အကျွနု်ပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည် –
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတၳိပြည် အနာထပိဏ် (သူဌေး)၏ အရံ (ဇေတဝန် ကျောင်းတော်) ၌ (သီတင်းသုံး) နေတော်မူ၏။
ထိုစဉ်အခါ၌ ပေါဋ္ဌပါဒပရိဗိုဇ်သည် သုံးရာမျှသော များစွာသော ပရိဗိုဇ်ပရိသတ်နှင့်အတူ တည်ပင်စည်းတန်းရှိသော ‘ဧကသာလက’ မည်သော အယူဟောပြောပွဲဲ ကျင်းပရာ မလ္လိကာ၏ အရံ၌ နေ၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ် သင်္ကန်း ကို ယူလျက်သာဝတၳိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏။ ”သာဝတၳိပြည်၌ ဆွမ်းခံလှည့်ရန် စောလွန်းသေး၏၊ ငါသည် တည်ပင်စည်းတန်းရှိသော ‘ဧကသာလက’ မည်သော မလိ္လကာ၏ အရံ ပေါဋ္ဌပါဒပရိဗိုဇ်ထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ” ဟု အကြံဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည် တည်ပင်စည်းတန်းရှိသော ‘ဧကသာလက’ မည်သော အယူ ဟော ပြောပွဲဲကျင်းပရာ မလ္လိကာ၏ အရံသို့ ချဉ်းကပ်တော်မူ၏။
ထိုစဉ်အခါ၌ ပေါဋ္ဌပါဒပရိဗိုဇ်သည် များပြားသော ဖီလာစကားကို ပြင်းပြ ကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ ပြောဆိုနေကြသော များစွာသော ပရိဗိုဇ် ပရိသတ်နှင့်အတူ ထိုင်နေလျက် ရှိ၏။ဤ ဖီလာစကားတို့ကား အဘယ်နည်း –
မင်းနှင့်စပ်သောစကား
ခိုးသူနှင့်စပ်သောစကား
အမတ်ကြီးနှင့်စပ်သောစကား
စစ်သည်နှင့် စပ်သောစကား
ကြောက်ဖွယ်နှင့်စပ်သောစကား
စစ်ထိုးခြင်းနှင့် စပ်သောစကား
စားဖွယ်နှင့် စပ်သောစကား
သောက်ဖွယ်နှင့်စပ်သောစကား
အဝတ်နှင့်စပ်သောစကား
အိပ်ရာနှင့် စပ်သောစကား
ပန်းနှင့်စပ်သောစကား
နံ့သာနှင့်စပ်သောစကား
ဆွေမျိုးနှင့်စပ်သောစကား
ယာဉ်နှင့်စပ်သောစကား
ရွာနှင့်စပ်သောစကား
နိဂုံးနှင့်စပ်သောစကား
မြို့နှင့်စပ်သောစကား
နယ်နှင့်စပ်သောစကား
မိန်းမနှင့်စပ်သောစကား
ယောကျ်ားနှင့်စပ်သောစကား
သူရဲကောင်းနှင့် စပ်သောစကား လမ်းနှင့်စပ်သောစကား
ရေခပ်ဆိပ်နှင့်စပ်သောစကား
သေလွန်သူနှင့် စပ်သောစကား
အထွေထွေနှင့်စပ်သောစကား
လောက (အကြောင်း) နှင့်စပ်သောစကား
သမုဒ္ဒရာအကြောင်းနှင့်စပ်သောစကား
ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကား တို့တည်း။
ပေါဋ္ဌပါဒပရိဗိုဇ်သည် ကြွလာသော မြတ်စွာဘုရားကို အဝေးမှပင် မြင်လတ်သော် ”အသျှင်တို ့တိတ်ဆိတ်စွာ နေကြပါကုန်လော့၊ အသျှင်တို့ အသံမပြုပါကုန်လင့်၊ ဤရဟန်း ဂေါတမသည် ကြွလာနေ၏၊ ထိုအသျှင် (ဂေါတမ) သည် တိတ်ဆိတ်ခြင်းကို အလိုရှိ၏၊ တိတ်ဆိတ်ခြင်း၏ဂုဏ်ကို ဆိုလေ့ရှိ၏၊ ပရိသတ်အသံ တိတ်ဆိတ်နေသည် ကိုသိလျှင် ချဉ်းကပ်သင့်သည် ဟု အောက်မေ့တန်ရာ၏” ဟူ၍ မိမိပရိသတ်ကို သေဝပ် စွာနေရန် ပြောဆို၏၊ ဤသို့ဆိုသော် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ပေါဋ္ဌပါဒပရိဗိုဇ်ထံသို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါ ပေါဋ္ဌပါဒ ပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။ ”မြတ်စွာဘုရား ကြွလာတော် မူပါ မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွ လာခြင်းဖြစ် ပါသည် မြတ် စွာ ဘုရားသည် ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ကြာမြင့်မှ ပေးတော်မူဘိ ၏၊ မြတ်စွာဘုရားသည် ထိုင်တော်မူပါ၊ ဤနေရာကိုပြင်ထားပါသည် အသျှင်ဘုရား” ဟု လျှောက်၏။
မြတ်စွာဘုရားသည် ပြင်ထားသော နေရာ၌ ထိုင်တော်မူ၏၊ ပေါဋ္ဌပါဒပရိဗိုဇ်သည်လည်း နိမ့်သောထိုင်စရာ တစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပေါဋ္ဌပါဒပရိဗိုဇ် အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ –
”ပေါဋ္ဌပါဒ ယခုအခါ အဘယ်စကားဖြင့် စုဝေးနေထိုင်ကုန်သနည်း၊ သင်တို့၏ မပြီးသေးသော အကြားစကားသည်ကား အဘယ်နည်း” ဟု မိန့်တော်မူ၏။
၁။ ငါမလာမီအကြား၌ ဖြစ်သောစကား (အဋ္ဌကထာ)
သညာ၏ ချုပ်ခြင်းကို ပြဆိုရာ
ဤသို့ မိန့်တော်မူသော် ပေါဋ္ဌပါဒပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏ –
”အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ စုဝေးနေထိုင်လျက် ပြောဆိုနေကြသော စကားကို ထားပါဦး၊ အသျှင်ဘုရား ဤစကားသည် မြတ်စွာဘုရားအား နောင်အခါ၌လည်း ကြား နာ ရန် ခဲဲယဉ်းမည် မဟုတ်ပါ၊ အသျှင်ဘုရား ယခင့်ယခင်နေ့တို့၌ စကား အသစ် အဆန်း ထောက်လှမ်း နာကြားရာ ဇရပ်၌ အထူးထူးသော အယူ ရှိကုန်သော သမဏ
ဗြာဟ္မဏ တို့ စုဝေးနေထိုင်ကြရာတွင် ‘အချင်းတု့ိ သညာ၏ ချုပ်ခြင်းသည် အဘယ်သို့ ဖြစ် သနည်း’ ဟု သညာချုပ်ခြင်းနှင့် စပ်သော စကားသည် ဖြစ်ပေါ်ပါ၏။
ထိုသူတို့တွင် အချို့သူတို့သည် ဤသို့ ဆိုပါကုန်၏ –
‘အကြောင်း အထောက်အပံ့ မရှိကုန်ဘဲဲ သတ္တဝါ၏ သညာတို့သည် ဖြစ်လည်း ဖြစ်ကုန် ၏၊ ချုပ်လည်းချုပ်ကုန်၏၊ အကြင်အခါ ဖြစ်ကုန်၏၊ ထိုအခါ သညာ ရှိ၏၊ အကြင် အခါ ချုပ်ကုန်၏၊ ထိုအခါ သညာမရှိ’ ဟု ဆိုပါကုန်၏။
ဤအခြင်းအရာဖြင့် အချို့သူတို့သည် သညာချုပ်ခြင်းကို ပြပါကုန်၏။
ထိုသူ့ကို အခြားသူက ဤသို့ ဆိုပါ၏ –
‘ဤ (သညာချုပ်ခြင်း) သည် ဤသို့ ဖြစ်မည် မဟုတ်ပါ၊ အချင်း သညာသည် သတ္တဝါ၏ အတ္တတည်း၊ ထို (သညာ) သည် ကပ်လည်း ကပ်၏၊ ခွါလည်း ခွါ၏၊ အကြင်အခါ ကပ်၏၊ ထိုအခါ သညာ ရှိ၏၊ အကြင်အခါ ခွါ၏၊ ထိုအခါ သညာ မရှိ’ ဟု ဆိုပါ၏။
ဤအခြင်းအရာဖြင့် အချို့သူတို့သည် သညာချုပ်ခြင်းကို ပြပါကုန်၏။
ထိုသူ့ကို အခြားသူက ဤသို့ ဆိုပြန်ပါ၏ –
‘ဤ (သညာချုပ်ခြင်း) သည် ဤသို့ ဖြစ်မည် မဟုတ်ပါ၊ တန်ခိုးအာနုဘော်ကြီးကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် ဤသတ္တဝါ၏ သညာ ကို ငင်၍လည်း သွင်းကုန်၏၊ ငင်၍လည်း ထုတ်ကုန်၏၊ အကြင်အခါ ငင်၍ သွင်း ကုန်၏၊ ထိုအခါ သညာရှိ၏၊ အကြင်အခါ ငင်၍ ထုတ်ကုန်၏၊ ထိုအခါ သညာမရှိ’ဟု ဆိုပြန်ပါ၏။
ဤအခြင်းအရာဖြင့် အချို့သူတို့သည် သညာချုပ်ခြင်းကို ပြပါကုန်၏။
ထိုသူ့ကို အခြားသူက ဤသို့ ဆိုပြန်ပါ၏ –
‘အချင်း ဤ (သညာ ချုပ်ခြင်း) သည် ဤသို့ ဖြစ်မည် မဟုတ်ပါ၊ အချင်း တန်ခိုး အာနုဘော်ကြီး ကုန်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် ဤသတ္တဝါ၏ သညာ ကို ငင်၍လည်း သွင်း ကုန်၏၊ ငင်၍လည်းထုတ်ကုန်၏၊ အကြင်အခါ ငင်၍ သွင်းကုန်၏၊ ထိုအခါ သညာရှိ၏၊ အကြင် အခါ ငင်၍ ထုတ်ကုန်၏၊ ထိုအခါ သညာမရှိ’ဟု ဆိုပြန်ပါ၏။
ဤအခြင်းအရာဖြင့် အချို့သူတို့သည် သညာချုပ်ခြင်းကို ပြပါကုန်၏။
အသျှင်ဘုရား ထိုစကားတို့ကို ကြားရသော အကျွနု်ပ်အား မြတ်စွာဘုရားကိုသာ အာရုံပြု ၍ ‘သြော်ဘုန်းတော်ကြီးသော မြတ်စွာဘုရားရှိပါမူ ကောင်းလေစွ၊ သြော် ကောင်းသော
စကားကို ဆိုတတ်သောမြတ်စွာဘုရားရှိပါမူ ကောင်းလေစွ၊ မြတ်စွာဘုရားသည် ဤတရား တို့၌ ကောင်းစွာ ကျွမ်းကျင်တော်မူပါပေ၏’ ဟု အောက်မေ့တမ်းတခြင်း ဖြစ်ခဲ့ ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် သညာချုပ်ခြင်း၌ ကျွမ်းကျင်တော်မူပါ၏၊ သဘောကို သိတော်မူပါ၏၊ အသျှင်ဘုရား သညာချုပ်ခြင်းသည် အဘယ်သို့ ဖြစ်ပါ သနည်း” ဟု လျှောက်၏။
အကြောင်းရှိ၍ သညာဖြစ်ခြင်း ချုပ်ခြင်းကို ပြဆိုရာ
ပေါဋ္ဌပါဒ ထိုသူတို့တွင် အကြင်သမဏဗြာဟ္မဏတို့သည် ”အကြောင်း အထောက်အပံ့ မရှိကုန်ဘဲဲ သတ္တဝါ၏ သညာတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏”ဟု ဆိုကုန်၏၊ ထိုသူတို့၏ (စကားသည်) အစကပင် ချွတ်ယွင်းလျက် ရှိ၏၊ အဘယ်ကြောင့် ဆိုသော် –
ပေါဋ္ဌပါဒ အကြောင်း အထောက်အပံ့ ရှိကုန်၍သာလျှင် သတ္တဝါ၏ သညာတို့သည် ဖြစ် လည်း ဖြစ်ကုန်၏။ ချုပ်လည်း ချုပ်ကုန်၏၊ အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ် ၏၊ အချို့သညာသည်အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏။
အကျင့် ‘သိက္ခာ’ သည် အဘယ်နည်း ဟု မြတ်စွာဘုရားသည် (ကိုယ်တိုင်ပင်) မေးတော် မူ၏။
ပေါဋ္ဌပါဒ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန် စွာ သိတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ (စကားချပ်... သာမညဖလ သုတ်၌ ကဲဲ့သို့ နည်းတူ ချဲဲ့အပ်၏။ ချဲ့ယူနိုင်ပါ၏)
ပေါဋ္ဌပါဒ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။
မိမိ၌ ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်သော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော ရဟန်းသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။
ထို (ရဟန်း) သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း ဆိတ် ၍ သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏၊ ထို (ရဟန်း) အား (ဈာန်မရမီ) ရှေးအဖို့၌ ဖြစ်သော ကာမသညာသည် ချုပ်၏၊ ထိုအခါ ‘နီဝရဏ’ ကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့
