ဒို့ အစိုးရ ဘယ်လဲ ဘာလဲ

ဒို့ အစိုးရ ဘယ်လဲ ဘာလဲ
===================

နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အစိုးရ အဖွဲ့ နိုင်ငံကို စတင် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ယခုလက်ရှိ အချိန်ထိ နိုင်ငံတွင် ပြောင်းလဲမှုများ နှေးကွေးစွာ ဖြစ်ပေါ် နေသည့်အပေါ် ပြည်တွင်းနှင့် ပြည်ပတို့က ဝေဖန်သံများ ထွက်ပေါ် နေလျက်ရှိကြောင်း သိရသည်။

"အစိုးရသစ်အပေါ် ပြည်သူတွေရဲ့ မျှော်မှန်းချက်က အရမ်းကို မြင့်လွန်းအားကြီးနေပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေယျက သြဂုတ် ၁၂ ရက်က ပြောသည်။ ဆက်လက်၍ ၎င်းအနေဖြင့်ကမူ ယခုလက်ရှိ အစိုးရအဖွဲ့၏ စွမ်းဆောင်ထားနိုင်မှုနှင့် ပတ် သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောသည်။

ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးအောင်မြင့်ကမူ "ကျွန်တော်ကတော့ တကယ့်ကို စိတ်ပျက်နေပါပြီ" ဟု ဆိုသည်။ ၎င်းအနေဖြင့် ကမူ အစိုးရသစ်ကို ပြည်သူလူထုနှင့် ပိုမိုထိတွေ့စေလိုခြင်း အပါအ၀င် စီးပွားရေးဖွံ့ဖြိုးမှုတွက် ပိုမိုလုပ်ဆောင်စေလို သည်ဟု ဆိုသည်။

ဇူလိုင်လကုန်ပိုင်းကမူ ကာလကြာ စောင့်ဆိုင်းနေခဲ့ရသည့် နိုင်ငံ၏ စီးပွားရေး မူဝါဒ အချက် အလက်များကို အစိုးရက ထုတ်ပြန်ခဲ့သော်လည်း ယင်းတို့တွင် အသေးစိတ် ဘဏ္ဍာ ငွေကြေးဆိုင်ရာ အချက်အလက်များနှင့် အကောင်အထည် ဖော် ဆောင်ရွက်မည့် အချက်အလက် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ယမန်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရကာ ဆယ်စု နှစ်ငါးစုကြာ စစ်တပ်အာဏာ ချုပ်ကိုင်ထားခဲ့မှုကို အဆုံး သတ်စေခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံ တကာက ၀ိုင်းဝန်းကြိုဆိုခဲ့ကြပြီး မျက်မှောက်ခေတ် ကာလ များထဲတွင် ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် တစ်ခုဟု သတ်မှတ်ခံခဲ့ရသည်။

သို့ရာတွင်လည်း ယင်းအချိန်မှစ၍ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတွင် ကာလကြာရှည်နေ သော လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ခြင်း မရှိမှုအပေါ် စွဲဆိုပြစ်တင်မှုများနှင့် ရင်ဆိုင်ထားခဲ့ရသည်။ ယင်းအပြင် မတ်လကုန်က စတင် တာဝန်ယူပြီးချိန်ကတည်းက လူထုရှေ့သို့ ထွက်လာခြင်း မျိုးအဖြစ်က ရှားပါးနေခဲ့ပြီး သူမတို့ အစိုးရအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲမျိုးတွင်ပင် သူမ ထွက်လာမည်လား ဆိုသည်ကလည်း ရှင်းလင်းခြင်း မရှိသေးပေ။

"သူတို့ အာဏာ မရခင်တုန်းကတော့  NLD ပါတီအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အစိုးရနဲ့ မီဒီယာတွေအကြား ဆက်ဆံရေး ကောင်းတည်ဆောက်နိုင်ဖို့ စတာတွေကို အမြဲပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာလည်း ရပြီးရော ကျွန်တော်ထင်ပါတယ်၊ ဒါမျိုးတွေ ဖြစ်မလာခဲ့ဘူး လို့ပေါ့" ဟု ယခင် သမ္မတဟောင်း ဦးသိန်းစိန်၏ ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

ဖွဲ့စည်းပုံဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့တွင် ရာထူး နေရာသစ် တစ်ခုကို ဖန်တီးရယူကာ သူမ ပြောထားခဲ့သည့် စကားဖြစ်သော "သမ္မတအထက်မှနေမည်" ဆိုသည်ကို လက်တွေ့ အသုံးချနေသည်ဟု ယူဆရသည်။

သို့သော်လည်း သူမအား ထောက်ခံသူ ပြည်သူများ ကတော့ ငါးလတာကာလအတွင်း ခက်ခဲကြမ်းတမ်း မှုများ နှင့်ကြုံတွေ့ခဲ့ရကြောင်းနှင့် သူမတို့အနေဖြင့် အချိန်လိုအပ် သည်ဟု ပြောကြားကြသည်။ "ခုချိန်မှာ အစနှေးနေတယ် ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော် ပြောချင်တာကတော့ အလုပ်တွေကို အလျင်စလို ဖုတ်ပူ မီးတိုက် လုပ်တာထက်စာရင် ဖြေးဖြေးမှန်မှန်လုပ်တာက ပိုကောင်းပါတယ်" ဟုလည်း သြစတြေးလျ ရှိ Macquarie တက္ကသိုလ်မှ ပညာရှင် Sean Turnell က ပြောသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ အဖွဲ့၏ စီးပွားရေးအကြံပေးတစ်ဦးလည်းဖြစ်သည်။

