အဲဒီအချိန် မတိုင်ခင်ကတည်းက ထားဝယ်ဒေသ မှာ ထားဝယ်လူမျိုး တွေ ရှိပြီးသားဖြစ်နေတာကြောင့် ပျက်ပျယ်ပြီပေါ့ ယုတ္တိမရှိဘူး
ကျောက်ခောတ်ကိုခဏထား ပုဂံကပဲ စလိုက်ရအောင် ပုဂံအနော်အရထာမင်း လက်ထာက် ကောဇာနှစ် ၄၀၀ ကျော် လောက်ကတည်းက ထားဝယ်ဒေသမှာ ထားဝယ် တွေ ရှိပြီးဖြစ်နေတာကို အုတ်ခွက်ဘုရားတွေ အခြားအထောက်အထားတွေ တန်းစီနေတာ တွေ့ရှိထားတာ
ဒီတော့ မဟာပညာကျော်ပြောတဲ့ ရခိုင်ကနေ ထားဝယ် ဆင်းသက်လာပါတယ် ဆိုတဲ့ စကား ရူးနှမ်းလို့ ပြောတာများလားလို့ မေးရမလိုလို ဆက်ကြည့်ပါဦး


ဒီအပိုင်းမှာ သုတေသနနည်းနဲ့ ရေးပြီး ချုပ်ပေးလိုက်ပါမယ်
အကုသိုလ် ရေးသမျှစာ ဘယ်စာဖြစ်ဖြစ် အကုန်တာဝန် ယူ ပါတယ် ထားဝယ်အရေးဇောင်းပေး ရေးတယ် ဆိုပေမယ့် လို့ အကုသိုလ် ဘက်လိုက်ရေးသားထားတဲ့ သဘောပါသွား တာမျိုး မရှိဘူးလို့ ကိုယ့်စာကိုယ် ယုံကြည်မှု အပြည့်ရှိပါ တယ်
အခု နဲနဲကျန်နေသေးတဲ့ အချက်လေး ဖြည့်ပေးပြီး အစ ကနေ ပြန်ချုပ်ပေးပါ့မယ် အကျယ်တဝင့် ပြောနေ လဲ မတူတာက မတူတာပဲ လာမှာပါ ဘယ်သူလာရှင်းရှင်း ရပါ တယ် အကုသိုလ်က စာကိုဝေဖန်ပြတာပါပဲ အလေး အနက် ရေးရင် အထိနာမှာ စိုးလို့ ပေါ့အောင် ဟာသဖောက်ထည့် ပေးလိုက်တာပါ
သမိုင်းပညာ ဆိုတာကကို အဲသလိုပဲ ဒေါက်တာ သန်းထွန်း ပြောသလို ပြောရရင် သူကို မေးလာတဲ့သူက ဒီလိုမေးတယ် ဟေ့ကောင် မင်းက အထက်ဆရာတွေကို ဒီလိုပဲ စော်ကား နေတော့မှာလား လို့မေးတော့ သူပြန်ဖြေတယ်
ဒါသမိုင်းပညာပါပဲတဲ့
သရော်သလိုရှိမယ် ရိသလို ငေါ့သလို နဲ့ တည့်တည့်ပြော တာ တွေ ပါမယ် ပညာသားပါပါနဲ့ နှိပ်ကွပ်တာတွေ ပါမယ်
ဘယ်သမိုင်းဆရာမှ လွတ်ကင်းတယ် မတွေ့ဖူးဘူး ဦးဖေမောင်တင်တို့ သြဝါဒ ပေးတော့လဲ ဒီအတိုင်းပဲလာ တယ် နောက်လူက ရှေ့လူထက်သာရမယ်တဲ့ မင်း အသစ်တွေ ထပ်တွေ့လာမယ် ထပ်ဖြည့်ရမယ်တဲ့ အရှင်း ဆုံးကတော့ မင်း ငါရေးတဲ့ အတိုင်း လိုက်ရေးနေသမျှတော့ ဒီPhd ဘွဲ့ တသက်လုံး မရဘူး ငါနဲ့ မတူအောင်ရေးရမယ် တဲ့ ဒီလောက်ဆို သမိုင်း ပညာဘယ်လို ဆိုတာ ပေါက်ရော ပေါ့
အခု ဒေါက်တာသန်းထွန်း ရောက်လာပါပြီ သူပြောမယ်တဲ့
မင်းလိုက်ရေး ဆိုလို့ အခု အကုသိုလ် သူပြောသမျှ ရေးပြ ပါမယ်
မူရင်း ထားဝယ်တွေ က ဘယ်သူတွေလဲ ?