သော စင်စစ်ရှိသော သညာသည် ဖြစ်၏၊ ထိုအခါ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်
သော နှစ်သိမ့်ခြင်း ‘ပီတိ’ ့ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့သော စင်စစ်ရှိသော သညာ ရှိသည်သာ ဖြစ်၏၊ ဤသို့လည်း အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ် ၏၊ အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏၊ ဤသည်ကား အကျင့် ‘သိက္ခာ’ တည်း ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ပေါဋ္ဌပါဒ တစ်ဖန် ထို့ပြင်လည်း ထိုရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိ သန္တာန် ၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ် ပွားစေ တတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) အား (ဒုတိယဈာန်မ ရမီ) ရှေးအဖို့၌ ဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့သော စင်စစ်ရှိသော သညာသည် ချုပ်၏၊ ထိုအခါ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့သော စင်စစ်ရှိသောသညာသည် ဖြစ်၏၊ ထိုအခါ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့
သော စင်စစ်ရှိသော သညာ ရှိသည်သာ ဖြစ်၏၊ ဤသို့လည်းအချို့ သညာ သည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ်၏၊ အချို့ သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ် ၏၊ ဤသည်လည်း အကျင့် ‘သိက္ခာ’တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ပေါဋ္ဌပါဒ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်း
ကြောင့်အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူ ရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်
ကြောင့် ထိုသူ့ကို ‘လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာ နေလေ့ရှိသူ’ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) အား (တတိယဈာန်မရမီ) ရှေးအဖို့၌ဖြစ်သော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့သော စင်စစ်ရှိသော သညာသည် ချုပ်၏၊
ထိုအခါ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့သောစင်စစ် ရှိသော သညာ သည် ဖြစ်၏၊ ထိုအခါ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ချမ်းသာခြင်း ‘သုခ’ ရှိသောသိမ်မွေ့သော စင်စစ်ရှိသော သညာ ရှိသည်သာ ဖြစ်၏၊ ဤသို့လည်း အချို့ သညာ သည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ်၏၊ အချို့ သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏၊ ဤသည်လည်း အကျင့် ‘သိက္ခာ’ တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ပေါဋ္ဌပါဒ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတၳဈာန်သို့ရောက် ၍ နေ၏၊ ထို (ရဟန်း) အား (စတုတၳဈာန်မရမီ) ရှေးအဖို့၌ ဖြစ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ချမ်းသာခြင်း ‘သုခ’ ရှိသော သိမ်မွေ့သော စင်စစ်ရှိသော သညာသည် ချုပ် ၏၊ ထိုအခါ ဆင်းရဲချမ်းသာမရှိသော သိမ်မွေ့သော စင်စစ်ရှိသော သညာသည် ဖြစ်၏၊ ထိုအခါ ဆင်းရဲချမ်းသာမရှိသော သိမ်မွေ့သောစင်စစ် ရှိသော သညာရှိသည် သာ ဖြစ် ၏၊ ဤသို့လည်း အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့်ဖြစ်၏၊ အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏၊ ဤသည်လည်း အကျင့် ‘သိက္ခာ’တည်း ဟ ု မြတ်စွာ ဘုရားသည် မိန့်တော်မူ၏။
ပေါဋ္ဌပါဒ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရူပသညာ၁တို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာ တို့လုံးဝ ချုပ်သည့်အပြင် နာနတ္တသညာ၃တို့ကို လုံးဝနှလုံးမသွင်းမူ၍ ”ကောင်းကင်သည် အဆုံးမရှိ” ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) အား (အာကာသာနဉ္စာ ယတနဈာန်မရမီ) ရှေးအဖို ့၌ ဖြစ်သော သညာသည် ချုပ်၏၊ ထိုအခါ့အာကာသာနဉ္စာယတန (ဈာန်) နှင့် ယှဉ်သော သိမ်မွေ့သော စင်စစ်ရှိသော သညာသည် ဖြစ်၏၊ ထိုအခါအာကာသာနဉ္စာယတန (ဈာန်) နှင့် ယှဉ်သော သိမ်မွေ့သော စင်စစ်ရှိသော သညာ ရှိသည်သာ ဖြစ်၏၊ ဤသို့ လည်း အချို့ သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ်၏၊ အချို့ သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏၊ ဤသည်လည်း အကျင့် ‘သိက္ခာ’တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ပေါဋ္ဌပါဒ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အာ ကာ သ ာ န ဉ္စ ာ ယ တ န (ဈာန်) ကို လုံးဝ လွန်မြောက်၍ ”ဝိညာဉ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတန ဈာန်သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) အား (ဝိညာဏဉ္စာယတနဈာန်မရမီ) ရှေးအဖို့ ၌ဖြစ်သော အာကာသာနဉ္စာယတန (ဈာန်) နှင့် ယှဉ်သော သိမ်မွေ့သော စင်စစ်ရှိသော သညာသည် ချုပ်၏၊ ထိုအခါ ဝိညာဏဉ္စာယတန (ဈာန်) နှင့် ယှဉ်သော သိမ်မွေ့သော စင်စစ် ရှိသော သညာသည် ဖြစ်၏၊ ထိုအခါ ဝိညာဏဉ္စာယတန (ဈာန်) နှင့် ယှဉ်သော သိမ်မွေ့သော စင်စစ်ရှိသော သညာရှိသည်သာ ဖြစ်၏၊ ဤသို့လည်း အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ်၏၊ အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏၊ ဤသည်လည်း အကျင့် ‘သိက္ခာ’တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ပေါဋ္ဌပါဒ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝ လွန်မြောက်၍ ”တစ်စုံ တစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) အား (အာကိဉ္စညာယတနဈာန်မရမီ) ရှေးအဖို့ ၌ ဖြစ်သော ဝိညာဏဉ္စာယတန (ဈာန်) နှင့်ယှဉ်သောသိမ်မွေ့သော စင်စစ်ရှိသော သညာသည် ချုပ်၏၊ ထိုအခါ အာကိဉ္စညာယတန (ဈာန်) နှင့်ယှဉ်သောသိမ်မွေ့သော စင်စစ်ရှိသော သညာသည် ဖြစ်၏၊ ထိုအခါ အာကိဉ္စညာယတန (ဈာန်) နှင့်ယှဉ်သော သိမ်မွေ့သော စင်စစ်ရှိသော သညာရှိသည်သာ ဖြစ်၏၊ ဤသို့လည်း အချို့သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ဖြစ်၏၊ အချို့ သညာသည် အကျင့် ‘သိက္ခာ’ ကြောင့် ချုပ်၏၊ ဤသည်လည်း အကျင့် ‘သိက္ခာ’တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏ –
ပေါဋ္ဌပါဒ ဤ (သာသနာတော်) ၌ ရဟန်းသည် ကိုယ်ပိုင် (ပဌမဈာန်) သညာရှိ၏၊ ထို (ရဟန်း) သည် ထို (ပဌမဈာန်သညာ) မှ ဤ (ဒုတိယဈာန်သညာ) သို့ ထို (ဒုတိယ ဈာန် သညာ) မှ ဤ (တတိယဈာန်သညာ) သို့ ဤသို့စသော အစဉ်ဖြင့် အမြတ်ဆုံး (အာကိဉ္စညာယတနဈာန်) သညာသို့ ရောက်၏၊ အမြတ်ဆုံး (အာကိဉ္စညာယတနဈာန်) သညာ၌ တည်သော ထို (ရဟန်း) အား ဤသို့ အကြံဖြစ်၏ –
”စေ့ဆော်နေသော် ငါ့အား မသင့်မြတ်၊ မစေ့ဆော်ဘဲနေသော်သာ ငါ့အား သင့်မြတ်၏၊ အကယ်၍ငါသည် စေ့ဆော်ငြားအံ၊ အားထုတ်ငြားအံ့၊ ငါ၏ ဤ (အာကိဉ္စညာယတန ဈာန်) သညာ တို့သည်လည်း ချုပ်ကုန်ရာ၏၊ ကြမ်းတမ်းထင်ရှားသော အခြားသညာတို့ သည်လည်း ဖြစ်ပေါ်ကုန်ရာ၏၊ ငါသည်မစေ့ဆော်ဘဲ နေရမူ၊ အားမထုတ်ဘဲ နေရ မူ ကောင်းလေစွ” ဟု အကြံဖြစ်၏။
ထို (ရဟန်း) သည် စေ့ဆော်ခြင်းကိုလည်း မပြု၊ အားထုတ်ခြင်းကိုလည်း မပြု၊ စေ့ဆော် အား ထုတ်ခြင်းမပြုသော ထိုရဟန်းအား ထို (အာကိဉ္စညာယတနဈာန်) သညာတို့သည် လည်း ချုပ်ကုန်၏၊ ကြမ်းတမ်းထင်ရှားသော အခြားသညာတို့သည်လည်း မဖြစ်ပေါ် ကုန်၊ ထို (ရဟန်း) သည် သညာ ဝေဒနာ ချုပ်ခြင်းသို့ရောက်၏၊ ပေါဋ္ဌပါဒ ဤသို့လျှင် သိလျက် အစဉ်အတိုင်း သညာချုပ်ရာသမာပတ်သည် ဖြစ် ပေ၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သင်သည် ဤမှ ရှေးအခါက ဤသို့ သဘော ရှိသောသိလျက် အစဉ်အတိုင်း သညာချုပ်ရာ သမာပတ်ကို ကြားဖူးပါ၏လော။
မကြားဖူးပါ အသျှင်ဘုရား။
အသျှင်ဘုရား မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အကျွန်ုပ်သည် ဤသို့ သိနားလည်ပါ၏ –
ပေါဋ္ဌပါဒ ဤ (သာသနာတော်) ၌ ရဟန်းသည် ကိုယ်ပိုင် (ပဌမဈာန်) သညာရှိ၏၊ ထို (ရဟန်း) သည်ထို (ပဌမဈာန်သညာ) မှ ဤ (ဒုတိယဈာန်သညာ) သို့ ထို (ဒုတိယဈာန် သညာ) မှ ဤ (တတိယဈာန်သညာ) သို့ ဤသို့ စသော အစဉ်ဖြင့် အမြတ်ဆုံး (အာကိဉ္စညာယတနဈာန်) သညာသို့ ရောက်၏၊ အမြတ်ဆုံး (အာကိဉ္စညာယတနဈာန်) သညာ၌ တည်သော ထိုရဟန်းအား ဤသို့ အကြံဖြစ်၏ –
‘စေ့ဆော်နေသော် ငါ့အား မသင့်မြတ်၊ မစေ့ဆော်ဘဲ နေသော်သာ ငါ့အား သင့်မြတ်၏၊ အကယ်၍ငါသည် စေ့ဆော်ငြားအံ၊ အားထုတ်ငြားအံ၊ ငါ၏ ဤ (အာကိဉ္စညာယတန ဈာန်) သညာတို့သည်လည်း ချုပ်ကုန်ရာ၏၊ ကြမ်းတမ်းထင်ရှားသော အခြားသညာတို့ သည် လည်း ဖြစ်ပေါ်ကုန် ရာ၏၊ ငါသည်မစေ့ဆော်ဘဲ နေရမူ၊ အားမထုတ်ဘဲ နေရ မူ ကောင်းလေစွ’ဟု အကြံဖြစ်၏။
