သိမ်

သိမ်ခွင့်ပြုတော်မူခြင်း

၁၃၈။ တစ်ရံရောအခါ ရဟန်းတို့အား ''မြတ်စွာဘုရားသည် အတူနေသမျှ ရဟန်းတို့ကို ညီညွတ်ခြင်း 'သာမဂ္ဂီ'ဟု ပညတ်တော်မူ၏၊ အဘယ်မျှလောက်တို့သည် အတူနေဖြစ်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏။ ရဟန်းတို့ ဤသို့ သမုတ်ရမည်၊ ရှေးဦးစွာ နိမိတ်တို့ ကို ကြားရမည်၊ တောင်နိမိတ် ကျောက်နိမိတ် တောနိမိတ် သစ်ပင်နိမိတ် ခရီးနိမိတ် တောင်ပို့နိမိတ် မြစ်နိမိတ် ရေနိမိတ်တို့ကို ကြားရမည်။ နိမိတ်တို့ကို ပြောကြားပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကိုသိစေရမည်-
၁၃၉။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ထက်ဝန်း ကျင်မှ နိမိတ်တို့ကို ပြောကြားအပ်ပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်ကို သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ထက်ဝန်းကျင်မှ နိမိတ်တို့ကို ပြောကြားအပ်ပါပြီ၊ သံဃာသည် ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်ကို သမုတ်၏၊ ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်သမုတ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤနိမိတ်တို့ဖြင့် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
၁၄ဝ။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''မြတ်စွာဘုရားသည် သိမ်သမုတ်ခြင်းကို ခွင့်ပြုတော်မူ၏''ဟု လေးယူဇနာ ငါးယူဇနာ ခြောက်ယူဇနာရှိသော အလွန်ကြီးသော သိမ်တို့ကို သမုတ်ကုန်၏။ ရဟန်းတို့သည် ဥပုသ်ပြုရာသို့ လာသည်ရှိသော် ပါတိမောက်ကို ပြစဉ်လည်း ရောက်လာကုန်၏၊ ပြပြီး ကာမျှ၌လည်း ရောက်လာကုန်၏၊ ဥပုသ်ပြုရာသို့ မရောက်မီ အကြား၌လည်း နေကုန်၏။ မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လေးယူဇနာ ငါးယူဇနာ ခြောက်ယူဇနာရှိသော အလွန်ကြီးသော သိမ်တို့ကို မသမုတ်အပ်၊ သမုတ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ''ရဟန်းတို့အလွန်ဆုံး သုံးယူဇနာရှိသော သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြစ်တစ်ဖက်ကမ်း၌ သိမ်ကို သမုတ်ကုန်၏။ ဥပုသ်ပြုရာသို့ လာသည်ရှိသော် ရဟန်းတို့သည်လည်း မျောကုန်၏၊ သပိတ်တို့သည်လည်း မျောကုန်၏၊ သင်္ကန်းတို့သည်လည်း မျောကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ မြစ်တစ်ဖက် ကမ်း၌ သိမ်ကို မသမုတ်အပ်၊ သမုတ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ''ရဟန်းတို့ အကြင် အရပ်၌ အမြဲထားသော လှေ အမြဲခင်းသော တံတားရှိသော မြစ်တစ်ဖက်ကမ်း သိမ်ကို သမုတ်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

၇၂-ဥပုသ်အိမ်

၁၄၁။ တစ်ရံရောအခါ ရဟန်းတို့သည် ပရိဝုဏ်စဉ်အလိုက် (ပါတိမောက်ပြရာ အရပ်ကို) မချိန်း ချက်ဘဲ ပါတိမောက်ပြကုန်၏။ ဧည့်သည် ရဟန်းတို့သည် ''ယနေ့ အဘယ်အရပ်၌ ဥပုသ်ကို ပြုရအံ့ နည်း''ဟု မသိကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ပရိဝုဏ်စဉ် အလိုက် (ပါတိမောက်ပြရာ အရပ်ကို) မချိန်းချက်ဘဲ ပါတိမောက်ကို မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ သံဃာအလိုရှိသော နှစ်ဖက်စောင်းမိုးကျောင်း တစ်ဖက်စောင်းမိုး ကျောင်း ပြာသာဒ် ပြာသာဒ်ဦးပြည်း လိုဏ်ဂူတို့ကို ဥပုသ်အိမ်သမုတ်၍ ဥပုသ်ပြုခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့သမုတ်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရ မည်- ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဤ မည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်၏၊ ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ (မဟာသိမ်အတွင်းရှိ) ကျောင်းတိုက်တစ်ခု၌ ဥပုသ်အိမ် နှစ်အိမ် သမုတ်ထားကြကုန်၏။ ရဟန်းတို့သည် ''ဤဥပုသ်အိမ်၌ ဥပုသ်ပြုလတ္တံ့၊ ဤဥပုသ်အိမ်၌ ဥပုသ်ပြုလတ္တံ့''ဟု နှစ်ခုသော ဥပုသ် အိမ်၌ စည်းဝေးကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ တစ်ကျောင်းတည်း၌ ဥပုသ်အိမ် နှစ်အိမ် မသမုတ်အပ်၊ သမုတ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊ ရဟန်းတို့ ဥပုသ်အိမ်တစ်ခုကို နုတ်ပြီးလျှင် ဥပုသ်အိမ်တစ်ခု၌ ဥပုသ်ပြုခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ နုတ်ရမည်၊ ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဥပုသ် အိမ်ကို နုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဤ မည်သော ဥပုသ်အိမ်ကို နုတ်၏၊ ဤမည်သော ဥပုသ်အိမ်ကို နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည့်ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ဥပုသ်အိမ်ကို နုတ်ပယ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်''ဟု (သိစေရမည်)။

၇၃-ဥပုသ်အိမ်ဥပစာ ခွင့်ပြုတော်မူခြင်း

၁၄၂။ တစ်ရံရောအခါ (မဟာသိမ်အတွင်း) ကျောင်းတိုက်တစ်ခု၌ အလွန်သေးငယ်သော ဥပုသ်အိမ်ကို သမုတ်ထား၏၊ ထိုဥပုသ်နေ့၌ များစွာသော ရဟန်းသံဃာသည် စည်းဝေး၏။ ရဟန်းတို့သည် မသမုတ်အပ်သော မြေ၌ နေလျက် ပါတိမောက်ကို နာကုန်၏။ ထို့နောက် ထိုရဟန်းတို့အား ''မြတ်စွာ ဘုရားသည် 'ဥပုသ်အိမ်ကို သမုတ်၍ ဥပုသ်ကို ပြုရမည်'ဟု ပညတ်တော်မူ၏၊ ငါတို့သည်ကား မသမုတ်အပ်သော မြေ၌ နေကုန်လျက် ပါတိမောက်ကို နာကုန်၏၊ ငါတို့သည် ဥပုသ်ကို ပြုသည်မည် သလော မမည်သလော''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ (ဥပေါသထာဂါရ) သမုတ်အပ်သော မြေ၌ဖြစ်စေ၊ မသမုတ်အပ်သော မြေ၌ဖြစ်စေ နေသော ရဟန်းတို့သည် ပါတိမောက်ကို ကြားနာလျှင် ဥပုသ်ကို ပြုသည်ပင် မည်၏။ ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် အလိုရှိသလောက် ကြီးသော ဥပုသ်အိမ်ဦး ဥပစာကို သမုတ်လော့။
ရဟန်းတို့ ဤသို့ သမုတ်ရမည်၊ ရှေးဦးစွာ နိမိတ်တို့ကို ကြားရမည်၊ နိမိတ်တို့ကို ကြားပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ထက်ဝန်းကျင်မှ နိမိတ်တို့ကို ကြားအပ်ပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤနိမိတ်တို့ဖြင့် ဥပုသ်အိမ်ဦး ဥပစာကို သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ထက်ဝန်းကျင်မှ နိမိတ်တို့ကို ကြားအပ်ပါပြီ၊ သံဃာသည် ဤနိမိတ်တို့ဖြင့် ဥပုသ်အိမ်ဦး ဥပစာကို သမုတ်၏၊ ဤနိမိတ်တို့ဖြင့် ဥပုသ်အိမ်ဦး ဥပစာသမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထို အသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆို ရာ၏။
သံဃာသည် ဤနိမိတ်တို့ဖြင့် ဥပုသ်အိမ်ဦး ဥပစာကို သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ ကျောင်းတစ်ကျောင်း၌ ထိုဥပုသ်နေ့ဝယ် သီတင်းငယ် ဖြစ်သော ရဟန်းတို့သည် ရှေးဦးစွာ စည်းဝေးပြီးလျှင် ''မထေရ်ကြီးတို့သည် မလာကြကုန်သေး''ဟု ဖဲခွါထွက်သွားကုန်၏၊ အချိန်လင့်မှ ဥပုသ် ပြုရ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ထိုဥပုသ်နေ့၌ မထေရ် ကြီးဖြစ်သော ရဟန်းတို့သည် ရှေးဦးစွာ စည်းဝေးစိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရာဇဂြိုလ်ပြည်၌ များစွာသော ကျောင်းတိုက်တို့သည် (မဟာသိမ်ဖြစ်၍) သိမ်တူကြကုန်၏။ ထိုကျောင်းတိုက်တို့၌ ရဟန်းတို့သည် ''ငါတို့၏ ကျောင်းတိုက်၌ ဥပုသ်ပြုသင့်၏၊ ငါတို့၏ ကျောင်းတိုက်၌ ဥပုသ်ပြုသင့်၏''ဟု ငြင်းခုံကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်း တို့ ဤရာဇဂြိုဟ်ပြည်၌ များစွာသော ကျောင်းတိုက်တို့သည် သိမ်တူကြကုန်၏၊ ထိုကျောင်းတိုက်တို့၌ ရဟန်းတို့သည် ''ငါတို့၏ ကျောင်းတိုက်၌ ဥပုသ်ပြုသင့်၏၊ ငါတို့၏ ကျောင်းတိုက်၌ ဥပုသ်ပြုသင့်၏''ဟု ငြင်းခုံကြကုန်အံ့။ ရဟန်းတို့ သို့ဖြစ်လျှင် အလုံးစုံသော ရဟန်းတို့သည် တပေါင်းတည်း စည်းဝေးပြီးလျှင် ဥပုသ်ပြုရမည်။ သို့မဟုတ် မထေရ်ကြီးဖြစ်သော ရဟန်းနေသည့်ကျောင်း၌ စည်းဝေးပြီးလျှင် ဥပုသ်ပြုရ မည်၊ ဝဂ်ဖြစ်သော 'အစုကွဲသော' သံဃာသည် ဥပုသ်မပြုအပ်သည်သာတည်း၊ ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။

၇၄-အဝိပ္ပဝါသသိမ် ခွင့်ပြုတော်မူခြင်း

၁၄၃။ တစ်ရံရောအခါ အသျှင်မဟာကဿပသည် အန္ဓကဝိန္ဒမည်သော အရပ်မှ ရာဇဂြိုဟ်ပြည်သို့ ဥပုသ်ပြုရန် လာသည်ရှိသော် လမ်းခရီးအကြား၌ မြစ်ကို ကူးစဉ် အနည်းငယ် မျောပါသွားလေ၏၊ ထို့ကြောင့် ထိုအသျှင်မဟာကဿပ၏ သင်္ကန်းတို့သည် ရေစွတ်စိုကုန်၏။ ရဟန်းတို့သည် အသျှင်မဟာ ကဿပကို ''ငါ့သျှင် အဘယ့်ကြောင့် သင်၏ သင်္ကန်းတို့သည် ရေစွတ်စိုကုန်သနည်း''ဟု မေးကြကုန်၏။ ငါ့သျှင်တို့ ငါသည် အန္ဓက ဝိန္ဒမည်သော အရပ်မှ ရာဇဂြိုဟ်ပြည်သို့ ဥပုသ်ပြုရန် လာသည်ရှိသော် လမ်းခရီးအကြား၌ မြစ်ကိုကူးစဉ် အနည်းငယ် မျောပါသွား၏၊ ထို့ကြောင့် ငါ၏ သင်္ကန်းတို့သည် ရေစွတ်စိုကုန်၏ဟု (ပြောဆို၏)။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာသည် ထိုသိမ်ကို သင်္ကန်း သုံးထည်နှင့် ကင်း၍ နေနိုင်သော သိမ်ဖြစ်အောင် သမုတ်လော့။
ရဟန်းတို့ ဤသို့ သမုတ်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ထိုသိမ်ကို သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ဖြစ်အောင် သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာသည် ထိုသိမ်ကို သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ဖြစ်အောင် သမုတ်၏၊ ဤသိမ်ကို သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ဖြစ်အောင် သမုတ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏။ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ဖြစ်အောင် သမုတ် အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေ သဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ၌ ရဟန်းတို့သည် ''မြတ်စွာဘုရားသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်သမုတ်ခြင်းကို ခွင့်ပြုတော်မူ၏''ဟု ရွာတွင်း၌ သင်္ကန်းတို့ကို ထားကုန်၏။ ထိုသင်္ကန်းတို့သည် ပျောက်ကုန်၏၊ မီးလောင်ကုန်၏၊ ကြွက်ခဲကုန်၏၊ ရဟန်းတို့သည် မကောင်းသော အဝတ်ရှိကုန်၏၊ ခေါင်းပါးသော သင်္ကန်းရှိကုန်၏။ ရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် မကောင်းသော အဝတ်, ခေါင်းပါးသော သင်္ကန်းရှိကုန်သနည်း''ဟု မေးကြကုန်၏။ ငါ့သျှင်တို့ ငါတို့သည် မြတ်စွာဘုရားက ''သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်သမုတ်ခြင်းကို ခွင့်ပြုတော်မူ၏''ဟု ရွာတွင်း၌ သင်္ကန်းတို့ကို ထားခဲ့ကုန်၏၊ ထိုသင်္ကန်းတို့သည် ပျောက်ကုန်၏၊ မီးလောင်ကုန်၏၊ ကြွက်ခဲကုန်၏၊ ထို့ကြောင့် ငါတို့သည် မကောင်းသော အဝတ်, ခေါင်းပါးသော သင်္ကန်းရှိကုန်၏ဟု (ပြော ဆိုကုန်၏)။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာသည် ထိုသိမ်ကို သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ဖြစ်အောင် ရွာကိုလည်းကောင်း၊ ရွာ၏ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်လော့။
ရဟန်းတို့ ဤသို့ သမုတ်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေ ရမည်-
၁၄၄။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ အကယ်၍ သံဃာအား လျောက် ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ရွာကိုလည်းကောင်း၊ ရွာ၏ ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သိမ်ကို သမုတ်အပ်ပြီ၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ရွာကိုလည်းကောင်း၊ ရွာ၏ ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်၏၊ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော ရွာကိုလည်းကောင်း၊ ရွာ၏ ဥပစာ ကိုလည်းကောင်း ချန်ထား၍ 'အဝိပ္ပဝါသ' သိမ်သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ရွာကိုလည်းကောင်း၊ ရွာ၏ဥပစာကိုလည်းကောင်း ချန်ထား၍ သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်းရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