အစိုးရသစ်အနေဖြင့် အလုပ်ပေါင်းများစွာကို လုပ်ဆောင် ထားနိုင်ခဲ့ကြောင်းလည်း Mr Turnell က ထောက်ခံ ပြောကြားသည်။ အခွန်စနစ်ကို ပြုပြောင်းပြောင်းလဲရန် လုပ်ဆောင်ခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (အခြေခံအဆောက်အအုံနှင့်ဆက်နွယ်သည့်) တွင်လည်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များကို ထုတ်ပြန် ဆောင်ရွက်ခြင်း စသည်တို့ ရှိထားသည်ဟု ဆိုသည်။

နိုင်ငံတွင် စီးပွားရေးနှင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများသည် ဗြိတိသျှ ကိုလိုနီခေတ် လက်ကျန်ကာလများကတည်းက ရှိထားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တွင် မီးပြတ်မှုများ မကြာခဏဆိုသလို ကြုံတွေ့ ရတတ်သကဲ့သို့ ကျေးလက်ဒေသအများစုသည်လည်း ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်နေသေးသည်။

ယခုကဲ့သို့ အစနှေးကွေးမှုများ ရှိနေခဲ့သော်လည်း မြန်မာ နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၅ နှင့် ၂၀၁၆ ကြားကာလ၌ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနှင့် ယင်းနှုန်းသည် အာရှတွင် အမြန်ဆန်ဆုံး နှုန်းထားတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ ယခုနှစ်နှင့် နောက်နှစ်တွင်လည်း စီးပွားရေး တိုးတက်မှု ၇ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟုလည်း တစ်ဆက်တည်းခန့်မှန်းထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း မြင့်တက်လာခဲ့ပြီး တယ်လီနော၊ ကိုကာကိုလာ၊ ဂျီအီး စသည့် နိုင်ငံခြား ကုမ္ပဏီကြီးများလည်း ၀င်ရောက်လာခဲ့သည်။

နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပမှ အဓိက ဝေဖန်နေသည့်အချက်က လူမျိုးရေး ပဋိပက္ခများတွင် သူမ၏ ရပ်တည်ချက်နှင့်ပတ်သက်၍ဖြစ်သည်။ မေလက သူမ ဦးဆောင်သော နိုင်ငံခြားရေး ၀န်ကြီးဌာနအောက်ရှိ သံရုံးများအားလုံးကို ရိုဟင်ဂျာဆိုသော အသုံးအနှုန်း အသုံးပြုမှု ရပ်တန့်ရန် ညွှန်ကြား ထားခဲ့သည်။
အလားတူ သူမသည် ရာထူးတာဝန်များများ ရယူထားမှုနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ ရှိနေသည်။ ၀န်ကြီးနေရာ နှစ်နေရာအပါအ၀င် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးကိုလည်း ရယူထားသည်။ ယခုကဲ့သို့ ရာထူး တာဝန်အများအပြားကို ရယူထားခြင်းအပေါ် ပျော်ရွှင်မိ သည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သူမတို့အစိုးရ တက်လာချိန်တွင် ပြည်သူများသောင်း သောင်း ဖျဖျ ကြိုဆိုမှုများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိနေခဲ့ပြီဖြစ်သည်။ ရန်ကုန်တွင်နေထိုင်သော မောင်မောင် အောင်ကလည်း အစိုးရသစ်၏ လက်ရှိ စွမ်းဆောင်ရည် အပေါ် အားမလိုအားမရဖြစ်နေသော်လည်း အချိန်တို အတွင်းအရာအားလုံးကို ပြီးစီးအောင် လုပ်ကိုင်နိုင်ရန် ခက်ခဲမည်ပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

World Street Journal တွင် ဖေါ်ပြသည့် Aung San Suu Kyi Pressured Over Slow Pace of Change in Myanmar ကို ဘာသာပြန်ဆိုပါသည်။

#စီးပွားရေးမူဝါဒ ရေးတာတောင် ဇာတ်ရှုပ်တွေနဲ့

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံတစ်နိုင်ငံရဲ့  စီးပွားရေး မူဝါဒတွေကို အဲဒီနိုင်ငံရဲ့ စီးပွားရေးပညာရှင်တွေ၊ မူဝါဒ ချမှတ်သူတွေက ကိုယ့်ရဲ့ ရုံးသုံး မိခင်ဘာသာစကားနဲ့ ရေးသားပြုစုခြင်း မဟုတ်ဘဲ ပြည်ပပညာရှင်တွေက နိုင်ငံ ခြား ဘာသာနဲ့ အစအဆုံး ပြုစုပေးပြီးမှ ဒေသခံ ပညာရှင် တွေ၊ မူဝါဒချမှတ်သူတွေက မိခင်ဘာသာစကားနဲ့ ဘာသာပြန်ဆိုပြီး လက်ခံအသုံးပြုရတယ်လို့များ ကြားဖူး ကြပါသလား။ အရင်က မကြားဖူးရင်လည်း အခု မြန်မာ နိုင်ငံမှာ ရှိနေပြီလို့သာ မှတ်သားထားလိုက်ပါ။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်ကို စဖတ်ရတဲ့အခါ (အနှစ်သာရနဲ့ အကြောင်းအရာ ပိုင်းက ရေးပြီးသားမို့ ပြန်မပြောတော့ပါ)

