တန်လိုင်းတွေ ဘယ်ရောက်ကုန်တာလဲ
တန်လိုင်း
ကောဇာသက္ကရာဇ် ၄၆၉ခုစွဲ ပရမ္မိထီးလှိုင်သျှင်ကျောက်စာ
ကျောက်တိုင်အမှတ် နံပါတ် (၅)က စာကြောင်းရေ ၅,၆မှာ
"ဥသာလမည် တန်လိုင်ပြည်ကို နည်နည်ညက်ညက် ခြေဖျက်ပြီး၍" လို့ ရေးထားတယ်။ အလှူရှင်က ကျန်စစ်သားမင်းကြီး ဖြစ်ပါတယ်။
စစ်ကဲတော်မင်းဦးရွှေနော် ရေးတဲ့ စေတီတော်သမိုင်းပေါင်း ချုပ် စာမျက်နှာ ၈၁ မှာ "တလိုင်းတို့နယ်ပယ်ဟု" ဆိုပြီး ရေးတယ်။
ကိုလိုနီခေတ် ရုံးစာရေးသားကြရာတွင် "တလိုင်းဘာသာ စာသင်ကျောင်းများ" ဆိုပြီး သုံးကြပါတယ်။
ဆိုရလျှင် တန်လိုင်းဆိုတာ ပုဂံခေတ်ကနေ ကိုလိုနီခေတ် အထိ ထယ်ထယ်ဝါဝါ ရှိခဲ့တဲ့ လူမျိုးလို့ ဆိုနိုင်ပါတယ်။
ဒီလူတွေ ကိုလိုနီခေတ်နှောင်းရောက်ချိန်မှာ ဘယ်ရောက် ကုန်ကြတာလဲ။ ဘယ်ပျောက်သွားတာလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းလှပါတယ်။
အစကတော့ဖြင့် တန်လိုင်းဆိုတာ မွန်လူမျိုးတို့ကို ခေါ်တာ ဆိုပြီး မှတ်ထင်ခဲ့မိပါတယ်။ မွန်သမိုင်းဆရာပညာရှင်များ မွန်လူမျိုးများက တရားဝင်ခွင့်ပြုချက်ရ စာအုပ်စာပေများ ဖြင့် တလိုင်းသည် မွန်လူမျိုးမဟုတ်ပါကြောင်း တလိုင်း ဆိုသည်မှာ တေလဂူများကို ခေါ်ဆိုကြောင်း ငြင်းချက်ထုတ် ထားသော စာအုပ်အတော်များများကို ဖတ်မှတ်ရသော အခါ ဒီတလိုင်းဆိုတဲ့ လူမျိုးတွေ ဘယ်ရောက်ကုန်တာလဲ
ဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာပါတယ်။
ရာဇဝင်နှင့် ပြည်တွင်းပြည်ပ သမိုင်းမှတ်တမ်းတို့တွင် ခန့်ခန့်ထယ်ထယ် အရေးတယူမှတ်တမ်းတင်ရလောက် အောင် ကြီးကျယ်ခဲ့သော တန်လိုင်းလူမျိုးတို့ ကိုလိုနီခေတ် နှောင်းရောက်ကာမှ ရုတ်ချည်း ပျောက်ကွယ်သွားရသည် ကိုလည်း များစွာအံ့သြမိရပါတယ်။ ဒီလူတွေ ဘယ်ရောက် ကုန်တာလဲ။
အိုးဋီကာ
……………………" အိုးဋီကာ "………………………
မိန်းမ ဆိုတဲ့အမျိုးက
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောင်္ကျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။
သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။
အနယ်မနာ မီးမကျက်
ကွဲအက်လွယ်တဲ့အမျိုးကို
စပ်စလူးအိုးလို့ ခေါ်သကွဲ့
ဘယ်တော့မှ မဝယ်နဲ့နော် ။
မီးပေးနာထားလို့
ဧည့်သည်လာတိုင်း အရှက်ခွဲ
မျက်နှာမည်းတဲ့အိုးမျိုး
လျှော့ဈေးနဲ့ရောင်းတောင်
မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။
ရေဘယ်လောက် ဖျန်း ဖျန်း
မကျေမချမ်းနဲ့
အမြဲတမ်း ဆူဆူပူပူ
နှုတ်ခမ်းထူတဲ့အိုး များ
ဘယ်သူက အလကားပေး ပေး
ယူဖို့မတွေးလေနဲ့…သားရေ ။
အဖိုးနည်း ရင်
အိုးကွဲပဲ ရမတဲ့
အိုးရွေးမှန်မှလည်း
အကျိုးပေးသန်မှာပဲ မဟုတ်လား ။
အိုးကြီး အိုးသေး
တစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့
အိုးဈေးတန်းကတော့
သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။
အက်ကြောင်းတလျှောက်
မိတ်ကပ်နဲ့ဖျောက်ထားတဲ့
ပေါက်ပြီးသား အိုးတွေ……။
မလှိမ့်တစ်ပတ်နဲ့
စိမ့်တတ်တဲ့ အိုးတွေ……။
လည်သိမ် အောက်ကား
ဆောင့်ကြွားကြွား အိုးတွေ……။
ကနုတ်များများရေး
အရုပ်အသားပေး အိုးတွေ……။
ကန့်သတ်ချက် မရှိဘူး
နှံ့စပ်အောင် လျှောက်ကြည့်
ပတ်ပတ်လည် မြှောက်ကြည့်
လက်နဲ့ ခေါက်ကြည့်
"ဒေါက်"…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်
"ဒပ်"…လို့ ထွက်တဲ့အသံ
လက်မခံပါလေနဲ့
အက်သံပါနေသတဲ့ကွယ်
နားထဲမှာ ကြည်လင်
"ဒေါင်"…လို့ မြည်ရင်တော့
ပီပြင်တဲ့အိုး ရပဟေ့
အဖိုးအခ ဈေးများလည်း
အပြေးအလွှားဝယ်
တလေးတစားသာ သယ်ခဲ့တော့
အဲဒါ………
တို့ဘိုးဘေးတွေ လက်ထက်ကတည်းက
အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။
ဈေးဝယ်ဆိုမှတော့
ဈေးလယ်ထိတော့ ရောက်အောင်သွား
တန်းထားတဲ့အိုးတွေ ရှိတယ်
လမ်းသလားတဲ့အိုးတွေ ရှိတယ်
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်
မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်
အဖိုးသားနား အနည်းအများ
အမျိုးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြိုးစားဖို့က
အမျိုးသားတိုင်း သဘောပေါက်
ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့
အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ။ ။
မြန်မာဇာတ်သဘင်ကို ဝေဖန်ချက်စာအုပ် - ဒေါက်တာသန်းထွန်း
မြန်မာပြဇာတ်တို့ကို လေ့လာသုံးသပ်၍ မောင်ထင်အောင် အင်္ဂ္လိပ်ဘာသာဖြင့် ရေးသည့် မြန်မာဇာတ်သဘင် စာအုပ်အား ဂျေအေစတီဝပ် ဝေဖန်ချက် (လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာ သိသင်စာစောင်၊ အတွဲ ၉၊ ၁၉၃၇၊ ၁၉၃၇-၁၉၃၉၊ ၇၉၂- ၇၉၃)ကို သန်းထွန်း မြန်မာပြန်သည်။
မောင်ထင်အောင်၊ မြန်မာဇာတ်သဘင် စာမျက်နှာ ကဲ+၂၅၈၊ လန်ဒန် ဟမ်ဖရီမေလ်ဖို့ဒ် အောက်စဖို့ဒ်တက္ကသိုလ်ပုံနှိပ် ၁၉၃၇၊ တန်ဖိုး ၁၁ သျှီလင် ၆ ပဲနိ။
ဒပ်ဗလင်တက္ကသိုလ်က၊ ကျမ်းပြုသူကို ပါရဂူ(Ph.D)ဘွဲ့ပေးသည့်(ဘွဲ့ယူ)ကျမ်း ဖြစ်ပါသည်။ ထိုကျမ်းတွင် "​ဥရောပနှင့် အင်္ဂ္လိပ်ပြဇာတ်တို့ကို၊ မြန်မာပြဇာတ်တို့နှင့်နှိုင်းယှဉ်ချက်" ပြုထားပါသည်။ ယခုအတိုင်း ထိုကျမ်းကို မပြုမပြင်ပါက အမှန်ကို ပြောရလျှင် အထောက်အထားများစွာ မခိုင်လုံသော်လည်း ကျမ်းပြုသူက ခိုင်မာသည့် အနေဖြင့် မြန်မာ၌တွေ့ရ သည့်ပြဇာတ်များသည် ခေတ်ဦးအင်္ဂ္လိပ်ပြဇာတ်ပုံစံတို့နှင့် ရောထွေးယှက်တင် တူညီလေဟန် ရေးသားထားပါသည်။ ကျမ်း၏ အကောင်းဆုံးသော အပိုင်းမှာ ယခုတိုင် တိမ်ကောပပျောက်၍ မသွားသည့်ပြဇာတ်များနှင့်၊ ထိုဇာတ်တို့ကို ရေးသားပြုစုသည့် စာရေးဆရာတို့ အကြောင်းကို ရှာဖွေ ရေးသား ဖော်ထုတ်ကာ ကောင်းသည်ဟု ထင်ရသည့် အချို့သော ဇာတ်တို့မှ ကောက်နှုတ်ချက်များကို ထုတ်ပြီး ပြည့်ပြည့်စုံစုံ ဘာသာပြန်ထားခြင်းပင် ဖြစ်ပါသည်။ (သို့သော်) ထိုအကြောင်းများကို အဆုံးသတ်အောင် မရေးပါ။ ရေးသည့်အခါ ဇာတ်ကိုလည်း မဆုံး၊ ဇာတ်ဆရာ အကြောင်းလည်း အကုန်မပါ။ ထို့ပြင် ဘာသာပြန်ရမည့်အစား၊ ခပ်လွယ်လွယ် သဘောသရုပ်ကို ချုံ့၍ ရေးတတ်သေးသည်။ ယင်းသို့ အနေ အထားမှာပင်လျှင် ၁၇၈၅ ခန့်တွင် စသည့်မြန်မာပြဇာတ်ဆရာအကြောင်းကို နောင် နှစ်တစ်ရာကြာလျှင် ကွယ်လုမတတ် တိမ်မြှုပ်သွားသည့် မြန်မာဇာတ်သဘင်၏သမိုင်းသဘောမျိုး ဖြစ်သည့် အမှတ်အသား(အဦးအစ)ကို ရရှိလိုက်ပါသည်။ မြန်မာစာပေတွင် အလွန် စိတ်ပါဝင်စားဖွယ် ဖြစ်သည့် အပိုင်းတစ်ခုကို အသင့်အတင့် ခြုံငုံလျက် သိခွင့်ရပါသည်။
အရှေ့ဘက် အိမ်နီးချင်းနိုင်ငံတွင် အရင်းခံဖြစ်သည့် အီနောင်သည် ဣန္ဓဝန࿿သ ဟု မှန်အောင် မရေးသည့်တိုင်၊ ခပ်ညံ့ညံ့ သတ်ပုံဖြင့် အိန္ဒာဝန࿿သ ဟူ၍လည်း မရေးဖြစ်ဘဲ အိန္ဓဝုဓ ဖြစ်သွားပါသည်။ ဤကဲ့သို့ များယွင်း ဖော်ပြချက်ကို စာမျက်နှာ ၄၄ နှင့်ဆက်၍ နောက်ပိုင်း စာမျက်နှာများစွာတွင် တွေ့ရပါသည်။
"ပြဇာတ်စရာ(ဦးကူး)၏ အကောင်းဆုံးလက်ရာမှာ ရာမဇာတ်ကို အဓိပ္ပါယ်သဘောသရုပ် ဖွင့်ဆိုချက်နှင့် ၁၈၈ဝ တွင် ရေး ခဲ့ခြင်း ဖြစ်ပါသည်" (စာမျက်နှာ ၁၂၁) မှတ်ချက်မှာ၊ ဤဇာတ်၏ကောက်နုတ်ချက် တစ်ခုကို နောက်ဆက်တွဲမှာ ဖော်ပြ တယ်လို့ ပြောပါသည်။ သို့သော် ကောက်နုတ်ချက်မှာ လူဝံမောင်နှမ ဇာတ်မှဖြစ်နေပါသည်။ လူဝံကို (Babbon) မျောက် လွှဲကျော် ဟု ဘာသာပြန်သည်မှာလည်း မသင့်ပါ။ လူဝံ ဆိုလျှင် Orangoutan ဥရန် ဥတန်လို့ ရေးသင့်ပါသည်။
ဦးကူးက ပုံတော်ရာမ ပြဇာတ်ကို ရေး၍ ၁၈၈ဝ တွင် ပုံနှိပ်ပါသည်။ သို့သော် ဇာတ်ကို စာမျက်နှာ ၂ဝဝ ရေးခဲ့သော်လည်း အဓိပ္ပါယ် ကောက်ချက် တစ်စုံတစ်ရာ မပါချေ။ မြန်မာနိုင်ငံတွင် ရာမဇာတ်ကို မူကွဲ အမျိုးမျိုး ရှိသည်မှာလည်း မှန်ပါသည် ထိုမျှ များပြားသည့်အထဲတွင် ဇာတ်တစ်စောင်ကလွဲ၍ ကျန်မူများမှာ ဒေသအမည်နှင့်တွဲလျက် ဖော်ပြမြဲ ဖြစ်ပါသည်။ (ဥပမာ) မလေးရာမ၊ ယိုးဒယားရာမ၊ ဘင်္ဂ္လားရာမ စသည်ဖြင့် ခေါ်ကြရပါသည်။ တစ်ခုတည်းသော ခြွင်းချက်က ပုံတော်ရာမ ဖြစ်ပါသည်။ ဦးကူးပြဇာတ်တွင် (ထိုဇာတ်၏တစ်စိတ်တစ်ပိုင်းကို ယူထားသည်ကို တွေ့ရသည်။) ပုံတော် ဟူသည် အတိအကျ အဓိပ္ပါယ်ဖော်ရလျှင် "ကြီးမားသည်"၊ "ကြည်ညို မြတ်နိုးစရာ ဖြစ်သည်"ဟု ဖွင့်ဆိုရပါမည်။ ပြဇာတ် ကို နိဂုံးချုပ်သည့်အခါ ဦးကူးက သူ၏အရေးအပါဆုံး ဇာတ်ဆောင်ကို ပုံတော်ရာမ ဟူ၍လည်းကောင်း၊ အလောင်းတော် ရာမ ဟူ၍လည်းကောင်း မြှောက်စား ရေးသားလိုက်ပါသည်။ ဤတွင် အလောင်းတော် ဟူသည် ဘုရားလောင်း ဖြစ်သည်။ ဗောဓိသတ္တပင် ဖြစ်သော်လည်း ထို့ထက်ပိုလျက် ဗုဒ္ဓပုံရိပ် (adumbration) (သို့မဟုတ်) ပုံတော်ဟု ဆိုလိုက်ခြင်းဖြစ်ရာ ပုံတော်ရာမသည် ရာမဆန္ဒြကို ကြီးကြီးကျယ်ကျယ် မြှောက်စားလိုက်ခြင်းပင် ဖြစ်ပါသည်။
ဦးတိုး၏"ရာမရကန်"မှာ၊ "ရာမဝတ္ထု"ကို အလင်္က࿿ာဖြင့် အကျယ်တဝင့် ရေးသားချက် ဖြစ်ပါသည်။ စာမျက်နှာ ၅ဝ တွင် ဦးတိုး၏"လက်ရာသည် ရှင်းလင်း ကျစ်လစ်၍ အလင်္က࿿ာမြောက်သည်" ဟု ရေးသားထားပါသည်။ ဘာသာပြန်သူကို ဖက်ပြိုင်၍ မငြင်းလိုသော်လည်း၊ ဦးတိုး၏ရကန်တွင် သဘောအချုပ် မရှင်းမလင်း မပီသ များစွာမှာ၊ ဘာကြောင့်ဟု မပြောနိုင်သည့်အပြင် စာပိုဒ်များစွာမှာ နားလည်ရန် အလွန့်အလွန် ခက်ခဲသည်ကို သတိပြုမိပါ၏လောဟု မေးလိုပါသည်။
မောင်ရင်မောင် မမယ်မ ခေါ် အလွန်ကောင်းသည့်ဝတ္ထုသည် အင်္ဂ္လိပ်ဘာသာပြန် မွန်တီခရစ်တိုမြို့စားကို၊ အမည်မသိ ဆရာတစ်ဦးက ၁၈၈၉/၁၈၉ဝ ခန့်တွင် မှီး၍ ရေးသားသည်(စာမျက်နှာ ၁၃၅) ဟု ဖော်ပြပါသည်။ မှီး၍ ရေးသူသည် ဂျိမ်း လှကျော်ဖြစ်၍ ၁၉ဝ၄ ခုက ပုံနှိပ်သည်ဟု အဆိုပါ ဘာသာပြန်စာအုပ် အဖုံး၌ ထင်ရှားစွာ ဖော်ပြပါသည်။
            မောင်ထင်အောင်သည် စင်စစ်အားဖြင့် ကျမ်းရေးသောအခါ ပြဇာတ်ကိုသာလျှင် တိုက်ရိုက်(အခြေခံအဖြစ်) သုံး သည်ဆိုသည့်အချက်မှာ အမှန်တကယ် လုပ်သင့်သောအချက် ဖြစ်ပါသည်။ သို့သော် သူ့ကျမ်းတွင် ကျမ်းကိုးစာရင်းကို မဖော်ပြသဖြင့် သူ့အထက်က ဤအကြောင်းအရာကို မည်သူတွေ မည်သို့ ရေးသားသည်ဟု မဖော်ပြနိုင်ခြင်းကား သူ့အမှား ပင် ဖြစ်ပါသည်။ အကယ်၍ သူသည် သူ့ကျမ်းကို နောက်တစ်ကြိမ် တည်းဖြတ်၍ ပုံနှိပ်မည် ဆိုပါလျှင် မြန်မာနိုင်ငံသုတေ သနအသင်းဂျာနယ်တွင် (ရာမအကြောင်း) ဘဟန်၊ အေးမောင်၊ ဖေမောင်တင်နှင့်ဆရာသိန်းတို့ ရေးခဲ့သော ဆောင်းပါး များ ရှိနေကြောင်းကို အသိပေးနှိုးဆော်လိုပါသည်။ မြန်မာရာဇဝင်များတွင် ထိုပြဇာတ်အကြောင်း မည်သို့ ရေးသားပါရှိ သည်ကိုလည်း လေ့လာသင့်ပါသည်။ ရှေးအခါက ရေးသားသော ဆာ ဟင်နရီယူလ်၊ ဂျင်နရယ် ဖိုက်ခ်ျ၊ ကပ္ပတိန် ဖော့နှင့် ​ဆာ ဂျော့စကော့တို့၏ဇာတ်ကပြမှုဆိုင်ရာ ဖော်ပြချက်များမှလည်း အသင့်အတင့် ဖြည့်စွက် ပြောစရာ ရမည်ဟု ထင်ပါ သည်။၁၈၉ဝ ခန့်တွင် မှီး၍ ရေးသားသည်(စာမျက်နှာ ၁၃၅) ဟု ဖော်ပြပါသည်။ မှီး၍ ရေးသူသည် ဂျိမ်း လှကျော်ဖြစ်၍ ၁၉ဝ၄ ခုက ပုံနှိပ်သည်ဟု အဆိုပါ ဘာသာပြန်စာအုပ် အဖုံး၌ ထင်ရှားစွာ ဖော်ပြပါသည်။
            မောင်ထင်အောင်သည် စင်စစ်အားဖြင့် ကျမ်းရေးသောအခါ ပြဇာတ်ကိုသာလျှင် တိုက်ရိုက်(အခြေခံအဖြစ်) သုံး သည်ဆိုသည့်အချက်မှာ အမှန်တကယ် လုပ်သင့်သောအချက် ဖြစ်ပါသည်။ သို့သော် သူ့ကျမ်းတွင် ကျမ်းကိုးစာရင်းကို မဖော်ပြသဖြင့် သူ့အထက်က ဤအကြောင်းအရာကို မည်သူတွေ မည်သို့ ရေးသားသည်ဟု မဖော်ပြနိုင်ခြင်းကား သူ့အမှား ပင် ဖြစ်ပါသည်။ အကယ်၍ သူသည် သူ့ကျမ်းကို နောက်တစ်ကြိမ် တည်းဖြတ်၍ ပုံနှိပ်မည် ဆိုပါလျှင် မြန်မာနိုင်ငံသုတေ သနအသင်းဂျာနယ်တွင် (ရာမအကြောင်း) ဘဟန်၊ အေးမောင်၊ ဖေမောင်တင်နှင့်ဆရာသိန်းတို့ ရေးခဲ့သော ဆောင်းပါး များ ရှိနေကြောင်းကို အသိပေးနှိုးဆော်လိုပါသည်။ မြန်မာရာဇဝင်များတွင် ထိုပြဇာတ်အကြောင်း မည်သို့ ရေးသားပါရှိ သည်ကိုလည်း လေ့လာသင့်ပါသည်။ ရှေးအခါက ရေးသားသော ဆာ ဟင်နရီယူလ်၊ ဂျင်နရယ် ဖိုက်ခ်ျ၊ ကပ္ပတိန် ဖော့နှင့် ​ဆာ ဂျော့စကော့တို့၏ဇာတ်ကပြမှုဆိုင်ရာ ဖော်ပြချက်များမှလည်း အသင့်အတင့် ဖြည့်စွက် ပြောစရာ ရမည်ဟု ထင်ပါ သည်။ ကပ္ပတိန်ဖော့၏ဗြိတိသျှမြန်မာ စာအုပ်တွင် ကျေးလက်တောရွာက ကလေးများ တင်ဆက်သည့် ဝေ ဿန္တရာဇာတ် အကြောင်းကို အင်မတန် ဖတ်ချင်စဖွယ် ရေးသားထားသည့်အပြင်၊ ရုပ်သေးဇာတ် ကပြပုံကိုလည်း အဖိုးတန်သော မှတ်စု များ ရေးခဲ့ဖူးပါသည်။ ထို့ပြင် ဂျင်နရယ်ဖိုက်ခ်ျက နန်းတွင်းအကကို ချီးမွမ်းရေးသားလျက် ငွေတောင်ပြဇာတ်ကို ကာရန် မဲ့လင်္က࿿ာနှင့်ဘာသာပြန်ခဲ့ပါသည်။ ထိုဘာသာပြန်တွင် ကိန္နရီက လူယောကျာ်းနှင့်အိမ်ထောင်ကျပုံကို အလွန် ထင်ရှား ပီပြင်အောင် ရေးပြထားပါသည်။ လောကုတ္တရာသန်သူက ဤကဲ့သို့ အရေးအသားကို အပြင်းအထန် ရှုတ်ချလျှင် ရာမ၊ အီနောင်တို့ကို ဖတ်ကြည့်သင့်ကြောင်း (ရည်ညွှန်းဖော်ပြပါသည်။)
မောင်ထင်အောင်၏ကျမ်းကို ပုံနှိပ်ခြင်းဖြင့် ရရှိမည့်ရလဒ်မှာ ပျောက်ကွယ်မတတ် ရှိသော ဇာတ်အချို့ကို ဖတ်ရခြင်းပင် ဖြစ်ပါသည်။
ဦးပုည၏ပြဇာတ်များနှင့်ဂန္ထဝင်ကျမ်းတစ်စောင် နှစ်စောင်မှတစ်ပါး အရင် အနှစ် သုံးလေးဆယ်က ရုံတင်ဇာတ်တွေ အများကြီးကို ပုံနှိပ်ထုတ်ဝေဖြစ်သည့်အချိန် မတိုင်မီက နာမည်ကြီးဇာတ်များကို ဖတ်လို၍ ရှာသော်လည်း ရှာ၍ မရဖြစ်ရ ပါသည်ဟုဆိုသော်လည်း ဗြိတိသျှပြတိုက်နှင့်အိန္ဒိယရုံးစာကြည့်တိုက်များတွင် စုဆောင်းပြီး အပုံလိုက်၊ ၁၈၇ဝ ကျော် ၁၈၈ဝ ကျော်က ပုံနှိပ်ခဲ့သည့်ဇာတ်စာအုပ်များ ရာနှင့်ချီပြီး ရှိနေပါသည်။ ထိုဌာနတို့နှင့် ပြေလည်အောင် စေ့စပ်ပြောဆိုနိုင် ပါလျှင် ထိုဇာတ်တွေကို ပြန်လည် ပုံနှိပ်နိုင်လိမ့်မည်ဟု ထင်ရပါသည်။
စံပယ်ဖြူ၊ နိုဝင်ဘာ၊ ၂ဝဝ၂၊ ၁၄၃-၁၄၅။
ရှေးခေတ်ကဆည်မြောင်း - ဒေါက်တာသန်းထွန်း
ပုဂံခေတ် ကျောက်စာတချို့အားကိုးနဲ့ ဆည်မြောင်းအကြောင်းကို ပြန်ပြီး စစ်ဆေးကြည့်တော့ အများ ပြောလေ့ရှိပုံကို နည်းနည်းတော့ ပြင်ဆင်ရမယ် ထင်တယ်။ ပုဂံအနားက အနောက်ဖွားစောရွာ ဓမ္မရာဇိက ဘုရား အရှေ့မုခ်ဂူထဲက ကျောက်စာအရ ဓမ္မရာဇိကဘုရားကို ဇေယသူရမင်းကြီး တည်တယ်။ မြန်မာဆန်ဆန် ဇေယသူရကို စည်သူလို့ ခေါ်ကြ တယ်။ ပြီးတော့ အထက်က စည်သူမင်းတစ်ပါး ရှိဖူးလို့ အရင်စည်သူကို အလောင်းစည်သူ (၁၁၁၃-၁၁၆၃) လို့ခေါ်လေ့ ရှိပြီး အခု စည်သူကို နရပတိစည်သူ (၁၁၆၉-၁၂၁၁) လို့ ခေါ်လေ့ ရှိကြပါတယ်။ အဲဒီနောက်မှာ ဥစ္စနာ (၁၂၄၆-၁၂၅၆) ကလည်း ကျောက်စာထဲမှာ စည်သူလို့ပဲ ဘွဲ့အမည်ကို ရေးပြန်တယ်။ တရုတ်ပြေး (၁၂၅၆-၁၂၈၇) ကလည်း စည်သူပဲ။
ဒါ့ကြောင့် အဝခေတ်မှာ မင်းခေါင်တွေကို ပထမမင်းခေါင်၊ ဒုတိယမင်းခေါင် ခေါ်သလို ပုဂံခေတ်က စည်သူတွေကိုလည်း ပထမစည်သူ၊ ဒုတိယစည်သူ၊ တတိယစည်သူနဲ့စတုတ္ထစည်သူလို့ ခေါ်လေ့ ရှိကြပါတယ်။ အခု သစ်မတီအရပ်မှာ ရှိတဲ့ ဓမ္မ ရာဇိကစေတီ တကာတော်ကိုလည်း ဒုတိယစည်သူလို့ ခေါ်လေ့ရှိပါတယ်။ ဒုတိယစည်သူရဲ့ ခမည်းတော် ပထမစည်သူရဲ့ ဘွဲ့က သိရီတြိဘုဝနာဒီတျပဝရပဏ္ဍဍိတ ဓမ္မရာဇ နရပတိ ဖြစ်ပါတယ်။ ဇမ္ဗူဒီပမှာ တန်ခိုးကြီးတယ်လို့ ကျော်ကြားတဲ့မင်း ဖြစ်တယ်လို့ သူ့သားတော် ဒုတိယစည်သူက ဓမ္မရာဇိက ကျောက်စာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ဒုတိယစည်သူက သူ နန်းစံရာ နေပြည်တော်က အရိမဒ္ဒနပူရ၊ နိုင်ငံက အရှေ့သံလွင်မြစ်၊ တောင်ထဝယ်၊ တနင်သာရီ၊ သလင်ကြေ (Cape Salang)၊ အနောက်(ချင်း​)တောင်၊ ပတိက္ကရာ၊ မြောက်တကောင်း၊ ငဆောင်ချံ ဖြစ်တယ်။ သူ့မှာ စစ်သူရဲ တစ်ဆယ့်ငါး သိန်းရှိတယ်လို့တောင် ကျောက်စာထဲမှာ ဖော်ပြတယ်။ (သုညတစ်လုံး ဖြုတ်ပြီး တစ်သိန်းခွဲ နှစ်သိန်းဆိုရင် ဟုတ်​လောက် စရာ ရှိပါတယ်။)