ဘယ်တုန်းက ထားဝယ်လို့ ခေါ်တဲ့ ဒီနေရာကို ရောက်လာကြတာလဲ ?
ဒီနှစ်ချက်ကို အကုသိုလ်က မေးတယ်
သူပြန်ဖြေတယ် ဒီလိုရှိတယ် ကောင်လေးတဲ့
သက်ဦးကပ် နှစ်သန်းပေါင်း ၂၂၅ ကနေ ၆၀၀ အထိကာလ အတွင်းမှာ ဒီမြန်မာနိုင်ငံ လို့ ခေါ်တဲ့ မြေနေရာ အရှေ့ဘက် ပိုင်း ရှမ်း တနင်္သာရီဒေသတွေမှာ အချိန်တော်တော်များများ ပင်လယ်တိမ်တွေ ရှိခဲ့တယ်
သက်လယ်ကပ် နှစ်သန်းပေါင်း ၇၀ ကနေ ၂၂၅ အထိ ကာလတွင်းမှာ မြန်မာနိုင်ငံ ရဲ့ အရှေ့ပိုင်း ဟာ ကုန်းမြေ ဖြစ်စပြုပြီ အချို့နေရာတွေမှာ ပယ်လယ်ငယ်တွေ ဖုံးနေ သေးတယ်
သက်နှောင်းကပ် အစောပိုင်းမှာ ရှမ်း တနင်္သာရီဟာ ကုန်းမြင့် ဒေသ ဖြစ်နေပြီ တဲ့
နှစ်ပေါင်းဆိုတာ နှစ်သန်းပေါင်း ဘယ်လောက်ကို ဆိုလိုတာပါ
မြန်မာ့အကြိုသမိုင်း တက္ကသိုလ်ပညာပဒေသာစာစောင် အပိုင်း ၄ အတွဲ ၈ စာ ၉၇ မှာ ပြောတယ် နောက် ဒီနေရာ မှာပဲ တဆက်တည်း ဆက်ပြောတယ်
တနင်္သာရီ သဘော့ဆိပ် ကြိမ်ချောင်း ဆိုတဲ့နေရာမှာ ကျောက်လက်နက် အမြောက်အမြား တွေ့ရတယ် နှစ် ၄၀၀၀ က ပစ္စည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ် လို့ ဆက်ပြောသွားတယ်
ဒေါက်တာသန်းထွန်း ပြောသွားတဲ့အတိုင်းဆို နှစ်လေး ထောင်လောက်ကတည်းက ထားဝယ်ဒေသမှာ လူနေတာ ထင်ရှားပါတယ်
နောက် ၁၉၈၂ မှာ ထားဝယ်မြို့ မှာ ဆေးရုံကြီး တိုးချဲ့ ဆောက်တော့ ကျောက်ခေတ်နှောင်း လက်နက် တွေ ထပ်ရ ပြန်ပါတယ် ဒီဟာအရ အခု ထားဝယ်ဆိုတဲ့ မြို့ပေါ်မှာ လူနေ တယ်ဆိုတာ ငြင်းစရာ ရှိမယ် မထင်ပါဘူး
တနင်္သာရီဒေသ ထဲကို ဝင်ရောက်လာတဲ့ လူမျိုး အကြောင်း ပြောမယ် ဆိုရင် မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ လူမျိုး ကနေ ထုတ်ပြရမှာပါပဲ
မြန်မာနိုင်ငံထဲ ဦးစွာ ဝင်ရောက်လာတာ ဘယ်သူတွေလဲ ဆိုရင် ပညာရှင်တွေက နီဂရစ်တို လူမျိုးလို့ ယူဆကြတယ်
အခုအချိန် ဒီလူတွေ မြန်မာနိုင်ငံမှာ မရှိ တော့ဘူး တကျွန်းလို့ ခေါ်တဲ့ ကပ္ပလီကျွန်းမှာ နေထိုင်သူတွေဟာ နီဂရစ်တိုလူမျိုးတွေပါ
နောက် ဒုတိယ အနေနဲ့ ထပ်ဝင်လာ သူတွေက သြစထိုလိုက် အနွယ်တွေ သူတို့က ဆလုံတွေပါ
ဒီနေ့အထိ တနင်္သာရီတိုင်းမှာ နေဆဲပါပဲ
