ရိုးသားဖို့တော့ လိုလိမ့်မယ်


====================
ဒီမှာ ကျောက်သင်္ဘောဝါဒ ဆရာတော် ဟောတဲ့ တရား အခုလက်ရှိဟောနေတာ
ပါ
ဒီဟာ ပြန်တင်ပေးတာ ဝေမျှစရာ ရှိလို့ပါ
နာမည်ကြည့်ပြီး မလန့်သွားနဲ့ မဖတ်ဘဲ ကျော်မသွားနဲ့ အဲလိုလုပ်တာဟာ ငပိန်း တွေ လုပ်တဲ့ အလုပ် သိတာလည်း မဟုတ်ပါဘဲ လျောက်ပြောမိတတ်တယ်
ဖတ်ပါ ပြီးရင် သုံးသပ် ဆုံးဖြတ်ပါ
ကျွန်တော်ဝေမျှပေးတာ အကြောင်း ရှိတယ် ဒီတရားမှာလဲ ယူစရာရှိသလို မန့်တွေကလည်း ယူစရာ ပြည့်နေတယ်
လောလောဆယ် တရားကို အရင်ဖတ် ကြည့်ပါ ကျေးဇူးရှင်တွေ ပေါလွန်းလို့ နာကြည့်ပါလို့တောင် မသုံးရဲဘူး ဖတ် ကြည့် လို့ပဲ ပြောထားတယ်
ကျွန်တော့် Fri ထဲက လူတွေထက် သံဃာတော်တွေက ၃ ဆလောက် ပိုများ
ပါတယ် လူတွေက ကြိုက်သလိုဆုံးဖြတ် ပါ
သံဃာတော် အရှင်သူမြတ်များ အနေ ဖြင့် ဘုရားမျက်နှာကို ထောက်ထားပြီး ရိုးသားစွာပဲ သင့်ရာကို ပြပေး လမ်းညွှန် ပေးပါရန် တင်ပြလျောက်ထား အပ်ပါ၏ ဘုရား
အကုန်ဖတ်ပြီးရင် အတ္တတွေ အဓမ္မတွေ ထင်သာမြင်သာ တွေ့ရပါလိမ့်မယ်
ဟောတဲ့တရားက ဒီမှာပါ
ဘုန်းဘုန်းကြီးဘုရား ... တပည့်တော် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းချင် လို့ပါ ဘုရား ။
အေး - သာဓု သာဓု သာဓု ဗျား ။
ဘာကိုများ ရည်မှန်းပြီး လှူဒါန်းသလဲ ဒကာမကြီး ။
မှန်လှပါ ။ နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်း တာပါဘုရား ။ နိဗ္ဗာန် ရချင် ရောက်ချင် ပါတယ်ဘုရား ။
ကောင်းပါပြီ ဒကာမကြီး ။ ဆုတောင်း တာ တော့ဟုတ်ပြီ ။ နိဗ္ဗာန် ဘယ်တော့ ရောက်မှာလဲ ။
အဲဒါတော့ မသိပါဘုရား ။
အေး - နိဗ္ဗာန်က နောက်နောက် ဘဝတွေမှ ရောက်မှာ မဟုတ်ဘူး ။ အခုလှူရင် အခုရောက်နေတာ
ဒကာမကြီး မသိလို့ ။
လှူရင် နိဗ္ဗာန်ရောက်တယ်လို့ ကြားဘူးတယ်မဟုတ်လား ။
ကြားဘူးပါတယ်ဘုရား ။
လှူရင်လှူတဲ့အခိုက်မှာ လှူတဲ့စိတ် ကလေး နိဗ္ဗာန်ရောက်နေကြတာကို မသိကြတာ ။ မသိလို့ မရောက်တာ ။
သိရင် ရောက်ပါတယ် ။
သိအောင်ကတော့ သိတဲ့သူက ဟော ပြော ညွှန်ပြရင် မသိနိုင်ဘူးလား ။
သိနိုင်ပါတယ်ဘုရား ။
နိဗ္ဗာန် ရတယ် ရောက်တယ်ဆိုတဲ့ နေရာမှာ နိဗ္ဗာန်ကို အထည်ဒြပ်နဲ့
သူ့အနေ ငါ့အနေနဲ့ ရောက်ရတာမျိုး မဟုတ်ဘူး ။
အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်နဲ့ အေးငြိမ်း တဲ့ စိတ်ကလေး အာရုံ အာရမ္မနိက အားဖြင့်
တွေ့တွေ့နေတာကိုပဲ နိဗ္ဗာန် ရတယ် ရောက်တယ်လို့ ပြောဆိုသုံးနှုန်းရတာပါ ။
ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေကိုလှူတာ
ဘာကုန်သွားသလဲ ။
ငွေကုန်ပါတယ်ဘုရား ။
ဒကာမကြီး သေသေချာချာ စဉ်းစားနော် ။
ငွေက ကုန်တာမဟုတ်ဘူး ။ နေရာရွှေ့ သွားတာ ။ ဒကာမကြီးလက်ထဲကနေ ဘုန်းကြီးလက်ထဲ ရွှေ့သွားတာ ။
ကုန်သွားတာမဟုတ်ဘူး ။
ကုန်တာက လောဘ ။ လောဘကုန် သွားတာ ။
ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေရဲ့အပေါ်မှာ
တပ်မက်နေတဲ့ လောဘ ရှိနေရင် ဒကာမကြီးလှူလို့ ရပါ့မလား ။
မရပါဘူးဘုရား ။
အေး - လောဘစွန့်ထားလို့သာ လှူနိုင် တာနော် ။လောဘမစွန့်ရင် မလှူနိုင်ဘူး ။
ဒါဖြင့် လောဘတော့မရှိဘူး ။ ဒေါသရှိနေ ရင်ကော လှူလို့ရပါ့မလား ။
မရပါဘူးဘုရား ။
ဘုန်းကြီးအပေါ်မှာ ဒေါသဖြစ်နေမယ် ဆိုရင်လည်း လှူလို့မရဘူး ။
လောဘ ဒေါသကို စွန့်ထားလို့
လှူလို့ရတာ ။
"ဒါနံ စဇနလက္ခဏံ"
ဒါန - အလှူသည်
စဇနလက္ခဏံ - စွန့်လွှတ်ခြင်းလက္ခဏာရှိ၏ တဲ့ ။
ဘာကိုစွန့်တာလဲ ။ ပစ္စည်းစွန့်တာ အားလုံး မြင်တယ်နော် ။ လောဘ စွန့်တာကိုကျတော့ မြင်နိုင်ခဲကြတယ် ။
လောဘ မစွန့်ဘဲနဲ့ ပစ္စည်းမစွန့်နိုင်ဘူး ။
ဒါနဆိုတာ ပေးလှူခြင်းလို့ အဓိပ္ပါယ် ရတယ် ။
ဒါနံ - အလှူကို ,
ဒါတဗ္ဘမေဝ - ပေးလှူအပ်သည်သာလျှင်တည်း ။
ဒါနံ - အလှူသည်
်ဘောဂသမ္ဘဒါ - စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းကို
အဝါဟတိ - ဆောင်ရွက်တတ်၏ တဲ့ ။
လှူတယ်ဆိုတာ ကုသိုလ်တရား ။
ဒီကုသိုလ်ရဲ့အကျိုးက စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း ဆိုတဲ့ အကျိုးကျေးဇူးရှိတယ် ။ ဒကာမကြီး တောင်းတောင်း မတောင်း တောင်း ဒီအကျိုး ကျေးဇူးကတော့ ပေးမှာပဲ ။
