မိဘများအတွက် ပညာရေး(၅)


*****************

ကျောင်းမှာ စာသင်တဲ့ စနစ်က စာဥာဏ်တစ်မျိုးတည်းကို သာ အခြေခံတာပါ

ကလေးတစ်ယောက်ရဲ့ ပကတိဥာဏ်ရည်ဟာ ကျောင်းမှာ
ပြိုကွဲသွားနိုင်ပါတယ် ပျက်စီးယုတ်လျော့သွားနိုင်ပါတယ်

အထူးသဖြင့် ပြောရင် IQ ခေါ်တဲ့ ဥာဏ်ရည် အဆင့် သတ်မှတ်ချက် တွေကို တွေ့မြင်ရာက စပြီး အားငယ်စိတ်
ဝင်မယ် ရှိရင်းစွဲဥာဏ်ရည် ကျသွားမှာ ဖြစ်ပါတယ်

မောင်ဖြူက အဆင့်တစ်ရ တယ် ငါက အဆင့် တစ်ဆယ်
မောင်ဖြူက ငါ့ထက် ပိုတော်တယ် ဆိုတဲ့ အသိမျိုး နုနယ်
သေးတဲ့ အချိန်မှာ စွဲမှတ်သွားစေတာမျိုးဟာ အဲကလေး ကို
သတ်ပစ်တာထက် ပိုဆိုးပါတယ်

ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ကြိုက်အလိုလိုက်
ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား လေးစားမှုတွေ
ရလာတာကို လိုလားပါတယ် ဒီအချက်က ကျွန်တော့်ရဲ့ ပကတိ ဥာဏ်စွမ်းကို တိုက်ရိုက် အထောက်အကူပြုတယ် လို့လဲ သဘောပေါက်ခဲ့ပါတယ်

ဒီကနေ့ ကျွန်တော်တို့ဟာ အာရုံလျော့ပါး စိတ်ထွေပြားမှု ရောဂါ ရမှန်းမသိ ရနေကြတာ တွေ့နေရပါတယ် ဒီလိုပါပဲ
ကလေးငယ်တွေ ဟာလည်း သမုတ်ခံရလို့ စာသင်ခန်းထဲမှာ
ပိတ်လှောင်ထားပြီး သူတို့ စိတ်မဝင်စားတဲ့ စာတွေ ဇွတ်
သင်ခိုင်းတာကို ခံနေကြရပါတယ်

ဒီလို စိတ်ရောဂါ အနုစားမျိုးဟာ လူတိုင်းမှာ ရှိကြပါတယ် ဒီလို စိတ်မျိုးသာ မရှိကြရင် တီဗွီချယ်နယ် တစ်ခုတည်းသာ
ထားပြီး ကျွန်တော်တို့လည်း သတိလက်လွတ်နဲ့ ငုတ်တုတ်
ငေးမောနေရမှာ သေချာပါတယ်

ဒီနေ့မှာ ADD ဆိုတာကို ချယ်နယ်ပြောင်းတာလို့ အများက သိနေကြပါပြီ ကျွန်တော်တို့ ပျင်းလာရင် အခြားစိတ်ဝင်စား
စရာ ချယ်နယ်တစ်ခုခုကို ပြောင်းကြည့် ကြတာပဲ မဟုတ် လား

ကံဆိုးလှတဲ့ ကလေးတွေမှာတော့ ကျောင်းမှာ ဒီလို စိတ်ကြိုက် ရွေးချယ်ခွင့်မျိုး မရကြပါဘူး

ပုံသေ သတ်မှတ်ထားတဲ့ မသင်မနေရ သင်ရိုးညွှန်းတမ်း
အောက်မှာ ပျင်းလဲသင် မကြိုက်လဲသင် နဲ့ ပြားပြားဝပ် နေ
ကြရတာ စိတ်ပျက်စရာ မြင်ကွင်းပါပဲ

အပိုင်း (၆) ဆက်ရန်


မိဘများအတွက် ပညာရေး (၄)


                                                  
ကျွန်တော်ပုဂ္ဂလိက အမြင်အရပြောရင် ကျောင်းတွေမှာ စာသင်တာ အရမ်းနှေးကွေးပြီး ပျင်းစရာကောင်းပါတယ်
စိတ်ဝင်စားစရာလဲ မရှိပါဘူး သင်လာရတဲ့ ဘာသာရပ် အများစု ငါးပုံမှာ လေးပုံခွဲလောက်ဟာ ကျွန်တော် စိတ်မ၀င်စားပါဘူး ဘာတွေ သင်နေမှန်းကို မသိတာပါ ဒီလို စိတ်မ၀င်စားတဲ့ ကြားကပဲ ကိုယ်နည်း ကိုယ်ဟန်နဲ့ကိုယ် ကြိုးစားသင်ပြီး စာမေးပွဲ အောင်မြင်အောင် ဖြေနိုင်ခဲ့တာပါ

