ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (၉)
တန်လိုင်းဆိုတဲ့ နာမည် ကို တရုတ် ထန်မင်းဆက် သမိုင်းသစ်က မှတ်တမ်းတင်တယ် ဆိုရာမှာ ဗမာ ပြည်မှာ ဒီလူမျိုး ရှိတယ် ဆိုတာ သိသွားပြီးမှ မှတ်တမ်းတင်တာ ဆိုတော့ကာ ဗမာတွေ မခေါ်ရင် ဘယ်သူ ခေါ်မလဲ လို့ စောဒဂတက်ရင် အကုသိုလ်
မှာ အဖြေရှိပါတယ် စောဒနာဝတ် မပျက်စေရပါဘူး
မချောမွေ့တဲ့ စာတွေ ရှေ့ပိုင်းမှာ အတော်များများ ရေးလာခဲ့ပြီးပါပြီ မုန်းလို့ ပြောနေတာမျိုးလည်း မဟုတ်တော့ အခု တလှည့် သိမ့်မွေ့ချောမွတ် အောင် တလှည့် ရေးကျင့်ရင်း အားထုတ်ပါဦးမယ်
ဒီ မေးခွန်းတက်လာရင် ဘယ်လိုဖြေမလဲ ဆိုတာနဲ့
ပက်သက်လို့ ဒဿနိကပညာက ထုံးနည်းကို ယူ သုံးထားပါတယ် အဖြေက
၁။ မြန်မာတွေက ခေါ်ခဲ့တယ်
၂။ မြန်မာတွေက ခေါ်ခဲ့တာ မဟုတ်ပါ
၃။ တန်လိုင်းတွေ ပြောပြလို့ တန်လိုင်းလူမျိုးလို့ သိပြီး အဲသလို လိုက်ခေါ်တယ်
ဒီ သုံးချက် ရှိပါတယ် ဒီနေရာမှာ နံပါတ် ၁ ဖြစ်တဲ့
မြန်မာတွေက ခေါ်ခဲ့တယ် ဆိုတာ သဘာဝ ယုတ္တိ မကျပါဘူး အကြောင်းကတော့ လူတစ်ယောက်နဲ့
တစ်ယောက် ပထမဆုံး စပြီး တွေ့ဆုံ မိတ်ဆက်တဲ့
အခါ ခွေးမသား မင်းက ဘယ်ကလဲ လို့ တန်းပြီး တော့ မပြောတန်ရာ လို့ ယူဆပါတယ် အဲသလို တွေ့တာနဲ့ ခွေးမ သား လို့ ခေါ်လိုက်တာလို့ ယူဆ လိုရင်လည်း ယူဆကြပါ လွတ်လပ်စွာ သဘော ထား ကွဲလွဲခွင့် ရှိကြပါတယ်
နံပါတ် ၂ အဆိုက ၁ အပေါ်မှာ မှီတည်သလို မမှီခိုပဲ လည်း ရပ်တည်ပါတယ် ဘာကြောင့်လဲ ဆိုရင် မြန်မာတွေက ခေါ်ခဲ့တယ် ဆိုတဲ့ ၁ အချက်က ဟုတ်ခဲ့ရင် ၂ က ရှိစရာ မလိုတော့လိုပါ မခေါ်ခဲ့ဘူး လို့ ယူဆရင်လည်း ဘာမှ ပြောစရာ မရှိတော့လို့ပါ
သဘာဝယုတ္တိနဲ့ အကိုက်ဆုံးကတော့ နံပါတ် ၃ အချက် ဖြစ်ပါတယ် ထန်မင်းဆက်သမိုင်းသစ် မှတ်တမ်းက AD-8 ရာစုပါ မြန်မာပြည်ထဲက ခေတ်ပြိုင်က ပျူ လူမျိုး ပျူမြို့ပြခေတ် နှောင်းပိုင်း
အချိန် ရောက်နေပါပြီ ယဉ်ကျေးမှု အဆင့်အတန်း ဆိုတာလည်း အခု တူးဖော်တွေ့နေရတဲ့ အထောက်အထားတွေကို ကြည့်ရင် စတုတ္ထပုဂံ ထက် ပိုသာပါတယ်