ထို (ရဟန်း) သည် စေ့ဆော်ခြင်းကိုလည်း မပြု၊ အားထုတ်ခြင်းကိုလည်း မပြု၊ စေ့ဆော် အား ထုတ်ခြင်းမပြုသော ထို (ရဟန်း) အား ထို (အာကိဉ္စညာယတနဈာန်) သညာတို့ သည် လည်း ချုပ်ကုန်၏၊ ကြမ်းတမ်း ထင်ရှားသော အခြားသညာတို့သည်လည်း မဖြစ်ပေါ် ကုန်၊ ထို (ရဟန်း) သည် (သညာ ဝေဒနာ) ချုပ်ခြင်းသို့ ရောက်၏၊ ပေါဋ္ဌပါဒ ဤသို့လျှင် သိလျက် အစဉ်အတိုင်း သညာချုပ်ရာသမာပတ်သည် ဖြစ်၏” ဟု သိနား လည် ပါ၏။
ပေါဋ္ဌပါဒ ဤအတိုင်းပင် မှန်ပေ၏။
အသျှင်ဘုရား မြတ်စွာဘုရားသည် အမြတ်ဆုံးသညာ တစ်ပါးတည်းကိုသာ ပညတ်ပါ သလော၊ သို့မဟုတ် အမြတ်ဆုံး သညာ များစွာတို့ကိုလည်း ပညတ်ပါသလော။
ပေါဋ္ဌပါဒ ငါသည် အမြတ်ဆုံးသညာ တစ်ပါးတည်းကိုလည်း ပညတ်၏၊ အမြတ်ဆုံး သညာ များစွာတို့ကိုလည်း ပညတ်၏။
အသျှင်ဘုရား အဘယ်သို့လျှင် မြတ်စွာဘုရားသည် အမြတ်ဆုံးသညာ တစ်ပါးတည်းကို လည်းပညတ်ပါသနည်း၊ အမြတ်ဆုံးသညာ များစွာတို့ကိုလည်း ပညတ်ပါသနည်း။
ပေါဋ္ဌပါဒ အကြင် အကြင် အခြင်းအရာဖြင့် ချုပ်ခြင်းသို့ ရောက်၏၊ ထိုထို အခြင်း အရာဖြင့် ငါသည်အမြတ်ဆုံးသညာကို ပညတ်၏၊ ပေါဋ္ဌပါဒ ဤသို့လျှင် ငါသည် အမြတ် ဆုံး သညာ တစ်ပါးတည်းကိုလည်းပညတ်၏၊ အမြတ်ဆုံးသညာ များစွာတို့ကို လည်း ပညတ်၏။
၄၁၆။ အသျှင်ဘုရား သညာသည် ရှေးဦးဖြစ်၍ ဉာဏ်သည် နောက်မှ ဖြစ်ပါသလော့၊ သို့မဟုတ် ဉာဏ်သည် ရှေးဦးဖြစ်၍ သညာသည် နောက်မှ ဖြစ်ပါသလော့၊ သို့မဟုတ် သညာနှင့် ပညာတို့သည်မရှေးမနှောင်း (တစ်ပြိုင်တည်း) ဖြစ်ပါကုန်သလော။
ပေါဋ္ဌပါဒ သညာသည် ရှေးဦး ဖြစ်ပေါ်၏၊ ဉာဏ်သည် နောက်မှ ဖြစ်၏၊ သညာဖြစ်ပေါ်ခြင်းကြောင့်သာလျှင် ဉာဏ်ဖြစ်ပေါ်ရ၏၊ ထို (ရဟန်း) သည် ”ဤ (သညာဖြစ်ပေါ်ခြင်းဟူသော) အကြောင်းကြောင့် ငါ့အား ဉာဏ်ဖြစ်ပေါ်၏”ဟု ဤသို့ သိ၏၊ ပေါဋ္ဌပါဒ ”သညာသည် ရှေးဦး ဖြစ်၏၊ ဉာဏ်သည်နောက်မှ ဖြစ်၏၊ သညာဖြစ်ပေါ်ခြင်းကြောင့်သာလျှင် ဉာဏ်ဖြစ်ပေါ်ရ၏” ဟူသော ဤအချက်ကို ဤ (ဆိုခဲ့သော) အကြောင်းဖြင့် သိအပ်၏။
၁။ ရူပသညာ = ရူပဈာန်၌ ဖြစ်သော သညာ။
၂။ ပဋိဃသညာ = စက္ခုစသော ဝတၳုရုပ်ငါးပါး၌ ရူပါရုံစသော အာရုံငါးပါးတို့ ထိခိုက် သော အခါ ဖြစ်ပေါ်သော ပဉ္စဝိညာဉ်သညာ။
၃။ နာနတ္တသညာ = ပဋိဃသညာမှ တစ်ပါးသော အမျိုးမျိုးသော ကာမာဝစရသညာ။
၄။ ဈာန်ဝင်စားရန် ကြံစည်နေခြင်းကို ဆိုလိုသည်။
၅။ အထက်ဈာန်အလို့ငှါ အားထုတ်ခြင်းကို ဆိုလိုသည်။
သညာသည် အတ္တ ဟုတ် မဟုတ် ပြဆိုရာ
အသျှင်ဘုရား သညာသည် သတ္တဝါ၏ အတ္တလော့၊ သို့မဟုတ် သညာတခြား အတ္တ တခြား လော။
ပေါဋ္ဌပါဒ သင်သည် အဘယ်သို့သော အတ္တကို ယုံကြည်သနည်း။
အသျှင်ဘုရား အကျွနု်ပ်သည် မဟာဘုတ်လေးပါးအစုအဝေးဖြစ်သော အစာအာဟာရ စားသောက် သော ရုပ်ရှိသော ကြမ်းတမ်းထင်ရှားသော အတ္တကို ယုံကြည်ပါ၏။
ပေါဋ္ဌပါဒ သင်၏ (အယူ၌) အတ္တသည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်သော အစာ အာဟာရ စားသောက်သော ရုပ်ရှိသော ကြမ်းတမ်းထင်ရှားသော အရာဖြစ်ငြား အံ၊ ပေါဋ္ဌပါဒ ဤသို့ ဖြစ်လျှင်သင်၏ (အယူ၌) သညာတခြား အတ္တတခြား ဖြစ်ရာ ၏၊ ပေါဋ္ဌပါဒ သညာတခြား အတ္တ တခြားဖြစ်သော ထိုအချက် ကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိအပ်၏။
ပေါဋ္ဌပါဒ သင်၏ (အယူ၌) မဟာဘုတ်လေးပါး အစုအဝေးဖြစ်သော အစာအာဟာရ စားသောက်သောရုပ်ရှိသော ကြမ်းတမ်းထင်ရှားသော ထိုအတ္တသည် တည်မြဲတည်နေ သည်သာ ဖြစ်ပါလျက် ဤသတ္တဝါ၏ အခြားသညာတို့သည်ကား ဖြစ်ကုန်၏၊ အခြား သညာ တို့သည်ကား ချုပ်ကုန်၏၊ ပေါဋ္ဌပါဒ သညာတခြား အတ္တတခြားဖြစ်ရာသော ထိုအချက်ကို ဤ (ဆိုခဲ့သော) အကြောင်းဖြင့် သိအပ်၏။
အသျှင်ဘုရား အကျွနု်ပ်သည် အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒမချို့တဲ့သော (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တကို ယုံကြည်ပါ၏။
ပေါဋ္ဌပါဒ သင်၏ (အယူ၌) အတ္တသည် အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒမချို့တဲ့သော (ဈာန်) စိတ်ဖြင့် ပြီးသော အရာ ဖြစ်ငြားအံ၊ ပေါဋ္ဌပါဒ ဤသို့ ဖြစ်လျှင်လည်း သင်၏ (အယူ၌) သညာတခြားအတ္တတခြား ဖြစ်လတ္တံ့၊ ပေါဋ္ဌပါဒ သညာတခြား အတ္တတခြားဖြစ် ရာသော ထို (အချက်) ကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့် လည်း သိအပ်၏။
ပေါဋ္ဌပါဒ သင်၏ (အယူ၌) အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒမချို့တဲ့သော (ဈာန်) စိတ်ဖြင့် ပြီးသောထိုအတ္တသည် တည်မြဲတည်နေသည်သာ ဖြစ်ပါလျက် ဤသတ္တဝါအား အခြားသညာတို့သည်ကားဖြစ်ကုန်၏၊ အခြားသညာတို့သည်ကား ချုပ်ကုန်၏၊ ပေါဋ္ဌပါဒ သညာတခြား အတ္တတခြားဖြစ်ရာသောထိုအချက်ကို ဤ (ဆိုခဲ့သော) အကြောင်းဖြင့် လည်း သိအပ်၏။
အသျှင်ဘုရား အကျွနု်ပ်သည် ရုပ်မရှိသော သညာဖြင့် ပြီးသော အတ္တကို ယုံကြည်ပါ၏။
ပေါဋ္ဌပါဒ သင်၏ (အယူ၌) အတ္တသည် ရုပ်မရှိသော သညာဖြင့် ပြီးသော အရာ ဖြစ်ငြား အံ၊ ပေါဋ္ဌပါဒဤသို့ ဖြစ်လျှင်လည်း သင်၏ (အယူ၌) သညာတခြား အတ္တတခြား ဖြစ်ရာ ၏၊ ပေါဋ္ဌပါဒ သညာ တခြားအတ္တတခြားဖြစ်ရာသော ထိုအချက်ကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိအပ်၏။
ပေါဋ္ဌပါဒ သင်၏ (အယူ၌) ရုပ်မရှိသော သညာဖြင့် ပြီးသော ထိုအတ္တသည် တည်မြဲ တည်နေ သည်သာဖြစ်ပါလျက် ဤသတ္တဝါအား တခြား သညာတို့သည်ကား ဖြစ်ကုန်၏၊ တခြား သညာတို့သည်ကားချုပ်ကုန်၏၊ ပေါဋ္ဌပါဒ သညာတခြား အတ္တတခြားဖြစ် ရာသော ထိုအချက်ကို ဤ (ဆိုခဲ့သော) အကြောင်းဖြင့် လည်း သိအပ်၏။
အသျှင်ဘုရား ”သညာသည် သတ္တဝါ၏ အတ္တ” ဟူ၍လည်းကောင်း၊ ”သညာတခြား အတ္တတခြား” ဟူ၍လည်းကောင်း ဤအရာကို အကျွနု်ပ် သိနိုင်ပါမည်လော။
ပေါဋ္ဌပါဒ သင်သည် တစ်ပါးသော အယူရှိသူ၊ တစ်ပါးသော ယုံကြည်ခြင်းရှိသူ၊ တစ်ပါးသော အလိုရှိသူ၊ တစ်ပါး (သော အကျင့်) ၌ အားထုတ်ခြင်းရှိသူ၊ တစ်ပါး (သော သာသနာ) ၌ ဆရာရှိသူ ဖြစ်၍ ”သညာသည်သတ္တဝါ၏ အတ္တ” ဟူ၍လည်းကောင်း၊ ”သညာတခြား အတ္တတခြား” ဟူ၍လည်းကောင်း ဤအရာကို သိနိုင်ခဲ၏။
အသျှင်ဘုရား အကျွနု်ပ်သည် တစ်ပါးသော အယူရှိသူ၊ တစ်ပါးသော ယုံကြည်ခြင်းရှိသူ၊ တစ်ပါး သောအလိုရှိသူ၊ တစ်ပါး (သော အကျင့်) ၌ အားထုတ်ခြင်းရှိသူ၊ တစ်ပါး (သော သာသနာ) ၌ ဆရာရှိသူ ဖြစ်၍ ”သညာသည် သတ္တဝါ၏ အတ္တ” ဟူ၍လည်းကောင်း၊ ”သညာတခြား အတ္တတခြား” ဟူ၍လည်းကောင်း ဤအရာကို အကယ်၍ သိနိုင်ခဲငြားအံ၊ အသျှင်ဘုရား လောကသည် မြဲပါသလော့၊ (လောကသည် မြဲ၏ဆိုသော) ဤ (အယူ) သည်သာလျှင် မှန်၍ တစ်ပါး (သော အယူ) သည် မှားပါသလော။
ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဆိုသော ဤ (အယူ) သည်သာလျှင် မှန်၍ တစ်ပါး (သော အယူ) သည်မှား၏ ဟူသော ဤအရာကို ငါ မဖြေကြား။
အသျှင်ဘုရား လောကသည် မမြဲပါသလော့၊ (လောကသည် မမြဲဆိုသော) ဤ (အယူ) သည်သာလျှင်မှန်၍ တစ်ပါး (သော အယူ) သည် မှားပါသလော။
ပေါဋ္ဌပါဒ လောကသည် မမြဲဆိုသော ဤ (အယူ) သည်သာလျှင် မှန်၍ တစ်ပါး (သော အယူ) သည်မှား၏ ဟူသော ဤအရာကိုလည်း ငါ မဖြေကြား။
အသျှင်ဘုရား လောကသည် အဆုံးရှိပါသလော လောကသည် အဆုံး မရှိပါသလော။ ထို (ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်ပါလော။ အသက်သည် တခြား၊ ကိုယ်သည် တခြားပါလော။
သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိပါသလော။ သတ္တဝါသည် သေပြီးသည့်နောက်၌ မရှိပါသလော။ သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိလည်းရှိ မရှိလည်း မရှိပါသလော။ သတ္တဝါသည်သေပြီးသည့်နောက်၌ ရှိသည် လည်းမဟုတ် မရှိသည်လည်း မဟုတ်ပါ သလော။ (သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်ဟု ဆိုသော) ဤ (အယူ) သည်သာလျှင် မှန်၍ တစ်ပါး (သော အယူ) သည် မှားပါသလော။
ပေါဋ္ဌပါဒ ”သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်”ဟု ဆိုသောဤ (အယူ) သည်သာလျှင် မှန်၍ တစ်ပါး (သော အယူ) သည် မှား၏ ဟူသော ဤအရာကိုလည်းငါ မဖြေကြား။
အသျှင်ဘုရား မြတ်စွာဘုရားသည် အဘယ်ကြောင့် ဤအရာစုကို မဖြေကြားပါသနည်း။
ပေါဋ္ဌပါဒ ဤအရာစုသည် အကျိုးစီးပွားနှင့် မစပ်၊ (လောကုတ္တရာ) တရားနှင့် မစပ်၊ အကျင့် မြတ်၏ အစမျှပင် မဟုတ်၊ ငြီးငွေ ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်း ကင်းရန် အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ မဖြစ်၊ နိဗ္ဗာန် (ကို မျက်မှောက်ပြုရန်) အလို့ငှါ မဖြစ်၊ ထို့ကြောင့်ထိုအရာစုကို ငါ မဖြေကြား။
အသျှင်ဘုရား မြတ်စွာဘုရားသည် အဘယ်အရာကို ဖြေကြားပါသနည်း။