အရေးအသားပိုင်းမှာ မချောမွေ့တာ၊ နားလည်ရခက်တာ၊ သုံးလေ့သုံးထ မရှိတဲ့ အသုံးအနှုန်းတွေ ပါနေတာ၊ အဓိပ္ဗာယ် ဆီလျော်မှု မရှိတာ၊ အကြောင်းအရာတွေ ထပ် နေတာတွေ ကြောင့် စိတ်ထဲမှာ သံသယဖြစ်မိပါတယ်။ အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ တရားဝင်လို့ဆိုတဲ့ အင်္ဂလိပ်ဘာသာမူကို တွေ့မြင်လိုက်တဲ့အခါ နှစ်ပေါင်း များစွာ ဘာသာပြန်လာခဲ့တဲ့ အတွေ့အကြုံကြောင့် ဘယ် ဟာမူရင်း၊ ဘယ်ဟာ ဘာသာပြန် လဲ ဆိုတာ ချက်ခြင်း ခွဲခြား သိလိုက်ပါတယ်။ စိတ်မကောင်း စရာက မြန်မာ ဘာသာနဲ့ ရေးသားပြုစုထားတဲ့ မူဝါဒတွေကို နိုင်ငံ တကာက သိရှိဖို့ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုတာ ဖြစ်ရ မယ့် အစား (နိုင်ငံခြားသားက) အင်္ဂလိပ်ဘာသာနဲ့ ပြုစုပေး ထားတာကို မြန်မာတွေ သိရှိနားလည် လိုက်နာကျင့်သုံး နိုင် အောင် အရည်အသွေး မပြည့်မီစွာ မြန်မာဘာသာကို ပြန်ဆို ထား ခြင်း ဖြစ်နေတာပါ။ နိုင်ငံခြားသားရေးတယ်လို့ ပြောရ တာက မြန်မာလို ရှင်းရှင်းလင်းလင်း ရေးနိုင်တဲ့ အကြောင်း အရာတစ်ခုကို ဘယ်ဒေသခံပညာရှင်ကမှ ဘယ်လောက်တော် တော် အင်္ဂလိပ်ဘာသာနဲ့ ရေးမှာ မဟုတ်လို့ ယူဆလို့ပါ။

မြန်မာဘာသာမူကို ဖတ်ရတဲ့အခါ အပေါ်မှာ ပြောထား သလို အားနည်းချက်တွေ အများကြီး ရှိနေပေမယ့် အင်္ဂလိပ်ဘာသာ မူကတော့ ရှင်းလင်း ချောမွေ့ပြေပြစ်ပြီး အပြစ်အနာကင်းနေ တာ ကို တွေ့ရတဲ့အတွက် မြန်မာ ဘာသာပြန်လို့ ကောက်ချက် ချခြင်း ဖြစ်ပါတယ်။ မြန်မာဘာသာ ပြန်ဆိုသူဟာ မြန်မာစာရဲ့ သဒ္ဒါအခြေခံ စည်းမျဉ်းတွေကိုလည်းမသိ၊ ခွန်အားရှိ၊ အဆင့် မြင့်တဲ့ ရုံးစာပုံစံကိုလည်း မရေးတတ်၊ အင်္ဂလိပ်ဘာသာကို လည်း မကျွမ်းကျင်တဲ့အပြင် စီးပွားရေး သဘောတရားတွေကို လည်း နားမလည်၊ မရင်းနှီးတဲ့အတွက် ခုလို မူဝါဒ အရေး အသားမျိုး ပေါ်ထွက်လာရတယ်လို့ သုံးသပ်မိပါတယ်။

မြန်မာမူနဲ့ အင်္ဂလိပ်မူကို ပုံနှစ်ပုံနဲ့ တစ်ပိုဒ်ချင်းစီ ယှဉ်တွဲ ဖော်ပြထားပြီး အားနည်းမှားယွင်းတဲ့ နေရာတွေကို မင်နီနဲ့ ခြယ်ပြထားတဲ့အတွက် ကိုယ်တိုင် လေ့လာကြည့်နိုင်ပါ တယ်။ ဒီနေရာမှာ ဘာသာပြန်အကြောင်းက အဓိက မဟုတ်လို့ အသေးစိတ် မပြောတော့ပါ။ ကြီးကြီးမားမား မှားယွင်း ချွတ်ချော်မှုတွေကိုပဲ ကောက်နုတ်ပြပါမယ်။

”ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ် များ၊”
” ပြည်တွင်းနေနိုင်ငံသားများ၊”

”သဘာဝပတ်ဝန်းကျင်များ၊”

”အားထုတ်ကြိုးပမ်း ဖြစ်ပေါ်နိုင်စေသည့်”

ဆိုတဲ့ အသုံးအနှုန်းတွေဟာ ဘယ်မှာမှ မရှိတဲ့ အသုံးအနှုန်း ပုံစံတွေ ဖြစ်ပါတယ်။ ဘာသာပြန် လွဲမှားတာတွေကတော့ economic opportunities ကို စီးပွားရေးလုပ်ငန်းများ၊ property rights ကို မူပိုင်ခွင့်များ၊ efficient ကို အကျိုး သက်ရောက်မှုရှိပြီး၊ regulations ကို လုပ်ထုံး လုပ်နည်းများ စသည်ဖြင့် ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး အပိုဒ် (၁၂) ဆိုရင် အတော်လွဲနေတာကို တွေ့ နိုင်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ရေးသား ပြုစုဖို့ တာဝန် ရှိသူဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဖြစ်တဲ့အတွက် အခုလို တင်ပြပုံ အရည်အသွေးမျိုးရှိတဲ့ မူဝါဒတွေ ပေါ်ထွက် လာတာဟာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ အများအပြားရှိ နေတဲ့ ၀န်ကြီးဌာနအတွက် သိက္ခာကျစရာ၊ အရှက်ရစရာ ဖြစ် စေပါတယ်။

