ရှေးတရုတ်

ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (10)
*********************

ဆရာ နိုင်ခင်မောင်လေးက မိချဲန် အခန်းမှာ ဒီလို ပြောပါတယ်

Kun Lun ဆိုတာ တရုတ်တွေက မွန်တွေကို ခေါ် တဲ့ အမည် ဖြစ်တယ်လို့ ပြောတယ် Kun Lun ရဲ့ မြို့ တော်ဟာ မိချဲန် ဖြစ်တယ် မိချဲန်ကို လွန်တဲ့ အခါ Kun Lun ကို ရောက်တယ်တဲ့ အဲဒီမှာ Kun Lun လူမျိုး အနည်းငယ်နေတယ် Kun Lun ရဲ့ ဘုရင်ဟာ မီစင်ယွေ့ ဖြစ်တယ် Kun Lun က ဆက်သွားသော် လုယု သို့ ရောက်တယ်
လုယု ဟာ Kun Lun ဘုရင်ကြီး သရီဘဝန္တစိနရဲ့
ပိုင်နက်ဖြစ်တယ် လို့ ပြောထားပါတယ် လုယုက မြစ်ဝှမ်းလွင်ပြင် ဖြစ်ပြီး Kun Lun ထက် ကျယ် ပြန့်တယ် ကွန်လွန်ဘုရင်ရဲ့ နန်းတော်ကနေ နေ့ဝက် (1/2) ခရီး သွားရင် မာတီပို ခံတပ်ကို ရောက်တယ် မာတီပို ဆိုတာ မုတ္တမ ကို ပြောတာ လို့ ရေးထားတယ် ဒါ့အပြင် Kun Lun ကနေ ရေလမ်းနဲ့ သွားရင် ရှီပိုကိုလည်း ရောက်တယ် ရှီပို ဆိုတာ ဂျာဗားကျွန်းမှာ ရှိတဲ့ ဒေသ တစ်ခု ပါတဲ့

ဒီတစ်ပိုဒ်တည်းမှာပဲ ဆရာ ပြောတဲ့ အကြောင်းဟာ ရှေးနောက် မညီသလို ယုတ္တိလည်း မရှိ ထန်သမိုင်း သစ်မှာလည်း ထိုသို့ မပါပေ မြို့တော်က မိချဲန် ဖြစ် ပြီး နန်းစိုက်တာက Kun Lun မှာတဲ့ နောက် နေ တာကလဲ အနည်းငယ်ပဲ နေတယ် ဆိုတယ်
မြို့တော်မှာ နန်းမစိုက်ပဲ လူနည်းနည်းလေး နေတဲ့ နေရာမှာ နန်းစိုက်တယ် ဆိုတာ အတော် ပြောင် မြောက်တဲ့ လုပ်ရပ်ပါ မိချဲန် ကနေ လွန်ရင် Kun Lun ဆိုတော့ ဘယ်နေရာလဲ ဆိုတာ သိဖို့ လိုလာ တယ် ဖော်ပြမထားပါ နောက် လုယုမြစ်ဝှမ်းဒေသ ဆိုတာ ဆရာ ရည်ညွှန်းလိုတာ စစ်တောင်းမြစ်ဝှမ်း ဒေသကို ပြောလိုတာလား မသိပါဘူး ဖော်ပြမထား လို့ပါ ဒီဒေသကြီးကလည်း Kun Lun ထက် ကြီး တယ်တဲ့

ဒီတော့ မိချဲန်နဲ့ လုယုကြားက Kun Lun လူမျိုး နည်းနည်းလေးနေတဲ့ နိုင်ငံ သေးသေးလေးက မိချဲန်
ကိုလည်း ပိုင်တယ် လုယုကိုလဲ ပိုင်တယ် လို့ဆို ထားတာပါ မွန်ရာဇဝင်တွေနဲ့ ညှိကြည့်တယ် ဗမာ သမိုင်းနဲ့ ညှိတယ် ဒီလို နိုင်ငံမျိုး ပြည်တွင်းမှာ မရှိခဲ့
ပါဘူး

နောက် Kun Lun ကနေ နေ့ဝက်ခရီးက မုတ္တမ ခံတပ်ကို ရောက်တယ် ဆိုတော့ မိချဲန်နဲ့ Kun Lun နန်းတော် ဘယ်လောက် ဝေးသွား ပြီလဲ အကွာအဝေးက အများကြီး ဝေးသွားတယ် အဲဒါကို Kun Lun ရဲ့ မြို့တော်က မိချဲန် ဆိုတော့ အဲဒီ ခေတ်က အကုသိုလ်တို့ မသိခဲ့ရတဲ့ မှော်အတတ် တွေနဲ့များ ဟံသာဝတီ မင်းနေပြည်ကို သွားပြီး အုပ်ချုပ်တာလား မသိပါ

Kun Lun ကနေ လွန်ရင် လုယုမြစ်ဝှမ်းဒေသ ဆိုတာ ဘယ်နေရာလဲ မသိဘူး မုတ္တမကို နေ့ဝက်
ခရီး နဲ့ ရောက်တဲ့ အနားသတ် ဆိုတော့ အဲဒီခေတ် က ဒုံးပျံ ပေါ်နေတာပဲ ဖြစ်ပါလိမ့်မယ် နေ့ဝက် ခရီး
မြင်းနဲ့ သွားတယ်ပဲ ဆိုစေဦးတော့ မိုင် ဘယ် လောက် ခရီးပေါက်မလဲ အများဆုံး မိုင်သုံးဆယ် ပေါ့ သထုံနဲ့ မုတ္တမကို နေ့ဝက်နဲ့ ရောက်ပါ့မလား
ကြားထဲမှာ လုယုဆိုတဲ့ မြစ်ဝှမ်းလွင်ပြင်ဒေသ အကြီးကြီး ကျန်နေသေးတယ်နော် Kun Lun ထက်တောင် ကြီးတဲ့ ဒေသ ဒီတော့ ဆရာ့ စကား
တွေက အိပ်ချင်မူးတူး ယောင်ပြီး ထပြောသလို တောင်စဉ်ရေမရ ဖြစ်နေတာ မြင်သာမှာပါ