၇၅-သိမ်နုတ်ခြင်း

ရဟန်းတို့ သိမ်သမုတ်လိုသော ရဟန်းသည် ရှေးဦးစွာ အတူနေရာ 'သမာနသံဝါသ' သိမ်ကို သမုတ်ရမည်၊ နောက်မှ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို သမုတ်ရမည်။
ရဟန်းတို့ သိမ်နုတ်လိုသော ရဟန်းသည် ရှေးဦးစွာ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်ရမည်၊ နောက်မှ သမာနသံဝါသသိမ်ကို နုတ်ရမည်။
ရဟန်းတို့ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို ဤသို့ နုတ်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိရေမည်-
၁၄၅။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို သမုတ်ထားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို သမုတ်ထားပြီးပါပြီ၊ သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်၏၊ သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထို အသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆို ရာ၏။
သံဃာသည် သင်္ကန်းသုံးထည်နှင့် ကင်း၍ နေနိုင်သော 'အဝိပ္ပဝါသ' သိမ်ကို နုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤ နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ရဟန်းတို့ သမာနသံဝါသ သိမ်ကို ဤသို့ နုတ်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
၁၄၆။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် သမာနသံဝါသသိမ်ကို သမုတ်ထားပြီးပါပြီ၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် သမာနသံဝါသသိမ်ကို နုတ်ရာ၏၊ ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် သမာနသံဝါသ သိမ်ကို သမုတ်ထားပြီးပါပြီ၊ သံဃာသည် ထိုသမာနသံဝါသသိမ်ကို နုတ်၏၊ ထို သမာနသံဝါသ သိမ်နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်းရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ထိုသမာနသံဝါသ သိမ်ကို နုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။

၇၆-ဂါမသိမ်စသည်

၁၄၇။ ရဟန်းတို့ သိမ်မသမုတ်ဘဲ အပိုင်းအခြားမရှိဘဲ ရွာနိဂုံးကို အမှီပြု၍ နေ၏။ ထိုရွာ၏ ရွာ အပိုင်းအခြား ထိုနိဂုံး၏ နိဂုံးအပိုင်းအခြားသည် ထိုရွာ နိဂုံး၌ အတူနေ အတူဥပုသ်ပြုရာဖြစ်သော သမာန သံဝါသသိမ် မည်၏။
ရဟန်းတို့ ရွာမဟုတ်သော တော၌ဖြစ်မူ ထက်ဝန်းကျင်မှ (တစ်အဗ္ဘ န္တရလျှင် နှစ်ဆယ့်ရှစ်တောင် ပမာဏရှိသော) အဗ္ဘ န္တရခုနစ်ခု အပိုင်းအခြားရှိသော အရပ်သည် အတူနေ အတူဥပုသ်ပြုရာဖြစ်သော သမာနသံဝါသသိမ် မည်၏။
ရဟန်းတို့ မြစ်တစ်ခုလုံးသည် သိမ်မဟုတ်၊ သမုဒ္ဒရာတစ်စင်းလုံးသည် သိမ်မဟုတ်၊ ထုံးအိုင် တစ်အိုင်လုံးသည် သိမ်မဟုတ်၊ ရဟန်းတို့ ထိုမြစ် သမုဒ္ဒရာ ထုံးအိုင်တို့၌ အားအလယ်အလတ်ရှိသော ယောက်ျား၏ ထက်ဝန်းကျင်မှ အားကုန် ပက်ကြဲသော ရေတစ်ကျဖြင့် ဤပိုင်းခြားရာ အရပ်သည် အတူနေ အတူဥပုသ်ပြုရာ ဖြစ်သော သမာနသံဝါသိမ် မည်၏ဟု (မိန့်တော်မူ၏)။
၁၄၈။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အချင်းချင်း စပ်၍ ဖွဲ့ကုန်၏။ မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အကြင်ရဟန်းတို့၏ သိမ်သည် ရှေးဦးစွာ သမုတ်ထား၏၊ ထိုရဟန်းတို့၏ ထိုရှေးဦးစွာ သမုတ်သော ကံသည် တရားနှင့် လျော်၏၊ မပျက်စီး၊ အကြောင်းအား ထိုက်၏။ ရဟန်းတို့ အကြင်ရဟန်းတို့၏ သိမ်သည် နောက်မှ သမုတ်၏၊ ထိုရဟန်းတို့၏ ထို့နောက်မှ သမုတ်သော ကံသည် တရားနှင့် မလျော်၊ ပျက်စီး၏၊ အကြောင်းအား မထိုက်။ ရဟန်းတို့ သိမ် အချင်းချင်း စပ်၍ မဖွဲ့အပ်၊ စပ်၍ ဖွဲ့သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိမ်အချင်းချင်း လွှမ်းမိုး၍ ဖွဲ့ကုန်၏။ မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အကြင်ရဟန်းတို့၏ သိမ်သည် ရှေးဦးစွာ သမုတ်ထား၏၊ ထိုရဟန်းတို့၏ ထိုရှေးဦးစွာ သမုတ်သော ကံသည် တရားနှင့် လျော်၏၊ မပျက်စီး၊ အကြောင်းအား ထိုက်၏။ ရဟန်းတို့ အကြင်ရဟန်းတို့၏ သိမ်သည် နောက်မှ သမုတ်၏၊ ထိုရဟန်းတို့၏ ထို့နောက်မှ သမုတ်သော ကံသည် တရားနှင့် မလျော်၊ ပျက်စီး၏၊ အကြောင်းအား မထိုက်။ ရဟန်းတို့ သိမ် အချင်းချင်း လွှမ်းမိုး၍ မဖွဲ့အပ်၊ လွှမ်းမိုး၍ ဖွဲ့သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ ''ရဟန်းတို့ သိမ်သမုတ်လိုသော ရဟန်းသည် သိမ်တို့၏ နယ်ခြား 'သီမန္တရိက်' ကို ချန်ထား၍ သမုတ်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

အနောရထာ မတိုင်ခင်က ပေထက် အက္ခရာတင် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်

အနိရုဒ္ဓမတိုင်ခင်က ပေထက် အက္ခရာတင် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ရန်ဝင်း (တောင်တံခါး)
ဇန်န၀ါရီ ၁၅၊ ၂၀၁၀
(ပျူခေတ်) ရွှေပေချပ် ၂ဝ ပါ ရှေး (ပျူ) အက္ခရာဖြင့် ရေးထားသော ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံ ပါဠိတော်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYSB3IeVOXTCVpmPna7fQ2rEX2ScO07M-CcP1M5DfG45zM9Q757HWItFps3UtspqHaYDgF3LH2fJ7T1R_Fc75aRoEM52ZBSYcsYXiNntrqkY0vfDenQQ71eYUFMa8-p-QF4hrdgijamaw/s320/pyu-01.png
ရွှေပေချပ် အမှတ် I မှ IV

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4LOuaTl2FRutHlZahEjcSsvXZZkqXqt7qDnJqgYK6kjGiDmsuwQzmJ-WTeyhMZG1c_Q89aGoaHP_VEA-qiudaZX7pOSG8Q5KQHjvK8QsLeDkKLaT9VbCdZh2DoX7j69AR6aU8qe0q_s/s320/pyu-02.png
ရွှေပေချပ် V မှ VIII

              ရွှေပေချပ် I II III IV နှင့် V မှ စာကြောင်းရေ ၃ ပထမ ပိုဒ် အထိ ကို ယနေ့ခေတ် မြန်မာအက္ခရာဖြင့် ပြန်ရေးသော်

(I -၁) သိဒ္ဓမ်ဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သင်္ခါရ ပစ္စယာ ဝိညာဏံ
 
(I -၂) ဝိညာဏ ပစ္စယာ နာမရူပံ နာမရူပ ပစ္စယာ သဠာယတနံ
 
(I -၃) သဠာယတန ပစ္စယာ ဖေဿာ ဖဿ ပစ္စယာ ဝေဒနာ ဝေဒန ပစ္စယာ
(II -၁) တဏှာ၊ တဏှ ပစ္စယာ ဥပါဒါနာ ဥပါဒါန ပစ္စယာ ဘဝေါ ဘဝ ပစ္စယာ
 
(II -၂) ဇာတိ ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝိတ ဒုက္ခ ဒေါ
(II -၃) မနဿုပါယာသ သမ္တဝ န္တိ ဧဝ မေတဿ ကေဝလဿ ဒုက္ခခန္မ
(III -၁) ဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယ တွေဝ အ သေသ ဝိရာဂနိရောဓါ
 
(III -၂) သင်္ခါရနိရောဓေါ သင်္ခါရ နိရောဓါ ဝိညာဏနိရောဓေါ ဝိညာဏ နိရောဓါ
 
(III -၃) နာမရူပ နိရောဓေါ နာမရူပ နိရောဓါ သဠာယတန နိရောဓေါ သဠာယ
(IV - ၁) တနနိရောဓါ ဖဿ နိရောဓေါ ဖဿ နိရောဓါ ဝေဒန နိရောဓေါ
(IV -၂) ဝေဒန နိရောဓါ တဏှနိရောဓေါ တဏှနိရောဓါ ဥပါဒါန နိရောဓေါ
 
(IV -၃) ဥပါဒါန နိရောဓါ ဘဝနိရောဓေါ ဘဝနိရောဓါ ဇာတိနိရောဓေါ
 
(V -၁) ဇာတိနိရောဓါဇရာ မရဏ သောက ပရိဒေဝိတ ဒုက္ခ ဒေါမနဿုပါယာ
(V-၂) သ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခခန္မဿ နိရောဓေါ
(V -၃) ဟောတီတိ။
 

             မှတ်ချက်။ I II III IV V သည် ရွှေပေချပ်များဖြစ်၍၊ မြန်မာ ဂဏန်းများသည် စာကြောင်းရေ ဖြစ်သည်။ ရွှေပေ တချပ်လျှင် စာကြောင်း သုံးကြောင်းစီပါသည်။

            ယနေ့ ရွတ်ဆိုပွားများကြသော ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံ ပါဠိတော် (နှိုင်းယှဉ်ကြည့်ရန်)

ပဋိစ္စသမုပ္ပါဒ် အနုလုံ ပါဠိ 
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊
ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊
သဠာယတန ပစ္စယာ ဖေဿာ၊ ဖဿ ပစ္စယာ ဝေဒနာ၊
ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊
ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊
ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမန ဿုပါယာသာ သမBဝန္တိ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္မဿ သမုဒယောဟောတိ။

ပဋိစ္စသမုပ္ပါဒ် ပဋိလုံ ပါဠိ
အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊
သင်္ခါရ နိရောဓာ ဝိညာဏ နိရောဓော၊
ဝိညာဏ နိရောဓာ နာမရူပ နိရောဓော၊
နာမရူပ နိရောဓာ သဠာယတန နိရောဓော၊
သဠာယတန နိရောဓာ ဖဿ နိရောဓော၊
ဖဿ နိရောဓာ ဝေဒနာ နိရောဓော၊
ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊
ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊
ဘဝ နိရောဓာ ဇာတိ နိရောဓော၊
ဇာတိ နိရောဓာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္မဿ နိရောဓော ဟောတိ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMPIE_roqnpRn3WGPX2jLWw5aUJWD7ffP0Evh2fGADlh90rjhdHLe2lCMZmuGGpwvX7agQAAdhDsWOHoBR-GdrOfteVt8rTz_mwBScczgZ3b8IA1qx58u4b_vO4llAsLn-r1NLdd6JLdc/s320/pyu-03.png
ရွှေပေချပ်များနှင့်အတူ တွေ့ရသော ရှေးအက္ခရာဖြင့် စာများရေးသားပါရှိသည့် ငွေကြုပ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT10o9BcavQca5BB9k1qzMnfA_j4QtcnXN7Y1cYwCwpyE1WCzQjESA4pXQA4xNXII1Qizrv9eO5g-clQS798W9xVpgxugecZuGvGWN5cbPXbZ1yRuhq-S5V2qd499jWohtDvdDf_WimpY/s320/pyu-04.png
ရွှေပေချပ်များနှင့်အတူ တွေ့ရသော ရွှေသားဆင်းတုတော်


           ၁၁ ရာစုနှစ် သမိုင်းတင် ပုဂံခေတ်ဦးတွင် အနိရုဒ္ဓမင်းစော၏ လက်ထက်မှစ၍ မင်းနှင့်ပြည်သူတ ရပ်လုံး အတိုင်းမသိ အံ့ချီးဘွယ်ရာ သဒ္ဓါတရား နှင့် နက်ရှိုင်းစွာ သက်ဝင်ယုံကြည်မှု့ ကြောင့်  ထေရဝါဒ ဗုဒ္ဓ ဘာသာသည် တရှိန်ထိုး တိုးတက်လာခဲ့လေသည်။ ထိုသို့ တိုးတက်လာခဲ့သည် မှန်သော်လည်း၊ ထိုခေတ် ထိုအချိန် တွင်မှ ပုဂံ ဒေသသို့ အဦးဆုံး ထေရဝါဒဗုဒ္ဓဘာသာ စတင်ရောက်ရှိလာခြင်း မဟုတ်ပေ။ ဟိန္ဒူ ဗြဟ္မဏ အယူဝါဒ၊ အခြားသောဒေသခံယုံကြည်မှုများ၊ မဟာယာနဗုဒ္ဓဘာသာနှင့်အတူ ထေရဝါဒ ဗုဒ္ဓ ဘာ သာသည် ပုဂံ ဒေသသို့ ရောက်ရှိ ကိုးကွယ်နေခဲ့ကြပြီးလေပြီ။
 
        သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) သည် ၆ ရာစု၊ ၇ ရာစုနှစ်ခန့် တွင် အခြေတကျ ဖွံ့ဖြိုးတိုးတက် နေပြီ ဟု  မှန်းဆရပေသည်။ သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) အရပ်ဒေသ သို့ ထေရဝါဒဗုဒ္ဓဘာသာ မည်သို့စတင် ရောက်ရှိလာခဲ့သနည်းဆိုသော အမေးပုစ္ဆာကို ဖြေဆိုရန် မလွယ်ကူပေ။ ကိုးကွယ်ယုံကြည်မှု၊ ဘာသာ စ ကား၊ ယဉ်ကျေးမှု၊ စာပေအနုပညာနှင့် လက်မှုပညာတို့မည်သည် ဆက်သွယ်နေသော ဒေသ တခုနှင့်တခု နည်းမျိုးစုံဖြင့် ကူးပြောင်း ရောက်ရှိ ပြန့်ပွားတတ်သော သဘောရှိပေသည်။ တနေရာနှင့် တနေရာ အပြန်အ လှန် ဖလှယ်တတ်သော သဘာဝလည်း ရှိသည်။
 
