ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ (၅)
ရပ်ထားမယ် ပြောကာမှ ရပ်လို့ မဖြစ်သေးတာလေး တွေ့လာလို့ တွန်ဆွန်ကိုပဲ ထပ်ပြောရပါဦးမယ်
၁၉၆၃ ခုနှစ်တွင် ပညာရှင်ရှောတိုးက တရုတ်မှတ် တမ်းများတွင် ဖော်ပြထားတဲ့ တွန်ဆွန် ဆိုတဲ့ အ
မည် ကို ပြန် ဖော်ပြလာတယ် တွန်ဆွန် ဆိုတာ ရှေး မွန်ဘာသာစကား ဖြစ်ပြီး အဓိပ္ပါယ်က မြို့ငါးမြို့ လို့ ဆိုတယ်၊
လျန်မင်းဆက်သမိုင်း ( အေဒီ ၅၀၂ - ၅၅၇ ) တွင် တွန်ဆွန်မှာ မင်းငါးမင်း ရှိကြောင်း ဖော်ပြထား ပါ တယ်။ ဖူနန်ရဲ့လက်အောက်ခံ နယ်မြေ တစ်ခု ဖြစ် ကြောင်း၊ အရှေ့နဲ့အနောက် ကုန်စည်ကူးသန်း ရာဖြစ် ကြောင်း၊ ထူးခြားသော ကုန်ပစ္စည်းများ ရှိ ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တွန်ယွှန်ဟာ ဖူနန်မှ လီ ၃၀၀၀ အကွာမှာ ရှိတယ်၊ အကျယ်အ၀န်း လီ ၁၀၀၀ရှိတယ်၊ပင်လယ် က ၁၀လီ ဝေးတယ်၊( ၃.၃ လီ - ၁မိုင် ) တွန်ဆွန် မှာ အဓိက နေထိုင်တဲ့ လူမျိုးတွေ အပြင် အိန္ဒိယမှ ဟူ အိမ်ထောင်စု ၅၀၀၊ ဖိုတူ အိမ်ထောင်စု ၂ စု နဲ့ ဗြဟ္မဏ အိမ်ထောင်စု တစ်ထောင်ကျော် ရှိတယ်၊ တစ်နေ့မှာ လူပေါင်း တစ်သောင်းခန့် ဥဒဟို သွား လာ ကုန်သွယ်နေကြတယ်၊ တွန်ဆွန်မှာ မရနိုင်တဲ့ ပစ္စည်း ဆိုတာ မရှိ လို့ ဆိုပါတယ်။
တွန်ဆွန်ဆိုတဲ့ အမည်ကို ပထမဆုံး ဖော်ပြထားတဲ့ မှတ်တမ်းက ဖူနန် မှတ်တမ်း ဖြစ်ပါတယ်၊ ခရစ် (၂၀၅-၂၂၅) AD-3 ရာစု အစောပိုင်း ကာလမှာ
အုပ်စိုးတဲ့ ဖန်မန်က တိုက်ခိုက် သိမ်းပိုက်တာ ပြော ခဲ့ပြီးပါပြီ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ နိုင်ငံ ဆယ်ခု ကျော်မှာ ကျူခွန်၊ ကျူယာ (ခ) ကျူလိ နဲ့ တွန်ဆွန် ဆိုပြီး ဖော်ပြထားတယ်။
တွန်ဆွန်ဟာ ဖူနန်က မသိမ်းပိုက်မီက လွတ်လပ် တဲ့ နိုင်ငံ ဖြစ်ပါတယ်၊ မင်းငါးမင်း ရှိတဲ့အတွက် မြို့ပြ နိုင်ငံ ( ၅) ခု စုပေါင်းထားတဲ့ ဒေသ ဖြစ်တယ်လို့ ယူဆ လို့ ရပါတယ်။
မြန်မာ(ထားဝယ်)-ထိုင်းနယ်စပ်က မိုင်၃၀ လောက် ဝေးတဲ့ နေရာနားမှာ AD-6 ရာစု ( လွန်ခဲ့တဲ့ နှစ် ပေါင်း ၁၄၀၀) က ဒွါရ၀တီဆိုတဲ့ မြို့ပြနိုင်ငံဖြစ်လာ တဲ့ ဒေသဟာ တွန်ဆွန် ကောင်းစားစဉ်အခါက တွန်ဆွန်ရဲ့လက်အောက်ခံ ဖြစ်တယ်။
ဆရာကြီးဦးရည်စိန်က တွန်ဆွန်ဟာ တကွာပါ လို့ သတ်မှတ် ပါတယ်၊တကွာပါ ဆိုတာ အခု မလေး ရှား နိုင်ငံက တကွာပါ ဆိပ်ကမ်းကို ပြော တယ် ဒီအကြောင်းကို မြန်မာပြည် နယ်နိမိတ် သတ်မှတ် ဖော်ပြထားတဲ့ ပုဂံခေတ်ထိုး ကျောက်စာ တစ်ခုဖြစ် တဲ့ ဖွားစောရွာက ဓမ္မရာဇိက ကျောက်စာ မှာ တောင်ကား ထဝယ်……… တကွာပါ… ဆိုပြီး ပုဂံခေတ် မြန်မာပြည် အပိုင်ကို ဖော်ပြထားတယ်
