ရှေးတရုတ်

ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (၆)
**********************


မွန်များ ဆင်းသက်လာပုံသမိုင်းနှင့် ပက်သက်ပြီး အဆိုပေါင်း များစွာရှိပါတယ် လိုရင်းပဲ ချုံ့ပြော ပါမယ်

၁။ တရုတ်တောင်ပိုင်း ယန်စီကျန်က ဆင်းတယ်
၂။ ပါလက်စတိုင်းက ဆင်းလာတယ်
၃။ အိန္ဒိယက လာတယ်
၎။မြောက်ဗီယက်နမ်က လာတယ်
၅။မဲနမ်မြစ်ဝှမ်းက လာတယ်

ဒါက အချုပ်ပါပဲ ဘယ်ဟာက မှန်တယ် မကွဲပြားပါ
တစ်ချက်စီ လိုက်ပြောနေရင် စာအရမ်းရှည်သွား မှာ မို့  အဓိကအချက်တွေကိုပဲ စစ်ထုတ်ပေးလိုက်ပါ တယ်
ထိုင်းမှာ မွန်နိုင်ငံ သုံးခု ရှိခဲ့တယ်
၁။ ဒွါယဝတီ AD-6 ရာစု ထိုင်း တောင်ပိုင်း
လော့ဗူရီမြို့
၂။  ဟိရိဘုဉ္ဇ ယခု လင်ဖုန် AD-၈ ရာစု ထိုင်းမြောက်ပိုင်း ဇင်းမယ်အနီး
၃။ နာဂရသြီဓရ်မရာဇာ တည်တဲ့ နိုင်ငံက တစ်ခု (သိပ်မထင်ရှားခဲ့)

AD-၁၁ ရာစုမှာ ကမ္ဘောဒီးယား ခမာတွေ ဝင်တိုက် လို့ အကုန်ပျက်ကုန်တယ်လို့ ဆိုတယ်

မြန်မာပြည်ထဲဝင်လာပုံကတော့ အထူးအဆန်းပါပဲ

မြန်မာပြည်ထဲကို မွန်တွေ အစောပိုင်း ကတည်းက ရောက်ခဲ့ပါတယ် ဆိုတာကို သမိုင်း အထောက် အထား ရှာမရပါ ဒွါယဝတီ လော့ဗူရီ ကိုတည် ထောင်တဲ့ မွန်တွေဟာ ကျောက်စာတွေ ထိုးခဲ့ပါ တယ် AD-6 ရာစုထဲမှာ မွန်တွေ စာတတ် နေတာ ထင်ရှားပါတယ် အဲဒီလို စာတတ်တဲ့ မွန်တွေက မြန်မာပြည်ထဲ အစောကြီး ဝင်လာတယ် ပြောတယ်
မြို့ပြတွေ ထူထောင်တယ် ဆိုပြီး ရာဇဝင်တွေ ရေး ကြပါတယ်

စာတတ်တယ် တိုင်းနိုင်ငံထူထောင်တယ် ကမ္ဘာသိ သုဝဏ္ဏဘူမိ ရဲ့ အရှင်သခင် တွေလို့ ဆိုတယ် ဒီ မွန် တွေ ကျောက်စာ တစ်ချပ်တပိုင်းလောက် မထိုးခဲ့ ဘူး ဆိုတာ သမိုင်းပညာသဘော သဘာဝယုတ္တိ သဘောအရ လက်ခံနိုင်စရာ မရှိပါဘူး အထင်ကရ မြို့ပြရဲ့ အရှင်သခင်တွေ ဆိုပြီး သုံးမရတဲ့ စာတွေပဲ
တွေ့နေရတာတော့ သိပ်မဟန်ပါဘူး 

လော့ဗူရီ ကျောက်စာထိုးတာ ပြည်တွင်း မွန် ကျောက်စာတွေထက် နှစ် ၅၀၀ လောက် ပိုစောပါ တယ် ပြည်တွင်းက မွန်ဘုရင်တွေက ဘာတွေ လုပ် နေလို့ ၁၁ ရာစုမှ ကျောက်စာမှာ ပေါ်လာရတာလဲ
ဆိုတာက မေးစရာ ဖြစ်လာပါတယ် 

အဖြေကတော့ ရာဇဝင်ကပြောတဲ့ စာတွေက မခိုင် မာခဲ့လို့ ဘာကျောက်စာ အထောက်အထားမှ မရှိ လို့ ဆိုရမယ့် အနေအထား ရောက်စေပါတယ်