       ထိုကဲ့သို့ပင် ပုဂံသို့ ထေရဝါဒဗုဒ္ဓဘာသာ စတင်ရောက်ရှိလာပုံနှင့်၊ အများပြောဆိုယုံကြည်နေကြ သော အနိရုဒ္ဓ၏လက်ထက်တွင် ပိဋကတ်တော်များ မည်ကဲ့သို့ ရောက်ရှိလာပုံ သမိုင်းမှတ်တမ်းများကို လေ့လာရာတွင်၊ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် နှောင်းခေတ်များတွင်မှ အသစ်ရေးထိုးထားသော ကျောက် စာ၊ ပေစာများ နှင့် ရာဇဝင် သမိုင်း မှတ်တမ်းများ ကိုသာ တွေ့ရှိရပေသည်။ ပုဂံခေတ်ထိုး ကျောက်စာ၊ မင်စာ နံရံဆေးရေးပန်းချီ စသည်များတွင်မူ အထောက်အထားတစုံတရာ မတွေ့ကြ ရသေးပေ။
       မြန်မာ့ ရှေးခေတ်သမိုင်းကို ကျောက်စာများ၊ နံရံဆေးရေးပန်းချီ နှင့် မင်စာများ၊ ပေထက်အက္ခရာများ၊ လက်မှုပညာ အလုပ်အဆောင်များ၊ ခေတ်အဆက်ဆက် ပညာရှင်များ၏ သမိုင်းမှတ်တမ်းများ နှင့် ခေတ်အ ဆက်ဆက် လက်ကမ်း ပြောကြားခဲ့ကြသော ပါးစပ်ရာဇဝင် သမိုင်းများကို ကိုးကားပြီး ပြောဆိုရေးသားကြ ရပေသည်။ မှန်းဆချက်၊ အဓိပ္ပါယ် ကောက်ယူ ဖွင့်ဆိုချက်များသည် လေ့လာသူများ အနက် တဦးနှင့်တဦး တူညီမှု ရှိကောင်းမှရှိပေလိမ့်မည်။ နှောင်းတွေ့အထောက်အထား အသစ်များနှင့် သုတေသနလုပ်ရာမှ ဖေါ်ထုတ် ရရှိချက်များကြောင့် မြန်မာ့သမိုင်းကိုရေးသားရာတွင် ပြင်ဆင် ဖြည့်စွက်မှုများ အမြဲတစေ လိုအပ်နေပေမည်။
       မည်သည့်အချိန် မည်သည့်ခုနှစ်မှာ ရေးသားခဲ့ကြောင်း အထောက်အထားများ ရှာဖွေမတွေ့နိုင် သော် လည်း ဆိုညွှန်းခဲ့သည့် ထို ရွှေပေချပ် ၂ဝ တွင် သုံးစွဲသည့် (ပျူ) အက္ခရာများ၊ အတူတကွတွေ့ရသော သာ သနိကလက်မှုပစ္စည်းများ၊ ထိုဒေသမှ တွေ့ရသော စေတီများ၊ ဂူဘုရားများ၊ မြို့ရိုးများ၊ အုတ်ချပ်များ၊ မြေပုံ ဘုရားများ၊ ကျောက်ချပ်ရုပ်ကြွများ၊ အရိုးအိုးများ၊ အရိုးစု နှင့် မီးသွေးများ၊ ပုတီးစေ့များ၊ ပုံနှိပ် (ပျူ) ဒင်္ဂါး များ စသည့် အခြားခေတ်ပြိုင် ရှေးဟောင်းပစ္စည်းများ ကို ထောက်ရှုခြင်းအားဖြင့်၊ ပြည် မြို့နယ် အတွင်းရှိ ယနေ့ မှော်ဇာ ပတ်ဝန်းကျင်၊ ရှေး (ပျူ) ခေတ်အခါက သီရိခေတ္တရာ (ဂြီက္ခေတြ) ဖြစ်လိမ့်မည်ဟု မှန်းဆ ရသော ရှေး မြို့ရိုးကြီးအတွင်းက အရပ်ဒေသ တွင် ရာစုနှစ်များ ကြာရှည်စွာ (ပျူ) လူမျိုးစုများ နေထိုင်ခဲ့ကြသည်။
 
          ထို (ပျူ) လူမျိုးစုများသည် ၆ ရာစုနှစ် မှ ၇ ရာစုနှစ် အတွင်း ကတည်းကပင် သမိုင်းတင် ၁၁ ရာစု နှစ် အနိရုဒ္ဓမင်းစော၏ လက်ထက် ပုဂံခေတ်ဦး အချိန်ထက် ပိုမို စောစီးစွာ ရှေး (ပျူ) အက္ခရာဖြင့် ရေးသား မှတ် တမ်းတင်ထားသော ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ကို ယုံကြည် ကျင့်ကြံ အားထုတ်နေကြပြီ ဖြစ် ကြောင်း သက် သေ ပြလျက်ရှိပေသည်။
 ကိုးကား

(၁) ဗုဒ္ဓဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် ပါဠိတော် နှင့် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ (မိုးကုတ်ဆရာတော်ဘုရားကြီး)
(၂) ပျူဖတ်စာ [သီရိပျံချီ ဦးသာမြတ် MA (Rgn.), Bag (Bom)
(၃) ပျူတွေဘယ်ပျောက်သွားသလဲ (ဒေါက်တာ သန်းထွန်း)
(၄) တကောင်းမှ အသစ်တွေ့ရှိမှု ပျူအထောက်အထားများ (ချစ်စံဝင်း)
(၅) အနော်ရထာအရင်က မြန်မာနိုင်ငံ (ဗိုလ်မှုးဘရှင်)
(၆) ပုဂံမပျက်မီက မြန်မာ့သမိုင်း (ဒေါက်တာထင်အောင်)၊ အောင်သန်း(မန္တလေး) မြန်မာပြန်သည်။
(၇) Historical Sites In Burma (Aung Thaw)

ရှမ်းတို့ပြောသော မြန်မာအစ

မြန်မာအစ ဘယ်ကလာ


မြန်မာရာဇာဝင် ဆရာတို့သည် မြန်မာနှင့် အိမ်းနီးချင်း
 ဖြစ်သော တရုတ်၊ ကုလား၊ ယိုးဒယား ဆက်ဆံရေး များကို ရေးကြရာတွင် မျိုးချစ်စိတ်ကို ဦးစားပေး၍ မဖြစ်ဘူးဘဲ ဖြစ်လေဟန် ဇွတ်ဖြည့်စွက်ရေး သည်လည်း ရှိ၏။ ဖြစ်ဖူးပါလျက် မဖြစ်လေဟန် တမင်ချန်ရစ် ခဲ့သည်လည်းရှိသည်။ ထင်ရှားသော သာဓကများကို ပြပါမည်။ မဖြစ်ဘူးဘဲ ဖြစ်လေဟန် ရေးသည်များမှာ
(၁) သာကီဝင်မင်း အဘိရာဇာ မြန်မာနိုင်ငံသို့ ၀င်လာ၍ တကောင်းတည်ခြင်း၊
(၂) နောက်ထပ်သာကီဝင် ဓဇရာဇာရောက်လာပြန်ခြင်း၊
(၃) အနော်ရထာစောက တရုတ်ဥတည်မင်းကို သွားရောက် ခြိမ်းခြောက်ခြင်း၊
(၄) အလောင်းစည်သူ ဇမ္ဗုသပြေပင်အနီးသို့ ရောက်သွားခြင်း၊
(၅) သမိန်ဗရမ်း နှင့် ဂါမဏီ သက္ကရာဇ်- ၇၇၅ AD -1415 လောက်က စီးချင်းထိုးခြင်းဖြစ်ရသည့် တရုတ်တို့လာရောက် တိုင်ခိုက်ခြင်း၊
(၆) တမိန်ဗရမ်းနှင့် စလုံကျောခေါင် သက္ကရာဇ်- ၈၃၉ (AD -1477) လောက်က စီးချင်းထိုးခြင်း ဖြစ်ရသည့် တရုတ်တို့လာရောက် တိုက်ခိုက်ခြင်း စသည်တို့ဖြစ်ပါသည်။

ဤတွင် အဘိရာဇာနှင့် ဓမရာဇာ အကြောင်းကို ရေးကြသည်မှာ ငါတို့ သာကီဝင်မျိုးဖြစ်သည်ဟု ဘုရားမျိုးနှင့် ဆက်ခြင်းဖြစ်ပါသည်။ ကုန်းဘောင်းခေတ် အလောင်းမင်းတရား လက်ထက်လောက်မှ ထွင်သော ဇတ်လမ်းသစ်မျှသာ ဖြစ်သည်ဟု ယူဆရန် ကြောင်းရှိပါသည်။

အနော်ရထာနှင့် ဥတည်ဘွား အကြောင်းမှာလည်း မုချဧကန် ဖြစ်ရသော ကြောင်းထက် ပိုကဲ၍ ရေးမိခြင်းဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော အနော်ရထာသည် မြောက်ဘက်သို့ နယ်ချဲ့သည်ကာမှန်၏။ သို့သော ဧရာဝတီနှင့် ရွှေလီ ဆုံဆည်းရာ အရပ်ထက် မြောက်ကျသော နေရာကို မရာက်ဟု ထင်မိပါသည်။ စင်စစ်ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်ကုန်အောင်မျှ ထိုအခါက မြန်မာ့ လက်အောက်တွင် မရှိချေ။

အနော်ရထာ လက်ထက်တွင် မြန်မာနိုင်ငံတို့ စည်းလုံးမိ၍ အကျေအညာ နယ်ချဲ့သည်ကားမှန်၏ သို့သော တရုတ်ကို စစ်ပြုနိုင် လောက်အောင်လည်း အင်အားမရှိသေးဟု ယူဆပါသည်။

ထိုစဉ်က ယွန်နန် မြန်မာနယ်စပ်တွင် ရှိနေသော နန်ကျောင်သည် ယခု မြန်မာနိုင်ငံ၏ မြောက်ပိုင်း တစ်စိပ်တစ်ဒေသကို လွှမ်းမိုးနေဆဲဖြစ်၍ ယင်းတို့ကို တိုက်ခိုက်ခြင်း ဖြစ်မည်ဆိုက ဖြစ်နိုင်စရာ
အကြောင်းရှိပါသေးသည်။

အလောင်းစည်သူ မင်းကြီးသည် တိုင်းခန်းလှည့်လည်ရင်း ဇမ္ဗုသပြေပင်အနီးကို ရောက်သွားသည်ဟု ဆိုရာ၌လည်း အကဲပိုများ ပါ၍နေသည်။ ထို့ထက် တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညိုလို ပုဂ္ဂိုလ်က တိုင်းခန်းလှည့်သူမှာ အလောင်းစည်သူမဟုတ် နရပတိစည်သူ သာလျှင်ဖြစ်သည်ဟု ငြင်းချက် ထုတ်ခဲ့ဖူးပါသည်။

ထို့ပြင် သက္ကရာဇ် ၇၇၅-နှင့် ၈၃၉ ခုများတွင် တရုတ်စစ်ရောက်၍ သူရဲကောင်း တယောက်ချင်း စီးချင်းကစားရာတွင် အနှစ် ၆၄- နှစ်သာ ခြားလျက် ဇတ်လမ်းတူ၍ မြန်မာဘက်မှ ဇတ်လိုက်မှာ နှစ်ကြိမ်စလုံး သမိန်ဗရမ်း ဖြစ်နေသည်မှာ တစ်နေရာရာတွင် မှားအံ့လောဟု သံသယဖြစ်စရာ ကောင်းနေပါသည်။

ထို့ကြောင့် တရုတ်မှတ်တမ်းများ၌ ရှာဖွေကြရာ ထိုအခါက မြန်မာနှင့် ရန်ဖြစ်သည်ဟု မတွေ့ရချေ။ ဤသည်လည်း မဖြစ်ဘူးဘဲ ဖြစ်လေဟန် ရေးခြင်းမျိုးဖြစ်ပါသည်။ မည်သည့်အကျိုးကို လို၍ ရေးသည်ဟု မသိရသော်လည်း ယခု ပြည်ထောင်စု ခေတ်တွင် တချို့ ရာဇ၀င်ဆရာတို့ အလွန်နှစ်သက်သော ဇတ်ကွက် တခုဖြစ်ကြောင်း တွေ့ရပါသည်။

အဘယ့်ကြောင့်ဆိုသော် သမိန်ဗရမ်းနှင့် ဂါမဏီ သို့မဟုတ် သမိန်ဗရမ်းနှင့် စလုံကျော်ခေါင်ဇတ်တွင် မွန်မြန်မာ ရန်စစ်ဖြစ်ဆဲ မြန်မာကို တရုတ်လာတိုက်လျှင် မွန်-မြန်မာပေါင်း၍ တရုတ်ကိုခုခံသည်ဟူ၍ တွေ့ရသောကြောင့် ယင်းပင်လျှင် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ချေ၏ဟု အားပါးတရရေးကြ၏ ပြည်ကျော် ပန်းချီဆရာကို ဆီဆေးကားရေးခိုင်းသည်။ ရေးသူ၊ ဆွဲသူကို ကျေနပ်ကြသည်။ သို့သော် မည်သူမျှ ထိုဇတ်လမ်းသည် ရာဇ၀င်ကြောင်းအားဖြင့် မှန် မမှန် (Historicity) ရပ်၍ မစဉ်းစားကြချေ။ မဖြစ်ဘူးသည်ကို အဖြစ်လုပ်ခဲ့သလို ဖြစ်ဖူးသည်ကိုလည်း မသိမကြားဘူးသကဲ့သို့ ချွင်းချန်၍ ထားခဲ့သည်များကို တွေ့ရပါသည်။
အချုပ်အားဖြင့် မျိုးချစ်စိတ်အကဲပိုနှင့် မိမိရာဇ၀င်ကိုဖြစ်စေ၊ သူတစ်ပါး ရာဇာဝင်ကိုဖြစ်စေ၊ မရေးသင့်ဟု ဆိုပါသည်။ ဒုတိယ နိဂုံးအနေဖြင့်လည်း မြန်မာရာဇ၀င်ကို မြန်မာများကပင် အကဲအပိုမပါစေဘဲ ရေးသား၍ ကမ္ဘာကို တင်ပြချိန်ရောက်ပြီဟု ဆိုချင်ပါသည်။ တတိယ နိဂုံးအနေဖြင့် အင်္ဂလိပ်၊ ကုလားစသည်တို့က မဟုတ်မမှန် လီဆည်၍ မြန်မာအဆိုးဟု ရေးလေသည်တို့ကိုလည်း ဖော်ထုတ်ပြင်ဆင်၍ ဟုတ်သလောက်မူ ၀န်ခံပါဟု တိုက်တွန်းလိုပါသည်။
ဤနိဂုံး၌ပါသာ စကားသုံးချက်ကား ကျွန်တော်များ အစဉ်တစိုက် ဆက်လက်ထုတ်ဝေရန် ရည်သန်သော မြန်မာရာဇ၀င်စာတန်း များ၏ ၀ါဒပင် ဖြစ်ပါသည်။