တရုတ်တွေက မြန်မာပြည်ကနေ သိသွားခဲ့ပြီး မှတ် တမ်း တင်ထားခဲ့တာ ဖြစ်လေတော့ ပျူ ခေတ် နှောင်းမှာ AD-7 ရာစု လောက် ကတည်း တန်လိုင်း တွေဟာ အနီးအနားမှာ ဖြစ်စေ အတူ တကွ ဖြစ်စေ ယှဉ်တွဲနေထိုင်တယ် ဆိုပြီး ယူဆနိုင် တာ ရှင်းလင်းပါတယ် ဒီလူတွေကို မြို့ပြယဉ်ကျေး မှ မြင့်မားနေပြီ ဖြစ်တဲ့ ပျူ တွေက စတွေတာနဲ့ ခွေး မသား တွေ လို့ ခေါ်တယ် ဆိုတာမျိုးတော့ မဖြစ် နိုင်ပါဘူး သံခင်း တမန်ခင်းအရ မိတ်ဖွဲ့မေးမြန်း နိုင် တယ် တနည်း စီစစ် စစ်ကြောနိုင်တယ် ဆိုတဲ့ အချက် နှစ်ချက် ထပ်ရလာပါတယ်
ဒီ နှစ်ချက်မှာ နှစ်သက်တာကို ယူကြပါ မိမိသဘော ဆန္ဒအရပါပဲ ဘောင်မခတ်လိုလို့ပါ ဒါကြောင့်လည်း ဒီဟာ အပေါ်မှာ အကုသိုလ် ထင်မြင်ချက်ကို ထည့် မရေးပေးတော့ပါဘူး ထည့်ရေးလိုက်ရင် မစဉ်းစား ချင်တဲ့ ငပျင်းတွေက အဲအတိုင်းပဲ မှတ်သွား ကြပါ လိမ့်မယ် ဒါဟာ နိမိတ်ပြ လမ်းကြောင်း သဘော ဖြစ်စေတာမို့ ထည့် မရေးတာပါ
တွေ့လို့ မိတ်ဆက်တာပဲ ဖြစ်ဖြစ် စစ်မေးတာပဲ ဖြစ် ဖြစ် ရလာဒ် က လောလောဆယ် ပြောနေတဲ့ အကြောင်းအတွက် ဆိုရင် အတူတူပါပဲ လိုရင်းက
မင်းဘယ်ကလဲ နာမည် ဘယ်လိုခေါ်လဲ ဘာလူမျိုး လဲ အသက်ဘယ်လောက် ရှိပြီလဲ ဆိုတဲ့ လေသံ အသုံးပေါ် မူတည်ပြီး အနက်ပြောင်းတဲ့ ထွေရာ လေးပါး မိုက်ကြေးခွဲတဲ့ စကားပဲ မေးရမှာ မို့လို့ တဖက် လူကလဲ တန်လိုင်းပါ မဲနမ်မြစ်ဝှမ်းကလာခဲ့ ပါတယ် အသက်က ၃၅ ပါ စသဖြင့် CV ကြီးကို အစီအစဉ် မကျလေဘဲ ပြန်ရွတ်ပြ ဖို့ရာပဲ ရှိပါတယ်
ဒီတော့ကာ တန်လိုင်းလို့ ဗမာက ခေါ်ခဲ့တာ မဟုတ် ပါဘူး ဆိုတာ ရှင်းမယ်လို့ ထင်ပါတယ် ဒါကိုပဲ မကျေနပ်နိုင်သေးဘူး ဆိုရင် နောက်ထပ် တစ်ချက်
ထပ်ဖြေပေးပါဦးမယ် ပျူခေတ်ကတည်းက တန် လိုင်း ဆိုတဲ့ အခေါ် ဝေါဟာရက ရှိခဲ့တာ ထင်ရှား နေပြီမို့ ပျူတွေက နှိမ်ပြီး ခေါ်ပါတယ် ဆိုတဲ့ ပေါ ချောင်ချောင် အတွေးအခေါ်မျိုးကိုတော့ မတွေးပါ နဲ့ တော့ အကုသိုလ် တလှည့် ပြန်မေးရင် ဖြေတတ်ကြ
