ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ...


(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူး လွန်ခြင်း ကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လို သတ်ဖြတ် ကြိုးပေးရမလဲ? လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Gandhi)
(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွား ခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းသော ဘာသာတရား တစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၇) ကမ္ဘာပေါ်တွင် မည်သည့် ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည် ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ် စိတ်ပါလက်ပါ စာနာထောက်ထားသော အားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည် ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)
(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်း စင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ် တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူး ကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Gandhi)
(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ
ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)
(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Gandhi)
(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက် နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြား အရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင် ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်း အရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )
(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင် သည် ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာ အားဖြင့် ချွတ်ခြုံကျနေကြ ရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝ သော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ် ကြည့်ဖို့ သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ် ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၅) သက်ရှိ သတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်း ပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ် ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး
အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)
(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)
(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များ ဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယက များထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထား အရာတို့၌ အမြင့်မြတ်ဆုံး ဖြစ်သည့် ဗုဒ္ဓသည် ခရီးသည် ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)
(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)
(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သော စကားထွက်ပေါ်လာသည် ဟူ၍ မည်သည့် အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)
(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်း တစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်း မှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )
(၂၁) ဘာသာကို ကျုပ်လက်ခံ ယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ ဘာသာကြီးများ အနက် တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်း များ ပေါ်ပေါက် လာခဲ့သော် မိမိလက် ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)
(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာ ဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရား များ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက် ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)
(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံ စေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)
(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွား နိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှု ဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်း ရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)
(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာ လူသား ပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၇) ဗုဒ္ဓဘာသာနှင့် ခေတ်သစ် သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန် နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါ တလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲ တားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာ နည်းပါးပေသည်။ (ဖရခန္တီပါလော)
(၃၀) စွမ်းရည်သတ္တိ ဘယ်လောက် သိမ်ဖျင်းသူ ပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေ ပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံး လူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော် ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ

မိန်းကလေးတွေ မုန်းစေနိုင်တဲ့ အချက် ၁၀ ချက်


++++++++++++++++++++++++++
ယောက်ျားလေးများ သတိထားလို့ရအောင် တင်ပေးလိုက်တာပါ။
မိန်းကလေးတွေရှေ့မှာ ကိုယ့်ကို ကြိုက်အောင်ဆိုပြီး လိုသည်ထက် ပိုပြီးပြောဖူးတဲ့ အတွေ့အကြုံရှိမှာပါ။
ကိုကြွားတွေရဲ့ စကားတွေကို စိတ်ပါဝင်စားနားထောင်တာထက် ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ အချိန်လေးတွေလည်း ရှိမှာပါ။
ဂျပန်မှာ မိန်းကလေး အယောက် ၅၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။
၀၁. အရင်တုန်းက ကျောင်းမှာဆိုရင် အရမ်းဆိုးခဲ့တာလေ။
ဆိုးသွမ်းခဲ့တဲ့ အတိတ်ကို ဂုဏ်ယူပြီးပြောနေရင်လည်း မိန်းကလေးတွေအနေကတော့ ကြိုက်ဖို့မပြောနဲ့ ကြောက်လာပါလိမ့်မယ်။
၀၂. ၃ယောက်လောက် တပြိုင်နက် ကိုယ့်ကို ကြိုက်တဲ့သူရှိခဲ့တယ်။
အတိတ်မှာ ဘယ်လောက်ပဲစွန်ခဲ့နေပင်မဲ့လည်း ပစ္စုန်ပန်မှာတော့ မိန်းကလေးတွေရှေ့မှာ ရည်းစားဟောင်းတွေ အကြောင်းကိုပြောရင်တော့ အပြောခံရတဲ့ မိန်းကလေးအနေနဲ့ကတော့ ဒီယောင်္ကျား ဟုတ်ကော ဟုတ်သေးရဲ့လားလို့ ထင်မှာပါ။
၀၃. အလုပ်များလွန်းလို့ ၂ ရက်လောက် မအိပ်ရသေးဘူး။
ကိုယ်က အရမ်းကြိုးစားနေတဲ့အကြောင်းကို အကြောင်းပြပြီး အလုပ်မှာလည်းတော်တယ်လို့ အရိပ်အရောင်ပြချင်ပင်မဲ့လည်း မိန်းကလေးဘက်ကကြည့်ရင်တော့ ကျန်းမားရေးကို ဂရုမစိုက်ပဲ အတူတူနေရင်ရော ကိုယ့်ကို အလေးထားပါ့မလားဆိုပြီး စဉ်းစားမှာ အမှန်ပါ။
၀၄. အမေတို့က အိမ်နောက်တစ်လုံးဝယ်လိုက်လို့ အလုပ်တွေရှုပ်နေတာ။
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပိုက်ဆံရှိကြောင်းကို ဟိတ်ကြီးဟန်ကြီးနဲ့ ပြောနေရင်တော့ လူမုန်းမှာအမှန်ပါ။
အဲဒီလောက်တောင် ပိုက်ဆံရှိနေရင် မုန့်သွားစားရင် ပိုက်ဆံအကုန်ရှင်းခိုင်းလိုက်ပါ။
၀၅. ရည်းစားဟောင်းက မော်ဒယ်လေ။
ရည်းစားဟောင်းက ဘယ်လောက်ပဲလှလှ နောက်မိန်းကလေးတစ်ယောက်ရဲ့ အရှေ့မှာ အဲဒီစကားကိုပြောတာကတော့ ရိုင်းတယ်လို့ထင်ပါတယ်။
၀၆. အမှတ်နည်းနည်းလေးလိုသွားသို့ တခြားကျောင်းရောက်သွားတာ။
ကိုယ်ကတော်တဲ့အကြောင်းကို ကြွားချင်အားကြီးလို့ တကယ်တော့ အမှတ်နည်းနည်းများရင်တော့ ဆေးကျောင်းတက်နေရပြီပေါ့ လို့အပြောခံရရင် ဘယ်လိုခံစားရမလဲ။
၀၇. အဲဒီအဆိုတော်နဲ့ အရမ်းခင်တာ။
သူငယ်ချင်းတွေထဲမှာ နာမည်ကြီးနေတဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ကြွားလုံးထုတ်နေတတ်တဲ့ ကိုကိုတို့လည်း သတိထားနော်။
၀၈. တစ်ယောက်တည်း ၃ ပုလင်းလောက် သောက်နိုင်တယ်။
ကိုယ့်ဟာကို သောက်နိုင်တာကို မိန်းကလေးတွေကို ရှင်းပြစရာမလိုပါ။ အရက်ဘယ်လောက်ပဲ သောက်နိုင်နိုင် မိန်းကလေးတွေရှေ့မှာတော့ အမှတ်ရမယ်လို့မထင်ပါနဲ့။
၀၉. ရုံးက ဟိုလူကြီးကို ပြန်ဆဲလိုက်ရလို့ အရသာရှိလိုက်တာ။
ယောင်္ကျားတန်မဲ့ အတင်းပြောပြီး သူ့စကားကို သေသေချာချာ နားထောင်ပြန်တော့လည်း အထက်လူကြီးက မှားနေတယ်လို့မထင်ပါ။
ကိုယ့်က တော်တယ်တတ်တယ်လို့ ထင်ထားပင်မဲ့လည်း သူတပါးကနေကြည့်ရင်တော့ အဖြေက တမျိုးထွက်မှာပါ။