ဒုတိယစည်သူမင်းကြီးက ဘုရား တည်မယ်ဆိုပြီး ၇ အောက်တိုဘာ ၁၁၉၆ နေ့က သစ်မတီအရပ်မှာ မြေနေရာ ရွေးတယ်။ ငါးမြှောင့်တိုင် ဖြူဖြူ တစ်တိုင်မြင်တော့ နိမိတ်ကောင်းပဲ ဆိုပြီး တွေ့တဲ့နေရာမှာ ပန်နက်ပုံ ထောင့်ငါးထောင့် ရှိပြီး အရံ တန်ဆောင်းငါးဆောင် ရှိတဲ့ စေတီတစ်ဆူ တည်ဖို့ ဆုံးဖြတ်တယ်။ အဲဒါကို သစ်မတီရပ်မထေရ် (မဟာထေရ) ကိုလည်း အကြောင်း ကြားတယ်။ ငွေတော်လည်း လေးသောင်းခွဲ ထုတ်ပေးတယ်။ သီဟိုဠ်မင်းဆီက ရထားတဲ့ ဘုရားဓာတ်တော် အဆူ ၃ဝ ကို ဌာပနာပြီး စေတီကို တည်တယ်။ ပြီးတဲ့အခါ ၁၈ စက်တင်ဘာ ၁၁၉၈ မှာ အထွတ် တင်တယ်။
ဘုရား ပြီးပြီဆိုတော့ သံဃာအပါးတစ်ထောင်အတွက် သင်္က္န်းအစုံ တစ်ထောင် လှူတယ်။ ရတနာသုံးပါးကို လုပ်ကျွေး ပြုစုဖို့ ကျွန်တစ်ထောင်လည်း လှူတယ်။ ဘုရားမြေဆိုပြီး မြေပယ်ပေါင်း ခုနစ်ထောင့်ငါးရာလောက် လှူတယ်။ တစ်ပယ် ကို ၁ ဒသမ ၇၅ ဧက ရှိလေတော့ ဘုရားမြေ အစုစု ဧကပေါင်း ၁၃၁၂၅ ဧကလောက် လှူလိုက်တာ ဖြစ်တယ်။
မြေလှူတဲ့အခါ ဆည်ရေသောက် လယ်တွေကို ခရိုင်ဒေသကရော၊ တိုက်အရပ်ကပါ မျှတပါဝင်အောင် ရွေးပြီး လှူခဲ့တယ်။ ခရိုင်နဲ့တိုက်ကို ဘယ်နေရာတွေမှာ တွေ့နိုင်တယ်။ ဘယ်တုန်းက စပြီး ဒီနေရာတွေမှာ ဆည်မြောင်းနဲ့ရေသွင်းပြီး စပါး စိုက်တယ်ဆိုတာ ရှင်းဖို့ လိုပါတယ်။ ပထမဦးဆုံး ဆည်ရေသောက် လယ်ရှိတဲ့နေရာတွေကို "ခရိုန်"လို့ခေါ်ပါတယ်။ အခု ခေတ် စာလုံးပေါင်းကတော့ "ခရိုင်"ပေါ့။
ကျောက်ဆည်နယ်မှာ ခရိုင်ဆိုတဲ့နာမည်နဲ့ တွဲပြီး ခေါ်တဲ့ရွာ တစ်ဆယ့်တစ်ရွာ ရှိတယ်။ မန္တလေးနယ်မှာတော့ ခရိုင်တစ်ရွာ ပဲ ရှိတယ်။ မင်းဘူးနယ်မှာ ခရိုင်ခြောက်ရွာ ရှိတယ်။ အဲဒီနေရာတွေမှာ မြန်မာတွေထက် စောပြီး မွန်၊ ကရင်နဲ့ကဒူးတွေက အရင် အနှစ် နှစ်ထောင် ဝန်းကျင်ကပဲ စပါး စိုက်နေကြပါပြီ။ နောင်အခါ စပါးကို ဆည်ရေ အားကိုးနဲ့ စိုက်တဲ့ပညာကို မြန်မာတွေ တတ်ကျွမ်းလာတဲ့အခါ စပါးစိုက်ခင်းကို တိုးချဲ့ပါတယ်။ နောက်တိုးဒေသကို "တိုက်"လို့ ခေါ်ပါတယ်။ အဲဒီလို တိုးချဲ့ခဲ့တာက အရင် အနှစ် ခုနစ်ရာလောက်က ဖြစ်ပါတယ်။
တစ်ဆယ့်တစ်ခရိုင်
ကျောက်ဆည်နယ်မှာ ရှိတယ်။ တောင်က မြောက်ကို အစဉ်လိုက် ဖော်ပြရင်
၁။ ပင်လယ် (နတ်ထိပ်တောင်ကြားလမ်းနဲ့အနီးဆုံး တစ်ဆယ့်တစ်ခရိုင်မှာ တောင်ဘက်အကျဆုံး၊ အခု ရွာဆိုးကုန်း)
၂။ ပြည်မနား (မီးရထားလမ်းပေါ်က မြို့မဟုတ်၊ ပန်းလောင်မြစ် အနောက်ဘက်၊ ကူမဲမြောက်ဘက်၊ အခု ရွာဆိုးကုန်း)
၃။ မြစ်သား (အခု မြို့၊ ပန်းလောင်မြစ် အရှေ့ဘက်)
၎။ ရငုန် (အခု ရွာမုံကြီး၊ ပန်းလောင်မြစ်နဲ့စမုံမြစ်ဆုံ)
၅။ မြင်းခုန်တိုင် (အခု မြို့၊ ပန်းလောင်မြစ် အရှေ့ဘက် ကမ်းပါး)
၆။ ပနန် (ကျောက်ဆည်မြို့ အနောက်၊ ပန်းလောင်မြစ် အရှေ့ဘက်ကမ်း၊ အခု ရွာဆိုးကုန်း)
၇။ တမုတ် (ပန်းလောင်မြစ်နဲ့ဇော်ဂျီမြစ်ဆုံ၊ အခု ရွာဆိုးကုန်း)
၈။ သင်တောင် (ကျောက်ဆည်မြို့မြောက်၊ ဇော်ဂျီမြစ် အနောက်၊ စွန်ရဲကန်အနီး၊ အခု ရွာဆိုးကုန်း)
၉။ မက္ခရာ (အခု မြို့၊ ဇော်ဂျီမြစ်နဲ့မြစ်ငယ်မြစ်ဆုံ)
၁ဝ။ တပြက်သာ (မက္ခရာမြို့အနောက်၊ အိုးထိန်းတောင်ဝန်းကျင်၊ အခု ရွာဆိုးကုန်း)
၁၁။ ခံမှူ (မွန်ရွာဟောင်း၊ ပန်းလောင်မြစ်နဲ့မြစ်ငယ်မြစ်ဆုံ)
တစ်ခရိုင်
မန္တလေးနယ်
မင်းဘူးနယ်၊ ကျောက်ဆည်နယ်က တစ်ဆယ့်တစ်ခရိုင်လို့ နာမည်စာရင်း မရှိ။ တောင်က မြောက် အစဉ်လိုက် မှန်းဆချက်
၁။ စကု
၂။ မပင်စရ
၃။ ကျက်သကိုင်
၎။ ယပကော
၅။ စလင်း
၆။ အော့လိုင်
တိုက်
မုံရွာအောက် ချင်းတွင်းမြစ်ရိုးနဲ့ တကောင်းအောက် ဧရာဝတီမြစ်ရိုး နှစ်ရိုးအကြား တောင်က မြောက် အစဉ်လိုက်
၁။ လတွေ
၂။ မုဆိုးခြုံ
၃။ မုဆိုးဖို
၎။ ပင်စည်
၅။ ညံ့သာ
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ငါးခုံယမားချောင်းနဲ့ ယမားချောင်း နှစ်ခုအကြား ပင်ကျီဆယ်တိုက်၊ တောင်က မြောက် အစဉ်လိုက် မှန်းဆချက်
၁။ ငါးခုံ
၂။ ကျားတက်
၃။ ချောင်းဆုံ
၎။ ပုလဲ
၅။ မင်းတိုင်ပင်
၆။ ဆားလင်းကြီး
၇။ ဆားထုံး
၈။ ချင်ပြစ်
၉။ အိုင်းမ
၁ဝ။ ယင်းမာပင်
ဧရာဝတီမြစ် အနောက်ဘက်ကမ်း
၁။ တမာခါး (ယောမြစ်ညာ)
၂။ ပူဇော် (ခြောက်ခရိုင်အစပ်)
၃။ မုန်းတောင် (မုန်းချောင်း တောင်ဘက်ကမ်း)
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း
၁။ တောင်တွင်းကြီး
အထူးမှတ်ချက်။ခရစ်နှစ် တစ်ဆယ့်သုံး ရာစုနှစ်ကုန်မှာ တရုတ်က တူးပေးသွားတယ်ဆိုတဲ့ သင်းတွယ်မြောင်ကို ခရစ် နှစ် ၁၂၉၈ က ကျောက်စာမှာ တွေ့တယ်။ ကျောက်စာမှာ တွေ့တဲ့နှစ်ထက် အနည်းဆုံး အနှစ်ငါးရာကျော်ကပဲ ဂဒူးတွေ တူးခဲ့လို့ သူတို့အများစုနေရာ သင်းတွယ် (တကောင်း)ကို စွဲပြီး သင်းတွယ်မြောင် ခေါ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ဿ
အညွှန်း ဓမ္မရာဇိကဘုရားကျောက်စာ (ဓာတ်ပုံ ၁၉၊ ၂ဝ)
ကလျာမဂ္ဂဇင်း၊ ၁၉၉၂၊ ဇူလိုင်လ၊ အမှတ် ၈၉။
ပါဠိအလို ဗျည်း(၃၃)လုံးအနက် နောက်ဆုံး (၃၃)လုံးမြောက်ဗျည်း ဖြစ်၏။ အစုမဟုတ်သော အ-ဝဂ်အက္ခရာ အ-ဟု ခေါ်သည်။ အသံ၏ဖြစ်ပေါ်ရာဌာန ဌာန်အားဖြင့် လည်ချောင်းအရပ်မှဖြစ်သော ကဏ္ဌဇအက္ခရာ ကဏ္ဌဌာန်ဖြစ်သည်။ နှုတ်ခမ်းကို ပိတ်၍ ရွတ်ဖတ်ရသော သံဝုဋပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်းအားဖြင့် သကဌာန် ကရိုဏ်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)
အကုသိုလ် မူလတရား(၃)ပါး
(၁)လောဘ-လိုချင်တပ်မက်ခြင်း။
(၂)ဒေါသ-စိတ်ဆိုးသဖြင့် အပြစ်ရှိခြင်း။
(၃)မောဟ-အမြင်မှန် မရသဖြင့် အမှန်ကို မသိခြင်း။
အကိုတစ်ယောက်သို့ (ရေး-သန်းဖေလေး၊ ဆို-ချစ်စပယ်
(ချစ်သောအစ်ကိုတစ်ယောက်ရယ်...အယူအဆတွေ လွဲမှားနေသမျှ ကိုယ့်ဘဝအတွက် ရင်လေးမိခဲ့တယ်... တစ်ကယ် တော့လဲ ကိုရယ်... အနောက်တိုင်းရဲ့ယဉ်ကျေးမှုများကြားဝယ် ပျော်မွေ့လိုသူ အစ်ကို့အဖြစ်များရယ် ရင်နာစရာ ကောင်းလှပါတယ်)၂...။
ညီမက မြန်မာမှု မြန်မာဟန်များ နှစ်သက်သူ အစ်ကိုက အနောက်တိုင်းယဉ်ကျေးမှု ဆိုရှယ်လောကမှာ ပျော်မွေ့သူ... အဲဒီနှစ်ယောက်ရဲ့ ဘဝဟာလဲ ဘယ်လိုများ ပေါင်းစပ်မှုမျိုး ရမှာလဲ အစ်ကိုရယ်...။
အဲဒါကြောင့်မို့ကွယ် ညီမနဲ့အစ်ကို အဆင်မပြေမှုများ ထပ်ဆင့်လို့သာ မြင်ခဲ့ကြရတယ်... သံယောဇဉ်ကြီးမားမိသူ အနေနဲ့ လမ်းခွဲကြရမှာများကို စိုးတရွံ့ရွံ့ ဒီလိုအဖြစ်မျိုးလဲ မကြုံလိုပါတယ် အစ်ကိုတစ်ယောက် သတိတရားရမယ့် လူများကိုကွယ် (စောင့်မျှော်နေမယ်)၂... အစ်ကိုရယ်...။
အကျကောက်သည် (စကားလုံး အဓိပ္ပါယ် အရကောက်သည်၊ စိတ်အဆိုး လွယ်သည်၊ အတွေးနှင့် ခံပြင်းသည်)
စကားလုံးများကို ပြောဆိုသောအခါ မူလအဓိပ္ပါယ်အစား စကားလုံး အနက်ကျကို လေးနက်စွာ ဆက်လျှောက် တွေးဆ၍ စိတ်အလို မကျခြင်း ဖြစ်တတ်သူများ ရှိလေသည်။ ပုံစံအားဖြင့် "မင်းအဖေ ရှိသလား" ဟု ​အဖေ အိမ်တွင်း ရှိ မရှိ မေးသည်ကို "အဖေ မရှိပဲ မွေးလေသလော" ဟု မေးဘိသကဲ့သို့လည်းကောင်း၊ "ထမင်းစား ပြီးပြီလား" မေး သည်ကို "ထမင်းကိုမှ မှန်အောင် စားရသလော" ဟု စူးစမ်းသည့်သဘောကဲ့သို့လည်းကောင်း အဓိပ္ပါယ် အကျကောက် ၍ နာကြည်းတတ်ခြင်းကို အကျကောက်သည်ဟု စကားချုံ့၍ သုံးနှုန်းလေသည်။ အထအန ကောက်သည်ဟုလည်း ဆို ကြသည်။ (မြန်မာဘန်းစကား-လှသမိန်)
အကျိုးတရား (၂)ပါး
(၁) အတ္တဟိတ - မိမိ အကျိုးရှိမှုကို ပြုလုပ်ခြင်း။
(၂) ပရဟိတ - သူတစ်ပါး အကျိုးရှိမှုကို ပြုလုပ်ခြင်း။
အကြာဆုံးစစ်ပွဲ
၁၃၃၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂ္လိပ်-ပြင်သစ်၏အနှစ်(၁ဝဝ)စစ်ပွဲ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အခြေခံပညာရေးစနစ်သစ်
၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးအစိုးရ ပညာရေးဌာနမှ အခြေခံပညာရေးစနစ်သစ် ဥပဒေကို ထုတ်ပြန်ကျေညာခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အဂတိတရား (၄)ပါး
(၁)ဆန္ဒာဂတိ - ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်၍ မပြုလုပ်သင့်သည်ကို ပြုလုပ်မိခြင်း။
(၂)ဒေါသာဂတိ - စိတ်ဆိုးသည် ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
(၃)ဘယာဂတိ - ကြောက်ရွံ့သည် ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
(၄)မောဟာဂတိ - တွေဝေသည် ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။ (စတုက္က အင်္ဂ࿿ုတ္တိုရ်)
အငမ်းမရ ဖြစ်သည် (လိုချင်တပ်မက်ခြင်း ပြင်းပြသည်၊ အာသာငမ်းငမ်း ဖြစ်သည်၊ ငမ်းသည်)
အငမ်းမရ ဟူသော စကားမှာလည်း ထိုအဓိပ္ပါယ်ပင် ဖြစ်လေသည်။ "အငမ်းမရ" သည် ငမ်းခြင်းကို တားဆီးမရသည် ကိုလည်းကောင်း၊ ငမ်းသော်လည်း မရပဲ ရှိသည်ကိုလည်းကောင်း ဆိုသကဲ့သို့ ရှိသည်။ သို့ပင် ဖြစ်စေကာမူ အငန်းမရ ဟူသော စကား ရှိပေသေးသည်။ ထိုစကားမှာ အလုပ်တာဝန်ကို ဝေပုံကျ လုပ်ကြသူတစု၌ အကြောင်းတခုခုကြောင့် ​တယောက်ယောက်သည် မိမိအတွက် ဝေပုံကျ တာငန်း၊ အလုပ်အငန်း မရရှိသောအခါ မိမိဝင်ငွေ ရရှိရန် အခွင့်အရေး လစ်ဟင်း ဆုံးရှုံးရခြင်း ဖြစ်၍ မကျေမချမ်း ဖြစ်ရသည်။ ထိုသို့ လစ်ဟင်း ကြွင်းကျန်၍ ဖက်ပဲ့နေခြင်း၊ တာဝန်လစ်လပ် လျက် ရှိခြင်း၊ မစေ့မငု ကြွင်းကျန်နေခဲ့ခြင်းတို့ကို အငန်းမရ ဖြစ်သည်ဟူ၍လည်း ဆိုသည်။ (မြန်မာဘန်းစကား-လှသ မိန်)
အငြိမ့်ရူးမလေး (ရေး-မောင်မောင်လေး၊ ဆို-မာသီ)
စင်မြင့်များထက်မှာ...မိုးဆမ်းပန်းပမာ လန်းလျက်ပါ အစဉ်သာယဉ်ကာ အသွင်ထူးစွာ လှလှပပကလေးပါ... ရှင်းကြော့ကြော့ တေးဖွဲ့ကာ နီထွေးထွေးသွေးရောင်ယှက်ဖြာ...နှုတ်အာဆို ချိုလို့သာ ဆိုကတဲ့အငြိမ့်မင်းသမီး သူတို့ရဲ့ ဟန်လဲပါ...အတုယူကာ...ဆိုဖွဲ့လို့ ကလိုက်ဦးမှာ ရှင့်...။
ဟေ့-မာသီ-ကရေးရာ အငြိမ့်ရူးမလေး ဘွဲ့ပေးကာ အများတကာ လှောင်လို့သာ ပြုံးကြလေပြီကွာ...မကြွားစရာပ အများတကာက ဟားလာသမျှ အမြဲသာ ရင်ဆိုင်ကာ အတင်းအဖျင်းဆိုတာ ဆိုစမြဲပါ...သူတို့မောကြရင် ရပ်ကြတာ... ကျမဝါသနာလမ်းကလေးပါ...ထင်ပေါ် ရင် စင်တော်ကောက်မှာ...။
ပုထုဇနော ဥမ္မတ္တကော မြတ်ဘုရား ဟောကြားခဲ့လေတာမို့...ဝါသနာစေရာ သွေမကွာဘဲ (လိုက်နာကြတာ)၂ ရူးတယ် လို့ ဆိုဆိုလာ အောင်မြင်သော ဟိုတနေ့မှာ ထူးပါတယ်လို့ ဆိုဦးမှာ...။
ခုတော့ တယောက်ထဲ ပျော်ရွှင်စရာ စောင်တွေရှိသမျှသာ ကန့်လန့်ကာ အထည်တွေ ရှိသမျှသာ ဝတ်စားကာ မျက်စလေးပေးပေးလို့ အချိုးကျကျသာ မိဘများ မရှိခိုက်ပါ...ကွေးကွေးအောင် ဆိုလို့ ကမှာ ပျော်ရွှင်ဘွယ်ရာ ကျမရဲ့ ဝါသနာ...။
အစားကြီးသူ (၅)ယောက်
(၁) အာဟာရဟတ္ထက - မထနိုင်သဖြင့် လက်ကို ဆွဲလှဲ့ပါဦးဟု စားသောသူ တစ်ယောက်။
(၂) အလံသာဋက - ကျွတ်သွားသည့် ပုဆိုးကို ပြန်၍ မကောက်နိုင်အောင် စားသောသူ တစ်ယောက်။
(၃) တတ္ထဝဋ္ဋဋက - မထနိုင်သဖြင့် တပြောင်းတပြန် လှိမ့်၍ နေရအောင် စားသောသူ တစ်ယောက်။
(၄) ကာကမာသက - ခံတွင်းထဲသို့ ကျီးနှိုက်၍ စားနိုင်အောင် စားသောသူ တစ်ယောက်။
(၅) ဘုတ္တဝမိဒက - စားပြီးသမျှ အံထွက်အောင် စားသောသူ တစ်ယောက်။ (ဓမ္မပဒ)
အစာအိမ်အရည်ကို တွေ့ရှိခဲ့သူ
၁၈ ရာစုခေတ်အလယ်တွင် ပြင်သစ်လူမျိုး ရီးယားမား ဆိုသူသည် အသက် ၇ဝ အရွယ်ရောက်မှ အ​စာချေဖျက်ခြင်းကို သုတေသနပြုခဲ့သည်။ ၄င်းသည် အစာအိမ်အရည်ခေါ် (Gastric Juice)ကို တွေ့ရှိခဲ့သည်။
အစင်းသိသည် (အရင်းမြစ် သေချာသိသည်)
ကြောင်၊ ခွေး၊ နွား စသော သတ္တဝါတို့ကို မွေးကျွေးထားသောအခါ အခြား သတ္တဝါများနှင့် ရောနှောနေသော်လည်း မိမိ တို့ အိမ်မွေး တိရစ္ဆာန်၏ အသွေးအမွေး၊ အကွက်အစင်းတို့ကို သိရှိမှတ်ထားသဖြင့် မိမိတို့၏ တိရစ္ဆာန် ဖြစ်ကြောင်းကို အလွယ်နှင့် ခွဲစစ်နိုင်လေသည်။ ထိုအကြောင်းကို စွဲ၍ အစင်းသိသည်၊ အစင်းသိပြီးပြီ စသည်ဖြင့် တင်စား၍ ဆိုကြ သည်။ အချို့က အဖြောင့်သိသည် ဟူ၍ အဖြောင့်အစင်း၊ စင်းလုံးချော ဟူသော ယင်းအနက်ကို ယူကြသည်။ (မြန်မာ ဘန်းစကား-လှသမိန်)
အစိန္တေယျတရား (၄)ပါး
(၁)ဘုရားရှင်တို့၏ဘုရားအရာသည် မကြံစည်အပ်သောအရာ ဖြစ်၏။
(၂)ဈာန်ရသောပုဂ္ဂိုလ်တို့၏ ဈာန်အရာသည် မကြံစည်အပ်သောအရာ ဖြစ်၏။
(၃)ကံ၏အကျိုးပေးခြင်းသည် မကြံစည်အပ်သောအရာ ဖြစ်၏။
(၄)ဤကမ္ဘာလောကကြီးသည် အဘယ်သူ ဖန်တီးထားသနည်း၊ သတ္တဝါတို့သည် အဘယ်သူ ဖန်တီးထားသနည်း၊ ရေ မြေ တော တောင် သမုဒ္ဒရာသည် အဘယ်သူ ဖန်တီးထားသနည်း (ဟု) ကြံစည်စိတ်ကူး၍ နေသော သူသည် စိတ်ပင် ပန်းရုံ ရူးသွပ်ရုံသာ ရှိတော့အံ့နည်း။ (စတုက္က အင်္ဂ࿿ုတ္တိုရ်၊ ၃-အပဏ္ဏကဝဂ်၊ ၇-အစိန္တေယျသုတ်)
အစိုးမရသော တရား(၂)ပါး
(၁) မိုဃ်း - မိုဃ်းသည် ရွာမလိုလိုနှင့် မရွာဘဲ ဖြစ်တတ်၏။ မရွာဘူးလိုလိုနှင့်လည်း ရွာတတ်၏။ သူ့သဘောကို မည်သူမှ အစိုးမရ။
(၂) နွားသိုး - နွားသိုးသည် စိတ်ကောင်း ရှိသည် မရှိသည်ဟု မသိရ။ သူဝှေ့လိုသည့်အခါ သခင်ကိုပင် ပြန်ဝှေ့၏။ သူ့ သဘောကို အစိုးမရ။
အဆာ ကျယ်သည် (ဇီဇာချဲ့သည်-အလိုဆန္ဒ ကျယ်ပြန့်သည်၊ လိုအင်ကြွယ်သည်)
ထိုစကားမှာ ပူဆာတောင့်တမှု ကျယ်ပြန့် များပြားခြင်းကို တင်စား၍ သုံးနှုန်းသည်။ အလိုမပြည့်နိုင်ခြင်း၊ (ချေးများ ခြင်း) အလဲအလှယ် အတောမသတ် အလိုရှိခြင်း၊ လိုအင်ဆန္ဒ များပြား ကျယ်ပြန့်ခြင်း၊ ကျေနပ် နှစ်သိမ့်နိုင်ခဲ့ခြင်း၊ အဆောင်အယောင် ချဲ့ခြင်း စသော အကျယ်ချဲ့မှုများကို တင်စား၍ သုံးသည်။ (မြန်မာဘန်းစကား-လှသမိန်)
အတာသင်္က࿿နြ်
သင်္က࿿နြ် ဖြစ်ပေါ်လာပုံမှာ ပရမီသွာ(သျှိုဗား)နတ်မင်း၏သား အာသီ မည်သော ဗြဟ္မာနတ်မင်းနှင့်သိကြားမင်းတို့သည် ဗေဒင်ဆိုင်ရာ အချက်တစ်ခု၌ အငြင်းအခုံဖြစ်ကြရာ လူ့ပြည်သို့ဆင်းပြီး ကဝါလမိုင်းပညာရှိထံ ရှုံးသူဦးခေါင်းဖြတ်ခံရ စတမ်း ကတိထား၍ သွားရောက်မေးမြန်းကြ၏။ ထိုအငြင်းအခုံပွဲတွင် သိကြားမင်းက နိုင်လေရာ သိကြားမင်းက ဗြဟ္မာ၏ဦးခေါင်းကို ဖြတ်၍ နတ်သမီး(၇)ဖော်တို့အား အလှည့်ကျ တစ်နှစ်တစ်ကြိမ် ပွေ့ပိုက်စောင့်ထိန်းစေခဲ့၏။ ကျန်သော ဗြဟ္မာ၏ကိုယ်တွင် ပိင်္ဂ္လမည်သော ဆင်ဦးခေါင်းကို တပ်ဆင်ထားသည်။ ထိုဗြဟ္မာ့ကိုယ်နှင့်ဆင်ဦးခေါင်းရှိ သော နတ်ကို မဟာပိန္နဲနတ်ဟုခေါ်ကြသည်။ သင်္က࿿န်ြပွဲမှာ ပူလောင်သော ဗြဟ္မာ၏ဦးခေါင်းကို တာဝန်ယူ၍ ပွေ့ပိုက် ထားရသည့်နတ်သမီးများ တစ်နှစ်တစ်ခါ လက်ပြောင်းယူချိန်တွင် ဗြဟ္မာခေါင်းအေးဆေးရန် ရေလောင်းရခြင်း၏ အထိမ်းအမှတ် ဖြစ်၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အထွေထွေညီလာခံ၏သဘော
ကုလသမဂ္ဂရှိ အထွေထွေညီလာခံသည် ကုလသမဂ္ဂတွင် အရေးပါ အရာရောက်ဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်လေ သည်။ ၄င်းအထွေထွေ ညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ငါးဦးကျစီ ပါဝင်ကြသည်။ အထွေ ထွေညီလာခံ၏ဆုံးဖြတ်ချက် တစ်ရပ်ကို ချရန် အများဆန္ဒသုံးပုံနှစ်ပုံ ရရှိရမည် ဖြစ်လေသည်။ အထွေထွေညီလာခံကို နှစ်ပတ်လည်ညီလာခံနှင့်လိုအပ်၍ ကျင်းပသော အရေးပေါ်ညီလာခံ ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ အထွေထွေညီ လာခံတွင် ဦးစီးနာယကပြုရန် အသင်းသားများ၏ဆန္ဒအရ ညီလာခံ၏ဥက္ကဋ္ဌဌနှင့်ဒု-ဒုက္ကဋ္ဌဌတို့ကို ရွေးချယ်တင်မြှောက် ကြရ၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အဓိပတိတရား(၄)ပါး
(၁)ဆန္ဒာဓိပတိ - အလိုဆန္ဒ အကြီးအမှူး။
(၂)ဝီရိယာဓိပတိ - ဝီရိယ အကြီးအမှူး။
(၃)စိတ္တာဓိပတိ - စိတ် အကြီးအမှူး။
(၄)ဝီမံသာဓိပတိ - ပညာ အကြီးအမှူး။
အနာကြီးရောဂါပြခန်း
အနာကြီးရောဂါပြခန်းတွင် အဖြူကွက်၊ အနီကွက်ပေါ်ခြင်း၊ ထုံခြင်း၊ ခြေလက်လေးလံခြင်း စသော လက္ခဏာများ သည် အနာကြီးရောဂါ ဖြစ်ပွားနိုင်သဖြင့် နီးရာကျန်းမာရေးဌာနတွင် စမ်းသပ်ရန် နှိုးဆော်ထားလေသည်။ ရောဂါဖြစ်စ ကုသလျှင် ပျောက်ကင်းနိုင်ကြောင်းကိုလည်း သတိပေးထားသည်။ ဆက်လက်၍ အနာကြီးရောဂါသည်၊ ကူးစက်နိုင် သောအခြေအနေရှိသူ ရောဂါရှင်နှင့်ကြာရှည်စွာ အတူနေထိုင်မှသာလျှင် ကူးစက်ဖြစ်ပွားနိုင်လေသည်။ အကယ်၍ ရောဂါရှင်နှင့်အိမ်သူအိမ်သားများ စားသောက်မှုမှအစ သီးခြားခွဲ၍ နေထိုင်မည်ဆိုပါက မကူးစက်နိုင်ပေ။ အနာကြီး ရောဂါကို ယခု ဆီဗာ(၁၉ဝ၆)ဆေးပြား၊ ဒီဒီအက်ဆေးပြား စသည်တို့ဖြင့် ကုသပြီး ယခင်က ကလောဆီဆေးကို အသုံး ပြုသည်။ ၄င်းမှာ ​လိမ်းဆေး ဖြစ်သည်။ အနာကြီးရောဂါ ဖြစ်ပွားသဖြင့် ကိုယ်အင်္ဂ࿿ါချို့တဲ့လျှင် ခွဲစိတ်ကုသပေးပုံ၊ ကျောင်းများတွင် ၄င်းရောဂါ ရှိ မရှိ စမ်းသပ်စစ်ဆေးပုံတို့ကိုလည်း ပြသထားလေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အနိယတ ရဟန်းသိက္ခာပုဒ် (၂)ပါး