ဒီအနေအထားက မွန်မြို့ပြ မရှိခဲ့ပါဘူး ဆိုတဲ့ မွန် သမိုင်း ပညာရှင် မိုက်ကယ်အောင်သွင် အဆိုကို
ပို ခိုင်မာစေခဲ့ပါတယ်

ဘီလူးကျွန်းရာဇဝင်နဲ့ ညှိ ပြောရရင် ဘီလူးခေါ် စမင် ခေါ် နီဂရစ်တို တွေနဲ့ မွန်တွေ တိုက်တယ် ဘီလူးကျွန်းက စမင်တွေရဲ့ နောက်ဆုံး ဌာနချုပ် ပေါ့ စမင်တွေက လူသားစားတယ် လို့ ဆိုတယ်
အချင်းချင်း ပြန်မစား ကြလေသလားဟု တွေး မိပါ သည် သူတို့သည်လည်း လူများပင် ဖြစ်လေတော့ တွေးမိတာပါ ဒါကို ဘာနဲ့ အထောက်အထား ပြု ထားသလဲ ဆိုရင် တော်လမီ မှတ်တမ်းမှာ မုတ္တမ ကွေ့မှာ လူသားစားများ တွေ့ခဲ့သည်လို့ ပါတာကို အထောက် အထား ပြပါတယ်

ပြည်တော်သာ ဦးထွန်းရီက ပါဒနိုင်ငံတော် သမိုင်း မှာ ကရဏ္ဏတိုင်းတွင် မွန်တွေထက် စောစီးစွာ ရောက်နေတဲ့ တိုင်းရင်း သားတွေဟာ တဖက်နဲ့ တဖက် တိုက်ခိုက်ဖမ်းဆီးပြီး အသားစား လူရိုင်း တွေသာ ရှိတယ် လို့ ပြတယ် ဦးထွန်းရီ ဘယ်လို သိသလဲ ဆိုတာတော့ အကုသိုလ် မသိပါ

ထိုင်းစာရေးဆရာ ထုကျောက်စိမ်ထမ်း ဆိုသူရေး တဲ့ ဒုံရာမည ဆိုတဲ့ မွန်ရာဇဝင်မှာတော့ မွန်တွေ ဝင် လာပြီးနောက် တေလဂူတွေ ဝင်လာလို့ မွန်တွေနဲ့ စစ်ဖြစ် ရကြောင်း တွေ ဖော်ပြထားတာ တွေ့ရ
တယ် ခုနှစ်တွေ ရာစုတွေ မတွေ့ပါ

ဘီလူးကျွန်းကနေ မွန်တွေ တိုက်ထုတ်ခဲ့ပါတယ် ဆိုတဲ့ စမင် လူသားစား တွေဟာ တောင်ဘက်ကို ဆုတ်ပြီး ယခုအခါ ဆီပန် လူမျိုးအဖြစ် ကျန်ရစ်ခဲ့ သည် လို့ သမိုင်းသုတေသီတွေက ယူဆကြပါတယ်
ဒီလူတွေ အခု လူသား မစားကြတော့ဘူးလား စား နေသေးလား ဆိုတာ သုတေသန လုပ်ပါဦးမယ်
တောင်ဘက်သာ ပြောတာ ဘယ်နား နေမှန်း မသိ
ပါဘူး အတော် ရှာရဦးမှာပါ

မွန်ရာဇဝင်ကြီး အဆိုအရ မွန်များ ပထမဆုံး တည် သော မြို့သည် သုဓမ္မဝတီ ဖြစ်ပါတယ် ဒီမြို့ပြက နှစ်ပေါင်း ၃၂၈ နှစ် ကြာတယ် မင်းဆက် ၂၄ ဆက် ရှိခဲ့တယ် လို့ ဆိုပါတယ် ဒီ တိုင်းပြည် ဘာကြောင့် ပျက်သလဲ မသိရပါ နောက်တော့ ရွာငယ်လေး ဖြစ်
အဲဒီမှာ လူတွေက ညောင်ပင်ကြီးအောက် ကျောက် ဂူ ဆောက်ပြီး နတ်ကွန်း အဖြစ် ပသတယ် တဲ့ ဘာကို ပသတယ် မသိပါ ဒီနေရာကို မွန်ဘာသာ နဲ့ ခေါ်ရာကနေ ဂဓုံ ဆို ဖြစ်လာတယ် တဲ့ ဖြတ်ပြော လိုက်တာပါ နောက် ဂဓုံ ကနေ ဂထုံ  ဆိုတာ ဖြစ် ဂထုံ ဆိုတာ အုပ်ဆိုင်း တာ ကို ခေါ် တယ် အဲဒါ ကနေ သထုံ ဖြစ်တယ် တဲ့  သုဓမ္မဝတီ ကနေ သုဓုံ သုထုံ သထုံ ဖြစ်တယ် ဆိုတာ ကြံ ဆမှုပါတဲ့ မသင့် လျော်ဘူး ဆိုတယ်