ကျွန်တော်အတွက်တော ငရဲအလားပါပဲ နဂိုကမှ စာကျက်ပျင်းတာ ဒီကြားထဲ ဥာဏ်က ထိုင်းလိုက်သေးတယ်
စာမေးလိုက်တိုင်း တခါမှ ရနေတယ် ဆိုတာ မရှိဘူး တကယ်တမ်းက အဲဒီစာတွေကို ကျွန်တော်က ရနေတာပါ
ဘာဖြစ်လို့ ရနေတယ် မရှိဘူး ပြောရလဲဆိုရင် ကျောင်းသင်ခန်းစာမှာ မေးတဲ့ ပုံစံက ကျွန်တော် သိနားလည်တဲ့
ပုံစံ မဟုတ်ဘဲ တစ်လုံးမှ မမှားအောင် ဆိုရတာမျိုးတွေ ဖြေရတာမျိုးတွေ ဖြစ်နေလို့ပါ ကျွန်တော်ဆိုတဲ့ လူ့ဂွှစာ
လေးကလဲ ကျောင်းစာသာ ကျက်ရပျင်းတာ စာဖတ်ဝါသနာပါတာက ဘယ်သူ ထင်မိမလဲ ဒုတိယတန်းမှာ မဂ္ဂဇင်း ၀တ်ထုတွေ ကောက်ကိုင်နေပြီ ဖတ်တတ်နေပြီ အဲလို အပြင်စာတွေ ကို သဲသဲမဲမဲ ဖတ်တယ် ဟဲ
အဲဒါက ကိုယ့်ကိုယ် ဘယ်သူမှ လာပြန်မမေးဘူးလေ အပျင်းထူတာ ပြောပါတယ် ကိုယ်နားလည်နေသလို
နေလိုက် ပြီးသွားတယ် မဟုတ်လား ကိုယ်နားလည်တာကို မှန်တယ် မှားတယ် သူများက လာဆုံးဖြတ်နေ တာ
မျိုး သိပ်သဘောမကျဘူး ဒါကြောင့် အကြောင်းအရာ တော်တော်များများကို ထဲထဲဝင်ဝင် နှံ့စပ်အောင် လေ့လာ
ပါတယ် တတ်တာ မတတ်တာကို ကျွန်တော် အဲချိန်က ဦးစားမပေးခဲ့သလို အရေးလဲ မလုပ်ပါဘူး ခြောက်တန်း လောက် ရောက်ချိန်မှာ ကျွန်တော့် အိမ်က စာအုပ်ပုံကြားထဲနေရင်း လောကီပညာရပ်တွေ လေ့လာဖြစ်ပါတယ်
အဲထဲကပဲ ပညာရပ် တော်တော်များများဆီကို ဆက်စပ်ကူးပြောင်း နားလည်နိုင်တဲ့ အသိတွေ နားလည်ခဲ့ရတယ်
ရှစ်တန်းရောက်ချိန်ဆို ကျွန်တော်  ဇာတာဖွဲ့တာ ကောဇာ စသဖြင့်ပေါ့ အရှေ့တိုင်း အနောက်တိုင်း မြန်မာ့ရိုးရာ လောကီ ပညာတွေ တတ်ခဲ့ပါတယ် လုပ်စားဖို့ လေ့လာတာ မဟုတ်ပါဘူး စာဖတ်ဝါသနာပါလို့ ဖတ်မှတ်ရင်း တတ်သွားတာပါ ကံကောင်းတာက မသိတာတွေကို မေးဖို့အတွက် အိမ်ရဲ့ ဘုရင်မင်းကြားဖေဖေကလဲ ပရိုကျကျ ကျွမ်းကျင်ပါတယ် သူဆီက တဆင့် သင်တာပေါ့ ကျွန်တော် အဖေဟာ  အမှန်ပြောရင် မြန်မာစာကို လုံးကွဲ
အောင် အတတ်ပါဘူး အင်္ဂလိပ်စာဆို ABCD တောင် ခုထိ မှားပြောတုန်းပါပဲ ဒါ ကျွန်တော် ကျွန်တော့် အဖေကို
စော်ကားလှောင်ပြောင်နေတာ မဟုတ်ပါဘူး လက်လန်အောင်ကို လေးစားလို့ ပြောနေရတာပါ ဒီပိုစ့်နဲ့လဲ ဆက်စပ်မှူ ရှိလို့ပါ အရမ်းတော်တယ် ပြောရမှာပါ မြန်မာစာကို စာလုံးပေါင်းမှန်အောင် မရေးနိုင်တဲ့ အဖေ ဖတ်လို့တော့ရပါတယ် အဲဒီ ခက်ခဲတဲ့ ပညာရပ်တွေကို သူ ဘယ်လို လေ့လာခဲ့တာလဲ သိနားလည် သွားတာလဲ ဆိုတာကို ကျွန်တော် တော်တော် အံသြရပါတယ် လွယ်တယ်တော့ မအောက်မေ့လိုက်ပါနဲ့ ခုခတ် မြန်မာစာ ကျောင်းသားတွေ နားမလည်တဲ့ မြန်မာစာတွေပါ လာသင်ပေးတဲ့ ဆရာ ပြပေးပြောပေးတဲ့ ဆရာရယ်လို့ သူ့မှာ မရှိခဲ့ပါဘူး စာအုပ်က ဆရာပါပဲ တကုတ်ကုတ်နဲ့ ဟိုကျမ်းဒီကျမ်း လှန်လိုက် စာအုပ် ပေါ် ခြစ်လိုက်နဲ့ အဲဒီ အဆင့် မြင့် ပညာတွေ သူနားလည်ခဲ့တာပါပဲ အဲဘက်ပဲလားဆို ခုခေတ်ပေါ် စလောင်းတီဗွီ လိုင်းချယ်နယ် တပ်ဆင်တာ
ဂြိုလ်တုကနေ လိုင်းသွင်းတာတွေ လျပ်စစ်ပညာတွေ ကျွမ်းကျွမ်းကျင်ကျင် တတ်ပါတယ် ဖုန်းတွေလား ကျွန်တော့် လောက် နီးပါးတတ်တယ် ကလိတာ ပြောတာ

 ဒါဟာ ဘာကို ပြဆိုချင်တာလဲ ဆိုရင် လုပ်ရင်းသင်တဲ့ သင်ယူမှု စနစ်ကို ဖော်ကျူးပါတယ် လုပ်ရင်းသင်သွားတယ် ဆိုရာမှာ ဆန္ဒပြင်းပြင်းလေးနဲ့ တတ်သိချင်စိတ်လေး ရှိဖို့ပဲ လိုတယ် ဆိုတာရဲ့ ထင်ရှားတဲ့ ပြယုဂ်ပါပဲ ဒီလို အလားတူ တွေ သင့်ပတ်ဝန်းကျင်မှာ သင်မြင်တွေ့နေရမှာပါဘ

ကျောင်းစာမှာ မလိုက်နိုင်တဲ့ သူတွေဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား နှုတ်ရေးအသံထွက် ကျွမ်းကျင်တဲ့ ဥာဏ်ရည်ကို မရနိုင်ပါဘူး ဒီလူတွေဟာ ထိုင်နားထောင်ပြီး သင်ယူရတာ စာဖတ်ရတာတွေနဲ့ ပက်သက်ပြီး သင် လို့ မပေါက်ရောက်ပေမယ့် အခြားနည်းနဲ့ အခြားနယ်ပယ်တွေမှာကျတော့ အလွယ်တကူ သင်လို့ရကြတဲ့ ပါရမီ ရှင်တွေ ဖြစ်နေတတ်ပါတယ်

ကျွန်တော်ပြောလိုတာကတော့ ကျောင်းဆိုတာ အရေးကြီးမှန်း သိသည့်တိုင်အောင် သင့်ကလေးရဲ့ ဥာဏ်စွမ်း ဥာဏ်ရည် အစစ်အမှန်ကို ဖော်ုထုတ်ပေးနိုင်တဲ့ နေရာ ဟုတ်-မဟုတ် ဆိုတာကို မိဘများ အနေနဲ့ အလေးပေး လေ့လာ ဆန်းစစ်ဖို့ လိုတယ် ဆိုတာကို ပြောလိုတာပါ
ပညာရေး အစစ်မှန်ရဲ့တန်ဖိုး ဆိုတာ စာသိတွေ အတင်းအကျပ် ထိုးသိပ်ထည့်သွင်းပေးရတာ မဟုတ်ဘဲ ဥာဏ်ရည် ဥာဏ်သွေးကို ဖော်ထုတ်ပြီး ငါသိ သိအောင် လုပ်ပေးရတာလို့ ပြောလိုပါတယ်

အပိုင်း(၅) ဆက်ရန်

                                                                                                            