မင်စီးယွေ့ ဆိုတဲ့ ဘုရင်ကနေ သရီဘဝန္တစိန ဆိုပြီး
ဘုရင် နာမည်က ဘယ်နည်း ဘယ်ပုံ ပြောင်းသွား
မှန်း မသိပါဘူး ဆရာရေးတာ ဘုရင်နှစ်ပါး ဖြစ်နေ
တယ် Kun Lun ဆိုတာ လူနည်းနည်းလေး နေ တဲ့ တိုင်းပြည် သေးသေးလေး မင်းက နှစ်ပါး ဘယ် လို အုပ်ချုပ်တာလဲ မသိဘူး မပြောတတ်တော့ဘူး

နောက်တပိုဒ်မှာ ဆရာက AD-9 ရာစုမှာ ပေါ်လာ တဲ့  ဖန်ချို ရေးသားပြုစုခဲ့တဲ့ မန်ရှုကျမ်းကို ကိုင်ပြီး
ထွက်လာပါတယ် မန်ရှုကျမ်းမှာပါတဲ့ မိချဲန် နဲ့ ပက်သက်တာတွေ ယူပြောပါတယ် ဆရာ ပြောတာ

မန်ရှုကျမ်းထဲပါတဲ့ မိချဲန် ဆိုတာ ပင်လယ်ကမ်းစပ် မှာ တည်ရှိတယ်တဲ့ ဘုရင်က ပင်လယ်ကမ်းစပ်က
သစ်သားခံတပ်မှာ နေတယ် အိမ်ရဲ့အမြင့် လေးပေ ခန့်မှာ ကျောက်တုံးခြင်္သေ့ရုပ်များ သစ်မွှေးက ခွဲစိပ် ထားသော ပျဉ်ပြားများဖြင့် ကာရံထားတယ် သာမန် လူများက အထပ်ခိုးတွေ နေကြတယ်

ဒီလို ရေးထားတယ် မိချဲန်က ပင်လယ်ကမ်းစပ်မှာ တည်ရှိတယ် ဆိုတော့ ဟုတ်ပါပြီ ပဲခူး ရာဇဝင်မှာ တော့ 6-ရာစု ရောက်တဲ့ တိုင်အောင် နန်းတော် မတည်ရသေးတဲ့ နေရာ ဆိုတာ ပြောထားပြီးပြီနော်
မြို့ပြ မဖြစ်သေး သိကြားမင်း လာလိမ်ပေးတဲ့ အနေ
အထားပဲ ရှိသေးတယ် ကုန်းမြေ ဖြစ်ကာစလေးပါ

မန်ရှုကျမ်းက AD-9 ရာစု အတိအကျ ပြောရင်
AD-863 မှာ ပေါ်တယ် ထန်မင်းဆက်သမိုင်း သစ်က AD-8 ရာစုမှာ ပေါ်တယ် ဒီနှစ်ခုလုံးက တရုတ်သမိုင်းကျမ်းတွေချည်းပါပဲ သိပ်မကွာလှ တဲ့
အချိန်မှာ ပေါ်လာတဲ့ ကျမ်းတွေပါ

မိချဲန်ဟာ ပင်လယ်ကမ်းစပ်မြို့ ဖြစ်တယ် ဆိုတဲ့ AD-9 ရာစုမှာ မှတ်တမ်းတင်ခဲ့တဲ့ နေရာ မိချဲန် ဆိုတာ ရဲ့ အောက်ဘက်တလွှားဟာ ပင်လယ်ပြင် ဖြစ်နေတယ် ဆိုတဲ့ မွန်ရာဇဝင်နဲ့ ကိုက်ညီနေတယ်
နောက်တစ်ချက်က 15-ရာစု ပေါ် တော်လမီရဲ့ မှတ်တမ်း အားဖြင့် ပဲခူးဆိုတာ မုတ္တမ ပင်လယ် ကွေ့ ပေါ်မှာပဲ ရှိနေသေးတယ် ဆိုတဲ့ မှတ်တမ်း ကလဲ မိချဲန်ဟာ ပဲခူး ဆိုတာ ခိုင်မာစေတယ် ဒီ နှစ်ချက်က အတော်ကို အားကောင်းတဲ့ မှတ်တမ်းပါ ရာဇဝင်အဆိုကို တိုက်ရိုက် အထောက်အပံ့ ပေးနေ တဲ့ နိုင်ငံခြား မှတ်တမ်းတွေ ဖြစ်နေတာပါ ဒါကို သတိထား အလေးဂရု ပြုကြ ရပါလိမ့်မယ်

ဒီတော့ဗျာ 15-ရာစု အထိ မုတ္တမ ပင်လယ်ကွေ့ အပေါ် ရှိနေတဲ့ မိချန်ရဲ့ အောက်ဘက်မှာ ဘာမြို့
တွေ ရှိတော့မလဲ ပဲခူး ရာဇဝင်က ဆိုထားသလိုပဲ
ပင်လယ်အောက် ရောက်နေတယ် ဆိုတာ သက် သေပြနေတာပဲ မဟုတ်လား ဘယ်နားမှာလဲ သုဝဏ္ဏဘူမိ 15-ရာစု ရောက်နေပြီ ပင်လယ် အောက်က တက်မလာသေးဘူး