(၁) ရဟန်းသည် မိန်းမနှင့် အကာအကွယ် ရှိသော အများမမြင်သော နေရာ၌ နှစ်ယောက်တည်း အတူ မနေရ။
(၂) ရဟန်းသည် မိန်းမနှင့် အကာအကွယ် မရှိသော အများ မကြားရသော နေရာ၌ အတူ မနေရ။ (ဝိ၊ ၂၂၇ မှ)
အနန္တဂုဏ်(၅)ပါး
(၁)ဗုဒ္ဓဂုဏော အနန္တော - မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၂)ဓမ္မဂုဏော အနန္တော - တရားတော်၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၃)သံဃဂုဏော အနန္တော - သံဃာတော်၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၄)မာတာပိတုဂုဏော ​အနန္တော - မိဘ၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
(၅)အာစရိယဂုဏော အနန္တော - ဆရာသမား၏ဂုဏ်ကျေးဇူးတော်သည် နှိုင်းစရာ မရှိ။
အနုပညာရှင်အမတော်ကြေး
၁၉၆၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် တော်လှန်ရေးအစိုးရသည် အနုပညာရှင်များအား အမတော်ကြေး ထုတ်ချေး ရန် ဥပဒေတစ်ရပ် ပြဋ္ဌဌာန်းပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အနုမြူဗုံးပညာရှင်
ကမ္ဘာတွင် ပထမဆုံး အနုမြူဗုံးပြုလုပ်ရာ၌ ပါဝင်ခဲ့သူမှာ ပါမောက္ခကလော့စ်ဖတ်ခ်ျ ဖြစ်သည်။ ၄င်းသည် ဗြိတိသျှ၏ လျှို့ဝှက်ထားသော အနုမြူဗုံးလုပ်နည်းကို ရုရှားထံ ရောင်းစားသည့်အတွက် ဗြိတိသျှအစိုးရ၏ထောင်ဒဏ်အပြစ်ပေး ခြင်းကို ခံခဲ့ရသည်။  (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အနုမြူဗုံးဒဏ်
၁၉၅၃ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က အမေရိကန်၏အနုမြူဗုံးလျှို့ဝှက်ချက်ကို ရုရှားသိအောင် လုပ်မိသော အမေရိကန် ပြည်သား(ရိုဇင်ဘတ်)တို့ဇနီးမောင်နှံအား လူသတ်ဓာတ်ကုလားထိုင်နှင့်ကွပ်မျက်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အနုမြူအသုံးအနှုန်း
အနုမြူဆိုသော ဝေါဟာရကို ဘီစီ ၅ဝဝ က (ဒီမိုကရေတက်)ဆိုသူက စတင်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
အနုမြူကြောင့် သေသူများ
အမေရိကန်အနုမြူဗုံးကြောင့် ဟီရိုရှီးမားတွင် လူ (၇၈၁၅ဝ)သေဆုံးပြီး ၃၇၄၂၅ ယောက် ဒဏ်ရာရခဲ့သည်။ ၁၃၉၈၃ ယောက် ပျောက်ဆုံးခဲ့သည်။ နာဂါဆာကီတွင်မူ လူ  ၃၉​​ဝဝဝ ယောက် သေခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အနောတတ္တအိုင်၏အရံတောင် (၅)လုံး
(၁) သုဒဿနတောင်။
(၂) စိတ္တရတောင်။
(၃) ကာဠာကုဋတောင်။
(၄) ဂန္ဓမာတောင်။
(၅) ကေလာသတောင်။
အပူချိန်တိုင်း ကိရိယာကို ထွင်ခဲ့သူ
ဖာရင်ဟိုက်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အပေါင်းအသင်း (၃)မျိုး
(၁)ယုတ်ညံ့သူကို ပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူ ဖြစ်ရ၏။
(၂)တန်းတူသူကို ပေါင်းလျှင် မိမိမှာ မဆုတ်ယုတ်ရ၏။
(၃)အဆင့်အတန်းမြင့်သူကို ​ပေါင်းလျှင် လျင်မြန်စွာ မြင့်မားတိုးတက်ရ၏။ (အင်္ဂ࿿ုတ္တိုရ်၊ ၁-သေဝိတဗ္ဗသုတ်)။
အပိုင်းအခြား အဆီးအတား မရှိသော တရား(၅)ပါး
ပိုင်းခြားသတ်မှတ်၍မရ၊ အဆုံးမရှိ ပြုတတ် ဖြစ်တတ်သော သဘော(၅)ပါး ဖြစ်သည်။ လင်္က࿿ာဖြင့် ဖော်ပြလိုက်သည်။ သေသောက်တဲနှင့်၊ မလွဲသဘင်၊ သောက်ရေစင်နှင့်၊ ထို့ပြင်တသီး၊ မြစ်ခရီးနှင့်၊ အပြီးတူစွာ၊ မိန်းမမှာတည့်၊ ဝေလာ ကာလ၊ မရှိကြဘူး(မြန်မာမှု အဘိဓာန်-မောင်ဇနိယ)
အပယ်(၄)ပါး
(၁)ငရဲ - ချမ်းသာမှု အလျဉ်းမရှိသောအရပ်။
(၂)တိရစ္ဆာန် - မဂ်ဖိုလ်ကို ဖီလာပြု၍ မိုးကို ကျောပေးသော သတ္တဝါ။
(၃)ပြိတ္တာ - ကိုယ်လက်အင်္ဂ࿿ါ မမျှတသော သတ္တဝါ။
(၄)အသုရကာယ် - မရဲရင့်သော ပြိတ္တာ သတ္တဝါတစ်မျိုး။
အပ္ပမညာ စေတသိက် (၂)ပါး
(၁) ကရုဏာ - ဆင်းရဲသူများကို မြင်က သနားခြင်း။
(၂) မုဒိတာ - ချမ်းသာမှု ရသူများကို မြင်ပါက ဝမ်းမြောက်ခြင်း။
အပေါင်းအသင်း (၃)မျိုး
(၁) ယုတ်ညံ့သူကို ပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူ ဖြစ်ရ၏။
(၂) တန်းတူသူကို ပေါင်းလျှင် မိမိမှာ မဆုတ်ယုတ်ရ၏။
(၃) အဆင့်အတန်း မြင့်သူကို ပေါင်းလျှင် လျင်မြန်စွာ မြင့်မား တိုးတက်ရ၏။ (အင်္ဂ࿿ုတ္တိုရ် ၁-သေဝိတဗ္ဗသုတ်-၁၂၃)
အဖသတ်မင်း (၅)ဦး
(၁) အဇာတသတ်မင်း။
(၂) ၄င်းမင်း၏သား - ဥဒယဘဒ္ဒမင်း။
(၃) ၄င်းမင်း၏သား - အနုရုဒ္ဓါမင်း။
(၄) ၄င်းမင်း၏သား - မုဏ္ဍဍမင်း။
(၅) ၄င်းမင်း၏သား - နာဂဒါသမင်း။ (၄င်းမင်း၏ လက်ထက်၌ အဆုံးသတ်သည်။)
အဖွဲ့ပျက်ပြယ်ခြင်း အကြောင်း(၃)ပါး
(၁)ဗဟုနေတ္တာရ-နည်းညွှန်လမ်းပြ အကြီးအမှူးလုပ်လိုသူ ပေါများခြင်း။
(၂)သဗ္ဗပဏ္ဍဍိတမာနီ-မိမိကိုယ်ကို ပညာရှိဟု ဘဝင်မြင့်သူ များခြင်း။
(၃)ဗဟုမဟိစ္ဆာ-ရာထူး မက်မောသူ များခြင်း။
အဘိဉာဏ် (၅)ပါး
(၁) ဣဒ္ဓိဝိဓအဘိဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်။
(၂) ဒိဗ္ဗသောတအဘိဉာဏ် - နတ်တို့ နားကဲ့သို့ ကြားနိုင်သော ဉာဏ်။
(၃) ပရစိတ္တဝိဇာနနအဘိဉာဏ် - သူတစ်ပါးစိတ်ကို ပိုင်းခြား၍ သိ​နိုင်သော ဉာဏ်။
(၄) ပုဗေနိဝါသအဘိဉာဏ် - ​ရှေးရှေးသောဘဝက ဖြစ်စဉ်ကို သိနိုင်သော ဉာဏ်။
(၅) ဒိဗ္ဗစက္ခုအဘိဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ မြင်နိုင်သော ဉာဏ်။ (သင်္ဂ࿿ြိုဟ်)
အမေရိကန်ရှိ ကမ္ဘာ့အရှည်ဆုံးတံတားတစ်ခု (ကမ္ဘာ့အရှည်ဆုံးတံတားကိုလည်း ရှု)
ကမ္ဘာပေါ်ရှိ အရှည်ဆုံးတံတားများအနက် အမေရိကန်ပြည် ဆန်ဖရန်စစ္စကို အုက္ကလန်တံတားသည် တစ်ခုအပါအဝင် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်ကြေးစား ဘောအသင်း
အမေရိကန်ပြည်ထောင်စုတွင် ကြေးစား​ဘောလုံးအသင်းကို ၁၉၂ဝ ပြည့်နှစ်က စတင်ဖွဲ့စည်းခဲ့သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
အမေရိကန်နှင့်ဂီတာ
အမေရိကန်ပြညည်ထောင်စုတွင် အပျော်တမ်းတူရိယာသမား သန်း ၄ဝ နီးပါးခန့်ရှိပြီး ၄င်းတို့အအနက် လေးပုံတစ်ပုံ မှာ ဂီတာတီးကြသည်ဟုဆိုသည်။ ၁၉၆၅ ခုနှစ်က အမေရိကန်တစ်ပြည်လုံးတွင် ဂီတာအလုံးပေါင်း တစ်သန်းခွဲရောင်း ချရသည်ဆိုသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်လေကြောင်း (Pan American)
ပင်(န်)အမေရိကန်လေကြောင်းသည် ၁၉၂၉ ခုနှစ်တွင် အင်္ဂ္လန်နှင့်အိန္ဒိယသို့လည်းကောင်း၊ ၁၉၃ဝ ပြည့်တွင် နယ်သာ လန်မှ နယ်သာလန်အရှေ့အိန္ဒိယသို့လည်းကောင်း၊ စတင်ပျံသန်းခဲ့ပြီး ၁၉၃၈ ခုနှစ်အရောက်တွင် ကမ္ဘာ့တစ်ဝက်ခရီး သို့ ပျံသန်းနေပြီ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန် လူမှုဖူလှုံရေး
အမေရိကန်ပြည်ထောင်စုတွင် လူမှုဖူလှုံရေးဥပဒေကို ၁၉၃၅ ခုနှစ်က ပြဋ္ဌဌာန်းခဲ့သည်။ ဥပဒေပြဋ္ဌဌာန်းခြင်း၏ရည်ရွယ် ချက်မှာ အလုပ်လက်မဲ့များ၊ အသက်အရွယ် အိုမင်းသူများ၊ မှီခိုသူခလေးသူငယ်များ၊ မျက်မမြင်ဒုက္ခိတများအတွက် လိုအပ်သလို ကူညီစောင့်ရှောက်ရန် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်လုပ်သား အနည်းဆုံးလုပ်ခ
အမေရိကန်ပြည်တွင် ပထမဆုံးလုပ်သားများ၏အနည်းဆုံးလုပ်ခဥပဒေ (Mininum Wage Law) ကို ၁၉၁၂ ခုနှစ်က ပြဋ္ဌဌာန်းခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်နှင့်ကျောက်မီးသွေး
အမေရိကန်ပြည်သည် ကမ္ဘာပေါ်ရှိ ကျောက်မီးသွေးများအနက် ၃၅ ရာခိုင်နှုန်း ထွက်လေသည်။ (ဗဟုသုတဒိုင်ယာရီ- တွဲ-၇)
အမေရိကန်ဒေါ်လာ
အမေရိကန်ပြည်​ထောင်စုသည် ဒေါ်လာအသုံးပြုသော နိုင်ငံတစ်ခုဖြစ်သည်။ ၄င်းဒေါ်လာအကြွမျေားကို အမေရိကန် ပြည် ဖိလဒယ်လ်ဖီရာနှင့်ဒင်ဗီရှိဖက်ဒရယ်သွန်း ဒင်္ဂ࿿ါးစက်ရုံတွင် ပြုလုပ်သည်။ ဒေါ်လာပြားများ ပြုလုပ်ပုံမှာ ပထမ (Alloy)ခေါ် ရောစပ်သတ္တု ပြုလုပ်သည်။ ၄င်းမှာ အထူပြုလုပ်ထား​သည့်သတ္တု ဖြစ်သည်။ ထိုနောက် လျှပ်စစ်မီးဖိုဖြင့် ၄င်းသတ္တုကို ကျိုသည်။ ပြီးလျှင် ခပ်ပါးပါးအချောင်းကလေးများ ပြုလုပ်သည်။ ထိုမှတစ်ဆင့် ၄င်းအချောင်းများကို ဒေါ်လာပြားအထူအတိုင်းရှိအောင် အစရှည်များ ပြုလုပ်သည်။ ပြုလုပ်ပြီးသား အစရှည်များကို (Punch Machine) ဖောက်စက်သို့ပို့ကာ ပိုက်ဆံပုံစံ အကြမ်းထည်အဖြစ် ဖြတ်တောက်သည်။ ထိုပိုက်ဆံပုံစံကြမ်းများကို အနားများထူရန်၊ ရေတွက်ရာ၌ လွယ်ကူစေရန်၊ အကိုင်အတွယ်ခံစေရန် အချောသတ်ပြုလုပ်မွမ်းမံပြီး ပိုက်ဆံပေါ်တွင် တံဆိပ် ရိုက်နှိပ် လေသည်။ ဤတွင် အမေရိကန်ဒေါ်လာ(အကြွေ)များ ဖြစ်လာပေတော့သည်။
အမေရိကန်​ဒေါ်လာပိုက်ဆံများ
၁။ ၁ ဒေါ်လာ
၂။ ၂ ဒေါ်လာ
၃။ ၅ ဒေါ်လာ
၎။ ​၁ဝ ဒေါ်လာ
၅။ ၂ဝ ဒေါ်လာ
၆။ ၅ဝ ဒေါ်လာ
၇။ ၁ဝဝ ဒေါ်လာ
၈။ ၅ဝဝ ဒေါ်လာ
၉။ ၁ဝဝဝ ဒေါ်လာ
၁ဝ။ ၅ဝဝဝ ဒေါ်လာ
၁၁။ ၁ဝဝဝဝ ဒေါ်လာ
၁၂။ ၁ဝဝဝဝဝ ဒေါ်လာ
၎င်းတို့မှာ တစ်ချပ်တည်းနှင့်ဖော်ပြပါ တန်ဖိုးရှိဒေါ်လာစက္ကူများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် စက္ကူ ဒေါ်လာများကို တစ်ဒေါ်လာမှဒေါ်လာတစ်သိန်းတန်အထိ ထုတ်ဝေလေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အမေရိကန်ဆင့်ဒေါ်လာ
အမေရိကန်ပြည်တွင် ယခုလက်ရှိ သုံးစွဲနေသော [Cents]ဒေါ်လာများကို ၁၈၅၆ ခုနှစ်က ပထမဆုံး သွန်းလုပ်ခဲ့သည်။ ၄င်းဆင့်ပြားပေါ်တွင် လင်းယုန်တစ်ကောင် ပျံသန်းနေပုံကို တံဆိပ်အဖြစ် ခပ်နှိပ်ထားပြီး အရောင်မှာ သတ္တုအဖြူ ရောင် ဖြစ်သည်။
အမေရိကန်မှ တိုင်းခြားသို့ ငွေပို့လိုလျှင်
အမေရိကန်မှ တိုင်းခြားသို့ ငွေပို့လိုပါမူ စာတိုက်သို့ သွား၍ စာတိုက်တွင် (International Money Order)အပြည်ပြည် ဆိုင်ရာ ငွေပို့လွှာကို တောင်းခံ၍ ပို့နိုင်သည်။ စာတိုက်မှပို့မည့် တိုင်းပြည်မှငွေသည် အမေရိကန်ဒေါ်လာငွေအရ မည်မျှ တန်ဖိုးရှိသည်ကို ရှင်းပြသည်။ သို့မှသာ မပို့လိုလျှင် အမေရိကန်[Express]မှ ပို့နိုင်ပေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၇)
အမေရိကန်သမ္မတ ကနေဒီ
ဂျွန်ဖစ်(ဇ်)ဂျရဲလ်(ဒ)ကနေနဒီသည် အမေရိကန်ပြည်၏ ၁၅ ကြိမ်မြောက် သမ္မတ ဖြစ်သည်။ တက္ကဆပ်ပြည်နယ်အုပ် ချုပ်ရေးမှူး အိုကွန်နယ်လီနှင့်အတူ ဒါးလက်(စ်)မြို့တွင်း လှည့်လည်သွားလာနေစဉ် လုပ်ကြံခံရသည်။ သေနတ်အပစ် ခံရပြီး တစ်နာရီခွဲခန့်အကြာ ၄င်းပြည်နယ် ပါကရင်ဆေးရုံတွင် ကွယ်လွန်သည်။ ကွယ်လွန်သောနေ့မှာ ၁၉၆၃ ခု၊ နိုဝင် ဘာလ ၂၂ ရက်နေ့ ဖြစ်၍ ဖခင်မှာ ဂျိုးဇက်ပီကနေဒီ ဖြစ်သည်။ ၁၉၁၇ ခု၊ မေလ ၂၉ ရက်နေ့ ဘော်စကုန်မြို့အနီးတွင် ဖွားမြင်သည်။ သားချင်း ၉ ဦးအနက် ဒုတိယသား ဖြစ်၍ နိုင်ငံရေးပညာကို အထူးလိုက်စားခဲ့သည်။ ၁၉၄၁ ခုက ရေ တပ်တွင် အရာရှိငယ်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ၄င်းအုပ်ချုပ်သော ပီတီ ၁ဝ၉ သင်္ဘ࿿ောသည် ပစိဖိတ် အတွင်း ဂျပန်ဖျက်သင်္ဘ࿿ောကြောင့် ထက်ပိုင်းပြတ်ခဲ့သော်လည်း အသက်မသေခဲ့ပေ။ သတင်းထောက်လည်း လုပ်ခဲ့ ဖူးသည်။ စစ်ပွဲတစ်ခုတွင် ကျဆုံးခဲ့သော ၄င်း၏အစ်ကို ဂျိုးဇက်ကြောင့် ကနေဒီသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့ သည်။ မက်ဆာချူးဆက်နယ်၏ ၁၁ ကြိမ်မြောက် အောက်လွှတ်တော်အမတ်အဖြစ် အရွေးခံရသည်။ ထိုစဉ်က အ သက် ၂၉ နှစ်သာ ရှိသေး၏။ ၄င်းရေးသော(ခေါင်းဆောင်နှင့်သတ္တိစာအုပ်မှာ) ၁၉၅၆ ခုနှစ်တွင် အကောင်းဆုံးအထု ပ္ပတ္တိစာအုပ်အဖြစ် ပူလစ်ဇာဆု ရရှိခဲ့သည်။ ၄င်းနှစ်တွင် ဒီမိုကရက်တစ်ပါတီမှ ဒု-သမ္မတလောင်း ရွေးရာ ရှုံးခဲ့သည်။ ၁၉၆၁ ခု၊ ဇန်နဝါရီ ၂ဝ ရက်တွင် အမေရိကန်ပြည်၏သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ (ဗဟုသုတ ဒိုင်ယာရီ-တွဲ-၁)
အမေရိကန်ပြည်ထောင်စု၏အကောင်းဆုံး သတင်းစာများ
(၁)နယူးယောက်တိုင်းမ်
(၂)ခရစ်ယာန်သိပ္ပံမော်နီတာ
(၃)ဝေါ(လ်)စထရစ်ဂျာနယ်
(၄)စိန့်လူဝစ်(စ်)ပို့(စ်)ဒက်စပက်(ခ်ျ)
(၅)မီး(လ်)ဝေါ့စကီးဂျာနယ် (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမေရိကန်အစောဆုံး ဒင်္ဂ࿿ါးရုံ
၁၉၅၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် အမေရိကန်ပြည်၌ အစောဆုံး ဒင်္ဂ࿿ါးစက်ရုံကို တည်ထောင်ခဲ့သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
အမေရိကန်၏အဆိပ်မိုး
၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့အထိ တောင်ဗီယက်နမ်တွင် အမေရိကန်တို့က လေယာဉ်ပျံဖြင့် အဆိပ်ရည် များ ပက်ဖျန်းချမှုကြောင့် ဘင်ထရီနှင့်မိုင်သိုနယ်များတွင် လူပေါင်း (၅ဝဝဝ)ကျော်မှာ အဆိပ်ရည်ဒဏ်ကို ခံစားခဲ့ရ လေသည်။ ထိုအဆိပ်သင့်သူများအနက် ဘင်ထရီနယ် သွံဒီယမ်ကျေးရွာတစ်ရွာထဲပင်လျှင် လူပေါင်း(၁၇ဝဝ) ရှိနေပြီး အများဆုံး ခံရသူများမှာ ကလေးသူငယ်များ ဖြစ်ကြသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမြင့်ပေ (၃ဝဝဝဝ)၌နေလျှင်
အမြင့်ပေ (၃ဝဝဝဝ)၌နေသူ တစ်ယောက်သည် လေရှူသောကိရိယာမပါလျှင် (၂)မိနစ်ခွဲတွင် သတိလစ်ပြီး (၁၅)မိနစ် တွင် သေမည်ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမျိုးသမီးဆရာဝန်
ဆိုဗီယက်တွင် ရှိသည့်ဆရာဝန်များအနက် ၇ဝ-ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၇)
အမျိုးသမီးလက်ဝှေ့
၁၉၅၂ ခုနှစ်က လန်ဒန်တွင် (ဘာဘရာ)ဆိုသူ အမျိုးသမီးလက်ဝှေ့သမား ပေါ်ခဲ့၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမျိုးသားစာကြည့်တိုက်
မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂ္လိပ်များ သိမ်းပိုက်ပြီးနောက် ပထမဆုံး ပေါ်ပေါက်ခဲ့သော စာကြည့်တိုက်မှာ ၁၈၈၃ ခုနှစ်တွင် ဆာချားလ်စ်ဘားနဒ်ဆိုသူ စတင်တည်ထောင်ခဲ့သော ဘားနဒ်ပိဋကတ်တိုက်ကြီးပင် ဖြစ်သည်။ ထိုစာကြည့် တိုက်ကြီးသို့ တရားဝန်ကြီးဂျာဒါးနှင့်ပါဠိပါမောက္ခချီလဒါဆိုသူတို့က အဖိုးတန်စာအုပ် များစွာ လှူဒါန်းခဲ့ပြီး မြန်မာ လူမျိုးထဲမှ ရန်ကုန်မြို့ရှိ ဦးမျှင်နှင့်ဦးမြို့ဆိုသူတို့က ငွေကျပ် တစ်သောင်းတန် ပေမူ ပုရပိုက်မူများ လှူဒါန်းခဲ့ကြောင်း ​တွေ့ရှိရသည်။ ထိုစာကြည့်တိုက်ကို ပထမ အစိုးရပညာရေးဆင်ဒီကိတ်အဖွဲ့မှ အုပ်ချုပ်ခဲ့သည်။ ၁၉၂၃ ခုနှစ်ကစပြီး စာ ကြည့်တိုက်အုပ်ချုပ်ရေးအအဖွဲ့ ဖွဲ့စည်း၍ အုပ်ချုပ်စေကာ အစိုးရက အထောက်အပံ့ပေးသည်။ ထိုနောက် ရန်ကုန်မြူနီ စီပယ်အဖွဲ့က ထောက်ပံ့ခဲ့သည်။
၁၉၁​ဝ ခုနှစ်လောက်တွင် မြန်မာနိုင်ငံ၌ စာကြည့်တိုက်လုပ်ငန်း တွင်ကျယ်စ ပြုလာသည်။ ၁၉၂၅ ခုနှစ်တွင် မစ္စတာ ဖာနီဗယ်ဆိုသူက ဦးဆောင်၍ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဟောပြောခြင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေး အသင်းက အားပေးခြင်းတို့ကြောင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုအောင်မြင်လာခဲ့သည်။
၁၉၂၅ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ အစိုးရက စာကြည့်တိုက်များအတွက် နှစ်စဉ် ငွေကျပ် တစ်သောင်းမျှ ထောက်ပံ့ခဲ့ သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာနိုင်ငံအရပ်ရပ်၌ စာကြည့်တိုက်ပေါင်း ၁၈၆ ခု ရှိခဲ့ပြီး ၁၄၆ ခုမှာ အစိုးရ ထောက်ပံ့ငွေ ရ ရှိခဲ့သည်။
၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ မြူရုံးအဆောက်အဦအတွင်း ဖွင့်လှစ်လိုက်သော အမျိုးသားစာ ကြည့်တိုက်တွင် ပုံနှိပ်စာပေါင်း လေးသောင်းခန့်၊ လက်ရေးစာမူပေါင်း လေးထောင်ကျော်၊ သတင်းစာလေး​သောင်း တစ်ထောင်၊ မဂ္ဂဇင်းဂျာနယ် တစ်သောင်းခုနစ်ထောင်နီးပါး ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အမျိုးသားစာကြည့်တိုက်