*** လျှော့မတွက်ပါနဲ ***့


******************
သင့်မေမေဟာ သင့်ကို သူ့ဗိုက်ထဲမှာ ကိုးလလွယ်ခဲ့တယ်။
သူမဟာ လေးလကြာအောင် ပျို့အန်ခဲ့ရတယ်။
သူမ ခြေထောက်တွေ ဖောရောင်ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့်ခံခဲ့ရတယ်.။
သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ရတယ်။
သူမ နည်းနည်းလှုပ်တိုင်း အသက်ရှူမ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်။
သူမ သင့်ကို လူ့လောကထဲရောက်အောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ရုန်းကန်ခဲ့ရတယ်။
အဲဒီနောက်မှာ သူမဟာ သင့်ရဲ့..
* သူနာပြုဆရာမ
* စားဖိုမှူး
* အိမ်ဖော်
* ယာဉ်မောင်း
* ပရိသတ်
* ဆရာမ
* သူငယ်ချင်း ဖြစ်ခဲ့တယ်။
သူမဟာ သင့်အတွက်…
* ရုန်းကန်ခဲ့ရတယ်။
* ငိုခဲ့ရတယ်။
* မျှော်လင့်ခဲ့ရတယ်။
*** ဆုတောင်းခဲ့ရတယ်။
ကျွန်တော်တို့ အများစုဟာ ကျွန်တော်တို့ရဲ့ မိခင်တွေကို မြင်ခွင့်ရခဲ့တယ်။
မိခင်တွေကို ဆုံးရှုံးခဲ့ရသူတွေ၊ မိခင်တွေကို လုံးဝမြင်တွေ့ခွင့်မရခဲ့တဲ့သူတွေလည်း ရှိကြတယ်။
တကယ်လို့ သင့်မှာ မိခင်တစ်ယောက်ရှိသေးတယ်ဆိုရင်
သင်ဟာ အရမ်း ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်။
သူမကို ဘယ်တော့မှ တန်ဖိုးလျှော့မတွက်ပါနဲ့။
တစ်နေ့မှာ သင်ဟာ သင့်မှာ မရှိတော့တဲ့ သူမကို တမ်းတနေရမှာ မို့လို့ပါ။
အမေတိုင်းအတွက်နဲ့ အမေဖြစ်မယ့်သူတိုင်းအတွက်…

တန်ဖိုးထား မြတ်နိုးပါ


တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”
“မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ”
“အင်း…နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး”
“ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင် လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်”
နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။
ပိုးဖလံတစ်ကောင်က
“တော်… ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား”
“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား”
“အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို
သေကြောင်းကြံတာလား”
ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။
ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။
“ဘေးဖယ် ရှင်မရေ..”
“ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား”
“ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့”
“အော်… ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ”
“ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ”
“မဖယ်နိုင်ဘူး ရှင်ရေ… အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား”
အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ “တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ”
ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။
အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။
ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။
“ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ”
“လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ”
“ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်”
“ရော်… ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”
“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား…? မချစ်ဘူးလားလို့
စမ်းကြည့်တာ”
“ဟား…ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့”
ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။
မိဖုရားကိုတွေ့တော့ ဘုရင်က
“နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်”
“ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ”
“စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်”
ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။
“လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ”
“ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး”
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။
“နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ် နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါ တယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး”တဲ့…..