နောက်ထူးခြားချက် တစ်ခုက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အင်္ဂလိပ်ဘာသာမူဟာ တရားဝင် ထုတ်ပြန်ထားတာ မဟုတ် ဘဲ မြန်မာဘာသာ ထုတ်ပြန်ပြီး နှစ်ပတ်ကြာတဲ့ ဒီနေ့အချိန်ထိ သတင်းစာနဲ့ ၀က်ဘ်ဆိုက်တွေ၊ လူမှုကွန် ရက်တွေပေါ်မှာ အင်္ဂလိပ်ဘာသာနဲ့ တရားဝင် ထုတ်ပြန် ခြင်း မရှိသေးတာပါ။

နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ဘယ်ဘာသာနဲ့ ပြုစု ထားပြီး ဘယ်ဘာသာနဲ့ ပြန်ဆိုထားတယ် ဆိုတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက ဘယ်သူပြုစုထားသလဲ ဆို တာပါ။ တကယ်တော့ ဒီမူဝါဒတွေကို စီမံဘဏ္ဍာ ၀န်ကြီး ဌာနကဖြစ်စေ၊ သမ္မတခန့်အပ်တဲ့ အမျိုးသားစီးပွားရေး ညိနှိုင်းမှု ကော်မတီကဖြစ်စေ၊ သမ္မတရဲ့  စီးပွားရေးအကြံ ပေးတွေ (ရှိခဲ့ရင်) ကဖြစ်စေ တာဝန်ယူ ရေးသားပြုစုရမှာ ပါ။ ဒါပေမဲ့ အတွင်းသတင်းတွေအရနဲ့ ပြည်တွင်းထုတ် အင်္ဂလိပ် ဘာသာ Frontier Magazine ရဲ့ ရေးသား ဖော်ထုတ်ချက် အရ အဆိုပါ တာဝန်ရှိအဖွဲ့အစည်းတွေက ရေးသားခြင်း မဟုတ် ဘဲ Renaissance Institute အမည်ရှိတဲ့ NLD နဲ့ အလွန်နီးကပ်မှုရှိပြီး NLD က အမာခံလူတွေ ပါဝင်ဖွဲ့စည်းထား တဲ့ ပုဂ္ဂလိက အဖွဲ့အစည်း ကို အပ်နှံရေးသားစေတယ်လို့ အံ့သြစရာ သိရှိရပါတယ်။

Frontier ရဲ့ အဆိုအရ ဒီအဖွဲ့အစည်းဟာ ၂၀၁၂ မှာ Capacity Development Center အမည်နဲ့ စတင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိအမည်နဲ့ ၂၀၁၆ ဧပြီကျမှ မှတ်ပုံတင်ခဲ့ ပါတယ်။ အဖွဲ့ကို ဦးဆောင်သူဟာ အရင် စီမံ/စီးပွားဝန်ကြီး ဌာနရဲ့ ဒုညွှန်ချုပ်ဟောင်းဖြစ်ပြီး NLD ရဲ့ စီအီးစီးအဖွဲ့ဝင် လည်းဖြစ်ကာ ပါတီရဲ့ စီးပွားရေးမူဝါဒတွေကို ပြုစုပေးခဲ့သူ၊ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ပြုစုပေးခဲ့သူလို့ သိရပါတယ်။ ဇွန်လမှာ သူ့ကို သမ္မတက အမျိုးသားစီးပွား ရေးညိနှိုင်းမှု ကော်မတီမှာ ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ဒီအင်စတီကျုကို နိုင်ငံခြားသား ပညာရှင်များနဲ့ ရှေ့နေများ အပါအ၀င် အမာခံအဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းထားပြီး BOD ၇ ဦးပါအဖွဲ့က ကြီးကြပ်ပါတယ်။ ၁၇ ဦးပါဝင်တဲ့ အကြံပေး အဖွဲ့ လည်း သီးသန့် ရှိပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ပါဝင်တယ်၊ ဘယ်လို အရည်အချင်းတွေ ရှိတယ်ဆိုတာကို လုံးဝ ထုတ်ပြန်ခြင်း မရှိလို့ ပွင့်လင်းမြင်သာမှုအပိုင်းကို မေးခွန်း ထုတ် ခံနေရပါတယ်။

နောက်တစ်ချက်က Renaissance Institute ဟာ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းလို့ ကြွေးကြော်ထားပေး မယ့် NLD နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ နီးကပ်တဲ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့ သတင်းက ရေးပါတယ်။ ဒါကြောင့်ပဲ အခြား ပြည်ပ လုပ်ငန်းရှင်ကြီးတွေဟာ အစိုးရ ကို လော်ဘီလုပ်ဖို့နဲ့ စီးပွားရေးစီမံကိန်းတွေ လက်သိပ်ထိုး ရရှိဖို့ အဖွဲ့ကို ချဉ်းကပ်ပြီး အကြံပေးအဖြစ် လုပ်ငန်းအပ်နှံ နေကြတာ ဖြစ်ပါတယ်။