တော့မှာ မဟုတ်တာကို မြင်နေလို့ပါ ဒီအချက်ကို သုတေသီတွေ ကလည်း ဂရုပြု ဆင်ခြင် ရေးသား သင့်ပါတယ် ဒီအခေါ် တန်လိုင်း ဆိုတာဟာ မလေးမခန့်သော အနက်သဘောရှိသော အသုံး ဖြစ်သည် ဆိုတာဟာ လုံးဝ အခြေအမြစ်မရှိတာ ဖြစ်လို့ စစ်မှန်တဲ့ သမိုင်းကို လိုက်စားသူ သူတော်
ကောင်းတွေလည်း ဆင်ခြင်ရာ၏ လို့ပဲ ပြောပါရစေ
မိချဲန်လဲ အိပ်ပျော်နေပြီလား မသိ မိချဲန် အကြောင်း ပြောပါတယ် ဆို တန်လိုင်းကို ပတ်ပြောနေတာနဲ့ အပိုင်း တစ်ပိုင်း ပြီးသွားတယ် အခု မိချဲန်ကို အမြည်း လောက်လေး ပျိုးပေးထားပါမယ် ကြားထဲ မှာ လင်းယန် ဆိုတာ တစ်ခု ကျန်နေပါသေးတယ်
လင်းယန်လဲ တန်လိုင်းထက် ပိုကျယ်ပြန့်ပါတယ် အပိုင်း နှစ်ပိုင်း စာလောက် ရှိပါတယ် ဒါပေမယ့်ဟ လည်း အတတ်နိုင်ဆုံး ကျစ်လစ်အောင် ချုံ့ပြီး တစ်ပိုင်းတည်းနဲ့ ပြီးသွားအောင် ရေးပါမယ် အပိုင်း ၈၀ လောက် ဖြစ်ကုန်မှာ စိုးလို့ပါ
AD-8 ရာစု ရေး ထန်မင်းဆက် သမိုင်းသစ်ကို ရေးသူ တရုတ် နာမည်က Hsin Tang Shu (ဟရှ်င်တန်ရှု ) လို့ခေါ်ပါတယ် ဟရှ်င် ဆိုတာ ကို ဟအပေါ်မှာ ရ ကောက်ကို ထားပြီး ရေးတဲ့ ပုံစံ ထွက်ရမှာပါ ကီးဘုတ် အဆင်မပြေလို့ အခုလို ရေး လိုက်ပါတယ် ပြင်ဖတ်ပေးကြပါ
ဆရာ နိုင်ခင်မောင်လေးရဲ့ တိမ်မြှုပ်ပျောက်ကွယ် နေသော မွန်မြို့ပြနိုင်ငံများ ဆိုတဲ့ စာအုပ်မှာ ထန် မင်းဆက် သမိုင်းသစ်ထဲက စာအချို့ကို ယူသုံး ထားတာ တွေ့ရပါတယ် အဲဒါက ပျူနိုင်ငံ အခန်းမှာ ပဲ ဖော်ပြထားတဲ့ Kun Lun ဆိုတဲ့ အကြောင်းကို ယူထားပါတယ် ဆရာနိုင်ခင်မောင် လေးက ဖြတ် ညှပ်ကပ် လုပ်သလို လိုတဲ့ အပိုင်း လေးလောက် ကိုပဲ ယူပြီး သူမလိုချင်တဲ့အကြောင်းဖြစ်တဲ့ ထည့် ပြောကို ပြောရမယ့် ပဲခူးအကြောင်းမှာ မပါ မပြီးတဲ့ တန်လိုင်း ဆိုတဲ့ အပိုင်းကို မဖော်ပြပဲ ချန် လှပ် ထားခဲ့ပါတယ် Kun Lun ဆိုတာကိုလည်း အတင်းပဲ မွန်ဘုရင်ဖြစ်တယ် ပထမ အခန်း တွန်ဆွန်ကို ရေးရာမှာ ထည့်ပြောခဲ့ပါတယ် ဒုတိယ အခန်း မိချဲန်ကို ရောက်တော့ တန်လိုင်းကို မပြော ဘဲ မရေရာတဲ့ Kun Lun ဆိုတာကို သက်သေပြ ပါတယ် အစပိုင်း တွန်ဆွန်ကို ရေးနေတုန်း အချိန် က ဆရာ ဖော်ပြချက် ချော်နေတာကို အကုသိုလ် မြင်ပါရဲ့နဲ့ ဆရာ နိုင်ခင်မောင်လေး ဖော်ပြချက်ကို ချော် နေပါတယ်လို့ မပြောခဲ့ပါဘူး မပြောချင်ခဲ့လို့ ပါပဲ