ရှေးအကျဆုံး စာကြည့်ပိဋကတ်တိုက်နှင့် သတင်းစာ


စာအုပ်စာပေ၏ ကိန်းအောင်တည်နေရာ ဂေဟာမှာ စာကြည့်တိုက်ပင်ဖြစ်သည်။ စာကြည့်တိုက်သည် လူ့အဖွဲ့အစည်းတွင် မရှိမဖြစ်၊ မပါမဖြစ်သော လူထုဆက်ဆံရေးတရပ်ဖြစ်သလို ဝါဒဖြန့်လက်နက်ကောင်းလည်း ဖြစ်သည်။ စာသင်သားတဦးစီ၏ ပညာရေးတွင်လည်း တိုးတက်မှုအခွင့်အရေး ရစေရန် အထောက်အကူပေးနေသောအရာလည်း ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်သည် လူတိုင်းအတွက် အသိဉာဏ်ဖွံ့ဖြိုးမှုနှင့်စာပေရေးရာများတွင် ကျယ်ကျယ်ပြန့်ပြန့် အတိုင်းအဆမရှိ အထောက်အကူပြုလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ရှေးအကျဆုံး စာပေသိုလှောင်ရာ စာကြည့်တိုက်မှာ အနော်ရထာ ပိဋကတ်တိုက် ဖြစ်၏။ ပုဂံပြည်တွင် အနော်ရထာမင်း အုပ်စိုးနေစဉ် အရည်းကြီးအနွယ်ဝင် မဟာယာနဂိုဏ်းဝင်တို့ လွှမ်းမိုးနေ၏။ သထုံပြည်မှ ရှင်အရဟံမည်သော မဟာထေရ်ရောက်လာပြီး သာသနာပြုတော်မူ၏။ ဗုဒ္ဓဘာသာပြန့်ပွားထွန်းကားစေရန် ဗုဒ္ဓ၏ပိဋကတ်သုံးပုံကို ရဟန်းရှင်လူတို့ ဖတ်ရှုလေ့လာရန် လိုအပ်လာသည့်အလျောက် ပိဋကတ်သုံးပုံများစွာပိုင်သော မနူဟာမင်းထံ တစုံသောပိဋကတ်ကို လှူဒါန်းပါရန် တောင်းခံမည့် သံတမန်အမတ်တယောက် စေလွှတ်ခဲ့၏။ သို့သော် မရခဲ့သောကြောင့် ခရစ်နှစ် ၁၀၅၇-ခုနှစ်တွင် အနော်ရထာမင်းကိုယ်တိုင် သထုံပြည်သို့သွားရောက် စစ်ဆင်တိုက်ခိုက်အောင်မြင်သောအခါ ပိဋကတ်အစုံ ၃၀-ကို ဆင်အစီး ၃၀-တွင် တင်ဆောင်သယ်ယူလာခဲ့၏။ ပုဂံနေပြည်တော်တွင် ပိဋကတ်တိုက် တည်ဆောက်ပြီးနောက် ဗုဒ္ဓစာပေကို ရဟန်းရှင်လူများ လေ့လာပွားများစေ၏။ ပြည်သူအများ လေ့လာဖတ်ရှုခွင့်ရစေသော ပိဋကတ်တော် စာကြည့်တိုက်သည် အနော်ရထာမင်းလက်ထက်မှ ဦးစွာ စခဲ့ခြင်းဖြစ်လေသည်။
ဒုတိယရှေးအကျဆုံး စာပေပိဋကတ်တိုက်မှာ ဘားနဒ်ပိဋကတ်တိုက်-ဖြစ်၍ ၁၈၈၃-ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း စာပေမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
ဘားနဒ်ပိဋကတ်တိုက်ထက်စောသော စာကြည့်တိုက်တခု ရှိသေးသော်လည်း ယင်းစာကြည့်တိုက်မှာ စာပေမှတ်တမ်းများတွင် မပါရှိဘဲ အုပ်ချုပ်ရေးဆိုင်ရာ အစီရင်ခံစာ၌သာ တွေ့ရသည်။ ယင်းစာကြည့်တိုက်မှာ ရန်ကုန်စာပေအသင်း (Rangon Library Society) နှင့် တွဲနေသည်။
ရန်ကုန်မြို့တော်တွင် စာပေဖွဲ့ဆို၍ ထိုရန်ကုန်စာပေအသင်းသာရှိကြောင်း၊ ယင်းအသင်းတွင် အကောင်းဆုံးစာကြည့်တိုက်တခု တွဲလျက်ရှိကြောင်း သတင်းနှင့်ဆောင်းပါးများစုံလင်ကြောင်း ထိုအသင်းနှင့်စာကြည့်တိုက်ကို ၁၈၅၇-ခုနှစ်တွင် တည်ထောင်ခဲ့ ကြောင်း၊ ထိုနှစ်က အစိုးရထံမှ အကူအညီ ကျပ် ၃၀၀-နှင့် ကောက်ခံရငွေ ၁၂၂၂-ကျပ် ရရှိကြောင်း၊ လေ့လာဖတ်ရှုသူ ၅၇-ဦးရှိကြောင်း စသည်ဖြင့် ၁၈၇၁-၇၂-ခု အုပ်ချုပ်ရေးအစီရင်ခံစာတွင် တွေ့ရသည်။
မြန်မာနိုင်ငံ၏ ရှေးအကျဆုံးနှင့် ပထမဆုံးသတင်းစာသည် ၁၈၃၆-ခုနှစ် မတ်လ ၃-ရက် ကြာသပတေးနေ့၌ ပုံနှိပ်ထွက်ပေါ် လာသည့် သတင်းစာအမည်မှာ The Moulmein Chronicle မော်လမိန်းခရို နီကယ်-ဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် တပတ်တကြိမ် ထုတ်ဝေသည်။
ယင်းသတင်းစာကို အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ လက်အောက်၌ရောက်နေပြီဖြစ်သော တနင်္သာရီတိုင်း မဟာဝန်ရှင်တော်မင်းကြီး အီးအေဘလန်ဒယ်လ် (E.A Blundell) က ကိုယ်ပိုင်ငွေဖြင့် ပုံနှိပ်စက်နှင့် ခဲစာလုံးများ မှာယူတင်သွင်းကာ မော်လမြိုင်မြို့၌ တည်ထောင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ပုံနှိပ်တိုက်ကြီးကြပ်ရိုက်နှိပ်သူမှာ အိန္ဒိယနိုင်ငံ မဒရပ်မြို့မှ ငွေအလွဲသုံးစားမှုဖြင့် မော်လမြို့င်မြို့သို့ ပြည်နှင်ဒဏ်ခံခဲ့ရသူဖြစ်သည်။ ထိုအင်္ဂလိပ်သတင်းစာ၏ ပထမဆုံးအယ်ဒီတာမှာ အမေရိကန်သာသနာပြု ဆရာစီဖာ့စ်ဘဲနက် (Rev:Cephas Bennet) ဖြစ်၏။
တရုတ်နိုင်ငံ၌ ၁၉-ရာစုနှစ်အတွင်း ပီကင်းဂေဇက် (Peking Gazette) ခေါ် တရုတ်သတင်းစာနှင့် ကွန်မင်ချောင် (Kungmen Ch'ao) ခေါ် တရုတ်သတင်းစာများ ပေါ်ထွက်ခဲ့ကြောင်း၊ ရွှံ့တုံးများကို အက္ခရာပေါ်၌ ရိုက်နှိပ်သောကြောင့် ကောင်းစွာ ထင်ထင်ရှားရှားမရှိလှဟု တရုတ်စာရေးဆရာကြီး လင်ယူတန် (Lin Yu Tang) က တရုတ်သတင်းစာများအကြောင်း စာအုပ်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ထို ၁၁-နှစ်တာကာလ (၁၈၃၆-၁၈၄၆) အတွင်း စက်ဖြင့်ပုံနှိပ်ထုတ်ဝေသည့် သတင်းစာဟူ၍ မရှိသေးပေ။ ဂျပန်နိုင်ငံ၌လည်း ထို ၁၁-နှစ်တာ ကာလအတွင်း စက်ဖြင့် ပုံနှိပ်ထုတ်ဝေသည့် သတင်းစာ မရှိသေးပေ။ အနောက်နိုင်ငံများ၌ ခဲစာလုံးများကို လက်ဖြင့် တလုံးချင်း သွန်းလုပ်ခဲ့သည့်အဆင့်မှ စက်ဖြင့်သွန်းလုပ်ခဲ့သည့်အဆင့်သို့ ၁၈၈၂-ခုနှစ်မှစ၍ ပြောင်းလဲခဲ့သည်။
အင်္ဂလန်နိုင်ငံ၌ The Time (လန်ဒန်တိုင်းမ် နေ့စဉ်သတင်းစာ) ထွက်ပေါ်ခဲ့သည်မှာ မော်လမိန်ခရိုနီကယ်-စတင်ထွက်သည့် အချိန်၌ နှစ်ပေါင်း ၅၁-နှစ်မျှ ကြာမြင့်ပြီဖြစ်၍ ပုံနှိပ်စက်များကို တနာရီလျှင် စောင်ရေ ၁၀၀၀(တထောင်) ကျော် ရိုက်နှိပ်နိုင်ပြီဖြစ်၏။
ထို့အတူ အမေရိကန်ပြည်ထောင်စု၌လည်း ရေနွေးငွေ့ အင်ဂျင်စက်များဖြင့် ပုံနှိပ်စက်များလည်နေပြီဖြစ်ရာ ထိုအချိန်က အမေရိကန်၌ တစောင်လျှင် တဆင့် (မြန်မာငွေ တပြား) သတင်းစာများကို အပြိုင်ရောင်းချနေသောခေတ်ဖြစ်၏။
ကမ္ဘာသတင်းစာလောကတွင် မည်သည့်သတင်းစာမျှ လိုက်မမီအောင် တိုးတက်ကြီးပွားနေသော အကြီးဆုံးသတင်းစာမှာ ဂျပန်နိုင်ငံ ပုဂ္ဂလိကပိုင် ယူမီယူရီ-သတင်းစာကြီးဖြစ်သည်။
၁၈၇၄-ခုနှစ်တွင်တည်ထောင်သည့် စောင်ရေ ၁၃၁၀၀၀၀၀ (တရာသုံးဆယ့်တသိန်း) ထုတ်ဝေလျက်ရှိသည်။ ယူမီယူရီ-သတင်းစာတိုက်တွင် ပြည်တွင်းဌာနခွဲ ၄၃၆-ခု၊ နိုင်ငံခြားတွင် ၂၈-ခု၊ စာတည်းအဖွဲ့ဝင် ၃၀၅၉-ဦးရှိသည်။
သတင်းထောက်များသည် အနည်းဆုံး နိုင်ငံခြားဘာသာတမျိုး တတ်မြောက်ရသည်။ သတင်းထောက်များ အသုံးပြုရန်အတွက် ယူမီယူရီ သတင်းစာတိုက်ပိုင် ဇိမ်ခံဆလွန်းကားကြီးများအပြင် ရဟတ်ယာဉ်လေးစင်း၊ လေယာဉ်ပျံသုံးစင်းတို့ကို ထည်ထည်ဝါဝါ ထားရှိပေသည်။
သတင်းထောက်တယောက်၏ လစာမှာ ပျမ်းမျှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂၄၅,၀၀၀ (နှစ်သိန်းလေးသောင်းငါးထောင်) ရှိသည်။ ယူမီယူရီ သတင်းစာ၏ ဝင်ငွေမှာ ၄၀-ရာခိုင်နှုန်းသည် ကြော်ငြာများမှရရှိ၍ ၆၀-ရာခိုင်နှုန်းမှာ လူဦးရေ သန်းနှစ်ရာရှိသော ဂျပန်ပြည်သူတို့ ဝယ်ယူဖတ်ရှုခြင်းမှ ရရှိသည်။
ယူမီယူရီ သတင်းစာတိုက်သည် သတင်းစာတစောင် တိုးတက်ရာတိုးတက်ကြောင်းအတွက် ဆွဲဆောင်မှုအဖြစ် ဧက ၁၅၀-ရှိ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရာ ပန်းခြံကြီးတခု၊ ကြေးစားသရုပ်ပြ လူသန်ကြီးများ၊ ဘေ့စ်ဘောအသင်းနှင့် သံစုံတီးဝိုင်းကြီးများ တည်ထောင်ထားလေသည်။ ဂျပန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို ထောက်ခံသော သတင်းစာဖြစ်သည်။

ယောက်ျားအသည်း


============
မျက်ရည်ပေါက်ပေါက်ကျမှ
သက်သေ နောက်တစ်ယောက်ရသလို
အရှက်ပြေ လျှောက်မပြချင်ဘူး။
ပြုပြင်စရာ ဘ၀ အယိုင်အကျိုးကို
ဖော်-ရှိုး လုပ်ပြီး၊ရင်ဘတ်စည်တီး၊
ငိုကြီးချက်မ ခွေကျပြရတဲ့
အနုပညာ ဖက်ခွက်စား လိုမျိုး
ငါမျက်ရည်ခံ မထိုးဘူး။
အားမတန်လို့မာန်လျှော့ခဲ့ရရင်တောင်
နောက်တစ်ခါ ပြန်အမော့မှာ
လန်ကော့ ရှုံးနိမ့်သွားပါစေ
ငါ့သွေးရဲတယ် ဘယ်တော့မှ မျက်ရည်မ၀ဲဘူး။
မဖောက်ပြားဘဲ
နှစ်ယောက်သား ခွဲရရင်လည်း၊
မျက်ရည်တွေကို ခေါက်ထားဆဲ။
မင်းသိပါတယ်
ငါက...
ကျောက်သားအသည်း
ဘာလို့ ငိုရမှာလဲ
ငါ...
ယောက်ျားပဲ။