ပေါဋ္ဌပါဒ ဤကား ဆင်းရဲတည်း ဟု ငါ ဖြေကြား၏၊ ပေါဋ္ဌပါဒ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း ၏ အကြောင်းတည်း ဟု ငါ ဖြေကြား၏၊ ပေါဋ္ဌပါဒ ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) တည်း ဟု ငါ ဖြေကြား၏၊ ပေါဋ္ဌပါဒ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း ဟု ငါ ဖြေကြား၏။
အသျှင်ဘုရား မြတ်စွာဘုရားသည် အဘယ်ကြောင့် ဤအရာစုကို ဖြေကြားပါသနည်း။
ပေါဋ္ဌပါဒ ဤအရာစုသည် အကျိုးစီးပွားနှင့် စပ်၏၊ (လောကုတ္တရာ) တရားနှင့် စပ်၏၊ အကျင့် မြတ်၏အစ ဖြစ်၏၊ ငြီးငွေ ့ရန်အလို့ငှါ ဖြစ်၏၊ တပ်မက်ခြင်း ကင်းရန် အလို့ငှါ ဖြစ် ၏၊ (ဝဋ်ဆင်းရဲ) ချုပ်ရန်အလို့ငှါ ဖြစ်၏၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ ဖြစ် ၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန် (ကို မျက်မှောက်ပြုရန်) အလို့ငှါ ဖြစ်၏၊ ထို့ကြောင့်ဤအရာစုကို ငါ ဖြေကြား၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤ (စကား) သည် ဤအတိုင်းပင် မှန်ပါပေ ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ဤ (စကား) သည် ဤအတိုင်းပင် မှန်ပါပေ၏။ အသျှင်ဘုရား ယခုအခါ၌ ကြွရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါ၏ (ကြွရန်မှာ အသျှင်ဘုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် နေရာမှ ထကာ ဖဲခွါကြွသွားတော်မူလေ၏။
ထိုအခါ ပရိဗိုဇ်တို့သည် မြတ်စွာဘုရား ဖဲခွါကြွသွား၍ မကြာမြင့်မီ ပေါဋ္ဌပါဒပရိဗိုဇ်ကို ထက်ဝန်းကျင်မှ နှုတ်နှင်တံဖြင့် ဝိုင်းအုံ၍ ထိုးဆွကုန်၏ (ပုတ်ခတ်ပြောဆိုကြကုန်၏) –
”ဤအသျှင်ပေါဋ္ဌပါဒသည် ထိုရဟန်းဂေါတမ ဆိုတိုင်း ဆိုတိုင်းသော စကားကိုသာလျှင် ‘ဘုန်းတော်ကြီးသောမြတ်စွာဘုရား ဤ (စကား) သည် ဤအတိုင်းပင် မှန်ပါပေ ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤ (စကား) သည် ဤအတိုင်းပင် မှန်ပါပေ၏’ဟု ဤသို့ ချည်းကောင်းချီးခေါ်ဘိ၏။ သို့ရာတွင် ‘လောကသည် မြဲ၏’ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း၊ ‘လောကသည် အဆုံးရှိ၏’ ဟူ၍လည်းကောင်း၊ ‘လောကသည် အဆုံးမရှိ’ ဟူ၍ လည်းကောင်း၊ ‘ထို (ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်မည်၏’ ဟူ၍လည်းကောင်း၊ ‘အသက်သည်တခြား ကိုယ်သည်တခြား’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိ၏’ ဟူ၍လည်းကောင်း ‘သတ္တဝါသည် သေပြီး သည့်နောက်၌ မရှိ’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည်သေပြီးသည့်နောက်၌ ရှိလည်းရှိ မရှိလည်းမရှိ’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်’ ဟူ၍လည်းကောင်း ရဟန်း
ဂေါတမ ဟောကြားသော ဧကန်ဖြစ်သော တရားတစ်စုံတစ်ရာကိုမျှ အကျွနု်ပ်တို့ မသိရပါကုန်” ဟု ပုတ်ခတ်ပြောဆို ကုန်၏။
ဤသို့ဆိုသော် ပေါဋ္ဌပါဒပရိဗိုဇ်သည် ထိုပရိဗိုဇ်တို့အား ဤစကားကို ဆို၏ –
”အချင်းတို့ ‘လောကသည် မြဲ၏’ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍ လည်းကောင်း။။ ‘သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်းမဟုတ် မရှိသည် လည်းမဟုတ်’ ဟူ၍လည်းကောင်းရဟန်းဂေါတမ ဟောကြားသော ဧကန်ဖြစ်သော တရား တစ်စုံတစ်ရာကိုမျှ ငါသည်လည်း မသိရ ပါ၊ သို့သော်လည်း ရဟန်းဂေါတမသည် ဟုတ်သော မှန်သော မဖောက်ပြန်သော (လောကုတ္တရာ) ဓမ္မ၌တည်သော သဘော ရှိသော (လောကုတ္တရာ) ဓမ္မနိယာမအားဖြင့် မြဲသော အကျင့်ကို ဟောပြ ပေ၏၊ ဟုတ်သော မှန်သော မဖောက်ပြန်သော (လောကုတ္တရာ) ဓမ္မ၌တည်သော သဘော ရှိသော (လောကုတ္တရာ) ဓမ္မနိယာမအားဖြင့် မြဲသော အကျင့်ကို ဟောပြသော ရဟန်းဂေါတမ၏ ကောင်း သော စကားကိုကောင်းသော စကားအနေဖြင့် ငါသို့သော သိတတ်သူသည် အဘယ်ကြောင့် ကောင်းချီး မခေါ်ဘဲ ရှိအံ့နည်း”ဟု ဆို၏။
ဆင်ဆရာ့သားစိတ္တ နှင့် ပေါဋ္ဌပါဒပရိဗိုဇ်
ထို့နောက် နှစ်ရက် သုံးရက် လွန်သောအခါ ဆင်ဆရာ့သားစိတ္တနှင့် ပေါဋ္ဌပါဒပရိဗိုဇ်တို့ သည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်ကြပြီးလျှင် ဆင်ဆရာ့သားစိတ္တ သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်၏၊ ပေါဋ္ဌပါဒပရိဗိုဇ်သည် ကား မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်၏၊ တစ်ခုသော နေ ရာ ၌ ထိုင်ပြီးသော် ပေါဋ္ဌပါဒပရိဗိုဇ်သည် မြတ်စွာဘုရားအားဤစကားကို လျှောက်၏ –
အသျှင်ဘုရား မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီ ထိုအခါ၌ ထိုပရိဗိုဇ်တို့သည် အကျွန်ုပ်ကို ထက်ဝန်းကျင်မှ နှုတ်နှင်တံဖြင့် ဝိုင်းအုံ၍ ထိုးဆွကြပါကုန်၏ (ပုတ်ခတ်ပြော ဆိုကြပါကုန်၏)။ ”ဤအသျှင်ပေါဋ္ဌပါဒသည် ထိုရဟန်းဂေါတမ ဆိုတိုင်း ဆိုတိုင်းသော စကားကိုသာလျှင် ‘ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤ (စကား) သည် ဤအတိုင်း ပင် မှန်ပါပေ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။ ဤ (စကား) သည် ဤအတိုင်းပင် မှန်ပါပေ၏’ ဟုဤသို့ ချည်း ကောင်းချီးခေါ်ဘိ၏၊ သို့ရာတွင် ‘လောကသည် မြဲ၏’ ဟူ၍လည်းကောင်း၊ ‘လောကသည်မမြဲ’ ဟူ၍ လည်းကောင်း၊ ‘လောကသည် အဆုံးရှိ၏’ ဟူ၍လည်းကောင်း၊ ‘ လောကသည် အဆုံး မရှိ’ ဟူ၍လည်းကောင်း၊ ‘ထို (ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ် မည်၏’ ဟူ၍လည်းကောင်း၊ ‘အသက်သည် တခြား၊ ကိုယ်သည် တခြား’ ဟူ၍ လည်းကောင်း၊ ‘သတ္တဝါသည်သေပြီးသည့်နောက်၌ ရှိ၏’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါ သည် သေပြီးသည့် နောက်၌မရှိ’ ဟူ၍ လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိလည်းရှိ မရှိလည်းမရှိ’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်’ ဟူ၍လည်းကောင်းရဟန်းဂေါတမ ဟောကြားသော ဧကန်ဖြစ်သော တရား တစ်စုံတစ်ရာ ကိုမျှ ငါတို့ မသိရကုန်” ဟု ပုတ်ခတ်ပြောဆိုကြပါကုန်၏။
အသျှင်ဘုရား ဤသို့ ဆိုကြသော် အကျွနု်ပ်သည် ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေရှင်းခဲ့ပါ၏။
”အချင်းတို့ ‘လောကသည် မြဲ၏’ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း ‘သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်းမဟုတ် မရှိသည် လည်းမဟုတ်’ ဟူ၍လည်းကောင်း၊ ရဟန်းဂေါတမ ဟောကြားသော ဧကန်ဖြစ်သော တရား တစ်စုံတစ်ရာကိုမျှငါသည်လည်း မသိရပါ၊ သို့သော်လည်း ရဟန်းဂေါတမ သည် ဟုတ်သော မှန်သော မဖောက်ပြန် သော (လောကုတ္တရာ) ဓမ္မ၌ တည်သော သဘော ရှိသော (လောကုတ္တရာ) ဓမ္မနိယာမအားဖြင့် မြဲသော အကျင့်ကိုဟောပြပေ၏၊ ဟုတ်သော မှန်သော မဖောက်ပြန်သော (လောကုတ္တရာ) ဓမ္မ၌ တည်သော သဘော ရှိသော (လောကုတ္တရာ) ဓမ္မနိယာမအားဖြင့် မြဲသော အကျင့်ကို ဟောပြသော ရဟန်းဂေါတမ၏ ကောင်းသောစကားကို ကောင်းသော စကားအနေဖြင့် ငါသို့သော သိတတ် သူသည် အဘယ်ကြောင့် ကောင်းချီးမခေါ်ဘဲ ရှိအံ့နည်း”ဟု ဖြေရှင်းခဲ့ပါသည် ဟူ၍ လျှောက်၏။
ပေါဋ္ဌပါဒ ထိုပရိဗိုဇ်အားလုံးတို့သည် (ပညာ) မျက်စိ ကန်းကုန်၏၊ (ပညာ) မျက်စိ မရှိ ကုန်၊ ထိုပရိဗိုဇ်တို့တွင် သင်တစ်ယောက်တည်းသာ (ပညာ) မျက်စိ ရှိ၏။
ပေါဋ္ဌပါဒ ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားတို့ကိုလည်း ငါသည် (ဧကန် နိဗ္ဗာန်ရောက်ကြောင်းတရားတို့ဟု) ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရားတို့ကိုလည်း ငါသည် (ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ဟု) ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရားတို့ဟု ငါ ဟောကြားဖော်ပြသောထိုတရားတို့ကား အဘယ်နည်း။
ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရားများ
ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဟူသည်ကိုလည်း ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏၊
လောကသည် မမြဲ ဟူသည် ကိုလည်း ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏၊
လောကသည်အဆုံးရှိ၏ ဟူသည်ကိုလည်း။ပ။
လောကသည် အဆုံးမရှိဟူသည်ကိုလည်း။
ထို (ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်ဟူသည်ကိုလည်း။
အသက်သည့်တခြား၊ ကိုယ်သည် တခြား ဟူသည်ကိုလည်း။
သတ္တဝါသည် သေပြီးသည့်နောက်၌ရှိ၏ဟူသည်ကိုလည်း။
သတ္တဝါသည် သေပြီးသည့် နောက်၌ မရှိဟူသည်ကိုလည်း။
သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိလည်းရှိ မရှိလည်း မရှိ ဟူသည်ကိုလည်း။
သတ္တဝါသည်သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ် ဟူသည်ကိုလည်း
ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရား ဟု ငါသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ အဘယ်ကြောင့် ထိုတရားတို့ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သောတရားတို့ ဟု ငါသည် ဟောကြားဖော်ပြသနည်း။