AD-8-9 ရာစု ပေါ် ထန်မင်းဆက်သမိုင်းသစ်က Kun Lun ဆိုတာ မွန်ကိုပြောတာ မွန်နိုင်ငံ ဆို တော့ ဘယ်နေရာကို ပြောတာလဲ

မန်ရူကျမ်းက ပြောတဲ့ မိချဲန် ဘုရင်အိမ်မှာ ကျောက် ခြင်္သေ့ရုပ်တွေ စီထားတယ် ဆိုတာက တကယ်ရှိ တယ် အဲဒီ ကျောက်ခြင်္သေ့ရုပ်တုတွေ အခုထိ ရှိနေ ပြတိုက်မှာ ရှိတုန်းပါပဲ  ပဲခူးနားက မှော်ဇာဆိုတဲ့ ပျူ မြို့ဟောင်းက တူးဖော်တွေ့ရှိလိုက်တဲ့ ပျူ အထောက်အထားတွေကလဲ အများကြီး တွေ့နေရ တယ် ဆိုတော့ မိချဲန်နဲ့ ပက်သက်လို့ သံသယ ဖြစ် လာပါတယ်

ဒါကြောင့်ပဲ မေးစရာ ပေါ်လာတယ် မွန်တွေမှာ ခြင်္သေ့ရုပ် အထိမ်းအမှတ်တွေ ထားတတ်တဲ့ ဓလေ့ ရှိပါသလား မွန်တွေ ဟုတ်မှ ဟုတ်ပါ့မလား လို့ သံသယ ဖြစ်စေပါတယ် ဒါပေမယ့် ဒီအချက် ကို
အခု မတင်ပြလိုသေးပါ အကုသိုလ်မှာ ဒီအတွက် အချက်အလက် မပြည့်စုံသေးတာမို့လို့ပါ

နောက်ထပ် မန်ရှုကျမ်းက ပြောတယ် မိချဲန်က လူ တွေဟာ ဂီတကို အတော်ဝါသနာထုံတယ် အခန်း တိုင်းမှာ ဗုံတွေ ထားတတ်တယ် တဲ့

နောက် တန်ဟွေယော် ကပြောတယ် မိချဲန်က အက ဟာ ပျူ တွေနဲ့ အတူတူပဲတဲ့

AD-10(983) ရာစု ပေါ် တိန်ပေယူလန် စွယ်စုံကျမ်း မှာ မိချဲန်က ကွမ်းသီးဟာ ယူနန်ထိ ရောက်တယ် လို့ ပြောတယ် ဒါကလည်း ရေလမ်း ခရီး အဆင်ပြေတယ် ဆိုတာ ပြတဲ့ အချက် ဖြစ်နေ
တယ်

ဗီယက်နမ် သမိုင်းမှာ ပြောတာက AD-8 (767) မှာ ဗီယက်နမ်နိုင်ငံ တုံကင်လွင်ပြင်ကို ချိုပိုနဲ့ Kun Lun တွေက နယ်ချဲ့ခဲ့တယ်လို့ ပြောတယ် တုံကင် လွင်ပြင် ဆိုတာ မွန်ခမာတွေ ရဲ့ မူလဇစ်မြစ်နေရာ ဖြစ်တယ် ဆိုတဲ့ အဆိုတစ်ခုကို သတိရမှာပါ ဒီနေ ရာကို သွားပြီး နယ်ချဲ့ နိုင်လောက်တဲ့ Kun Lun မွန်စစ်တပ်ဟာ မြန်မာပြည်တွင်းက ပဲခူး အလွန် မှာ ရှိတယ် ဆိုတာ ဟုတ်နိုင်ပါ့မလား ပဲခူးက 9-ရာစု မှာ တောင် ပင်လယ်ကမ်းစပ်မြို့လို့ မန်ရှုက ဆို ထားတာရယ် ရာဇဝင်နဲ့ ကိုက်ညီနေတာရယ် ကို ထောက်ဆသော် 8-ရာစုမှာ ဗီယက်နမ် မြောက် ပိုင်းအထိ သွားပြီး နယ်ချဲ့နိုင်တဲ့ Kun Lun လူမျိုး
ဆိုတာ မွန်များ မဖြစ်တန်ရာ လို့ ကောက်ယူရမယ် ထင်ပါတယ် နိုင်ငံသေးသေးလေးက ဘယ်လို ပင်လယ်ရပ်ခြားသွားပြီး နယ်ချဲ့ခဲ့လေသလဲ မသိပါ ပြည်တွင်းမှာတော့ Kun Lun ဆိုတဲ့ နေရာက ပင်လယ်အောက်ကနေ တက်မလာသေးတာ ရှင်း လွန်းနေပါပြီ

ဒီ အချက်တွေက Kun Lun ဆိုတာ မွန်မဟုတ်   လို့ ပြောပြလိုက်တဲ့ အထောက် အထား တွေပါ ဆရာ နိုင်ခင်မောင်လေးက အတင်း မွန် လုပ်ခိုင်းလို့ မွန် ဆိုပြီး သူ့စာအုပ်ထဲ ပေါ်နေခြင်းသာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်

မန်ရှုက ဆက်ပြောတယ် AD-805 မှာ တရုတ် နိုင်ငံကို မိချဲန်က သံအဖွဲ့ လွှတ်လိုက်တယ် တဲ့
AD-837 မှာ နန်ကျောက်တွေက ပျူမြို့တော် သရေခေတ္တရာကို ဝင်တိုက်တယ် ပျူတွေ စစ်ရှံးလို့
ပျူ သုံ့ပန်း များစွာကို တရုတ်နိုင်ငံ ယူနန်ဖူမြို့ကို ခေါ်သွားခဲ့တယ် တဲ့