၎င်းစာကြည့်တိုက်သည် ဘားနဒ်စာကြည့်တိုက်မှ ပေါက်ဖွားခဲ့သည်။ ၁၈၈၃ ခု၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က အောက် မြန်မာနိုင်ငံမင်းကြီး ဆာချားအက်ဒွပ်ဘားနဒ်သည် မိမိပိုင်စာအုပ်များနှင့်(ယခုဗဟိုတန်းမြင့်ကျောင်း)နေရာတွင် စာ ကြည့်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ ၄င်းစာကြည့်တိုက်သို့ ဦးဆုံးအဖိုးတန်စာအုပ်စာတမ်းများ လှူဒါန်းသူများမှာ တရား ဝန်ကြီးဆာဂျွန်ဂျားဒင်း ပါဠိပါမောက္ခချိလဒါ၊ ဦးဖိုးမျှင်နှင့်ဦးမြို့တို့ ဖြစ်သည်။ ဦးဖိုးမျှင်နှင့်ဦးမြို့တို့က တစ်သောင်း တန် ပေမူ ပုရပိုက်များကို ရေစက်ချ၍ လှူဒါန်းခဲ့သည်။ ၁၉၂ဝ ခုက ကင်းဝန်မင်းကြီးပိဋကတ်တော်များကို ၁၅ဝဝဝ ကျပ်ပေး၍လည်းကောင်း၊ ၁၉၂၄ ခုနှစ်တွင် ပုဂံဝန်ထောက်ဦးတင်၏ပိဋကတ်တိုက်ကို ငွေ ၅ဝဝဝ ကျပ်ပေး၍လည်း ကောင်း၊ ဝယ်ယူပြီး စာကြည့်တိုက်ကို တိုးချဲ့ခဲ့သည်။
၁၉၄ဝ ခုတွင် စာကြည့်တိုက်၌ စာအုပ်စာတမ်းပေါင်း နှစ်သောင်းနီးပါး စုဆောင်းခဲ့ပြီး ၁၉၄၂ ခုတွင် ပုံနှိပ်စာပေါင်း နှစ် သောင်းသုံးရာ့ငါးအုပ်နှင့်ပေမူ ပုရပိုက်ပေါင်း ၇၅ဝဝ ခန့် စုဆောင်းမိသည်။ စာကြည့်တိုက်ကို အစိုးရပညာရေးဆင်ဒီ ကိတ်က အုပ်ချုပ်ခဲ့ပြီး အစိုးရနှင့်မြူအဖွဲ့က နှစ်စဉ်ထောက်ပံ့ကြေးများ ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား ချိန်တွင် စာကြည့်တိုက်မှာ စစ်ဒဏ်ကြောင့် စာအုပ်စာတမ်းများ ဆုံးရှုံးခဲ့ရသည်။ စစ်ပြီးနောက် ၁၉၄၈ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၂ ခုတွင် စာကြည့်တိုက်ကို အစိုးရသို့ ပေးအပ်ပြီး အဆောက်အဦကို ဂျူဗ လီဟောသို့ ပြောင်းခဲ့သည်။ ၄င်းနှစ် ဇွန်လတွင် ယဉ်ကျေးမှုဌာနက အမျိုးသားစာကြည့်တိုက်ဟု အမည်ပေး၍ ဖွင့်လှစ် ခဲ့သည်။ တော်လှန်ရေးအစိုးရ တက်လာပြီးနောက် စာကြည့်တိုက်ကို ပန်းဆိုးတန်းရှိ တိုက်အမှတ် ၁၆၆ သို့ ပြောင်းရွှေ့ ခဲ့ပြီး ၂ နှစ်အကြာတွင် ၁၉၆၅ ခုနှစ် ဦးပိုင်း၌ မြို့တော်ခန်းမ တတိယထပ်တွင် ပြန်လည်မွမ်းမံ ဖွင့်လှစ်ခဲ့သည်။ (ဗဟု သုတဒိုင်ယာရီ-တွဲ-၁)
အမျိုးသားစာပေဆု (၁၉၆၈)
၁၉၆၈ ခုနှစ်၊ အမျိုးသား စာပေဆုများကို ဆုလေးဆုစီ ၁ဝ မျိုး၊ ဆုပေါင်း ၄ဝ ချီးမြှင့်ရန် သတ်မှတ်ခဲ့သော်လည်း ၂၇ ဆု သာလျှင် ချီးမြှင့်နိုင်ခဲ့သည်။ ပြိုင်ပွဲဝင် စာအုပ်နှင့်စာမူပေါင်း ၃၇၃ ခုသာလျှင် ရှိသည်။ ဆုရ ၂၇ ဆုအနက် ၁၂ ဆုမှာ လက်ရေးမူများ ဖြစ်သည်။ ဝတ္ထုရှည်အတွက် ၄၄၊ ပြဇာတ် ၆၊ စာပဒေသာ ၃၃၊ ဘာသာပြန် ၁၇၊ ကလေးစာပေ ၅၃၊ အနုပညာနှင့်ယဉ်ကျေးမှု ၁၁၊ နိုင်ငံရေး ၈၊ သုတပဒေသာ ၄၆၊ ဝတ္ထုတိုပေါင်းချုပ် ၄၄၊ ကဗျာဆု အတွက် ၁၁၁ ပါဝင် ယှဉ်ပြိုင်ကြသည်။
၁၉၆၈ ခုနှစ်၊ အမျိုးသားစာပေဆုရ စာအုပ်၊ စာမူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဝတ္ထုရှည်
ဒုတိယဆု။ ငွေ ၁၅ဝဝိ၊ မောင်သိင်္ခ࿿ ရေး။ လမင်းတရာ(စာမူ)။
တတိယဆု။ ငွေ ၁ဝဝဝိ၊ နာဂတောင်တန်းမောင်ကြည်ဇင်ရေး အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့်။ (စာအုပ်)
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ သိန်းဖေမြင့်ရေး သီတာပြုံး(စာအုပ်)။
ဝတ္ထုတိုပေါင်းချုပ်
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ ရန်အောင်ရေး ကြုံလေ ဘုံဘွေ(စာအုပ်)။
တတိယဆု။ ငွေ ၇၅ဝိ၊ ချစ်စံရေး တညနှင့်တသက်(စာအုပ်)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ မြင့်ရည်​(တမာမြေ)ရေး အစီခံ(စာမူ)။
ကဗျာဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ မြေလတ်ကျော်စိန်ရေး အတ္တဆိုင်ရာဘဝကဗျာများ။ (စာမူ)
တတိယဆု။ ငွေ ၇၅ဝိ၊ ပုသိမ်မောင်စိမ်းသူရေး ပြည်သူ့အားမာန် မိုးယံသို့ချီ (စာမူ)
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ မောင်မွန်နွယ်(ရွှေ​​ဝယ်ရေး ပန်းပေါင်းဝေဆာကဗျာများ) (စာမူ)
ပဒေသာဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ လင်းယုန်သစ်လွင်ရေး ယိုးဒယားမြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ် မှတ်တမ်း(စာအုပ်)
တတိယဆု။ ငွေ ၇၅ဝိ၊ တက္ကသိုလ်ဝင်းမွန်ရေး ခေတ်သစ်ကဗျာမိတ်ဖွဲ့ (စာအုပ်)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ ရန်အောင်ရေး ရန်အောင့်စာ ရန်အောင့်ဘဝ (စာအုပ်)။
ဘာသာပြန်ဆု
ပထမဆု။ ငွေ ၁၅ဝဝိ၊ မောင်ဆုရှင်ပြန် ပင်လယ်ပြာနှင့်တံငါအို (စာမူ)။ The old man and the sea. Ernest Hemming way.
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ မြသိန်း(တပ်မတော်ပညာရေး)၏ နံနက်ခင်းကို စိုးမိုးသူ (စာမူ)။ Command the morning Pearl. S.Buck
တတိယဆု။ ငွေ ၇၅ဝိ၊ အောင်ခန့်ပြန် ရဲသွေးနီနီ (စာအုပ်)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ ဆန်းလွင်ပြန် ဖဲသမား (စာအုပ်)။
ကလေးစာပေဆု
ဒုတိယဆု​။ ငွေ ၁ဝဝဝိ၊ တက္ကသိုလ်ကြည်မာရေး အသိအလိမ္မာကဗျာများ (စာမူ)
တတိယဆုငွေ။ ငွေ ၇၅ဝိ၊ မောင်သက်ကြူရေး ရွှေသွေးမျက်ရှု စာယဉ်စု (စာမူ)
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ သူရဇော်ရေး ရောင်နီဦး ကဗျာများ (စာမူ)
မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ ဦးအောင်သန်းထွန်းရေး မြန်မာမင်းများ တရားစီရင်ရေး(စာအုပ်)။
တတိယဆု။ ငွေ ၇၅ဝိ၊ သပြေညို မောင်ကိုဦးရေး မြန်မာ့ရွှေဆိုင်း (စာမူ)
စတုတ္ထဆု။ ငွေ ၇၅ဝိ၊ ထားဝယ်ကျော်မင်းရေး ထားဝယ်ယဉ်ကျေးမှု အမြုတေ(စာမူ)။
နိုင်ငံရေးဆိုင်ရာစာပေဆု
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ သခင်လွင်ရေး မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း (စာအုပ်)။ဿ
သုတပဒေသာဆု
ပထမဆု။ ငွေ ၁၅ဝ​ဝိ၊ ဦးအောင်သန်းထွန်း ခေတ်လေးခေတ်မြန်မာ့တရားဥပဒေ(စာအုပ်)။
ဒုတိယဆု။ ငွေ ၁ဝဝဝိ၊ စဝ်ထွန်းမှတ်ဝင်းရေး သုတေသနပြုစုနည်းအမျိုးမျိုး (စာမူ)။
တတိယဆု။ ငွေ ၇၅ဝိ၊ ဦးမိုးရေး မြန်မာ့စဉ်လာ နက္ခတ်တာရာ အမြင်ကြည့်သင်ခန်းစာနှင့်နေပတ်ကြန္တိဇယားချုပ် (စာ မူ)။
စတုတ္ထဆု။ ငွေ ၅ဝဝိ၊ မောင်စင်ကြယ်ရေး အသွင်ကူးပြောင်းရေးကာလ(စာအုပ်)။
သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၉ ခု၊ ဒီဇင်ဘာ၊ မှတ် ၂၈၇၊ နှာ ၈။
အမျိုးသားစာပေညီလာခံကြီး
၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၂)
အမျိုးသားနေ့
အမျိုးသားနေ့ကို ၁၉၂၁ ခုနှစ်မှစ၍ ကျင်းပခဲ့၏။ အမျိုးသားနေ့အဖြစ် ပေါ်လာခြင်းမှာ ရန်ကုန်ကောလိပ်မှ ယူနီဗာစီ တီဥ​ပဒေကို မကြိုက်၍ ကန့်ကွက်ရှုံ့ချရာမှ မြန်မာသက္ကရာဇ် ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ ထိုနေ့ကို ဂျီစီဘီအေအသင်းက အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၂ဝ ခုတွင် အမျိုးသားကျောင်းပေါင်း ၉ဝ ကျော် ကျောင်းသားပေါင်း ၁၇ဝဝဝ ရှိခဲ့သည်။ ဗဟန်းရှိ ရွှေကျင်တိုက်တွင် အမျိုးသားကောလိပ် ဖွင့်ခဲ့ရာ သခင်ကိုယ်တော်မှိုင်းက ရာဇဝင်နှင့်မြန်မာစာကထိက လုပ်ခဲ့သည်။ (ဗဟုသုတဒိုင်ယာ ရီ-တွဲ-၁)
အမျိုးသားနေ့ ဖြစ်ပေါ်လာရပုံ
၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားများ၏ပညာရေးတော် လှန်မှု သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က ဗြိတိသျှဘုရင်ခံမှာ (ဆာရယ်ဂျီနယ် ကရက်ဒေါက် ဖြစ်ပြီး ပညာမင်း ကြီးမှာ ဆာမတ်​ဟန်ထား)တို့ ဖြစ်၏။ ထိုစဉ်က ယူနီဗာစီတီအက်ဥပဒေအချို့မှာ ကျောင်းသားဦးရေကို ကန့်သတ် ထားခြင်း။ ကျောင်းအိပ် ကျောင်းစား ဖြစ်ရမည်ဟုဆိုထားခြင်း။ တက္ကသိုလ်ဝင်ခွင့်ရသူများမှာ အင်္ဂ္လိပ်စာ ထူးချွန်ရ မည်၊ တက္ကသိုလ်သို့ ရောက်စ ကျောင်းသားများသည် အင်္ဂ္လိပ်စာကို တစ်နှစ်သင်ကြားရဦးမည်။ တက္ကသိုလ်စာမေးပွဲ တွင် နှုတ်မေးခွန်းကိုလည်း ထားရဦးမည်။ ရိုးရိုးဘီအေ ဘီအက်စီရပြီးသူများသည် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့များတွင် သင်ကြားခွင့်မရခြင်း စသော ချုပ်ချယ်မှုများကြောင့် ပညာရေးတော်လှန်မှုသပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ထိုနေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြ၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အမြင်မှန်စေမည် (ဆို-ကိုသန်းလှိုင်)
(ချစ်ဇောတွေ ဝေဖြာကာစည် နန်းထက်ဆီ လှမ်းတက်မည် မှန်းချက်ညီ ရွှင်လန်းစေဘို့အတည် မေတ္တာ စေတနာ ဝေသည် ပန်းပွင့်ပမာ လန်းဝင့်ကာ ဆန်းတင့်စရာ ကြည်နူးစေဘို့ရည်...)၂။
ဤကမ္ဘာမြေမဟီ လူသူအချင်းချင်း မညီ မာန်ဟုန်ငြိုးဖွဲ့ပြီ ကြင်နာခြင်း ကင်းသည် အမြင်မှန်စေမည် ကြင်နာခြင်း တရားသို့ညီ အစဉ်သာ မမှားဘို့ရည် မျှော်ရည်မှန်းဆသည်...။
လူတိုင်းပင် ကြင်ကြင်နာနာ ဘေးမသန်းစရာ အေးချမ်းစွာ တေးဆန်းပမာ သီကျူးပါလို့အတည် နိဗ္ဗာန်ခေမာသောင် ဆီ အမြဲမပျက်သည် တွဲလျက်ညီ နွှဲယှက်မည် ဆုထူးပန်သို့ညီ...။
ဤကမ္ဘာမြေမဟီ...ဆုထူးပန်သို့ညီ။
အမိုက်အမှောင်အင်္ဂ࿿ါ(၄)ပါး
(၁)လကွယ်နေ့။
(၂)သန်းခေါင်ယာမ်။
(၃)မိုးမှောင်ကျ။
(၄)တောအုပ်အတွင်း။
အရဟံဂုဏ်တော်
ဘုရားရှင်၏ဂုဏ်တော်(၉)ပါးအနက်မှ အရဟံဂုဏ်တော် မည်ရခြင်းများ၊ ဘုရားရှင်သည်...
(၁)အခါခပ်သိမ်း ကိလေသာ၌ မြူမျှမထင်မငြိ ကင်းဝေးတော်မူ၏။
(၂)ကိလေသာ ဟူဟူသမျှတို့ကို အရဟတ္တမဂ်ဖြင့် သတ်ငြိမ်းတော်မူသည်။
(၃)သံသရာတွင် အဖန်တလဲလဲ လည်စေမည့်အဝိဇ္ဇာ အစရှိသော သံသရာစက်၏အတားအဆီး မှန်သမျှကို ဖျက်ဆီး ပယ်ဖျောက် တော်မူသည်။
(၄)သင်္က္န်း အစရှိသော ပစ္စည်းများကို ခံယူတော်မူထိုက်သည်။
(၅)ပုထုဇဉ်လူသားတို့အတွက် ဆိတ်ကွယ်ရာသည် မကောင်းမှုကို ဖြစ်စေ၏။ ဘုရားရှင်အတွက် ထိုသို့ မဖြစ်။ ထို့ကြောင့် အရဟံဂုဏ် ​တော်နှင့်ပြည့်စုံသည် မည်၏။
အရဟံဂုဏ်တော် (၅)ချက်
(၁) အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟ မည်၏။
(၂) ပစ္စယာဒီနံ အရဟတ္တာပိ - လူသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏အဖြစ်ကြောင့် အရဟ မည်၏။
(၃) နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှု ပြုခြင်းသည် မရှိသောကြောင့် အရဟ မည်၏။
(၄) အရီနံ ဟတတ္တာပိ - ကိလေသာတည်း ဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟ မည်၏။
(၅) အရာနံ ဟတတ္တာပိ - သံသရာစက်တို့၏ အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟ မည်၏။
အရာရှိအုပ်ချုပ်ရေး
၁၈၉၇ ခု၊ ဧပြီလ (၉)ရက်၊ သောကြာနေ့။ အိန္ဒိယပြည်ရှိ ဘုရင်ခံချုပ်က မြန်မာပြည်အား ပြည်နယ်တစ်ခုအဖြစ် ပြန်တမ်းတစ်ရပ် ထုတ်ပြန်ပြီးလျှင် လက်ရှိအုပ်ချုပ်လျက်ရှိ​သော မြန်မာပြည်မှ မင်းကြီးကိုလည်း လက်ထောက်ဘုရင်ခံဟု ခေါ်ဝေါ်သုံးစွဲစေကြရ မည်ဖြစ် ကြောင်း ထုတ်ပြန်ကျေညာလိုက်လေသည်။
၁၈၉၇ ခု၊ မေလ (၁)ရက်နေ့မှ မြန်မာပြည်သည် အိန္ဒိပြည်ရှိ ဘုရင်ခံချုပ်၏လက်အောက်၌ လက်ထောက်ဘုရင်ခံ တိုက်ရိုက်အုပ်ချုပ်​  သော မြန်မာပြည်နယ်ဟူသော ပြည်နယ်တစ်နယ် ဖြစ်လာကာ အုပ်ချုပ်ရေးအခြေအနေမှာ တစ်မျိုးတစ်မည် ပြောင်းလဲလာခဲ့ရလေ သည်။ အင်္ဂ္လိပ်နယ်ချဲ့တို့က မြန်မာနိုင်ငံကို နှိမ့်ချသော အခေါ်အဝေါ်ကို သုံးလျက် အိန္ဒိယနိုင်ငံ မြန်မာပြည်နယ်ဟု သတ်မှတ်​လျက် အိန္ဒိယဘုရင်ခံချုပ်၏လက်အောက်ခံ လက်ထောက်ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်စေခဲ့လေသည်။
ထိုနောက် မြန်မာပြည်နယ်ကို အုပ်ချုပ်ရသည့်လက်ထောက်ဘုရင်ခံအတွက် အကူအညီပေးနိုင်ရန် အတိုင်ပင်ခံ အကြံပေးအဖွဲ့ဝင် (၉) ဦး ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ကို ထားရှိရပေသည်။ သို့ရာတွင် ထိုအဖွဲ့အား မြန်မာတို့ စိတ်ဝင်စားကြဟန် မတူပေ။ စိတ်ဝင်စားနိုင် လောက်သော အကြောင်းအရာတို့သည်လည်း မရှိချေ။ မိမိနိုင်ငံအား ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံနေရသော အချိန်တွင် အင်္ဂ္လိပ်နယ်ချဲ့တို့ ပေးသော အခွင့်အရေးကို မည်သူက လှိုက်လှဲစွာ ကြိုဆိုပါမည်နည်း။ (ဗမာ့တော်လှန်ရေးအဘိဓာန်-ဦးမြင့်ဝေ)
(၁)အဂ္ဂသာဝက-မြတ်သော ရဟန္တာ၊ ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်။
(၂)မဟာသာဝက-မဟာကဿပ စသော အသီတိ မဟာသာဝက(၈ဝ)။
(၃)ပကတိသာဝက-သာမန်ရဟန္တာများ။
အရိယသစ္စာတရား (၄)ပါး
(၁)ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်။ (ရုပ် နာမ် ခန္ဓာ)
(၂)သမုဒယသစ္စာ - တွယ်တာတပ်မက်ခြင်းအမှန်။ (ကာမ ကိလေသာ)
(၃)နိရောဓသစ္စာ - ဒုက္ခငြိမ်းရာအမှန်။ (နိဗ္ဗာန်)
(၄)မဂ္ဂသစ္စာ - နိဗ္ဗာန်ရောက်ရန် ကျင့်လမ်းအမှန်။ (မဂ္ဂင်ရှစ်ပါး)
(၁) အဂ္ဂသာဝက - မြတ်သော ရဟန္တာ။ ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်။
(၂) မဟာသာဝက -  မဟာကဿပ စသော အသီတိ မဟာသာဝက (၈ဝ)။
(၃) ပကတိသာဝက - သာမန် ရဟန္တာများ။
အရိယသစ္စာတရား (၄)မျိုး
(၁) ဒုက္ခသစ္စာ - ဆင်းရဲခြင်း အမှန်။ (ရုပ် နာမ် ခန္ဓာ)
(၂) သမုဒယသစ္စာ - တွယ်တာ တပ်မက်ခြင်း အမှန်။ (ကာမကိလေသာ)
(၃) နိရောဓသစ္စာ - ဒုက္ခငြိမ်းရာ အမှန်။ (နိဗ္ဗာန်)
(၄) မဂ္ဂသစ္စာ - နိဗ္ဗာန် ရောက်ရန် ကျင့်လမ်း အမှန်။ (မဂ္ဂင်ရှစ်ပါး)
အရူပဗြဟ္မာ(၄)ဘုံ
(၁)အာကာသာနဉ္စာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။ (ကောင်းကင်ပညတ်)
(၂)ဝိညာဏဉ္စာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။
(၃)အာကိဉ္စညာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။
(၄)နေဝသညာနာသညာယတန - ရုပ်မရှိသော ဗြဟ္မာဘုံ။
အရှေ့ဂျာမဏီ(ဂျီဒီအာ)အားကစားတက္ကသိုလ်
လိုက်ပဇစ်မြို့တွင် ရှိပြီး လူတစ်သိန်းခန့် ဆန့်သည်။ ၁၉၅ဝ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဂီနီ၊ ဂါနာ၊ မော်ရိုကို၊ အင်ဒိုနီး ရှား၊ အီဂျစ်၊ ကျူးဘား၊ မြန်မာ စသော တိုင်းပြည်များမှ ကျောင်းသားများကို လက်ခံသင်ကြားပေးနေသည်။ ကျောင်း သားတစ်ဦးလျှင် ထောက်ပံ့ကြေး မတ် ၈ဝ ရရှိပြီး ထမင်းလခ မတ် ၆ဝ ပေးရ၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အရှေ့တောင်အာရှစီးပွားရေး ဖွံ့ဖြိုးမှုညီလာခံ
၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဝါရှင်တန်နယ် စီတယ်လ်မြို့ အိုလံပစ်​ ဟော်တယ်တွင် ကိုလံဘိုစီမံကိန်းအတိုင်ပင်ခံ ကော်မီတီက အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှုညီလာခံ တစ်ရပ်ကို ကျင်းပခဲ့သည်။
အရှေ့တောင်အာရှနှင့်ဆိုရှယ်လစ်
အရှေ့တောင်အာရှတွင် ၁၉၃၄ ခုနှစ်က တည်ထောင်သော အိန္ဒိယဆိုရှယ်လစ်ပါတီသည် အစောဆုံး ဖြစ်သည်။ ဘီဟာ ပြည်နယ်တွင်မူ ဆိုရှယ်လစ်ပါတီကို ၁၉၃၁ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ဆက်လက်၍ ပန်ဂျပ်-ဘင်္ဂ࿿ေါလ်နယ်တို့၌ တည် ထောင်ခဲ့သည်။ ဘင်္ဂ࿿ေါလ်ပြည်နယ်မှ ပါတီမှာ အလုပ်သမားပါတီ ဖြစ်သည်။ အိန္ဒိယပြည်၏ပထမဆုံး အိန္ဒိယဆိုရှယ် လစ်များ၏ကွန်ဖရင့်ကို ၁၉၃၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့တွင် ပက်(တ်)နာ၌ ကျင်းပခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ- ၇)
အရှေ့တောင်အာရှပွဲတော်
ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်မိသားစု ပြေးခုန်ပစ်ပွဲတော်ကြီးကို ယိုးဒယားနိုင်ငံ ဘန်ကောက် မြို့တော်တွင် ၁၉၅၉ ခု၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၆ ရက်တိုင်တိုင်ကျင်းပခဲ့သည်။ ၄င်းပွဲတော်တွင် မြန်မာ ပြည်မှ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၁၄ ခု ရရှိပြီး ဒုတိယ စွဲခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အရှင်လတ်လတ် မြေမျိုသူ (၅)ယောက်