ထို (တရား) တို့သည် အကျိုးစီးပွားနှင့် မစပ်ကုန်၊ (လောကုတ္တရာ) တရားနှင့် မစပ်ကုန်၊ အကျင့်မြတ်၏ အစမျှပင် မဟုတ်ကုန်၊ ငြီးငွေ ့ရန်အလို့ငှါ မဖြစ်ကုန်၊ တပ်မက်ခြင်း ကင်းရန် အလို့ငှါမဖြစ်ကုန်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန်အလို့ငှါ မဖြစ်ကုန်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်ကုန်၊ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်ကုန်၊ (သစ္စာလေး ပါး) ကို သိရန်အလို့ငှါ မဖြစ်ကုန်၊ နိဗ္ဗာန် (ကို မျက်မှောက်ပြုရန်) အလို့ငှါ မဖြစ်ကုန်၊ ထို့ကြောင့် ထိုတရားတို့ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) မဟုတ်သော တရားတို့ဟု ငါသည် ဟောကြား ဖော်ပြပေ၏။
ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားများ
ပေါဋ္ဌပါဒ ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားတို့ဟု ငါဟောကြား ဖော်ပြသော ထိုတရားတို့ကား အဘယ်နည်း။
ပေါဋ္ဌပါဒ
ဤကား ဆင်းရဲတည်း ဟူသည်ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားဟု ငါသည် ဟောကြားဖော်ပြ၏၊
ဤကား ဆင်းရဲဖြစ်ကြောင်းတည်း ဟူသည်ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားဟု ငါသည် ဟောကြားဖော်ပြ၏၊
ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း ဟူသည်ကိုဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားဟု ငါသည် ဟောကြားဖော်ပြ၏၊
ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း ဟူသည်ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားဟု ငါသည်ဟောကြားဖော်ပြ၏။
အဘယ်ကြောင့် ထိုတရားတို့ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားဟု ငါသည် ဟောကြားဖော်ပြသနည်း။
ပေါဋ္ဌပါဒ ဤတရားတို့သည် အကျိုးစီးပွားနှင့် စပ်ကုန်၏၊ (လောကုတ္တရာ) တရားနှင့် စပ်ကုန်၏၊ အကျင့်မြတ်၏ အစဖြစ်ကုန်၏၊ ငြီးငွေ ့ရန် အလို့ငှါ ဖြစ်ကုန်၏၊ တပ်မက်ခြင်း ကင်းရန်အလို့ငှါ ဖြစ်ကုန်၏၊ (ဝဋ်ဆင်းရဲ) ချုပ်ရန်အလို့ငှါ ဖြစ်ကုန်၏၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ ဖြစ်ကုန်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်ကုန်၏၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်ကုန်၏၊ နိဗ္ဗာန်ကို (မျက်မှောက် ပြုရန်) အလို့ငှါ ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုတရားတို့ကို ဧကန် (နိဗ္ဗာန်ရောက်ကြောင်း) တရားတို့ဟု ငါသည် ဟောကြားဖော်ပြပေ၏။
ပေါဋ္ဌပါဒ ”အတ္တသည် စင်စစ် ချမ်းသာ၏၊ သေပြီးသည့်နောက်၌ ပျက်စီးခြင်းမရှိ ဟု ဤသို့ဆိုလေ့ ယူလေ့ ရှိကုန်သော သမဏ ဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏၊ ငါသည် ထိုသူတို့အထံသို့ ချဉ်းကပ်၍ ဤသို့ မေး၏ –
”အသျှင်တို့ အတ္တသည် စင်စစ် ချမ်းသာ၏၊ သေပြီးသည့်နောက်၌ ပျက်စီးခြင်းမရှိ ဟု သင်တို့သည် ဤသို့ ဆိုလေ့ ယူလေ့ ရှိကုန်၏ ဟူသည်မှာ မှန်သလော”။
ဤသို့ ငါမေးသော် ထိုသူတို့သည် ”မှန်ပါ၏”ဟု ဝန်ခံကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ စင်စစ်ချမ်းသာသော လောကကို သင်တို့ သိမြင်၍ နေကုန် သလော”။
ဤသို့မေးသော် ”သိမြင်၍ မနေပါကုန်”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ တစ်ညဥ့်ဖြစ်စေ တစ်နေ့ဖြစ်စေ ညဥ့်ဝက်ဖြစ်စေ နေ့ဝက်ဖြစ်စေ စင်စစ်ချမ်းသာသော အတ္တကို သင်တို့ကိုယ်တိုင် တွေ့သိနေကုန်သလော”။
ဤသို့မေးသော် ”တွေ့သိ မနေပါကုန်” ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြုရန် ဤကား လမ်းတည်းဤကား အကျင့်တည်းဟု သင်တို့ သိကုန်သလော”။
ဤသို့မေးသော် ”မသိပါကုန်”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ ‘အချင်းတို့ စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြု ရန် ကောင်းစွာကျင့်ကုန်လော့၊ ဖြောင့်မတ်စွာ ကျင့်ကုန်လော့၊ အချင်းတို့ ငါတို့သည် လည်း ဤသို့ကျင့်ကုန်သော ကြောင့် စင်စစ် ချမ်းသာသော လောကသို့ ရောက်ရ ကုန် ၏’ ဟု စင်စစ်ချမ်းသာသောလောကသို့ ရောက်နေသော နတ်တို့၏ ပြောဆိုသံကို သင်တို့ ကြားရကုန်သလော”။
ဤသို့ ငါမေးသော် ”မကြားရပါကုန်”ဟု ဆိုကုန်၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုသာမဏဗြာဟ္မဏတို့၏ စကားသည် အခြေအမြစ်၁မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိုသမဏဗြာဟ္မဏတို့၏ စကားသည် အခြေအမြစ် မရှိသောစကားမချွတ်ပင် ဖြစ်နေပါသည်။
ပေါဋ္ဌပါဒ ဥပမာသော်ကား ”ငါသည် ဤနိုင်ငံတွင် အလှမယ် (ဇနပဒကလျာဏီ) ကို လိုချင်၏၊ ချစ်ကြိုက်၏”ဟု ဆိုသော ယောကျ်ားသည် ရှိရာ၏၊ ထိုယောကျ်ားကို ဤသို့ မေးကုန်ရာ၏ –
”အချင်းယောကျ်ား သင်လိုချင် ချစ်ကြိုက်သော အလှမယ် (ဇနပဒကလျာဏီ) ကို မင်းအမျိုးသမီးဟူ၍လည်းကောင်း၊ ပုဏ္ဏားအမျိုးသမီး ဟူ၍လည်းကောင်း၊ ကုန်သည် အမျိုးသမီး ဟူ၍လည်းကောင်း၊ ဆင်းရဲ သားအမျိုးသမီးဟူ၍လည်းကောင်း သိပါ ၏လော”။
ဤသို့မေးသော် ”မသိပါ”ဟု ဖြေဆိုရာ၏။
ထိုယောကျ်ားကို ဤသို့ မေးကုန်ပြန်ရာ၏ –
”အချင်းယောကျ်ား သင်လိုချင်ချစ်ကြိုက်သော အလှမယ် (ဇနပဒကလျာဏီ) ကို ဤအမည် ရှိ၏ ဟူ၍လည်းကောင်း၊ ဤအမျိုးအနွယ်ဖြစ်၏ ဟူ၍လည်းကောင်း၊ (အရပ်) မြင့်၏ ဟူ၍လည်းကောင်း၊ (အရပ်) နိမ့်၏ ဟူ၍လည်းကောင်း၊ အလတ်စား (မမြင့်မနိမ့်) ဖြစ်၏ ဟူ၍လည်းကောင်း၊ (အသား) မည်း၏ဟူ၍လည်းကောင်း၊ (အသား) ဝါ၏ ဟူ၍လည်းကောင်း၊ (အသား) ညို၏ဟူ၍လည်းကောင်း၊ ဤ (မည်သော) ရွာ၌ နေ ၏ ဟူ၍လည်းကောင်း၊ ဤ (မည်သော) နိဂုံး၌နေ၏ ဟူ၍လည်းကောင်း၊ ဤ (မည်သော) မြို့၌နေ၏ ဟူ၍လည်းကောင်း သိပါ၏လော”။
ဤသို့ မေးသော် ”မသိပါ”ဟု ဖြေဆိုရာ၏။
ထိုယောကျ်ားကို ဤသို့ မေးကုန်ပြန်ရာ၏ –
”အချင်းယောကျ်ား သင်သည် မသိမမြင်ဖူးသူကို လိုချင်ချစ်ကြိုက်နေသလော”။
ဤသို့ မေးသော် ”ဟုတ်ပါ၏”ဟု ဖြေဆိုရာ၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျ်ား၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်ပါလော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိိုယောကျ်ား၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင်ဖြစ်နေပါသည်။ ဤအတူပင် ပေါဋ္ဌပါဒ ”အတ္တသည် စင်စစ် ချမ်းသာ၏၊ သေပြီး သည့်နောက်၌ ပျက်စီးခြင်းမရှိ” ဟု ဤသို့ ဆိုလေ့ ယူလေ့ရှိကုန်သော ထိုသမဏဗြာဟ္မဏ တို့ကို ငါသည် ဤသို့ မေး၏ –
”အသျှင်တို့ အတ္တသည် စင်စစ် ချမ်းသာ၏၊ သေပြီးသည့်နောက်၌ ပျက်စီးခြင်းမရှိဟု သင်တို့သည်ဤသို့ ဆိုလေ့ ယူလေ့ရှိကုန်၏ ဟူသည်မှာ မှန်ပါသလော”။
ဤသို့ ငါမေးသော် ထိုသူတို့သည် ”မှန်ပါ၏”ဟု ဝန်ခံကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ စင်စစ်ချမ်းသာသော လောကကို သင်တို့ သိမြင်၍ နေကုန် သလော”။
ဤသို့ မေးသော် ”သိမြင်၍ မနေကုန်ပါ”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ တစ်ညဥ့်ဖြစ်စေ တစ်နေ့ဖြစ်စေ ညဥ့်ဝက်ဖြစ်စေ နေ့ဝက်ဖြစ်စေ စင်စစ်ချမ်းသာသော အတ္တကို သင်တို့ကိုယ်တိုင် တွေ့သိနေကုန်သလော”။
ဤသို့ မေးသော် ”တွေ့သိမနေပါကုန်”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြုရန် ဤကား လမ်းတည်း၊ ဤကား အကျင့်တည်းဟု သင်တို့ သိကုန်သလော”။
ဤသို့ မေးသော် ”မသိပါကုန်”ဟု ဖြေဆိုကုန်၏။ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ ‘အချင်းတို့ စင်စစ် ချမ်းသာသော လောကကို မျက်မှောက်ပြု ရန် ကောင်းစွာကျင့်ကုန်လော့၊ ဖြောင့်မတ်စွာ ကျင့်ကုန်လော့၊ အချင်းတို့ ငါတို့သည် လည်း ဤသို့ ကျင့်ကုန်သော ကြောင့် စင်စစ် ချမ်းသာသော လောက သို့ ရောက်ရ ကုန်၏’ ဟု စင်စစ် ချမ်းသာသော လောကသို့ရောက်၍နေသော နတ်တို့၏ ပြောဆိုသံကို သင်တို့ ကြားရကုန်သလော”။
ဤသို့ မေးသော် ”မကြားရပါကုန်”ဟု ဆိုကုန်၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုသမဏဗြာဟ္မဏတို့၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိုသမဏဗြာဟ္မဏတို့၏ စကားသည် အခြေအမြစ်မရှိသောစကားမချွတ်ပင် ဖြစ်နေပါသည်။
ပေါဋ္ဌပါဒ ဥပမာသော်ကား လမ်းမလေးခုဆုံရာ၌ ပြာသာဒ် (ထက်) သို့ တက်ရန် လှေကား ကိုပြု လုပ်နေသော ယောကျ်ားသည် ရှိရာ၏၊ ထို (ယောကျ်ား) ကို ဤသို့ မေးကုန်ရာ၏ –
”အချင်းယောကျ်ား ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကို ပြုလုပ်သော သင်သည် ထို ပြာသာဒ်ကိုအရှေ့အရပ်၌ (ရှိ၏ ဟူ၍)လည်းကောင်း၊ တောင်အရပ်၌ (ရှိ၏ဟူ၍) လည်းကောင်း၊ အနောက် အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ မြောက်အရပ်၌ (ရှိ၏ဟူ၍) လည်းကောင်း၊ မြင့်၏ ဟူ၍လည်းကောင်း၊ နိမ့်၏ဟူ၍လည်းကောင်း၊ အလတ်စား (မနိမ့်မမြင့်) ဖြစ်၏ ဟူ၍လည်းကောင်း သိပါ၏လော”။