AD-853 မှာ နန်စောတွေက မိချဲန်ကို တိုက် တယ် မိချဲန် ရှုံးတယ် သုံ့ပန်း ၃၀၀၀ ကို ခေါ်သွား တယ်တဲ့ အဲဒီ အချိန်မှာ မိချဲန်ဟာ ဧရိယာ ဘယ်လောက် ကျယ်မလဲ လက်တစ်ဆုပ်စာ လူဦးရေ သာသာပဲ ဖြစ်နိုင်ပါတယ် အရမ်း ကြီး ကျယ် တဲ့ မြို့ပြတော့ မဖြစ်နိုင်ဘူးပေါ့

ပဲခူး တိုင်းထဲက ဝေါမြို့က ကြုံတူဘုရားက အုတ် ချပ် တွေမှာ ခြင်္သေ့ရုပ် အမှတ်အသားပါတာတွေ တွေ့ရတယ် တချို့အုပ်ချပ်တွေမှာ လက်ဝှေ့ထိုးနေ တာ တီးမှုတ်ကခုန်နေတာ ဆင်စီးချင်း မြင်းစီးချင်း ထိုးနေကြပုံတွေ ခြင်္သေ့နဲ့ ကျား အမဲလိုက်နေပုံ တွေလည်း မြင်ရတယ် အဲဒီမှာ ကနေတဲ့ ပုံတွေက ပျူ ကြေးရုပ် ငါးရုပ်ပုံတွေနဲ့ အတူတူပဲ ဖြစ်နေတယ်
ဒီလက်ရာတွေက AD-6-7 က လက်ရာတွေပါ
ဒါကိုလည်း သတိပြု စစ်ကြည့်ဖို့ လိုပါလိမ့်မယ်

အချို့သုတေသီတွေကတော့ မိချဲန်ဟာ ကြုံတူ ဖြစ် တယ်လို့ ဆိုကြတယ် အကုသိုလ်က ပဲခူးဖြစ်တယ် လို့ ပြောလာတာဟာ လုစ်ရဲ့ အယူအဆကို တင်ပြ လာခြင်းသာ ဖြစ်ပါတယ် အမှန်တကယ် ဘယ်နေ ရာဆိုတာ ပြောရခက် အငြင်းပွားကြတဲ့ နေရာပါပဲ
လောလောဆယ် လုစ် အယူအဆ အတိုင်း ပဲခူး ဖြစ်တယ် ဆိုတာပဲ မိန်းထားတာက ရာဇဝင် အဆို တွေနဲ့ နိုင်ငံခြား မှတ်တမ်းတွေ အရ ဒီလို ထား လိုက်တာပါပဲ

ထန်မင်းဆက်သမိုင်းသစ်မှာပါတဲ့အထဲ ထော်ဟွမ် ဆိုတာလည်း ပါတယ် သမိုင်းသုတေသီ အားလုံးက တော့ ဒီနေရာကို ထားဝယ်လို့ အတည်ပြု ယူဆကြ တယ် အငြင်းပွားတာမျိုး မတွေ့ရဖူးသေးပါ ရှိခဲ့ရင်
အညွှန်းဖြစ်စေ တိုက်ရိုက်ပြောခြင်းဖြင့် ဖြစ်စေ ပြော ပေးစေချင်ပါတယ်

နောက်တစ်ချက် ထန်မင်းဆက်ပါ တန်လိုင်း ဆိုတာ လူမျိုးရယ် နေရပ်ရယ်ကို ပြောခဲ့တာ ဖြစ်တော့ တန်လိုင်းရဲ့ နေရပ်ဟာ ဘယ်နေရာလဲ AD-8 ရာစု အချိန်က မှတ်တမ်းဝင် တန်လိုင်းပြည် ဆိုတာ
မိချဲန် တော့ မဖြစ်နိုင် မိချန်ဆိုတာ ပျူ လက် အောက်ခံမြို့ (၁၈) မြို့ထဲက မြို့တစ်ခု ဖြစ်တယ် လို့ အတိအကျ စာရင်းနဲ့ တကွ ဖော်ပြထားခဲ့တာ ဖြစ်တော့ တန်လိုင်းတို့နေရာ မဖြစ်နိုင်ပါ တန်လိုင်း တွေ နေရပ်ကို ပင်လယ်နဲ့ထိစပ်နေတဲ့ ကျွန်းမှာလို့ ဆိုတော့ ဒီနေရာဟာ ဘယ်နေရာမှန်း မသိပါ

လုစ်ရဲ့ အဆိုအရ မိချဲန်ဟာ ပဲခူးဆိုရင် တန်လိုင်း တွေ နေတဲ့ နေရာ တန်လိုင်းတို့နေရပ်ဟာ မိချဲန်မြို့ ဖြစ်တယ်လို့ ယူနိုင်သလို မိချဲန်ဟာ တန်လိုင်းမြို့ မဟုတ်လို့လဲ ပြောလို့ ရတယ် မိချဲန် ဆိုတာ လူမျိုးအမည် မဟုတ်ဘဲ မြို့အမည် သာ ဖြစ်တာဆိုတော့ ပြည်တွင်း သမိုင်း ရာဇဝင် အရ ဆိုရင် ဘယ်နေရကို ပြောတာ ဖြစ်မလဲ

တချို့သုတေသီများကတော့ ဧရာဝတီမြစ်ဝကို မိချဲန် လို့ ပြောတယ် တချို့က မော်လမြိုင်နားက ကြုံစိန်ကို မိချဲန် ပါတဲ့ ကြုံစိန် ဆိုတာပြောတာ နဲ့ ပက်သက်လို့ကတော့ ဘာအထောက်အထားမှ မတွေ့လို့ မဖြစ်နိုင်ပါ