ပြောင်းလဲဖို့အချိန်တန်ပြီ

ပြောင်းလဲဖို့ အချိန်တန်ပြီ
********************

မြောက်မြားစွာသော လူတွေကို သင်မေးကြည့်ပါ
ဒီနေ့ ကမ္ဘာကြီးဟာ ပြောင်းလဲနေပြီ ဆိုတာ မှန်
ရဲ့လားလို့လေ ဖြေကြပါလိမ့်မယ် မှန်တယ် ဟုတ်တယ်ပေါ့ ဒါကို ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး

လူတော်တော်များများ ပြောကြပါလိမ့်မယ် ခေတ် ကပြောင်းပြီနေပြီလို့လေ စိုက်ပျိုးရေးခေတ် စက်မှုခေတ် သတင်းနှင့် နည်းပညာခေတ် စသဖြင့် ဘာညာကွိကွပေါ့လေ

လူတော်တော်များများ ပြောင်းလဲနေတာကို သိပေမယ့်လို့ သူတို့ကိုယ်တိုင် လိုက်မပြောင်း
လဲနိုင်ကြတာက ဘာကြောင့်လဲ လို့ မေးချင်စရာ
ပါ တွေးစရာပါ

ပြောင်းလဲလာပြီဆိုတာနဲ့ အမှီလိုက်နိုင်ဖို့ ပညာပုံ
စံသစ်တွေကို သင်ကြားထားဖို့ လိုအပ်ပါတယ်
ဒီလိုသာ သင်မထားရင်တော့ ဒီနေ့ကမ္ဘာမှာ သင်
ဟာ နောက်ကျန်နေခဲ့မှာပါပဲ မြန်မာတွေသာ
ကြည့် စိုက်ပျိုးရေးခေတ်ကနေ မတက်သေးဘူး
ဒါနဲ့များ နိုင်ငံမွဲတာ သူများကို အပြစ်တင်ချင်နေ
ကြသေးတယ် တစ်ဦးချင်း ဝင်ငွေ တိုးတက် မလာဘဲ တိုင်းပြည်ဝင်ငွေ တက်လာပါတယ် ဆို
တာ ထုံးစံလဲ မရှိ ရာဇဝင်လဲ မရှိပါဘူး လူတစ်ဦး
ချင်းကနေ တက်လာမှ တိုင်းပြည်ချမ်းသာနိုင် တာပါ

ဒီနေ့ခေတ်ဟာ သတင်းခေတ်တဲ့ လူတိုင်းလိုလို ပြောကြပါလိမ့်မယ် ပါးစပ်ကသာ သတင်းခေတ် သတင်းခေတ်လို့ အော်နေကြပေမယ့် လူတွေက လိုက်မပြောင်းလဲလာပဲ စက်မှုခေတ်မှာ ကျန်နေ တုန်းပါပဲ 

ဥပမာ ပြောရင် အလုပ်နဲ့ ပက်သက်တဲ့ အကြံ
ဥာဏ် အတွေးအခေါ် အယူအဆကို ကြည့်ပါ
ကျောင်းတက် ပညာကောင်းကောင်းသင် လခ ကောင်းကောင်းရမယ့် အလုပ်တစ်ခုခုဝင်လုပ် တဲ့ အများစု ရဲ့ အတွေးအကြံတွေလေ ပုံစံကွဲ အလားတူတွေပဲ ရှိပါတယ် ဒီဘောင်ကို မကျော်
နိုင်ကြသေးပါဘူး ဒီအကြံဟာ စက်မှုခေတ်ရဲ့ အကြံဥာဏ်ပါ တချို့များဆို စိုက်ပျိုးရေး ခေတ်ကကို ရုန်းမတက်နိုင်သေးတာ တွေ့ရပါ
တယ်

ဒီနေ့ သတင်းခေတ်မှာ ဒီလိုမဟုတ်တော့ပါဘူး
ကျောင်းတက် ပညာကောင်းကောင်းသင် ကိုယ်ပိုင် လုပ်ငန်းတစ်ခု ထောင်တတ်အောင် လုပ်တဲ့ ဘာကွာသွားလဲ မြင်တယ်နော်

အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စားပွဲတစ်လုံး ရဲ့ ဟိုဘက်ဒီဘက်လေးပဲ ကွာသွားတာ ရှင်းရှင်း
လေး

ဒီနှစ်ခုကွာခြားချက် အကျဉ်းအတိုဆုံးပြောရင် အလုပ်သမား ဝန်ထမ်းဆိုတာ လုပ်ငန်းထောင် ပြီးမှ အလုပ်ရှာဖြစ်တယ် လုပ်ငန်းရှင်က အလုပ် မစတင်ခင်ကတည်းက အလုပ်လုပ်နေပြီ ဖြစ်လို့
ပါပဲ ကိုယ့်ဟာကိုယ် ကြိုက်သလောက် ဆင့်ပွား တွေးလို့ရသွားပြီ မပြောတော့ဘူး

သတင်းခေတ်မှာ စက်မှုခေတ်ရဲ့ အတွေးအကြံ နဲ့ ရှင်သန်နေထိုင်မယ်ဆိုရင်တော့ မတွေးဝံ့စရာ ပဲပေါ့ မြန်မာတွေ ဖြစ်ပျက်နေတာ ဒီအချက်ပါပဲ

ပြောရင်လည်း ဖဲ့တယ် တွယ်တယ် လုပ်နေဦးမှာ
မပြောချင်ဘူး နာတတ်ပြီး သိမြင်သွားရင် အကျိုး များပေမယ့် နာတတ်ပြီး အငြိုးထားတာကတော့
မနှစ်မြိုစရာမို့ပါ

နည်းပညာခေတ်ရဲ့ တိုးတက်ပြောင်းလဲလာတာ နဲ့အမျှ ကမ္ဘာကြီးဟာလည်း အရှိန်အဟုန် ပြင်းပြင်းနဲ့ကို ပြောင်းလဲနေပါပြီ ဒါတွေ ပြောင်း လဲလာတာနဲ့အမျှ လူတွေကလည်း လိုက်ပြောင်း
လဲဖို့ လိုအပ်နေပါပြီ

လိုက်ပြောင်းလဲဖို့ ဆိုတာကလည်း ပြောင်းလဲလို
တဲ့ ဆန္ဒာအဓိပတိတပ်မှ ဖြစ်တာ ပြောင်းလဲတာ မှ အသေးအမွှားကအစ ပြောင်းလဲရမှာ ဖြစ်လို့
ပြောင်းလဲလိုတဲ့ ဆန္ဒ အလွန် ပြင်းပြင်း ရှိဖို့လို အပ်ပါတယ်

ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲ ဆိုတာ စမ်းကြည့်လို့ သိပါတယ် ဘယ်လိုစမ်းမလဲ
လူတိုင်းမှာ သူတို့မြတ်နိုးတဲ့ အရာလေးတွေ ရှိပါ
တယ် ဆံပင်ရှည်ထားတာ မြတ်နိုးတဲ့ သူ တစ်ယောက်ကို ဆံပင်ဖြတ်ခိုင်းကြည့်ပါ အမှန်တကယ် ပြောင်းလဲချင်တဲ့ စိတ်ရှိမရှိ သိ ရပါမယ် သူဘယ်ဘက်မှာ ရပ်တည်သလဲ ဆို တာ မြင်သာပါလိမ့်မယ်

လူတော်တော်များများ အပြောင်းအလဲ လုပ်လို တဲ့ ဆန္ဒရှိကြပါတယ် ဒါပေမယ့်လို့ တကယ်တမ်း
နင်လား ငါလား ပြောင်းလဲရတော့မယ်ဆိုရင် တွန့်ဆုတ်သွားတတ်ကြပါတယ် ဒါကလဲ အပြောင်းအလဲ လုပ်ရမှာ ကြောက်တတ်တဲ့ လူ့ဘဘာဝတစ်ခုပါ

တစ်ခုတော့ရှိပါတယ် ခေတ်က တောင်းဆိုလာ လို့ လိုအပ်ချက်အရ ပြောင်းလဲသွားတာမျိုးကို မဆိုလိုပါ ဒါမျိုးက ဆန္ဒပြင်းပြင်း မလိုအပ်ပါဘူး
အလိုက်သင့် စီးမျောသွားတာမျိုးပါ

ပြောင်းလဲ နေတဲ့ ကမ္ဘာကြီးထဲ နေထိုင်တဲ့ သင် ဟာ

အမှန်တကယ် ပြောင်းလဲချင်တဲ့ ဆန္ဒနဲ့သတ္တိ ရှိနေပြီလား

ဆန္ဒနဲ့သတ္တိ ရှိပြီဆိုရင် ဘာတွေကစ ပြောင်းလဲ
မှာလဲ

ပြောင်းလဲမှုပေါင်း များစွာအနက် သင့်ရဲ့ ပထမ ဆုံး ပြောင်းလဲချင်တာက ဘာလဲ

ဘယ်လို ပြောင်းလဲမှာလဲ

ကျွန်တော့် စာဖတ်သူများ တစ်ခုခု ရနိုင်ကြပါစေ

စာကြွင်း

ဒီဆောင်းပါးက ကျွန်တော် လွန်ခဲ့တဲ့ (၁၁) နှစ် ကတည်းက ရေးထားတဲ့ ဆောင်းပါးပါ ခုမှ ရေးတာ မဟုတ်ပါဘူး ပုံနဲ့လည်း သက်ဆိုင်ခြင်း မရှိပါ စာနဲ့ ကိုက်နေလို့ ယူသုံးထားခြင်းမျှသာ


မိဘများအတွက် ပညာရေး (၃)