မြန်မာရာဇ၀င်စာတမ်း အမှတ်-၁
ဒေါက်တာသန်းထွန်း

မြန်မာအစ ဘယ်ကလာ
အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည်ဟု အတည်ပြုထားကြသည်။

တရုတ် မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက် ကုန်းမြင့်ဒေသ တ၀ိုက်သို့ ပြောင်းသွားကြသည်။ တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်နယ်သို့ ပြောင်းကြ သည်။

တရုတ်ပြည်ကို AD- 618 မှ 907 အုပ်စိုးခဲ့သော ထန်မင်းဆက်သည် တရုတ်တို့၏ သမိုင်းတွင် ခေတ်ကောင်းကြီး တခုဖြစ်၏။ နိုင်ငံတွင်း စီးပွားရေး၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများ တိုးတက်သည်။ အာရှ အနောက်နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှု တိုးတက်တည်တံ့စေရန် အာရှအလယ်ပိုင်းသို့ နာယ်ချဲ့၍ ကုန်သွယ်လမ်းများကို ထိန်းသိမ်းခဲ့သည်။ ဤသို့ဖြင့် ထန်အင်ပါယာသည် နောက်ဘက် အာရှအလယ်ပိုင်းတွင်များစွာ ကျယ်ပြန့်ခဲ့သည်။ သို့ပင်ဖြစ် လင့်ကစား ယန်စီမြစ်၏ တောင်ဘက် ယခုခေတ် ယူနန်၊ လွေချို၊ လွှမ်စီ၊ ကွမ်တုန်စသည့် ဒေသများကိုကား လက်အောက်ခံ နိုင်ငံများဟု သဘောထားရုံသာ ထားနိုင်သည်။ စစ်ရေးနိုင်ငံရေးတို့ဖြင့် တိုက်ရိုက်လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပေ။
ထိုစဉ်က တရုတ်ပြည် ယန်စီမြစ်တောင်ပိုင်းနေ လူများစုမှာ တရုတ်များမဟုတ်ကြချေ။ တိဗက် မြန်မာအနွယ်ခွဲဝင် ဘာသာစကား ပြောသူများနှင့် သျှမ်းအစုဝင် ဘာသာစကား ပြောသူများမှာ ထိုဒေသတို့၏ လူများစု တိုင်းရင်းသားများဖြစ်ကြသည်။

ထိုဒေသတို့တွင် ထန်တရုတ်တို့၏ လက်အောက်ခံ မဟုတ်သော တိုင်းရင်းသားတို့၏ နိုင်ငံငယ်များ ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံတို့အနက် “အားဟိုင်” (အားပင်လယ်) ပတ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ- ၆-နိုင်ငံတို့ ထင်ရှား၏ ယင်းနိုင်ငံငယ်တွင် နေထိုင်
သူတို့တွင် မောစောများ (နန်ကျောက်သျှမ်း)၊ ရှေးဟောင်းမြန်မာများ၊ လောလောများ စသည့် တိဗက်မြန်မာ အနွယ်ဝင်များနှင့် သျှမ်းအစုဝင် များပါဝင်ကြသည်။
ယင်း ၆ နိုင်ငံအနက် တောင်ဘက်စွန်ကျသော မုင်ရှေစော (နန်ကျောင်)သည် အင်အား အကောင်းဆုံးဖြစ်သည်။ AD- 739 တွင် မုင်ရှေစောနိုင်ငံသည် ကျန်နိုင်ငံငယ် ၅ခုကို သိန်းသွင်း၍ အင်အား တောင့်တင်းသော ပြည်ထောင်စုကို တည်ထောင်သည်။ မြို့တော်ကို အားဟိုင်အနောက်ကမ်း ယခု (ယူနန်နယ်) တာလီဖူမြို့ တောင်ဘက်အနီးတွင် တည်ထောင်ခဲ့သည်။

တရုတ်တို့က တောင်ဘက် “ဆောဘွဲ့ခံ သူအုပ်ချုပ်သောလူမျိုး “နန်ဆောနိုင်ငံ” သို့မဟုတ် (နန်ကျောင်-နန်ချို သျှမ်းတို့က နောင်ချယ် ဟုခေါ်သည်) ဟုခေါ်ဝေါ် ရေးသားခဲ့ခြင်းဖြစ်သည်။

နန်ကျောင်-ပြည်ထောင်စုကို တည်ထောင်သော နန်ကျောင် “ဧကရာဇ်ကြီး ရှဲင့်လော်ဖီ” ၏နောက် ဆက်ခံသော မြေးတော် “ကောလော်ဖှဲင” လက်ထက်တွင် နန်ကျောင်၏ အင်အား လွန်စွာတိုးတက်ခဲ့သည်။ထန်တရုတ်နိုင်ငံ၏ လေးစားခြင်းကိုပင်ခံခဲ့သည်။

ထိုစဉ်က တရုတ်ပြည် အနောက်ဘက်ရှိ တိဗက်နိုင်ငံ မှာလည်း အင်အားကြီး နိုင်ငံတခုဖြစ်ခဲ့သည်။ အာရှအလယ်ပိုင်းကို ကြီးစိုးရေးအတွက် တိဗက်နှင့် ထန်တရုတ်တို့သည် အပြန် အလှန်စစ်ဆင်နွဲ နေကြဆဲ ဖြစ်သည်။

ယခု အင်အားကြီးနိုင်ငံ တစ်ခုပေါ်လာသဖြင့် တိဗက်နှင့် တရုတ်တို့သည် နန်ကျောင်နိုင်ငံ ဖြစ်သော ထိုအင်အားကြီးနိုင်ငံနှင့် ပူးပေါင်း၍ အချင်းချင်း တိုက်ခိုက်ရန် အခြေနေများ ဖြစ်ပေါ်ခဲ့သည်။
နန်ကျောင်ကလည်း မိမိ၏ အကျိုးကို ကြည့်၍ တစ်ခါတရံ ထန်တရတ်နှင့်ပေါင်း၍ တိဗက်ကိုတိုက်သည်။ တစ်ခါတရံ တိဗက်နှင့်ပေါင်း၍ ထန်တရုတ်ကို တိုက်သည်။ ဤသို့ဖြင့် ပဒေသရာဇ် ၃ နိုင်ငံ၏ ၃ပွင့်ဆိုင် စစ်သည် ဖြစ်ပေခဲ့သည်။ ဤစစ်များကို အကြောင်းပြု၍ နန်ကျောင်သည် စွီကျိုနှင့် ဝှေ့ထုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အနောက်ဘက်တွင် ယခုပေါင်ရှန်မှ မေခ မြစ်အထိ ယင်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်စွန် ရေခဲတောင်ကြီး များအထိ ခံတပ်မြို့ကို ဆောက်နိုင်ခဲ့၏ ပျူနိုင်ငံနှင့်လည်း အဆက်သွယ်ရခဲ့၏ ဤစစ်တို့တွင် ရှေးဟောင်းမြန်မာတပ်များ ပါဝင်ဆင်နွဲခဲ့၏။ ရှဲင့်လော်ဖီမင်းကြီး လက်ထက်မှစ၍ ရှေးဟောင်းမြန်မာတို့သည် နန်ကျောင် ပြည်ထောင်စုနိုင်ငံတွင် ပါဝင်ခဲ့ကြသည်။ ထိုရှေးဟောင်း မြန်မာတို့မှာ မည်သူတို့နည်း။ သူတို့၏ အကြောင်းကို ခေတ်ပြိုင်ရေးခဲ့သော တရုတ်ကျမ်းတို့တွင် တွေ့နိုင်သည်။
(မန်ရှုကျမ်း၊ ထန်ရာဇ၀င်ကျမ်းဟောင်းနှင့် ထန်ရာဇ၀င်ကျမ်းသစ် )

“ဖန်ချို-အမည်ရှိသူက AD-863” ခုတွင် မန်ရှူခေါ် တရုတ်ဘာသာရေး ကျမ်းတစ်စောင်ကိုရေးခဲ့၏ ထိုကျမ်း၌ နောင်အခါ မြန်မာဖြစ်လာမည့် မူလမြန်မာ တို့ကြောင်းကို အတန်ငယ်ပြည့်စုံအောင် ရေးသားခဲ့ပါသည်။

မူလမြန်မာသည် ယုန်ဂ်ချန်င် (ပ၀်ရှန်) ပန်ဝန်းကျင်၌နေ၏။ ထိုအရပ်ကား စင်စစ်အားဖြင့် မြောက်နမိုင်ခ၊ ရှေ့မဲ့ခေါင်၊ တောင်သိန္နီအတွင်း ရှိသောဒေသပင်ဖြစ်ပါသည်။

ထိုသူတို့သည် မိမိတို့ သရှင်သခင်ကို မင်းသို့မဟုတ် မင်းစောဟုခေါ်သဖြင့် ဖန်ချိုက ယင်းတို့ကို “မင်းသို့မဟုတ် “မင်းစော”လူမျိုး ဟုပင်ခေါ်ပါသည်။ ထိုသူတို့သည် “ယွန်နန်၏ အကျော်ဆုံးမြင်းမျိုးကို မွေးသူများဖြစ်၏။” ထို့ကြောင့်လည်း ယင်းတို့ပင် မြင်းသည်ကျော်များ ဖြစ်ကြသည်။ ပိုးစားရိုင်းပင်၏ အသားနှင့်လေးကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်နိုင်၏။ စစ်ရေးစစ်ရာ၌ ပထမတန်းစားများ ဖြစ်ပါသည်။

“ရှေးဟောင်းမြန်မာများဟု” ဖေါ်ပြခဲ့သော “မင်း သို့ မင်းစော” လူမျိုးတို့သည်။ ခြေတံရှည်အိမ်များနှင့် နေကြောင်း၊ အနီရောင်ပိုးစဖြင့် ဦးခေါင်းကို ရစ်ပတ် တန်ဆာဆင်က ခေါင်းပေါင်းစကို နောက်တွင်ချကြောင်း၊ အမျိုးသီးတို့သည် အရောင် ၅မျိုး ပါသော လဲပိုးထည်ကို ၀တ်ကြောင်း၊ ယင်းအ၀တ်ကို ခေါင်းပေါ်ထိ ခြုံနိုင်ကြောင်း၊ စပါးကြီးမြွေသွားများ၊ ခရုခွံများ၊ ပုလဲစစများနှင့် ကုံးထားသော ပုတီးများကို ကိုင်တွယ်နည်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် သိုင်းကြသည်။ ဆွဲထားကြသည်။ အိမ်ထောင်မရှိသေးသူသည် ထိပ်တွင် ဆံထုံးတစ်ထုံးသာ ထုံး၍ အိမ်ထောင်ရှိသူသည် ချိုစောင်းနေရာတွင် တစ်ထုံးစီခွဲ၍ နှစ်ထုံး ထုံးသည်။