တတိယမြောက် ဝင်ရောက်လာသူတွေက ရှမ်း(ယိုးဒယား)
ထားဝယ် မွန် မြန်မာ တွေလို့ ဗိုလ်မှူးဘရှင် စစ်ရေးနိုင်ငံရေး နှင့် လူမှုရေးဆိုင်ရာ သမိုင်းစာတမ်းများ စာ ၃၀၁ မှာ ပြထား တယ် ဒီနေရာမှာ ဗိုလ်မှူးဘရှင်က ဒီလိုဆိုထားပေမယ့် ထပ် တွေ့ရှိချက်တွေအရ လူသားအစမြန်မာက လို့တောင် ဟစ် ကြွေးနေကြတာကြားမိကြမှာပါ ပုံတောင်ပုံညာ ပရိုင်းမိတ် တွေ နဲ့ကြည့်ရင် ဗိုလ်မှူးဘရှင် အဆိုဟာ ခိုင်လုံမှု မရှိတော့ ဘူးလို့ ဆိုရမှာပါပဲ
တိဗက်တိုဘာမင်း အနွယ် အုပ်စုဝင် အမျိုးမျိုးဟာ မြန်မာ နိုင်ငံထဲကို အနောက်မြောက် အရှေ့မြောက် ဘက် တွေ ကနေ ဝင်လာကြရာမှာ ထားဝယ် ဆိုတာ ရခိုင် တောင်ရိုး ဓနု အင်းသား ရဘိန်း ယော စသည်တို့နဲ့ အတူ အရှေ့ တိဗက်တိုဗားမင်း အုပ်စုတွေ ဖြစ်လို့ မြန်မာ အဆက် အနွယ် တွေပဲ ဖြစ်တယ်လို့ မြန်မာ သမိုင်းပညာရှင်တွေက
ဆိုကြတယ်
ဒီနေရာမှာ အပေါ်မှာပြောခဲ့တဲ့ ပရိုင်းမိတ် တွေ့ရှိချက်တွေ အရ မြန်မာပြည်ထဲမှာ လူတွေက ရှေးပဝေသဏီ ကတည်း က ရှိနေတာ ဘယ်ကမှ ဝင်လာတာ မဟုတ်ပါဘူး အခု နောက် ပိုင်း သမိုင်းပညာရှင် တွေကလဲ မြန်မာအစ မြန်မာ က လို့ လက်ခံ နေကြပြီ ဆိုတာထောက်ဆခြင်းအားဖြင့် ဗိုလ်မှူး ဘရှင် အဆိုပြုခဲ့တဲ့ အရှေ့မြောက်က ဝင်လာတဲ့ ခပ်လွယ်လွယ် မြန်မာအုပ်စုဝင်တွေလို့ပြောလိုက်ပါမယ် ဒီလူမျိုးတွေလဲ ဘယ်ကမှ ဝင်လာစရာ အကြောင်း မရှိပါ ဘူး ဒါက ရိုးရှင်းတဲ့ ယူဆချက်ပါပဲ
ထပ်ပြောရရင် မြန်မာ ဘယ်လိုနေတယ် မသိပါဘူး အခု မြန်မာအုပ်စုဝင်ဆိုတာတွေထဲက ယော နဲ့ထားဝယ် တစ်စု တည်း က ဆင်းလာတယ် လို့ ပြောမယ် ဆိုရင်လဲ တွေ့ရှိ ချက် အရ ပရိုင်းမိတ်တွေဟာ ယောနယ် မှာ တွေ့တာတွေ ဆိုတော့ ထားဝယ်တွေ ဟာ နဂိုကတည်းက မြန်မာနိုင်ငံ ထဲမှာပဲရှိတယ် လို့ အကုသိုလ် ဆိုပါမယ်
ဘာသာဗေဒနည်းအားဖြင့် လေ့လာမယ် ဆိုရင် မြန်မာနိုင်ငံ သား ၁၀ မှာ ၈ ဦးက မြန်မာ အစုဝင် စကား ပြောသူများ ဖြစ်ပါတယ် မြန်မာအစုဝင် စကားတွေ ဆိုတာ ဘာတွေလဲ
အများစု ပြောနေတဲ့ မြန်မာစကားများ
သံကွဲစကားများ
ရှေးဦးမြန်မာစကားများ (ပေါရာဏ)