သထုံမှာ ဥမိုမင်း ငါးဆက် အုပ်စိုးတယ် လို့ ဆိုတယ် ရာမည အမည်ခံ တန်လိုင်း ၃ ရပ် ရာဇဝင်မှာတော့ သုဝဏ္ဏဘူမိမင်း ၅၇ ဆက်ပြီးမှ ဥမိုမင်း ၅ ဆက် တက်တယ် လို့ပြတယ် ဘယ်ဟာ အမှန်လည်း အကုသိုလ် မသိပါ

မာမက သုတေသီကတော့ ကရဏ္ဏတိုင်း ဆိုတာ သထုံနယ် အပါအဝင် ဖြစ်တယ်လို့ ယူဆ နိုင်ပါ တယ်တဲ့ ဒီတော့ အကုသိုလ် ကရဏ္ဏကတိုင်း ဆိုတာကို စိတ်ဝင်စား လာပါတော့တယ် လာထား
အတိုင်းတိုင်းဌာနေ စာအုပ်ကို လှန်တယ် မတွေ့ပါ
တိုင်းကြီး ၁၆ တိုင်းမှာ ကြည့်တယ် မတွေ့ပါ ဒီတော့ မြန်မာရာဇဝင်ဘက် လှည့် အစောဆုံး ဖြစ် တဲ့ ရာဇဝင်ကျော် ကို လှန်တယ် မတွေ့ပါ ဒီ နေရာ က ဘယ်နေရာလဲ ဆိုတာ ပြဿနာ ဖြစ်လာတယ်
အခု မွန်တွေပြောတဲ့ တိုင်း ၃ တိုင်း နဲ့ တွန်ဆွန် ပါ ဆို ၄ မျိုး ကွဲပါပြီ

မွန်(၃) ရပ် ဟု မြန်မာနိုင်ငံ သမိုင်း ရှေးကျမ်း ဟောင်းများတွင် ဖော်ပြချက် မရှိသဖြင့် တန်လိုင်း သုံးရပ် အပိုင်းအခြား များနှင့် တိုက်ဆိုင် စီစစ် ကြည့်ပါသည် မွန်များသည် တန်လိုင်းများ ဖြစ်နေ လေသလား ဟူသော အတွေးဝင်လာသော ကြောင့် ဖြစ်ပါတယ် မွန်တွေကတော့ သူတို့ဟာ တန်လိုင်း မဟုတ်ပါ ဟု ဆိုကြပါတယ် နောက်တော့ နံကရိုင်း မယ်တော်ဆိုတဲ့ တန်လိုင်းနတ်ကိုကျ အသေအလဲ ပသ ကိုးကွယ်ကြပြန်တယ် ကိုယ်နဲ့မှ မဆိုင်တဲ့ တန်လိုင်း အောင်နိုင် ကျွဲထိန်းကို ပသတယ်  အောင်နိုင် မကြိုက်တဲ့ လိပ်ဥ လိပ်သား ကို ပေါ်ပေါ် ထင်ထင် အိမ်ပေါ်မှာ မပြောဆိုရဲ ဖြစ်ကြပါတယ်
မွန်နဲ့ ဘာမှ မဆိုင်တဲ့ တန်လိုင်းနတ်တွေကို အိမ် ပေါ်က ကန်ချလိုက်ရင် ပြီးနေတာကို ဘာလို့ ကြောက်သလဲ အကုသိုလ် မသိပါ ပဲခူးက နံကရိုင်း ကျွဲမ အစွမ်း ထက်ချက်ကတော့ တန်လိုင်းပင် မက မွန်တွေပါ တုပ်တုပ် မလှုပ်ရဲ ချေ