**********************************
မွေးလာတဲ့ ကလေးတိုင်းဟာ ပညာတော်ပြီးချမ်းသာဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား ဒီလိုမေးရင် အချိုလူတွေက ဖြစ်နိုင်ပါတယ်တဲ့ အချို့ကတော့ မဖြစ်နိုင်ပါဘူးတဲ့ ဒီအဖြေနှစ်ခုကြားထဲ ဘာတွေ ကွာဟသွားမလဲ တွေးစရာ အမြောက်အမြားရှိပါတယ်
ကျွန်တော့် အနေနဲ့တော့ ပညာတော်ဖို့နဲ့ ချမ်းသာဖို့ မွေးလာတာပါလို့ ယုံကြည်ပါတယ် ဒါက ကျွန်တော်ယုံတာ ပြောတာပါ
သင်ကြားရေး ပုံစံတွေဟာ အမျိုးမျိုး ရှိတဲ့အထဲမှာ ကျွန်တော် နဲနဲ ထုတ်ပြပေးပါမယ် စီးပွားရေးနဲ့ ယှဉ်တဲ့ သင်ကြားပုံစံပေါ့ နောက်ပိုင်းတွေမှာ ပါလာပါလိမ့်မယ်
ကျွန်တော် လေ့လာထားမိသလောက် သင်ကြားမှုပုံစံဟာ ဆင်းရဲစေမယ့်ပုံစံကို ဦးတည်သွားမယ် ဆိုရင် သင်ကြားခံ ကလေးဟာ သူများထက် ညံ့သွားတာပါပဲ ဒါက ဘယ်လိုဖြစ်လို့လဲ ဆိုရင် သင်ကြားမှု ပုံစံဟာ လူတစ်ယောက်ကို ပြောင်းလဲ သွားစေနိုင်လို့ပဲပေါ့
ဒါကို နောက်ထပ် တနည်းပြောရရင် သုတပညာကို ရိုက်သွင်းလို့ မရဘူးလို့ ပြောချင် တာပါ နောက်ထပ် ပြောရင် ကလေးငယ်ရဲ့ ပညာပါရမီကို နိုးထလာအောင် လှုံ့ဆော်ပေးလို့လဲ ရတယ်ဆိုတာ ကိုယ်တွေ့ စမ်းသပ်ခဲ့ဖူးလို့ ယုံကြည်ပါတယ်
ပညာရေး ဆိုတော့ ကျွန်တော်တို့ ပထဦးဆုံး ဒီစကားလုံးက ဘာလဲ သိသင့် တယ်ပေါ့ နော်
ပညာသင်ကြားမှု ဆိုတဲ့ စကားလုံး Education ဟာ ဆွဲထုတ်ပေးခြင်း ဆိုတဲ့ လက်တင် စကား Educare ကနေ ဆင်းသက်လာ တာပါ ဆွဲထုတ်တာနော် ရိုက်သွင်းတာ မဟုတ်ဘူး
အခု နိုင်ငံ အကုန်လုံးက ပညာရေးသင်ကြားမှု စနစ်တွေက ဒီအနက် ကို ပြောင်းပြန် လှန်ပြီး အတင်းရိုက်သွင်းပစ်နေတာ မြင်ပါလိမ့်မယ် ဒါကြောင့်ပဲ လူအများုကြီး က နွံ့နစ် နေရတယ် ဆိုတဲ့ အဖြေကိုလဲ ပူးတွဲ ရရှိလာစေတာ ရှင်းရှင်းလင်း လင်း မြင် ရပါလိမ့်မယ်
ဒီနေရာမှာ အခြားသူတွေ ဘယ်လို ပြောတာ ကျွန်တော် မဝေဖန်ပါဘူး ကျွန်တော် ပြော လိုတဲ့ အချက်နဲ့ ကိုက် ညီအောင် ယူပြထားတာပါ ဆီလျော်တယ် လို့တော့ မြင်ရလိမ့်မယ်လို့ ယူဆပါတယ် ဒီလိုပြောတာက ပုံစံကွဲတွေ ရှိနေနိုင်လို့ပါ
ကျွန်တော်တို့ အများစုဟာ ကံမကောင်းစွာပဲ သုံးစားမရတာတွေကို ခေါင်းထဲ ရိုက် သွင်းခံရပြီး မစို့မပို့ သိသ လောက် လေးကို ကြာရှည် ကြာမျော အသည်းစွဲ မှတ်ထား ရပါတယ် ဒီထက်ဆိုးတာက အစမ်းစာမေးပွဲတွေ ဖြေဖို့ ကျက်မှတ် ထား တာတွေကို စာမေးပွဲလည်း ပြီးရော သင်ကြားချက်တွေနဲ့ အတူ မေ့ဖျောက်ပစ်လိုက်ကြ တာပါပဲ
ပညာရေးစနစ်က အထက်တန်းနဲ့ တကသိုလ် အဆင့်မြင့်တန်းတွေ အဆင့်က ဥာဏ်ရည်အပေါ် အားပြုထားပါ တယ်( မြန်မာမှာပဲ မမှတ်ပါနဲ့ ဒီဆောင်းပါးမှာ မြန်မာ တစ်ခုတည်း ကွက်ပြောတာ နဲနဲသာပါပါတယ်) နိုင်ငံတိုင်းမှာ ဖြစ်နေတာ ကို ပြော တယ်ပဲ မှတ်ပါ
တယောက်ယောက်ကို ဒီလူ အိုင်ကြူမြင့်တယ်လို့ ပြောလိုက်ရင် အဲဒါ အဲဒီ လူရဲ့ ကျောင်းစာမှာ ဒါမှမဟုတ် တကသိုလ် ပညာအရ အိုင်ကြူကို ဆိုလိုတာပါပဲ
တကယ်တော့ လူတစ်ဦးနဲ့ တစ်ဦးဟာ သင်ယူတတ်မြောက်မှုပုံစံတွေဟာ တစ်ဦးချင်း အလိုက် ကွဲပြားပါတယ်
ဒါက ဘာလို့ ဖြစ်ရတာလဲ အကုန် တော်တဲ့လူချည်း မွေးလာတာပါဆို ခု တစ်မိုးပြောပြန်ပြီလား ပြောနိုင်သလို
ကျွနှ်တော့်မှာလဲ အဖြေအသင့်ရှိပါတယ် ဘာကြောင့်လဲ ဆိုရင် လူတစ်ဦးချင်းစီရဲ့ ဥာဏ်ရည်ဥာဏ်သွေး ကွာဟချက်ကြောင့်ပဲပေါ့ ဘာဖြစ်ရဦးမတဲ့တုန်း
ပြောနေကြစကားလေးပဲ ပြန်သုံးလိုက်ပါမယ် ဥပမာပြောရင် တစ်ချို့က ကျောင်းစာမှာ အရမ်းတော် ဥာဏ်အရမ်းကောင်းကြတယ် ဒါပေမယ့် အဲကလေးကို စစ်တုရင် သွားဆော့ခိုင်း ကြည့်ပါ ဘာမှသုံးစားမရတဲ့ ကလေး ဖြစ်နေတာမျိုး တွေ့ရပါလိမ့်မယ် တချို့ ကလေးတွေက ကျောင်းစာသာ ညံ့တာ အခြားနေရာတွေမှာ ဘောကန်တာ ခြင်း ခတ် တာ တီထွင်တတ်တာ စသဖြင့် တစ်နေရာရာမှာ သွားပြီး မာစတာ ဥာဏ်စွမ်း အားတွေ ရှိနေတတ်ပါတယ်
သင်ယူမှုပုံစံမှာ နှစ်မျိုးရှိပါတယ် အဲဒါက လူသားတိုင်းလုပ်နေရတာပါပဲ ဘာတွေလဲ ဆိုရင်
ဖတ်ရင်းသင်တဲ့ပုံစံ နဲ့ လုပ်ရင်းသင်တဲ့ပုံစံပေါ့
ဒီနှစ်မျိူးမှာ ကိုယ့်ကလေးနဲ့ ဘယ်ပုံစံက အံဝင်ဂွင်ကျ ဖြစ်စေမလဲ ဆိုတာကို မိဘ က ရွေးချယ်ရမှာပါ မိဘတင်ပဲလားဆို မဟုတ်ဘူး ကလေးကိုယ်တိုင် ရွေးချယ် တာလဲ ဖြစ်ဖို့ လိုပါတယ် ဒီလိုမှ မဟုတ်ရင်တော့ ဘောလုံးကစား ရာမှာ ဥာဏ် ရည်ထက်တဲ့ ကလေးကို ကျောင်းစာချည်း ဖိသင်ပေးနေရင်တော့ ဒီကလေး လူမွေးပြောင်ဖို့ မလွယ် ပါဘူး နှစ်ဖက်စလုံးမှာ ညံ့သွားမှာပါ
ကျောင်းစာ အရမ်း တော်ပါတယ်ဆိုတဲ့ လူတွေ တကယ့်လက်တွေ့ဘဝမှာ မလုပ်တတ် မကိုင်တတ် ဖြစ်ကုန်ကြ တာတွေ ရှိတယ် ဆိုတာ မိဘတွေ အနေနဲ့ တွေ့မြင် သိရှိပြီး သား ဖြစ်မှာပါ ဘာကြောင့် ဖြစ်ရတာလဲ ကိုယ်တိုင် တွေူးကြည့်သင့်ပါတယ် ကျွန်တော် များများ မပြောလိုပါဘူး
ထင်မြင်ချက်ကို ပြောပါဆိုရင် နည်းနည်းလောက် ပြောကြည့်မလား ထင်တာပေါ့နော် ဒါက ဘာကြောင့် ဖြစ်ရတာလဲ ဆိုရင် ဆရာတွေဟာ သင်ရိုးညွှန်းတန်း မူဝါဒ အရပေါ့နော် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကိုပဲ အခြေခံ ရှုမြင်ပြီး စိတ်နဲ့ဆိုင်တဲ့ သုတပညာတွေကို ရုပ်ပိုင်းဆိုင်ရာ သုတပညာအ့ဖြစ် ပြောင်းမပေးနိုင်ခဲ့ကြလို့ လို့ ယူဆ ပါတယ်
ဒါ့အပြင် ဆရာတွေက အမှားလုပ်တဲ့ အတွက် အပြစ်ပေးတဲ့စနစ်ကို သုံးတယ် ဒီအခါမှာ စာသင်သားတွေဟာ မှားမှာကြောက်ပြီး ဘာမှ အသစ်အဆန်းတွေ မလုပ်ရဲတော့ဘူး ပညာ သင်ပေးတဲ့အခါမှာ မှန်ဖို့ကိုပဲ ဦးစားပေး တယ် မှားမှာကို ကြောက်ကြတယ် ဒီအချက်ဟာ လက်တွေ့ လုပ်ဆောင်မှုတွေကို ဟန့်တားရာ ရောက်သွားစေ တယ် ဆိုတဲ့ အချက်ကိုတော့ ကျွန်တော် သေသေချာချာ ယုံကြည်ပါတယ်
တကယ်တမ်း ကျွန်တော်တို့ဟာ ပညာသင်ယူတယ် ဆိုရာမှာ လှုပ်ရှားလုပ်ဆောင် မှုတွေကနေ တစ်ဆင့် သင်ယူကြရတာပါ အမှားတွေ လုပ်ပြီးမှ အမှန်လမ်း ကို လျောက်နိုင်မှာပါ
ကျောင်းပညာသင်စနစ်မှာတော့ အမှားများတာနဲ့ အပြစ်ပေးခံရတော့တာပါပဲ ဒါက လက်တွေ့ အခြေခံ ပညာ သင်ယူမှုပုံစံကို ချိူးဖောက်လိုက်တာပါပဲ အခြေခံ သင်ယူမှုပုံစံ အကြောင်း နောက်ပိုင်းမှာ ထည့်သွင်းဖော်ပြ ပေး ပါမယ်
ပညာရေးလောက အနေနဲ့ အားလုံးကိုချုံပြောရမှာမို့ပါ မင်းဘောလုံးကစားတဲ့ အကြောင်း သိထားဖို့ လိုအပ်တယ် ပြောချင်ပြောလိမ့်မယ် ဒါပေမယ့် သူတို့ ကိုယ်တိုင်က ဘောလုံးကစားတာ တတ်ချင်မှ တတ်ကြတာမျိုးပါ ဒါ အပေါ်မှာပြောခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲ မပေးနိုင်ဘူး ဆိုတဲ့ အချက်ကို ပြန်ထောက်ပေးတာပါ
ဘာဖြစ်ဖြစ် ကျွန်တော်တို့ သိမှတ်ထားရမှာက ပညာရေးဆိုတာ အထင်အမြင် သဘော ထားပဲ ဖြစ်တယ်ဆိုတာပါ
ဘာကိုဆိုလိုတာလဲ ဆိုရင် လူတစ်ယောက်အနေနဲ့ သင်ကြားရေးကို အပြုသဘောဆောင်တယ် မြင်ရင် အဲဒီလူ ဟာ တိုးတက်မှု ရအောင် ကြိုးစားမှာပဲ တကယ်လို့ အမြင်မရှင်းရင် ဒါမှမဟုတ် အထင်သေးမိရင်တော့ အဲဒီလူ
ဟာ ဘာကိုမှ သင်လို့ တတ်တော့မှာ မဟုတ်ပါဘူး ကကြီး ခခွေး ကတော့ ရမှာပေါ့ဗျာ
အပိုင်း (၄) ဆက်ရန်