ဒီသုံးမျိုး အကျဉ်းအားဖြင့် ရှိတယ်ပေါ့ဗျာ ဒီမှာ
မြန်မာစကားကိုပဲ အများဆုံးပြောတဲ့ နေရာက ချင်းတွင်းမြစ် ကနေ ဧရာဝတီမြစ်ဆုံရာတစ်ဝိုက် မန္တလေး ရွှေဘို စစ်ကိုင်း ပခုက္ကူ မြင်းခြံ ကျောက်ဆည် မိတ္ထီလာခရိုင် တွေပဲဖြစ်တယ်
အဲဒေသတွေကနေ ဝေးလေလေ မြန်မာစကားပြောသူ နဲလေလေ ပါပဲ ဒါပေမယ့် ရှေးကတည်းက မြန်မာစကား ပြောသူတွေက လူအများစု ဖြစ်တာကို တွေ့နိုင်တယ်
မြန်မာအလယ်ပိုင်းကနေ ပျံ့ထွက်သွားတဲ့ သံကွဲ မြန်မာစကား ပြောသူတွေက အနောက်ဘက်မှာဆို ရမ်းဗြဲ နဲ့ စစ်တွေခရိုင် (ရခိုင်စကား) ပခုက္ကူခရိုင် ထီးလင်းနဲ့ ဆောဒေသများ (တောင်ယော မြောက်ယော) ချင်းဝိသေသတိုင်း တောင်ပိုင်း ကုလားတန်မြစ်ရိုး တစ်လျှောက် ချောင်းသားစကား အရှေ့ပါကစ္စစတန် ( အနောက်ဘက် သားတို့ ပြောကြတဲ့ ရခိုင်စကား မြောက်ဘက်သားများ ပြောကြတဲ့ ချောင်းသားစကား) တောင်ဘက်မှာ ထားဝယ် မြိတ် တို့မှာ တွေ့နိုင်တယ်
ဒီအသံကွဲ ပြောသူတွေဟာ မြန်မာအလယ်ပိုင်း လူတို့နှင့် ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှု သိပ်ကွဲပြားခြားနား ကြသည် မဟုတ် မဆိုစလောက်လေးသာ ကွဲတယ်
အရှေ့ဘက် ရှမ်းကုန်းမြင့် အနောက်ဘက် စွန်းဘက်မှာ အသံကွဲ မြန်မာစကားပြောတိုင်းရင်းသားများ အနောက်စွန်း တလျောက်နေသူ ဓနုများ သူတို့ရဲ့ရှေ့ဘက်မှာ တောင်ရိုး အင်းလေးကန်တဝိုက် အင်းသားများ ဖြစ်ပါတယ်
အသံကွဲ မြန်မာစကားပြောသူတွေ ရခိုင် ဓနု တောင်ရိုး ထားဝယ် စသဖြင့် ပေါ့ စကားတွေက ခပ်ဆင်ဆင်ရှိတယ်
အချို့စာလုံးတွေ တူတယ် အချို့ကကျောက်စာပါ ရှေးမြန်မာ စကားလုံးများ အခြေခံတူကြတယ်
ဝေါဟာရတ္ထပကာသနီကျမ်းမှာ ဆိုတာကတော့ ထားဝယ် ဟူသော အမည်သည် မူလအားဖြင့် မြို့ ရွာ ဒေသ ၏ အမည် မဟုတ် လူမျိုး၏ အမည်သာ ဖြစ်သည်ဟု ဆိုပါ တယ် နောက်ဆက်ပြီး ထားဝယ်ဟူသည်ကား လူမျိုး အမည် ရေးဟူသည်ကား အရပ်အမည်သာ ဖြစ်သည် ဟု ဆိုထား ပါတယ် ဦးဖိုးလတ်ကတော့ ဒေသိယစကား ကနေ ဆက်ပြီး ဒေသကို စွဲပြီး ခေါ်တဲ့ အခေါ် လို့ ဆိုပါတယ် ဒါက ရှေ့တုန်း က ရှင်းထားပြီးသားမို့ မပြောတော့ပြီ