ထန်မင်းဆက်သမိုင်းပါ ပျူ တွေရဲ့ လက်အောက်ခံ ၁၈ နယ် လို့ ဆိုထားပေ မယ့် စာရင်းမှာ ပါတာ ၁၇ မျိုးတည်း ပါပါ တယ် တစ်ခုက နှစ်ခုကို တစ်ခုတည်း ပေါင်းပြထားလို့ ၁၇ ပဲ စာရင်း ပေါ်တယ်

ပျူ လက်အောက်ခံနယ် ၁၈ နယ် ဆိုတာတွေကို ဘယ်နေရာတွေ များလည်းလို့ လေ့လာကြည့်မိတဲ့ အခါ မလေး စူမတြား ဂျာဗား ဘာလီ ဖီလစ်ပိုင် တွေက နယ်တွေ ပါနေတာကို တွေ့ရပါတယ်
AD-8 ရာစု ထန်မင်းဆက် မှတ်တမ်းထိ ဒီလောက် နယ်ပယ် ကျယ်ဝန်းလှပြီး အင်အားကြီးတဲ့ ပျူ ဧကရာဇ်မင်း ရဲ့ တပ်မတော် ဆိုတာ ဘယ်လိုရှိမလဲ ဆိုတာ ခန့်မှန်း ကြည့်ပြီးရင် အမြင်တမျိုး ဖြစ် လာမယ် ထင်ပါတယ် မန်ရူကျမ်းက ပြောတဲ့ AD- 837 မှာ နန်ကျောက် တွေ လာတိုက်လို့ သရေခေတ္တရာ ပျူတွေ စစ်ရှုံး ရတယ် ဆိုတာ ဟာသ ပြောတာများလား လို့ပါ

လင်ယန် အကြောင်း ပြောတဲ့ အထဲမှာ ပါတာ ရှိတယ်  AD-3 ရာစုရေး သုံးပြည်ထောင်သမိုင်းအကျဉ်း မှာ ပါတာက Pi Chine ဆိုတာပါ ဒါလည်း ပင်လယ် ဆိပ်ကမ်းမြို့ပါပဲ တော်လမီ မြေပုံပြ မှတ်တမ်းမှာ ပါတာက မုတ္တမပင်လယ်ကွေ့ပေါ်မှာ မြို့ရှိတာ တွေ့တယ် လို့ ပြော တယ် မှတ်မိပါ သလား လူသားစား ဘီလူးခေါ် နီဂရစ်တို ခေါ် စမင် တွေကို တွေ့တယ် ပြောခဲ့တာလည်း တော်လမီ ပါ ပဲ တော်လမီ ဆိုတာ ပေါကြောင်ကြောင် မနိုင် လောက် ပါဘူး အဲချိန်က တော်လမီက မုတ္တမ ဆိုတာ ဘယ်လို သိခဲ့တာလဲ မေးစရာ ရှိပါတယ်

တကယ်တမ်း အငြင်းပွားကြရခြင်းရဲ့ အဓိက တရားခံဟာ တရုတ်စာပေပါ သူက ပြောင်းလဲလာတာ ဖြစ်ပါတယ် တကယ်တမ်း ရှေးအခေါ်ဟာ မိချဲန် မဟုတ်ပါ Pi-chen သာ ဖြစ်ပါတယ် AD-3 ရာစု ရေး ဝေ့သမိုင်းက ဖော်ပြတာ Pi-Chen ပါ ဒါပေမယ့် နောက်ပိုင်း စာကူးသူတွေ ဘယ်သူက စပြီး တလွဲ ကူးလိုက်တယ် မသိရပါ
AD-8-9 ရောက်တဲ့အခါမှာ Me-chen ဆိုပြီး
ပြောင်း သွားတယ် ဒီကနေ စပြီး မိချဲန် ဖြစ်လာတာပါ
Pi-Chen ဆိုတာ တန်လိုင်းတွေ နေရာအရပ် ဖြစ် ပါတယ် ဆရာနိုင်ခင်မောင်လေးကတော့ Pi-Chen ဆိုတာ ကျိုက်ထို နောက်နားက တိုက်ကုလား နေရာကို ပြောတာ ပါ ဆိုပြီး နိဂုံး ချုပ်လိုက်ပါတယ် ဘယ်နည်းဘယ်ပုံ ကောက် ယူ လိုက်မှန်း မသိရပါ


ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (၁၁)
----------------------------

လင်(န်)ယန်(င်) အကြောင်း ဆက်ပြောပါမယ် လင်ယန် လို့ သုံးပြီး ရေးသွားပါမယ် စာအမှန်က လင်(န်)ယန်(င်)ပါ စာရိုက်ရ လွယ်အောင်လို့ လင်ယန် လို့ပဲ ရေးတာ ဖြစ်ပါ တယ်

လင်ယန် ဆိုတဲ့ ဝေါဟာရက တရုတ်မှတ်တမ်း ပါ စကား လုံးတွေထဲမှာ မြန်မာပြည်နဲ့ဆက်စပ်တာ တွေရဲ့ အချုပ် ဝေါဟာရလို့ ဆိုနိုင်လောက်တဲ့ ဝေါဟာရ ဖြစ်ပါတယ်

အကြောင်းကတော့ ရှေ့ပိုင်း ဖော်ပြလာခဲ့သမျှ တွန်ဆွန် Kun Lun မိချဲန် ဖူနန် ဗီယက်နမ် ကမ္ဘောဒီးယား ထိုင်း စတာတွေ အကုန်လုံးနဲ့ ပါဝင် ဆက်နွယ်နေတဲ့ ဝေါဟာရ တစ်ခု ဖြစ်နေလို့ပါ