မိဘများအတွက် ပညာရေး (၂)




ပညာရေးဟာ ဘယ်တုန်းကနဲ့မှ မတူအောင် အရေးပါလာပါတယ် ။ ဒါဟာ ဘယ်တုန်းကနဲ့မှ မတဲူအောင် အပြောင်းအလဲတွေ မြန်လာလို့ပါပဲ 

ဟိုးအစကတော့ ကျောင်းမှာစာတော်ရင် စီးပွားရေး နားမလည်ပေမယ့် ၀င်ငွေကောင်းကောင်း ရကြပါတယ် ခုချိန်မှာ ဒီလို မဟုတ်တော့ပါဘူး စဉ်းစားဖို့များစွာ လိုအပ်လာပါပြီ

သင်ရှုမြင်ကြည့်ပါ သုံးသပ်ကြည့်ပါ

သင့်သားသမီးတွေရဲ့ ဒီနေ့ ပညာရေးဟာ သူတို့ ရင်ဆိုင်ရမယ့် အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုံလုံ လောက်လောက် ရပါရဲ့လား သူတို့ ကျောင်းက ပညာသင် စနစ်တွေဟာ သူတို့ရဲ့ အထူး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါရဲ့လား

အောင်မှတ်ကောင်းရုံနဲ့ ဘ၀တစ်သက်စာအတွက် အသက်မွေးဝမ်းကျောင်း ဖူလုံပါ့မလား စီးပွားရေးအရ အောင်မြင်မှုကော ရှိပါမလား စတဲ့ အချက်တွေကိုပေါ့လေ

ဒီစာရေးနေတာက ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကို နားလည်ပြီး လက်ရှိ ကလေးတွေရဲ့ ပညာရေးစနစ်ဟာ ကလေးတွေရဲ့ အထူး လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ပါဘူးလို့ သံသယရှိတဲ့ မိဘများအတွက် ရည်ရွယ်ပါတယ် ကလေးတွေရဲ့ ပညာရေးကို ခေတ်မှီတိုးတက်စေချင်တဲ့ မိဘများ အတွက်ပါ ကလေးတွေရဲ့ မွေးရာပါ ပါရမီ ဥာဏ် ရည်နဲ့ သင်ယူမှုပုံစံတွေကို ဖွံ့ဖြိုးစေဖို့ နဲ့ ဘ၀တစ်လျောက် အဖိုးတန်ပညာတွေကို တန်ဖိုးထား မြတ်နိုးတတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာစေဖို့ ပုံသွင်းပေးလိုတဲ့ မိဘများအတွက် အထောက်အပံ့ တစ်ခု ဖြစ်စေဖို့ ရည်ရွယ်
ပါတယ်

အိုင်းစတိုင်းဟာ ကျောင်းနေစဉ်မှာ ဥာဏ်ထိုင်းသလောက် ကြီးလာတဲ့အခါမှာ ကမာက အလေးအမြတ်ပြုခံရတဲ့ မဟာပညာရှင်ကြီး ဖြစ်ခဲ့ပါတယ် ဒါက ဘာကိုပြတာလဲဆိုရင် ပါရမီဆိုတာ ခန့်မှန်းရခက်တယ်ဆိုတဲ့ သဘောကို ပြဆိုတာပါ

တနေ့မှာ ထင်ရှာုးတဲ့ တီထွင်သူ တစ်ယောက်က ဗဟုသုတ ပြည့်စဖို့ အရေးကြီးတယ်လို့  အိုင်းစတိုင်းကို ပြောပါ
တယ် ဒါကို အိုင်းစတိုင်းက သဘောမတူပါဘူး သူက ပြန်ပြောတယ်
အချက်အလက် ဗဟုသုတတွေရဖို့ ကောလိပ်သွားတက်စရာ မလိုပါဘူး စာအုပ်တွေဖတ်ရုံနဲ့ သိပါတယ် ခောတ်မှီတဲ့ ကောလိပ်ကျောင်း ပညာရေးရဲ့ တန်ဖိုးက တွေးခေါ် မြော်မြင်တတ်အောင် သင်ကြားလေ့ကျင့် ပေးခြင်းပဲ တဲ့ နောက်သူကဆက်ပြောပါသေးတယ်
စိတ်ကူးဥာဏ်ရင့်သန်ခြင်းဟာ ဗဟုသုတထက် ပိုအရေးကြီးတယ် တဲ့