ဒီတော့ အကျိုးစီးပွားချင်း ပဋိပက္ခ ဖြစ်တဲ့ ကိစ္စပါ ပါလာပါတော့ တယ်။ အဖွဲ့ဟာ ကိုယ်ပိုင် အသုံး စရိတ်နဲ့ ရပ်တည်နေတယ် ဆိုပေမယ့် USAID နဲ့ အမေရိကန် အခြေစိုက် Open Society Foundations တို့နဲ့ အလွန်နီးကပ်ပတ်သက်မှု တွေ ရှိနေတာကြောင့် သူတို့ရဲ့ ထောက်ပံ့မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စီးပွားရေး မူဝါဒတွေ မထုတ်ပြန်ခင် တစ်ပတ်အတွင်း ဒီအဖွဲ့ဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ စီးပွားရေးဖိုရမ်တွေကို ပြုလုပ်ခဲ့ပြီး စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ စီးပွား/ကူးသန်းဝန်ကြီးတို့အပြင် ဖိတ်ကြားထားတဲ့ စီးပွား ရေးပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်း တွေ က ဆိုပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးကဏ္ဍ လက်ရှိ ပြုပြင် ပြောင်းလဲ မှုတွေမှာ အဓိကအကြံပေး ကူညီပံ့ပိုးနေကြ တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ချန်လှပ်ထားခဲ့ကြောင်း အံ့သြစရာ တွေ့ရှိရ တဲ့အပြင် မီဒီယာတွေကိုလည်း မဖိတ် ကြားဘဲ သိုသိပ်စွာ ပြုလုပ်ခဲ့တာပါ။

ပြောရမယ်ဆိုရင် ဘယ်သူပဲ ရေးရေး၊ ဘယ်ဘာသာနဲ့ပဲ ရေး ရေး၊ အမှန်တကယ် ကောင်းမွန်ပြည့်စုံ လက်တွေ့ကျပြီး ယုံကြည် အားထားနိုင်လောက်တဲ့ စီးပွားရေးမူဝါဒတွေ အချိန်မီ ပေါ်ထွက်ဖို့က အဓိကပါ။ ဒါပေမဲ့ ထုတ်ပြန်ဖို့ ရှစ်လလောက် အချိန်ယူခဲ့ရပြီး ထွက်လာတဲ့အခါမှာလည်း ယေဘုယျ ဆန် လွန်း လို့ ပြည်တွင်းပြည်ပ မီဒီယာတွေ၊ လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ပညာရှင်တွေ ၀ိုင်းဝန်း ဝေဖန်ခဲ့ရတဲ့ အခုလို မူဝါဒမျိုး တွေတော့ မဖြစ်သင့်ပါကြောင်းနဲ့ လက်တွေ့ အကောင်အထည် ဖော်မှု အပိုင်းဟာ ပိုပြီး စိုးရိမ် စရာ ဖြစ်လာနေကြောင်း စီးပွားရေးမူဝါဒ အရှုပ်တော်ပုံ အဖြစ် ရေးသား တင်ပြလိုက်ရပါ တယ်။ (မူရင်းသတင်းကို အောက်ပါလိပ်စာမှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။)

http://frontiermyanmar.net/en/the-quiet-renaissance

ဒါကို ရှောင်တန်နာ ရေးတာလို့လည်း ကြားမိပါတယ်။ နိုင်ငံ တကာမှာဆို အခု အနီးစပ်ဆုံး အမေရိကန်ရွေး ကောက်ပွဲ နဲ့ ဖိလစ်ကိုပိုင်ကိုပဲ ကြည့်ပါ စီးပွားရေးမှ မဟုတ်ဘူး နိုင်ငံရေး ၊လူမှုရေး၊ကျန်းမာရေးနဲ့ နိုင်ငံတော်လုံခြုံရေး မူဝါဒတွေကို  ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတိုင်းက တိတိ ကျကျကြီး ရှိထား ပြီးသား ဒါကို နိုင်ငံသားတိုင်းက သိနိုင် တယ် သိပြီးမှလဲ မဲပေး ကြတာ ။

အခု ပြီးခဲ့တဲ့ NLD ရဲ့သောင်ပြိုကမ်းပြို ရွေးကောက်ပွဲမှာ ကျွန်တော်သေသေချာချာ သိတာဆိုလို့ change ဆိုတဲ့ စာလုံးဘဲ သိတယ် ။ ပြီးတော့ သူများနိုင်ငံတွေမှာ က ရွေးကောက်ပွဲ နိုင်တဲ့ပါတီက အစိုးရဖွဲ့ခွင့်ရှိပြီဆိုတာနဲ့ သူတို့ ရွေးကောက်ပွဲမှာ ကြေငြာထားတဲ့ မူဝါဒ အကြမ်းထည် (ယေဘူယျ ) မူဝါဒ ကို အခြေအနေအချိန်အခါနဲ့ အဆင် ပြေအောင် အချောသပ်ပြီးတာနဲ့ ချက်ချင်း နိုင်ငံတော် အဆင့် နဲ့ ထုတ်ပြန် ကြေငြာကြတာ မျိုးပါ ။.......