ဤသို့ မေးသော် ”မသိပါ” ဟု ဖြေဆိုရာ၏။ ထိုယောကျ်ားကို ဤသို့ မေးမြန်းကုန်ရာ၏ –
”အချင်းယောကျ်ား သင်သည် မသိမမြင်ရသော ပြာသာဒ် (ထက်) သို့ တက်ရန် လှေ ကား ကို ပြုဘိသလော”။
ဤသို့ မေးကုန်သော ် ”ဟုတ်ပါ၏”ဟု ဖြေဆိုရာ၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျ်ား၏ စကားသည် အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိုယောကျ်ား၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင်ဖြစ်နေပါသည်။
ဤအတူပင် ပေါဋ္ဌပါဒ ”အတ္တသည် စင်စစ် ချမ်းသာ၏၊ သေပြီးသည့်နောက်၌ ပျက်စီးခြင်းမရှိ” ဟု ဤသို့ ဆိုလေ့ယူလေ့ရှိကုန်သော ထိုသမဏဗြာဟ္မဏတို့ အထံသို့ ချဉ်းကပ်၍ ငါသည် ဤသို့မေး၏ –
”အသျှင်တို့ အတ္တသည် စင်စစ် ချမ်းသာ၏၊ သေပြီးသည့်နောက်၌ ပျက်စီးခြင်းမရှိဟု သင်တို့သည် ဤသို့ ဆိုလေ့ယူလေ့ ရှိကုန်၏ ဟူသည်မှာ မှန်သလော”။
ဤသို့ ငါမေးသော် ထိုသူတို့သည် ”မှန်ပါ၏”ဟု ဝန်ခံကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ သင်တို့သည် စင်စစ်ချမ်းသာသော လောကကို သိမြင်၍ နေကုန်သလော”။
ဤသို့ မေးသော် ”သိမြင်၍ မနေပါကုန်”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ တစ်ညဥ့်ဖြစ်စေ တစ်နေ့ဖြစ်စေ ညဥ့်ဝက်ဖြစ်စေ နေ့ဝက်ဖြစ်စေ စင်စစ်ချမ်းသာသော လောကကို သင်တို့ တွေ့သိနေကုန်သလော”။
ဤသို့ မေးသော် ”တွေ့သိမနေပါကုန်”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ စင်စစ် ချမ်းသာသော လောကကို မျက်မှောက်ပြုရန် ဤကား လမ်းတည်း, ဤကား အကျင့်တည်းဟု သင်တို့ သိကုန်သလော”။
ဤသို့ ငါမေးသော် ”မသိပါကုန်”ဟု ဖြေဆိုကုန်၏၊ ငါသည် ထိုသူတို့ကို ဤသို့ မေးပြန်၏ –
”အသျှင်တို့ ထိုသို့ဖြစ်မူ ‘အချင်းတို့ စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြု ရန် ကောင်းစွာကျင့်ကုန်လော့၊ ဖြောင့်မတ်စွာ ကျင့်ကုန်လော့၊ အချင်းတို့ ငါတို့သည် လည်း ဤသို့ကျင့်ကုန်သော ကြောင့် စင်စစ်ချမ်းသာသော လောကသို့ ရောက်ရကုန်၏’ဟု စင်စစ်ချမ်းသာသောလောကသို့ ရောက်နေသော နတ်တို့၏ ပြောဆိုသံကို သင်တို့ ကြားရကုန်သလော”။
ဤသို့ မေးသော် ”မကြားရပါကုန်”ဟု ဖြေဆိုကုန်၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုသမဏဗြာဟ္မဏတို့၏ စကားသည်အခြေအမြစ်မရှိသော စကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိုသမဏဗြာဟ္မဏတို့၏ စကားသည် အခြေအမြစ်မရှိသောစကားမချွတ်ပင် ဖြစ်နေပါသည်။
၁။ အပ္ပါဋိဟီရကတနိ ္တ အနိယျာနိကံ အမူလကံ နိရတၳကံ သမ္ပဇ္ဇတိ။
(မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ စူဠသကုလုဒါယီသုတ်အဖွင့်)
အတ္တဘောရခြင်း သုံးမျိုး
ပေါဋ္ဌပါဒ အတ္တဘောကို ရခြင်းတို့သည် ကြမ်းတမ်းထင်ရှားသော အတ္တဘောကိုရခြင်း၁၊ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကိုရခြင်း၊ ရုပ်မရှိသော အတ္တဘောကိုရခြင်း ဤ သုံးပါးတို့တည်း။
ပေါဋ္ဌပါဒ ကြမ်းတမ်းထင်ရှားသော အတ္တဘောကိုရခြင်းဟူသည် အဘယ်နည်း –
မဟာဘုတ်လေးပါး အစုအဝေးဖြစ်သော အစာအာဟာရ စားသောက်သော ရုပ်ရှိသော အတ္တဘောသည် ရှိ၏၊ ဤ (အတ္တဘောကို ရခြင်း) သည် ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရခြင်းပေတည်း။
(ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကိုရခြင်း ဟူသည် အဘယ်နည်း –
အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒ မချို့တဲ့သော (ဈာန်) စိတ်ဖြင့်ပြီးသော ရုပ်ရှိသော အတ္တဘောသည်ရှိ၏၊ ဤ (အတ္တဘောကို ရခြင်း) သည် (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကို ရခြင်းပေတည်း။
ရုပ်မရှိသော အတ္တဘောကိုရခြင်း ဟူသည် အဘယ်နည်း –
ရုပ်မရှိသော သညာဖြင့်ပြီးသော အတ္တဘောသည် ရှိ၏၊ ဤ (အတ္တဘောကို ရခြင်း) သည် ရုပ်မရှိသော အတ္တဘောကို ရခြင်းပေတည်း။
ပေါဋ္ဌပါဒ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရခြင်းကိုလည်း ပယ်ရန် ငါသည် တရား ကို ဟော၏။
”(ငါဟောသည့်အတိုင်း ကျင့်လတ်သော်) သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်း ကိုလည်း ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက် ၍ နေရကုန်လတ္တံ့”ဟု ငါဟော၏။ပေါဋ္ဌပါဒ သင့်အား ဤသို့သော အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏ – ”(ဟောသည့်အတိုင်းကျင့်လတ်သော်) ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေ တတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခု ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့၊ သို့ရာတွင် နေရခြင်းသည်ကား ဆင်းရဲသည် ဖြစ်လတ္တံ့”ဟု ဖြစ်ရာ၏။
ပေါဋ္ဌပါဒ ဤအရာကို ဤသို့ မမှတ်အပ်၊ ထိုသို့ကျင့်လတ်သော် ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည်လည်း ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည်လည်းတိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်း ကိုလည်း ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့်ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက် ၍ နေ ရလတ္တံ့၊ ဝမ်းမြောက်ခြင်း ‘ပါမောဇ္ဇ’ သည်လည်းကောင်း၊ နှစ်သိမ့်ခြင်း ‘ပီတိ’ သည်လည်းကောင်း၊ ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ သည်လည်းကောင်း၊ အောက်မေ့ခြင်း ‘သတိ’ သည်လည်းကောင်း၊ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ သည်လည်းကောင်း၊ ချမ်းသာစွာနေ ရခြင်း ‘သုခ’ သည်လည်းကောင်း ဖြစ်လတ္တံ့။
၄၃ဝ။ ပေါဋ္ဌပါဒ (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကို ရခြင်းကိုလည်း ပယ်ရန် ငါသည် တရားကိုဟော၏။
”(ငါဟောသည့်အတိုင်း ကျင့်လတ်သော်) သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့”ဟု ငါဟော၏။
ပေါဋ္ဌပါဒ သင့်အား ဤသို့သော အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏ –
”(ဟောသည့်အတိုင်း ကျင့်လတ်သော်) ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေရလတ္တံ့၊ သို့ရာတွင် နေရခြင်းသည်ကား ဆင်းရဲသည် ဖြစ်လတ္တံ ့”ဟု ဖြစ်ရာ၏။
ပေါဋ္ဌပါဒ ဤအရာကို ဤသို့ မမှတ်အပ်၊ ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည်လည်းကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည်လည်း တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့၊ ဝမ်းမြောက်ခြင်း ‘ပါမောဇ္ဇ’ သည်လည်းကောင်း၊ နှစ်သိမ့်ခြင်း ‘ပီတိ’ သည်လည်းကောင်း၊ ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ သည်လည်းကောင်း၊ အောက်မေ့ခြင်း ‘သတိ’ သည်လည်းကောင်း၊ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ သည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်း ‘သုခ’ သည်လည်းကောင်း ဖြစ်လတ္တံ့။
ပေါဋ္ဌပါဒ ရုပ်မရှိသော အတ္တ္တဘောကို ရခြင်းကိုလည်း ပယ်ရန် ငါသည် တရားကို ဟော၏။
”(ငါဟောသည့်အတိုင်း ကျင့်လတ်သော်) သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့”ဟု ငါဟော၏။
ပေါဋ္ဌပါဒ သင့်အား ဤသို့သော အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏ –
”(ဟောသည့်အတိုင်း ကျင့်လတ်သော်) ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေရလတ္တံ့၊ သို့ရာတွင် နေရခြင်းသည်ကား ဆင်းရဲသည် ဖြစ်လတ္တံ့”ဟု ဖြစ်ရာ၏။
ပေါဋ္ဌပါဒ ဤအရာကို ဤသို့ မမှတ်အပ်၊ ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည်လည်းကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည်လည်း တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့၊ ဝမ်းမြောက်ခြင်း ‘ပါမောဇ္ဇ’ သည်လည်းကောင်း၊ နှစ်သိမ့်ခြင်း ‘ပီတိ’ သည်လည်းကောင်း၊ ငြိမ်းအေးခြင်း ‘ပဿဒ္ဓိ’ သည်လည်းကောင်း၊ အောက်မေ့ခြင်း ‘သတိ’ သည်လည်းကောင်း၊ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ သည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်း ‘သုခ’ သည်လည်းကောင်း ဖြစ်လတ္တံ့။
ပေါဋ္ဌပါဒ တစ်ပါးသော သူတို့သည် ငါတို့ကို ဤသို့ မေးကုန်ငြားအံ့ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်း ကိုလည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက် ၍ နေရကုန်လတ္တံ့ဟု (ဝန်ခံ၍) အသျှင်တို့သည် ကြမ်းတမ်း ထင်ရှား သောအကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ ကြမ်းတမ်း ထင်ရှားသော ထိုအတ္တဘောရခြင်းဟူသည် အဘယ်နည်း”ဟု မေးကုန်ငြားအံ။