အကုသိုလ် အနေဖြင့် ဒီပဝံသကိုပင် သီဟိုဠ် သို့ ပြန်ပို့ထားပြီး ဖြစ်လေရာ ၁၅ ရာစုထိုး မရေမရာ ကလျာနီလာ အချက်အလက်များကို အရေးတယူ မပြောတော့ပါ

မနူဟာ အကြောင်းကို ရာဇဝင်မှာဆိုတာနဲ့ စပ်ပြီး မနူဟာမင်း စစ်ရှုံး ခဲ့တယ် ဆိုရင် မနူဟာရဲ့ သား တော် သုဓမ္မရာဇ် နဲ့ မြေးတော် အသဝတ်ဓမ္မရာဇ် တို့ဟာ ပုဂံနန်းတွင်း မှာ အရေးပါတဲ့ နေရာတွေမှာ ခန့်အပ်ထား ခံရ နိုင်ပါ့မလား

ရာဇဝင်မှာတော့ သားရော မြေးရောကို အရေးပါတဲ့ ရာထူးတွေ ပေးထားတယ် ဆိုတာ မနူဟာ ကျောက် စာမှာ ကြည့်ရင် သိနိုင်ပါတယ်  ဒီအချက်က အရေး ပါတဲ့ သမိုင်း အထောက်အထားပါ

နောက်တစ်ချက် တွင်းသင်မင်းကြီး ဦးထွန်းညိုက လည်း မနူဟာကို အနော်ရထာက ဘုရားကျွန် လုပ် ခိုင်းတာ မှန်ရင် နရပတိစည်သူက နာဂသမန်းနဲ့ ရွှေ အိမ်စည်ကို မပေးစား တန်ရာ လို့ ရေးခဲ့တယ်
ဘယ်မင်းက ကျွန်မျိုးနဲ့ ပေးစားမှာတဲ့လဲ သေသေ ချာချာ တွေးတော ဆင်ခြင်သင့်ပါတယ်

နောက် ဘုရင့်ညီဂူ ရတနာလိုဏ်ဂူသမိုင်းမှာ တိုင်း ပြည် မငြိမ်မသက်ဖြစ်၍ မနူဟာမင်းတို့ ဤဂူ၌ ပုန်း အောင်း နေထိုင်စဉ်တွင်လို့ ပြထားပါတယ် ဒီနေရာ မှာ ပုဂံက သထုံကို တိုက်တယ်လဲ မပါ သူ့ဟာသူ လာပုန်းနေတာ ထင်ရှားပါတယ်

သမိုင်း အထောက်အထားတွေ စုပုံကြည့်သမျှ စစ် မဖြစ်ခဲ့ရတာ ပေါ်လွင်လွန်းနေပါတယ်  နောက် ထပ် တချက် အနေနဲ့ ချိန်ဆပြရသော် အနော်ရထာ သထုံကို တိုက်ရိုးမှန်သော် သားတော် ကျန်စစ်မင်း လက်ထက်တွင် နှစ်ပြည့်တပြည် ရွှေလမ်း ငွေလမ်း ပေါက်တယ် မွန်တွေက ကျန်စစ်သား ဆို သည်း သည်းလှုပ် ချစ်ခင်ကြတယ် ဆိုတာ အတော်ကို ရီစရာ ကောင်းလွန်းလှပါတယ် အနော် ရထာနဲ့ ကျန်စစ်သား နန်းတက်တာ နှစ်ပေါင်း ဘယ် လောက် ကွာသလဲဆိုတာ တွက်ကြည့်ရုံနဲ့
သိသာပါတယ်

ရာမညအမည်ခံ တန်လိုင်းသုံးရပ် ရာဇဝင်ထဲက အဆိုက ပိုစိတ်ဝင်စားစရာ ကောင်းစေပါတယ်
မနူဟာမင်းရဲ့ မိဖုရားခေါင်ကြီး နင်္ဂလဒေဝီ သည် ပုဂံ အနော်ရထာမင်း၏ သမီးတော် ဖြစ်သည် တဲ့
ရှင်းပါလေရောလား ယောက္ခမနဲ့ သားမက် တကယ် လို့ပဲ ပိဋကတ်လိုလို့ တောင်း ရင် စစ်ဖြစ်ရမယ် တဲ့ လား တန်လိုင်း သုံးရပ် ရာဇဝင် ကို ပြန်ဖတ် ကြစေ ချင်ပါတယ် ကျော်ဖတ်သွားကြလေ သလား လို့ပါ

အပိုင်း(၇) ဆက်ရန်










0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်