မိချဲန် ကို ဆက်ဖော်ပြတော့ ပဲခူး နဲ့ တန်လိုင်း နံကရိုင်း ဆိုတာ အမြဲတွဲ နေတာ ဖြစ်ပါလျက်နဲ့
ဆရာက တန်လိုင်းကို မဖော်ပြပဲ Kun Lun ကို သွားခေါ် သက်သေပြုနေလေတော့ မပြောချင် လည်း ပြောရတော့တာပါပဲ နံကရိုင်း ကျွဲမက ကျန်တဲ့ မိသားစုကို ခတ်မှာ စိုးတာပါ အခုတော့ ဆရာလဲ မရှိတော့တာမို့ ချော်တာကို ပြောတာဟာ လည်း ပြောပြီး ပြောက်သွားမယ့်ဟာပါ အကုသိုလ် နဲ့ ဆရာ ကြား ဘာမှ ဖြစ်စရာ မရှိသလို ဒီလို ပြော လို့ နံကရိုင်းကလည်း အကုသိုလ်ကို ပေါက်နေတဲ့ ထီ လက်မှတ် လက်ထဲ လာထည့်ပေးမှာ မဟုတ် ပါဘူး
မျက်နှာ ကြည့်နေလို့ မရတဲ့ သမိုင်းပညာ သဘော ကို ဆရာက အကုသိုလ်ထက် အဆများစွာ ပိုတတ် ကျွမ်းမယ်ဆိုတာ အခိုင်အမာပါ ဆရာ ကြားရာ အရပ်က သာဓု ခေါ်မယ် လို့ ယုံကြည်ပါတယ်
Kun Lun ဆိုတာ တောင် အမည်ကို ခေါ်တာ ဖြစ်ပါတယ် တရုတ်တို့ရဲ့ ရှေးဗုဒ္ဓဘာသာကျမ်း အဆက်ဆက်မှာ တောင်တွေ နာမည်နဲ့ ဖော်ပြတာ တွေ ရှိ ပါတယ် ဒီဟာလေးက အချက်တစ်ခု ဖြစ် နေပါတယ် အခု မပြောသေးပါဘူး ထားပါဦးမယ်
မြန်မာတိုင်းနီးပါး ရင်းနှီးတဲ့ တရုတ် သိုင်းကားတွေ ထဲ ပါနေကျ ခွန်လွန် ဝူတန် ရှောင်လင် အော်မေ့ ဆို တာတွေ ထဲက ခွန်လွန် တောင်ကို ခေါ်တာပါပဲ
ဒီမှာတော့ ဘာသာပြန် ဆရာတွေ အသံကြားတာ ကို မြန်မာနားနဲ့ ကြားတဲ့ အတိုင်း ငပိသံ အတုံး လိုက်ထည့် ဘာသာ ပြန်လေတော ရှပ်(#) သံပါ တဲ့ တရုတ် ရှေးဟောင်းစကားကို ခွန်လွန် လို့ ပြန် လိုက်ကြတာပါ အင်းပေါ့လေ သူ့အလုပ်က နီးစပ် အောင် တူရင် အဆင်ပြေပြီပဲကိုး ဒါက သက် သက် ပျင်းနေမှာ စိုးလို့ ထည့်ပြောတာပါ
ထန်မင်းဆက် သမိုင်းက ပြောတာက ခွမ်လမ် နိုင်ငံ လို့ မဆိုပါ Kun Lun ကို မြန်မာပြည်ထဲမှာလို့ လည်း အရိပ်အမြွက် မျှတောင် မပြထားပါဘူး ဆရာ က ဘယ်လို လုပ်သလဲ ဆိုတာလေး ပြပေးပါမယ်
ဆရာ ပထမဆုံး လုပ်ယူတာက Kun Lun ဆိုတဲ့ အမည် ကိုပါ အသံကို ဖိုနက်တစ်နဲ့ ပီသအောင် ပေါင်းကြည့်ပါ ဘယ်လို အသံထွက် ပါသလဲ