ဤသို့မေးခဲ့လျှင် ထိုသူတို့အား ငါတို့သည် ဤသို့ ဖြေကြားနိုင်ပါကုန်၏ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်သော သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကို လည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့ဟု (ဝန်ခံ၍) ငါတို့သည် ကြမ်းတမ်းထင်ရှားသောအကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ ကြမ်းတမ်း၂ ထင်ရှားသော ထိုအတ္တဘောကို ရခြင်း ဟူသည် ဤသည်ပင်တည်း”ဟု ဖြေကြားနိုင်ပါကုန်၏။
ပေါဋ္ဌပါဒ တစ်ပါးသောသူတို့သည် ငါတို့ကို အကယ်၍ ဤသို့ မေးကုန်ငြားအံ့ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော ် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကို လည်း ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ပြုလျက် ရောက်၍ နေ ရကုန် လတ္တံ့ ဟု (ဝန်ခံ၍) အသျှင်တို့သည် (ဈာန်) စိတ်ဖြင့်ပြီး သောအကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ (ဈာန်) စိတ်ဖြင့် ပြီးသော ထိုအတ္တဘောကို ရခြင်း ဟူသည် အဘယ်နည်း”ဟု မေးကုန်ငြားအံ။
ဤသို့မေးခဲ့လျှင် ထိုသူတို့အား ငါတို့သည် ဤသို့ ဖြေကြားနိုင်ပါကုန်၏ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွား ကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကို လည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ပြုလျက် ရောက်၍ နေရ ကုန်လတ္တံ့ဟု (ဝန်ခံ၍) ငါတို့သည် (ဈာန်) စိတ်ဖြင့် ပြီးသောအကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ (ဈာန်) စိတ်ဖြင့်ပြီးသော ထိုအတ္တဘောကို ရခြင်း
ဟူသည် ဤသည်ပင်တည်း”ဟု ဖြေကြားနိုင်ပါကုန်၏။
ပေါဋ္ဌပါဒ တစ်ပါးသော သူတို့သည် ငါတို့ကို အကယ်၍ ဤသို့ မေးကုန်ငြားအံ့ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကို လည်း ယခု ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ပြုလျက် ရောက် ၍ နေရကုန်လတ္တံ့ဟု (ဝန်ခံ၍) အသျှင်တို့သည် ရုပ်မရှိသောအကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ ရုပ်မရှိသော ထိုအတ္တဘောကို ရခြင်းဟူသည် အဘယ်နည်း”ဟု မေးကုန်ငြားအံ။
ဤသို့မေးခဲ့လျှင် ထိုသူတို့အား ငါတို့သည် ဤသို့ ဖြေကြားနိုင်ပါကုန်၏ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကို လည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရ ကုန်လတ္တံ့ဟု (ဝန်ခံ၍) ငါတို့သည် ရုပ်မရှိသော အကြင်အတ္တဘောရခြင်းကို ပယ်ရန် တရားကို ဟောကုန်၏၊ ရုပ်မရှိသော ထိုအတ္တဘောကိုရခြင်း၄ဟူသည် ဤသည်ပင်တည်း”ဟု ဖြေကြားနိုင်ပါကုန်၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် (ငါတို့၏) စကားသည် အခြေအမြစ်ရှိသောစကား ဖြစ်သည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် (အသျှင်တို့၏) စကားသည် အခြေအမြစ်ရှိသောစကား မချွတ်ပင် ဖြစ်ပါ၏။
ပေါဋ္ဌပါဒ ဥပမာသော်ကား ပြာသာဒ် (ထက်) သို့ တက်ရန် ထိုပြာသာဒ်အောက် ၌ပင် လှေကားကိုပြုလုပ်နေသော ယောကျ်ားသည် ရှိရာ၏၊ ထိုယောကျ်ားကို ဤသို့ မေးကုန်ရာ၏ –
”အချင်းယောကျ်ား ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကို ပြုလုပ်သော သင်သည် ထိုပြာသာဒ်ကိုအရှေ့အရပ်၌ (ရှိ၏ ဟူ၍)လည်းကောင်း၊ တောင်အရပ်၌ (ရှိ၏ ဟူ၍) လည်းကောင်း၊ အနောက် အရပ်၌ (ရှိ၏ ဟူ၍)လည်းကောင်း၊ မြောက်အရပ်၌ (ရှိ၏ ဟူ၍)လည်းကောင်း၊ မြင့်၏ဟူ၍လည်းကောင်း၊ နိမ့်၏ဟူ၍လည်းကောင်း အလတ်စား (မမြင့်မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း သိပါ၏ လော”ဟုမေးကုန်ရာ၏၊
ထို (အမေးခံရသော) ယောကျ်ားသည် ဤသို့ ဖြေဆိုရာ၏ –
”အချင်းတို့ ထိုပြာသာဒ်ကား ဤသည်ပင်တည်း၊ ထိုပြာသာဒ် (ထက်) သို့တက်ရန် ထိိုပြာသာဒ်၏အောက်၌ပင် ငါသည် လှေကားကို ပြုလုပ်နေပါ၏ဟု” ဖြေဆိုရာ၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျ်ား၏ စကားသည် အခြေအမြစ်ရှိသောစကား ဖြစ်သည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် ထိုယောကျ်ား၏ စကားသည် အခြေအမြစ်ရှိသောစကား မချွတ်ပင်ဖြစ်ပါ၏။
၄၃၆။ ဤအတူပင် ပေါဋ္ဌပါဒ တစ်ပါးသော သူတို့သည် ငါတို့ကို အကယ်၍ ဤသို့ မေးကုန် ငြားအံ့ –
”ငါ့သျှင်တို့ ကြမ်းတမ်းထင်ရှားသော ထိုအတ္တဘောကို ရခြင်းဟူသည် အဘယ်ပါနည်း။ပ။ ငါ့သျှင်တို့ (ဈာန်) စိတ်ဖြင့်ပြီးသော ထိုအတ္တဘောကို ရခြင်းဟူသည် အဘယ်ပါနည်း။ပ။ ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့ဟု (ဝန်ခံ၍) အသျှင်တို့သည် ရုပ်မရှိသော အကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ ရုပ်မရှိသော ထိုအတ္တဘောကို ရခြင်း ဟူသည်အဘယ်ပါနည်း”ဟု မေးကုန်ငြားအံ။
ဤသို့ မေးခဲ့လျှင် ထိုသူတို့အား ငါတို့သည် ဤသို့ ဖြေကြားနိုင်ပါကုန်၏ –
”ငါ့သျှင်တို့ ဟောသည့်အတိုင်း ကျင့်လတ်သော် သင်တို့အား ညစ်ညူးစေတတ်သော (ကိလေသာ) တရားတို့သည် ကင်းကုန်လတ္တံ့၊ ဖြူစင်စေတတ်သော (သမထ ဝိပဿနာ) တရားတို့သည် တိုးပွားကုန်လတ္တံ့၊ ပညာ၏ ပြည့်စုံခြင်း ပြန့်ပြောခြင်းကိုလည်း ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့ဟု (ဝန်ခံ၍) ငါတို့သည် ရုပ်မရှိသော အကြင် (အတ္တဘောရခြင်း) ကို ပယ်ရန် တရားကို ဟောကုန်၏၊ ရုပ်မရှိသော ထိုအတ္တဘောကို ရခြင်း ဟူသည်ဤသည်ပင်တည်း”ဟု ဖြေကြားနိုင်ပါကုန်၏။
ပေါဋ္ဌပါဒ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် (ငါတို့၏) စကားသည် အခြေအမြစ်ရှိသောစကား ဖြစ်သည် မဟုတ်လော။
အသျှင်ဘုရား ဤသို့ဖြစ်လျှင် (အသျှင်တို့၏) စကားသည် အခြေအမြစ်ရှိသောစကား မချွတ်ပင် ဖြစ်ပါ၏။
ဤသို့ မိန့်တော်မူသော် ဆင်ဆရာ့သားစိတ္တသည် မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏ –
”အသျှင်ဘုရား ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရသောအခါ ထိုပုဂ္ဂိုလ်အား (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကို ရခြင်းသည် အချည်းနှီးဖြစ်၏၊ ၅ ရုပ်မရှိသော အတ္တဘောကို ရခြင်းသည်အချည်းနှီးဖြစ်၏၊ ထိုအခါ ထိုပုဂ္ဂိုလ်အား ကြမ်းတမ်းထင် ရှားသော အတ္တဘောကို ရခြင်းသည်သာစင်စစ် ရှိ၏။အသျှင်ဘုရား (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရသောအခါ ထိုပုဂ္ဂိုလ်အား ကြမ်းတမ်းထင်ရှားသော အတ္တဘော ကို ရခြင်းသည် အချည်းနှီးဖြစ်၏၊ ရုပ်မရှိသော အတ္တဘောကို ရခြင်းသည် အချည်းနှီးဖြစ်၏၊ ထိုအခါ ထိုပုဂ္ဂိုလ်အား (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရခြင်းသည်သာ စင်စစ်ရှိ၏။အသျှင်ဘုရား ရုပ်မရှိသော အတ္တဘောကို ရသောအခါ ထိုပုဂ္ဂိုလ်အား ကြမ်းတမ်း ထင်ရှားသောအတ္တဘောကို ရခြင်းသည် အချည်းနှီးဖြစ်၏၊ (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကို ရခြင်းသည်အချည်းနှီးဖြစ်၏၊ ထိုအခါ ထိုပုဂ္ဂိုလ်အား ရုပ်မရှိသော အတ္တဘောကို ရခြင်းသည်သာ စင်စစ်ရှိ၏”ဟု လျှောက်၏။
စိတ္တ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရသောအခါ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကိုရ၏ဟု မခေါ်ဆိုအပ်၊ ရုပ်မရှိသော အတ္တဘောကို ရ၏ဟုလည်း မခေါ်ဆို အပ်၊ ထိုအခါ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရ၏ဟူ၍သာ ခေါ်ဆို အပ်၏။
စိတ္တ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရသောအခါ ကြမ်းတမ်းထင်ရှားသော အတ္တဘောကိုရ၏ဟု မခေါ်ဆိုအပ်၊ ရုပ်မရှိသော အတ္တဘောကို ရ၏ဟုလည်း မခေါ်ဆို အပ်၊ ထိုအခါ (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကို ရ၏ ဟူ၍သာ ခေါ်ဆိုအပ်၏။
စိတ္တ ရုပ်မရှိသော အတ္တဘောကို ရသောအခါ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရ၏ဟု မခေါ်ဆိုအပ်၊ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရ၏ဟုလည်း မခေါ်ဆို အပ်၊ ထိုအခါ ရုပ်မရှိသော အတ္တဘောကို ရ၏ ဟူ၍သာ ခေါ်ဆိုအပ်၏။
စိတ္တ သင့်ကို အကယ်၍ ဤသို့ မေးကုန်ငြားအံ့ –
”သင်သည် ရှေး (အတိတ်) အခါ၌ မဖြစ်ခဲဲ့သည်ကား မဟုတ်၊ ဖြစ်ခဲဲ့သည်သာ မဟုတ် ပါလော။ သင်သည်နောင် (အနာဂတ်) အခါ၌ မဖြစ်လတ္တံ့သည်ကား မဟုတ်၊ ဖြစ် လတ္တံ့ သည်သာ မဟုတ်ပါ လော။သင်သည် ယခု (ပစ္စုပ္ပန်) အခါ၌ ဖြစ်မနေသည်ကား မဟုတ်၊ ဖြစ်နေသည်သာ မဟုတ်ပါလော”ဟု မေးကုန်ငြားအံ။
စိတ္တ ဤသို့ မေးခဲဲ့သော် သင်သည် အဘယ်သို့ ဖြေကြားမည်နည်း။