ဒီလိုမသိကြတော့ ဒီအလှူကို လှူတာ ဘယ်သူလဲ ဆိုတော့ ငါ လှူတယ်လို့ ယူလိုက်တယ်။ (ဒိဋ္ဌိ - ငါ) ပေါ့ ။
ဒီအလှူရဲ့အကျိုးကို ငါ ခံစားရလိမ့် မယ်ဆိုတော့ (တဏှာ- ငါ) ပေါ့ ။
ဒီအလှူကို ငါမို့ လှူနိုင်တာဆိုတော့ (မာန - ငါ) ပေါ့ ။
လှူတာဟာ - ငါ ,
ငါ့အလှူရဲ့အကျိုးကို ငါ ခံစားရလိမ့်မယ် ,
ငါ မို့ လှူနိုင်တာ ဆိုတဲ့
အထင်မှား အမြင်မှားတဲ့ - ဒိဋ္ဌိ ငါ - ကြောင့် နတ်ပြည်ရောက်လိုက်၊
လူ့ချမ်းသာ ခံစားလိုက် ၊
အပါယ် ပြန်ဆွဲချခံရလိုက်နဲ့
ဒုက္ခသံသရာ ထဲက လွတ်မထွက်နိုင်ဘဲ ဖြစ်နေကြတယ် ။
သံသရာဝဋ်ကို လွတ်လွတ်ကျွတ်ကျွတ် ခြေနဲ့ကန် ၊အလှူခံပုဂ္ဂိုလ်အပေါ်မှာ
ချစ်ခြင်းမေတ္တာ ,သနားခြင်း ဂရုဏာ ,
ပြည့်စုံပါစေဆိုတဲ့ စေတနာ သန့်သန့်လေး ထားပြီး , နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်း လိုက်မယ်ဆိုရင် သံသရာ မရှည်တော့ ပါဘူး ။
ဒါနက သံသရာ မရှည်ပါဘူး ။ ဒီဒါနနောက်က မသိမှု ဆိုတဲ့ အဝိဇ္ဇာ ကြောင့် တဏှာပါပြီး ဆုတောင်းလွဲကြလို့
သံသရာ ရှည်တာပါ ။
ဒါကြောင့် - သံသရာဝဋ်မှ လွတ်ထွက်နိုင် တဲ့ ဒါန ကုသိုလ်ဖြစ်အောင်
ဘုန်းကြီး က ညွှန်ပြပေးရမှာပေါ့ ။
ဒီတော့ ဒကာကြီးတို့ရဲ့ စိတ်ကို ပြန်ကြည့်ရအောင်..။
အခုလှူနေတဲ့ အခိုက်မှာ လောဘ ကို စွန့်ထားတဲ့အတွက် လောဘမရှိဘူး။
လောဘမရှိတော့ လောဘတွေက
ခယ ဓမ္မာ ကုန်နေတယ် ၊
ဝယဓမ္မာ ပျောက်နေတယ်၊
နိရောဓ ဓမ္မာ ချုပ်နေတယ်၊
ဝိရာဂဓမ္မာ ကင်းနေတယ်။
ဒီတော့ ဒီစိတ် ဘာနဲ့နေသလဲ…။
လောဘငြိမ်းတဲ့စိတ်က လောဘ ငြိမ်းရာကြီးနဲ့ တွေ့နေတယ်။
လောဘကုန်တဲ့စိတ်က လောဘကုန်ရာနဲ့
တွေ့နေတယ်။ အဲဒီ လောဘကုန်ရာကို ဘာခေါ်မလဲ…။
(နိဗ္ဗာန်ပါဘုရား)
လောဘက္ခယောတိနိဗ္ဗာနံ ဆိုတဲ ပုဒ်အရ လောဘကုန်ရာ နိဗ္ဗာန်လို့ဆိုထားတယ် ။ လောဘစွန့် ထားတဲ့အချိန်မှာ လောဘ ကုန်နေ လို့ တဒင်္ဂအားဖြင့် နိဗ္ဗာန်ရောက် နေတယ်…အဲဒါကိုမသိကြတာ…။
ဒီတော့လှူရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ မမှန်ဘူးလား။
(မှန်ပါတယ်ဘုရား)
အခု ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေ လှူလိုက်ပြီ ။လှူတာက ပစ္စည်း ။
စွန့်တာက ဘာကို စွန့်တာလဲ ။
(လောဘပါ ဘုရား)
ရောက်တာက ဘယ်ကိုရောက်တာလဲ ။
(နိဗ္ဗာန်ပါ ဘုရား)
လှူတာကပစ္စည်း ၊စွန့်တာကလောဘ ၊
ရောက်တာက နိဗ္ဗာန် ။
ဒါဖြင့် လှူတာနဲ့ နိဗ္ဗာန်ရောက်တာ
ဘယ်ဟာက အရင်လဲ…။
(လှူတာက အရင် ပါ ဘုရား)
ဒကာမကြီး
သေသေချာချာ ပြန်စဉ်းစားနော်…
ပစ္စည်းကိုစွန့်တာ ဘယ်အချိန် စွန့်တာလဲ ။
ဘုန်းကြီးလက်ထဲကို ထည့်တဲ့အချိန်ကျမှ ပစ္စည်းကိုစွန့်တာ…။
လောဘကို စွန့်တာကျတော့ ဘယ်အချိန်
ကတည်းက စွန့်ထားတာလည်း။
ဘုန်းကြီးကို မလှူရသေးဘူး ။
အိမ်မှာကတည်းက လောဘက စွန့်ပြီးနေပြီ…။ လှူတာက ဘုန်းကြီး လက်ထဲကို ကပ်တဲ့ အချိန်ကျမှ လှူတာ ။
ဒီတော့ လှူတာနဲ့ လောဘစွန့်တာ
ဘယ်ဟာက အရင်လဲ…။
(လောဘစွန့်တာက အရင်ပါ ဘုရား)
ဒါဖြင့် နိဗ္ဗာန်ရောက်တာနဲ့ လှူတာ
ဘယ်ဟာက အရင်လဲ ။
(နိဗ္ဗာန်ရောက်တာက အရင်ပါ ဘုရား)
အေး ဟုတ်တယ် ။ လှူမယ်လို့ ကြံရွယ်ပြီး
လောဘကို စွန့်လိုက်ကတည်းက
နိဗ္ဗာန် က ရောက်ပြီးနေပြီ…။ လှူတာ ကနောက်မှ လှူတာ ။
ဒီတော့ လှူလို့နိဗ္ဗာန်ရောက်တာလား ။
နိဗ္ဗာန်ရောက်လို့ လှူတာလား ။
(နိဗ္ဗာန်ရောက်လို့လှူတာပါဘုရား)
အေး - မလှူခင်ကတည်းက
နိဗ္ဗာန် ရောက်နေတာပါလားလို့ သိလိုက်တော့ ဒီအလှူက နိဗ္ဗာန်ကို သိပြီးမှ လှူတဲ့အတွက် ဝိဇ္ဇာဥာဏ် ဦးစီး တဲ့ အလှူဖြစ်သွားပြီ…။
မသိမှု အဝိဇ္ဇာအမှောင်တွင်းမှ လွတ်ကင်း သွားပြီ…။ ဝဋ်အတွင်းမှ လွတ်ကင်းတဲ့ အလှူ ဖြစ်သွားပြီ ။
ကဲ - ဒါလောက်ဆိုရင်တော့ ဒါနတရားနဲ့ ပတ်သက်လို့ အယူမဝင်ပဲဖြူဖြူစင်စင်နဲ့
ဒါနပြုနိုင်ကြပါပြီနော် ။
ဘုန်းဘုန်းကြီးလည်း မောပြီ ။
မှန်လှပါဘုရား ။ နားတော်မူပါဦးဘုရား ။
အေး - အလှူရှင် ဒကာမကြီးနဲ့တကွ တရား နာကြတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ...