တုံးအတဲ့ ယောက်ျားနဲ့ ထက်မြက် တဲ့ယောက်ျား


+++++++++++++++++++++++++
တုံးအ တဲ့ ယောက်ျားက မိန်းမကို အသာစီးရချင်တယ် ..
ထက်မြက်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထား ကြီး အလျှော့ပေးတတ်တယ် ..
တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အားနည်း ချက်တွေ ကိုမြင်တိုင်း စိတ်ပျက် လွယ်တယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့ အရည်အချင်း ကို ရှာကြံ အသိအမှတ်ပြု ချီးမွမ်း တတ်တယ် ...
တုံးအ တဲ့ယောက်ျား က မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ် .. လူပုံ အလယ်မှာ မိန်းမ ကို မျက်နှာသာ မဲ့စေ တယ် ...
ထက်မြက်တဲ့ယောက်ျား က လူပုံ အလယ်မှာ မိန်းမကို မျက်နှာသာ ရစေတယ် .. ဆုံးမ ပြောဆို စရာရှိရင် နှစ်ကိုယ် ကြား သာ ပြောဆိုတယ် ...
တုံးအတဲ့ ယောက်ျားက မိတ်ဆွေအပေါင်းအသင်း တွေက "မယားကြောက်" လို့ ခနဲ့တာ ကိုမခံနိုင် ဘဲ မိန်းမအပေါ် နိုင်စားပြ ချင်တယ် .. ကိုယ့်ဘဝ လက်တွဲဖော် ဟာ ကိုယ့် မိန်းမသာ ဖြစ်တယ် ဆိုတာ သူမေ့နေ လို့ဖြစ်မယ် ..
ထက်မြက်တဲ့ ယောက်ျား ကတော့ အပေါင်းအသင်း တွေက ခနဲ့ရင်တောင် ဂရုမစိုက် ဘဲ ယုယမြဲ ယုယတယ် ..
ကိုယ့်ဘဝ အတွက် ဆိုးတူ ကောင်းဖက်ဟာ ကိုယ့်မိန်းမ ဘဲလို့ သူနားလည် လို့ဖြစ် တယ် ..
တုံးအတဲ့ ယောက်ျားက မိန်းမရဲ့ အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့ အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ် ...
တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အမှား ကို အသေ ဆုပ်ကိုင်ပြီး နိုင်ကွက်အဖြစ် အသုံးချတယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမရဲ့အမှား ကို ခွင့်လွှတ်ပြီး မေတ္တာနဲ့  ပြုပြင်ပြောင်း လဲဖို့ ကြိုးစား တယ် ..
တုံးအတဲ့ ယောက်ျား က "နင်ထွက်သွား မသွားရင် ငါသွားမယ်" လို့ဆိုတယ် ..
ထက်မြက် တဲ့ယောက်ျား က "ငါတို့ ဘယ်တော့မှ ဘာ အကြောင်း နဲ့မှ မခွဲကြဘူး" လို့ ဆိုတယ် ...
တုံး အတဲ့ယောက်ျား က မိန်းမ ကို သဝန်တို ချုပ်ချယ်တယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမကို ယုံကြည် မှု ပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေး လက်အေး ချည်နှောင် ထား တယ် ..
တုံးအတဲ့ ယောက်ျား က ကိုယ် တော် ကိုယ် တတ်ကြောင်း သာ ဦးစားပေး အလေး ထားတယ် ..
ထက်မြက်တဲ့ ယောက်ျား က မိန်းမဆီ က ကိုယ် မသိသေး တာတွေကို လေ့လာ သင်ယူတယ် ...
တုံးအတဲ့ ယောက်ျား က မိန်းမ ကိုယ့် အနားက တစ်ဖဝါးမှ မခွာရင် စိတ်ကျဉ်းကျပ် မောင်း ထုတ် တယ် ..
ထက်မြက် တဲ့ ယောက်ျား က ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာ ရတာကို ပီတိ ဖြစ်တတ် တယ် ဂုဏ်ယူ တတ် တယ် ..
တုံးအတဲ့ ယောက်ျားက စီးပွား သာ ရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ် အပို အလုပ်လို့ ယူဆ တယ် ..
ထက်မြက် တဲ့ယောက်ျား က စီးပွားလဲ ရှာတယ် မိန်းမ အပေါ် ယုယကြင်နာ မှု ပေးတယ် ..
တုံးအတဲ့ ယောက်ျား က မိန်းမ ကို စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေး တယ် .. ထက်မြက်တဲ့ ယောက်ျား က မိန်းမ ကို စိတ်အား ထက်သန်မှုနဲ့ ပျော်ရွှင်မှု ကိုပေး တယ် .. တုံးအတဲ့ယောက်ျား က သူ့ရဲ့ဇာတ်ရှုပ်တွေ ဖောက်ပြန် မှုတွေနဲ့ မိန်းမ ကို မျက်ရည် ကျစေတယ် .. ထက်မြက်တဲ့ယောက်ျား က အောင်မြင်တဲ့ မိသားစု ဘဝကို တည်ဆောက်ပြီး မိန်းမကို ပြုံးရယ်စေ တယ်

ကောင်မလေးတွေမသိဘူး


******************
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေ ဘာကြောင့်  ကောင်မလေးတွေ ဆီ က ချစ်အဖြေ ကို မျှော် လင့် တကြီး စောင့် စား ခဲ့  တယ် ဆို တာ …..
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေဟာ အမြင် ပိုင်းအရ မာကျော ကြမ်း တမ်း ပေမယ့်  နူးညံ့  တဲ့  နှလုံး သား လေး တွေ ပိုင် ဆိုင် ကြတယ်ဆိုတာ ကို ……..
!!!! ကောင်မလေးတွေ မသိဘူး
ဘာလို့ ကောင် လေး တွေ သူတို့ ကောင်မလေးတွေ စိတ်ကောက်တဲ့ အခါ မနေနိုင် မထိုင်နိုင် လိုက်ချော့ပြီး စိတ်ဆိုးပြေသွားတဲ့ ကောင် မလေးမျက်နှာကို တွေ့ ရ မှ အမော ပြေသွားတယ် ဆို တာ …………
!!!! ကောင်မလေးတွေ မသိ ဘူး
ကောင်လေးတွေ လက်ဖက်ရည်ဆိုင် ထိုင်တဲ့  အခါ သူတို့ ကောင်မလေးတွေ အကြောင်းကို မပါမဖြစ် ပြောတတ်တယ်ဆို တာ ………..
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေက တကယ်ချစ်မိ ပြီဆိုရင် သူချစ်တဲ့ကောင်မလေး အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်ပေးနိုင်တဲ့  စွမ်းအားတွေ ရှိတယ်ဆိုတာ……
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေက သူတို့ ချစ်တဲ့ ကောင်မလေး တွေဆီက အချစ်ကို ရဖို့ဆိုရင်
မာနတွေ ခဝါချ ပြီး ဒူးထောက်အညံ့ခံဖို့ ဝန်မလေးဘူးဆို တာ …………
!!!! ကောင်မလေးတွေ မသိဘူး
လိုင်းကားတိုးစီး ရင် ကို့ ကောင်မလေး ကို လူတိုးမခံရအောင်လို့  ကောင်လေးတွေက နာကျင်မှုကို ဟန်ဆောင်ပြုံးရင်း ကာကွယ်ပေးတတ် တာ ……….
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေ ဘယ်လောက် အလုပ်များများ သူတို့ ကောင်မလေးတွေကို အချိန်တိုင်းသတိရနေတယ် …….. အချိန်တိုင်း လွမ်းနေတတ်တယ်ဆိုတာ သူတို့  ကောင်မလေး တွေက သူ့ တို့ အတွက်အလှဆုံးနတ်သမီးတစ်ပါးလို့  အမြဲတမ်း ယုံကြည်ထားတယ်ဆိုတာ ………………
!!!! ကောင်မလေးတွေ မသိဘူး
ကောင် လေး တွေ အိပ်ခါနီး အချိန် မှာ သူတို့ ကောင်မလေးတွေ အကြောင်း စဉ်းစားပြီးမှ အိပ်လို့ပျော်တယ် ..အိမ်မက်ထဲအထိလဲ သူတို့ ကောင်မလေး တွေ ကိုအပါ ခေါ် သွားတတ်တယ်ဆို တာ ….
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေက သူတို့ ကောင်မလေးတွေကို ဘာကြောင့်နမ်း တယ်ဆိုတာကို …………….
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေး တွေက အငတ်ခံပြီး ရတဲ့ မုန့် ဖိုးတွေ ကို ကောင်မလေး တွေ အတွက် လက်ဆောင်တွေ ၊ ပန်းစည်းတွေ ဝယ်ပေး ရတယ်ဆို တာ……..
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေက သူတို့  ဘဝမှာ ကောင် မလေးတွေရဲ့ အချစ်ဦး ဖြစ်ခွင့်  မရရင်တောင်မှ ကောင်မလေး တွေရဲ့  နောက်ဆုံးအချစ် ဖြစ်ချင်တဲ့ စိတ် ထားလေး တွေ ရှိတယ်ဆိုတာ ကို …………
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေက စိတ်ကူးဆန်းဆန်းလေးတွေနဲ့ သူတို့ ကောင်မလေး
တွေကို ပျော်ရွင်ကြည်နူးစေချင် ကြတယ် ….
!!!! ကောင်မလေးတွေ မသိဘူး
ကောင်မလေးတွေက ကောင်လေးတွေကို ထားခဲ့ပြီး နောက်ထပ် အသစ်တစ်ယောက် ကို ချစ်သွားတဲ့  အခါ … မျက်ရည် တွေနဲ့  အရက်ဆိုင်မှာ တစ်ခြား အရက်သမားကြီးတွေကို ကြေကြေကွဲကွဲ ရင်ဖွင့်  ရင်း ကို့ ကို ထားခဲ့တဲ့ 
ချစ်သူ ကောင်မ လေး ကို တမ်းတ ရင်း ဘဝ ပျက် သွားတာ မျိုး တွေရှိတယ်ဆို တာ ….
!!!! ကောင်မလေးတွေ မသိဘူး
ကောင်လေးတွေဟာ သူတိုကောင်မလေးတွေကို အရမ်းချစ်လေ့ ရှိ တယ်ဆိုတာကိုပေါ့  တကယ်တော့  ကောင်လေးတွေဟာ စွန့်လွတ်မှုကို အခြေခံတဲ့ အချစ်မျိုးကို ပိုင်ဆိုင် ထားကြတာပါ ……….
ဒါကြောင့်
ကောင်မလေးတွေ သိပေးလိုက်ပါလို့ ကောင်လေးများ ကိုယ်စား