AD-3(220-280) ရာစုမှာ ပြုစုပြီး တဲ့ သုံးပြည်ခေတ် သမိုင်းမှာ တရုတ်တွေက ပျူ တို့ရဲ့ နိုင်ငံကို ဗြဟ္မာဒေသ လို့ ခေါ်တယ် ဆိုတာ အကုသိုလ် ရှေ့မှာ ရှင်းလာခဲ့ပြီးပါပြီ အဲဒီနေရာက ဗိဿနိုးမြို့ ဖြစ်တယ် ဆိုတာလည်း ပြောလာ ခဲ့ပြီး ပါပြီ

ခရစ်နှစ် ၁၁၂၁ ကနေ ၁၂၆၁ ကြား ရေးထိုးခဲ့တဲ့ မြန်မာ ကျောက်စာတွေမှာ တွေ့ရတဲ့အချက်လေး တွေက မြန်မာ သမိုင်းအတွက် အမြင် တစ်ခုကို ဖြစ် လာစေခဲ့ပါတယ်

AD-3 ရာစု မှာ တရုတ်က K'ang T'ai နဲ့ Chu Yin ဆိုတဲ့ ပညာရှင် နှစ်ဦးဟာ ခမာတို့နေရာ ကမ္ဘောဇ ကို ခရီးထွက်ခဲ့ပါတယ် ဒီ ဝူ သံအမတ် နှစ်ယောက်ဟာ သူတို့ ရဲ့ မှတ်တမ်းမှာ လင်ယန် linyang  ဆိုတဲ့ နေရာကို မှတ်တမ်း တင် ခဲ့ကြ ပါတယ်

ဒီတော့ လင်ယန် ဆိုတဲ့ နေရာဟာ ဘယ်နေရာ ဖြစ် မလဲ ဆိုတာ သိဖို့ လိုအပ်လာပါတယ် လင်ယန် ဆိုတာ တရုတ် နာမည် မဟုတ်ပါဘူး အသံလှယ်ထားတဲ့ စကားသာ ဖြစ်ပါတယ် ဘယ်လို လှယ်ထားသလဲ သိဖို့ လိုလာပြန် တယ်

ထူးခြားချက်ကား လင်ယန် ဟူသော အသံလှယ် ဝေါဟာရ သည် တရုတ်မှတ်တမ်းများတွင် AD-3-5 ရာစု များ အတွင်း တွင်သာ တွေ့ရပြီး နောက်ပိုင်းမှာ လုံးဝ ပျောက် သွားပါတယ် သုံးတာ ကို မတွေ့ရတော့ပါဘူး ဘယ်ကို ရောက်သွားသလဲ ဆိုတာ စီစစ် လေ့လာကြည့်ပါတယ်

ကနဦး ဖော်ပြပြီးဖြစ်သော AD-3 ရာစု ခမာဘုရင် ဖန်မန် အကြောင်း သည် တရုတ် သုံးပြည်ထောင် သမိုင်းနှင့် ခေတ်ပြိုင် ဖြစ်သလို မြန်မာပြည် ဗိဿနိုး ခေတ်နှောင်းပိုင်း နှင့်လည်း ခေတ်ပြိုင် ဖြစ်ပါတယ်

ဖန်မန်အကြောင်း အတော်များများ ပြဆိုခဲ့ပြီးပြီ ဖြစ်လို့ ဖြတ်ပြောပါမယ် ဖန်မန်ဟာ တရုတ် မှတ်တမ်း အခေါ် ကျင်းလင် မြန်မာလို ရွှေနယ်ခြား သုဝဏ္ဏဘူမိ လို့ခေါ်တဲ့ နေရာကို စစ်တိုက်ရန် စစ် ပြင်နေချိန်တွင် နာမကျန်း ဖြစ်လို့ နန်းလွှဲလိုက်ရတယ် ဖန်မန်ဘုရင်မှာ စန္ဒြလို့ ခေါ်တဲ့ စစ်သူကြီး တစ်ဦး ရှိတယ် ဒီစစ်သူကြီးက ဖန်မန် အစ်မရဲ့ သား ဖန်မန်ရဲ့ တူ တော်စပ်တယ် ဖန်မန် တိုက်ခဲ့ရာမှာ ပါတဲ့ တွန်ဆွန်ဆိုတာကို တနင်္သာရီ ဖြစ်တယ်လို့ ရှေးသမိုင်း ဆရာအတော်များများက ထင်မှတ်မှားခဲ့ ကြပါတယ် နောက်ပိုင်း တွေ့လာရသည် ခိုင်မာ သည့် အထောက် အထားက တွန်ဆွန် ဆိုတာ မလေး ဆိပ်ကမ်းမြို့ တကွာပါ ဆိုတာ ထင်ရှားခဲ့ တယ် မြန်မာပြည်နယ်ခြားတစ်ခုလည်း ဖြစ်ခဲ့ဖူးတဲ့ ဒေသ တစ်ခု ဖြစ်တယ်ဆိုတာ ၁၁၉၆ ခုနှစ်ထိုး ဖွားစောရွာ ကျောက်စာမှာ ပါခဲ့လို့လည်း သိရတယ်

ဒီသမိုင်းအထောက်အထားများအရ မွန်တွေဟာ AD-3 ရာစုမှာ မလေးကျွန်းဆွယ် မြောက်ပိုင်း တလျောက် နေထိုင် တယ် ဆိုတာလည်း သိရပါ တယ် မူလ ဒေသလို့တောင် ပြောနိုင်တဲ့ နေရာလည်း ဖြစ်ခဲ့ပါတယ်