ဒိဋ္ဌိ တဏှာ လက်တွင်းမှ လွတ်ကင်းလို့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ ။
တဒင်္ဂဝိမုတ္တိ ပတ္တံကာမာဝစရ ကုသလစိတ္တံ ။
ကာမာဝစရ - ကုသိုလ်စိတ်ဖြင့်
တဒင်္ဂနိဗ္ဗာန်မှ ဝိက္ခမဘဏနိဗ္ဗာန်
သမုစ္ဆေဒနိဗ္ဗာန်သို့ ရနိုင်ရောက်နိုင်
ကြပါစေကုန်သတည်း ။
သာဓု သာဓု သာဓု ပါ ဘုရား ။

ဒီမှာက မန့်ထဲက အခြေအတင် အပြန် အလှန် ဆွေးနွေးချက်တွေပါ
ယူစရာ တပုံတပင်နဲ့ ခံယူမှု သဘောထား ရှုမြင်ပုံ စသည့် အချက်အလက်တွေကို သုံးသပ် ဝေဖန်ကြည့်ပြီး ဆောင်ရန် ရှောင်ရန် ပယ်ရန် ယူရန် တွေကို လိုသလို အသုံးပြုနိုင်ကြပါစေ
မန့်ထဲမှာ ပုဂ္ဂိုလ်လေးဦးပါပါတယ် အမည် နာမများ ဖျောက်ထားပြီး ဖော်ပြပေးပါ မယ် ရဟန်းတစ်ပါးနဲ့ လူ ၃ ဦး ဆွေးနွေးထားတာပါ
ရဟန်းကို A လို့ မှတ်ပါ
ပထမလူ B
ဒု C
တ D
အဲလို နာမ်စားသုံးပြီး ဖော်ပြပေးသွား ပါမယ်
‪#‎A‬
ပေးလှူတတ်သော ဒါနကုသိုလ်ကံ စေတနာ သည် လောဘကို အကြွင်းမဲ့ မပယ်နိုင်ပါ။ အရဟတ္တမဂ်ကသာ လောဘကို အကြွင်းမဲ့ ပယ်သတ်နိုင်ပါ သည်။ ဒါနကုသိုလ် ပြုလုပ် ဖူးသော ပုဂ္ဂိုလ် များ နောက်ထပ် လောဘတွေ ထပ်မဖြစ်တော့ဘူလား?
လောဘတွေ ထပ်ဖြစ်နေလျှင် နိဗ္ဗာန် ရောက် တယ် ဆိုတာ ဟုတ်နိုင်ပါ့မလား? သတိထား၍ ရှောင်ရှားကြပါကုန်... အမှားကိုကား လူအများ ရှောင်ရှားနိုင်ပါ စေ...
‪#‎B‬ က ပြောတယ်
( သောတာပန်က လောဘ အကြွင်းမဲ့ ပယ်သတ်ထားပါသလား)
ဒါဆို သောတာပန်က ကိလေသာ တန်း လန်းနဲ့ နိဗ္ဗါန်မမြင်ဘူးသဘော ဖြစ်နေရင် ဘုရားဟောနဲ့ မဆန့်ကျင်ဘူးလား?
လောဘထပ်ဖြစ်ရင် နိဗ္ဗါန်မမြင်သေး ဆိုတာ လောဘက ဘယ်လောဘ ပါလဲ
ဒီလို အမေးစကား နဲ့ ပြန်ပြောထားတယ်
#B ကပဲ ပြန်ဖြေတယ်
အလိုမှန်သမျှ လောဘပါပဲ ဘုရား။
ဘုရားဟောကို ဆန့်ကျင်ပြီး မပြော သင့် ပါ။ သူ့အဆင့်နဲ့သူ ကိလေသာ ချုပ်တာ မို့ လေးဆင့် ခွဲထားတာပါ။ ဘုန်းဘုန်း သိသင့်ပါတယ်။
မဂ်တား ဖိုလ်တား စကားမျိုး ဘုရားဟော နဲ့ မညီတာ မပြောပါနဲ့ ဘုရား။
ဘုရားရှင် ဟောတဲ့ အမြင်ခံ ဧဟိပဿိက ဂုဏ်နဲ့ အကာလိက ဂုဏ်တော်ကို အနှိုင်းမဲ့ ဗုဒ္ဓစကားကို နားဝယ်ပန်ပါ ဘုရား။
အဝိဇ္ဇာသည်လည်း အမြဲ မရှိကြောင်းကို ………
အဝိဇ္ဇာ ဘိက္ခဝေ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝိရာဂဓမ္မည နိရောဓဓမ္မာ။ (နိဒါနဝဂ္ဂသံယုတ်)
ရဟန်းတို့ အဝိဇ္ဇာသည် မမြဲ ပြုစီရင်ခံရ၏။ အကြောင်းတရားကို စွဲ၍ ဖြစ်၏။ ကုန်ခြင်း သဘော ရှိ၏။ ပျက်စီးခြင်း သဘော ရှိ၏။ ကင်းပြတ်ခြင်း သဘော ရှိ၏။ချုပ်ခြင်း သဘော ရှိ၏ဟု ဟောတော်မူ၏။
အဝိဇ္ဇာသည်လည်း အကြောင်းတရားကို
စွဲ၍ ဖြစ်ပေါ်လာကြောင်းကို သိအပ်၏။
အဝိဇ္ဇာမ္ပာဟံ ဘိက္ခဝေ သာဟာရံ ဝဒါမိ
နောအနာဟာရံ ကောစာဟာရော အဝိဇ္ဇာယ ပဉ္စနီဝရဏာတိဿ ဝစနီယံ။
ရဟန်းတို့ အဝိဇ္ဇာကိုလည်း အကြောင်းနှင့် တကွဖြစ်၏ ဟု ငါဆို၏။ အကြောင်းမရှိ ဟု ငါမဆို ။အဝိဇ္ဇာ၏ အကြောင်းကား အဘယ်နည်း။ နီဝရဏတရား ငါးပါး တည်း ဟု ဟောတော်မူ၏။
*တဖန် မူလပဏ္ဏာသပါဋ္ဌိတော်တွလည်း-
အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော
အာသဝနိရောဓါ အဝိဇ္ဇာနိရောဓေါ။
အာသဝေါတရားတို့ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာ ဖြစ်၏။ အာသဝေါတရားတို့ ချုပ်ခြင်းကြောင့် အဝိဇ္ဇာ ချုပ်၏။
*သဂြိုလ် ပစ္စည်းပိုင်း ပဋိစ္စသမုပ္ပါဒ်နည်း မှာ……
အာသဝါန သမုပ္ပါဒါ အဝိဇ္ဇာစ ပဝတ္တတိ။
အာသဝါနံ-အာသဝေါတရားတို့၏
သမုပ္ပါဒါ-ဖြစ်ခြင်းကြောင့် အဝိဇ္ဇာစ-အဝိဇ္ဇာသည်လည်း ပဝတ္တတိ-ဖြစ်၏။
အဝိဇ္ဇာနှင့် အာသဝတို့ အပြန်အလှန်