ထားဝယ်လို့ ဆိုလိုက်တာနဲ့ ထားဝယ်မြို့ တစ်ခုတည်းကို ခေါ်ဆိုခြင်း မဟုတ်ပေ ထားဝယ်ခရိုင်တစ်ခုလုံးကို ခေါ်ဆို ပေသည် ထားဝယ် သရက်ချောင်း လောင်းလုံး ရေဖြူ လေး မြို့နယ်ကို သိမ်းကြုံး ခေါ်သော အခေါ်ဖြစ်သည်
ထားဝယ်တိုင်းရင်းသားများ နေထိုင်ရာ ထားဝယ်ဒေသကို ရှေးက ဒူရက တိုင်းလို့ ခေါ်ပါတယ် ဒူရကတိုင်း လို့ ဘာ ကြောင့် ခေါ်သလဲဆိုရင် ဒူရကနတ်သားက ဘုရားရှင်ကို နတ်သစ်သီး တစ်မျိုး ဆက်ကပ်တာကနေ အဲဒီ အသီးကို ဒူရကသီး လို့ခေါ်ပါတယ် ဒီသစ်သီး ပေါ်ထွက်ရာ အရပ်ကို ဒူရကတိုင်းလို့ ခေါ်တယ် ဒူရကသီးကနေ အခု ဒူးရင်းသီး လို့ ဖြစ်လာတာပါပဲ ဝေါဟာရလီနတ္ထ ပကာသနီမှာ ဖော်ပြထား တာ က ဒူးရဉ်းသီးဟု ခေါ်ဝေါ် ရေးသားကြသည်မှာလည်း ဒူရကတိုင်း ဒါးဝယ်မြို့က ရောက်လာသောကြောင့် ဒုရဉ်းသီး ဟု ဝေါဟာရကွဲလွဲလေသည် လို့ ရေးထားပါတယ်
မြန်မာတောင်ပိုင်းစွန်း ဒေသ ထားဝယ်တို့ဌာနေ ကို ဒူရကတိုင်း ဟု ရှေးအမည်နာမ ခေါ်တွင်ခြင်းမှာ
ဒူရကတိုင်း = အဝေး၌တည်ရှိသော တိုင်းပြည် (ဗဟိုမှ)
ဘိုးတော်ဘုရားလက်ထက်က တိုင်းကြီး (၁၂) တိုင်း ဖွဲ့ရာ ရေး ထားဝယ် တနင်္သာရီ မြို့များရှိရာကို ဒူရက တိုင်း ဟု သတ်မှတ် ပိုင်းခြားခဲ့သည်
ဒူရကတိုင်း ခေါ် ထားဝယ် ဒေသ မှာ လူတွေ ရှေး နှစ်ပေါင်း ၄၀၀၀ လောက်ကတည်းက ရှိခဲ့ရာမှ ယဉ်ကျေးမှုသည်လဲ နနှစ်အလိုက် ခေတ်အလိုက် တိုးတက်လာခဲ့ပါတယ်
အောင်သာဝတီ အစ သာယာဝတီ အဆုံး (၁၆) ခုသော နန်းတည် မြို့များ ကို အစကနေကြည့်ရင်
အောင်သာဝတီအစ ဟာ ကောဇာနှစ် ၆၇ ခုမှာ နရုတီ မင်း နန်းစတည်ပါတယ် အဆုံးကတော့ မင်းနဲလှ အခု ထားဝယ် ပေါ့
ဒီနှစ်အစကိုကြည့်ခြင်းအားဖြင့် ဆိုလျင်ထားတော့ ရီစရာ အလွန်ကောင်းသွားပေလိမ့်မည် ပြောကောင်းရုံမျှ ဖြစ်တဲ့ ဟာတစ်ခုနဲ့ ယှဉ်ပြပေးပါ့မယ် မဟာပညာကျော် အရေး ဘယ်လောက်ဝေး သလဲ ဆိုတာ AD (1-2) ရာစု မှ အခု ထိတည်ရှိနေတဲ့ ရှိနေဆဲ ဘုရားများ ကိုကြည့်ခြင်း ဖြင့် ၁၆-၁၇ ရာစုလောက်မှ အမတ်လုပ်ပြီး စာရေးတဲ့ မဟာ
ပညာကျော် က ထားဝယ်ကို မြုံဓါးဝယ် ဆိုတာ လုပ်ထည့် တာကတော့ ထားဝယ် သမိုင်း လေ့လာဖူး ဖတ်မှတ်ဖူးဟန် မတူ ဟူ၍သာ ဆိုရပေတော့မည်
အပိုင်း (၈ ) ဆက်ရန်