ဘ၀ဆိုတာ တိုလွန်းလို့ပါ ချစ်သူ


=====================

အနှစ်ချုပ်လိုက်ရင် ကာလအပိုင်းအခြားလေးတစ်ခုအတွင်းမှာ စိတ်ကို နေရာတကျထားနိုင်ဖို့ပဲ အရေးကြီးတာပါ။ စိတ်ချမ်းသာဖို့
၊ စိတ်လွတ်မြောက်ဖို့အတွက် နေတတ်အောင် ကြိုးစားသင့်တယ်လေ။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ကိုယ်သူ့ကို ချစ်တာက ချစ်တာပဲ။ ဒါကို သူလည်းသိတယ်။
သိတဲ့လူတွေလည်း တော်တော်များတယ်။ ထို့ထက် သိအောင် ဘာလို့
သက်သေပြချင်နေသေးလဲ! သူ့စိတ်ကို ကိုယ်စိတ်နဲ့ချည်နှောင်ဖို့
ဘာလို့စိတ်ကူးယဉ်ချင်နေသေးလဲ!
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

သူ့စိတ်ကလေး လွတ်လပ်စွာ တည်ရှိပါစေ။
သူ့ဆန္ဒကလေးကို လွတ်မြောက်စွာ ရှင်သန်ပါစေလေ။
" Don't Blame the Dark, Please Light it up" အမှောင်ကိုအပြစ်တင်
နေမယ့်အစား အလင်းကို ထွန်းညှိပေးလိုက်ပါ ဆိုသလိုပဲလေ။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

သူဟာ ကိုယ့်ချစ်သူပဲ။သူ့ရဲ့မသိတတ်မှုတွေအပေါ် အပြစ်ပုံမချချင်
ပါဘူး။ တတ်နိုင်သလောက် ခွင့်လွှတ်နားလည်ဖို့ကြိုးစားကြည့်ပေးပါတယ်။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ချစ်သူ....ငဲ့ညှာစွာ အသိပေးခဲ့တဲ့ မင်းက မှန်တယ်။မနိုင်မနင်း ခွင့်ပြုခဲ့ တဲ့ ကိုယ်က အမှားကို လက်ယပ်ခေါ်ခဲ့မိသလို ဖြစ်နေတယ်။အဲဒီ့တော့
ဖြစ်လာသမျှ ဆိုးရွားမှု ဒဏ်ရာဒဏ်ချက်တွေက ကိုယ်နဲ့ပဲဆိုင်မယ်။
ချစ်သူ..ဘ၀ဆိုတာ တိုလွန်းလို့ပါ။

စိတ်ထင်ရာ လုပ်ပါ။ မှားယွင်းမှုဆိုတာတွေကို သိမ်းဆည်းပေးဖို့မင်းဘေးမှာ ကိုယ်တစ်ယောက်လုံးရှိနေပါတယ်။ အပြစ်အားလုံးကို ၀န်ခံပေးဖို့ မင်းရဲ့ ကိုယ်စားကိုယ်က အသင့်ရှိနေတယ်။မလိုဘူး လို့ပြောရင် ကိုယ်ထွက်
သွားမယ်။ မလာနဲ့လို့ပြောရင် ကိုယ်ဝေးဝေးနေပေးပါ့မယ်။ ဒါပေမယ့် လိုအပ်
ရင်တော့ ကိုယ်ကမင်းအတွက်ပဲဖြစ်ရမယ်။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

တကယ်တော့ အချစ်တစ်ခုကို ခံစားနားလည်ဖို့လေ့လာရတဲ့ အချိန်
တွေ အင်မတန်ကို နည်းတယ်။ မင်းကတော့ အချစ်တွေအများကြီး ထင်ယောင်
ထင်မှားပြီး အချိန်တွေကို ဖြုန်းတယ်။ ဒါပေမယ့် မင်းပျော်ဖို့ကအဓိကပါ။ အယူ
အဆတွေ။ရည်ရွယ်ချက်တွေ မတူပေမယ့် မင်းအနေနဲ့ကြားဖူးနားဝရှိအောင်
ပြောပြခွင့်ရချင်ပါတယ်။ ချစ်သူဆိုတာ ကိုယ့်အတွက်တော့ ဖတ်မကုန်တဲ့ သင်ခန်းစာပါ ကွာ။ ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ချစ်သူတစ်ယောက်ရဲ့ စိတ်ကို ဖြည့်ဆည်းမြတ်နိုးခွင့်ရတဲ့ အခွင့်အရေး
လေးက ကိုယ့်အတွက်မလောက်ငှဘူး။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ချစ်သူကို ချစ်ရတဲ့ ခံစားမှုတွေကို ရတွက်ရင်း...ချစ်ရတာ မ၀ဘူး။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ချစ်သူကိုရှာတွေ့ပြီးအခုချိန်ထိ...အချစ်တွေက လတ်ဆက်တုန်း။
အချိန် တန်တော့ လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ရှင်သန်နေကြ
တာပါပဲ။ သူ့စိတ်ကို ကိုယ့်စိတ်နဲ့ချည်နှောင်ထားပြီး တခြားတစ်ယောက်ရဲ့ စိတ်ကို ထပ်မံချည်နှောင်ဖို့ကြိုးစားတဲ့အခါ သူ့စိတ်ကို ချည်နှောင်ထားတဲ့ ကြိုးလေးကတော့ မခိုင်မခံ့လျော့ရဲသွားမှာပဲ။ ဒါကိုကြိုတွေးထားတတ် ရမယ်။ ခံနိုင်ရည်ရှိရမယ်။အခန့်မသင့်ရင် စွန့်လွှတ်ပစ်ဖို့လည်း အဆင့်သင့် ရှိနေရဦးမယ်။ ဘ၀ဆိုတာ တိုလွန်းလို့ပါ။
လူတွေဟာ...အစားထိုးစရာတစ်ခုရှိလာရင် ကိုယ်ပိုင်ဆိုင်ထားတဲ့ တစ်စုံတစ်ရာကို စွန့်ပစ်ချင်တတ်ကြတယ်။
ချစ်သူက... အဲဒီ့လိုမျိုး တွေးတောနေပါသလား!
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