ဒီမှာ ဆရာက ခွမ်လွမ် လို့ မထွက်ပဲ Kun Lun ကို ကွန်လွန် ဆိုပြီး ရေးလိုက်တယ် နောက်တော့ ဒီ ကွန်လွန် ဆိုတာ မွန်စကား ဆိုပြီး လုပ်ချလိုက်ပါ တယ် မွန်တွေကိုတရုတ်တွေက ခေါ်တာပါတဲ့
ဆရာ အဲသလို ပြောလိုက်တာက ဒီနေရာမှာ ရပ် မနေတာကို ဆရာ စဉ်းစားရင်း အတွေး လွန်သွား ဟန် တူပါတယ် ဆရာ ပြောလိုက်တဲ့ စကားရဲ့ သက်ရောက်မှုဟာ ထန်မင်းဆက်သမိုင်းသစ်က တန်လိုင်း ဆိုတာ မွန်တွေ မဟုတ်ဘူးလို့ ပိတ်ပြီး ငြင်းချက် ထုတ်ပေးလိုက်ရာ ရောက်သွားပါတယ်
ဒီနေရာမှာ ဆရာသဘောထားက ဘယ်လို ဆိုတာ ပြောရခက်စေပါတယ် စဉ်းစားစရာ အချက် နှစ်ချက်
ဖြစ်သွားလို့ပါ
ပထမ တစ်ချက် တွန်ဆွန်ကို ရေးစဉ်က စလို့ ကွန်လွန်ဘုရင် ဟာမွန်ဘုရင် ဆိုပြီး ရေးတယ်
ဒုတိယ တစ်ချက်က တန်လိုင်းကို လုံးဝ ဖျောက်ပစ် တယ်
စာအုပ်တစ်အုပ် အခန်း တစ်ခန်းတည်းမှာပဲ အတူ တူ ပါတဲ့ စာနှစ်လုံးကို ဆရာက သူလိုတာပဲ ယူလာ ခဲ့ပါတယ်
ဒါက ဆရာဟာ တကယ်ပဲ မွန်တွေ စိတ်မှာ စွဲနေတဲ့ ကြွက်လား ဝက်လား ခွဲမသိတဲ့ တန်လိုင်း ဆိုတာကို
မွန်သမိုင်းက ဖျောက်ဖျက်ပစ်ချင်တာလား
ဒါမှမဟုတ် တန်လိုင်းဆိုတာ တကယ်ပဲ မွန်မဟုတ် ဘူးလား ဆိုတဲ့ သံသယ အတွေးတွေကို ဖြစ်လာ စေပါတယ်
ဆရာတော်သံဃာတော်များ မွန်လူမျိုး သမိုင်းဆရာ များနဲ့တကွ မွန် အသိ မိတ်ဆွေများအားလုံးကို ပင့် ထား ဖိတ်ကြား အပ်ပါတယ် သိသမျှလေး ဝေမျှ ဖြေကြား ပေးစေလိုပါတယ်
တန်လိုင်းဟာ မွန် ဟုတ် မဟုတ် ဆိုတာ မွန်လူမျိုး တွေ ဖြေပေးတာက ပိုသဘာဝ ကျပါတယ် ဒါကြောင့် မွန်လူမျိုးတွေကို ဖိတ်ပြီး မေးတာပါ
အကုသိုလ် အနေနဲ့ တန်လိုင်း ဆိုတာ မလေးမခန့် တဲ့ သဘောနဲ့ ခေါ်ဝေါ်တယ် ဆိုတာ မဟုတ်တဲ့ အကြောင်း အရင့်အရင်ကတည်းက တန်လိုင်းမျိုး အရည်းကြီးမျိုး ဆိုတဲ့ စာတန်းရှည်မှာ တကြိမ် အယူအဆ တမျိုးဖြင့် တင်ပြခဲ့ပြီးပါပြီ အခု တစ်ကြိမ်လည်း အဲဒီ အနက်သဘော မဟုတ် ကြောင်း သေသေချာချာ ရှင်းလင်း တင်ပြပြီး ခဲ့ပါပြီ