မလေးနယ်စပ် ဆိပ်ကမ်းမြို့အထိလို့ ပြထားတယ်
ဒီနေရာမှာ စဉ်းစားစရာက ဖှူးကန်းတူးလူ - ပုဂါမဒွါရ -ပျူဒေသ ၀င်ပေါက် ကိုလည်း တကွာပါ လို့ ဦးရည်စိန်က သတ်မှတ်ခဲ့တာကိုပါ
ဖှူးကန်တူးလူကို လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ AD -2 ရာစု က မှတ်တမ်းမှာ တွေ့ရပါတယ်၊ တွန်ဆွန် ကိုလည်း ပညာရှင်တွေက ခရစ်နှစ်ဦး ပိုင်း ဖြစ်တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကတည်းက တည် ထောင်ပြီး ဖြစ်ကြောင်း ဆိုကြပါတယ်၊
ဆရာကြီးဦးလူဖေ၀င်းရဲ့ အဆိုက စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ ဆရာကြီးက တွန်ဆွန် ဆိုတာ တနင်္သာရီမြို့လို့ ယူဆ လိုတာ တွေ့ရ ပါတယ်၊ ဆရာကြီးလိုဘဲ The Ancient Khmer Empire ) စာအုပ်ကို ရေးသားတဲ့ Lawrence Palmer Birggs ကလည်း တွန်ဆွန် ဆိုတာ တနင်္သာရီ လို့ ညွှန်းပါတယ်။ ဒါက အချက်အချာ ဒေသကို ညွှန်းတာပါ။ အချို့က မုတ္တမကွေ့ကို ညွှန်း ပါတယ်
ဒါက မင်းငါးမင်း ဒါမှမဟုတ် မြို့ငါးမြို့ ဒေသကို ဖော်ထုတ်ဖို့လိုတယ်၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်း တနင်္သာရီ မြို့ဟောင်း၊ အောင်သာဝရ၊ ကြက္ကလင်း၊ ထောင့်ကွယ်၊ မော် တုန်း၊ ဘန်ရှောင် ဆိုတဲ့ မြို့တွေ ဖြစ်နေမလား ဆိုတာက စဉ်းစားစရာ တစ်ခု ဖြစ်လာပါတယ် တပြိုင်တည်း မင်းငါးမင်း (သို့) မြို့ငါးမြို့ ခေတ်ပြိုင် တချိန်တည်း ဖြစ်တဲ့ ထားဝယ် မြို့ပြတိုင်းနိုင်ငံ တွေ ဆိုတာ အထက်က ပြောခဲ့သလိုပါပဲ မရှိခဲ့လေတော့ အတော်တွေး ရ ကျပ်ပါတယ်
ဒီတော့ အကျယ်ကိုပဲ လေ့လာပြီး ပြောရတော့မယ့် အနေအထားမို့ ဆက်ပြောပါမယ်
လီယန်ရှု မှတ်တမ်းမှာ တွန်ဆွန်ရဲ့ ဘုရင်ဟာ Kun Lun ဖြစ်တယ် လို့ ဆိုတယ် သတိထားစရာ တစ်ခု က တွန်ဆွန်ဟာ ပင်နီဆူလာလမ်းမကြီးရဲ့ တောင် ဘက် အစွန်းဆုံးဖြစ်ပြီး အခြားလမ်းများထက် ခရီး တာ အတိုဆုံး ဖြစ်တယ် လို့ဖော်ပြထားတဲ့ အချက် ပါ ဒါက တနင်္သာရီ ဆိပ်ကမ်းမြို့လို့ ပြောနေသလို ဖြစ်နေပါတယ် တွန်ဆွန်ရဲ့ပင်လယ်ကမ်းရိုးတန်း ဟာ ပင်လယ်ထဲကို လီ တစ်ထောင် ကျော် မိုင် ၇၀၀ ကျော် ထိုးထွက်နေတယ် လို့ ဆိုတယ် တွန်ဆွန်ရဲ့ အောက်ဘက် ပင်လယ်ထဲက ကျွန်း တစ်ကျွန်းမှာ Pi Chien နိုင်ငံ ရှိတယ် Pi Chien ဟာ ယူနန်ကနေ လီ ၈၀၀၀ ကွာတယ် လို့ ဆိုတယ်
တွန်ဆွန်မှာ ဟိုရှဲန်လို့ ခေါ်တဲ့ ဝိုင်လုပ်လို့ရတဲ့ အပင် တမျိုး ပေါက်တယ် ဒီအပင်ရဲ့ မူလ ဒေသ ဖြစ်တယ်