လုပ်စရာအလုပ်တွေ တပုံတပင် ရှေ့ချပြီး စောင့်စားခြင်း၊တွေဝေငေးမောခြင်း၊
တွေးတောအားငယ်ခြင်း စတဲ့ စိတ်ပင်ပန်းစရာ ခံစားမှုနဲ့ စိတ်ကူးယဉ် အစားထိုးပြီး အချိန်တွေကို ဖြတ်သန်းနေခဲ့ရပြီလေ။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

အတုံ့အလှည့် ဆိုတာ မြန်လွန်းတယ်
အနိုင်လိုချင်တဲ့သူကို အနိုင်ပေးပါတယ်။ လူတိုင်းကတော့ အနိုင်ကလွဲရင် တခြားဘာကိုလိုချင်ပါ့မလဲ!အရှုံးတွေချည်းပဲ ကိုယ်က လက်ခံထားတဲ့အခါ တစ်နေ့နေ့၊တစ်ချိန်ချိန်တော့ အနိုင်ချည်းပဲ ကိုယ်ဆီပြန်ရောက်လာမယ် လို့ထင်ရတာပါပဲ။ ဘ၀ဆိုတာ တိုလွန်းလို့ပါ။
မျှော်လင့်ရတာက ၀ဋ်ကြွေးတစ်မျိုးပါပဲ။ ချစ်သူနဲ့ပတ်သက်လာရင် ကိုယ်က ယုံကြည်ချက်လည်း အကြီးကြီး ထားမိတယ်။ အများကြီးလည်း မျှောလင့် မိတယ်။ ဒါတွေက သူ့အလိုအလျောက်ဖြစ်လာတာ။
ဒါဟာ...ကြိုတင် စီစဉ်ထားမှုမပါတဲ့ အငိုက်မိခြင်း သက်သက်ပါပဲ။
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ချစ်သူကို လွမ်းရတာ အချိန်မလောက်ဘူး
ဘ၀ဆိုတာ တိုလွန်းလို့ပါ။

ဆီးသီးသည်၊ ချင်ပန်ဇီနှင့် လကမ္ဘာခရီး


    “ဆရာမက ချင်ပန်ဇီကြီး လုပ်ပါမယ်။ တပည့်တို့က ဒီဇာတ်လမ်းထဲက လူတွေလုပ်ပေးပါ။ ချင်ပန်ဇီကြီးနဲ့ မိတ်ဆွေ လာဖွဲ့ကြပါ”

….

၁၉၇၄-၇၅ ကာလများက ဖြစ်ပါသည် ကျနော့်အစ်မ အထက်တန်းကျောင်းသူဘဝ အင်္ဂလိပ်ဖတ်စာ စာအုပ်မှ Making friends with Chimpanzees (ချင်ပန်ဇီများနှင့် မိတ်ဆွေဖွဲ့ခြင်း) ခေါင်းစဉ်ဖြင့် သင်ခန်းစာကို သရုပ်ဖော်ရန် ဆရာမတဦးက အား ထုတ်နေခြင်းဖြစ်ပါ၏။ ထိုဆရာမသည်ပင် ကျနော့်ဆရာမ ဆက်ဖြစ်ခဲ့ ပါသည်။

ဆရာမသည် ငယ်နုပြီး ဖြူနွဲနွဲ့ဖြစ်သော်လည်း သူနှင့်အရွယ်မတိမ်းမယိမ်း တပည့် များရှေ့ မရှက်မကြောက် စတမ်း ချင်ပန်ဇီ မျောက်ဝံ အဖြစ် သရုပ်ပြပါသည်။ သင်ခန်း စာ တခုကို သမာရိုးကျ ဖတ်ပြနားထောင် အလွတ် ကျက်ရတာမဟုတ်။ ကိုယ်တိုင် ပါဝင် ဆင်နွှဲနေရာတာမို့ စာသင်နေရတယ် ဆိုတာမေ့ပြီး၊ ပျော်ရွှင် မှုဖြင့် လိုက်ပါနိုင်ခဲ့ကြပါ သည်။ စာသင်ရတာ ပင်ပန်းတယ် မြန်မြန်ပြီးပါတော့ဟု မခံစားရ။ အချိန်စေ့သွားမှ ဟာခနဲ ဖြစ်ကာ သင်လို့တောင် မ၀သေးဘူး ဟု တသသ ကျန်ခဲ့ရပါသည်။

တကယ်တော့ ထိုသင်ခန်းစာ (Lesson) ကို ယခုလို ကိုယ်တိုင်သရုပ်ဆောင် သင်ကြရ မည် ဟု ညွှန်ကြားချက် မရှိပါ။ ထိုဆရာမ၏ စိတ်စေတနာ အလျောက် သရုပ်ပြ တီထွင် သင်ကြားခဲ့ခြင်းသာဖြစ်ပါသည်။ ပြဇာတ်တို တစ်ပုဒ်လို ကကြသည်ပဲ ဆိုပါစို့။ မည်သူမှ ချင်ပန်ဇီမျောက်ဝံ လုပ်လိုကြမည် မဟုတ်ပါ။ ဘယ်သူမှ မနေချင်၊ မလုပ်ချင်သော ဇာတ်ရုပ် တနေရာကို ဆရာမက ရွေးခဲ့ပါသည်။ ရွေးပြီးသည့်အလျောက်လည်း ပီပြင်အောင် မျက်နှာက အစ ချင်ပန်ဇီနှင့်တူအောင် ကြိုးစားပြီး သူ့ပင်ကိုယ်ပြေ ပြစ် နုနယ်သည့် ရုပ်ကို အပျက်ခံ သရုပ်ပြပေးခဲ့ပါသည်။
*▬*▬*▬*

ကျနော်မူလတန်းတွင် ချစ်ခင်စွဲလန်းရသည့် ဆရာတယောက်ရှိခဲ့သည်။ ထိုအချိန်က အပိုလို (၁၁) ဒုံးပျံယာဉ် လကမ္ဘာဆင်း သက်ပြီးစ။ ထိုဆရာက ကျနော်တို့အား သူ့ကိုယ် သူ မိတ်ဆက်ပြီးသည်နှင့် လကမ္ဘာသွားကြမယ်ဟု ကောက်ကာ ငင်ကာ ခေါ် ပါတော့ သည်။ ငယ်စဉ်ကပင်စိတ်ကူးယဉ်ခဲ့ရသော ဖိုးလမင်းထံသွားကြမည်ဆိုတော့ အားတက် သရောပေါ့။ ဘယ်သူ လိုက်မလဲ လူရွေးကြပြီ။ ကျန်းမာရေး ကောင်းရမည်တဲ့။ ကျနော် တို့ မှာ ကျန်းမာရေးကောင်းကြောင်း သက်သေပြလိုက်ရတာအမော။ ကျောင်းက ဆရာမချောချော တယောက်ကိုလည်း ပါစေချင်ကြောင်း ဆရာကအဆိုပြုတော့ ရယ် လိုက်ကြရသေး။