ဆိုတော့က ယနေ့ ငဘတို့အစိုးရ ရေးဆွဲနေတဲ့ စီးပွားရေး မူဝါဒဆိုတာ သူ့ပါတီ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက လုပ်ရမယ့်အလုပ် ၊အခု ရွေးကောက်ပွဲနိုင်တာ ၈လ ရှိပြီ အခုမှ ရေးဆွဲပြီး ထွက်လာတဲ့ စီးပွားရေးမူဝါဒ ဆိုတာ တောင် ယေဘုယျ ဆန်လွန်းတယ် ဆိုတာက အကြမ်း ထည် သာသာ ရှိသေးတယ် လို့ ပြောတာပါ ။...... အိမ်စာ မှန်မှန် မလုပ်တဲ့ ကျောင်းသားတွေ စုပြီး အစိုးရ ဖွဲ့ထားမိလို့ ထင်ပါတယ် ။

နှစ်ငါးဆယ် ခြောက်ဆယ် လွဲမချပါနဲ့ မလုပ်တတ်ရင် မလုပ် တတ်ဘူး လို့ပြောပြီး သိက္ခာရှိရှိ စင်ပေါ်က မြန်မြန် ဆင်းတာ ပိုကောင်းတယ် မဟုတ်လား  ...။

နှစ်ငါးဆယ်နဲ့ ကိုင်ပေါက်မှာလား သူများ မကောင်းတာ လုပ်ခဲ့ ရင်လဲ ငါတို့ ရိုးသားစွာ ပြည်သူသဘောထားနဲ့ လုပ် ဖို့ဘဲ လိုတယ် နှစ်ငါးဆယ်အကြောင်းနဲ့ လာအော် နေတဲ့ သူတွေက တစ်ဘက်စောင်း သမားတွေလို့ဘဲ ထင်ရတယ်

ပကတိ အမှန်တရားကို လက်မခံနိုင်ကြဘူး ဖြစ်နေတာက တော်တော် အံသြစရာ ကောင်းပါတယ်။ ပြုပြင် ပြောင်းလဲမှု အရှိန် နှေးကွေးနေတယ် လို့ ပြောတာပါ။ ဒါကို ဟိုနောက် ကြောင်းကို ပြန်အပြစ်ဖို့ နေကြတယ်။

ဦးသိန်းစိန်တုန်းက ပြောင်းလည်းမှုတွေ မြန်လို့ ကမ္ဘ္ဘ္ဘ္ဘာ က တောင် စိုးရိမ် ယူရတယ်၊ အဲ့ ဒါနဲ့ နှိုင်းယှဉ် ရင် နှေးတယ် ပြောတာ မလွန်ပါဘူး။ ဥပမာ ပြောမယ်ဆို စီးပွားရေး မူဝါဒ ကိုပဲ ကြည့်ပါ။ ပညာရှင်တွေ ဝေဖန်သံတွေ ကျယ်လောင် လာတော့မှ ကရောသောပါး ထွက်လာတယ်။

အဲဒီ စီးပွားရေး မူဝါဒက ဘယ်လို ပုံစံကြီးလည်း ဆိုတာ လေ့လာကြပါဦး။ နောက် ဦးသိန်းစိန်တုန်းက ခုလို လေးငါး လမှာ ဘာတွေ လုပ်ခဲ့ပြီးပြီ ဆိုတာ လေးလည်း လေ့လာကြ ပါ။ သူများ ခင်းပြီးသားလမ်း လျောက်တာပါ။ ဒီ လောက် နှေးကွေး တော့လည်း ပြောစရာ ဖြစ်နေတာပေါ့။ပြောရရင် ခုမှ management  လုပ်ဘူးတော့ ဘယ်က စရမှန်းမသိ ဖြစ်နေပုံ လိုမျိုးပါ။

စာမေးပွဲ စစ်တယ်ဆိုတာ  အကုန်လုံးကို  တန်းတူ စစ်တာ ပါ။ ဆရာမ တူ ဆိုပြီး  မေးခွန်းလျော့ ဖြေလို့ မရပါဘူး။ ဆရာမ သား ဆိုပြီး  မတော်ဘဲနဲ့ အဆင့် ၁ ယူလို့ မရ ပါဘူး။ လူတိုင်း လက်မခံနိုင်သေးဘူး ဆိုတာကို လက်ခံပြီး  အမြန် သုံးသပ် သင့်ပါ။ အရင် အစိုးရထက် ပိုမို ကောင်းမွန် အောင် လုပ်ပြ နိုင်ဖို့က လိုရင်းပါ။

ပြောင်းလဲသင့်တာ ပြောင်းလဲနိုင်တာ ပြောင်းလဲထိုက်တာ တွေကို ချက်ချင်းပြောင်းလဲရပါမယ် ပိုက်ဆံ အင်အားနဲ့  အကုန်အကျ များတာတွေကို လုပ်ပြဖို့ ပြည်သူလူထုက ပြော နေကြတာ မဟုတ်ဘူး ပြောင်းလဲသင့်တဲ့ လွယ်ကူမှု လေးတွေ လုပ်စရာတွေ အများကြီးပါ ဒါတွေတောင် မပြောင်းလဲနိုင်ဘူး ဆိုတော့ အပြောကြီးသလောက် အလုပ် မတတ် လက်တွေ့ လုပ်မတတ် တဲ့ နိုင်ငံရေး လေလုံးကြီး တွေ စကားလုံး ကောင်းကောင်း တွေကို နိုင်ငံရေးကို လေ့လာလိုက်စား သူတိုင်း ဘယ်သူမဆို ပြောဆိုတတ်ကြ ပါတယ် ဒါပေမယ့် အလုပ်ကြတော. ဘာမှ ထွန်းထွန်း ပေါက်ပေါက် ပြောင်းလဲ တာကို လုပ်မပြနိုင်ဘူး...မြင်သာ သိသာတာ ဘာမှ မတွေ့ ရဘူး ဆိုတော့ ပြည်သူ အယုံအကြည် မရှိတာ နိုင်ငံတိုင်းမှာ ပါ ဘာပဲဖြစ်ဖြစ် ပထမဆုံး တက်လာတဲ့ နိုင်ငံခေါင်းဆောင် တိုင်းကို နိုင်ငံတိုင်းမှာ ပြည်သူတွေ နိုင်ငံခြားတိုင်းပြည် တွေ က စောင့်ကြည့်ကြတာ ထုံးစံ အတိုင်းပဲ ဘယ်နိုင်ငံမှာ မဆို ပထမ စတက်လာတာနဲ့ နိုင်ငံခေါင်းဆောင်တိုင်း ပြည်သူ သဘောကျ အောင် လူထု ထောက်ခံလာအောင် တစ်ခုသို မဟုတ် နှစ်ခု တော့ ပြည်သူတွေ.မြင်သွားအောင် ကြိုးစား လုပ်ပြကြတာပါပဲ နောက်ဆုံးမှာ ဘာပဲဖြစ်ဖြစ်ပေါ့ အခုတော စလာကတည်းက ကားယားကားယား ကြွားကြွား ကြွားကြွား လျောက်ပြောပြီး လုပ်တော့ တလွဲ တချော် ဆိုတော့ ပြည်သူတွေ အားခဲ့သမျှ သဲရေကျ ဖြစ်ကြ ရပြီပေါ့။