ပထမ စာတမ်းမှာ တန်လိုင်းရဲ့အဓိပ္ပါယ်ဟာ ရေ လှိုင်း ကို ခေါ်တာပါ ဆိုပြီး သက်သေ ပြခဲ့ပါတယ်
အခု တစ်ကြိမ် အမြင်ရှု့ဒေါင့်အသစ် တစ်ခုနဲ့ ယုတ် ညံ့တဲ့ စကား မဟုတ်ကြောင်း ရှင်းပေးထားပါတယ်
ဒါကို ဘာလို့ အဲသလောက်ထိ လိုက်ပြောနေသလဲ ဆိုတဲ့ မူလစိတ်ရင်းက လူမျိုးစုတွေရဲ့ သမိုင်းကို လေးစား တန်ဖိုးထားလို့ပါ ပျောက်ပျက်ကုန်မှာ စိုးလို့ အရေးတယူလုပ်ပြီး ရှာဖွေ တင်ပြပေးနေတာ ပါ အကုသိုလ်ရဲ့ စာရေးဟန်ကိုသာ ကြည့်ပြီး ဒီကောင်က မွန် မုန်းတီးရေးသမား လို့ မြင်မယ် ဆိုရင်တော့ တက်တက်စင် လွဲပါလိမ့်မယ် ရခိုင်ကို လည်း ဒီလိုပဲ သရော်သလို ငေါ့သလို ရေးတာပါပဲ
စာရေးဟန်ကကို ဒီပုံစံ အတိုင်း ရေးတဲ့ဘက် အား သန်တာမို့ အဲသလို ဖြစ်နေတာပါ မုန်းလို့ မဟုတ် ပါဘူး မမုန်းတဲ့ အပြင် တန်ဖိုးထားလို့ပဲ ပက်ပက် စက်စက် ဝေဖန်တာပါ အပုပ်ချဟန်လို့ ဖြစ်သွား တာတွေ ပါကောင်း ပါနိုင်ပါတယ် ဒါပေမယ့် စိတ်ထဲ က ပါလို့ အဲသလို ပြောတာ မဟုတ်ဘူး ဆိုတာကို ကြိုတင်ပြထားတာ အကြိမ်ကြိမ်ပါပဲ
ရှေ့ကအပိုင်းမှာ ပြောခဲ့သလို သမိုင်းပျက်မှာ အထောက်အထား ကွင်းဆက်တွေ မလိုအပ်တဲ့ ဟာလေး တစ်ခုကြောင့်နဲ့ ပြန်ပေးလိုက်ရမယ့် တန်ဖိုးက အဆမတန် ကြီးမားလွန်းတော့ အဲလို အဖြစ်ကို မဖြစ်စေချင်လို့ကို ဒီလို ရေးရင် မုန်းကြ မယ် သိသိနဲ့ နာအောင် တမင်တကာ ရေးတာပါ
ဒါက ဘာကြောင့်လဲ ဆိုရင် အကုသိုလ် ကိုယ်တိုင် ဟာလည်း မွန်သွေး မကင်းတဲ့ သူမို့ပါပဲ သမိုင်း တစ်ခုက မခိုင်မာရင် မြောင်းထဲ ရောက်သွားမှာပဲ ဆိုတာ သမိုင်းကို စိတ်ဝင်စားတဲ့ အခြေခံအဆင့် တွေတောင် နားလည်ကြပါတယ်
ရာဇဝင်စကား ဒဏ္ဍာရီ ပုံပြင်တွေကို ဟာသ လုပ် ပစ်တယ် ဆိုတာဟာ သမိုင်းကို ထိခိုက်မှု မရှိလို့ ပေါက်တတ်ကရ ပြောတာမျိုးပါ သမိုင်းပိုင်းကို သုတေသန စာတမ်း လို ရေးရတဲ့အခါ ပေါက်ပေါက် ဖောက်နေလို့ ဘယ် ဖြစ်လေမလဲလေ သူ့နေရာနဲ့သူ ပုံစံ အံဝင်အောင် ပညာရှင်တွေ အလေးဂရုပြု ရအောင် တင်ပြရတာပဲပေါ့
မျိုးမစစ်လို့ အကုသိုလ်ကို လာပြောလည်း ရပါ တယ် ဟုတ်တာပဲမို့ စိတ်ထဲတောင် မထားပါဘူး