AD-7 ရာစု အရှင်ယိကျင့်ရဲ့ မှတ်တမ်းအရ ထိုင်း က ဒွါယဝတီ ဆိုတဲ့ လောဗူရီ ဟာ မွန်နိုင်ငံဖြစ် တယ် ဆိုတာ သိရပါတယ် ဒွါယဝတီ နဲ့ ခေတ်ပြိုင် ဒေသတွေထဲက တစ်ခုက ထားဝယ် သာဂရမြို့ ဖြစ်ပါတယ် သရေခတ္တရာ ခေတ်နှောင်းပိုင်း လည်း ဖြစ်ပါတယ် နောက်တစ်ခုက ဆင်ပင်လယ်လို့ ခေါ်တဲ့ ကျိုက်ထို အနောက်ဘက် ၅ မိုင် အကွာက တိုက်ကုလားဟာ ပယ်လယ်ဆိပ်ကမ်းမြို့ ဖြစ် တယ် လို့ ဆိုတဲ့ ပညာရှင် အချို့ရဲ့ ကောက်ချက်များ အရ သိရပါတယ် ဒီနေရာကို Pi-chen သို့ Mi-Chen လို့ ခေါ်တယ်လို့ ဦးရည်စိန်က ယူဆပါ တယ် ဆရာနိုင်ခင်မောင်လေး က ဦးရည်စိန် ယူဆ ချက်ကို ထောက်ခံပြီး မိချဲန် ဆိုတာ တိုက်ကလား ဖြစ်တယ်လို့ ယူပြီး နိဂုံးချုပ်ခဲ့ဟန် တူပါတယ်

ဆရာများ ထိုနေရာကို သုဝဏ္ဏဘူမိဟု ယူဆကြ သည် လေ့လာမိသလောက် ပါဠိ ကျမ်းဂန် မဟာနိဒ္ဒေသ မှာ သုဝဏ္ဏကူဋ ဆိုတဲ့ ရွှေ အစွန်း လို့ အနက်ရတဲ့ အရပ်ဒေသ တစ်ခု အကြောင်း ပါတယ် ဒီဟာက ကျင်းလင်နဲ့ အတူတူ ပဲလား ဆိုတာ လေ့လာရတယ် ကျင်းလင် ၏ မူလ အရေး အသားဟာ Chin-Ch'en  ဖြစ်တယ် ဆိုတာ တွေ့ရတယ် နောက်ပိုင်းမှာ Chin-lin ဆို ပြီး ဖြစ်လာပါတယ် ထိုင်း ပင်လယ်ကွေ့ကို မှတ်တမ်းတင်ရာတွင် ကျင်းလင်ကွေ့ကြီး လို့ မှတ်တမ်း တင်ခဲ့ပါတယ် ဒီအကြောင်း နောက်မှပြန် ဆက်ပေး ပါမယ်

ရှေးသုမှ လေ့လာချက်များအရ ပျူ တို့၏ ဗိဿနိုး သည် AD-5 ရာစု မှာ ပျက်တယ်လို့ ကာဗွန် စစ်ဆေးချက်များ အရ သိရပါတယ် သို့သော် ပျက်ပြီး တကြိမ် ပြန်တည်ပြန်တဲ့ အထောက် အထားကိုလည်း ထပ်မံ တွေ့ရပါတယ် ဗိဿနိုးမြို့သည် မည်သည့်အချိန်တွင် ပြန်ပျက်သုန်းခဲ့လေ သနည်းဟု မေးစရာ ပေါ်လာပြန်ပါတယ်

နောက်တစ်ခု အနေဖြင့် ဖူကန်တူးလူး ခေါ် ပုဂါမဒွာရ ဟူသည် အဘယ်နေရာ ဖြစ်မည်နည်း နောက်ပိုင်း တရုတ် မှတ်တမ်းများတွင် ပုဂါမဒွါယ ဟူသည် ပုဂံ ဖြစ်သည်ဟု မှားယွင်းစွာ ဖော်ပြကြ သည်ကို တွေ့ရပါသည် မှားကြောင်း မည်သို့ သိရ သနည်းဟူမူ ထိုခေတ်အခါက တတိယပုဂံပင် မပေါ် သေးချေ ပုဂံ ဟူသော ဝေါဟာရလည်း မပေါ်သေး
အိန္ဒိယမှတ်တမ်းများနှင့် ဆက်စပ်ကြည့်လေသော အခါ အိန္ဒိယတောင်ပိုင်းသား ကုန်တင်လှေများ သည် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်ကျော်၍  အာဒမန်ကျွန်းများ နီကိုဗာ ကျွန်းများတွင် ခရီး တစ် ထောက်နား၍ ပုဂါမဒွါရသို့ ခရီး ဆက်ကြသည် ပုဂါမဒွါယ သို့ ရောက်သော် လှေပြောင်း စီးကြတယ် ဆိုထားတာ တွေ့ပါတယ် ဒီတော့ ပုဂါမဒွရ ဟူသည် ယခု ပုဂံ မဟုတ် ဟူသည်ကို သိသာထင်ရှား စေသည် အိန္ဒယ-ပျူ ကုန်သွယ်လမ်းမ ရှိနေ ပါလျက်နဲ့ ဘယ်သူမှ ဘင်္ဂလားပင်လယ်အော် ကို လာပတ်နေကြမည် မဟုတ်ချေ တိုက်ရိုက်သွားမည် သာ ဖြစ်သည် သို့ဆိုသော် ပုဂါမဒွါရ ဟူသည် မည်သည့်နေရာ ဖြစ်သနည်း ဟု စစ်ဆေးကြည့်ရာ ထိုအချိန်အခါက ပျူ တို့ပိုင်နက် ဖြစ်သော မလေး ဆိပ်ကမ်းမြို့ တကွာပါသာ ဖြစ်သည်ကို အထင် အရှား တွေ့ရပါသည် ဒီအချက်ကို လွဲမှားစွာ ကောက်ယူမိ မည်ဟု သံသယ မရှိပါ။