အစိုးရဆို ဖြစ်မှတော့ ဖိအားထဲ ရောက်တာ ဆန်းသလား
တိုင်းပြည် တိုးတက်ဖို့.ပြည့်သူတွေက ဘာလုပ် ပေးရအုံးမှာလဲ ပြည်သူတွေက ယုံကြည်အားကိုးလို့.မဲ ပေး ခဲ့တယ် နိုင်ငံတီုး တက်အောင် လုပ်ရမှာက အစီုးရတာဝန် စည်းကမ်း လိုက်နာရ မှာက ပြည်သူ ပြီးခဲ့တဲ့ နှစ်ငါးဆယ် လာ မပြောပါနဲ့ အိမ်အိုတွေ အိမ်ဟောင်းတွေ မလိုပါဘူး ဘယ်သူမှ ရိုက်ပြီး အတင်းမလုပ် ခိုင်းပါဘူး လုပ်ပါရစေ ဆိုပြီး ပတ်အော်ငိုနေကြလို့ ခွင့်ပြုထား တာပဲ လုပ်နိုင်ရင် လုပ် မလုပ်နိုင်ရင် ဆင်းသွား ဒါပဲ ရှိပါတယ်။

အစိုးရက အစိုးရနဲ့ဆိုင်တဲ့အလုပ် လုပ်ရမှာ ဖြစ်သလို ပြည်သူ ကလည်း ပြည်သူနဲ့ဆိုင်တဲ့အလုပ် လုပ်ရမှာပဲ အခု US က လည်း လှည် မကြည့်တော့ ပေါက်ဖော်ကြီးပြန် အားကိုးနေရပြီ ပြောင်းသွားတယ် လေသံတွေ ပြောရင် မကုန်ဘူး ပြောချင် တာက အပြောင်းအလဲကို ချင်တယ် သူများကို အပြစ်ပြော တာလေးလျော့ပီး အလုပ်ကလေးနဲ့ သက်သေပြပေးဖို့ပါ

ဖိအား ဆိုတာက ဘယ်သူတွေက ဖိတဲ့အားလည်း
ငဘတို့ ပြည်သူ တွေ ယုံယုံကြည်ကြည်နဲ့ ရွေးလိုက်တာ
ဘာဖိအားမှ မပေးခဲ့ပါဘူး နိုင်ငံတကာကလည်း မဖိဘူး
တရုပ်တောင် လေသံ ပြောင်းနေတာမတွေ့ဘူးလားလေ။

နှစ်ငါးဆယ်တွေ လာပြောမနေနဲ့ ကိုလိုနီခေတ် ဂျပန်ခေတ် နှစ်ပေါင်းရာကျော် အုပ်ချုပ်သွားတာ လွတ်လပ်ရေး ရပြီး မကြာခင်မှာ အာရှမှာ ကျားဖြစ်ခဲ့တယ် နေဝင် ခေတ်နဲ့ ပြန် တွက်ကြည့် ဘယ်သူက ပိုကြာလဲ ဗိုလ်ချုပ်လို အခွင့်ထူး မယူ သူ အုပ်ချုပ်မှ တိုင်းပြည်ပြန်ကောင်းစားလာမှာ အရင် လူရော အခုလူရော ဗိုလ်ချုပ်နဲ့ တစ်ထပ်ထည်း တိုင်ပြည်ကို ငဲ့ညာတာ ဘယ်သူရှိလဲ ဗိုလ်ချုပ်ကို ဘယ်နိုင်ငံကမှ ဆု တံဆိပ်တွေ မပေးခဲ့ဘူး ဘာထောက်ပံေ့ကြးမှ မရခဲ့ဘူး ရခဲ့တောင် သူအိမ် သွားကြည့် တူတူတန်တန် ဘာမှ မရှိခဲ့ ဘူး သူများ ခိုးတာဖွက် တာ ပြောမနေနဲ့ တိုင်းပြည်အပေါ် ငဲ့ရင် လစာကို သုံးပုံတစ်ပုံပဲ ယူလိုက်ပေါ့။