သူတို့သည် အိမ်အနီးသစ်ပင်များပေါ်တွင် ဒေါင်းများကို မွေးမြူထားကြောင်းစသည်ဖြင့် ဖော်ပြထား၏။ ပိုးခေါင်းပေါင်းနီကို အစနောက်ချ၍ ပေါင်းခြင်း၊ ခြေတံရှည်အိမ်များပေါ်တွင် နေခြင်း၊ မြန်မာတို့ အလေးအမြတ်ထားသော အလံတွင် ဒေါင်းရုပ်ပါခြင်းတို့မှာ ဤရှေးဟောင်းလူတို့၏ အစဉ်အလာ အဆက်ပင်လောဟု တွေးထင်ဖွယ်ရာရှိ၏ မင်းလူမျိုးစု အားလုံးလိုပင် “ဘောင်းဘီပြာဝတ်၍ ကြိမ်ခွေ၊ ၀ါးနှီးများဖြင့် ခါးကိုပတ်ထားကြသည် ဟုလည်းဆို၏” ကုန်းမြင့်သားများဖြစ်ကြောင်း ထင်ရှားပေသည်။
တိုက်ခိုက်ရေးတွင် ၀ါသနာထုံသူများဖြစ်သည်။ ပေါ့ပါးလျင်မြန် ဖျတ်လတ်သည်။ မြင်းစီးစဉ် လှံကို ကျင်လည်စွာ သုံးတတ်သည်။ စီးရာတွင် ကုန်းနှီးမပါ အပြင်းတိုက်ရန် ဒုန်းစီးသောအခါ များတွင် ပျံနေသည်ဟု ထင်ရသည်။ သူတို့၏ အမျိုးသမီးပျိုတို့သည်လည်း မြင်းရေးတွင် အလားတူစွမ်းရည် ရှိသူများဖြစ်၏ နန်ကျောင်မြို့နှင့် တပ်မြို့ အသီးသီးမှ စစ်သူကြီးများ တပ်ထွက်ကြသော အခါ တပ်ဦးမှပါရလေသည်။
ထိုသူတို့သည် လှံရှည်၊ ကာရှည်ကြီးများကို ကိုင်ဆောင်သည် သူတို့ချီတက်လာပြီဆိုလျှင် မည်သူမှ မခုခံနိုင်၊ မြားတို့နှင့် သစ်သားလေး(ဒူးလေး) ကိုလည်းသုံးသည်။ မြှားသွားကို အဆိပ်လူးထားသဖြင့် မြှားချက်ထိသူ ရုတ်ခြသည်းသေသည်။ ၀ါးချွန်အပစ် အလွန်ကျင်လည်သည် တောနက်အတွင်း လင်းနို့ကိုပင် ထိအောင်ပစ်နိုင်သည်။ အလွန်လက်ဖြောင့်၍ လွဲသည်မရှိ သူတို့သည် ငှက်ပျောရွက်တွင်အစာပုံ၍ စားသည်။ ခွက်ယောက်မရှိ မြောက်ဘက်အကျဆုံးလူစုဖြစ်သည်။ ဇွဲ၊ သတ္တိနှင့် သစ္စာရှိမှုတို့တွင် အံ့ဖွယ်သရဲ ရှိလှသည်။ တရုတ်တို့နှင့် ဖြစ်ရသော စစ်ပွဲတွင် မိသွားရာ အမျိုးမျိုး နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးသည်၊ စကားတစ်ခွန်းမျှ မဟချေ၊ လက်ကောက်ဝတ်မှ လက်ကိုဖြတ်ပစ်၍ စစ်မေးပြန်သည်၊ မပြော၊ အော်ဟစ်ခြင်းပင် မပြုကြပေ။ ဤသည်မှာ ရှေးမြန်မာတို့၏ နန်ကျောက်ခေတ် စစ်ပွဲကြီးများတွင် ပါဝင်ပတ်သက်ခဲ့သော ရဲစွမ်းသတ္တိနှင့် သစ္စာရှိမှုများသာပင် ဖြစ်လေသည်။
ထိုသူတို့သည် ဖန်ချို မှတ်တမ်းတင်ချိန်၌ မြန်မာနိုင်ငံတွင်းသို့ သျှမ်းပြည် မြောက်ပိုင်းမှစ၍ ၀င်ရောက်ချိန် ဖြစ်ပါသည်။ အဘယ့်ကြောင့် နောက်ထပ် တောင်ဘက်သို့ တိုးဝင်ရပြန်ပါသနည်းဟု မေးလျှင် နန်ကျောင်၏ ဖိစီးနိုပ်စက်ခြင်း ဘေးမှ ရှောင်ရှားခြင်း ပင်ဖြစ်သည်ဟု ဖြေရမည်။ နန်ကျောင် (သျှမ်း) အမျိုးတွင် “ရှဲန်လောဖိမင်းက AD- 713” ခုအလွန်တွင် သံလွင်နှင့် မဲခေါင်ကြားနေ မင်းစော အမျိုးတို့ကို ပထမဆုံး အောင်နိုင်သည် ဟုဆိုပါသည်။ AD- 755 ခုနန်ကျောင်တို့ လွှမ်းမိုးချိန်ဖြစ်၍ နန်ကျောင်မင်းကြီး ကော်လော်ဖန်က တိဗက်ကို မဟာမိတ်ပြု၍ တရုတ်ကို စစ်ကြီး နှစ်ကြိမ်နိုင်လိုက်၏။ မဟာမိတ်ဖြစ်သော တိဗက်သို့ သွားရန်လမ်းနှစ်သွယ်ရှိရာ ထိုလမ်းနှစ်ခုစလုံး မြန်မာနိုင်ငံမှ ဖြတ်၍သွား၏ ထိုလမ်းအတိုင်း နန်ကျောင်တို့လိုက်လာလျှင် ပျူတို့နှင့်တွေ့တော့သည်။ ရောက်လာသော နန်ကျောင်ကို ပျူတို့က လက်သင့်ခံရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။ အကြည်တသာ လက်ခံရသည့်အပြင် နန်ကျောင်တို့ တိုက်သောစစ်များ၌ပင် ပျူစစ်သားတို့ လိုက်၍တိုက်ရသေး၏ ပျူတို့မှာ နန်ကျောင်ကို ခံညားရိုသေလျက် အခွန်ဆက်သနေရပြီဖြစ်၏ ထိုကုလား တရုတ် လမ်းမကြီးနှစ်ခုကို တရုတ်အမတ် ကျာတန်က ရှစ်ရာစုကုန်ခါနီးတွင် အခန်းဆက်နှင့် တကွ အသေးစိတ်ရေးသားထားခဲ့သည်။
(ယှင်ထန်ရှု၊ အခန်း ၄၁ (၁) စာမျက်နှာ ၂၁၊ ယာနှင့်ဝဲ)

တရုတ်စစ်ကိုတိုက်နေသော နန်ကျောင် အရှင်မင်းကြီး ကောလော်ဖန်၏ မြေးတော် ယိမိုရွန်း လက်ထက် AD- 794-ခုတွင် မင်း သို့ မက်းစော အမျိုးတို့ကို နှိပ်ကွပ်ပြန်သည်ဟုဆိုသည်။ နန်ကျောင်တို့က ချဲန်င်တုမှ ဟနွိုင်သို့ဖြန့်၍ စစ်တိုက်ရာ၌ မင်း-တို့က အသေခံအဖြစ်ဖြင့် တပ်ဦးတပ်ဖျားက လိုက်ကြရရှာသည်။ ထိုသူတို့ စစ်တိုက်ရာ၌ ရဲစွမ်းသတ္တိရှိပုံ၊ စည်းကမ်းရိုသေပုံနှင့် ဆင်းရဲပင်ပန်းရောက်၍ သေပုံကို ဖန်ချိုက အသေးစိတ်ဖော်ပြခဲ့၏။ နန်ကျောင်ကိုလည်း ရွံ့မုန်း၍ လာကြမည်ဖြစ်ပါသည်။

တဖန် AD- 794-ခုနှစ် ကျော်တွင် မြေးတော်-ယိမိုရွန်း စစ်ကိုရပ်စဲလိုက်၏ ထိုနောက် လက်အောက်ခံ ပြည်နယ်များစွာမှ သီဆိုတီးမှုတ် သူဆိုင်းသမား တို့ကိုစု၍ တရုတ်ဧကရာဇ်ထံသို့ AD- 800”-ကျော်တွင် စေလွှတ်ဖျော်ဖြေခိုင်းသည်။ ယင်းတို့တွင် ပျူသဘင်သည်တို့လည်းပါ၏ ထို့ကြောင့် ပျူနှင့် တရုတ် အဆက်သွယ်ရလာသဖြင့် ပျူမင်းဖြစ်သော ခွန်မော်ချန်မင်းမျိုးမှ ယုန်ချိယန်မင်းက AD-801-2-ခုနှစ် တွင် တရုတ်နိုင်ငံသို့ နန်ကျောင်မှ တစ်ဆင့် သံစေလွှတ်ခဲ့သည်။

ညီတော် သို့မဟုတ် သားတော် ဂြိမြို့စား (ဗန်းမော် သို့မဟုတ် တကောင်းမြို့စား) သုနန္ဒကို သံအဖွဲ့တွင်ထည့်လိုက်၏ တရုတ်မှတ်တမ်းများ၌ ထိုသံအဖွဲ့နှင့်တကွ ပျူတူရိယာနှင့် တီးမှုတ်ပုံကို အသေးစိတ်ရေးသားထားသည်။ တဖန် AD-832-ခုတွင် နန်ကျောက်တို့က “ပျူမြို့တော်” ကိုဖျက်ဆီးပြီးနောက် “လူ ၃၀၀၀-သုံ့ပန်း” အဖြစ် ဖမ်းယူသွားကာ “ကျေတုန်ခေါ် ယွန်နန်ဖု”အမည်ရှိ နန်ကျောင်တို့၏ အရှေ့ဘက်မြို့တော်တွင် အစေအပါး ကျွန်ပြု၍ထားသည်။ စားသောက် နေထိုင်ရေးကို ဖြစ်သလို ယင်းတို့ဘာသာ စီမံနေထိုင်စေ၏ မသေမပျောက် ကျန်ရစ်သေးသည့် သားမြေးတို့ ယခုတိုင်ရှိ၍ သားငါးတိရိစ္ဆာန်ကို စားသောက်ကြသည်။
(မန်ရှူ၊ ၄၄ ယာ)

နန်ကျောင်တို့သည် တခါတရံ “ရှေးဟောင်းမြန်မာလူစု” ကို ဖိနှိပ်ခြင်းရှိ၏။ စစ်ရေးကို အခြေခံသည့် ပဒေရာဇ်စနှစ် အောက်တွင် နေရသည်မှာ ပျော်မွေ့ဖွယ်မဟုတ်၊ ထို့နောက်မြန်မာနိုင်ငံ မြေပြန့်၌ တခြားတန်းခိုးကြီး အင်အား တစ်ရပ်ဖြစ်သော မိချဲန်ကို AD-835 ခုနှစ်တွင် နန်ကျောင်ပင် ၀င်ရောက်သိမ်းရာ၌ ပါဝင်ခဲ့ရ၍ ရှေးဟောင်း မြန်မာတို့သည် မြန်မာနိုင်ငံ၏ အခြေနေကို သိခဲ့ရသော အခါ တစ်ရွာပြောင်းမှ သူကောင်းဖြစ်မည်ဆိုသည့် သဘောလည်း ပေါက်လာခဲ့ကြပေမည်။

မြန်မာနိုင်ငံ မြေပြန်တွင် အားကောင်းသော ပျူနှင့် မွန် နှစ်မျိုးစလုံးပြိုကွဲလျှင် မြန်မာအဖို့ အလွယ်နှင့်ပင် ထိုအရပ်များ၌ ၀င်၍ အုပ်စီးရန်သာ ကျန်ပါတော့သည်။ မြန်မာတို့ AD-900 မှစ၍ “ကျောက်ဆည်နယ်ကိုမှ” ရွေးကာ ၀င်ရောက် နေထိုင်သည်ဟု “ပါမောက္ခလုစ်က” စွဲမြဲယုံကြည်၏။ ထိုသို့ ယုံကြည်ရန်လည်း “ကျောက်စာများ” အားကိုးရှိပါသည်။ ရှေးအကျဆုံး မြန်မာကျောက်စာတို့၌ ပါသော ရွာအမည်များကို ရှာလျှင် ကျောက်ဆည်နယ်၌သာ တွေ့ရသည်။

ကျောက်ဆည်ကား မြန်မာမရောက်မီ ကပင် ဆည်မြောင်းနှင့် စပါးစိုက်ရာအရပ် ဖြစ်၍ “မွန်”တို့နေရာဖြစ်ပါသည်။ “လ၀၊ ပေါင်လောင်” တို့လည်းရှိ၏။ ကန်တူ၊ သက်နှင့် စကြစ်(ကရင်) လည်းရှိပေမည်။ မြန်မာက ကျောက်ဆည်ကို ၀င်လါလျှင် မွန်အများစုသည် တောင်ဘက်သို့ ဆုတ်သွားရဟန်ရှိသည်၊ သို့သောမွန် တချို့မှာ ကျောက်ဆည်ဒေသ၏ မြောက်နှင့် အရှေ့မြောက် အရပ်များတွင် အစုလိုက်ကျန်ရစ်ပါသည်။ ထိုအရပ်ကို ရည်ညွန်း၍ ရှေးမြန်မာကျောက်စာတို့၌ တန်လိုင်ရွာမဟု ရေးသားဖော်ပြသည်ကို တွေ့ရပါသည်။

မိုန်ခရိုင်ဟု ရေးသားထားသည် ကိုလည်း တွေ့ရ၏။ မြန်မာတို့ဝင်လာပုံကို မှန်းဆဖော်ပြရာ၌ နန်ကျောင်အန္တရာယ်ကို ရှောင်တိမ်းလိုသော မြန်မာသည် နမ်တူမြစ်ကို သီပေါတွင် မိမိတို့ စီးလာသည့် မြင်းများနှင့်တကွ ဖြတ်ကူး၍ ရပ်စောက်နှင့် ရေငန်ဘက်မှ မြေပြန့်ကို ချဉ်းကပ်လျက် နတ်ထိပ်လမ်းကြားမှ အလျင်အမြန် ဆင်းလာပြီးနောက် ကျောက်ဆည်အရပ်ကို ရှေ့တောင်မှ ဖောက်ဝင်၍ မွန်အများပင် မိမိတို့ အားကြီးရာ တောင်ဘက်သို့ ဆုတ်မပေးနိုင်မီ၊ ကျောက်ဆည် အရပ်တစ်ခုလုံးကိုဖြန့်၍ အလျင်အမြန် အုပ်စီးလိုက်ဟန်ရှိသည်ဟု “ပါမေက္ခ ဂျီ အိပ်ခ်ျလုစ်ကရေးသား” ဖော်ပြဖူးပါသည်။

မြန်မာတို့ ၀င်၍နေမိပြီဖြစ်သော ကျောက်ဆည်နယ်ကို ရှေးက မ္လစ်သာ ၁၁-ခရိုန် ဟုခေါ်မြဲဖြစ်၏။“ဆယ်တရွာ” ဟုလည်း အလွယ်ခေါ်ပါသည်။   မြန်မာနိုင်ငံ မြေပြန့်တွင် မြန်မာ ထက်စော၍ ရောက်နေသူများ ရှိသောကြောင့် ကျောက်ဆည်ကို ၀င်လာသော မြန်မာများသည် အေးအေး နေရမည် မဟုတ်၊ နန်ကျောက်၏ ရန်ကို ရှောင်ခဲ့သော်လည်း လူမျိုးများစွာက ဆီး၍ တွန်းလှန်မည့် အန္တရာယ်ကို နိုင်အောင် တိုက်ရချေမည်။

သို့ပေမဲ့ မြန်မာတို့သည် နန်ကျောင်၏ စစ်ဦးတွင် ပါဝင်လျက် ကိုးရာစုဦးတွင် ပျူမြို့တော်နှင့် မိချဲန်မြို့ ကိုဝင်ရောက်သိမ်းပိုက် ဖျက်ဆီးကြစဉ်က မူလမြန်မာ အမျိုးသားတို့လည်း ပါလာကြသည်ဖြစ်ရာ ယခု မြန်မာမြေပြန်သို့ ၀င်လာကြရာ၌ စစ်ရေးအရ မည်သူ့ကို ဦးစွာတိုက်၍ မည်သည့်ဒေသကို အရင်သိမ်းရမည်ကို သဘောပေါက်ပြီး ဖြစ်ချေမည်။

ယခု ရန်ကုန်အနီးတွင် ရှိမည်ဟုထင်ရသော မနိ တွင် သက်ကျွန် ၈၅၀- ရှိကြောင်း ကျောက်စာ တစ်ခုတွင်တွေ့ရ၏ ထို့ကြောင့် မြန်မာနိုင်ငံ မြေပြန့်တို့ အုပ်စီးမိရန် ကြိုးစားရာ၌ အကြီးဆုံးခုခံသူကား ကန်တူ တို့ပင် ဖြစ်နိုင်၏ “ကန်တူကို အသက်တို့မဟုတ်” သက်ဟုလည်းခေါ်သည်။

ပျဉ်ပြားမင်းက AD-850 တွင် ပုဂံကိုတည်သည်ဟု မြန်မာရာဇာဝင် ကျမ်းကဆိုသည်။ “မူလမြန်မာ” တို့၏ နတ်နဂါးအယူနှင့် ယဇ်ပူဇော်ခြင်း အလေ့ရှိသည်ဟု ဆိုရမည် “မြင်းခုန်တိုင်” ဟူသော အမည်မျိုးက သားကောင်းကို ယဇ်ပူဇော်ရကြောင်း သက်သေခံပါသည်။ နန်ကျောင်နှင့်တွဲဖက် နေရစဉ်က မှတ်သားမိသော တတ္ထုပုံပြင်မျာလည်း မြန်မာတို့တွင်ပါလာသည်။