ကျေးဇူးပြုကြောင်းကို (မူလပဏ္ဏာသ ပါဋ္ဌိတော် မူလ ပရိယာယဝဂ် သမာဒိဋ္ဌိ သုတ်…ဆဋ္ဌမမူ နှာ-၆၇ မြန်မာပြန် ဆဋ္ဌမမူ-နှာ၇၅) တွင်
အဝိဇ္ဇာ သမုဒယာ အာသဝသမုဒယော
အဝိဇ္ဇာ နိရောဓါ အာသဝနိရောဓေါ။
အဝိဇ္ဇာဖြစ်ခြင်းကြောင့် အာသဝေါတရား
ဖြစ်သည်။ အဝိဇ္ဇာချုပ်ခြင်းငြိမ်းခြင်းကြောင့် အာသဝဝေါ တရားတို့ ချုပ်ငြိမ်းသည် ဟု ဗုဒ္ဓက ဟောတော်မူပါသည်။
အမှန်ကို အမှန်အတိုင်းတိုင်း တရားကိုတရား အတိုင်းတိုင်း မသိမမြင်ကြသောကြောင့် အမှန် ကို အမှားထင် အမှားကို အမှန် ထင်ကြပြီးလျှင် မြင် ကြား နံ စား ထိ သိ တို့အပေါ်၌ ထင်ချင် သလိုထင် မြင်ချင်သလို မြင်၍ ယူချင်သလို ယူ
စွဲချင်သလိုစွဲ နေကြ၍သာ ငြိမ်းအေးမှု
နှင့် ဝေးကြရလေ၏။
-------
‪#‎C‬
ဒုတိယလူက ဝင်ပြောပါတယ်
သောတာပန်သည် ဒိဌိ နှင့် ဝီစီကိစ္ဆာ ကို သာလျှင် သမုစ္ဆေဒပဟာန် အားဖြင့် ပယ် နိုင်လေသည် ကျန်သော
လောဘမူစိတ် ၎
ဒေါသမူစိတ် ၂
မောဟစိတ် ၁ ဥဒ္ဒစ္စ
သောတာပန် သည် ကျန်သော ၇ပါး သော စိတ်
အထက်မဂ် အလို့ငှာ ကျန်ရှိနေပါသော ကြောင့် သတ္တက္ခတ္တုပရမသောတာပန် ဟု ခေါ်ဆို ပညတ် ရလေသည် ကိုကြည့်ခြင်း ဖြင့် သဘော အမှန် တင်ပြပေးရခြင်းပါ ခင်ဗျား
===========
#A ဘုန်းဘုန်းကပြောတယ်
ဒါနကောင်းမှုသက်သက်ဖြင့် နိဗ္ဗာန်ကို မရနိုင်/မရောက်နိုင်ပါ။ ထို့အတူ သီလ ကုသိုလ်ကံ သက်သက်ဖြင့်, သမထ ဘာဝနာသက်သက်ဖြင့် နိဗ္ဗာန်ကိုမရနိုင်/မရောက်နိုင်ပါ။ နိဗ္ဗာန်ကို ရောက်လို/ရလိုလျှင် မြတ်စွာဘုရား ဟောကြားပြ သတော်မူခဲ့သော ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို နည်းစနစ်မှန်မှန် ကျင့်ကြံ ပွားများ ကြိုးစားအားထုတ်မှသာ ဝိပဿနာဥာဏ်စဉ် များ အဆင့်ဆင့်တက်ပြီး မဂ်,ဖိုလ်,နိဗ္ဗာန်ကို ရောက် နိုင်/ရနိုင်ပါ သည်။
''န ဟိ မဂ္ဂါ ပဋိပဒါ မဂ္ဂါဓိဂမောနာမ အတ္ထိ"
မြတ်စွာဘုရား နည်းညွှန်ပြခဲ့သည့် ဝိပဿ
နာ ဘာဝနာကမ္မဋ္ဌာန်းကို နည်းစနစ် မှန်ကန်စွာ မပွားများ,မအားထုတ်ဘဲ မဂ်,ဖိုလ်,နိဗ္ဗာန်ကို ရခြင်း မည်သည် မရှိပါ။ အမြင်မှန် ရနိုင်ကြ ပါစေ...
မြတ်စွာဘုရား၏ ဝါဒသည် နောက်ထပ် တစ်ဖန် ပြန်လည်၍ မပူလောင်ရသော ငြိမ်းအေးချမ်း သာမှု "သန္တိသုခ" အစစ် အမှန် ဟုတ်သည် ကိုသာ "နိဗ္ဗာန်" ဟု ယူဆသော ဝါဒ ဖြစ်ကြောင်း ထင်ရှား သည်။
ကျောက်သင်္ဘောဝါဒသည် နောက်ထပ် တစ်ဖန် ပြန်လည်၍ ပူလောင်ရသော ငြိမ်းအေးချမ်းသာမှု "သန္တိသုခ" အစစ် အမှန် မဟုတ်မမှန်သည် ကို "နိဗ္ဗာန်" ဟု ယူဆဟောပြောသောဝါဒ ဖြစ် ကြောင်း လည်း ထင်ရှားသည် ဟု ဝိနည်းဓိုရ် ဆရာတော်များက ဝေဖန်သုံးသပ်တော် မူကြ သည်။(ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ နှာ-၃၄၅။)
ဖတ်ဖူးရင် သဘောပေါက်လောက်ပါပြီ..အမြင်မှန်ရ
ကြပါစေ...အဓမ္မော နိရယံ နေတိ...
=========
#B ပထမလူက ပြန်ပြောတယ်
အရှင်ဘုရား တပည့်တော်နဲ့ အမေး အဖြေ လုပ်ကြည့်ပါဘုရား တရားဆွေးနွေးကြည့် ပါ အပြန် အလှန်ပေါ့ ဘုရား။
=========
#A
ဒကာကြီး..ဒါနသက်သက်နဲ့ နိဗ္ဗာန်ရောက်နိုင်ပါသလား?
===
#B
အရှင်ဘုရား ဒါနသက်သက် ရောက်တယ် လို့ ဘယ်သူမှ မပြောပါ။ ဒါနလှူုခိုက်မှာ စိတ်က အလောဘ အဒေါသ အမောဟ ယှဉ်ခိုက် ကိလေသာ ရှိပါသလား ဘုရား။
#A
ပုထုဇဉ်တွေ လှူတဲ့ ဒါနလှူခိုက်မှာ ကိလေသာ တွေ ရှိပါတယ်...အနုသယ ယမကမှာ မြတ်စွာ ဘုရားဟော ထားပါတယ်...
#B
အရှင်ဘုရား အနုသယက ဧကံလား အနေကံ လားဘုရား ဖြေပေးပါ။တည့်တည့်ဖြေပါဘုရား။
#A
အနုသယကိလေသာရှိတာကို လက်ခံပါ သလား?
အဲဒါကို အရင်ဖြေပါ..