မွန်တွေ ယူဆ ပြောနည်းကား ပြောရင် အကုသိုလ် ကမှ တန်လိုင်း စစ်စစ် ဖြစ်ပါတယ် ဒါတွေက ရှုပ် ထွေးတဲ့ ကိလေသာကို လူဆိုတဲ့ သတ္တဝါက မလွန် နိုင်တဲ့အခါ မျိုးရိုးစဉ်ဆက်ဘိုးဘွား မိဘ ဆိုသူတွေ ကလည်း သူတို့နှစ်သက်သူနဲ့ နေကြမှာပါ ကိုယ် ဆိုတာက သူတို့ သံဝါသပြုပြီး အတော်ကြာမှ ဒီ လောကထဲ ရောက်လာရတာ မျိုးမစစ်ဘဝ ဖြစ်လာ
တယ်ဆိုရင် ကိုယ်က ဟ ငါမလိုဘူး ပြန်ဝင်မယ်
လုပ်လို့ ရတာမျိုးမှ မဟုတ်လေတော့ ဒါကို အပြစ် တင် မခံချင် ဖြစ်တယ် ဖြစ်မယ်ဆို ခေါ်တဲ့ သူကို ပြဿနာ ရှာစရာမလို မိဘတွေ ဘိုးဘွားတွေကို အကုန် ပြန်သတ်ပစ်လိုက်တာက ပိုသဘာဝ ကျတဲ့ လုပ်ရပ် ဖြစ်မှာပါ မှန်နေတာကို ခေါ်တာ ခေါ်ပါစေ ပေါ့ ဘာဖြစ်လဲ ကိုယ့်အမှား ဘယ်နားမှာ ပါခဲ့လို့လဲ
ဆိုတာ သိသင့်ပါတယ် လူ့ဗာလ ပေါက်ပန်း သဘော သွပ်သွမ်း ရူးနှမ်းတဲ့ စိတ်ကစဉ်ကလျား ဖြစ်နေသူတွေ လုပ်တယ် ဆိုတာက လူမိုက်မို့လို့ လုပ်တာ ဆိုပြီး ကြည့်ရတာ အဆင်ပြေနိုင်သေး တယ်
အခု ဖြစ်ရတာက လိပ်လား ဖားလား ကိုယ်တိုင် သေသေချာချာ မသိကြတဲ့ စကား တစ်လုံးကြောင့်
လူမျိုးစုလိုက်ကြီး ဖြစ်နေကြတယ် ဆိုတော့ တစ်ခါ တစ်လေ တွေးမိတဲ့အခါ အံ့သြရပါတယ်
အသိဥာဏ် မြင့်မားလှပါတယ် ဆိုတဲ့ လူဆိုတဲ့ သတ္တဝါက အပေါ်ယံ ရွှေမှုန်ကြဲ အထဲက ဗလာချီ
ဆိုတာလို ပညာတတ်တွေ ဆိုတဲ့ သူတွေ ပညာရှင် ဆိုတဲ့ လူတွေ ပညာရှိဆိုတဲ့ သူတွေက အစ ကြံဖန် ပြီး မိုက်မဲတတ်ကြတဲ့ သဘော ရှိတယ် ဆိုတဲ့ အသိ အမြင်ကိုလဲ ရတယ် အသိဥာဏ်မြင့်တယ် ဆိုတဲ့ လူက ဒီလို ရူးနှမ်းတာတွေကိုလဲ လုပ်ကြလေတယ်
ဆိုတဲ့ ပတ်ဝန်းကျင်က သင်ပြတဲ့ ပညာကို လက်ခံ ယူနေရပါတော့တယ်
မိုက်တယ် မိုက်မယ် ဆိုလဲ စဉ်းစဉ်းစားစားလေး တော့ လုပ်သင့်ပါတယ် ဘုမသိ ဘမသိ ကိစ္စ အတွက် မိုက်မယ် မိုက်ချင်တယ် ဆိုရင်လဲ တခွန်း တော့ ဥပမာစကား ပြထားပါမယ် လှည်းကျိုးဝင် ထမ်း လိုက်တာကမှ ညအိပ်တဲ့အခါ အဖော် ရပါ သေးတယ် ဆိုတာလေး အရင် သတိရလိုက်ကြပါ
အပိုင်း (10) ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်