(၁) သုပ္ပဗုဒ္ဓမင်း - ဘုရားဆွမ်းခံကြွရာလမ်း၌ မဖယ်ပေး၍ ကပိလဝတ်ပြည်၌ မြေမျိုခြင်း။
(၂) သုပ္ပဗုဒ္ဓမင်း၏သား ဒေဝဒတ် - ဘုရားကို အမျိုးမျိုး ပြစ်မှား၍ သာဝတ္ထိပြည် ရေကန်၏အနီး၌ မြေမျိုခြင်း။
(၃) စိဉ္စမာဏဝိကာ - ဘုရားကို ကိုယ်ဝန်ဖြင့် စွပ်စွဲ၍ ဇေတဝန်ကျောင်းတော် အနီး၌ မြေမျိုခြင်း။
(၄) နန္ဒသတို့သား - ဥပ္ပလဝဏ် ရဟန္တာမကို တောကျောင်း၌ မေထုန်မှုပြုကျင့်၍ မြေမျိုခြင်း။
(၅) နန္ဒကဘီလူး - ရှင်သာရိပုတ္တရာ မထေရ်ကို ဂိဇ္ဈကုဋ်တောင်၌ တရားထိုင်နေစဉ် ဦးခေါင်းကို ပုတ်၍ မြေမျိုခြင်း။
အလင်္က࿿ာကျော်စွာ ဒေါ်စောမြဧကြည်
ငယ်မည်-ခင်စိန်ကြည်။
မြန်မာနှစ် ၁၂၅၃ ခုနှစ်တွင် မန္တလေး၌ ဖွားမြင်ခဲ့သည်။ အဖ သီပေါမင်းဗြဲတိုက်သံတော်ဆင့် ဦးမောင်မောင်တင်၊ အမိ ဘဏ္ဍဍာစိုး ခင်ဖွား။ ဒေါ်စောမြဧကြည်သည် အသက် ၁၂ နှစ်အရွယ်တွင် သီပေါမင်း၏ဝဲဘက်အဆိုတော် ဦးလူကြီးထံ တွင် အငြိမ့်ပညာ သင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် ပညာရေးဝိဇ္ဇာဘွဲ့ကို ချီးမြှင့်ခြင်း ခံရသည်။ ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ် စတင်ခဲ့သည့်အချိန်၌အထိ ရန်ကုန်ဂီတကျောင်းတွင် နည်းပြဆရာမကြီးအဖြစ် အမှုထမ်း ခဲ့၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အလင်းရောင်
တစ်စက္ကန့်တွင် ၁၈၆ဝဝဝ မိုင် သွားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အလောင်းတော်မြတ်၊ ဒေ​ဝဒတ်၊ ငါးဇာတ်သတ်ခဲ့ပုံ
ဂေါတမဘုရားအလောင်းတော်နှင့်ဒေဝဒတ်အလောင်းတို့သည် ဘဝအဆက်ဆက်တွင် တွေ့ဆုံဖြစ်ပျက် ပါရမီဖြည့်ဘက်များ ဖြစ်ကြ ရာ ဘဝငါးဘဝ၊ ဇာတ်ငါးဇာတ်တွင် ဒေဝဒတ်က အလောင်းတော်ကို အသေသတ်ခဲ့သည်။ လင်္က࿿ာဖြင့် ဖော်ပြလိုက်သည်။
စူဠနန္ဒိယ၊ ဒဒ္ဒရနှင့်၊ ဓမ္မပါလာ၊ မဟာကဝိ၊ တွင်ဘိသညီ၊ ခန္တီဝါဒ၊ နာမပညတ်၊ ဤငါးဇာတ်၌၊ မုန်းလတ်တုံကျင်၊ ရှင်ဒေဝဒတ်၊ အသေသတ်၍၊ လူ-နတ်-ဆရာ သေရရှာ၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)
အလဇ္ဇီရဟန်း၏အင်္ဂ࿿ါ (၃)ရပ်
(၁)သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ-စေတနာဖြင့် သိလျက် အပြစ်ကို ကျူးလွန်ခြင်း။
(၂)အာပတ္တိံ ပရိဂူဟတိ-ကျူးလွန်ပြီးသောအပြစ်ကို ထိန်ချန်ထားခြင်း။
(၃)အဂတိ ဂမနဉ္စ ဂစ္ဆတိ-ဘက်မလိုက်သင့်သည်ကို ဘက်လိုက်ခြင်း။
ရဟန်းတို့သည် ဤ ၃ ပါးကို မပြုကျင့်အပ်ပေ။
အလုပ်ခွင် ထိခိုက်မှု
မြန်မာပြည်တဝှန်းလုံးတွင် ၁၉၆၂ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ အလုပ်ခွင်၌ ထိခိုက်ဒဏ်ရာရရှိမှုများမှာ စုစုပေါင်း ၁၅၇၆၂ မှု ဖြစ်ပွားခဲ့သည်။ ထိုထိခိုက်မှုများအနက် ၃၈ ရာခိုင်နှုန်းမှာ လက်နှင့်လက်ချောင်းတွင်လည်းကောင်း၊ ၄၂ ရာခိုင်နှုန်း မှာ ခြေထောက်တွင်လည်းကောင်း၊ ၁ဝ ရာခိုင်နှုန်းမှာ ခေါင်း၊ လည်ပင်းနှင့်မျက်စိ၊ မျက်နှာတို့တွင်လည်းကောင်း အသီးသီး ဖြစ်ပွားခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အလုပ်သမားရေးရာပညာပေးသင်တန်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့်အလုပ်သမားရေးရာဌာနမှ ကြီးကြပ်၍ အလုပ်သမားရေးရာပညာပေးသင်တန်း များကို ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှစ၍ မင်္ဂ္လာဒုံ၊ အမှတ်(၁)လေ့ကျင့်ရေးစခန်း၌ တစ်ကြိမ်လျှင် အလုပ် သမား (၁ဝဝ)ကျစီ ရွေးချယ်၍ သင်တန်းပေးခဲ့သည်။ ပထမဆုံးသင်တန်းတွင် ဉာဏအလုပ်သမား ၃၈ ဦး၊ ကာယ အလုပ်သမား ၆၂ ဦး၊ အမ်အေ တစ်ဦး၊ ဘီအေ ၅ ဦး၊ အိုင်အေ ၂ ဦး၊ ထိုအထဲတွင် ပုဂ္ဂလိကပိုင်စက်ရုံ ၁၂ ခုမှ အလုပ် သမားကြီး ၂၃ ဦး၊ ပြည်သူပိုင်စက်ရုံ၊ ဘုတ်အဖွဲ့များနှင့်အစိုးရဌာနအသီးသီး ၄၁ ဌာနမှ ကာယ၊ ဉာဏအလုပ်သမား ၇၇ ဦးတို့ ဖြစ်သည်။ သင်တန်းကာလမှာ တနဂင်္နွေ ၅ ပတ် ဖြစ်၏။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အလုပ်သမား ဖြန်ဖြေရေးပြဿနာ
၁၉၆၂ ခုနှစ်၊ မတ်လမှ ၁၉၆၃ ခုနှစ်အတွင်း တော်လှန်ရေးအစိုးရ အလုပ်သမားဖြန်ဖြေရေးခုံရုံးမှ တိုင်ကြား၍ လက်ခံရ ရှိသည့်အလုပ်သမားအလုပ်ရှင်ပဋိပက္ခနှင့်အချိန်ပိုလုပ်ခများ မပေးခြင်း၊ ခွင့်ရက်နှင့်အခြားရက်အားများ နစ်နာမှု စသော အမှုပေါင်း ၇ဝ၆ မှုအနက် အမှုပေါင်း(၅၉ဝ)ကို ဖြေရှင်းပေးနိုင်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အလုပ်သမား သူရဲကောင်း ရွေးချယ်ရေးစည်းမျဉ်း
(၁)အလုပ်ကို ကျိုးနွံစွာ လုပ်ကိုင်သည့်စံပြအလုပ်သမား ဖြစ်သူ။
(၂)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ယုံကြည်သက်ဝင်သူ။
(၃)အခြားလုပ်ဖော်ကိုင်ဖက်များ၏ယုံကြည်လေးစားခြင်းခံရသူ။
(၄)အလုပ်ပျက်ကွက်ခြင်း အနည်းဆုံးဖြစ်သူ။
(၅)အကျင့်စာရိတ္တ ကောင်းမွန်သူ။
(၆)ဆက်ဆံရေး ပြေပြစ်သူ။
(၇)အများဆုံး ကုန်ပစ္စည်း ထုတ်လုပ်ပေးနိုင်သူ။
(၈)မခိုမကပ် စုပေါင်းလုပ်ကိုင်တတ်သူ။
(၉)စည်းကမ်းရိုသေသူ။
(၁ဝ)လုပ်အား နာရီပေါင်း အများဆုံး​ပေးနိုင်သူ။
အချက်တစ်ခု ၁ဝ မှတ်ပေးသည်။ အမှတ် ၉၅ မှ ၁ဝဝ ထိ ပထမဆင့်၊ ၈၅ မှ ၉၄ ထိ ဒုတိယဆင့်၊ ၇၅ မှ ၈၄ ထိ တတိယ ဆင့် စသည်ဖြင့် လုပ်သားသူရဲကောင်းများကို ရွေးချယ်သည်။ လုပ်သားသူရဲကောင်း ရွေးချယ်ရေးအဖွဲ့ကို အလုပ်သ မားတစ်ရာလျှင် အလုပ်သမားကိုယ်စားလှယ်ငါးဦးနှင့်အုပ်ချုပ်ရေးပိုင်းမှ ကိုယ်စားလှယ် ငါးဦး ပါဝင်သော ၁ဝ ဦး အဖွဲ့ကို ဖွဲ့စည်း၍ ရွေးချယ်စေခဲ့သည်။ ထိုအဖွဲ့၌ ပါဝင်နိုင်သူများမှာ အသက်အရွယ်အားဖြင့် ၃ဝ မှ ၅ဝ အတွင်း ရှိရ မည့်အပြင် လုပ်သက် ၃ နှစ်မှ ၅ နှစ်ရှိသူလည်း ဖြစ်ရမည်သာမက ရက်ပျက်နည်းပြီး အကျင့်စာရိတ္တ ကောင်းသူလည်း ဖြစ်ရမည်။
၁၉၆၅ ခု၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် လုပ်သားသူရဲကောင်း ရွေးချယ်ရေးနှင့်အဖွဲ့လိုက် လုပ်အားယှဉ်ပြိုင်မှုကြီး ကြပ်ရေးကော်မီတီက စံပြလုပ်သား တတိယဆင့်အတွက် အလုပ်သမားပေါင်း ၅၄ဝ ကို ရွေးချယ်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-တွဲ-၂)
အဝီစိတွင်း
၁၉၅၇ ခုနှစ်က မြန်မာပြည်တွင် အဝီစိတွင်းပေါင်း ၁၉ဝဝ တူးခဲ့သည်။ အနက် ၁၅ဝ ပေ၊ ပိုက်အကျယ် ၁ဝ လက်မ၊ တစ်နာရီ ရေဂါလံပေါင်း ၃ဝဝဝဝ ဖြစ်သည်။ အဝီစိတွင်းတူးစက်၏အမည်မှာ ဝင်တာဝိုက် ဖြစ်သည်။ အကြီးစားစက် မျိုးဖြစ်ပြီး တစ်လုံးလျှင် ကျပ်(၂ဝဝဝဝဝ)တန်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အသံချဲ့စက်နှင့်ရဲဥပဒေ
၁၉၄၅ ခုနှစ်၊ ဥပဒေအရ အသံချဲ့စက် အသုံးပြုလိုလျှင် ခရိုင်ရဲဝန်ထံ အမိန့်တောင်းခံရသည်။ ဇာတ်သမား၊ တူရိယာ ဝိုင်းအတွက် အမိန့်တောင်းခံရန် မလိုဟု ရဲဥပဒေပုဒ်မ ၃၉ အရ ခြွင်းချက်ပေးထားသည်။ ကျူးလွန်က ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ဒဏ်ငွေ ၂ဝဝိ ဖြစ်စေ ၂ ရပ်စလုံးဖြစ်စေ ပေးရသည်။
အသံ၏အသွားနှုန်း
တစက္ကန့်လျှင် ၁ဝ၆ဝ ပေ သွားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
အသံလွှင့်ရုံ
ရန်ကုန်မြို့ရှိ အသံလွှင့်ဌာနကို ၁၉၃၇ ခုနှစ်က စတင်စမ်းသပ်ခဲ့သည်။ ပြည်လမ်းရှိ အသံလွှင့်ရုံသစ်ကြီးကို ၁၉၅၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၆ဝ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် လုံးဝပြီးစီးခဲ့ပြီး စတင် အသံလွှင့်ခဲ့သည်။ အသံလွှင့်ရုံ၏အကျယ်အဝန်းမှာ စတုရန်းပေ ၉၃၇၇ဝ ရှိပြီး ငွေပေါင်း (၈၇ဝဝဝဝဝ)ကျပ် ကုန်ကျခဲ့ သည်။ အသံလွှင့်ရာ၌ မြန်မာဘာသာ(ပထမအစီအစဉ်)မြန်မာဘာသာ(ဒုတိယအစီအစဉ်)ကချင်၊ ကရင်(ကော်သူး လေ)၊ ချင်း၊ ပအိုဝ့်၊ မွန်၊ ရခိုင်၊ ရိုဟင်ဂျာ၊ ရှမ်း၊ လားဟူစသော တိုင်းရင်းသားဘာသာ၊ ဟိန္ဒူစတန်နီဘာသာနှင့်အင်္ဂ࿿ လိပ်ဘာသာတို့ဖြင့် အသံလွှင့်သည်။ အသံလွှင့်ရုံ၌ အမှုထမ်းပေါင်း ၃၁၉ ဦးရှိပြီး တူရိယာအဖွဲ့များမှာ မြန်မာကာလ ပေါ်အဖွဲ့ ၁၃၅ ဖွဲ့ မြန်မာသီချင်းကြီးအဖွဲ့ ၂၃ ဖွဲ့နှင့်အင်္ဂ္လိပ်တူရိယာအဖွဲ့ ၅ဝ ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
အသုံးလုံးသင်တန်း
၁၉၆၆ ခုနှစ်၊ နွေရာသီအတွင်း မြန်မာပြည်တဝှန်းလုံးတွင် အသုံးလုံး(အရေး-အဖတ်-အတွက်)သင်တန်းများကို ဖွင့် လှစ်သင်ကြားခဲ့သည်။ ထိုသင်တန်းများတွင် တိုင်းအလိုက် အောင်မြင်မှု ရရှိသောစာရင်းမှာ အောက်ပါအတိုင်း ဖြစ် သည်။
၁။ မကွေးတိုင်း
၂။ မန္တလေးတိုင်း (၂)
၃။ စစ်ကိုင်းတိုင်း (၂)
အသုံးလုံးကျေသင်တန်းကို အသုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းရေးဗဟိုကော်မီတီမှ ဦးဆောင်ပြုလုပ်သည်။ စာ မတတ်သူ ပပျောက်ရေးလုပ်ငန်းကို ၁၉၆၅ ခုနှစ်မှစတင်ခဲ့သည်။ ထိုစဉ်က မြန်မာပြည်တစ်ဝှန်းလုံးတွင် ခရိုင်ပေါင်း ၃၇ ခရိုင်အတွင်း အခြေစိုက်စခန်းပေါင်း ၅၅၆ ခုကို ဖွင့်လှစ်၍ ဆရာ(၂၃ဝ၄)ဦးက သင်ကြားခဲ့ကြသည်။ စခန်းတစ်ခု လျှင် သင်တန်းသား(၃ဝ)ခန့်ထား၍ သင်ကြားပေးခဲ့ကြသည်။ ၁၉၆၆ ခုနှစ်တွင်မူ ခရိုင်ပေါင်း ၄၇ ခရိုင်မှ မြို့နယ်ပေါင်း ၂၃၅ ခုတွင် အခြေစိုက်စခန်းပေါင်း ၂၅၃ဝ ကို ဖွင့်လှစ်ကာ ဆရာ(၁​၈ဝ၃၂)ဦးဖြင့် သက်ကြီးသင်တန်းသား (၁၇၃၇၁)ဦး ကို သင်ကြားပေးခဲ့ကြသည်။ အချိုးအစားအရ သင်တန်းသား(၁ဝ)ဦးလျှင် ဆရာတစ်ဦး ဖြစ်သည်။ သင်တန်းပြီးဆုံး ချိန်တွင် သင်တန်းသားများအနက်  ၆၆၃၆၃ ဦးမှာ ကောင်းစွာ စာဖတ်တတ်သွားပြီး ၆၆၇၇ဝ ဦးမှာ အတော်အတန် စာဖတ်နိုင်ခဲ့ကြသည်။
သင်တန်းသား ၁၇၃၇၁၃ ဦးအနက် ၄၈၃၆၇ ဦးမှာ သင်တန်းတက်ရောက်ရန် ပျက်ကွက်ခဲ့သည်။ သင်တန်းတက် ရောက်ခဲ့ကြသူများအနက် အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း ၄၅ ရာခိုင်နှုန်း၊ အသက် ၂၆ နှစ်မှ ၃၅ နှစ်အအတွင်း ၂၇ ရာခိုင်နှုန်း၊ အသက် ၃၆ နှစ်မှ ၄၅ နှစ်အတွင်း ၁၈ ရာခိုင်နှုန်း၊ အသက် ၄၅ နှစ်နှင့်အထက်မှာ ၁ဝ ရာခိုင်နှုန်းဖြစ်သည်။
တိုင်းအလိုက် ဖွင့်လှစ်ခဲ့သော သင်တန်းစခန်းနှင့်သင်တန်းသားများမှာ မကွေးတိုင်း၌ စခန်း(၄ဝ၇)ခု၊ သင်တန်းသား ၂၅၇၉ဝ၊ ၄င်းတို့အနက် ၁ဝဝ၅၁ ဦးမှာ လုံးဝစာတတ်သွားသည်။ မန္တလေးတိုင်း(၂)၌ စခန်း ၃ဝ၃ ခု၊ သင်တန်းသား ၂၄၁၂၃ ဦး၊ ၄င်းတို့အနက် ၉၇၃၉ ဦးမှာ လုံးဝစာတတ်သွားသည်။ စစ်ကိုင်းတိုင်း(၂)တွင် စခန်း ၂၆၂ ခု၊ သင်တန်းသား ၂ဝ၆၆၉ ဦး၊ ၄င်းတို့အနက် ၇ဝ၂၃ ဦးမှာ လုံးဝစာတတ်သွားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
အဟီး၊ ဦး၊ သံတော်ဆင့်
ဦးအဟီးသည် မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ်တွင် နေမျိုးသီဝသိဒ္ဓိဘွဲ့ခံ သံတော်ဆင့်အဖြစ် ခန့်အပ်ခံခဲ့ရ၏။ သူ သည် ဖခင် တရုတ်လူမျိုး၊ မိခင် မြန်မာလူမျိုးတို့က ဖွားမြင်သူ ဖြစ်သည်။ ဘာသာစကား (၆)မျိုးကို ကျွမ်းကျင်ပြီး ရတနာပုံနေပြည်တော်သတင်းစာအား ကြီးကြပ်ထုတ်ဝေခဲ့ရသည်။ ဦးအဟီးသည် သီပေါမင်း ပါတော်မူသွားပြီးနောက် ဗြိတိသျှအစိုးရထံ ပုံနှိပ်စက်ငှားရမ်းခလက်ကျန်ငွေများ တောင်းခံခဲ့ကြောင်း သိရှိရသည်။ (ကုန်းဘောင်ခေတ် မင်းမှု ထမ်းများ အဘိဓာန်-တင်နိုင်တိုး)
-ဆက်ရန်-
ကမ်၊ ကန်
ကမ် (နာမ်)
လမုမျိုးအဝင် ဒီချောင်းသစ်ပင်ကြီးတစ်မျိုး။
ကမ္ပလွေ
ကမ္ပလွေသည် စာပုလွေပင် ဖြစ်၏။ "စာပုလွေ ရင်မှာ ပိုက်ပါလို့ ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်" ဟူသော ဗျောသံ တေးသွားကို မြန်မာတိုင်းလိုလို ကြားဖူးပြီး ဖြစ်၏။ ဤစာပုလွေ (သို့မဟုတ်) ကမ္ပလွေကား ပေစာထုပ်ပင် ဖြစ်သည်။ တနေရာထဲ အဖွေအရှာ လွယ်စေခြင်းငှာ ကျမ်းစာ၊ ပေစာ၊ ကမ္ပလွေ၊ စာခွေ၊ ကညစ် စသည် ပေစာနှင့်သက်ဆိုင်ရာ အားလုံးကို ပြည့်ပြည့်စုံစုံ ဖော်ပြလိုက်သည်။
မြန်မာနိုင်ငံတွင် စက္ကူနှင့် ပုံနှိပ်စက်ကို အသုံးမပြုမီ ရှေးအခါက ပေရွက်တွင် ကညစ်တံဖြင့် စာရေးရသည်။ ပေရွက် တွင် ရေးသဖြင့် "ပေစာ" ဟုခေါ်သည်။ ပေစာမှာ သုံးမျိုးရှိ၏။
၁။ မင်ရေးပေ - တရုပ်ပြည်မှ ရသော မင်ဖြင့် ရေးသည်။ ကုန်းဘောင်ခေတ်လောက်မှစ၍ အသုံးပြုသည်။
၂။ ကညစ်ရေး ပေ - ပေရွက်တွင် ကညစ်ဖြင့် ရေးခြင်း ဖြစ်သည်။ ကညစ်မှာ အဖျားနှစ်ဘက် ချွန်နေသော စာရေးကိရိ ယာပစ္စည်း ဖြစ်သည်။
၃။ ရွှေဇီဇဝါပေ - ၄င်းကို ဆေးဒါန်းရွှေချပေ ဟူ၍လည်း ခေါ်သည်။ ပေပေါ်တွင် ရွှေစာလုံးဖြင့် ရေးထိုးထားခြင်း ဖြစ် သည်။ ကမ္မဝါများ ရေးရာတွင် ပို၍ အသုံးပြုသည်။ ရွှေကမ္မဝါ ဟုခေါ်သည်။ ရွှေပေလွှာမှာ ပေရွက်ပေါ်တွင် ရွှေစာလုံး ဖြင့် ရေးထားသော ပေလွှာ တစ်နည်း စာလွှာပင် ဖြစ်သည်။ ယခုခေတ် ရွှေပေလွှာ ဟူသော ဝေါဟာရမှာ တစုံတဦးက အကြောင်းအရာ တခုခုကို လူအများ ယုံကြည်စေရန် အချီးအမြှောက် အခြိမ်းအခြောက်များနှင့် လည်ဆည်ရေး၍ တိတ်တဆိတ် လျှို့ဝှက်ပြီး အဆင့်ဆင့် ကမ်းသောစာ ဟူ၍ အဓိပ္ပါယ် ရရှိလေသည်။
အကြမ်းအားဖြင့် ပေစာရွက်မှာ အလျား ၂၄ လက်မကျော် ဗျက် ၄ လက်မခန့် ရှိ၍ တဖက်ခွက် တဖက်ခုံး ဖြစ်သည်။ ခွက်နေသည့်ဘက်ကို စာ​ဝမ်းဟုခေါ်ပြီး ခုံးနေသော ဘက်ကို စာကြောဟု ခေါ်သည်။ ပေစာကို ရေတွက်ရာ၌ သင်္ခ࿿ျာ နံပါတ် မထိုး၊ အက္ခရာနံပါတ် ထိုးလေသည်။ ပေ ၁၂ ရွက်ကို တစ်အင်္ဂ࿿ါဟု ခေါ်သည်။ ထိုတစ်အင်္ဂ࿿ါကို အက္ခရာဖြင့် ရွက် ရေကမ္ပည်းထိုးရာ၌ (က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား) ဟူ၍ ရေးမှတ်သည်။ နောက်ထပ် တဖန် စာမျက်နှာထိုး အင်္ဂ࿿ါဖွဲ့လိုသော် (ခ၊ ခါ၊ ခိ၊ ခီ၊ ခု၊ ခူ) စသည်ဖြင့် ရေးထိုးလေသည်။ ပေစာ တထုပ်တွင် ပေစာ ချပ်ရေ မည်ရွေ့မည်မျှ ရှိရမည်ဟူ၍ ကန့်သတ်ချက် မရှိပေ။ ရေးမှတ်သည့်စာ အတိုအရှည် လိုက်၍ အနည်းအများ ရှိ လေသည်။
ပေစာတထုပ်တွင် ရှေ့ဦးဆုံး ပေချပ်နှင့်နောက်ဆုံး ပေချပ်ကို အပြည့် မရေးရပေ။ အလယ်လောက်တွင်သာ ရေး၍ ဘေးနှစ်ဘက် နှစ်ချက်ကို ချန်ထားသည်။ ထိုပေရွက်နှစ်ချပ်ကို (ပလ္လင်ချပ်)ဟု ခေါ်လေသည်။ ပေချပ်များ မရွေ့စေရန် ဘေးနှစ်ဘက်မှ ဖောက်လျက် တုတ်ဖြင့်ထိုးသီထားသည်။ ၄င်းအပေါက်ကို (ပလ္လင်ပေါက်)ဟု ​ခေါ်ပြီး သီထိုးသည့်တိုင် ကို (ပလ္လင်တိုင်) ဟုခေါ်လေသည်။ ပေစာထုပ် တစ်ထုပ်တွင် အပေါ်ဆုံးနှင့်အောက်ဆုံးတွင် ပေရွက် ၂ ရွက် ၃ ရွက်ကို အပိုထည့်ထားသည်။ ထူရန်နှင့်စာရှိသော ပေအတွက် အကာအကွယ် ဖြစ်သည်။ ၄င်းအပို ထည့်ထားသော ပေချပ်များ ကို (ပလ္လင်ခံ) ဟုခေါ်သည်။
ပေထုပ်ရှိ ပေရွက်များ၏ ဘေးစွန်းများကို ရွှေ၊ ဆေးနက် စသည် သုတ်လိမ်းရလေသည်။ လေးဘက်လုံး ရွှေချထား လျှင် ထိုပေကို (ရွှေမျဉ်းရွှေပိန်းပေ) ဟုခေါ်၏။ မတတ်နိုင်၍ ဘေး သို့မဟုတ် ထိပ်နှစ်ဘက်ကိုသာ ရွှေချလျှင် (ကြံဆစ် ပေ) ဟုခေါ်သည်။ ဘေးစွန်းများကို ဆေးနက် သုတ်ထားလျှင် (မျဉ်းနက်ပေ) ဟုခေါ်သည်။ တဖန် အနီရောင် ဟင်္သ࿿ာ ပြဒါးကို သုတ်လျှင် (မျဉ်းနီပေ) ဟု ခေါ်ဆိုကြပြန်သည်။ ဤသို့ဖြင့် ပြုလုပ်စီရင်ထားသည့် အဆင့်လိုက် အမည်နာမ ကွဲပြားသော်လည်း မည်သည့် ပေအမျိုးအစားတွင် မည်သည့်စာမျိုးသာ ရေးရမည် ဟူသော ကန့်သတ်ချက် မရှိပေ။ နှစ်သက်ရာပေတွင် နှစ်သက်ရာ စာကို ရေးမှတ်နိုင်သည်သာ ဖြစ်၏။
ပေထုပ် ထက်အောက်ကို ညှပ်လျက် ဟင်္သ࿿ာပြဒါး သုတ်ထားသောပျဉ်၊ သစ်သားပြားနှစ်ခုဖြင့် အဖုံးသဖွယ် ဖုံးအုပ် ညှပ်ထားလေသည်။ ထိုပေချပ်ကို ညှပ်ထုပ်သော သစ်ပြားနှစ်ချပ်ကို (ကျမ်း) ဟုခေါ်လေသည်။ ၄င်းကို အစွဲပြု၍ ထုပ်ထားသော ပေစာကိုလည်း (ကျမ်းစာ) ဟုခေါ်လေသည်။ ကိုးခန်းပျို့ကို ရေးထားသော ပေစာထုပ်ကို ယူမည် ဆိုလျှင် ပျို့ရေးထားသော ပေရွက်ကိုသာ ယူရသည် မဟုတ်။ ထုပ်ညှပ်ထားသော (ကျမ်း)ကိုပါ ယူရလေသဖြင့် ကိုးခန်းပျို့သည် ကျမ်းတစောင် ဖြစ်၏ဟု မှတ်ယူကြသည်။ (ကျမ်း) (ကျမ်းစာ) ဟူသော စကားရပ်သည် ထိုမှစ ဖြစ်ပေါ်လာသည်။