နောက် အဝတ်အစားတွေကိုတာရှည်ခံစေတယ် အထည် ရက်လုပ်လို့ရတယ် ဒီအပင်ကို မြေကြီးထဲ ပြန်ထိုးထည့်ထားရင် အပင် ပြန်ပေါက်တယ် ဒီတိုင်း ပြည်မှာ မွှေးပျံ့တဲ့ ပန်းဆယ်မျိုး ခန့်က တနှစ်ပတ် လုံး ပွင့်နေပြီး ဒီပန်းတွေကို လှည်းနဲ့ ရောင်းချကြ တယ် ဒီပန်းတွေက ခြောက်သွားလည်း ရနံ့မပြယ် အမှုန်ကြိတ်ပြီး ကိုယ်လိမ်းပေါင်ဒါလို သုံးကြတယ် တဲ့ အကုသိုလ်လဲ အဲဒီမှာတင် ချာလပတ်လည် ကုန်ရတာပါပဲ ဒီလို လုပ်တာမျိုး တနင်္သာရီတိုင်း ထဲ ရှိမှ မရှိတာကိုး
တွန်ဆွန်ကလူများသည် ဗြဟ္မဏ အယူဝါ ကို လိုက် နာကြပြီး ဗြဟ္မဏတွေနဲ့ မိမိတို့သားသမီးများကို လပ်ထပ်ပေးကြတယ် ဒါကြောင့် ဗြဟ္မဏတွေက တွန်ဆွန် ကနေ ထွက်မသွားဘဲ အမြဲ နေကြတယ်
လို့ ဆိုပါတယ်
တွန်ဆွန်ကလူများဟာ ဖျားနာသေဆုံးတဲ့ အခါ မိမိတို့ အလောင်းတွေကို လင်းတစာ ကျွေးပါမည် ဟု ကတိပြုရသည်
လူတစ်ယောက်သေတဲ့အခါ အတီး အမှုတ် အကအခုန်များနဲ့ အသုဘပို့ရသည် အလောင်းကို မြို့ပြင်တွင် ပစ်ထားရသည် လင်းတ များက စားကြသည် အရိုးချည်း ကျန်သောအခါ မီးရှို့ပြီး ပင်လယ်ထဲသို့ မျောလိုက်သည်
ဒီ အသုဘ ကိစ္စ ဒီမှာနားပြီး ပြောရရင် တနင်္သာရီ တိုင်းတွင် ထိုအလေ့အထမရှိခဲ့ပါ ဆရာနိုင်ခင်မောင်
လေး ၏ အဆိုအရ မွန်ပိုင် ဒေသ လို့ ဆိုလေတော့
ဒီဓလေ့ကို မွန်လူမျိုးများ ကျင့်သုံးခဲ့တာလား လို့ မေးစရာ ရှိပါတယ် ထားဝယ်တွေမှာ မရှိခဲ့ပါဘူး အရိုးအိုး မြှုပ်တဲ့ ဓလေ့နဲ့ ပျူသချိုင်း ဓလေ့တွေသာ ကလိန်အောင် တကျောကနေစ တောင်ဘက်ဖျား ထိ တွေ့ရပါတယ်
ဒီတော့ တွန်ဆွန်ဟာ တနင်္သာရီ ဖြစ်နေမလား ဆိုတဲ့ အချက်က ပျက်ပျယ်ရစေပါတယ် မွန်တွေ သေတဲ့အခါ လင်းတစာကျွေးတဲ့ အလုပ် လုပ်တယ် လို့လဲ ဆရာနိုင်ခင်မောင်လေး ရေးသားချက်အရ သိရပါတယ်
တွန်ဆွန် က ဓလေ့တွေက တိဗက်က ဓလေ့နဲ့ သွား တူနေတာကို တွေ့ရပါတယ် ထားဝယ် မဟုတ် သည်ကား အတိအကျပင် ဖြစ်သည်
နောက် တချက် ဆရာနိုင်ခင်မောင်လေး စာမှာ တရုတ် အိန္ဒိယ ပါးရှင်း ဂရိ အာရပ် မှတ်တမ်း များအရ သိ ရသည် ဆိုသည့် အချက် ပါပါသည် ထိုမှတ်တမ်း များသည် မည်သည့် မှတ်တမ်းများ ဖြစ်ပါသနည်း ဟု မေးစရာရှိပါသည်
မသိသမျှ ဂရိ ပါးရှင်း အာရပ် ဟုလုပ် ထည့်သည် ကိုတော့ သမိုင်းပညာက လက်မခံပါ မှတ်တမ်း အမည် တစ်ခု ရှိရမည် ဖြစ်ပါသည်
အာရပ်နဲ့ ပါးရှင်း မှတ်တမ်းများအရ AD-7 ရာစု တွင် ဒွါယဝတီသည် မွန်အပိုင် ဖြစ်လာပြီး AD -9-10 မှာ ရာမည မွန်တို့ လက်အောက်ခံ ဖြစ် လာပါတယ် လို့ ရေးပြီး တွန်ဆွန် အခန်းကို နိဂုံး ချုပ် ထားပါတယ်
အာရပ် နှင့် ပါးရှင်း မှတ်တမ်း ဆိုသည်များကို သိလို ပါသည် မည်သည့် မှတ်တမ်းမှန်း မသိရဘဲ ရောချ ထားတာမျိုး မဖြစ်သင့်ပေ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်