#B
အနုသယဆိုတာမသင့်မတင့် နှလုံးသွင်း မှားမှ ဖြစ်တာပါ။ သူက အရှိတရား မဟုတ် ပါ။ အဖြစ်တရားပါ။
#A
လက်ခံတယ်ပေါ့
#B
အရှင်ဘုရား ကိလေသာက အမြဲ ရှိတဲ့ တရားလို့ ဘုရားရှင် ဟောသလားဘုရား။
#A
လက်ခံ/မခံအရင်ဖြေပါဦး
#B
အနေကံပါဘုရား။
#A
ဦးဇင်းမေးခွန်းကို အရင်ဖြေပေးပါ
#B
အရှင်ဘုရား ကိလေသာက အမြဲရှိတဲ့ တရားလို့ ဘုရားရှင် ဟောသလားဘုရား။
အနေကံလို့ ဖြေပြီးပါပြီဘုရား။
အနုသယဆိုတာ မသင့်မတင့် နှလုံးသွင်း မှားမှ ဖြစ်တာပါ။ သူက အရှိတရား မဟုတ်ပါ။အဖြစ်တရားပါ။
ဧကန်လား အနေကံလား ဖြေပြပါ ဘုရား။ သိမှုစိတ်သည်ပင်လျှင် အကြောင်း ပြည့်စုံ မှ ဖြစ်ရသဖြင့် သိမှုစိတ်ကို မသင့်မတင့် နှလုံး သွင်းမှ ဖြစ်ရမယ့် ကိလေသာက အမြဲ ရှိတော့ အရှင်ဘုရားက သဿတ ဒိဋ္ဌိ အယူသမားလား ဘုရား။
ဘုရားရှင်က ခယဝယလို့ ဟောပါတယ်။
ကိလေသာတရားကိုလဲ အနိစ္စဓမ္မလို့ ဟောပါ တယ်။ ရှုထောင့်စုံမှ ငြင်းပါဘုရား။
အရှင်ဘုရား မဖြေသေးပါလား ဘုရား
ဧကန်လား အနေကံလား ဖြေပြပါဘုရား။
နိဗ္ဗါန်က အရှိတရားဆိုရင် ကိလေသာက မရှိတရားပါ ဘုရား။ ငြင်းချင်ရင် ငြင်းနိုင် ပါတယ် ဘုရား။
ဧဟိပဿိက သြပါနေယျိကပါ ဘုရား။ အပ္ပမာဒေန ဆိုတဲ့ ဘုရားရှင်မှာတဲ့ ဝယ သဘောက ထူထောင်တဲ့ သင်္ခါရအဖြစ် နာမ်ကို ဝယ ခယ ဆိုတာ အနိစ္စထဲ ထည့်ခိုင်းတာပါ။
#A
ဧကန်, အနေကန် ဖြေဆိုရန် ဘယ် ကျမ်းဂန်မှာ ပြသနည်း?
ဦးဇင်း၏ အတ္တနောမတိ အယူဝါဒ လုံးဝ မရှိပါ။ နိုင်ငံတော်သံဃမဟာနယက အဖွဲ့ကြီးက ဖွဲ့စည်း ပေးထားသော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် စဉ်(၁)က ကျောက်သင်္ဘောဝါဒသည် မြတ်စွာဘုရား၏ ဓမ္မဝါဒနှင့် ဆန့်ကျင် သော အဓမ္မဝါဒ ဖြစ်သည်-ဟု ဆုံးဖြတ် ချက်ချထား သည့် "ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယကျမ်း" အတိုင်း တင်ပြပေးခြင်း ဖြစ်ပါသည်။
ထိုကျမ်းစာအုပ်ကို လက်မခံ လျှင် လက်မခံနိုင် ရခြင်း၏ အကြောင်းကို ပြ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ လျှောက်ထားပါ။
ကျန်းမာပါစေ...
#B
အရှင်ဘုရား ဗုဒ္ဓဟောတာနဲ့ ဝိနိစ္ဆယ ဘယ်ဟာ အတည်ယူမလဲ ဘုရား။
အရှင်ဘုရား တခွန်း ဖြေကြည့်ပါ ဘုရား။
တပည့်တော်မေးတာ ပြန်ဖြေပါဘုရား။
------------------
‪#‎အကုသိုလ်‬ ဒီမှာ တစ်ချက် မှတ်ထားပါ
ပြန်မဖြေဘဲ ထားပါတယ် စကားလမ်း လွှဲ သွားလို့ မှတ်ထားခိုင်းရတာပါ
#A
ပုထုဇဉ်တွေ လှူတဲ့ ဒါနအလှူပြုခိုက်မှာ လောဘ စတဲ့ ကိလေသာတွေ ရှိပါတယ်... အနုသယ. ယမကမှာ မြတ်စွာဘုရား အကျယ် ဟောထား ပါတယ်.. လေ့လာ ကြည့်ပါ...ဘုရားဟောကို လက်မခံဘူး ဆိုရင်တော့...
#B
အရှင်ဘုရား ကိလေသာက အမြဲရှိတဲ့ တရားလို့ ဘုရားရှင် ဟောသလား ဘုရား။
အနေကံလို့ ဖြေပြီးပါပြီဘုရား။အနုသယ ဆိုတာ မသင့်မတင့် နှလုံးသွင်းမှားမှ ဖြစ် တာပါ။ သူက အရှိတရား မဟုတ်ပါ။ အဖြစ်တရားပါ။
အရှင်ဘုရား ကိလေသာက အမြဲရှိတဲ့ တရားလို့ ဘုရားရှင်ဟောသလားဘုရား။
အရှင်ဘုရား မဖြေသေးပါလား ဘုရား
အနုသယက ဧကန်လား အနေကံလား
ဖြေပြပါဘုရား။
တပည့်တော် အရှင်ဘုရားကို သံဃာဂုဏ် ရည်မှန်း၍ ကန်တော့ပါ၏ ဘုရား။ သိမြင် ရေးအတွက် ပြောမိတာပါ။ စကား အမှား ပါက ခွင့်လွှတ်တော်မူပါဘုရား။
#A
အနုသယကိလေသာရှိတာကို လက်ခံ/လက်မခံ အရင်ဖြေပါဦး.. အဲဒ်ီ မေးခွန်း အဖြေရပြီးမှ ဆက်လက် ဆွေးနွေးပါမယ်...
#B
အနုသယကိလေသာ အမြဲရှိတယ် ဆိုရင် အရှင်ဘုရားက ဘုရားရှင်ကို ဆန့်ကျင် နေတာပါ ဘုရား။
အနေကံ ပါဘုရား။
အရှင်ဘုရားကို ဖြေပါဆိုတော့ ဘာလို့ မဖြေတာ ပါလဲ?
အနုသယ အမြဲ ရှိပါသလား ဘုရား။
ဖြေကြည့်ပါ။
#A
မဂ်နဲ့ မပယ်ရသေးသမျှ လောဘစတဲ့ ကိလေသာတွေ အနုသယအနေနဲ့ ကိန်း နေတယ် ဆိုတာကို လက်ခံပါ သလား?
#B
အရှင်ဘုရား အနုသယက ဧကံလား အနေကံ လား ဘုရား ဖြေပေးပါ။ တည့်တည့် ဖြေပါဘုရား။
အရှင်ဘုရား ကိလေသာက အမြဲရှိတဲ့ တရားလို့ ဘုရားရှင် ဟောသလားဘုရား။
#A
ဒကာတော် အနုသယကိလေသာ ရှိတာ ကို လက်ခံလား? လက်မခံဘူးလား? တိတိကျကျ အဖြေပေးပါ..
မဖြေချင်ရင်လည်း အနုသယကိလေသာ ကို လက်မခံတဲ့ ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒ အဖြစ် ဆုံးဖြတ်ထားတဲ့ ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယစာအုပ် စာမျက်နှာ-၄၃၉ မှ ၄၅၅ အထိ ပြန်လည် ကြည့်လိုက်ပါဦး...
အဲဒီစာအုပ်ကို ဖတ်ပြီး ပြီလို့ ဒကာတော် ပြောတယ်နော်..