ပေစာကို ကျမ်းဖြင့် ထုပ်ပြီးနောက် အပြင်မှ အဝတ်စနှင့် ဖြစ်စေ၊ ဝါးဖြင့်ပြီးသော ယင်းဖြင့်ဖြစ်စေ ရစ်ပတ်ရပြန်သည်။ ဤအခါတွင်မှ (ကမ္ပလွေ) သို့မဟုတ် (စာပုလွေ) ဖြစ်လာသည်။ တဖန် ထိုစာပုလွေကို အဝတ်ကြိုးဖြင့် စည်းရပြန်၏။ စည်းသော ကြိုးကို (စာစည်းကြိုး) ဟုခေါ်ပြန်သည်။ ပေထုပ်ကြိုး ဟူ၍လည်း ခေါ်ကြသည်။ ၄င်းပေထုပ်ကြိုးတွင် စာကမ္ပည်းများ ရေးထိုးထားလေသည်။ ရေးထိုးထားသော စာကမ္ပည်းမှာ များသောအားဖြင့် ပေထုပ် (ကမ္ပလွေ)ကို လှူသော အလှူ့ရှင်တို့၏ အလှူဒါန မှတ်တမ်းပင် ဖြစ်သည်။ ဘုရား တည်ပြီးနောက် ကျောက်စာတိုင် စိုက်ထူသည့် သဘောပင် ဖြစ်၏။
ရှေးအခါက ပေစာကို ရဟန်းတော်များသာ မဟုတ် လူပုဂ္ဂိုလ်များလည်း ဖတ်မှတ်လေ့လာသည်သာ ဖြစ်၏။ ပေစာ များကို အမျိုးသမီးများ ဖတ်မှတ်သည့်အခါ ဒူးပေါ် ပေါင်ပေါ် တင်၍ မဖတ်ရပေ။ ထမီနှင့်မထိရန် သတိထားကိုင်၍ ဖတ်ရသည်။ ဖတ်ပြီးလျှင် ကလပ်တွင် ရိုသေစွာ တင်ထားရသည်။ ပေစာ တင်သည့်ကလပ်ကို သီးသန့် ပြုလုပ်ထားရ ၏။ (စာချွန်၊ စာခွေကိုလည်း ရှု။) (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဗလာသီး (Sweet Lemons)
ပုံသဏ္ဌာန် - ပင်ငယ်မျိုး ဖြစ်၍ အသီးသည် လိမ္မော်သီးခန့် ရှိ၏။
ဂုဏ်သတ္တိ - အေးချိုချဉ် ရသာရှိ၏။ အဆင်းနှင့်အသံကို ကောင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ သုက်ကို ပွားစေ ၏။
ပျောက်ကင်းနိုင်သည့်ရောဂါများ - သုက်အားနည်းရောဂါ၊ ရေငတ်ရောဂါ၊ အစာမကြေရောဂါ၊ ​မူးဝေမောပန်းခြင်းတို့ တွင် အသီးမှည့် (သို့) အသီးရည်ကို စားသောက်သင့်၏။ (ပညာအလင်းပြ ဆေးအဘိဓာန်)
ကမ်ဘာလင် ဆွေးနွေးပွဲ (၁၉၄၅)
မြန်မာပြည် စစ်ပြေးဘုရင်ခံ ဒေါ်မန်စမစ်နှင့် မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဘဘေ၊ ဦးဆက်၊ ဆာမောင်ကြီး၊ ဦးဘဦး၊ ဦးပု၊ ဦးဆစ်ဒနီလူနီ၊ ဦးဘသန်း၊ ဦးဘိုးဗျော့၊ ဦးဘကလေး၊ ခန်းဗဟာဒူးနိုက်ကွား ရားနှင့် ဦးခူအိခွက်တို့ ရန်ကုန်မြစ်အတွင်းရှိ ကမ်ဘာလေ စစ်သင်္ဘ࿿ော (HMS Cumberland) ပေါ်၌ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏အနာဂတ်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေး ကိစ္စ ဆွေးနွေးကြသည်။ (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)
ကမ္ဘာ (၆)မျိုး
(၁)သာရကမ္ဘာ - ဘုရားတစ်ဆူ ပွင့်သောကမ္ဘာ။
(၂)မဏ္ဍဍကမ္ဘာ - ဘုရားနှစ်ဆူ ပွင့်သောကမ္ဘာ။
(၃)ဝရကမ္ဘာ - ဘုရားသုံးဆူ ပွင့်သောကမ္ဘာ။
(၄)သာရမဏ္ဍဍကမ္ဘာ - ဘုရားလေးဆူ ပွင့်သောကမ္ဘာ။
(၅)ဘဒ္ဒကမ္ဘာ - ဘုရားငါးဆူ ပွင့်သောကမ္ဘာ။
(၆)သုညကမ္ဘာ - ဘုရားမပွင့်သော ကမ္ဘာ။ (ဗုဒ္ဓဝံသပါဠိ)
ကမ္ဘာကပ်(၄)မျိုး
(၁)အာယုကပ် - ဆယ်နှစ်တမ်း၊ ၁ဝဝ တမ်း စသည်အားဖြင့် အသင်္ခ࿿ျယျေသို့တိုင်အောင် အဆင့်ဆင့်တက်၍ အသင်္ခ࿿်ေ ယ်မွ အဆင့်ဆင့် ပြန်ဆင်းသော ဆယ်နှစ်၊ ၁ဝဝ နှစ်တမ်း စသည့် တကန့်တကန့်ကို အာယုကပ် တကပ်ဟုခေါ်၏။
(၂)အန္တရကပ် - ဆယ်နှစ်တမ်းမှသည် အသင်္ခ࿿ျယျေသို့တက်၍ ထိုမှတဖန် ပြန်ဆင်း၍ ဆယ်နှစ်တမ်းသို့ ပြန်ရောက်သည် ကို အနန္တရကပ်ဟုခေါ်၏။
(၃)အသင်္ခ࿿ျယျေကပ် - အန္တရကပ် (၆၄)ကြိမ် ပြည့်မြောက်ပါက အသင်္ခ࿿ျယျေတကပ် ဖြစ်၏။
(၄)မဟာကပ် - အသင်္ခ࿿ျယျေ(၄)ကပ် ပြည့်သည်ကို မဟာကပ် တကပ်ဟု ခေါ်၏။ (သို့မဟုတ်) တကမ္ဘာဟုလည်း​ ခေါ် ၏။
ကမ္ဘာ့ကလေးများနေ့
လွန်ခဲ့သော (၁၆)နှစ်ခန့်မှစ၍ ကမ္ဘာ့အမျိုးသမီး ဒီမိုက​ရက်တစ် ဖက်ဒရေးရှင်း (W.I.D.F) Women's International Democratic Federation က ဇွန်လ(၁)ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ်မှစ၍ ကမ္ဘာတွင် ကလေးများနေ့ကို နိုင်ငံတကာတွင် ကျင်းပခဲ့ သည်။ အမေရိကန်ကမူ မေလ (၁)ရက်နေ့ကို သတ်မှတ်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကုလသမဂ္ဂအထွေထွေလွှတ်တော်မှ ကလေးများ၏ အခွင့်အရေး ကျေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။
ကလေးများ၏အခွင့်အရေး ကျေညာစာတမ်း
(၁)လူ့ဂုဏ်သိက္ခါနှင့်လူ့လွတ်လပ်မှု အခြေအနေအလျောက် ကျန်းမာရေးနှင့်တိုးတက်ရေး အခွင့်အလမ်းများကို ကလေးတိုင်း ခံစားနိုင်ခွင့် ရှိကြရ မည်။
(၂)လူနာမည်တစ်ခုနှင့်လူမျိုး၏နာမည်တစ်ခုကို ကလေးတိုင်း ရပိုင်ခွင့် ရှိကြရမည်။
(၃)ပညာရေးခံစားခွင့်ကို ကလေးတိုင်း ရရှိကြရမည်။
(၄)လူ့ဘဝ လုံခြုံရေးဖြစ်သော လူမှုရေး ခံစားပိုင်ခွင့် ရှိကြရမည်။
(၅)လူသားတစ်ယောက်အဖြစ် အထူးတလည် အသိအမှတ်ပြုခြင်းနှင့်ကာကွယ်စောင့်​ရှောက်ခြင်းကို ခံစားပိုင်ခွင့် ရှိကြရမည်။
(၆)လုံလောက်သော အစာအာဟာရကို စားသုံးနိုင်ခွင့် ရှိကြရမည်။
(၇)လုံလောက်သော နေအိမ် အဆောက်အဦများကို ရယူနေထိုင်ခွင့် ရှိကြရမည်။
(၈)လျောက်ပတ်သော ဆေးဝါးကုသမှုကို ခံစားနိုင်ခွင့် ရှိကြရမည်။
(၉)မေတ္တာတရားနှင့်နားလည်မှုတို့ကို ရယူခံစားပိုင်ခွင့် ရှိကြရမည်။
(၁ဝ)အသွင်အမျိုးမျိုးဖြင့် ဖြစ်သော ဥပေက္ခါပြုမှု၊ ရက်စက်မှု၊ သွေးစုပ်မှု၊ လူလူချင်း ခွဲခြားမှု စသည်တို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ခံစားခွင့် ရှိကြရမည်။
(၁၁)ကလေးသူငယ်တိုင်းကို ငြိမ်းချမ်းရေးစိတ်ဓာတ်၊ ချစ်ကြည်ရေးစိတ်ဓာတ်နှင့်ကြီးပြင်းလာစေရန် အစောင့်အရှောက်ခံမှုကို ကလေးတိုင်း ရယူ ခံစားနိုင်ခွင့် ရှိစေရမည်။
၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၂ဝ ရက်နေ့ထိ တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာနမှ ရန်ကုန် ကမ်းနားလမ်းရှိ စာပေဗိမာန်တွင် ကလေးစာပေ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ၄င်းနှီးနှောဖလှယ်ပွဲမှ ၆ နှစ်မှ ၈ နှစ် ကလေးများအတွက် တေဇရုပ်စုံကာတွန်းစာစောင် ကို ထုတ်ဝေရန် ဆုံးဖြတ်ခဲ့သည်။ (မှတ်ချက်။ ။၁၉၆၅ ခု၊ နိုဝင်ဘာလ ၁ ရက်​နေ့က တေဇရုပ်စုံစာစောင်ကို စတင်ထုတ်ဝေခဲ့သည်။ အသက် ၈ နှစ်မှ ၁၂ နှစ် လူငယ်များအတွက် ရှေ့ဆောင်ဂျာနယ် နှင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်အတွက် ဒို့ကျောင်းသားစာစောင်တို့ကိုမူ နှီးနှောပွဲ မတိုင်မီကလည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ထိုနှီးနှောဖလှယ်ပွဲသို့ ပြန်ကြားရေးဌာန၊ စာပေဗိမာန်နှင့်လူမှုဝန်ထမ်းဌာနတို့မှ အကြီးအကဲများ၊ တက္ကသိုလ်ပါမောက္ခများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဌာနချုပ်မှ ပုဂ္ဂိုလ်များ၊ စာရေးဆရာ သတင်းစာဆရာများ၊ ပန်းချီကာတွန်းဆရာများ၊ ကျောင်းဆရာ ဆရာမများ စသည့် ကလေးစာပေဆိုင်ရာ ပုဂ္ဂိုလ်များ ၇ဝ ခန့် တက်ရောက်ဆွေးနွေးကြသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ကုလသမဂ္ဂရှိ အဖွဲ့အစည်းများ
၁။ World Health Organisation (W.H.O) ကမ္ဘာ့ကျန်းမာရေးအဖွဲ့
၂။ United Nations Children Fund (U.N.C.F) ကလေးများ စောင့်ရှောက်ရေးရံပုံငွေအဖွဲ့
၃။ United Nations Educational Scientific and Cultural Organisation (U.N.E.S.C.O) သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့
၎။ Food and Agricultural Organisation (F.A.O) ကမ္ဘာ့စားနပ်ရိက္ခါနှင့်စိုက်ပျိုးရေးအဖွဲ့
၅။ International Atomic Energy Agency (I.A.E.A) အပြည်ပြည်ဆိုင်ရာ အနုမြူအားကို ငြိမ်းချမ်းစွာ အသုံးပြု ရေးအဖွဲ့
၆။ United Nations High Commissioner for Refugees (U.N.H.C.R) ကမ္ဘာ့ကုလသမဂ္ဂ ခိုကိုးရာမဲ့ ကယ်တင် ရေးအဖွဲ့
၇။ International Labour Organisation (I.L.O) ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်
၈။ International Bank for reconstruction And Finance (I.B.R.F) အပြည်ပြည်ဆိုင်ရာ ပြန်လည်တည် ဆောက်ရေးနှင့်ဘဏ္ဍဍာရေးအတွက် ဘဏ်
၉။ International Monetary Fund (I.M.F) အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့
၁ဝ။ International Finance Corporation (I.F.C) အပြည်ပြည်ဆိုင်ရာ ဘဏ္ဍဍာရေးကော်ပိုရေးရှင်း
၁၁။ Universal Postal Union (U.P.U) ကမ္ဘာ့စာတိုက်အဖွဲ့
၁၂။ International Telecommunications Union (I.T.U) အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့
၁၃။ ​International Civil Aviation Organisation ကမ္ဘာ့လေကြောင်းပျံသန်းရေးအဖွဲ့ I.C.A.O
၁၄။ World Meteorological Organisation ကမ္ဘာ့မိုးလေဝသအဖွဲ့ W.M.O
၁၅။ Intergovernmental Marine Consulative Organisation နိုင်ငံချင်း ပင်လယ်ခရီးလမ်း သတ်မှတ်ရေးအဖွဲ့
ကုလသမဂ္ဂ၏ပထမဆုံး အထွေထွေအတွင်းရေးမှူးချုပ်မှာ (Trygvie Lie)
ဒုတိယ - Dag Hammerskjold
တတိယ - Count Folke Bernadotte
စတုတ္ထ - ဦးသန့် (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့ကျောက်ရောဂါအခြေအနေ
W.H.O(World Health Organisation) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏သုတေသန ပြုချက်အရ ၁၉၆၄ ခုနှစ်အတွင်း ကမ္ဘာတွင် ကျောက်ရောဂါ ဖြစ်ပွားခဲ့သူပေါင်း ၉၃ဝဝဝ အနက် ၂၄၅ဝဝ သေဆုံးခဲ့သည်။ အာရှတိုက်တွင် ဖြစ်ပွားသူပေါင်း ၇၅၈ဝဝ တွင် ၂၃ဝဝဝ ယောက် သေဆုံးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အိန္ဒိယ၌ ကျောက်ရောဂါ ၆ဝ၉ဝ၁ ယောက်ဖြစ်ပြီး ၁၉၄၃ ယောက် သေခဲ့သည်။ အင်ဒိုနီးရှားတွင် ၇၉၆၇ ယောက်ဖြစ်ပြီး ၂၃၉ ယောက်သေဆုံးခဲ့သည်။ အရှေ့ပါကစ္စတန်တွင် ၃၇၂၄ ယောက် ဖြစ်ပြီး ၂၆ဝ၂ ယောက် သေဆုံးခဲ့သည်။ မြန်မာနိုင်ငံတွင် ၁ဝ ယောက်သာ ဖြစ်ပြီး အသေအပျောက် မရှိပေ။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့စကား အမျိုးပေါင်း
ကမ္ဘာပေါ်တွင် လူမျိုးအသီးသီး ပြောဆိုကြသည့်စကား အမျိုးပေါင်း (၃ဝဝဝ-သုံးထောင်)နီးပါးခန့် ရှိသည်။ (ဗဟုသု တဒိုင်ယာရီ-တွဲ-၇)
ကမ္ဘာ့စီးပွားဖြစ် ရေနံ
ကမ္ဘာပေါ်တွင် ရေနံကို စီးပွားဖြစ် တူးဖော်ခြင်းကို ၁၉၃၉ ခုနှစ်က စတင်ခဲ့သည်။ တူးဖော်သော တိုင်းပြည်မှာ ဆော်ဒီ အာရေဗျ ဖြစ်ပြီး ကူဝိတ်ပြည်သည် ၁၉၄၆ ခုနှစ်တွင် စတင်တူးဖော်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
ကမ္ဘာ့နှင့်ဗမာ့လူဦးရေ
၁၉၄၆ ခုနှစ်တွင် ဗမာ့လူဦးရေမှာ ၂၄.၂ သန်းရှိသည်။ ၁၉၆၁ ခုနှစ်တွင် ၄၈.၈ ရာခိုင်နှုန်း မွေးဖွားပြီးလျှင် ၁၉.၈ ရာခိုင်နှုန်း သေဆုံးသည်။ ၁၉၇ဝ ပြည့်တွင် လူဦးရေ ၂၇၅ သန်း ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၁၉၄၆ ခုနှစ်လယ်လောက်တွင် အိန္ဒိယ၌ လူဦးရေ ၄၆၄ သန်း ရှိသည်။ ၃၉.၁ ရာခိုင်နှုန်း မွေးပြီး ၁၉.၄ ရာခိုင်နှုန်း သေဆုံးသည်။ ယိုးဒယားတွင် လူဦးရေ ၂၆.၄ သန်းရှိပြီး ၄၆ ရာခိုင်နှုန်း မွေးပြီး ၁၃ ရာခိုင်နှုန်း သေဆုံးသည်။ ၁၉၆၃ ခုနှစ်၏ကမ္ဘာ့လူဦးရေမှာ ၃၁၃၅ သန်းရှိပြီး ကမ္ဘာတွင် တစ်နေ့လျှင် ခလေးပေါင်း ၁၄ဝဝဝဝ မွေးဖွားသည်။ ၁၉၆ဝ-၆၁ ခုနှစ်အတွင်း ကမ္ဘာ တွင် လူ ၆၁ သန်း တိုးပွားခဲ့သည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့
၁၉၄၅ ခု၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အသင်းဝင်နိုင်ငံ ၄၂ နိုင်ငံက ရှေ့ဆောင်၍ ကနေဒါနိုင်ငံ ကွီဘက်မြို့တွင် ကမ္ဘာ့စားနပ်ရိက္ခါအဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။
မြန်မာနိုင်ငံသည် ၄င်းအဖွဲ့ထဲသို့ ၁၉၄၇ ခု၊ စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ပါဝင်ခဲ့သည်။ ထိုအဖွဲ့ကို ၂၇ နိုင်ငံ၏ကိုယ်စားလှယ်များ ပါဝင်​ သော ကောင်စီက အုပ်ချုပ်သည်။ အဖွဲ့ချုပ်ရုံးမှာ အီတလီနိုင်ငံ ရောမမြို့တွင် ရှိပြီး အမှုထမ်းပေါင်း ၂၃ဝဝ နှင့်ရုံးလုပ်ငန်းများကို ဆောင်ရွက်နေ သည်။ လက်ရှိ (၁၉၆၅)ထိ ဆက်လက်တည်ရှိနေသေးသော အဖွဲ့ချုပ်၏ညွှန်ကြားရေးမှူးချုပ်မှာ အိန္ဒိယနိုင်ငံမှ ဒေါက်တာအီအာရ်ဆင် ဖြစ်သည်။ ၁၉၅၆ ခုနှစ်မှစ၍ ရွေးချယ်တင်​မြှောက်ခြင်း ခံခဲ့ရသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့တိရစ္ဆာန်များနေ့
အောက်တိုဘာလ ၄ ရက်သည် ကမ္ဘာ့တိရစ္ဆာန်များနေ့ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့တိုင်းပြည်အချို့၏အကျယ်အဝန်း
၁။ ဆိုဗီယက်ပြည် ၈၆​ဝ၂၇ဝဝ စတုရန်းမိုင်။
၂။ ဒိန်းမတ်ပြည် ၁၆၅၇၇ စတုရန်းမိုင်။
၃။ ပိုလန်ပြည် ၁၂ဝ၄၄၂ စတုရန်းမိုင်။
၎။ နော်ဝေပြည် ၁၂၅ဝ၆၄ စတုရန်းမိုင်။
၅။ မိုရိုကိုနိုင်ငံ ၁၇၄၅၅၃ စတုရန်းမိုင်။
၆။ အီတလီနိုင်ငံ ၁၁၆၃၆ စတုရန်းမိုင်။
၇။ ချက်ကိုစလိုဗက်ကီးယားနိုင် ၄၉၃၅၄ စတုရန်းမိုင်။
၈။ ပနားမားပြည် ၂၈၇၅၃ စတုရန်းမိုင်။
၉။ ချီလီပြည် ၂၈၆၃၉၆ စတုရန်းမိုင်။
၁ဝ။ ပြင်သစ်ပြည် ၂၁၂၇၃၆ စတုရန်းမိုင်။
၁၁။ ယူဂိုစလားဗီးယားနိုင်ငံ ၉၈၇ဝဝ စတုရန်းမိုင်။
၁၂။ ဟန်ဂေရီနိုင်ငံ ၃၅၉ဝ၅ စတုရန်းမိုင်။
၁၃။ ပီရူးပြည် ၄၈၂၂၅၈ စတုရန်းမိုင်။
၁၄။ အိုင်ယာလန်ပြည် ၂၆၆ဝ၁ စတုရန်းမိုင်။
၁၅။ ဂျပန်နိုင်ငံ ၁၄၂၈ဝဝ စတုရန်းမိုင်။
၁၆။ ကမ္ဘောဒီယားနိုင်ငံ ၆၇၅၆၈ စတုရန်းမိုင်။
၁၇။ အစ္စရေးနိုင်ငံ ၇၉၈၄ စတုရန်းမိုင်။
၁၈။ ဖိလစ်ပိုင်နိုင်ငံ ၁၁၄၈၃ဝ စတုရန်းမိုင်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့တိုင်းပြည်များ၏မြို့တော်များ
၁။အစ္စရေးပြည်မြို့တော် ဂျေရုစလင်
၂။အာဖဂန်နစ္စတန်ပြည်မြို့တော် ကာဘူးလ်
၃။ကူဝိတ်ပြည်မြို့တော် မတ်စကတ်
၎။အီရန်ပြည်မြို့တော် တီဟီရန်
၅။ဂျော်ဒန်ပြည်မြို့တော် အမ်မ
၆။ဆော်ဒီအာရေဗျ မြို့တော် မက္ကာ
၇။တူရကီပြည်မြို့တော် အန်ကာရာ
၈။မကာအိုပြည်မြို့တော် မကာအိ
၉။လာအိုပြည်မြို့တော် လွမ်ပရာဗန်
၁ဝ။ချီလီပြည်မြို့တော် ဆန်တီအာဂို
၁၁။ပါရာဂွေးပြည်မြို့တော် အဆန်းရွှမ်း
၁၂။ဘရာဇီးပြည်မြို့တော် ရီအိုဒီဂျနီရိုး
၁၃။ဂွာတီမာလာပြည်မြို့တော် ဂွာတီမာလာ
၁၄။မက္ကဆီကိုပြည်မြို့တော် မက္ကဆီကို
၁၅။ဟေတီပြည်မြို့တော် ပိုထအိုပရင့်
၁၆။တန်ဂါယိကာပြည်မြို့တော် ဒါရူဆလမ်
၁၇။နိုင်ဂျီးရီးယားပြည်မြို့တော် အီဘာဒန်
၁၈။ဇန်ဇီဘာပြည်မြို့တော် ဇန်ဇီဘာ
၁၉။ကနေဒါပြည်မြို့တော် အော်တဝါ
၂ဝ။ဘရူးနေးပြည်မြို့တော် ဘရူးနေး
၂၁။ဘူလ်ဂေးရီးယားပြည်မြို့တော် ဆိုဖီယာ
၂၂။နော်ဝေပြည်မြို့တော် အော်စလို
၂၃။စပိန်ပြည်မြို့တော် မဒရစ်
၂၄။ဆိုဗီယက်ပြည်မြို့တော် မော်စကို
၂၅။ချက်ကိုစလိုဗက်ကီးယားပြည်မြို့တော် ပရက်ဂ်
၂၆။အိုင်ယာလန်ပြည်မြို့တော် ဒပ်ဘလင်
၂၇။မော်ရိုကိုပြည်မြို့တော် ရာဘက်
၂၈။ကွန်ဂိုပြည်မြို့တော် လီယိုပိုလဗီ
၂၉။အိသီရိုးပီးယားပြည်မြို့တော် အဘာဘာ
၃ဝ။မွန်ဂိုလီးယားပြည်မြို့တော် ဘူလန်ဘတော
ကမ္ဘာ့နိုဘယ်လ်ဆု
ကမ္ဘာ့နိုဘယ်လ်ဆုအဖြစ် ရွေးချယ်၍ ပေးသော ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
၁။ ရူပဗေဒ
၂။ ဓာတုဗေဒ
၃။ ဆေးပညာ
၎။ စာပေ
၅။ လက်နက်ဖျက်သိမ်းရေး
၆။ ချစ်ကြည်ရေး
၈။ ကမ္ဘာ့ငြိမ်းချမ်းရေး။
၎င်းနိုဘယ်လ်ဆု ချီးမြှင့်ရေးအဖွဲ့ကို ၁၉ဝဝ ပြည့်နှစ်တွင် ဖွဲ့စည်းပြီး ဆုကို ၁၉ဝ၁ ခုနှစ်မှစ၍ ပေးခဲ့လေသည်။ (ဗဟု သုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့နိုဘယ်ဆု ရရှိခဲ့သူများ (၁၉၅၅ ခုနှစ်က)
၁။ ဟောင်ဒါလာစ် ဆနက်(စ်)အိုက်စလင်း (စာပေ)
၂။ ဝီးလစ်အယ်လ်လမ်းဘ် (ရူပဗေဒ)
၃။ ပီကာ့(ရှ်) (ရူပဗေဒ)
၎။ ဗင်းဆင်းဒျူးဗီး(န်)ယူ(ဒ်) (ဓာတုဗေဒ)
၅။ ဟူးဂိုးသီယိုရဲလ် (ဆေးဝါး) (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံး နိုင်ငံများ
၁။ဆိုဗီယက်
၂။ကနေဒါ
၃။တရုတ်
၎။အမေရိကန်
၅။ဘရာဇီးလ်
၆။ဩ​စတြေးလျ
၇။အိန္ဒိယ
၈။အာဂျင်တီးနား
၉။ဆူဒန်
၁ဝ။အယ်လ်ဂျီးရီးယား (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့အကြီးဆုံးများ
ကုန်းမြေပိုင်းတွင် တိုက်ကြီး (၆)တိုက်အနက် အာရှတိုက်သည် အကြီးဆုံးဖြစ်သည်။