ပျူစောထီးမှာ စင်စစ်အားဖြင့် နန်ကျောက်ပုံပြင်မှ သူရဲကောင်းသာ ဖြစ်ပါသည်။ အဖ၏ နောက်ဆုံးအမည်ကို သားက အမည်အစတွင် ယူ၍မှည့်ခြင်းမှာလည်း “နန်ကျောင်ဓလေ့”သာဖြစ်သည်။ ထင်ရှားအောင်ပြရလျှင် “ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်၊ ကြောင်ဒူရစ်” ဟူသော ခြောက်မည်တွဲကို ကြည့်လျှင် ရှေ့အမည်၏ အဆုံးကိုယူ၍ နောက်အမည် စသည်ကို တွေ့ရသည်။

မြန်မာနှင့် အတူ မြန်မာတွင်းသို့ တစ်ပါးတည် မပါခဲ့သော မူလမြန်မာ များကား “မရူး၊ လရှီးနှင့် အတ်တစီတို”့ဖြစ်ရာ ထိုသူတို့ကိုသွားရောက်လေ့လာလျှင် ဗုဒ္ဓ၀ါဒီ လက်မခံမီက မြန်မာတို့ ယုံကြည်မှုဓလေ့ကို သိရှိနိုင်မည် ထင်ပါသည်။

သို့သော မြန်မာများ ဗုဒ္ဓ၀ါဒီိမဖြစ်မီက ပုဂံတစ်လွားတွင် နဂါးကိုးကွယ်ခြင်းမုချရှိ၏။ ဗုဒ္ဓသာသနာက နောက်ဆုံးအနိုင်ရ၍ မင်းရော ပြည်သူပါ ဗုဒ္ဓ၀ါဒီများ ဖြစ်လာချိန်မှာ AD-1000 ခန့်ကဟု မှန်းဆပါသည်။

အဘယ်ကြောင့်ဆိုသော ဗုဒ္ဓတို့ အောင်မြင်သည့် အခါတိုင်း သိမ်သမုတ်သည်ကို တွေ့ဖူးသဖြင့် “စောရဟန်မင်း”က “တုရင်”တောင်ထိပ်၌ သိမ်ဆောက်ခဲ့သည်။ ထိုသိမ်ကို AD-1212-ခုတွင် “နာတောင်များမင်း” ကစေခိုင်းသဖြင့် ပြင်ရကြောင်း ကျောက်စာရှိပါသည်။
မြန်မာတို့ သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် “သထုံပြည်မှ ရှင်အရဟံ” မည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရထာလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။

အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ “ပိဋကတ်တော်” များရှိကြောင်း ကြားသိရသော လက်ဆောင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- “မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ အနော်ရထာမင်းသည် စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။ မြန်မာတို့ ယခုလက်ရှိ စာလုံးအက္ခရာ များကိုစ၍ အသုံးပြု- ရေးသားကြလေသည်။

ထိုစာလုံးတို့ကာ အိန္ဒိယ ပြည်တောင်ပိုင်းမှ အောက်မြန်မာနိုင်ငံ “မွန်”တို့ထံသို့ AD-500 -ခုလောက်တွင် သုံးစွဲသော (ပတ္ထိဝ) အက္ခရာ စာလုံးမျိုးဖြစ်၍၊ ပန်းရံ- ပန်းပဲ စသောအတတ် ပညာများလည်း တိုးပွါးလာတော့သည်။
  
ရှေးမြန်မာတွေဟာ မြန်မာဒေသကို ရှေ့မြောက်က ၀င်တယ်လို့ သေချာသလောက်ဖြစ်တယ်၊ လာလမ်း သျှမ်းပြည်မြောက်ကို ဖြတ်ဝင်မယ်။ အချိန်ကာလ ခရစ်ကိုးရာစုနှစ် ဖြစ်နိုင်တယ် ကရင်က ၀င်တာ ဒါထက်စောတယ် ကျွန်တော့်အထင် အရှေ့ယွန်းယွန်းက တောင်ပိုင်းသျှမ်းပြည်ကို ဖြတ်ဝင်မယ်၊

ရှေ့ကပဲ ဆက်သွယ်ကြမှာက မြောက်ဖက် ကရင် (ပအို့/တောင်သူ) နဲ့ မြန်မာနီးစပ်တယ် ဒီလိုပဲ တောင်ဖက်ကရင် (ပိုးနဲ့ စကော) နဲ့ ရှေးမွန်တွေလဲ နီးစပ်ကြပါတယ်။ ချင်းနဲ့ကရင် (အသံနေ အသံထားနဲ့ စကားဆက်ပုံ) တူတာများကို အခုတွေ့ရတော့ ကျွန်တော် သိပ်အံ့သြမိပါတယ်။

သူတို့နှစ်မျိုးဟာ ရှေးရှေးအစဉ်အဆက် တူညီခဲ့ပုံရတယ်၊ ချင်း၊ မြန်မာ၊ ကရင်မှာ နာမည်၊ မှည့် ဆိုတာ အတူတူတွေ့ရင် ဘာအံ့သြစရာရှိလဲလို့ ပြောရမှာဖြစ်ပါတယ်။ ချင်း၊ ကရင်၊ မြန်မာ ဝေါဟာရတွေ ထပ်တူလို ရှိနေတာက နတ်၊ လင်၊ အကြီးအကဲ၊ မေးရိုး၊ ပခုံး၊ အူသိမ်အူမ၊ ဥ၊ ချွဲ၊သလိပ်၊ အော့အံ၊ ကျွဲ၊ ရှဉ့်၊ ပျား၊ မြှော့၊ သန်း၊ ကြိမ်၊ ထဘီ၊ ဖြစ်နိုင်တာက စကောကရင်က ဧရာဝတီမြစ် အနောက်ဘက် မင်းဘူးနယ်ကို မြန်မာတွေ ပေါ်လာတဲ့ ၉ရာစု နှစ်ထက်စောပြီး ရောက်နေကြပါပြီ။

အဲဒီမှာ ကရင်မြန်မာ တွေ့ကြတော့မှာ မြန်မာက အထက်ပါစကားလုံးတွေကို ငှားသုံးတာတော့ မဖြစ်နိုင်ပါ။ ရှေးရှေးကပဲ အတူတူ နီးနီးစပ်စပ်နေခဲ့ကြတာ ဖြစ်လို့ အခုလို ဝေါဟာရတွေ တူတာဖြစ်ရမယ်။စကားသံ (အသံနေ အသံထား) ကလဲ သံနိမ့်သံမြင့်ဆင်တူနေပါတယ်။ အချုပ်ပြောရရင် တိဗက်မြန်မာလူမျိုးတွေထဲမှာ သံနေသံထား (အသံစဉ်ပုံ) ဘယ်လိုပဲ ကွာကွာ ၊ တစ်မျိုးထဲဖြစ်ရမယ်၊ ဒါကြောင့်ပြောစကား မှ ကျနော်တို့ တကယ်သိတာထက် ပိုပြီး ဆင်တူတာတွေရှိနေပါတယ်။
 တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ၀တ်တယ်၊ ဘောင်ဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ်  ၆၀၀ လောက်ပဲရှိသေးတယ်။ ဘောင်းဘီဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက်၊ ဒါလောက်တော့ သိထားသင့်တယ်။


ခေတ်သစ် ဖယ်ဒရယ် ပြည်ထောင်စုတို့ တက်လှမ်းကြမည့် တိုင်းရင်းသား ညီအကို မောင်နှမ များအားဝေငှ တင်ပြလိုက်ရပါသည်။

ထုတ်နုတ်
ဗိုလ်မှူး ဘရှင် -ရှေးမြန်မာများ ၀င်ခဲ့ပုံ
ဒေါက်တာသန်းထွန်း -မြန်မာရာဇ၀င်စာတမ်း အမှတ်-၁
အမျိုးသားပညာဝန် ဦးဖိုးကျား -ခေတ်မှီ မြန်မာရာဇ၀င်အကျဉ်း
 ဒေါက်တာသန်းထွန်း- ငါပြောချင်သမျှ ငါ့အကြောင်း

ပျူစောထီးကို ရာဇ၀င်ထဲမှာ ထားခဲ့ပါ


ပျူစောထီးကို ရာဇ၀င်ထဲမှာ ထားခဲ့ပါ
*************************

ပျူစောထီး ။ ပျူစောထီး သမိုင်းမှာ တကယ်ရှိ မရှိ ဆိုတာပြောဖို့ရာ အထောက်အထားရှာတော့ မှန်နန်း နှင့် ဦးကုလား ရာဇဝင်တွေကို အရင်ဆုံး သွားတွေ့တယ်။

သူနဲ့ပတ်သက်ပြီး မေးစရာတွေကတော့အများကြီးပါဘဲ။ ပျူစောထီးဆိုတော့ ဘာလူမျိုးလဲ ။ မြန်မာလား။ ပျူလား။ သာကီဝင် မင်းမျိုးလား။ နဂါးလား။ လူလား။ နဂါး နဲ့ နတ် ယှက်စပ်ပြီး ဖြစ်ထွန်းလို့ နတ်နဂါးလား စသဖြင့် စသဖြင့်။

အရေးကြီးဆုံး မေးခွန်းကတော့ သူဟာ မြန်မာ့သမိုင်းမှာ တကယ်ရှိတဲ့ခဲ့ မင်းတစ်ပါးလား၊ သူဟာ မင်းဆက် တစ်ခုရဲ့ ကနဦးလားဆိုတဲ့အချက်ပါ။

ဦးကုလား ရာဇဝင်မှာ ပျူစောထီးရဲ့အစကို အကျဉ်းချုပ်ပြန်ပြောရရင် သူ့ဖခင် နေနတ်သား နှင့် မိခင် နဂါးမတို့ အကြောင်းပါ။ ညားပြီးနောက် များမကြာခင်မှာဘဲ နေနတ်သားက ပြန်သွား။ ကျန်ခဲ့တဲ့ နဂါးမက ဥတွေ ထားရစ်ခဲ့ပြီး ဆုံးပါး။ ကျန်ခဲ့တဲ့ ဥတွေကို နတ်တွေက လမ်းပြတာကြောင့် မုဆိုးကတွေ့ပြီး သယ်သွား။ ချောင်းကိုဖြတ်အကူးမှာ ဥတစ်လုံးပြုတ်ကျသွားပြီး မိုးကုတ်ရောက်။ နောက်တစ်လုံး ထပ်ကျ။ တကောင်းရောက်။ တကောင်းရောက်တဲ့ ဥကနေ အမျိုးသမီးတစ်ယောက်ဖွား။ တကောင်းမင်းက မြှောက်စား။ ဥ နောက်တစ်လုံး ထပ်ကျ။ ညောင်ဦးရောက်။ လူယောင်္ကျားတစ်ယောက် ဖွားလို့ ပျူ လင်မယားနှစ်ယောက်က ကောက်ယူမွေးစား။

လူလားမြောက်တဲ့အရွယ်ရောက်တဲ့အထိ ဥကဖွားတဲ့လူကို နေမင်းမြေးလို့ ခေါ်။ နောက်တော့ ပျူစောထီးလို့ ရုတ်တရက်ပြောင်းခေါ်။ အရွယ်ရောက်တော့ အဖေနေမင်းက လေး နှင့် မြှား လာပြီးပေး။ နောက်တော့ ပုဂံတက်။ ပုဂံမှာ ဝက် ရှူး ဘူး ငှက် သောင်းကျန်းလို့ ဘုရင် နှင့် တိရိစ္ဆာန် နားလည်မှု ပြီး အစားစာထောက်ပန့် ။ ငှက်ကြီးကိုတော့ လူ အမျိုးသမီးတွေပေးရ။ ဒါကို ပျူစောထီးက လေး နှင့် မြှား သုံးပြီး သတ်ဖြတ်နှိမ်နင်းပြီး အနိုင်ရ။ ဘုရင်ကခေါ်ပြီး သမီးနဲ့ ပေးစား။ အိမ်ရှေ့အရာပေး။ သုံးနှစ်နေပြီးနောက် လက်ရှိဘုရင်က ဆုံးပါးပေမင့် ဆရာရသေ့ကို ခေါ်ပြီး မင်းအဖြစ်တင်။ အဲဒီမင်းကို ရသေ့ကြောင်မင်းလို့ခေါ်ပြီး မင်းစည်းစိမ်ကိုခံစား။ ဆုံးပါး။ ပျူစောထီး နန်းတက်။ ဒီတော့မှ ပျူစောထီးမင်းရိုးစပါတော့တယ်။

သတိထားရမယ့် အချက်တချို့ကိုပြောရရင် ဇာတ်လမ်းအစပိုင်း မှာကတည်းက နဂါး နဲ့ နေနတ်သားညားတယ်ဆိုတာ နတ်နဲ့ တိရိစ္ဆာန် ညားတယ်လို့ ဆိုထားတာကြောင့် မဖြစ်နိုင်ပါ။
ဒါနဲ့ တင်ဆက်ပြောဖို့မလိုပေမယ့် ဆက်ပြီးပြောပါမယ်။

၁။ နတ်နဲ့ တိရိစ္ဆာန်ဖြစ်တဲ့အတွက် နဂါး နဲ့ နှင့် နေနတ်သား ဘယ်ဘာသာစကားပြောပြီး ဘယ်လို မေထုံအမှုပြုတယ်မသိပါ။

၂။ နဂါးမက ဥအရေတွက် ဘယ်လောက်များများ ဥ ခဲ့တယ်လို့ မပြောသလို မုဆိုးက ဥဘယ်နှစ်လုံးသယ်လာတယ်ဆိုတာမပြော။ ဥ သုံးလုံးပြုတ်ကျတာ ဖြစ်တဲ့အတွက်
အနည်းဆုံး သုံးလုံးနဲ့ အထက်သယ်မှသာ မနိုင်မနင်းပြုတ်ကျတယ်လို့ အကြမ်းမှတ်ယူနိုင်ပါတယ်။

၃။ ဥတွေထဲမှာမှ ၂ နှစ်လုံးရဲ့ ဇာတ်လမ်းတွေသာသိရပြီး ကျန်တဲ့ ဥတွေဘာဖြစ်တယ်မသိရ။ မိုးကုတ်ရောက်တဲ့ ဥက ပတ္တမြားဖြစ်၊ တကောင်းက ဥ က မိဘုရားဖြစ်၊ ညောင်ဦးရောက်တဲ့ ဥက ပုဂံမင်းဖြစ် ဆိုပြီး
အကြမ်းမှတ် ယူနိုင်ပါထယ်။