အဲဒီစာအုပ်မှာပါတဲ့ ဆုံးဖြတ်ချက်အတိုင်း သန္နိဋ္ဌာန်ကျ မှတ်ယူလိုက်ပါ။
မြတ်စွာဘုရား၏ ဝါဒသည် ပုထုဇဉ်, အောက် ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သက်ဆိုင်ရာ အနုသယကိလေသာ ရှိနေသည် ယူဆသော ဝါဒဖြစ်ကြောင်း ထင်ရှားသည်။
" ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အစဉ်အမြဲ ကိန်းဝပ်နေ တဲ့ အနုသယကိလေသာ လုံးဝ မရှိ" ဟု ယူဆ ထားသော ကျောက် သင်္ဘောဝါဒ သည် မြတ်စွာ ဘုရား၏ ဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျ င် လျက် ရှိသော ဝါဒမှား ဖြစ်ကြောင်းလည်း ထင်ရှားသည် ဟု ဝိနည်းဓိုရ် ဆရာတော် များက စိစစ် ဝေဖန်တော်မူကြသည်။ (ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ နှာ-၄၅၅။)
အနုသယဧကန်/ အနေကန် ဆိုတဲ့ အသုံးအနှုန်းက ဘယ်ပိဋကတ်တော်မှာ ပါတဲ့ အသုံးအနှုန်းလဲ? ကျမ်းဂန်ထောက် ပြပါ...
#C
အနုသယ မသိရင် ကိန်းတဲ့သဘောသိရင် ငြိမ်းတဲ့သဘော ရှိပါတယ် မသိရင် ကိန်း သိရင်ငြိမ်း အဲလိုမှမဟုတ် အမြဲကိန်းတယ်ဆိုရင် ရဟန္တာဆိုတာ ဆိတ်သုန်းနေမှာပေါ့
ဒါနက နိဗ္ဗာန်ရောက်တာ မဟုတ် လှူမယ် လို့ စိတ်ကူးကထဲက ဒီငွေအပေါ် လောဘ ကုန်လို့ စေတနာ ဆိုတဲ့ စိတ် ကလေးက ဖြူစင်လို့မို့ ဒေါသ မရှိပါ လောဘ ဒေါသ မရှိတဲ့ စိတ်အေးရာ နဲ့ ပေါင်းနေပါတယ်
အမည်ပေးလိုက်ပါ ကိုယ်တော်တွေက ပိုသိရ မှာလေ ဒေသနာ ခံရင်တော့ မာန်ချမှ ဟန်ကျ မယ်
#B
ကိလေသာက အမြဲရှိတယ် ပြောနေခြင်း သည် ထပ်တလဲလဲ အမှန်အမှား မသိဘဲ ပြောနေတာ ဘုရားဟောကို ဆန့်ကျင်နေ တာ အရှင်ဘုရားက အဓမ္မဝါဒီပါ ဘုရား။ အရှင်ဘုရား တပည့်တော် ဆက်တင်ပေး ပါ့မယ် ဖတ်ပြီးရင် အဲဒီ အနုသယက ဧကန် ယူထားတဲ့ အယူ စွန့်ပါ ဘုရား။
အနေကန်ပါ ဘုရား
#C
သောတပတ္တိမဂ်သည် ဒိဋ္ဌာနုသယနဲ့ ဝိစိကိစ္စာ နုသယ ပယ်သတ်ပါတယ်
သကဒါဂါန်မိမဂ်က ပဓိဂါနုယကို ပယ် သတ်တယ်
အနာဂါန်မိမဂ်က မာနနုသယနဲ့
ကာမနုသယကို ပယ်သတ်တယ်
အရဟတ္တမဂ်က ဘဝနုသယနဲ့
အဝိဇ္ဇာနုသယကို ပယ်သတ်တယ်
အနု့သယ ၇ ပါး သူ့မဂ်နဲ့သူ အဆင့် ပယ်သတ်တယ်ဆိုတာကော လက်ခံပါ သလား လက်မခံရင် ဒီသာသနာမှာ
သောတာပန် ဆိုတာကို မရှိဘူးပေါ့
#D
အရှင်ဘုရား ကိလေသာ ဆိုတာတွေက အမြဲ ရှိတဲ့တရား မဟုတ်ပါဘုရား ။
နိဗ္ဗာန်တရားကသာ အမြဲ ရှိတဲ့တရားပါ ။
ကိုယ်က မသိကြလို့သာပါ ။
အခုလို ဝင်ရောက်ဆွေးနွေးပေးတာ ကျေးဇူးပါဘုရား ၊သို့သော် တရားတွေကို တရားအတိုင်းသာ ဆွေးနွေးစေချင်ပါ သည် ဘုရား ။ သို့မှသာ မိမိ သူတစ်ထူး နှစ်ဦးနှစ်ဖက် အကျိုးများကာ သာသနာ ပြုရာ ရောက်ပါသည် ။
တရားဆိုတာ ကိုယ်ဥာဏ်မှီသလောက်ပဲ
သိကြမှာပါ ၊ ဒီကနေ တစ်ဆင့်တစ်ဆင့်
သတိသံပ္မဇဉ် ဥာဏ်ယှဉ်ပြီး တက်ယူကြရ မှပါ။ မည်သူမှ အပြစ်မရှိ ၊ ကိုယ်သိ သလောက် သိပါမည် ။ သိဖို့သာ လိုရင်းပါ ဘုရား ။
ပယ်ဖို့သတ်ဖို့ ကိုယ့်အလုပ် မဟုတ် ၊
ကိုယ်သိသည့် ကိုယ့်အသိက ပယ်သတ် သွားပါမည် ။
သိဖို့ရာသာ ကိုယ့်အလုပ်ပါ ။
တရားသိဖို့ရာသာ အရှင်ဘုရားတို့ တပည့်တော်တို့ အလုပ်ပါ ဘုရား ။
သမ္မာသဗ္ဗုဒ္ဓ ဘုရားရှင်တို့၏ ဥာဏ်တော် အား ပစ္စေကဗုဒ္ဓါဘုရားငယ်တို့ လိုက်၍ မမှီနိုင်ပါ ။
ပစ္စေကဗုဒ္ဓါဘုရားငယ်တို့၏ ဥာဏ်တော် အား မဟာသာဝကတို့ လိုက်၍ မမှီနိုင်ပါ ။
မဟာသာဝကတို့၏ ဥာဏ်တော်အား
အဂ္ဂသာဝကတို့ လိုက်၍ မမှီနိုင်ပါ ။
အဂ္ဂသာဝကတို့၏ ဥာဏ်တော်အား
ပကတိသာဝကတို့ လိုက်၍ မမှီနိုင်ပါ ။
ပကတိသာဝကတို့၏ ဥာဏ်တော်အား
အရိယာပုဂ္ဂိုလ်တို့ လိုက်၍ မမှီနိုင်ပါ ။
အရိယာပုဂ္ဂိုလ်တို့၏ ဥာဏ်တော်အား
အရိယာနွယ်ဝင်ပုဂ္ဂိုလ်တို့ လိုက်၍ မမှီ နိုင်ပါ ။
အရိယာနွယ်ဝင်ပုဂ္ဂိုလ်တို့၏ ဥာဏ်တော် အား ဝိပဿနာယာနိကပုဂ္ဂိုလ်တို့ လိုက်၍ မမှီနိုင်ပါ ။
ဝိပဿနာယာနိကပုဂ္ဂိုလ်တို့၏ ဥာဏ်တော်အား ကလျာဏ သူတော်စင် တို့ လိုက်၍ မမှီနိုင်ပါ ။
ကလျာဏသူတော်စင်တို့၏ ဥာဏ်တော် အား ပုထုဇဉ်တို့ လိုက်၍ မမှီနိုင်ပါ ။