ဒုံးပျံထွက်တော့မယ်ဆိုမှ ဆရာက နေဦးဟုဆိုသည်။ ကမ္ဘာ့ဆွဲအားက တွန်းကန်ထွက်ဖို့ အာကာသထဲရောက်ဖို့ကိစ္စ လာ ပြီပေါ့။ ကမ္ဘာဆွဲအားကို ကျနော်တို့ မသိချင်လို့ မရတော့။ ဆရာ ရှင်းပြသမျှ ကမ္ဘာ့ဆွဲအားအကြောင်း ကျနော်တို့ မျက်လုံး တွေဝိုင်း နား ရွက်တွေထောင် အာရုံစိုက်ကြရ၏။ မည်သည့် ဖိအားကြောင့်မျှမဟုတ် စာမေးပွဲ ၏ခြိမ်းခြောက်မှုမပါ ကျနော်တို့၏ သိချင်စိတ် သက်သက်ကို ဆရာက ဒုံးပျံနှင့်အတူ ဆွဲခေါ်သွားချေပြီ။ အာကာသထဲရောက်တော့လည်း ကျနော်တို့မှာ ငြိမ်ငြိမ် မနေရ။ အောက်စီဂျင် မရှိ၊ ရှူစရာလေ မရှိတော့ ဘယ်လို အသက်ရှင်ရမယ် ဆိုတာ ဆရာက သင်ပြပေးပြန်သည်။ အောက်စီ ဂျင်ဘူးကြီးတွေယူ မျက်နှားဖုံးစွပ်တွေ၊ ခေါင်း စွပ်တွေနဲ့ တယောက်ကို တယောက် မမှတ်မိကြတော့။ လေထဲမှာ ပေါလော ကြီးတွေ မျောနေကြပျော်လိုက်ကြတာ။ စာကို သင်မှန်းမသိ သင်ပေးသွားတာပဲပြော ပါတော့။
*▬*▬*▬*

ဆရာအောင်သင်း၏ “ကန့်ကူလက်လှည့်” မှာ မြန်မာစာပေတွင် အလွန် ထင်ရှားပါ သည်။ ထိုစာထဲမှာ သူငယ်တန်းသင်ဆရာ ဦးဉာဏ်စိန်၏ ထူးကွက်များကို ကြည့်ပါ။ ပန်းချီသင်ရာမှ သူငယ်တန်းပြဖြစ်ခဲ့သောဆရာက လိပ်ပုံ၊ ယုန်ပုံ ဆွဲပြ၊ တုတ် ကောက်၊  ဦးထုပ်၊ မျက်မှန်တွေတပ်ပြ (ထိုဇာတ်ကောင်တွေက ထိုခေတ်ကလေးတွေ ရင်းနှီးပြီး သား ကာတွန်းဇာတ်ကောင်တွေ) ဘယ့်နှယ် စာမသင်ပဲပုံတွေ ဆွဲပြ ဟေးဝါးလုပ်နေ ကြ သလဲ မေးစရာ ရှိသည်။ ဒါကို ဆရာဦးဉာဏ်စိန်က ဖြေထားသည်။ “စာ သင်တာ ဘယ် အချိန် သင်သင် ရတဲ့ ကိစ္စပါ” တဲ့။

သူငယ်တန်း ဆရာတယောက်ရဲ့ ဒုက္ခများကို ဆရာအောင်သင်းက အခုလို ပြောပြခဲ့ သည်။ အငိုသန်သော ကလေးတယောက် ရှိနေရင် တခန်းလုံး စာမသင်နိုင်။ အဲဒါကို ထိန်းကျောင်း ကိုင်တွယ်ဖို့ နည်းက တက္ကသိုလ်နည်းပြ ဆရာအောင်သင်းကိုယ်တိုင် က အခက်ဆုံး၊ အကြောက်ဆုံးတဲ့။ ဒါပေမယ့် ကန့်ကူလက်လှည့် ဆရာဦးဉာဏ်စိန် ကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ အငိုမတိတ် နိုင်တဲ့ကလေးကို အငိုတွေ ကုန်သွားအောင် ဆိုပြီး သူငယ်ချင်းတွေ အားလုံးက ဝိုင်းငိုပေးကြ။ ဟိုကလေးကတိတ်သွားတော့ ပုံပြင် ဇာတ်ကောင်တွေထဲ ဈာန်ပြန်ဝင်။ သတိရလို့ ထငိုတော့ အားလုံးက ဝိုင်းကူငိုပေး လိုက်ကြ။
.
ပြီးတော့ ဆီးသီးရောင်းတမ်းကစားမတဲ့။ သင်ပုန်းပေါ်မှာ ဆီးသီးလုံးဝိုင်းဝိုင်း ဆွဲပြ အညှာထည့်။ စားကြမလား မေး။စားမယ့်သူ လက်ထဲကို ဆွဲယူထည့်ပေးဟန်ပြု။ ပါးစပ် ဟ အစားခိုင်း ချိုသလားမေး။ ချိုတယ်ဆိုတော့ နောက်တယောက်ထပ်ကျွေး။ ဘယ်နှယ့် စာသင်တာလား၊ ဆော့နေတာလား မမေးပါနှင့်။ ဆက်ကြည့်ရအောင်ပါ။ ပြီးတော့မှ ဆီးသီးရှည်ရှည် ပုံတွေဆွဲပြ ဒါတွေက မချိုဘူးကွ။ ချဉ်တယ်။ မယုံရင် စားကြည့်။ တပည့်တွေကလည်း ချဉ်တယ်လို့အော်ကြ။ မှတ်ထားကြကွ -ဝိုင်းဝိုင်းဆို ချိုတယ်။ ရှည်ရှည်ကြီးဆို မချိုဘူး။ ကဲဇီးသီးရောင်းကြမယ်ဆိုပြီး ဝလုံးလေးတွေကို ညာတာ ပါတေး ရေးခိုင်းပါတော့သည်။ ကလေးတွေကလည်း သူတို့ဇီးသီး ချိုချင်ကြတော့ ဝိုင်းအောင်ရေးကြပြီပေါ့။ ဝလုံးရေးသင်ကြမယ်ဆိုရင် ဒီလိုပျော်စရာဖြစ်မှာ မဟုတ်ဟု ကျနော်ဖတ်ရင်း နားလည်မိပါသည်။

နောက်တော့ ကလေးတွေကို သူငယ်ချင်းအသစ်တွေနဲ့တွေ့ပေးသည့်ဟန်ဖြင့် ကကြီး၊ ခကွေး၊ အက္ခရာများရေးပြကာ “ မင်း တို့မှာ နာမည်ရှိသလို၊ သူတို့မှာလည်း နာမည် ရှိတယ်။ သူ့နာမည်က ကကြီး။ သူ့နာမည်ကခကွေး” မှတ်ထားကြဟု မိတ် ဆက်ပေးပါ သည်။ ကလေးတွေကလည်း စာသင်ရတာ ပင်ပန်းလိုက်တာဟု မမြင်။ သူငယ်ချင်း အသစ်ရလို့ ပျော်နေကြမည် ထင်ပါသည်။
*▬*▬*▬*

ဒီကနေ့ ပညာရေးအသစ်ကို လိုချင်ကြသည်။ အစပျိုးနေကြပြီ။ သူငယ်တန်းဆိုသည့် ပျိုးပင်များကို စောင့်ကြပ်မည့် ပျိုးခင်း ရှင်တို့အတွက် သင်တန်းသစ်တွေကို လည်းတွေ့နေ ရပြီ။

အသစ် ဆိုမှတော့ အဟောင်းနှင့် မူကွဲရတော့မည်။ အဓိကကတော့ အတွေးအခေါ်။ အရင်လို ကလေးတွေကို ဧည့်သည်လာ ရင် ထုတ်ကြွားဖို့၊ စာမေးပွဲအမှတ်ကောင်းရုံမျှ မဟုတ်တော့။ ကျောင်းမှာပျော်ဖို့ အဓိကဖြစ်လာပြီ။“ပျော်” ဆိုသည်မှာ “ပျော် ရွှင်ခြင်း” သာမဟုတ် “ပျော်ဝင်ခြင်း” ပါ ပါသည်။ စာသင်ရာတွင် ပျော်ရွှင်ခြင်းသာမက ပညာနှင့် အကြောင်းအရာတွင် စိမ့် ဝင်ပျော်ဝင်ခြင်း ကို ဆိုလိုသည်။ စာမေးပွဲဆိုသည့် ဖိအား၊ တင်းကျပ်သည့်ကျောင်းခန်းအတွင်း၌ သင်ကြားရမှုတွေကြောင့် ကျနော်တို့ဆီ တွင် ကျောင်းပိတ်တယ် ဒီနေ့ကျောင်းမတက်ရဘူး ဆိုလျှင် ဟေးခနဲပျော်သည့် ကလေးများစွာ ရှိသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ နေမကောင်း၍ ကျောင်းမတက်နဲ့ဆိုလျှင်ပင် “နေကောင်းတယ်၊ ကျောင်းတက်မယ်” ဟု ချက်ချင်းတုံ့ပြန် ကြသည်သာ။ ဒီနေ့ ရှော့ပင်း ထွက်တာ လိုက်မလား၊ ကျောင်းပျက်မလားဆိုလျှင် ကျောင်းပျက်မခံကြ။ ကျောင်းတွင် သူတို့ တက်ကြွကြသည်။ ကျောင်းတွင်းလှုပ်ရှားမှုများက ရွှင်မြူးစရာတွေ ပေးနေသည်ကိုး။