၎။ နေနတ်သားက လေး နှင့် မြှား ပေး။ (မှန်နန်းမှာတော့ သိကြားကပေး) ။ ဒီလိုလက်နက်အထူးဆန်းတွေကို နတ်ဘုရား သိကြားတွေဆီက ရတယ်ဆိုတဲ့ ဇာတ်လမ်းကတော့ ဥရောပမှာရော ၊ အာရှမှာပါ လူသုံးများတဲ့ အကြောင်းရာပါ။ ရှေးဟောင်းသုတေသန မှာဒါတွေမသုံးပါ။

၅။ ပုဂံမှာ ဘုရင်လုပ်နေတဲ့ သမုဒ္ဒရာဇ်မင်း နှင့် ကျား ဝက် ရှူး ငှက် ( ဝက် ရှူး ဘူး ငှက် လို့တချို့ကပြောကြတယ်) ဘယ်လို ညှိပြီး အပေးယူတည့်သွားကြတာကြောင့် တိကျတဲ့ အစားစာဆက်တဲ့ စာရင်းထွက်တယ်မပြောတတ်ပါ။

ဝက်ကြီးကို ထမင်းလုံး ၆၀ ၊ ဖရုံ ၉ လှည်း၊ ဖွဲ ကိုးလှည်းပေးရတယ်။ ကျား နှင့် ရှူးပျံ ကြီးကိုတော့ ဘာတွေပေးရတယ် မပြောထားပါ။ ငှက်ကြီးကို အစားအစာအဖြစ် သမီးကညာတစ်ရက် တစ်ယောက်နှုန်းပေးရတယ် ။ စတာတွေက ဘယ်လိုကဘယ်လို သဘောတူညီမှုရတယ်မပြောတတ်ပါ။ တိရိစ္ဆာန်က လူစကားမပြောတတ်သလို လူကလည်း တိရိစ္ဆာန် စကားမပြောတတ်ပါ။

၆။ လေးနဲ့မြှားအသုံးပြုပြီး ရန်သူတွေကို နှိမ်နင်းတယ်ဆိုရာမှာလည်း ကျား ကြီးနဲ့ သူ့နောက်လိုက် ငါးရာ၊ ဝက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ရှူးပျံကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ငှက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ ရှိတဲ့အတွက် အနည်းဆုံး မြှားပစ်တဲ့အကြိမ်ပေါင်း ၁၅၀၀ လောက်ရှိခဲ့လေမလားလို့ စဉ်းစားမိတယ်။

ဒီလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေကြီး ရွေးပြီးနှိမ်နင်းလိုက်တယ်ဆိုရင်ဘဲ နောက်လိုက်တွေထွက်ပြေးကုန်သလားဆိုပြီး ဖြည့်တွေးမိတယ်။ အဲဒီအချိန် ရာသီဥတုနဲ့ ပုဂံလိုနေရာမှာ အဲဒီလို တိရိစ္ဆာန် တွေတကယ်ရှိခဲ့လေမလားဆိုတာလည်း
မေးစရာဖြစ်တယ်။ နောက်ပြီး ရှူးပျံဆိုတာမျိုးက ဘယ်လို တိရိစ္ဆာန် ဖြစ်တယ်ဆိုတာ အတိကျပြောဖို့ မလွယ်ပါ။

၇။ အကယ်၍ ဦးကုလားရာဇဝင် ထဲကအတိုင်း တိရိစ္ဆာန် အကောင် ၂၀၀၀ လောက်သာ ပုဂံမှာရှိခဲ့ရင် ဒါဟာ ပုဂံသားတွေအတွက် မပူမပင် စားသောက်နိုင်တဲ့ ရိက္ခာသိုလှောင်မှုအဖြစ်နဲ့တောင် သိပ်အသုံးဝင်ပါမယ်။

စတဲ့ စတဲ့အချက်တွေကပေါက်ကရလေးဆယ်ရေးထားလို့ ပေါက်ကရသုံးဆယ်တွေးကြည့်တာပါ။

၉ ရာစုမတိုင်မှီကတည်းက ပုဂံအရပ်မှာ ပျူတွေအခြေချနေထိုင်နေပြီဆိုတာကိုတော့ အလုံးအထည်ဖြစ်ကျန်ရစ်ခဲ့တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်းဘုရား တို့ကိုကြည့်ပြီးအတပ်ပြောနိုင်ပါတယ်။ ဒါကို ရာဇဝင်ကျမ်းပြုသူ ဦးကုလားအနေနဲ့သိကောင်း သိပြီးဖြစ်ပါမယ်။ ဒါကြောင့်လည်း တိုင်းရင်းရိုးရာပုံပြင်ဆန်တဲ့ နေမင်း၊ နဂါးမတို့နဲ့ အစပြုပြီး ပျူစောထီး ဇာတ်ကောင်ကို ဖန်တီးခဲ့ဟန်တူပါတယ်။ အမှန်တရားနဲ့ မနီးစပ်တဲ့ ပုံပြင်တစ်ခုပါဘဲ။ ဒီတော့ ဦးကုလားရာဇဝင်ထဲက ပျူစောထီးဆိုတာ တကယ်ရှိခဲ့တဲ့ Historic Person မဟုတ်ပါ။ ပျူစောထီး မရှိတဲ့အတွက် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင် ဆိုတာတွေကလည်း မြန်မာ့သမိုင်းမှာ တကယ်မရှိခဲ့ပါ။ 


မှန်နန်း ရာဇဝင်လာ ပျူစောထီးကြပြန်တော့ မောင်ကုလားရာဇဝင်မှာပြောထားတဲ့ နေနတ်သား နှင့် နဂါး ပုံပြင်ကို အတော်လေး ဝေဖန်ထားပါတယ်။ ပျူစောထီးဖြစ်လာမယ့် ကလေးကို ဦးတည်ပြီးပြောရာမှာ နတ် နှင့် နဂါး ညားပြီးမွေးတဲ့ကလေးဟာ နတ်သော်လည်းကောင်း နဂါးသော်လည်းကောင်း ဖြစ်ကောင်း၏ လူသားစင်စစ်မဖြစ်တန်ရာ ဆိုပြီးဝေဖန်လိုက်ပါတယ်။ 

ရှင်းရှင်းပြောတော့ ဥ ကပေါက်ပြီး လူဖြစ် ၊ သူရဲကောင်းဖြစ် ၊ မင်းဖြစ်ဆိုတာမျိုးကို မသုံးတော့ပါ။ ဒီတော့ မှန်နန်းရာဇဝင်ဆရာတို့ တမျိုးကြံဆပါတယ်။ အဲဒီကြံဆမှုကြောင့် မောင်ကုလားရာဇဝင်မှာ တိရိစ္ဆာန်မျိုးရိုးကဆင်းသက်သူ ပျူစောထီးဟာ သာကီဝင်မင်းမျိုး အဖြစ်နဲ့ အသွင်ပြောင်းပါတယ်။
 

မှန်နန်း ရာဇဝင်လာ ပျူစောထီးအကြောင်း အကျဉ်းပြောရရင် ကုလားပြည်က သာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာ။ ဧရာဝတီမြစ်ညှာရောက်ပြီး တကောင်းမြို့တည်ပြီး မင်းလုပ်စိုးစံ။ အဲဒီ တကောင်းရောက် သာကီဝင်မင်းတွေထဲမှာ ၁၇ယောက်မြောက်မင်းက သတိုးမဟာရာဇာ။

သတိုးမဟာရာဇာ နှင့် သူ့မိဖုရားကနေ မျက်မမြင် ညီနောင်တွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ ကိုမွေးပြီး နောက် ဧရာဝတီမြစ်ထဲ ဖောင်နဲ့မျှောပြီးစွန့်ပစ်။ ညီနောင် နှစ်ပါးက ဘီလူးမနဲ့တွေ့ပြီး မျက်စိအလင်းရ။ နောက်တော့ သရေခေတ္တရာမြို့တည်ပြီး မင်းလုပ်အုပ်ချုပ်။ ဒီဇာတ်လမ်းနဲ့ ပျူစောထီးနဲ့ ဘာများသက်ဆိုင်သလဲ ဆိုပြီးမေးလာခဲ့ရင် ဆက်ပြီးဖြေရပါမယ်။
 

မှန်နန်း ရာဇဝင်ထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာဟာ မင်းလုပ်စိုးစံစဉ်မှာဘဲ မလည်အရပ်မှာ မငြိမ်မသက်ဖြစ်လို့ သူ့မိဘုရားနဲ့အတူ မထင်မရှားဘဝ နဲ့ တောင်ယာလုပ်ပြီးနေပါသတဲ့။ ဒီလိုနဲ့ မိဖုရားမှာ ကိုယ်လေးလက်ဝန်ရပြီး သားယောင်္ကျားဖွားမြင်တယ်။ မွေးလာတဲ့ ကလေးကို မင်းထီးလို့ အမည်ပေးပြီး သသေ့ကြီးတစ်ပါးဆီမှာ ပညာသင်အဖြစ်အပ်နှံပါတယ်။ အရွယ်ရောက်တော့ ပုဂံအရပ်ကို သွားမယ်ဆိုပြီး မိဘတွေထံမှာ ခွင့်တောင်း။ မင်းဖြစ်ကိန်းရှိတယ်လို့ ရသေ့ဆရာက
 ရှေ့ဖြစ်ဟောထားပြီးသားမို့ မိဘနှစ်ပါးက ခွင့်ပြု။ ပုဂံသွားဖို့ ပြင်တော့ မိုးပေါ်ကသိကြားမင်း ဆင်းလာပြီး လေး နှင့် မြှားကို လာပေး။
 

နောက်တော့ မင်းသားလေးက ပုဂံညောင်ဦးရောက်။ ပျူအဖိုးကြီး အဖွားကြီးမောင်နှံနဲ့တွေ့ပြီး သူတို့ထံမှာ မှီတင်းနေထိုင်။ ဒီလိုနဲ့ မင်းသားလေးက တစ်ရက်တော့ သူ့ လေးနဲ့မြှားကို စမ်းသပ်ဖို့ရာ ပုဂံပြည်ဘက်သွားမယ် ဆိုပြီး အဖိုးအို မောင်နှံထံ ခွင့်ပန်။ ဒီတော့မှ အဖိုးကြီးတို့မောင်နှံက ပုဂံမှာ သောင်းကျန်းနေတဲ့ တိရိစ္ဆာန် တွေအကြောင်းပြောပြလို့ ပျူစောထီးကသိပြီး နှိမ်နင်းဖို့ အကြံဖြစ်။

အဲဒီကနေ စပြီးတော့ တိရိစ္ဆာန် သောင်းကျန်းပုံ နှင့် နှိမ်နင်းလိုက်ပုံတွေဟာ မှန်နန်းထဲက အကြောင်းရာနဲ့ မောင်ကုလားရာဇဝင် အကုန်တူပါတယ်။ ပျူစောထီး မင်းဖြစ်လာပုံ နှင့် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက် ၊ ပိုက်သေလည်၊ သေလည်ကြောင်၊ ကြောင်ဒူရစ် စတဲ့ မင်းတွေ ဖြစ်လာပုံပါအတူတူဖြစ်နေပါတယ်။ ရှင်းရှင်းပြောတော့ သူရဲကောင်းအခန်းတွေကို ကူးချတာဘဲပေါ့။ ပျူစောထီး အိမ်ရှေ့ အရာရပုံ နှင့် မင်းဖြစ်လာပုံဟာလည်းဘဲ အတူတပါဘဲ။
 

အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ မြန်မာပြည်ထဲဝင်လာတယ် ဆိုကတည်းက ဆက်ပြီးဆွေးနွေးဖို့မလိုတော့ပေမယ့် ဆက်ဆွေးနွေးပါမယ်။
 

၁။ အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာတယ်ဆိုတဲ့ မှတ်တမ်းဟာ အိန္ဒိယ ရှေးဦးသမိုင်းမှတ်တမ်းတွေမှာရှာမရပါ။ ဗုဒ္ဓသာသနာ သမိုင်းမှာလည်း ရှာမတွေ့ပါ။ ဒါဟာဘာနဲ့ သွားဆင်သလဲဆိုတော့ မြတ်စွာဘုရား မြန်မာပြည်ရောက်တယ်၊ အာသောကမင်း မြန်မာပြည်ရောက်တယ် ဆိုတဲ့အပြောမျိုးတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ သို့သော် အိန္ဒိယတိုက်ဘက်က ဝင်လာတဲ့ ရှေးဦးရွေ့ပြောင်းနေထိုင်သူတွေတော့ ရှိနိုင်ပါတယ်။
 

၂။ တကောင်းရောက် သာကီမင်းမျိုးတို့ မင်းဆက် တစ်ဆယ့် ၁၇ ဆက်မြောက် သတိုးမဟာရာဇာလက်ထက် မလည် အရပ်မှာ မငြိမ်သက်လို့ မှန်နန်းကရေးပေမယ့် ဘာကြောင့်မငြိမ်သက်မှန်း ပြောမထားပါ။ မြန်မာ့ရှေးဦးသမိုင်း ၊ အရှေ့တောင်အာရှသမိုင်း နှင့် တရုတ်သမိုင်း မှတ်တမ်းတွေမှာတော့ မြန်မာပြည် မလည်အရပ်မှာ စစ်ဖြစ်တယ်ဆိုတဲ့ အထောက်ထားရှာမရပါ။
 

၃။ မလည် အရပ်မှာစစ်ဖြစ်စေကာမူ မင်းဖြစ်သူက သူ့ရဲ့ စစ်သည်တွေ နှင့် ထွက်ပြီး မတိုက်ဘဲ နန်းတော်ကထွက်ပြေးပြီး တောင်ယာလုပ်တယ်ဆိုတာက ယုတ္တိမရှိတဲ့ အကြောင်းပြချက်လိုဖြစ်နေပါတယ်။
 

၎။ မှန်နန်းရာဇဝင်အရ သတိုးမဟာရာဇာမင်းတို့ရဲ့ မြို့တော်မင်းနေပြည်ကို ထိပါးနိုင်တဲ့ မလည်အရပ်ဆူပူမှုဖြစ်တဲ့အခါ သားဖြစ်သူတွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ မွေးသဖခင်ကို သွားပြီးအကူအညီမပေးသလို ၊ ဖခင်ဖြစ်သူ သတိုးမဟာရာဇာဟာလည်းဘဲ သားတွေရှိရာ သရေခေတ္တရာကို မသွားခဲ့တာ ဘာကြောင့်ပါလဲ။
 

၅။ မင်း နှင့် မိဖုရား ဖြစ်သူ မထင်မရှားဘဝနဲ့ တောင်ယာလုပ်ရင်း ပျူစောထီးကို မွေးတယ်ပြောပေမင့် နောက်ပိုင်း တကောင်းထီးနန်းအကြောင်းကို မှန်နန်းကဆက်မပြောတာဘာကြောင့်ပါလဲ။
 