ဆရာ #B တင်ပြပေးထားသော တရား တော်များသည် အမှန်တွေချည်း ပါပဲ ။
ကိုယ်ဥာဏ်နှင့်သာ ချင့်ချိန်ပြီး အသုံး ချကြရပါမယ် ။တရားဆိုတာ အသုံးချဖို့ပါ စွဲယူ ဆုပ်ကိုင်ထားဖို့ မဟုတ်ပါဘူး ။
မြင် ၊ ကြား ၊ နံ ၊ စား ၊ ထိ ၊ သိ , အာရုံဒွါရ
အကြောင်းမကင်းကြလို့ ပေါ်သိပျက် အနေအားဖြင့် ဖြစ်ပေါ်လာတဲ့ ထင်ရှား ရှိတဲ့ ပဉ္စဝိဥာဏ် သင်္ခတ ပရမတ်သဘော ကို , ရုပ်နာမ် ပဉ္စာရုံ ပဉ္စက္ခန္ဓာကို ,
ဥပါဒ် ထီ ဘင် ခဏငယ် သုံးချက်ဖြင့်
ပေါ်သိပျက် သဘော သက်သက်က မပိုပါဘူး ဟု မိမိဥာဏ်ဖြင့် အပြတ် သိလိုက်ပါ ။
၁။ အမြင်ခံ စက္ခုပသာဒရုပ် အပေါ်
မြင်လျှင်, အကြောင်းမကင်းတဲ့အခါ
သိတဲ့သဘော ပဉ္စက္ခန္ဓာ ဖြစ်တာ မှန်ပါ တယ် ။
၂။ အကြားခံ သောတပသာဒရုပ်အပေါ်
ကြားလျှင် , အကြောင်းမကင်းတဲ့အခါ
သိတဲ့သဘော ပဉ္စက္ခန္ဓာ ဖြစ်တာ မှန်ပါ တယ် ။
၃။အနံ့ခံ ဂန္ဓပသာဒရုပ်အပေါ်နံလျှင် , အကြောင်းမကင်းတဲ့အခါ သိတဲ့သဘော ပဉ္စက္ခန္ဓာ ဖြစ်တာ မှန်ပါတယ် ။
၎။အစားခံ ဇီဝှာပသာဒရုပ်အပေါ်စားလျှင် , အကြောင်းမကင်းတဲ့အခါ သိတဲ့သဘော ပဉ္စက္ခန္ဓာ ဖြစ်တာ မှန်ပါတယ် ။
၅။ အတွေ့ခံ အထိခံ ကာယပသာဒရုပ် အပေါ်တွေ့ထိလျှင် , အကြောင်းမကင်း တဲ့အခါ သိတဲ့သဘော ပဉ္စက္ခန္ဓာ ဖြစ်တာ မှန်ပါတယ် ။
ဒီပဉ္စဝိဥာဏ် သင်္ခတပရမတ်သဘော
ပဉ္စာရုံ ပဉ္စက္ခန္ဓာငါးပါး အမှန်တရား
ပရမတ် ဖြစ်ပျက်များဟာ ခဏငယ် သုံးချက် ဖြစ် တည် ပျက် လျက် လမ်းဆုံး လမ်းစ ပြတ်သွားပါတယ် ။
ဒီသဘာဝ ဝိဘက်ခန္ဓာတရားကြီးအပေါ်၌ ဖြစ်တိုင်းဖြစ်တိုင်း ဖောက်ပြန်တဲ့ ရုပ်ပဲဖြစ် ဖြစ် ၊ ခံစားတဲ့ ဝေဒနာပဲဖြစ်ဖြစ် ၊မှတ်သား တဲ့ သညာပဲဖြစ်ဖြစ် ၊ပြုပြင်တဲ့ သင်္ခါရပဲ ဖြစ်ဖြစ် ၊ အရာရာ သိသိနေတဲ့ ဝိဥာဏ် ပဲဖြစ်ဖြစ် ၊ ဖြစ်ပေါ်သမျှအားလုံးဟာ
ဖြစ်ဖြစ်ချင်းပဲ ပျက်ရပါသောကြောင့် မမြဲ ခြင်းကြောင့် အနိစ္စသဘော မှန်ပါတယ် ။
ချမ်းသာမှုမရှိ ဆင်းရဲခြင်းကြောင့် ဒုက္ခ ဖြစ်တာ မှန်ပါတယ် ။
ဘယ်လိုသိသိ ဘယ်ပုံသိသိ ကိုယ့်အလို သို့ မလိုက် အကြိုက်သို့ မပါခြင်းကြောင့်
အနတ္တ ဖြစ်တာ မှန်ပါတယ် ။
တင့်တယ်မှုမရှိ၊ တင့်တယ်မှု ဆိတ်သုန်း တဲ့ သဘောမို့ အသုဘ ဖြစ်တာ မှန်ပါတယ် ။
ထိုကဲ့သို့ လက္ခဏာဥာဏ်ဖြင့် လက္ခဏာ ရေးသုံးပါး ထိုက်ကုန်၏ ဟု ဝေဖန် သုံးသပ် ဆင်ခြင်ဥာဏ် ဖြစ်ခဲ့သည် ရှိသော် သတိသံဝေဂ ၊ ဥာဏသံဝေဂ ၊ ဓမ္မသံဝေဂဟု ဆိုအပ်သောသံဝေဂ သုံးပါး တို့၌ သတိသံဝေဂ ဖြစ်တဲ့အပေါ် ငါစွဲ ကင်းပါတယ် ။
ဥာဏသံဝေဂ ဖြစ်တဲ့အပေါ် ငါမာန် ကင်း ပါတယ် ။
ဓမ္မသံဝေဂ ဖြစ်တဲ့အပေါ် အယူကင်းပါ တယ် ။
ဤသို့ ပေါ်ပေါ်ချုပ်ချုပ် မိမိဥာဏ်ဖြင့် အုပ်နိုင်ပါက သံဝေဂဥာဏ် အမြင်သန်၍
ဥာဏ်အဆင့် တက်လျှောက် ဥာဏ်အား ကောင်းခါ ဝိပဿနာအရာ ရှုမှတ်မှု ကိစ္စ အဝဝ ပြီးဆုံးလျှက် နာမ်ရုပ်အနွယ် ကင်း ရှင်း ပြတ်နိုင်ပါတယ် ဓမ္မမိတ်ဆွေ အပေါင်း သူတော်ကောင်းတို့ ။
မရှိတာက ရာဂ လောဘ ဒေါသ မောဟ တရား ၊အမြဲရှိနေတာက ရာဂ လောဘ ဒေါသ မောဟ လွတ်ရာတရား ၊ ယခုချိန် လေးမှာ မိမိစိတ်ကလေးကို ကြည့်ကြည့် ပါ ။တဏှာရာဂ ၊ လောဘ ၊ ဒေါသ တွေ ဖြစ်နေသလား ၊တဏှာရာဂ ၊ လောဘ ၊ ဒေါသ တွေ ဖြစ်မနေဘူးလား ၊ တဏှာ ရာဂ ၊ လောဘ ၊ ဒေါသ တွေ အဖြစ် ကင်းနေသလား ၊ဖြစ်ရင် ဖြစ်မှန်းသိ ၊
မဖြစ်ရင် မဖြစ်မှန်းသိ ၊အဖြစ်ကင်းနေရင် အဖြစ်ကင်းမှန်း သိ ။ သိရင် အမောဟ ၊ မသိရင် မောဟ ၊ ကိုယ့်စိတ် မောဟ ဖြစ် နေသလား ? ၊အမောဟ ဖြစ်နေသလား ? ။
ယခုကြည့် ယခု သိပါတယ် ။
လောဘ ဒေါသ မောဟ တွေက ကိုယ့် စိတ်မှာ အမြဲဖြစ်မနေပါဘူး ၊ ကိုယ်က သွားလုပ်မှ ဖြစ်တာပါ ။ လောဘ ဒေါသ မောဟ တွေ မရှိတော့ လောဘ ဒေါသ မောဟ မရှိတဲ့စိတ်ကလေးဟာ အေးချမ်း နေပါတယ် ။ လောဘစိတ် ဒေါသစိတ် မောဟစိတ်တွေနဲ့ မပေါင်းသရွေ့ ကိုယ့် စိတ်ကလေးဟာ အမြဲတမ်း အေးချမ်းနေ ပါတယ် ။ ဒီလို မြင်သိရပါမယ် ။ သိရင် သိသလိုလေး နေလိုက်ပါ ။ သိတာ ဝိဇ္ဇာ
