အမေရဲ့အဝေး

အမေ
သားကို သူတို့ ကအမေ့လို မကြင်နာကြဘူး
အမေ
သားကိုသူတို့ က အမေ့လို မစာနာကြဘူး
အမေ
သားကို သူတို့  က အမေ့လို မညှာတာကြဘူး
အမေ
သားကို သူတို့ က အမေ့လို ခွင့်မလွှတ်ကြဘူး အမေ
အမေ
သားလေ အမေ့ကို ကိုယ်ပိုင်အိမ်လေးနဲ့ 
အမေစိတ်ချမ်းသာစွာ နေနိုင်ဖို့  သားစွန့် စားခဲ့တာလေ
ဒါပေမယ့်
အမေက
ငါ့သားကို အိမ်တဆောင်မီးတပြောင်
မပေးနိုင်လို့  အမေ စိတ်ဆင်းရဲနေရတယ်ဆိုတာ
သားမသိခဲ့ဘူး အမေ
အမေ
ပျိုမြစ်ခြင်း တွေ ရင်း
ဆန္ဒတွေကိုရင်း
အာသီသတွေရင်း
အိမ်မက်တွေကိုခင်း
သားတို့  အနာ ဂါတ်ကို
အမေ….. တပ်ခဲ့တယ်
(အတောင်ပံတွေပေါ့)
ဒါပေမယ့် အမေရယ်
သားကတော့ အခု
အမေ့ လက်ရာကို လွမ်းနေတယ်……….

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်