၆။ မွေးလာတဲ့ ပျူစောထီးကို ရသေ့ထံမှာ အပ်နှံတော့ ရသေ့က ဒီသူငယ် ပုဂံအရပ်မှာ မင်းဖြစ်မယ်လို့ဟောကိန်းထုတ်တယ်။ အမှန်တော့ မင်းမျိုးဖြစ်သူ ပျူစောထီးဟာ ပုဂံသွားပြီး တိရိစ္ဆာန် တွေနှင့် တိုက်ခိုက်ပြီး မင်းလုပ်မယ့်အစား ဘာကြောင့် မိဘတို့ရဲ့ မင်းနေပြည်ဟောင်း တကောင်းပြည် ပြန်ပြီး မင်းမလုပ်တယ်ဆိုတာ မှန်နန်းဆရာတို့ ရှင်းရှင်းလင်းလင်း မပြောတာ ဘာကြောင့်မှန်းမသိပါ။
 

၈။ မှန်နန်းရဲ့အဆိုအရ သရေခေတ္တရာမှာ မင်းလုပ်နေတဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ဟာ မျိုးရိုးအရ ပုဂံရောက်ပျူစောထီးနဲ့ ညီအကိုတော်စပ်တယ် လို့သွားတွေ့ပေမယ့် နောက်ပိုင်းတောက်လျှောက် သူတို့တွေအကြောင်းဆက်စပ်ပြီး ထပ်မပြောတာလည်းသတိထားမိပါတယ်။ သမိုင်းနောက်ခံထားပြီး ရေးတဲ့ ဝတ္ထုရေးဆရာတို့ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ရေးမယ်ဆိုရင်ဖြင့် လူကြိုက်များနိုင်တယ်

သို့ပေမယ့် မှန်နန်းကြံဆတဲ့ ပျူစောထီး မျိုးရိုးဟာ သာကီဝင်မင်းမျိုးကဆင်းသက်သူ ဖြစ်တာကြောင့် နှောင်းခေတ်မြန်မာတို့ သည်းခြေကြိုက်ဖြစ်လာပါတယ်။ သာကီမျိုးဟေ့ တို့မြန်မာတို့ ၊ မြန်မာအစ တကောင်းက တို့စတဲ့ စတဲ့ အဆိုတွေထွက်လာတဲ့အထိဖြစ်လာခဲ့ပါသေးတယ်။
 

ဒီလိုပြောတော့ ရှေးက ၁-၂ ရာစုနှစ်လောက်မှာ ပျူဂါမ ခေါ် ပုဂံအရပ်မှာ မင်းတွေမရှိ၊ လူတွေမရှိလို့ ပြောတာမဟုတ်ပါ။ အမှန်တကယ်ရှိခဲ့တဲ့ မင်းတွေကို ရှာဖွေဆန်းစစ်ဖို့ရာ သတိချပ်စေဖို့ရာပါ။ မှန်နန်းရာဇဝင်လာ ပျူစောထီးဇာတ်လမ်း နှင့် ပျူစောထီးအစ ကြောင်ဒူရစ်အဆုံး မင်းဆက်တွေဘယ်လိုက ဘယ်လိုဖြစ်လာတယ်ဆိုတာကို ရှေးဟောင်းသုတေသနအမြင်ဘက်က ချဉ်းကပ်ကြည့်တဲ့အခါ ယုတ္တိကင်းကွာနေတာတွေ့မိပါတယ်။
 




ခရစ်နှစ် ၁၅၅၀ လောက်မှာပြုစုရေးသားတယ်လို့ထင်ရတဲ့ နန်းစော ပါးစပ်ရာဇဝင် The Romantic History of Nan Chao မှာတော့ ဒီလိုတမျိုးပြောပါတယ်။ အာသောကမင်း Piao Chu Ti ပျူစောထီး သည် ချင်းမဲင်ခဝေး Chinmeng Kwei နှင့် စုံဖက်ပြီး တီမဲကျူး Ti Meng Chu (ထီးမင်းစော) ကိုမွေးဖွား။ အဲဒီမင်းစောထီးကမှ သား ကိုးယောက်ဖွားပြီး လူသားမျိုးနွယ်စု ကိုးခုတို့ရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။ အဲဒီ နန်းစောပါးစပ်ရာဇဝင် ကျမ်းဟာ သူ့ရှေ့က ကျမ်းတစ်ကျမ်းဖြစ်တဲ့ Pai Ku Chi ( Bai-gu-ji) ခေါ် ပိုင်မျိုးနွယ်စုတို့ရဲ့ ရှေးဟောင်း ဒဏ္ဍရီပုံပြင်ကို မှီငြမ်းထားတာသာဖြစ်တယ်လို့ ဆိုပါသေးတယ်။

နန်းစော ပါးစပ်ရာဇဝင်မှာတော့ အာသောကမင်းကို Piao Chu Ti ပျူစောထီး လို့ပြောထားပါတယ်။ ပျူစောထီးရဲ့ သားဟာ တီမဲကျူး Ti Meng Chu (ထီးမင်းစော) ဖြစ်ပြီး သူ့မျိုးဆက်တွေက

၁။ သားကြီး မဲင်ကျူးဖုလော် (အိန္ဒိယသားတို့ရဲ့ ဘိုးဘေး )
၂။ မဲင်ကျူးလီယယ် (တိဘက်တို့ရဲ့ ဘိုးဘေး )
၃။ မဲင်ကျူးနော့ (ဟန့်တရုတ်တို့ရဲ့ ဘိုးဘေး)
၎။ မဲင်ကျူးချို ခေါ် မင်းစောချို (အရှေ့မန်တို့ရဲ့ ဘိုးဘေး)
၅။ မဲင်ကျူးတူ (နန်းစော မဲင် တို့ရဲ့ ဘိုးဘေး )
၆။ မဲင်ကျူးထူးအော် (သီရိလင်္ကာသားတို့ရဲ့ ဘိုးဘေး)
၇။ မဲင်ကျူးလင် (ကျော်သသည်းတို့ရဲ့ ဘိုးဘေး)
၈။ မဲင်ကျူးစုန့် (ပိုင်မျိုးနွယ်တို့ရဲ့ ဘိုးဘေး)
၉။ မဲင်ကျူးချူ ( တိုင်း ခေါ် ထိုင်းတို့ရဲ့ ဘိုးဘေး)

ခရစ်နှစ် လေးရာစုလောက်မှာ ပြုစုတယ်လို့ ယူဆထားတဲ့ ဟွာရန်ဒေသသမိုင်း (သမိုင်းဆိုပေမယ့် ဒဏ္ဍရီသိပ်ဆန်) ဟွာရန်(ဇ်) ကူ-အော်ကျိရ် Hua-yang-kuo-chih မှာ ပျူစောထီးနဲ့ ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ်သွားတွေ့ပါတယ်။

ရှေးဟောင်း အိုက်လောင်နိုင်ငံ Ai-Lao Kingdom က ရှားယိ ဆိုတဲ့ တံငါသည်အမျိုးသမီးဟာ ရေထဲမြုပ်နေတဲ့ သစ်တုံးနဲ့ ထိမိပြီး သားဆယ်ယောက်ဖွားမြင်ပါသတဲ့။ အမှန်တော့ သူထိမိတဲ့ သစ်တုံးဟာ နဂါးတစ်ကောင်ဖြစ်နေပါသတဲ့။ နောက်တော့ တစ်နိုင်ထဲမှာရှိတဲ့ အခြားလင်မယားစုံတွဲမှာကြပြန်တော့ သမီး ၁၀ ဦးဖွားမြင်ပါသတဲ့။ ပြီးတော့ ဟိုဘက် ကျား ၁၀ ဦး ဒီဘက် မ ၁၀ ဦးစုံမက်အကြောင်းဖက်ပြီးသကာလ လူမျိုးနွယ်စုတွေရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။

ရှေ့မှာပြောခဲ့တဲ့ ပုံပြင်နှစ်ခုထဲက နန်းစော ပါးစပ်ရာဇဝင်လာ အာသောကမင်းဟာ Piao Chu Ti ပျူစောထီး ဖြစ်တယ်လို့ ပြောလိုက်ကတည်းက ဒီပုံပြင် ကိုပယ်ဖို့လုံလောက်သွားပါပြီ။ ဒုတိယ ပုံပြင်ကတော့ မြန်မာတို့ရဲ့ ပျူစောထီး ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်သွားတွေ့ပါတယ်။ မြန်မာတို့ ရဲ့ ပျူစောထီးဇာတ်လမ်းမှာတော့ နေနတ်သား နှင့် နဂါးမ စုံမက်၊ နဂါးဥတွေ ဥပြီးထားခဲ့၊ ဥတွေထဲက နှစ်လုံးက လူဖြစ်တဲ့ ဇာတ်လမ်းပါ။ ဟွာရန် ရာဇဝင်မှာကြပြန်တော့ လူမိန်းမ နှင့် နဂါး စုံမက်၊ လူတွေမွေးဖွားပြီး လူသားမျိုးနွယ်တချို့ရဲ့ ဘိုးဘေးတွေဖြစ်လာ ဆိုပြီးပြောထားတယ်။

မြန်မာတို့ရဲ့ ပျူစောထီးမူကွဲတစ်ခုမှာတော့ မုဆိုးပြုတ်ကျ ကျန်ခဲ့တဲ့ ဥ တစ်လုံးဟာ တရုတ်ပြည်ထိရောက်တယ်လို့ ဆိုပါသေးတယ်။ ယုတ္တိမရှိပါ။

ခရစ်နှစ် ၉ ရာစုကာလ တရုတ်မှတ်တမ်းတွေမှာ ရေးမှတ်ခဲ့တဲ့ နန်းစော မင်းဆက်တွေက
၁။ ယှီး နုလော် ( ၆၄၉-၇၄ )
၂။ လော်ရှဲင့် ( ၆၇၄-၇၁၂ )
၃။ ရှဲင့်လော်ဖီ ( ၇၁၂- ၂၈ )
၎။ ဖီလော်ကော် ( ၇၂၈-၄၈ )
၅။ ကော်လော်ဖဲင့် ( ၇၄၈-၇၈ )
ကော်လော်ဖဲင့် မင်းရဲ့ သားဖြစ်သူ ဖဲင့်ကျီးယိဟာ စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် သူ့အရိုက်အရာကို မြေးဖြစ်သူ ယိမိုရွှန်း ကဆက်ခံပါတယ်။

၆။ ယိမိုရွှန်း ( ၇၇၈-၈၀၈ ) ဒီမင်းလက်ထက်မှာ နန်းစောသံတမန်တွေနဲ့အတူ ပျူတီးဝိုင်းအဖွဲ့ တရုတ်ပြည်ကို သွားရောက်ဖျော်ဖြေရပါတယ်။
၇။ ရွှန်းကော်ချွမ်း ( ၈၀၈-၉ )
၈။ ချွမ်းလုန်ရှဲင့် ( ၈၀၉-၁၆ ) ၊ ချွမ်းလုန်ရှဲင့် ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းလိ အရိုက်ရာဆက်ခံ။
၉။ ချွမ်းလိ ( ၈၁၆-၂၄ ) ချွမ်းလိ ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းဖဲင့်ယို့ အရိုက်ရာဆက်ခံ။
၁၀။ ချွမ်းဖဲင့်ယို့ (၈၂၄ -၅၉ ) ဒီမင်းလက်ထက်မှာ မြန်မာတို့ရဲ့ သရေခေတ္တရာကို တိုက်ခိုက်ပျက်စီးတယ်လို့ ယူဆပါတယ်။
၁၁။ ရှီရ်လုန် ( ၈၅၉-၇၇ ) ဒီမင်းတက်လာပုံ မရှင်းပါ။
၁၂။ လုန်ရွှန်း ( ၈၇၇-၉၇ )
၁၃။ ရွှန်းဟွာ့ကျဲင် ( ၈၉၇ - ၉၀၂ ) ဒီမင်းလက်ထက်မှာဘဲ နန်းစောနန်းဆက်ပြတ်တယ်လို့ ဆိုပါတယ်။

အပေါ်မှာ တောက်လျှောက်ပြောခဲ့တဲ့ နန်းစောမင်းဆက်တွေကို ကြည့်တဲ့အခါ ဘိုးဘ အမည်စနစ်လို့ ခေါ်တဲ့ အဖေဖြစ်သူရဲ့ နာမည်နောက်ဆုံးစာလုံးကိုယူပြီး သားဖြစ်သူရဲ့ ရှေ့နာမည်အဖြစ်သုံးတဲ့ ဓလေ့ Patronymic System ဟာ နန်းစောမင်းဆက်တွေမှာ သုံးခဲ့တာတွေ့ရပါတယ်။

မြန်မာတို့ရဲ့ ပျူစောထီး၊ ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည် ၊ သေလည်ကြောင် စတဲ့ အမည်စနစ်မျိုးကို မြန်မာမြေပေါ်က ပျူတွေမသုံးပါ။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ရှေးဟောင်းသုတေသနက တူးပေါ်တွေ့ရှိတဲ့ ကျောက်အရိုးအိုးတွေပေါ်က ပျူမင်းဆက်တွေကိုကြည့်တဲ့အခါ အဲဒီလို ဘိုးဘအမည်စနစ် Patronymic System မသုံးတာ ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။

ဒီလို ဘိုးဘအမည်စနစ် Patronymic System ကို အိန္ဒိယသားတို့ဖြစ်တဲ့ သာကီဝင်မျိုးနွယ်တွေမှာလည်း သုံးတဲ့အထောက်အထားရှာမတွေ့ပါ။ ဒီတော့ မှန်နန်းအဆို ပျူစောထီးဟာ သာကီဝင်မင်းမျိုး ဆိုတဲ့အပြောကို ငြင်းချက်ပေးဖို့ နောက်ထပ်အကြောင်းရာတစ်ခုထပ်ရပြန်ပါတယ်။

ဒီလိုနဲ့ စာရေးဆရာမ ဂျူး ရဲ့စကားကို ငှါးပြီးပြောချင်တာက ' ရာဇဝင်တွေထဲမှာ ပျူစောထီးကို ထားခဲ့ ' ဆိုတာပါဘဲ။

Ref;ရှေးမြန်မာ
မိုးဝေမဂ္ဂဇင်း အမှတ် ၂၁၄၊ ဖေဖော်ဝါရီ၊ ၁၉၈၆ ၊ စာ ၇၆-၇၉ ၊ အမှတ် ၂၁၅ မတ်၊ ၁၉၈၆၊ စာ ၁၂၂-၁၂၆ ပညာရှင် ရည်စိန်ရဲ့ ' ပျူစောထီး သုတေသန ' စာတမ်းကို မှီငြမ်းကိုးကားပါသည်။