စတုရန်းမိုင်(၁၇ဝ၃၅ဝ​ဝဝ)
လူဦးရေ (၁၆၉၁၃၂၈၁ဝဝဝ)
စတုရန်းတစ်မိုင်လျှင် လူ ၉၉ ယောက် နေထိုင်သည်။
ဒုတိယအကြီးဆုံးတိုက်မှာ အာဖရိကတိုက် ဖြစ်သည်။
စတုရန်းမိုင် (၁၁၆၃၅ဝဝဝ)
လူဦးရေ (၂၃၃၇၁၉ဝဝဝ)
စတုရန်းတစ်မိုင်လျှင် (၂​ဝ) နေထိုင်သည်။
ကမ္ဘာတွင် သမုဒ္ဒရာနှင့်ပင်လယ်ကြီးပေါင်း ၁၈၃ ရှိသည့်အနက် ပစိဖိတ်သမုဒ္ဒရာမှာ အကြီးဆုံးနှင့်အနက်ဆုံး ဖြစ်သည်။ စတုရန်းမိုင် (၆၃၉ဝ၅​ဝဝဝ) ကျယ်ဝန်းပြီး အနက်ဆုံးနေရာမှာ ပေ (၃၅၆၃ဝ) ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ကျွန်းကြီး(၃)ခု
၁။ဂလင်းလန်း
၂။နယူးဂီနီ
၃။ဘိုနီယို
ဂလင်းလန်းကျွန်းသည်စတုရန်းမိုင် ၈၄ဝဝဝဝ ရှိသည်။ နယူးဂီနီကျွန်းသည် စတုရန်းမိုင် ၂၈၆၉၆၇ ရှိသည်။
ကမ္ဘာ​တွင် ရေတံခွန်ကြီး ၂၉ ခုရှိသည်။ အမြင့်ဆုံး ရေတံခွန်မှာ တောင်အမေရိကတိုက်ရှိ ဗင်နီဇွဲလားနိုင်ငံရှိ အိန်ဂျယ်ရေတံခွန် ဖြစ် သည်။ ပေ ၃၇ဝဝ မြင့်သည်။
ကမ္ဘာတွင် သဲကန္တာရပေါင်း ၂၈ ခုရှိပြီး အကြီးဆုံးသဲကန္တာရမှာ ဆာဟာရ ဖြစ်သည်။ စတုရန်းမိုင် ၃ဝဝဝဝဝဝ ရှိသည်။
ကမ္ဘာ့အပူဆုံးဒေသ အာဖရိကတိုက်၊ လိုင်းဖျားနိုင်ငံ အာဇီဇီယာဒေသ အပူချိန် ဖာရင်ဟိုက်ဒီဂရီ ၁၃၆။
ကမ္ဘာ့အအေးဆုံးဒေသ ဆိုဗီယက်ပြည် ဆိုက်ဗေးရီးယားရှိ ဗာကိုယန့်စ်။ ၉ဝ ဖာရင်ဟိုက်။
ကမ္ဘာ့အကြီးဆုံးနာရီ
အာဖရိက ဒါဗန်မြို့ လေဆိပ်တွင် ရှိသည်။ လက်တံကို ဘိလပ်မြေဖြင့် ပြုလုပ်ထားသည်။ နာရီခွက်၏အချင်းပေ ၂ဝဝ၊ မိနစ်လက်တံ ပေ ၉၅ ပေ၊ မိနစ်အမှတ်တစ်ခုနှင့်တစ်ခု ၁ဝ ​ပေကွာသည်။ တစ်စက္ကန့်လျှင် မိနစ်လက်တံသည် တစ်ပိုင်းနှစ်ပိုင်း တစ်ပိုင်းလက်မရွေ့ သည်။ တစ်နေ့ ၆ မိုင်ရွေ့လျားသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် (၁၉၅၄ ခုနှစ်အထိ)
အမေရိကန် ကွန်ဂရက် စာကြည့်တိုက်သည် မြေဧကအကျယ်အဝန်းသည် ၃၆ ဧက ကျယ်ဝန်း၍ စာအုပ်စင်တန်းကို ဆန့်လိုက်ပါက ၂၅ဝ မိုင်မျှ ရှည်လျားပြီး စာအုပ်မျိုးပေါင်း (၃၁) သန်း စုဆောင်းထားရှိပြီး ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့အသေးဆုံး ပန်းချီကား
အနောက်ဂျာမနီပြည် ဘာဗေးရီးယားနယ် အီဘင်မြို့၌ ပန်းချီဆရာ ဩဂတ်စ်ဒီး တရစ်(ခ်ျ)ဆိုသူသည် မှန်ဘီလူးဖြင့် ကြည့်ပြီး အီဘင်မြို့ကို တစ်လကျော် ဆွဲခဲ့ရသည်။ ၄င်းပန်းချီကားသည် ကမ္ဘာတွင် အသေးဆုံးဖြစ်ပြီး အလျား ဒဿမ ၄၂၄ လက္မ၊ အနံ ဒဿမ ၃၉၄ လက္မ ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ပထမဆုံး ဂြိုဟ်တု စပွတ်နစ်
၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ကမ္ဘာ့ပထမဆုံး ဂြိုဟ်တု စပွတ်နစ်ကို ဆိုဗီယက်ရုရှားပြည်မှ ပစ်လွှတ် ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့ပထမဆုံး ဒင်္ဂ࿿ါးသွန်းနိုင်ငံ
ကမ္ဘာပေါ်တွင် ပထမဆုံး ဒင်္ဂ࿿ါးသွန်းလုပ်ခဲ့သော နိုင်ငံမှာ အာရှမိုင်းနားဒေသရှိ လီဒီယား (Lydia) ဖြစ်သည်။ (ဗဟု သုတ ဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့ပထမဆုံး ပြတိုက်
ကမ္ဘာတွင် ပထမဆုံးပြတိုက်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၂ဝဝ ခန့်က အလက်ဇန္ဒယားမြို့တွင် တိုလီမီဆိုက်ဆိုသူက စတင်တည်ထောင်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ပထမဆုံး ပြတိုက်ကို တည်ထောင်ခဲ့သူ
အလက်ဇန္ဒရီးယားမြို့၌ (တိုလီမီဆိုက်)ဆိုသူက တည်ထောင်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့ပထမဆုံး အလုပ်သမားကောလိပ်
၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ကနေဒါပြည် မွန်ထရီးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ပထမဆုံး အလုပ်သမားသမဂ္ဂ
၁၈၆၅ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် လန်ဒန်မြို့ စိန့်မာတင်ဟောလ်တွင် ကမ္ဘာ့အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းခဲ့သည်။ (ဗဟုသုတဒိုင်ယာ ရီ-တွဲ-၂)
ကမ္ဘာ့ပထမဆုံးသမဝါယမ
ကမ္ဘာပေါ်တွင် ပထမဆုံးသမဝါယမအသင်းသည် ၁၈၄၄ ခုနှစ်၊ အင်္ဂ္လန်ပြည် ရော့(ခ်)ဒေးလ်မြို့နယ်ရှိ ယက္ကန်းလုပ်သားကြီး ၂၆ ဦး တို့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့လေသည်။
ကမ္ဘာ့ပထမဆုံး သတင်းဓာတ်ပုံ
သတင်းဓာတ်ပုံကို ရုပ်ပုံအဖြစ် ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့သည့်သတင်းစာမှာ လန်ဒန်ရုပ်စုံသတင်း(Illustrated London News)ဖြစ်ပြီး ထိုပုံမှာ ၁၈၅၄-၅၆ ခုနှစ်အတွင်း ဥရောပ၌ ဖြစ်ပွားခဲ့သည်။ ကရိမိယန်စစ်ပွဲတွင် ​ရော်ဂျာဖင်တန်(Roger Fenton)ဆိုသူ ရိုက်ကူးသော ဓာတ်ပုံကို ကြည့်၍ သစ်သား​ပေါ်၌ ထွင်းထားသည့်လက်ထိုးဘဘောက်ပုံ ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့မဟာပထဝီမြေထု
ကမ္ဘာ့ပထဝီမြေအထုသည် ယူဇနာ နှစ်သိန်း​ လေးသောင်း (၂၄ဝဝဝဝ)အထု ရှိသည်။ ကမ္ဘာမြေကို ခံသော ရေ၏အထုမှာ ယူဇနာ လေးသိန်း ရှစ်သောင်း (၄၈ဝဝဝဝ) အထု ရှိလျက် ထိုရေကို ခံသော လေထုမှာ ယူဇနာ ကိုးသိန်း ခြောက်သောင်း (၉၆ဝဝဝဝ) ရှိသည်။
ကမ္ဘာတစ်ခု ကပ်လေးခု
ကမ္ဘာပြုသည်မှ ပျက်သည်ထိ ဖြစ်ပေါ်သော ကပ်လေးပါး ရှိသည်။ ထို့ကြောင့် ကမ္ဘာတခု ကပ်လေးခု ဟုဆိုသည်။ လေးကပ်တွင် တကမ္ဘာ ဖြစ်သည်။
ကမ္ဘာ့သက်တမ်း အပိုင်းအခြား
၁။ သံဝဋ္ဋဋကပ် - ကမ္ဘာပျက်မိုး ရွာသည်မှ မီးလျှံ ပြတ်စဲသည်ထိ။
၂။ သံဝဋ္ဋဋဌာယီကပ် - မီးလျှံ ပြတ်စဲသည်မှ ကမ္ဘာပြုမိုး ရွာသည်ထိ။
၃။ ဝိဝဋ္ဋဋကပ် - ကမ္ဘာပြုမိုး ရွာသည်မှ နေ လ ပေါ်သည်ထိ။
၎။ ဝိဝဋ္ဋဋဌာယီကပ် - နေ လ ပေါ်သည်မှ တဖန် ကမ္ဘာပျက်မိုး ရွာသည်ထိ။
ကမ္ဘာအပြား နှစ်ပါး
ဖြစ်တည်ပြီး ကမ္ဘာကို ဘုရားပွင့်သော ကမ္ဘာ၊ မပွင့်သော ကမ္ဘာအားဖြင့် နှစ်မျိုး ခွဲခြားသည်။ ဘုရား ပစ္စေကဗုဒ္ဓါတို့ မဖြစ်ပွင့်သော ကမ္ဘာသည် (သုညကမ္ဘာ)။ ဘုရား ပစ္စေကဗုဒ္ဓါတို့ ပွင့်သော ကမ္ဘာမှာ (အသုညကမ္ဘာ) ဖြစ်သည်။ ဘုရား ပစ္စေကဗုဒ္ဓါတို့ ဖြစ်ပွင့်သော အသုညကမ္ဘာကို ဖြစ်ပွင့်တော်မူသော ဘုရားရှင် အဆူလိုက် အောက်ပါအတိုင်း အသုညကမ္ဘာ ငါးမျိုး ခွဲခြားထားသည်။
၁။ သာရကမ္ဘာ - ဘုရားတဆူ ပွင့်သည်။
၂။ မဏ္ဍဍကမ္ဘာ - ဘုရားနှစ်ဆူ ပွင့်သည်။
၃။ ဝရကမ္ဘာ - ဘုရားသုံးဆူ ပွင့်သည်။
၎။ သာရမဏ္ဍဍကမ္ဘာ - ဘုရားလေးဆူ ပွင့်သည်။
၅။ ဘဒ္ဒကမ္ဘာ - ဘုရားငါးဆူ ပွင့်သည်။
ကမ္ဘာပျက်ခြင်း အကြောင်းရင်း
ကမ္ဘာသူ ကမ္ဘာသားတို့သည် ရာဂ ဒေါသ မောဟ လွန်သဖြင့် ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် တည်းဟူသော ကပ်သုံးပါး အစဉ်အတိုင်း ကျရောက် ပျက်စီးသည်။ ထိုသို့ ပျက်စီးရာ၌-
၁။ ရာဂလွန်သဖြင့် တေဇောသံဝဋ္ဋဋ မီးဖြင့် ပျက်သည်။
၂။ ဒေါသလွန်သဖြင့် အာပေါသံဝဋ္ဋဋ ရေဖြင့် ပျက်သည်။
၃။ မောဟလွန်သဖြင့် ဝါယောသံဝဋ္ဋဋ လေဖြင့် ပျက်သည်။
ထိုသို့ မီး၊ ရေ၊ လေ တို့ဖြင့် ကမ္ဘာပျက်ရာတွင် ရှေးဦး မီး(၇)ကြိမ်၊ ခုနစ်ကြိမ် ဖျက်သည်။ ရှစ်ကြိမ်မြောက်၊ ရှစ်ကြိမ်မြောက်တွင် ရေ တကြိမ်ဖျက်သည်။ နောက်ဆုံး၌ လေ တကြိမ်ဖျက်သည်။ ဤသို့ဖြင့် ခြောက်ဆယ့်လေးကြိမ် (၆၄)တိတိ မီး၊ ရေ၊ လေ တို့ဖြင့် ကမ္ဘာကို ဖျက်သည်။
ကမ္ဘာပျက်မည့်အကြောင်း သတိပေးခြင်း
ကမ္ဘာပျက်မည်ကို အနှစ်တသိန်းကပင် လူတို့ ကြိုသိသည်ဟု ဆိုသည်။ အကြောင်းမှာ ကာမာဝါစကနတ် အမည်ရှိ လောကဗျူဟာနတ်က နိုးဆော်သောကြောင့်ဟု ဆိုသည်။ လောကဗျူဟာနတ်သည် ကမ္ဘာပျက်အံ့မည်ကို အနှစ် တသိန်းမှ ကြို၍ လူတို့အား သတိပေးသည်။ ၄င်းသည် လူအများ မြင်သာရာတွင် ကိုယ်ထင်လျက် "အချင်းတို့... အနှစ် တသိန်းလွန်လျှင် ကမ္ဘာ ပျက်မည်၊ သူတော်ကောင်းတရားကို ကျင့်ကြလော့" စသည်ဖြင့် ကြွေးကြော်သည်ဟု ဆို သည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဘာဖျက်မိုး
ကမ္ဘာဖျက်မိုးသည် ကုဋေတသိန်းမျှသော စကြဝဠာတိုက်အလုံး တခဲနက် အနှံ့အပြား သည်းထန်စွာ ရွာသွန်းလေသည်၊ (စကြဝဠာတိုက်တခုသည် အဝန်းယူဇနာ သုံးသန်း ခြောက်သိန်း တသောင်း သုံးရာ့ငါးဆယ် ၃၆၁ဝ၃၅ဝ ရှိသည်။) ကမ္ဘာဖျက်မိုး ရွာပြီးသည်နောက် မိုးသားတိမ်လိပ်များ တခဲနက် အဆိုင်အအုပ် ဖွဲ့နေသော်လည်း ပဲ့တင်ထပ်ထပ် ရိုက် ဟီးထစ်ချုန်းရုံမျှ ထစ်ချုန်းလျက် မိုးစက်မိုးပေါက် တစက် တပေါက်မျှ မြေသို့ မကျပေ။ မိုးရွာခြင်း အလျဉ်းပြတ်သည်၊ ထိုအခါ၌ ကမ္ဘာမြေတလွှား သက်ရှိသတ္တဝါ အားလုံးသည် မီးလွတ်၊ လေလွတ်ရာ အထက်ဘုံများသို့ ရောက်ရှိနေပြီး ဖြစ်သည်။ (အကျယ် - ဒီဃနိကာယ် ဝိသုဒ္ဓိမဂ် တွင် ရှု။) (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဘာဖျက်သော နေ(၇)စင်း
ကမ္ဘာပျက်ချိန်တွင် နေ(၇)စင်း ထွက်သည်။ နေ(၇)စင်း တကြိမ်တည်း ထွက်သည် မဟုတ်ပဲ တစင်း၊ နှစ်စင်း၊ သုံးစင်း စသည် ဆင့်ကဲဆင့်ကဲ ထွက်သည်။ ထိုသို့ ဆင့်ကဲ ထွက်ရာ၌ ​အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁)ပထမနေတစင်း၏ထွက်သော အခြေအနေမှာ ယခုထွက်ရှိနေသည့်အတိုင်း ပကတိ ဖြစ်သည်။ ထူးခြားချက် မရှိပေ၊
(၂)နေနှစ်စင်း ထွက်သည့်အခါ မြစ်ငယ်(၅ဝဝ)နှင့်တကွ ချောင်းမြောင်း အင်းအိုင်တွင်းရှိ ရေများ ခန်းခြောက် ပျောက် ပျက်ကုန်ကြသည်၊
(၃)နေသုံးစင်း ထွက်သည့်အခါ မြစ်ကြီး(၅)သွယ်၌ ရှိသော ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်၊
(၄)နေလေးစင်း ထွက်သည့်အခါ အိုင်ကြီး(၇)အိုင်ရှိ ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်၊
(၅)နေငါးစင်း ထွက်သောအခါ မဟာသမုဒ္ဒရာ အတွင်းရှိ ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်၊
(၆)နေခြောက်စင်း ထွက်သောအခါ အလုံးစုံသော စကြဝဠာ ကုဋေတသိန်းတို့တွင် အခိုးအလျှံ အတိဖြစ်ကုန်သည်၊
(၇)နေခုနစ်စင်း ထွက်သောအခါ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် တခဲနက် မီးဟုန်းဟုန်း တောက်လောင် ကျွမ်းသည်။ မြေကြီး မြင့်မိုရ်သတ္တရဘန် တောင်စဉ်ခုနစ်ထပ်၊ နတ်ပြည်ခြောက်ထပ်တို့မှစ၍ ပထမ ဈာန်သုံးဘုံတိုင်အောင် လောင်ကျွမ်းသည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဘာပျက်မီး လောင်ပြီးအခြေအနေ
နေ(၇)စင်း ထွက်၍ ကမ္ဘာပျက်မီး လောင်ပြီးသောအခါ စကြဝဠာတတိုက်လုံးသည် အောက်အထက် တစပ်တည်း အမိုက်တိုက် လွှမ်းလျက်ရှိသည်။ ထိုနောက် ကမ္ဘာပြုမိုးကြီး သည်းထန်စွာ ရွာလျက် မီးလောင်ရာ ဌာနအားလုံး ရေဖြင့် ပြည့်စေသည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဘာတည်ခြင်း
ကမ္ဘာပြုမိုးကြီး ရွာသွန်းပြီးနောက် ဖြစ်ပေါ်လာသော အခြင်းအရာများ
(၁)ကမ္ဘာပြုမိုးကြီး ရွာသွန်းသဖြင့် ရေထုသည် ဗြဟ္မာ့ဘုံတိုင်အောင် လွှမ်းလျက် တည်သည်။ ၄င်းရေထုသည် ထိုမှဤမှ အချင်းချင်း ပုတ်ခတ်ကြပြီး ရေအလုံး ခိုင်ခံ့လျက် ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်။
(၂)ထိုကဲ့သို့ ရေများ ခန်းခြောက် ပျောက်ပျက်ကုန်ကြသောအခါ ရေ၏အပြင်၌ ကြာရွက်ကဲ့သို့ အရသာနှင့်ပြည့်စုံသော မြေဆီ မြေနှစ်များ တည်စ ပြုသည်။
(၃)ဤသို့ တည်လာသော အဆင်းအနံ့နှင့်ပြည့်စုံသော မြေဆီနှစ်သည် နတ်ဩဇာတမျှ အရသာနှင့်လည်း ပြည့်စုံသည်။
(၄)ရေများ ခန်းခြောက် ပျောက်ပျက်ရာတွင် အနည်းငယ်မျှသော ရေတို့ ကြွင်းရစ်သည်။ ထိုကြွင်းသော ရေဖြင့် (မြေ ရေ)တည်သည်။ ထိုသို့မြေ-ရေ တည်ရာ၌ ဘုရားဖြစ်ပွင့်ရန် မဟာဗောဓိ ပေါက်ရောက်ရာ အရပ်သည် ရှေးဦးစွာ တည် ၍ ကမ္ဘာပျက်သောအခါတွင်လည်း နောက်ဆုံးမှ ပျက်သည်။
(၅)မြေ ရေ တည်ဦး ရှေးဦးက ကောင်းသော မင်္ဂ္လာပုဗ္ဗနိမိတ်တို့ ထင်ရှား ဖြစ်ကုန်သည်။ ထင်သော နိမိတ်မှာ ဘုရား ရှင် အဘယ်မျှ ဤကမ္ဘာတွင် ဖြစ်ပွင့်အံ့သည်ကို ထင်ရှားစေသော ကြာသင်္က္န်း ပေါက်ရောက်ခြင်း ဖြစ်သည်။ (မသိုး သင်္က္န်း - ကြာသင်္က္န်းတွင် ရှု။) (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဘာဦးအစ ကျွန်းကြီး ကျွန်းငယ် ဖြစ်ပေါ်ခြင်း
ကမ္ဘာဦးတွင် နေ နှင့် လ ထင်ရှားဖြစ်ပေါ်သော နေ့၌ပင် မြင့်မိုရ် စကြဝဠာ ကျွန်းကြီး ကျွန်းငယ်၊ ဟိမဝန္တာ သမုဒ္ဒရာ တို့သည် တပြိုင်နက် ဖြစ်ပေါ်သည်။ ထိုသို့ ဖြစ်ပေါ်သောနေ့မှာ တပေါင်းလပြည့်နေ့ပင် ဖြစ်သည်။
ကမ္ဘာဦးသူ၊ မှောင်မိုက်လူတို့၊ ဦသောင်းသောင်း၊ ဆုများတောင်းသော်၊ တပေါင်းမာသ၊ လပြည့်ဝ၌၊ စန္ဒသူရိယာ၊ ရောင်ဝါပလစ်၊ အသစ်စက်စက်၊ ထွက်လပ်သနေ့၊ အရှေ့နှိုးဆော်၊ ညီစေခေါ်သို့၊ ရေပေါ်ဆွဆွ၊ ပုဗ္ဗံလှတို့၊ ထူပထူပါ၊ ခုံတက်ရာကား၊ သေလာပဗ္ဗတ၊ နိန္နနိန္နာ၊ နိမ့်ရရာကား၊ မဟာအဏ္ဏဝ၊ သမသမာ၊ ညီရရာကား၊ လေးဖြာဒီပ၊ ဖြစ်ကြတုံ ရှောင်း၊ အကြောင်းကြောင်းကို။ (ဘူရိဒတ်ဇာတ်ပေါင်း - ရှင်မဟာရဋ္ဌဌသာရ) (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကမ္ဘာပေါ်ရှိ ကော်ဖီထွက်သော နိုင်ငံများ
(၁)ဘရာဇီး (၂)ကိုလီဘီယာ (၃)မက္ကဆီကို (၄)ဆဲလ်ဗေးဒေါ (၅)ဂွာတီမာလာ (၆)အင်ဒိုနီးရှား (၇)ပြင်သစ် (၈)အနောက်အာဖရိက (၉)အင်ဂိုလာ (၁​ဝ)ယူရန်ဒါ (၁၁)ဗင်နီဇွဲလား။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့ဗုဒ္ဓပြတိုက် (ကမ္ဘာအေးရှိ ဗုဒ္ဓပြတိုက်-လည်းရှု)
၎င်းပြတိုက်မှာ ကမ္ဘာအေး သီရိမင်္ဂ္လာကုန်းမြေတွင် ရှိသည်။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်လုပ်ငန်းစဉ်တွင် သုတေသနဌာန စာကြည့်တိုက်၊ ပြတိုက်ဟူ၍ ခွဲခြားထားရှိသည်။ သုတေသနဌာနမှ ဗုဒ္ဓဘာသာသမိုင်းနှင့်အခြားသော ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့်ကျမ်းများကို ပြုစုသည်။ စာကြည့်တိုက် ဌာနသည် ဟိနယာန-ထေရဝါဒ၊ မဟာယာန စသော ဗုဒ္ဓဘာသာ စသည်တို့နှင့်ပတ်သက်သည့် ပေပုရပိုက်၊ ကျောက်စာ၊ ပုံနှိပ်စာများကို စုဆောင်း ထားသည်။ ဗုဒ္ဓဒေသနာတော်နှင့်ပတ်သက်သော ဘာသာအမျိုးမျိုးနှင့် ရေးသားထားသည့် စာအုပ်စာတမ်းများကိုလည်း စုဆောင်းသည်။
ယခုအချိန်ထိ ပေစာ ၂၈၈၇ ထုပ်၊ ပုရပိုက် ၅၄၅ ဆူ၊ ကမ္မဝါ ၁၂ ထုပ်နှင့် ကျောက်စာချပ်ရေ ၂ဝဝ တို့ကို စုဆောင်းမိပြီး ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓဆင်း တုနှင့်အနုပညာရပ်ပစ္စည်းပေါင်း ၁ဝဝဝ ခန့် စုဆောင်းပြသထားပါသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေ
ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင် လူဦးရေ သန်း(၃ဝဝ)ကျော်ရှိပြီး စေတီပုထိုးပေါင်း နှစ်သန်း၊ ဘုန်းကြီးနှင့်သီလရှင်ပေါင်း (၈)သိန်းခန့် ရှိသည်။
၁။မြန်မာ သန်း(၂ဝ) လူဦးရေ၏ ၈၅ ရာခိုင်နှုန်း
၂။ယိုးဒယား (၂၈)သန်း လူဦးရေ၏ ၉၄ ရာခိုင်နှုန်း
၃။ကမ္ဘောဒီးယား ၅ သန်း ၇ သိန်း လူဦးရေ၏ ၉၅ ရာခိုင်နှုန်း
၎။တောင်ဗီယက်နမ် ၁၂ သန်း ၈ သိန်း လူဦးရေ၏ ၈၅ ရာခိုင်နှုန်း
၅။မြောက်ဗီယက်နမ် ၉ သန်း ၆ သိန်း လူဦးရေ၏ ၆ဝ ရာခိုင်နှုန်း
၆။မလေးရှား ၃ သန်း ၃ သိန်း လူဦးရေ၏ ၃ ရာခိုင်နှုန်း
၇။အင်ဒိုနီးရှား ၁ဝ သန်း လူဦးရေ၏ ၁ဝ ရာခိုင်နှုန်း
၈။သီဟိုဠ် ၇ သန်း ၅ သိန်း လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း
၉။အိန္ဒိယ ၃ သန်း ၃ သိန်း လူဦးရေ၏ ၇ ရာခိုင်နှုန်း
၁ဝ။နီပေါ ၄ သန်း ၈ သိန်း လူဦးရေ၏ ၅ဝ ရာခိုင်နှုန်း
၁၁။ဘူတန် ၇ သိန်း ၈ သောင်း လူဦးရေ၏ ၉၇ ရာခိုင်နှုန်း
၁၂။တရုပ်နီ သန်း(၁ဝဝ) လူဦးရေ၏ ၁၃ ရာခိုင်နှုန်း
၁၃။လော ၂ သန်း ၈ သိန်း လူဦးရေ၏ ၉၅ ရာခိုင်နှုန်း
၁၄။ဟောင်ကောင် ၅ သိန်း  လူဦးရေ၏ ၁၃ ရာခိုင်နှုန်း
၁၅။ဖော်မိုဆာ ၆ သန်း လူဦးရေ၏ ၅၂ ရာခိုင်နှုန်း
၁၆။ဂျပန် ၅၇ သန်း လူဦးရေ၏ ၆ဝ ရာခိုင်နှုန်း
၁၇။တောင်ကိုရီးယား ၂ သန်း လူဦးရေ၏ ၈ ရာခိုင်နှုန်း
၁၈။မြောက်ကိုရီးယား ၅ သိန်း လူဦးရေ၏ ၅ ရာခိုင်နှုန်း
၁၉။မွန်ဂို တစ်သောင်း လူဦးရေ၏ ၁ ရာခိုင်နှုန်း (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ
၂ နှစ်တစ်ကြိမ် ကျင်းပရာ ၁၉၅၂ က ဂျပန်ပြည်၊ ၁၉၆၅ က မြန်မာပြည်၊ ၁၉၅၆ နီပေါပြည်၊ ၁၉၅၈ က ယိုးဒယား၊ ၁၉၅၆ ခုနှစ်က ကမ္ဘောဒီးယား၊ ၁၉၆၄ ခုက အိန္ဒိယ စသည်ဖြင့် အသီးသီး ပြုလုပ်ခဲ့သည်။
အဖွဲ့ကြီး၏ပထမဆုံး ဥက္ကဋ္ဌဌမှာ ၁၉၅၉ မှ ၁၉၅၈ ထိ။ သီဟိုဠ်မှ ဒေါက်တာ ဂျီပီလော လက်ခကာရာ ဖြစ်ပြီး ၁၉၅၉ ခုတွင် မြန်မာနိုင်ငံ မှ ဦးချန်ထွန်း ဖြစ်သည်။ ၁၉၆၄ ခုတွင် ယိုးဒယားပြည်မှ မင်းသမီး ပွန်း ဖြစ်သည်။
၁၉၆၄ ခုနှစ် ၄င်း ညီလာခံသို့ တက်ရောက်သည့်နိုင်ငံ
(၁)မြန်မာ
(၂)ဩစတြေးလျ
(၃)သီဟိုဠ်
(၄)တရုတ်
(၅)ဖော်မိုဆာ
(၆)အင်္ဂ္လန်
(၇)ချက်ကိုစလိုဗက်ကီးယား
(၈)ပြင်သစ်
(၉)ဂျာမဏီ
(၁ဝ)ဟောင်ကောင်
(၁၁)အိန္ဒိယ
(၁၂)ဂျပန်
(၁၃)တောင်ကိုရီးယား
(၁၄)မလေးရှား
(၁၅)မောင်ဂိုလီးယား
(၁၆)နီပေါ
(၁၇)ပါကစ္စတန်
(၁၈)ဖိလစ်ပိုင်
(၁၉)ဆွီဒင်
(၂ဝ)ယိုးဒယား
(၂၁)အမေရိကန်
(၂၂)ရုရှား
(၂၃)တောင်ဗီယက်နမ်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့ဘဏ်
ကမ္ဘာ့ဘဏ်ကို ၁၉၄၆ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က အဖွဲ့ဝင်နိုင်ငံ (၄၁)နိုင်ငံဖြင့် တည်ထောင်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ဘာသာဝင်များ
ရိုမန်ကက်သလစ်ဘာသာဝင် ၂၃၂ သန်း၊ အများအားဖြင့် ဥရောပတိုက်တွင် နေထိုင်ကြသည်။
ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင် ၇၆.၅ သန်း ရှိသည်။
အစ္စလာမ်ဘာသာဝင် ၄၃ဝ သန်း။
ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ တာအိုဝါဒနှင့်ကွန်ဖြူးရှပ်ဘာသာဝင်ပေါင်း (၃၃ဝ)သန်း။
ဂျူးဘာသာဝင်မှာ အစ္စရေးနိုင်ငံတွင် အနေများပြီး တစ်ကမ္ဘာလုံး၌ ၁၂ သန်း ရှိသည်။
ကမ္ဘာပေါ်တွင် မူလက ဘာသာကြီး (၂)မျိုးသာ ရှိခဲ့သည်။
(၁)ဟိန္ဒူဘာသာ၊ (၂)မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာ ပေါက်ဖွားခဲ့ပြီး မူဆလမန်ဘာသာမှ ခရစ်ယာန်ဘာသာ ပေါက်ဖွား ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့ပထမဆုံး ရုပ်မြင်သံကြားတယ်လီဖုံး
၁၉၆၁ ခုနှစ်၊ အောက်တိုဘာအတွင်း မော်စကိုလီနင်ဂရက်နှင့်ကိ(ဗ်)မြို့ကို ဆက်သွယ်ဖွင့်လှစ်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာမြေကြီး၏ဆွဲငင်အား
၎င်းဆွဲငင်အားကကို ရုန်းကန်နိုင်ရန် တစ်စက္ကန့်လျှင် ၇ မိုင်၊ တစ်နာရီလျှင် (၂၅၂ဝ)မိုင် မြန်ရမည် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့မြွအေမျိုးပေါင်း
ကမ္ဘာပေါ်တွင် မြွအေမျိုးအစားပေါင်း ၁၇ဝဝ ခန့် ရှိပြီး ၃ဝဝ ကျော်မှာ အဆိပ်ရှိသော မြွမျေား ဖြစ်ကြလေသည်။ (ဗဟု သုတဒိုင်ယာရီ-တွဲ-၇)
ကမ္ဘာ့ရဲညီလာခံ
၁၉၅၄ ခုနှစ်တွင် အီတလီပြည် ရောမမြို့၌ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ညီလာခံကို ကျင်းပရာ ဗမာပြည်မှ ရဲချုပ်ဦးဘမောင် တက်ရောက်ခဲ့သည်။ ထိုစဉ်က ကမ္ဘာ့ရဲအဖွဲ့ဥက္ကဋ္ဌဌမှာ ဘယ်လ်ဂျီယံလူမျိုး (F.E.Louwage) လူးဝပ် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့ရုပ်သေး(၃)မျိုး
(၁)ကြိုးဆွဲရုပ်သေး၊ (၂)တုတ်ထိုးရုပ်သေး၊ (၃)အိတ်စွပ်ရုပ်သေး။
ဥရောပတိုက် ဂျာမဏီ ပြင်သစ် အီတလီ အင်္ဂ္လန် စသည်တို့၌ ခရစ်နှစ် ၁၂ဝဝ ခန့်ကတည်းက ရုပ်သေး ခေတ်စားခဲ့သည်။ အင်ဒိုနီး ရှားတွင် "ဝါယမ်း"ခေါ် တုတ်ထိုးရုပ်သေးမှာ ယခုတိုင် ကမ္ဘာကျော်၏။ အိန္ဒိယတွင် အိတ်စွပ်ရုပ်သေး မရှိပေ။ တရုတ်သမိုင်းအရ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ၊ ယခုနှစ်ပေါင်း ၃ဝဝဝ ခန့်က "ယင်ဇီ"ဆိုသူက ရုပ်သေးကို စထွင်ခဲ့သည်ဟုဆိုသည်။
ရုပ်သေးကို သက္ကတဘာသာဖြင့် ပုတြက-ပုတြိက ပုတ္တလိက ဟုခေါ်၍ အဓိပ္ပါယ်မှာ ယဉ်မင်းရုပ် ဖြစ်သည်။ အီတာလျံဘာသာဖြင့် "ပုပ" ဟုခေါ်သည်။
ဗမာရုပ်သေးရုပ်များ
(၁)နတ်ကတော်ရုပ် ၂ ခု။
(၂)မြင်းရုပ် ၁ ခု။
(၃)ဆင်အဖြူအမဲရုပ် ၂ ခု။
(၄)မျောက်ရုပ် ၁ ခု။
(၅)ကြက်တူရွေးရုပ် ၁ ခု။
(၆)နဂါးရုပ် ၁ ခု။
(၇)ဘီလူးရုပ် ၂ ခု။
(၈)ဇော်ဂျီရုပ် ၁ ခု။
(၉)ဝန်ရုပ် ၄ ခု။
(၁ဝ)ဘုရင်ရုပ် ၁ ခု။
(၁၁)မင်းသားရုပ် ၁ ခု။
(၁၂)မင်းသမီးရုပ် ၁ ခု။
(၁၃)မင်းသားကြီးမျက်နှာနီနှင့်မျက်နှာဖြူရုပ် ၂ ခု။
(၁၄)ပုဏ္ဏားရုပ် ၁ ခု။
(၁၅)ရသေ့ရုပ် ၁ ခု။
(၁၆)နတ်ရုပ် ၁ ခု။
(၁၇)ဗြဟ္မာရုပ် ၁ ခု။
(၁၈)အမယ်အိုရုပ် ၁ ခု။
(၁၉)လူပြက်ရုပ် ၂ ခု။
မြန်မာနှစ် ၁၁၃၈ ခု၊ ခရစ်နှစ် ၁၇၇၆ ခုတွင် နန်းတက်သော ငစဉ့်ကူးမင်းလက်ထက် သဘင်ဝန် ဦးသော်က စထွင်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-ဒုတွဲ)
ကမ္ဘာ့လူငယ် ကျောင်းသားပွဲတော်
ပထမအကြိမ် ကမ္ဘာ့လူငယ် ကျောင်းသားပွဲတော်ကို ၁၉၄၇ ခုနှစ်တွင် ချက်ကိုစလိုဗက်နိုင်ငံ(ပရိဂ်)မြို့တွင် ကျင်းပရာ နိုင်ငံပေါင်း (၇၁)နိုင်ငံမှ ကျောင်းသားလူငယ်ပေါင်း ၁၇ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။
ဒုတိယအကြိမ်ပွဲတော်ကို ၁၉၄၉ ခုနှစ်၊ ဟန်ဂေရီနိုင်ငံ သူဒါပတ်မြို့တွင် ကျင်းပရာ နိုင်ငံပေါင်း ၉ဝ ကျော်မှ လူငယ်များ တက်ရောက် ခဲ့ကြသည်။
တတိယအကြိမ် ပွဲတော်ကို ၁၉၅၁ ခုနှစ်၊ ဂျီဒီအာအရှေ့ဂျာမဏီ ဘာလင်မြို့တွင် ကျင်းပရာ နိုင်ငံပေါင်း ၁ဝ၄ နိုင်ငံမှ လူငယ်ကျောင်း သား​ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
စတုတ္ထပွဲတော်ကို ၁၉၅၃ ခုနှစ်တွင် ရူမေးနီးယားနိုင်ငံ ဘူခါရက်တွင် ကျင်းပရာ နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ လူငယ်များ တက်ရောက်ခဲ့ ကြသည်။
ပဉ္စမအကြိမ် ပွဲတော်ကို ၁၉၅၅ ခု၊ ပိုလန်နိုင်ငံ ဝါဆောမြို့၌ ကျင်းပရာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှ လူငယ်များ တက်ရောက်ခဲ့ကြသည်။
ဆဋ္ဌဌမအကြိမ် ပွဲတော်ကို ၁၉၅၇ ခု၊ ဆိုဗီယက်နိုင်ငံ မော်စကိုမြို့တွင် ကျင်းပရာ နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ လူငယ်များ တက်ရောက်ခဲ့ ကြသည်။
သတ္တမမြောက် ပွဲတော်ကို ၁၉၅၉ ခုနှစ်၊ ဩစ​တြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပရာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှ ကျောင်းသားပေါင်း (၁၈ဝဝဝ)ကျော် တက်ရောက်ခဲ့ကြသည်။
အဋ္ဌဌမအကြိမ် ပွဲတော်ကို ၁၉၆၂ ခု၊ ဖင်လန်နိုင်ငံ ဟယ်စင်ကီမြို့တွင် ကျင်းပရာ နိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ ကျောင်းသားပေါင်း ၁၈ဝဝဝ ကျော် တက်ရောက်ခဲ့သည်။
နဝမအကြိမ် ပွဲတော်ကို ၁၉၆၅ ခု၊ အယ်လ်ဂျီးရီးယားနိုင်ငံ(အယ်လ်ဂျီးရီးယား)မြို့တွင် ကျင်းပရာ နိုင်ငံပေါင်း ၁၈ဝ ကျော်မှ လူငယ် ပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့လူဦးရေ
၁၉၆၂ ခုနှစ်လယ်အထိ ကမ္ဘာ့လူဦးရေ ၃၁၃၅ သန်း၊ တစ်နှစ်လျှင် ၂.၁ ရာခိုင်နှုန်း တိုးသည်။
လူဦးရေအများဆုံးနိုင်ငံမှာ တရုတ်ပြည် ဖြစ်ပြီး သန်း ၆၇ဝ နှင့် ၆၈ဝ ကြား ရှိသည်။
ဒုတိယ အိန္ဒိယ၊ သန်း(၄၄၉)။
တတိယ ဆိုဗီယက်၊ သန်း(၂၂၁)။
အမေရိကန် သန်း(၁၈၇)။
အင်ဒိုနီးရှား ၉၈ သန်း။
ပါကစ္စတန် ၉၇ သန်း။
ဂျပန် ၉၅ သန်း။
ဘရာဇီးလ် ၇၅ သန်း။
အနောက်ဂျာမဏီ ၅၅ သန်း။
ဗြိတိန် ၅၃ သန်း။
ပြင်သစ် ၄၅ သန်းခွဲ။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၁)
ကမ္ဘာ့လက်ဝှေ့ချန်ပီယံများ
(၁)ကက်ရှက်ကလေး
(၂)ဒေါက်ဂျုံး
(၃)ကလိုက်လင်​ဝီလျံ
(၄)တီလီဒင်နီရဲလ်
(၅)အာနီးသာရဲယ်လ်
(၆)ဟင်နရီကူးပါး
(၇)ဖရိုက်ပက်တာဆင်
(၈)ဇီရာဖော်လီ
(၉)ရော်ဂျာရစ်ရှား
(၁ဝ)တက်ထစပင်ဇ။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း
ရုရှားပြည်ရှိ ဇာ​ကော်လိုကို ခေါ် ခေါင်းလောင်းဘုရင်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သည်။ အမြင့် ၁၉ ပေ၊ ၃ လက် မ။ အဝကျယ် ပေ ၆ဝ၊ ၉ လက်မ။ ဗြက်အထူ ၂ ပေ။ အလေးချိန် တန် ၁၈ဝ။ ထိုခေါင်းလောင်းကြီးကို ရုရှားဘုရင်မ ကြီး ကက်သရင်း၏လက်ထက်တွင် သွန်းလုပ်ခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့အကြီးဆုံးငှက်
အော(စ်)ထရစ်(ခ်ျ) Ostrich အရပ် ၈ ပေ။ ပေါင် ၃ဝ။ မပျံနိုင်ပဲ ပြေးလျှင် မြင်းထက် မြန်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်
ကမ္ဘာပေါ်တွင် အကြီးဆုံးတယ်လီစကုပ်သည် အမေရိကန်ပြည် နယူးယောက်၌ ရှိပြီး ၄င်းသည် ၆၃ ပေ ရှိပြီး ၂၁ တန် လေးသည်။ ထိုတယ်လီစကုပ်ကကို လျှပ်စစ်မော်တာဖြင့် မည်သည့်ဘက်မဆို ရွေ့လျားနိုင်လေသည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၇)
ကမ္ဘာ့အကြီးဆုံးလေဆိပ်
အမေရိကန်ပြည် နယူးယောက်မြို့ လာဂါဒီယာလေဆိပ် ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာ
ကမ္ဘာပေါ်တွင် အကြီးဆုံးသမုဒ္ဒရာမှာ (ပစိဖိတ်) ဖြစ်ပြီး ကမ္ဘာ့အရှေ့ဘက်တွင် ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့အကြီးဆုံး သတ္တဝါ
ကမ္ဘာပေါ်တွင် အကြီးဆုံးသော သတ္တဝါမှာ ဝေလငါး ဖြစ်ပြီး တန်ချိန် ၇၅ နှင့် ၈၈ ပေခန့် ရှည်တတ်လေသည်။ (ဗဟု သုတဒိုင်ယာရီ-တွဲ-၃)
ကမ္ဘာ့အတိုင်းအဆ
ကမ္ဘာကြီးတစ်ခုလုံး၏အကျယ်အဝန်းမှာ ၁၉၆၉၅ဝ​ဝဝဝ စတုရန်းမိုင် ရှိပြီး ကုန်းမြေပိုင်းမှာ ၅၈ဝ၆၅ဝဝဝ စတုရန်းမိုင် ရှိသည်။ ရေပိုင်းမှာ ၁၃၈၈၈၅ဝဝဝ မိုင် ရှိသည်။
ကမ္ဘာကြီးတစ်ခုလုံး၏ခန့်မှန်းခြေ အလေးချိန်မှာ တန်(၆...ဝ)(ခြောက်၏အနောက် သုည အလုံးရေ ၂၁ လုံးရှိသည်။) ခန့်ရှိပေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)
ကမ္ဘာ့အနက်ဆုံး ရေပြင်
ဖိလစ်ပိုင်ကျွန်းစုအပါအဝင် (မင်ဒနာအို)ကျွန်းအနီးရှိ ရေပြင်သည် ပေ(၃၅ဝဝဝ) ၆ မိုင်ခွဲ နက်သည်။ (ဗဟုသုတဒိုင် ယာရီ-တွဲ-၂)
ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ
အင်ပါယာစတိတ် (Empire State Building) ၂၈၄ ပေ မြင့်ပြီး အထပ်ပေါင်း (၁ဝ၂)ထပ် ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာ့အမျိုးသား အားကစားပညာရပ်များ
၁။ ဂျပန်(Jujitsu)ဂျူဂျစ်ဆု။
၂။ ဩစတြေးလျ (Cricket) ခရစ်ကက်။
၃။ စကော့တလန်(Rugby Fottball) ရပ်ဘီဘောလုံးကစားနည်း။
၎။ အမေရိကန်(Base Ball) ဘေ့စ်ဘော။
၅။ကနေဒါ(Ice Hockey) အိုက်စ်ဟော်ကီ။
၆။ စပိန်(Bull Fighting) နွားသိုးနှင့်ပုတ်သတ်ခြင်းကစားနည်း။
ကမ္ဘာ့အရှည်ဆုံး မြစ်တစ်ချို့
၁။နိုင်း(လ်)မြစ် မိုင် ၄ဝဝ​ဝ။
၂။မစ္စစ်စပီး မစ်ဆိုရီမြစ် မိုင် ၄၂ဝဝ။
၃။အမေဇုံမြစ် မိုင် ၃၉ဝဝ။
၎။အွပ်အာတစ်(ရှ်)မြစ် မိုင် ၃၂ဝဝ။
၅။ယန်စီမြစ် မိုင် ၃၁ဝဝ။
ကမ္ဘာ့အရှည်ဆုံးတံတား
အမေရိကန်ပြည်ရှိ ဆန်ဖရန်စစ္စကို အုက္ကရန်တံတား၊ ၈ မိုင် ၂ ဖာလုံ ရှည်လျားသည်။ ၁၉၃၆ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး မြန်မာငွေ ၃၆ ကုဋေ ကုန်ကျ သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာအေးစေတီ
ရန်ကုန်မြို့လယ်မှ မြောက်ဘက် ၇ မိုင်အကွာ ရေကူးရပ် သီရိမင်္ဂ္လာကုန်းတွင် တည်ရှိသည်။ သီရိမင်္ဂ္လာကမ္ဘာအေးစေတီ ဟုခေါ်သည်။ ယင်း စေတီကို ၁၉၅၂ ခုနှစ်တွင် ဦးနု ကြီးမှူး၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရည်စူးပြီး တည်ထားခဲ့ခြင်း ဖြစ်သည်။ ဉာဏ်တော်အမြင့် ၇၈ တောင် ၂ မိုက်ဖြစ် သည်။ စေတီတော်၏လိုဏ်အတွင်း၌ အလယ်ဌာပနာတိုက်ကို ပတ်၍ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူဆဲ ဘုရားငါးဆူကို ပူဇော်သောအားဖြင့် ဆင်းတု တော်ကြီးငါးဆူကို တည်ထားသည်။ ဆင်းတုတော်မျက်နှာမူရာတွင် မုခ်(၅)ခုရှိသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္ဘာအေးရှိ ဗုဒ္ဓပြတိုက်
ဗုဒ္ဓပြတိုက်ကို ၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ အလျား ၁၄၃ ပေ၊ အနံ ၈၁ ပေ၊ အမြင့် ၄၅ ပေ၊ အကျယ်အဝန်း စတုရန်းပေ ၅ဝဝဝ ဖြစ်ပြီး (၁ဝ)သိန်း ကုန်ကျခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၂)
ကမ္မဝါကိုးခဏ်း
(၁) ကထိန်ခင်း၊ ကထိန်နှုတ်ကမ္မဝါ - ကထိနခန္ဓက။
(၂) ရဟန်းခံကမ္မဝါ - ဥပသမ္ပဒခန္ဓက။
(၃) သိမ်သမုတ်သိမ်နှုတ်ကမ္မဝါ - သီမာခန္ဓက။
(၄) ဥပုသ်အိမ်သမုတ်ကမ္မဝါ - ဥပေါသထဂါရခန္ဓက။
(၅) ထေရ်သမုတ်ကမ္မဝါ - ထေရသမ္မုတိခန္ဓက။
(၆) နာမည်သမုတ်ကမ္မဝါ - နာမသမုတိခန္ဓက။
(၇) နိသျှည်းလွတ်သမုတ်ကမ္မဝါ - နိဿယဘူမိသမ္မုတိခန္ဓက။
(၈) ကျောင်းနေရာသမုတ်ကမ္မဝါ - ကပ္ပိယဘူမိသမ္မုတိခန္ဓက။
(၉) ကျောင်းနေရာ ကြည့်ရှုစစ်ဆေးရန် သမုတ်သော ကမ္မဝါ - ကုဋိဝတ္ထု ဩလောကနသမ္မုတိခန္ဓက။
ဤကမ္မဝါကိုးစောင်အပြင် ကမ္မဝါထုပ်တိုင်း၌ ပါသော ​ဝတ်ဆောင်ရာ၌ ဖတ်ရသော ကမ္မဝါ - ဝတ္တခန္ဓကလည်း တစ် စောင် အပါအဝင် ဖြစ်သည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကန်
ကန် (နာမ်)
အများအားဖြင့် လူတို့ တူးဆည်ထားသော ရေအိုင်။
ကန် (နာမ်)
လှေစီးသော သတို့သမီးငယ်ရုပ်ဖြင့် မှတ်သားထားသော ရာသီ။ (၁၂-ရာသီတွင် ၆ အမှတ် ရာသီ။ တော်သလင်းလနှင့် တိုက်ဆိုက်သည်။ [သ]
ကန္တာရ (၈)မျိုး
ခက်ခဲကြမ်းတမ်း၍ လွန်မြောက်ရန် ခက်ခဲသော ခရီးလမ်းကို ကန္တာရခရီးဟု ခေါ်သည်။
(၁) ဓားပြ ခိုးသားတို့ ခိုးဆိုး တိုက်ခိုက်ရာ ခရီးလမ်း - စောရကန္တာရ။
(၂) သောက်သုံးရန် ရေမရှိသော ခရီးလမ်း - နိရုဒကကန္တာရ။
(၃) သားရဲတိရစ္ဆာန်တို့ သောင်းကျန်း ရန်မူသော ခရီးလမ်း - ဝါနုကန္တာရ။
(၄) ဘီလူး၊ သရဲ၊ တစ္ဆေ တို့ ဆိုးသွမ်းရာ ခရီးလမ်း - အမနုဿကန္တာရ။
(၅) အလွန်ကျယ်ပြောသည့် ရေပြင် ပင်လယ်ခရီးလမ်း - ဥဒကကန္တာရ။
(၆) အစာအာဟာရ မရှိသော ခရီးလမ်း - အပ္ပဘက္ခာကန္တာရ။
(၇) ခြေလျင်ဖြင့် ဖြတ်ကျော်ရန် ခက်ခဲသော တောအုပ် ခရီးလမ်း - ဝနကန္တာရ။
(၈) ရှည်လျားသော သဲပြင်ခရီးလမ်း - ဝါဠုကန္တာရ။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကန်တော်မင်းကျောင်း ဆရာတော်
ကန်တော်မင်းကျောင်း ဆရာတော်သည် မြန်မာ့သမိုင်းတွင် စာဆိုတော်အဖြစ်ဖြင့် ထင်ရှားသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆရာတော် ပြုစုခဲ့သော ကန်တော်မင်းကျောင်းမေတ္တာစာ၊ လောကသာရပျို့တို့မှာ မြန်မာဂန္ထဝင်တွင် ယနေ့တိုင် ထင်ရှားကျော်ကြားနေသည်။ ဆရာတော်သည် အရီးတော် စစ်ကိုင်းမြို့စား မင်းလှထွတ်၏ဆရာရင်း ဖြစ်သည်။ ဒုတိယမင်းခေါင်နှင့်သားရွှေနန်းကြော့ရှင်တို့ လက်ထက်တွင် ထင်ရှားကျော်ကြားသော ဘုရင့်အကိုးကွယ်ခံ ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်၏မွေးဖွားရာ ခုနှစ် သက္ကရာဇ် အတိအကျကို မသိရှိကြပေ။ စစ်ကိုင်းမြို့ စီရင်စု မြင်းမူမြို့မှ နှစ်တိုင်ကွာ ထီးဆောင်းရွာမြောက်ဘက်ရှိ ကန်တော်ရွာတွင် ဖွားမြင်သည်ဟု သိရှိရသည်။ အင်းဝဘုရင် ဒုတိယမင်းခေါင် ဆောက်လုပ် လှူဒါန်းသော ကန်တော်ရွာကျောင်းတွင် သီတင်းသုံးသဖြင့် ကန်တော်မင်းကျောင်း ဆရာတော်ဟု ထင်ရှားခြင်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ကန်ဒီသွား မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၉၄၅)
စစ်ပြီးခေတ် မြန်မာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေးအတွက် သီရိလင်္က࿿ာနိုင်ငံ ကန်ဒီဆွေးနွေးပွဲသို့ တက်ရောက်ကြ သည့် မြန်မာ့ကိုယ်စားလှယ်အဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဗိုလ်ချုပ်အောင်ဆန်း
၂။ ဗိုလ်လကျာ်
၃။ ဗိုလ်နေဝင်း
၎။ ဗိုလ်ဇေယျ
၅။ သခင်သန်းထွန်း
၆။ ဦးဘဘေ
၇။ စောဘဦးကြီး
၈။ ဗိုလ်ကျော်ဇော
၉။ ဗိုလ်မောင်မောင်
၁ဝ။ ဗိုလ်ဇော်မင်း (​ဦး​မောင်မောင်ကျော်ဝင်း)
၁၁။ ဦးညိုထွန်း
မြန်မာနိုင်ငံ စစ်ပြေးအစိုးရ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်လည်း ဆွေးနွေးပွဲသို့ တက်သည်။ (ကိုလိုနီခေတ် မြန်မာ သမိုင်း အဘိဓာန် - မြဟန်)
ဆက်ရန်