ကျွန်တော်တွေ့ဖူးခဲ့သမျှ မိဘတွေရဲ့ ကလေးတိုင်းဟာ စာတော်တှဲ့ ပါရမီရှင်လေးတွေပါပဲ ဒါပေမယ့် ပြသနာက ဘယ်မှာစတာလဲ ဆိုရင် ကျောင်းမှာ စတာပါ ကျောင်းရောက်တာနဲ့ သူတို့ရဲ့ ၀ါသနာ ဗီဇ ပါရမီ ဆိုတာတွေကို ဘေးချိတ်ထားပြီး ပုံစံခွက်ထဲထည့် ပုံစံကိုက် စာတွေ သင်ချင်မှန်း မသင်ချင်မှန်း မသိ အတင်းဇွတ် နင်းသင်
တော့တာကနေ စတာပါ

မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ပါရမီဥာဏ်နဲ့ လိုက်ဖက်တဲ့ပညာ အံဝင်ဂွင်ကျရှိမယ့် သင်ကြားရေး စနစ်တွေကို တီထွင်ကြံဆပြီး လျပ်ပြက်သလို ပြောင်လဲနေတဲ့ နောက်ကှိုအမှီလိုက်ဖို့ လိုအပ်ပါတယ်

ကလေးတွေရဲ့ လက်ဦးဆရာဟာ မိဘတွေ ဖြစ်သလို မိဘဟာ အရေးအကြီးဆုံး ဆရာတွေပဲ ဖြစ်ပါတယ်  ပြသနာက မိဘတော်တော်များများက သားသမီးတွေကို ပညာတတ်ဖြစ်ဖို့ အရေးကြီးတယ် ဆိုပြီး ကျောင်း ကို ပို့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပညာရေးနဲ့ပက်သက်လို့ ဘာမှ ဆက်မလုပ်ကြတာပါ

မိဘတိုင်းလိုလို ကလေးတွေ ပညာရေး အရေးကြီးတယ်ပြောပြီး ကလေးတွေကို ပညာပေးဖို့ စာအုပ်တွေကျ
တော့ လူနည်းစုလောက်ပဲ ဖတ်ကြတာ အတော်ဆိုးရွားလှတဲ့ ပြသနာပါပဲ

အပိုင်း(၃) ဆက်ရန်

မိဘများအတွက် ပညာရေး (၁)


************************************

သမိုင်းတစ်လျောက်မှာ ဒီကနေ့ ပအညာရေးက ပိုအရေးကြီးနေပါတယ် ကျွန်တော်တို့ စက်မှုခေတ်ကို ကျောခိုင်းနောက်ချန်ထားခဲ့ပြီ နည်းပညာခေတ်ထဲ ၀င်ရောက်လာတာနဲ့အမျှ ပညာရဲ့တန်ဖိုးဟာ ဆက်ဆက် မြင့်တက်နေတယ်လို့ ဆိုရမှာပါ

အခုချိန်မှာ့ ပေါ်လာတဲ့ မေးခွန်းတစ်ခုကတော့ ကလေးတွေ ကျောင်းမှာသင်ယူနေတဲ့ပညာရေးဟာ စိန်ခေါ်လာတဲ့ ကမာသစ်ကို ထိပ်တိုက် ရင်ဆိုင်နိုင်ပါ့မလား ဆိုတာပါ

စက်မှူခေတ်မှာတုန်းက ကျွန်တော်တို့ဟာ ကျောင်းတက်မယ် ဘွဲ့ယူမယ် အသက်မွေးဝမ်းကျောင်းဘ၀ကိုစမယ် အပိုထပ်ဆောင်းတဲ့ ပညာတွေ တတ်စရာမလိုဘူး ဘာကြောင့်လဲဆိုရင် အပြောင်းအလဲက သိပ်မမြန်သေးလို့ပေါ့ တနည်းပြောရရင် ကျောင်းသင်ပညာရေးက အဲချိန်တုန်းက ဘ၀အတွက် လုံလောက်တယ်လေ

ဒီနေ့ အငြိမ်းစားယူတော့မယ့်ဆဲဆဲ သန်းပေါင်းများစွာသော သက်ကြားအိုတွေထဲက အများစုဟာ သူတို့ တတ်ခဲ့ တဲ့ ပညာတွေနဲ့ ခေတ်သစ်ကမာကို ရင်ဆိုင်ဖိ့ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အမှန်တရားကို နားလည်ခဲ့ကြပါပြီ နားမ လည်သေးတဲ့ သူတွေလဲ ဒုနဲ့ဒေးပေါ့လေ

ဒီကနေ့ခေတ်ဟာ ပညာတတ်ဆိုတဲ့သူတွေများစွာကိုင်တိုင်ဟာ ပညာမတတ်သူတွေနဲ့ တန်းတူ စီးပွားရေး အခက်အခဲတွေ ရင်မဆိုင်ရတာဟာ သမိုင်းမှာ ပထဆုံးကြုံတွေ့ရတဲ့ အဖြစ်ပါပဲ ဒီလူတွေဟာ ထပ်ဆင့် ပညာတွေ သင်ယူလေ့ကျင့်နိုင်ပါမှ မျှက်မှောက်ခေတ် လုပ်ငန်းလိုအပ်ချက်တွေနဲ့ ကိုက်ညီမယ် ဆိုတာတွေ
လည်း သိခဲ့ကြရပါပြီ မသိသေးတဲ့သူတွေကတော့ သူများကိုလက်ညှိုူထိုးလို့ ကောင်းနေတုန်းပါပဲ

မေးကြည့်ပါ မိတ်ဆွေ နောက်သင့်ဟာသင်ပဲ ဖြေကြည့်ပါ

သင့် ပညာရေးအောင်မြင်မှုကို ဘယ်အချိန်မှာတိုင်းတာ တွက်ချက်ရမှာလဲ ကျောင်းကပေးခဲ့တဲ့ ပညာရေး တိုးတက်မှု  အစီရင်ခံစာ (ရီပို့ကတ်) ရတဲ့ အချိန်မှာလား ဒါမှမဟုတ် သင် အငြိမ်းစားယူချိန်မှာ ရှိတဲ့ ပညာရေးရဲ့ အကျိုးသက်ရောက်မှုကိုလား

အပိုင်း (၂) ဆက်ရန်

နှောင်ဖွဲ့ခြင်းမှ စွန့်ခွာဖို့ရာ




တစ်ခါတုန်းကဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။

တစ်နေ့တော့သူဟာရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလားလို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့မင်းအဖြစ်ထက် ရဟန်းတရားကမြတ်တယ်ဆိုတာသိရပါတယ်။