ထိုနိုင်ငံများတွင် စာမေးပွဲဆိုတာထက် Year-2 ခေါ်သူငယ်တန်းကြီးအထိ စာကို ဖိအားပေးသင်စေချင်းမဟုတ်။ ပြတိုက်များ သို့ ခေါ်သွားခြင်း၊ ပြတိုက်များထဲတွင်လည်း စက္ကူ၊ ရောင်စုံခဲတံများ စိတ်ကြိုက်ချပေးထားပြီး ကြိုက်တာကို ကူးဆွဲခြင်းဆွဲ၊ အလွတ် ဆွဲခြင်းဆွဲဟု အားပေးခြင်း ၊ သိပ္ပံနှင့် သဘာဝဝန်းကျင်လေ့လာရေး ကို ပျော်ရွှင်ဖွယ် ဖန်တီးပေးထားခြင်း တို့ရှိသည်။

အလွတ်ကျက်တာ တခုတည်းကို တလမ်းသွားစနစ်ဖြင့် မောင်းနှင်နေသည့် ပညာရေးမျိုး မဟုတ်။ ကျနော်တို့နိုင်ငံတွင် ပညာရေး စနစ်သစ်အတွက် သူငယ်တန်းမှ စပြောင်းရန် အားထုတ်ကြပြီ။ သင်ထောက်ကူ အသစ်များ၊ လေ့ကျင့်ပုံအသစ်များ တွေ့ နေရပြီ။ အချို့ Video ဖိုင်များတွင် ရိုးရာကစားနည်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ သီချင်း ကဗျာ များကို ဆရာ/ဆရာမများ ကိုယ်တိုင် သရုပ်ဆောင်လေ့ကျင့်နေကြပုံ များ မြင်ကြ ရပြီ။ အားပေးထောက်ခံသူများ ရှိသလို၊ စိုးရိမ်ကြောင့်ကြဝေဖန်သံ များ လည်း ကြားရပါ သည်။ ဆရာ/ဆရာမတွေဆိုတာ တည်တည်ကြည်ကြည်နဲ့ရှိရမှာ ကလေးတွေက မကြောက်တော့ရင် ဘယ်နှယ့်လုပ် စာသင်မလဲဆိုတာတွေလည်း ကြားရသည်။

ဆရာအောင်သင်းရေးပြသည့် ကန့်ကူလက်လှည့်ကို ပြန်ဖတ်ကြစေချင်ပါသည်။ ဆရာ/ဆရာမကို ကြောက်မှ စာတတ်မည် ဟုတော့ တထစ်ချ မမှတ်စေလိုပါ။ စာကို သင်ကြားခြင်းအပြင် စိတ်ကို သင်ကြားခြင်းလည်းအရေးကြီးသည် ဟု ဆိုထားပါ သည်။ ဆီးသီးရောင်းတမ်း ကစားရင်း ဝလုံးလေးတွေ ရေးတတ်သွားရင်လည်း လိုရင်းရောက် ပါသည်။ ဆရာအား တပည့်များ က ချစ်ခင်သည်ဆိုလျှင် သင်ကြားမှုအတွက် အကောင်း ဆုံး လိုအပ်ချက်ကို ရပြီဟု ယုံကြည်ပါသည်။ ဆရာ/ဆရာမများက ကလေးတို့အသည်းစွဲ ကဗျာ၊ ကာတွန်း၊ ပုံပြင်တွေထဲက ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ပေးခြင်းသည် ကလေးတွေနှင့် တသားတည်း ဖြစ်ခြင်း ဖြစ်သည် ဟု နားလည်ပါသည်။

ကလေးများနေရာက စဉ်းစားပြီး ပူးဝင်သင်ကြားပေးခြင်းမို့သင်ပုန်းကြီးကို ကြိမ်လုံးဖြင့် ဖြန်းဖြန်းရိုက်ကာ အလွတ်ကျက်စေ သော စနစ်မျိုးနှင့်တော့ မတူနိုင်ပါ။ မူကြိုကျောင်းအချို့တွင် ကန့်ကွက်သံများ ကြားရသည်။ သူများကျောင်းမှာကလေးတွေ ကဖြင့် တနေ့ကို လက်ရေးလှ ဘယ်နှစ်မျက်နှာရေးရတယ်။ အိမ်စာတွေ ဘယ်လောက်ပေး လိုက်တယ်။ ဂဏန်းသင်္ချာတွေ ဘယ်လောက်တွက်နေပြီ။ ဒီကျောင်းကဖြင့်ဆော့သလို၊ ကစားသလို၊ တရုန်းရုန်းနဲ့ အချိန်ကုန်နေတာပဲ။ ပုံတွေ ဆွဲလို့ ဆွဲ၊ ပုံ တွေပြောလို့ ပြော… တယ်မစွံပါဘူး ဟူ၍။

တကယ်တော့ မျိုးစေ့မှ ပေါက်ကာစ အညွှန့်အညှောက်လေးများနှင့် တူလှသော၊ နုနယ်လှသော ပျိုးပင်များအားရှင်သန်အောင် ကိုင်တွယ်ရသူတို့၏ တာဝန်ကြီးမှုမှာ ကျယ်ပြန့်လှပါသည်။ ပျိုးပင်များက ဥယျာဉ်မှူးကိုကြောက်ရန်ထက် ဥယျာဉ်မှူး၏ စိတ် စေတနာနှင့် ပြုစုမှုကို ချစ်ခင်တန်ဖိုးထားရန်သာ လိုပါသည်။ သုတေသနတွေ့ရှိချက်များတွင် မိမိအင်္ကျီကြယ်သီးပေါက်ကို ဖြောင့်အောင်တပ်နိုင်မှ ခဲတံကိုင်ရမည်ဟု အဆိုရှိပါသည်။

“ကလေးတို့ လက်ချောင်းတွေ လေချိုသွဲ့ပြောင်းမှာ ဖယောင်းပန်းလေးတွေလို က,ကြရ မယ့်အစား လက်ရေးလှ သတ်ပုံနေ ကုန်အောင်ရေးရင်း အံမသေသွားကြစေချင်..”

ကန့်ကူလက်လှည့်ဆရာ ဦးဉာဏ်စိန် ၊ လကမ္ဘာကိုဒုံးပျံနဲ့ခေါ်သွားတဲ့ မူလတန်းသိပ္ပံပြ ဆရာ၊ ချင်ပန်ဇီမျောက်ဝံအဖြစ် ရုပ် ပျက်ခံသရုပ်ပြသင်ပေးခဲ့သည့် အထက်တန်းပြ ဆရာမ၊ သူတို့တွေအပေါ် တပည့်တွေက အရိုအသေတန်ခဲ့ကြပါသလား။

… ဝေးစွ။

တပည့်အပေါင်းက သူတို့နှင့် တသားတည်းရှိခဲ့ခြင်းအပေါ်၊ ကလေးလိုတွေး၊ ကလေးလို ခံစားပေးပြီး လျှောက်နိုင်သမျှတွဲ ခေါ်ခဲ့ခြင်းအပေါ် အမြဲသတိရကျေးဇူးတင်ကြ မည် ဖြစ် ပါ သည်။ တန်ဖိုးအထားရဆုံးမြတ်ဆရာများစာရင်းကို ပြုစုကြပါဆိုလျှင် ထိုဆရာ၊ ဆရာမ များ၏ အမည်များကို ရှေ့ဆုံးမှာ စရေးမိကြမှာသေချာပါသည်။

    – ‪#‎မင်းကိုနိုင်‬
    [ ပြည်သူ့အရေးဂျာနယ် အပတ်စဉ် ဆောင်းပါးမှ ]