တရုတ် အိန္ဒိယ မှတ်တမ်းများမှ ချွတ်ချော်ချက် ကို လည်း မြင်ရသည် ပုဂါမဒွါယကို ရောက်သော် လှေ ပြောင်းစီး၍ ကမ်းရိုးတန်းအတိုင်း မုတ္တမပင်လယ် ကွေ့သို့ တက်သွားရာ ယခု တိုက်ကုလားခေါ် ဆင်ပင်လယ် ဆိပ်ကမ်းသို့ ရောက် သည် ဟု ဖော်ပြ ချက် ဖြစ်သည် ယင်းအဆိုသည် ယုတ္တိ မရှိချေ ရူး ကြောင်ကြောင် နိုင်လွန်းလှပေသည် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်ပြီးမှ ပုဂါမဒွါယကို ရောက် တယ် အဲဒီကမှ ဆင်ပင်လယ် ဆိပ်ကမ်းကို ဆက်တယ် ဆိုထား ချက်ကား ခရီးလမ်းကို ကမောက်ကမ ဖြစ်စေသော အဆို ပင် ဖြစ်စေသည်

အိန္ဒိယသားများသည် ပျူတို့၏ နေရပ်ကို နာမည် သုံးမျိုး ရှိသည်ကိုလည်း တွေ့ရသည်

၁။ ဗြဟ္မာဒေသ
ရှင်းပြပြီး ဖြစ်သည်

၂။ ပုဒေသ ပျူဒေသ

အနည်းငယ်ထည့်ဖြည့်ပေးပါမည်
The First Dynastic History ခေါ် ပထမ တစောင် မင်းဆက်သမိုင်း Tien-Yueh ဟု လည်း ကောင်း AD-4 ရာစုမှာ ပြုစုပြီးတဲ့ အနောက် တောင်ပိုင်းဒေသ ဥဆောင်းကျမ်း ရဲ့အမှာစာ တွင် လည်းကောင်း ဖော်ပြထား သည် Tien ၏ ရှေး ဟောင်းအသံထွက်သည် P'iao ဖြစ် သည် ဤ သည် ကား ပျူ ၏ အမည်ပင် ဖြစ်သည် ဒီအခေါ် တွေက အိန္ဒယမြောက်ပိုင်း အခေါ်တွေ ဖြစ်တယ် ဒါကို တရုတ်တွေက မှတ်တမ်းတင်ထားတာ ဖြစ်ပါ တယ်

၃။ ပုဂါမ

ဒီအခေါ်က တရုတ်မှတ်တမ်းတွင် တိုက်ရိုက်ပြထား သည် မဟုတ်ပါ သို့သော် ပညာရှင် ဦးရည်စိန်က အကြိမ်ကြိမ် ဖော်ထုတ် တင်ပြခဲ့သော ပုဂါမဒွါရ အကြောင်းနှင့် စပ်ပြီး ထိုခေတ်က ဗိဿနိုးကို ခေါ်တာ ဖြစ်ကြောင်း သိရပါသည်

ဒါတွေက BC-206 မှ AD-24 အကြား ဖော်ပြ ထားသော ဟန့်မင်းဆက်သမိုင်းဦး အကြောင်း မှတ်တမ်း ပထဝီ အခန်း မှာ ဖော်ပြချက် တွေကနေ ကောက်ယူထားတာတွေ ဖြစ်ပါ တယ်

လုစ်က ဒါတွေကို မသိခဲ့တာလား တမင်တကာ ဖုံး ကွယ်ခဲ့ လေသလား မသိပါ လုံးဝ မပြောဘဲ စတုတ္ထ ပုဂံကို ပုဂါမ ပုဂံ ဖြစ်သည်ဟု ရူးကြောင်ကြောင် အဆက်အစပ် မရှိ ဖော်ပြခဲ့လေသည်

ဤတွင် ထည့်ပြောရန် လိုလာသည်ကား မြန်မာ တိုင်းရင်းသား စာရင်းဝင် ဆလုံ လူမျိုးတို့ အကြောင်း ဖြစ် သည် ချန်ထား၍ မရပေ BC ကာလ များကတည်းက မလေးကျွန်းဆွယ် မြောက်ပိုင်းအစွန်ဆုံးဒေသ ယခု စူမားတြား နဲ့ ဂျဟော မှာ အခြေစိုက်ပြီး ပင်လယ်ပြင် တကျော ရခိုင် ကမ်းရိုးတန်းအထိ မင်းမူခဲ့တဲ့ ပင်လင် ယာကွန်း sea jakun လို့ ခေါ်တဲ့ ပင်လယ်ဓားမြ အုပ်စု ကြီးဟာ အခု သိနေရသော ဆလုံ လူမျိုး များ ပင်ဖြစ်သည် ထိုဆလုံများကို AD-3 မှာ ဖန်မန်က တိုက်ခိုက် အောင်မြင်ခဲ့ကြောင်း မှတ်တမ်း မရှိ အိန္ဒိယသားတွေဟာ ပင်လယ်ခရီး ထွက်ရင် သူတို့ ကို အတော်ပဲ ကြောက် ကြတယ် သူတို့ကို အိန္ဒိယ သား တွေက Raksas လို့ ခေါ်ပါတယ် မြန်မာလို အားဖြင့် ရက္ခိုသ် လို့ ခေါ်တယ် ရက္ခိုက်ကနေ ရခိုင် ဖြစ်လာတယ် ဆို သော အဆို တစ်ခု နှင့် စပ်သော် ထားပါဦးမည် နောက်မှ ဆက်စပ် ဖော်ပြပါ မည်

အပိုင်း(12) ဆက်ရန်














0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်