 ဒါကြောင့် တိုင်းပြည်အုပ်ချုပ်ရေးကို အမတ်တွေနဲ့လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့ အညီစီရင်ဖို့  တခါတည်း မိန့်မှာထားပါတယ်။

ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူမှုတွေလုပ်ပြီး တရားစီရင်နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ ရှိပါတယ်။

 အမှုတစ်ခုမှာတော့ ဘုရင်နဲ့ အလွန်ရင်းနှီးတဲ့ သူတစ်ယောက် မှန်ပါလျက်နဲ့ တရားရှုံးသွားပါတယ်။ အဲဒီတရားရှုံးသွားတဲ့ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ်လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီး အမတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့သူကို အနိုင်ပေးနေတဲ့အကြောင်း လျှောက်ပြလိုက် ပါတယ်။

နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေတရားစီရင်တဲ့နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကိုမြင်လိုက်တာနဲ့ ပြည်သူပြည်သားတွေ က ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင်ကြပါတော့တယ်။

 ဘုရင်လည်း တရားစီရင်တဲ့နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။  ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကို ဆက်ရှုမှတ်လို့  မရတော့ပါဘူး။

 ဒီတော့ ဘုရင်လုပ်သူက သံဝေဂတော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့အတူငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရား ကပဲမြတ်တယ်" လို့ သေချာသဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ် လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။


 မင်းနဲ့ စာရှူသူ စာရှူသူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။ သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။

ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ ခက်နေတာလေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

တရားနဲ့ယှဉ်လာရင်တော့ စွန့်သင့်တဲ့အချိန်မှာ စွန့်သင့်တဲ့အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှမဟုတ်ပါဘူးလေ" လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

တရားစခန်း ဝင်ဖို့တောင် မိသားစုသံယောဇဉ်ကြောင့် အိမ်ကို တစ်ပတ်ဆယ်ရက် စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား" ဆိုတဲ့ အတွေးကြောင့်ပါ။

အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းနှစ်မျိုးကို ပြထားပါတယ်။

၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်း တစ်မျိုး။

၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်း တစ်မျိုး။

  ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်းတွေပဲလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ရာကပဲ ထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။

နှောင်ဖွဲ့ခြင်းနှစ်မျိုးမှာ ကိုယ်ကဘယ်ထဲမှာပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။  နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။  ဒီနှောင်ဖွဲ့ခြင်းတွေ ကြောင့်ပဲ  တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။

တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦးမှာပါ။

နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ  နှောင်ဖွဲ့ပြီးအားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။

တကယ်တော့ အားကိုးပြီး တရားရအောင်အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာတန်တာပါ။ အားကိုးခံရသူ လည်း တန်တာပါ။ နှောင်ဖွဲ့မှု ပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ ဝေးရတဲ့ ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ် မရှိလှ ပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရားနယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေ ကိုပဲ ပြန်ရောက်လာသူတွေလည်းရှိပါတယ်။ ဒါက အတိတ်တိတ်ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ် မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။

တရားနဲ့ယှဉ်ရင် စွန့်ရမယ်ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကိုစွန့်ထားခဲ့ပြီ သီလရှင် ဝတ်သွားတာမျိုး ကျတော့လည်း အဆင်မပြေ လှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ်ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို  စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး စသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။

ကျေးဇူးတော်ရှင်ယောဆရာတော်ဘုရား အမြဲဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်းတရားပါပဲတဲ့။ ကိုယ်ကမေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။

အားလုံးကြားဖူးတဲ့ထေရီကာဆိုတဲ့အမျိုးသမီးလေး တရားရသွားတယ်ဆိုတာ မီးဖိုချောင်ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာလည်းတရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။

ကိုယ့်ဝန်းကျင်မှာ အားကျအတုယူရမယ့်သူတွေအများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီးတစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက  ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။

ဆရာတော်ကြီးမိန့်တဲ့အထဲမှာ  ထူးဆန်းတာတွေပါနေပါသတဲ့။  ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။

ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေးဘက်လှည့်ပြီးဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ပြစ်မှားမိရင် အပြစ်ဖြစ်တတ်တယ်လို့ မိန့်လိုက် ပါသတဲ့။

ဦးဇင်းလေးလည်းတော်တော်လေးထိတ်လန့်သွားပြီး ဆရာတော်ကြီးကိုတောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။

  အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီကနည်းနာနိဿယ ယူထားလိုက်သလားလို့ မေးကြည့်တော့အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ဆရာတော်ကြီးသက်တော်ကြီးလာမှ ဆရာတော်ကြီးတရားအဆင့်တစ်ခုတော့ရနေ   လောက်ပြီလို့ ခန့်မှန်းမိတာလို့ ပြန်ပြောပြ ပါတယ်။

ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများအားထုတ်နေတဲ့သူတွေ အများကြီးရှိနေတာဆိုတော့ မပြစ်မှားမိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှားမိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။  ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်းအပြစ်ပါပဲ။

စွန့်တဲ့သူတွေကတော့ စွန့်ပြီးအားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။  စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့မစွန့်နိုင်ကြတာပါ။ ရလဒ်ကိုသိတဲ့သူတွေကတော့  စွန့်နေကြတာပါပဲ။

 လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့တရားနဲ့ဝေးသထက်ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်းမသိတော့ပါဘူး။

တချို့နှောင်ဖွဲ့မှုတွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။

စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံး အားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။

တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်းစွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကိုအာရုံပြုပြီး"သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့် အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ  အတုယူလို့ ရပါတယ်။

မိတ်ဆွေလေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီမိတ်ဆွေဆိုတာရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုး ရှိအောင်ပြောပြတတ်တဲ့ မိတ်ဆွေလို့ ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက

၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။

၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။

၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။

၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

 ကိုယ်ကဒီအင်္ဂါလေးချက်ကိုအာရုံပြုပြီး ကိုယ်ချစ်တဲ့မိတ်ဆွေတွေကို   တားသင့်တာကိုတားပြီး တိုက်တွန်း သင့်တာကို တိုက်တွန်းရမှာပါ။ တရား စကားတွေကို ပြောပြပေးရမှာဖြစ်သလို နတ်ပြည် မဂ်ဖိုလ် ရကြောင်းတွေကိုလည်း ညွှန်ကြားပြောပြပေးရမှာပါပဲ။

ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှအတ္ထက္ခာယီမိတ်ဆွေ ပီသမှာပါ။

ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာအကောင်းဆုံးပါပဲ။

မှီငြမ်းကိုးကား

သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်
ထေရအပဒါန်ဝတ္ထုတော်ကြီး၊ အရှင်ဓမ္မဿာမီဘိဝံ
ရဝေနွယ်(အင်းမ) စွန့်ခြင်းနှင့်နှောင်ဖွဲ့ခြင်းတရားတော်