အသျှင်ဘုရား အကျွနု်ပ်ကို အကယ်၍ ဤသို့ မေးကုန်ငြားအံ့ –
”သင်သည် ရှေး (အတိတ်) အခါ၌ မဖြစ်ခဲဲ့သည်ကား မဟုတ်၊ ဖြစ်ခဲဲ့သည်သာ မဟုတ် ပါလော။ သင်သည်နောင် (အနာဂတ်) အခါ၌ မဖြစ်လတ္တံ့သည်ကား မဟုတ်၊ ဖြစ်လတ္တံ့ သည်သာ မဟုတ်ပါ လော။ သင်သည်ယခု (ပစ္စုပ္ပန်) အခါ၌ ဖြစ်မနေသည်ကား မဟုတ်၊ ဖြစ်နေသည်သာ မဟုတ်ပါ လော”ဟု မေးကုန်ငြားအံ။
အသျှင်ဘုရား ဤသို့ မေးသော် အကျွနု်ပ်သည် ဤသို့ ဖြေကြားပါအံ့ –
”ငါသည် ရှေး (အတိတ်) အခါ၌ ဖြစ်ခဲ့၏၊ မဖြစ်ခဲ့သည်ကား မဟုတ်ပါ။ ငါသည် နောင် (အနာဂတ်) အခါ၌ ဖြစ်ပါလတ္တံ့၊ မဖြစ်လတ္တံ့သည်ကား မဟုတ်ပါ။ ငါသည် ယခု (ပစ္စုပ္ပန်) အခါ၌ ဖြစ်နေပါ၏, ဖြစ်မနေသည်ကား မဟုတ်ပါ” ဟု ဖြေကြားပါအံ။
အသျှင်ဘုရား ဤသို့မေးသော် အကျွနု်ပ်သည် ဤသို့ ဖြေကြားပါအံ။
စိတ္တ သင့်ကို အကယ်၍ ဤသို့ မေးကုန်ငြားအံ့ –
”သင့်အား အကြင် အတိတ် အတ္တဘောကို ရခြင်းသည် ဖြစ်ခဲဲ့၏၊ ထိုအတ္တဘောကို ရခြင်းသည်သာသင့်အား စင်စစ် ရှိသလော့၊ အနာဂတ် အတ္တဘောကို ရခြင်းသည်ကား မရှိသလော့၊ ပစ္စုပ္ပန် အတ္တဘောကို ရခြင်းသည်လည်း မရှိသလော။
သင့်အား အကြင် အနာဂတ် အတ္တဘောကို ရခြင်းသည် ဖြစ်လတ္တံ့၊ ထိုအတ္တဘောကို ရခြင်းသည်သာသင့်အား စင်စစ် ရှိသလော့၊ အတိတ် အတ္တဘောကို ရခြင်းသည်ကား မရှိသလော့၊ ပစ္စုပ္ပန်အတ္တဘောကို ရခြင်းသည်လည်း မရှိသလော။
သင့်အား အကြင် ပစ္စုပ္ပန် အတ္တဘောကို ရခြင်းသည် ဖြစ်ခဲဲ့၏၊ ထိုအတ္တဘောကို ရခြင်းသည်သာသင့်အား စင်စစ် ရှိသလော့၊ အတိတ် အတ္တဘောကို ရခြင်းသည်ကား မရှိသလော့၊ အနာဂတ်အတ္တဘော ကို ရခြင်းသည်လည်း မရှိသလော”ဟု မေးကုန်ငြားအံ။
စိတ္တ ဤသို့ မေးသော် သင်သည် အဘယ်သို့ ဖြေကြားမည်နည်း။
အသျှင်ဘုရား အကျွနု်ပ်ကို် အကယ်၍ ဤသို့ မေးကုန်ငြားအံ့ –
”သင့်အား အကြင် အတိတ် အတ္တဘောကို ရခြင်းသည် ဖြစ်ခဲဲ့၏၊ ထိုအတ္တဘောကို ရခြင်းသည်သာသင့်အား စင်စစ် ရှိသလော့၊ အနာဂတ် အတ္တဘောကို ရခြင်းသည်ကား မရှိသလော့၊ ပစ္စုပ္ပန်အတ္တဘောကို ရခြင်းသည်လည်း မရှိသလော။
သင့်အား အကြင် အနာဂတ် အတ္တဘောကို ရခြင်းသည် ဖြစ်လတ္တံ့၊ ထိုအတ္တဘောကို ရခြင်းသည် သာသင့်အား စင်စစ် ရှိသလော့၊ အတိတ် အတ္တဘောကို ရခြင်းသည်ကား မရှိသလော့၊ ပစ္စုပ္ပန်အတ္တဘောကို ရခြင်းသည်လည်း မရှိသလော။
ယခုအခါ သင့်အား အကြင် ပစ္စုပ္ပန် အတ္တဘောကို ရခြင်းသည် ဖြစ်၏၊ ထိုအတ္တဘောကို ရခြင်းသည်သာ သင့်အား စင်စစ် ရှိသလော့၊ အတိတ် အတ္တဘောကို ရခြင်းသည်ကား မရှိသလော့၊ အနာဂတ်အတ္တဘောကို ရခြင်းသည်လည်း မရှိသလော”ဟု မေးကုန်ငြားအံ။
အသျှင်ဘုရား ဤသို့ မေးသော် အကျွနု်ပ်သည် ဤသို့ ဖြေကြားပါအံ့ –
”ငါ့အား အကြင် အတိတ် အတ္တဘောကို ရခြင်းသည် ဖြစ်ခဲဲ့၏၊ ထိုအတ္တဘောကို ရခြင်းသည်သာထိုအခါ၌ ငါ့အား စင်စစ် ရှိခဲဲ့၏၊ အနာဂတ် အတ္တဘောကို ရခြင်းသည်ကား မရှိပါ၊ ပစ္စုပ္ပန် အတ္တဘောကိုရခြင်းသည်လည်း မရှိပါ။
ငါ့အား အကြင် အနာဂတ် အတ္တဘောကို ရခြင်းသည် ဖြစ်လတ္တံ့၊ ထိုအတ္တဘောကို ရခြင်းသည်သာထိုအခါ၌ ငါ့အား စင်စစ် ရှိလတ္တံ့၊ အတိတ် အတ္တဘောကို ရခြင်းသည်ကား မရှိပါ၊ ပစ္စုပ္ပန်အတ္တဘောကို ရခြင်းသည်လည်း မရှိပါ။
ယခုအခါ ငါ့အား အကြင် ပစ္စုပ္ပန် အတ္တဘောကို ရခြင်းသည် ဖြစ်၏၊ ထိုအတ္တဘောကို ရခြင်းသည်သာ ငါ့အား စင်စစ် ရှိ၏၊ အတိတ် အတ္တဘောကို ရခြင်းသည်ကား မရှိပါ၊ အနာဂတ် အတ္တဘောကိုရခြင်းသည်လည်း မရှိပါ”ဟု ဖြေကြားပါအံ။
အသျှင်ဘုရား ဤသို့ မေးသော် အကျွနု်ပ်သည် ဤသို့ ဖြေကြားပါအံ။
စိတ္တ ဤအတူသာလျှင် ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရသောအခါ (ဈာန်) စိတ်ဖြင့်ပြီးသော အတ္တဘောကို ရ၏ဟု မခေါ်ဆိုအပ်၊ ရုပ်မရှိသော အတ္တဘောကို ရ၏ဟုလည်း မခေါ်ဆိုအပ်၊ ထိုအခါ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရ၏ဟူ၍သာ ခေါ်ဆိုအပ်၏။
စိတ္တ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရသောအခါ။ပ။
စိတ္တ ရုပ်မရှိသော အတ္တဘောကို ရသောအခါ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရ၏ဟု မခေါ်ဆိုအပ်၊ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရ၏ဟုလည်း မခေါ်ဆိုအပ်၊ ထိုအခါ ရုပ်မရှိသောအတ္တဘောကို ရ၏ဟူ၍သာ ခေါ်ဆိုအပ်၏။
၄၄ဝ။ စိတ္တ ဥပမာသော်ကား နွားမမှ နို့ရည်, နို့ရည်မှ နို့ဓမ်း, နို့ဓမ်းမှ ဆီဦး, ဆီဦးမှ ထောပတ်, ထောပတ်မှ ထောပတ်ကြည် ဖြစ်၏၊ (ထိုတွင်) နို့ရည်ဖြစ်သော အခါ နို့ဓမ်း ဟူ၍ မခေါ်ဆိုအပ်၊ ဆီဦးဟူ၍လည်း မခေါ်ဆိုအပ်၊ ထောပတ် ဟူ၍လည်း မခေါ်ဆိုအပ်၊ ထောပတ်ကြည် ဟူ၍လည်း မခေါ်ဆိုအပ်၊ ထိုအခါ နို့ရည် ဟူ၍ သာ ခေါ် ဆိုအပ်၏။
နို့ဓမ်းဖြစ်သောအခါ။ပ။ ဆီဦးဖြစ်သောအခါ။ ထောပတ်ဖြစ်သောအခါ။ ထောပတ်ကြည်ဖြစ်သောအခါ နို့ရည်ဟူ၍ မခေါ်ဆိုအပ်၊ နို့ဓမ်းဟူ၍လည်း မခေါ်ဆိုအပ်၊ ဆီဦးဟူ၍လည်းမခေါ်ဆိုအပ်၊ ထောပတ် ဟူ ၍လည်း မခေါ်ဆိုအပ်၊ ထိုအခါ ထောပတ်ကြည်ဟူ၍သာ ခေါ်ဆိုအပ်၏။
စိတ္တ ဤအတူသာလျှင် ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရသောအခါ။ပ။
စိတ္တ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရသောအခါ။ပ။
စိတ္တ ရုပ်မရှိသော အတ္တဘောကို ရသောအခါ ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ရ၏ဟုမခေါ်ဆိုအပ်၊ (ဈာန်) စိတ်ဖြင့် ပြီးသော အတ္တဘောကို ရ၏ဟုလည်း မခေါ်ဆိုအပ်၊ ထိုအခါ ရုပ်မရှိသောအတ္တဘောကို ရ၏ဟူ၍သာ ခေါ်ဆိုအပ်၏။
စိတ္တ ဤ (အတ္တဘောကို ရခြင်းဟူသော) အရာတို့သည် လောကအမည်များ, လောကအဆိုများ, လောကအခေါ်အဝေါ်များ, လောကပညတ်များ ဖြစ်ကုန်၏၊ ယင်းအမည်ပညတ်တို့ဖြင့် မြတ်စွာဘုရားသည် မှားယွင်းစွာ မသုံးသပ်မူ၍ ခေါ်ဝေါ်ပြောဟောတော်မူ၏ဟု မိန့်တော်မူ၏။
၄၄၁။ ဤသို့ မိန့်တော်မူသော် ပေါဋ္ဌပါဒပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ –
”အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မှောက်ထားသည်ကို လှန်ဘိသကဲဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီး တန်ဆောင်ကို ဆောင်ပြဘိသကဲဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာ လျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွနု်ပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ် ရာ ဟူ၍ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွနု်ပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ” ဟု လျှောက်၏။
၁။ အတ္တဘောကိုရခြင်း ဟူသည်မှာ ခန္ဓာကိုယ်ကိုရခြင်း, ခန္ဓာတို့၏ အသစ်ဖြစ်ခြင်း ပင်တည်း။
၂။ ဤကြမ်းတမ်းထင်ရှားသော ထိုအတ္တဘောကို ရခြင်း၏ သရုပ်ကို ဝေဖန်ဖော်ပြ ခဲ့ပြီးဖြစ်သောကြောင့် ဤနေရာ၌ အကျဉ်းမျှသာ ပြတော်မူသည်။
၃။ ဤဈာန်စိတ်ဖြင့်ပြီးသော အတ္တဘောကို ရခြင်း၏ သရုပ်ကို ဝေဖန်ဖော်ပြပြီးဖြစ်သောကြောင့် ဤနေရာ၌ အကျဉ်းမျှသာ ပြတော်မူသည်။
၄။ ဤရုပ်မရှိသော အတ္တဘောကို ရခြင်း၏ သရုပ်ကို ဝေဖန်ဖော်ပြပြီး ဖြစ်သောကြောင့် ဤနေရာ၌ အကျဉ်းမျှသာ ပြတော်မူသည်။
၅။ ဤအရာတို့၌ အချည်းနှီးဖြစ်၏ ဟူသည်မှာ မရှိ ဟု ဆိုလိုသည်။
ဆင်ဆရာ့သားစိတ္တ ရဟန်းအဖြစ်ကို တောင်းခြင်း
ဆင်ဆရာ့သား စိတ္တသည်ကား မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ –
”အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မှောက်ထားသည်ကို လှန်ဘိသကဲဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကိုပြောကြားဘိသကဲဲ့သို့လည်းကောင်း၊ မျက်စိ အမြင် ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင် ကို ဆောင်ပြဘိသကဲဲ့သို့လည်းကောင်း အသျှင်ဘုရား ဤအတူသာလျှင်မြတ်စွာဘုရား သည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွနု်ပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ် ပါ၏၊ အသျှင်ဘုရား အကျွနု်ပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ ၏၊ ရဟန်းအဖြစ်ကိုရလိုပါ၏”ဟု လျှောက်၏။
ဆင်ဆရာ့သား စိတ္တသည် မြတ်စွာဘုရားထံ၌ ရှင်အဖြစ်ကို ရ၏၊ ရဟန်းအဖြစ်ကို ရ၏၊ ရဟန်းဖြစ်၍ မကြာသေးမီ ဆင်ဆရာ့သား အသျှင်စိတ္တသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေ လွှတ် ၍ နေ၏၊ ထိုသို့ နေသည်ရှိသော်လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်သော အမျိုးသားများ လိုလားအပ်သော အကျင့်မြတ်၏အဆုံးဖြစ်သော အတု မရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ ဟု သိ၏၊ ဆင်ဆရာ့သားအသျှင်စိတ္တသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်တော်မူလေသတည်း။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်