မကောင်းတဲ့အခါ သမ္မတနာမည် ပါတယ်။ အုပ်ချုပ်တဲ့သူက လုပ်ချင်သလို လုပ်ပြီးမှ တိုးတက်မှု နောက်ကျတာကို အပြစ် တွေကို လွဲချမယ် ဆိုတာကြီးပဲ။ မလုပ်နိုင်ရင် အစက တည်းက တာဝန် မယူတာ အကောင်းဆုံးပါ။ လူသား သန်းပေါင်းများစွာ၊ စီးပွားရေးဘက်စုံ၊ လူတန်းစားပေါင်း များစွာ၊ ဘာသာပေါင်း များစွာရှိတဲ့ နိုင်ငံတစ်ခုကို စီမံခန့်ခွဲ တယ်ဆိုတာ ထင် သလောက် မလွယ်တဲ့ကိစ္စ ဖြစ်တယ်။ ဒါကို အစကတည်းက နားလည် သိမြင်တတ်ရပါမယ်။ ထောင်ကထွက်လာတဲ့ လူ ၂၀ ဆယ်ကျော်နဲ့ စုပုံထားတဲ့ ပါတီကို အုပ်ချုပ်နိုင်တဲ့ အရည် အချင်း လောက်နဲ့ ဘာမှသုံးလို့ မရပါဘူး။ အဲဒါ စီးပွားရေး ပါ။ ဘွဲ့ပေါင်းများစွာ၊ ဆုပေါင်းများစွာ ရရှိထားပေမယ့်၊ စီမံခန့်ခွဲ မှုမှာ အရမ်းညံ့ သလို ဖြစ်နေပါတယ်။ ဘယ်လိုလုပ်ပြီးများ Oxford Uni က ဘွဲ့ကို ရခဲ့တာပါလိမ့်၊ ပြန်စဉ်းစားမိလာ ပါတယ်။ နိုင်ငံစီမံခန့်ခွဲမှုကို အသာထား Uni တစ်ခုရဲ့ Time-table ကိုတောင် ဆွဲနိုင်တဲ့ အရည်အချင်း ရှိမှ ရှိရဲ့လား ဆို တာကို စဉ်းစားမိလာတယ်။

ဘာကြောင့် နောက်နှေးလည်းဆိုရင်

၁/အမှိုက်ကောက်နေရလို့ 
၂/ကွမ်းဆိုင်တွေရှင်းနေလို့ 
၃/အမေ စု မွေးနေ့ နဲ့ ဆုံသွားလို့ 
၎/ ဗိုလ်ချု ပ် ရက်၁၀၀ပြည့်နဲ့ ဆုံနေလို့ 
၅/လာဘ်ပေး လာဘ်ယူ ကိစ္စ ရှင်းနေလို့ 
၆/ဝန်ထမ်းလစာ တိုးရေး ရှင်းနေလို့ 
၇/လိုင်မဲ့ ကား နဲ့ ဆိုင်ကယ် ဦးထုပ် မဆောင်းတဲ့ ကိစ္စတွေနဲ့  ရှုပ်နေသေးလို့ 
၈/စည်ပင်မလွတ်သော အမ်ယာများ ရှင်းလင်း နေလို့ 
၉/ကုလားရေးတွေနဲ့ ရောနေလို့ 
၁၀/ရက်၁၀၀ စီမံချက်နဲ့  အလုပ်တွေ ရှုပ်နေလို့
နောက်ထပ် အမှတ်စဉ်တွေ မတပ်တော့ပါဘူး

အခု ပြောင်းလဲနေတာက နိုင်ငံတော်အရေး ဖြစ်ပါတယ်။ အစစအရာရာ ပြီးပြီးရော လုပ်လို့ မရဘူး။ နက်နဲတယ် ၊သိမ်မွေ့တယ်။ အမှား ကြီးလို့ မရဘူး။ ရေတိုတွေ ရေရှည် တွေ လာပြောမနေပါနဲ့ ။ ကာလသုံးပါးလုံး (တိုရှည်လတ်)
အတွက် မဟာဗျူဟာ နည်းဗျူးဟာကျကျ စီမံကိန်းတွေ လိုပါ တယ် ကာလတိုမှာလဲ အဆင်ပြေအောင် လုပ်ရမှာပါ
နောင် အနှစ်သုံးဆယ် လေးဆယ် အတွက် စီမံကိန်းဆိုပြီး
အခု ရေနစ်နေတဲ့ ပြည်သူတွေက ငတ်ပြီး သေပေးရမှာလား
မေမေ သေသွားရင် မေမေစကား ဘယ်သူမှ နားထောင် မနေဘူး ရှိတုန်းတောင် လုနေကြတာ မြင်ရဲ့ မဟုတ်လား
ရှေ့မှာ သာဓက ရှိခဲ့ဖူးတာ မမေ့ပါနဲ့။ ဦးနု ဘာပြောသွား လည်း သိမှာပါ အခု လူတွေဆိုတာလည်း ဟိုတုန်းက လူတွေ စရိုက်တွေနဲ့ သိပ်မကွာလှပါဘူး စေတနာရှိတာ လက်ခံပါ တယ် ဒါပေမယ့်လည်း လောလောဆယ် အရေးကြီးတာပဲ အရင် လုပ်စေလိုပါတယ် ကိုယ့်မူဝါဒ ကိုယ်ပြန်စစ်ဆေး သင့်ပါ တယ် လိုအပ်ခဲ့ရင် ကျရာက ကူပါမယ် မဟုတ်ရင်လည်း မထောက်မညှာ ပြောပါမယ် အဲလိုပြောတာ အမေ့သား ငဘ ပါပဲ

ချစ်တယ်နော် မေမေ
အာဘွား