သိသလိုလေးနေတာ စရဏ ။ သိတိုင်း သိတိုင်း သိသလိုလေး နေတာများလာရင်
တဖြည်းဖြည်းနဲ့ နေတတ်တဲ့အကျင့် ဖြစ် သွားပါတယ် ။
ရှိတဲ့တရားကို သိတဲ့ဥာဏ် မဖြစ်လို့ ၊
မရှိတဲ့တရားကို ရှိအောင်လုပ်နေလို့ ၊
ဆင်းရဲနေကြရတာပါ ။
မရှိတဲ့တရားကို ရှိအောင်မလုပ်နဲ့ ၊ ရှိတဲ့ တရားကို ရှိမှန်း သိကြပါ။
အာရုံတွေအပေါ်မှာ လိုမလို ၊ ကြိုက် မကြိုက်နဲ့ ချဉ်ချင်းတပ်ပြီး ခံစားနေတတ် တဲ့ အလိုအာသဝ အာရုံတွေပေါ်မှာ
ပြေးလွှားနေတဲ့စိတ်ကို အနားပေးလိုက် ပါ။
မြင်ရာ ကြားရာ နံရာ စားရာ ထိသိရာ အပေါ်မိမိစိတ်မှာ မိမိစိတ်က လိုမလို ကြိုက်မကြိုက်နဲ့ ထူထောင်နေလို့ ဖြစ်နေတဲ့ ကိလေသာကိုမြင်အောင်
ကြည့် ပါ။ နဂိုက မရှိပါပဲလျှက် ဖြစ်အောင် ပြုလို့ ဖြစ်လာတတ်တဲ့ သမုဒယနဲ့ ဒုက္ခ ဖြစ်ကြောင်းကို သိအောင် ကြိုးစားကြပါ။
သတ္တဝါတွေရဲ့  နှလုံးအိမ်ကို ပူလောင် စေတတ်တဲ့ အကြောင်းတရားကို မထူ ထောင် မိပါစေနဲ့။
ကိုယ်ကျင့်ပျက်ငြား - ထိုသူအား
ဆင်းရဲရှည်ကြာ နေရမည် ။
ကိုယ်ကျင့်ရှိငြား - ထိုသူအား
ချမ်းသာသုခ တိုးပွားမည် ။
စိတ်ထားကြည်လင် - ဥာဏ်နှင့်ယှဉ်
ကျင့်စဉ် ဗုဒ္ဓ ဟောခဲ့သည် ။
တရားအားထုတ်တယ်ဆိုတာ စိတ် ကလေးကို ပဝါဖြူလေးလို ဖြူစင် သန့်ရှင်း အောင် လုပ်နေတာပါ။
စိတ်ကလေးကို ဖြူအောင်ထားတယ် ဆိုတာ စိတ်တွေကို ကိလေသာနဲ့ မပေါင်းမိအောင် -စိတ်ကို ပူလောင်စေ တတ် ညစ်နွမ်းစေတတ် နှိပ်စက် ညှဉ်းပန်း တတ်တဲ့ လောဘ ဒေါသ မောဟ
ကိလေသာတွေနဲ့ မပေါင်းမိအောင်
"စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲ ဖြစ်နေအောင် သတိလေးထားပြီး အမြဲနေ ရမှာပါ" ။
© မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ
မဖြစ်အောင်
© ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ
ပပျောက်သွားအောင်
© မဖြစ်သေးတဲ့ စိတ်ကောင်း စိတ်မြတ် တွေဖြစ်ပေါ်လာအောင်
© ဖြစ်ပြီးသား စိတ်ကောင်း စိတ်မြတ်တွေ
တိုးပွားလာအောင် မိမိစိတ်ကလေးကို သတိ ဝိရိယထားပြီး စောင့်ကြည့်တဲ့ အလုပ် လုပ်ကြရမှာပါ ။
စိတ်ထားကြည်လင် ဥာဏ်နှင့်ယှဉ် ဆို တာ မိမိရဲ့ ဖြူစင်သန့်ရှင်းနေတဲ့ မူလ စိတ်ကလေးကို ပူလောင်စေတတ်
ညစ်နွမ်းစေတတ် နှိပ်စက်ညှဉ်းပန်း တတ်တဲ့ လောဘ ဒေါသ မောဟ ကိလေသာတွေနဲ့ မပေါင်းမိအောင်
"စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲဖြစ်နေအောင်" သတိဥာဏ်ယှဉ်ပြီး နေရမှာပါ ။
မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ
မဖြစ်အောင် ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှု တွေ ပပျောက်သွားအောင် မဖြစ်သေး တဲ့ စိတ်ကောင်း စိတ်မြတ်တွေဖြစ်ပေါ်လာ အောင် ဖြစ်ပြီးသား စိတ်ကောင်း စိတ် မြတ်တွေ တိုးပွားလာအောင် မိမိစိတ် ကလေးကို သတိ ဝိရိယထားပြီး စောင့် ကြည့်တဲ့ အလုပ် လုပ်ကြရပါမယ် ။
#B
တရားဟူသည်ကား မည်သူ မည်ဝါ မည်သည့်ပုဂ္ဂိုလ်၏ တရားဟူ၍ မမှတ် ကြရာ။
ဘုရားရှင်ဟောသောတရားသည်
ခန္ဓာငါးပါး၏ တရားသာ ဖြစ်သည်။
ခန္ဓာငါးပါးနှင့် တိုက်ဆိုင်စစ်ဆေး
ကြည့်ရမည်။
-----------------------------
စာဖတ်သူ အနေဖြင့် ခွဲခြားဝေဖန် သုံးသပ်
ဆုံးဖြတ်နိုင်ပြီး ယူစရာ ပယ်စရာ တွေ လည်း ရယူနိုင်ပြီး ဖြစ်ကြမည်ဟု အကုသိုလ် ယူဆပါသည်
အကုသိုလ် အနေဖြစ်တော့ မည်သို့မျှ မပြောလိုတော့ပါ

လက်ယာရံ၏ ဝစန

ဘုရားစကားဟူသမျှတို့၌ "န ရူပံ အတ္တတော သမနုပဿတိ" ဟူသော အနတ္တစကားတော် အတိုင်း ဒွယဒွယ အားဖြင့် နှစ်ပါးနှစ်ပါး ထား၍ ဟောတော် မူသည်ကို အဒွါယ တစ်ခုတည်းပြု၍ အယူဝါဒရေးရာ၌ ယူသောကြောင့် သီလအညံ့ စား ဘာဝနာ အညံ့စား ဒါနအညံ့စား ဟူသော ကုသိုလ်မျိုးဖြင့်သာ နေကြရကုန်၏

ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ အနိစ္စဆရာတော် ဟောကြားတော်မူသော တရားတော်များ


 

 
 
 
၅။ ကံ ကိလေသာ ဝိပါကာ - သူ- ငါ- မှတ်နဲ့ တရားတော်