နိဒါန်း
နိုင်ငံတနိုင်ငံရ့ ပြုမူဆောင်ရက်ပုံတွေကို လေ့လာဆန်းစစ်တ့အခါမှာ အမျိုးသားအကျိုးစီးပွား ဆိုတဲ
သဘောတရားဟာ အလွန် အရေးကြီးလှပါတယ်။ ဒီသဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက
သွေးချောင်းစီး စစ်ပွတွေ ဆင်နွှဲခ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို
ညှဉ်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲပါတယ်။ ဒေသတွင်း
မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပ ဒီသဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့
အကျိုးစီးပားကို တခြားနိုင်ငံက ထိခိုက်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစာ
အတူတကွ ယှဉ်တွနေထိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။
Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံတေအနေန့ ခွခြမ်း
စိတ်ဖြာ ထားတာဖြစ်တ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျုးစီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ
လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခ့ပါတယ်။ (၁၈၄၈) ခုနှစ်မှာ Lord Palmerston ကလဲ “ငါတ့ဆမှာ ထာဝရ
မိတဆေဆတာ မရှဘး။ ရေရညတညတ့နေတ ရနသဆတာလ မရှဘး။ ငါတု့ရဲ့ အကျိုး
စီးပားတေကသာလျှင ထာဝရရေရညတညတနေတ အရာတေ ဖြစ်တအတက ဒအကျိုး စးပွားတေက
ဆောငကျဉ်းပေးနိုငဖို့ကသာ ငါတု့ရဲ့ တာဝန်ဖြစ်တယ” လို့ အဆိုရှိခဲ့ဖူးပါတယ်။
တကယ်တော အမျိုးသားအကျုးစီးပွားဆိုတဲ သဘောတရားဟာ အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊
ဒီသဘောတရားကို နိုင်ငံခေါင်းဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ
ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျုးသားအကျိုးစီးပားဆိုတာအပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံး
ရတဲ အမျိုးသားရေးမူဝါဒတွေန့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေးအင်အား၊
စီးပားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင်
မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသဏ္ဍာန်တွေန့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပ အရေးကြီး
လှပါတယ်။ အမျိုးသားအကျိုးစီးပွားရ့ အနက်အဓိပ္ပာယ်တေနဲ့ တွေးမြင်ယူဆပုံတွေ၊ အမျိုးအစား
ကွပြားမှုတွေ၊ သဘောတရား နားလည်မှုအပေါ်ကို လွှမ်းမိုးနိုင်တဲ အကြောင်းအချက်တွေကို ကွကွ
ပြားပြား သိမြင်မှသာ နိုင်ငံတနိုင်ငံရ့ အနာဂတ်အတွက် အရေးပါလှတဲ ဒီသဘောတရားကို ကောင်းမန်
ထိရောက်စာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားဆုရာဝယ
စစ်ဘုရင်နပိုလီယံက ရုရှားကို ဆင်နွှဲခ့တဲ စစ်ပွဟာ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပားအတွက်
ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဟစ်တလာကလဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့တာတွေနဲ့
ဂျူးလူမျိုးတေကို သုတ်သင်ရှင်းလင်းခ့မှုတွေကို ဂျာမဏီရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်တာလို့
ဆိုပြန်ပါတယ်။ စတာလင်ကလဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာခံ အစိုးရတေကို ပိုလန်နဲ့ ဥရောပ
အရှေ့ပိုင်းနိုင်ငံတွေမှာ အာဏာရအောင် ကြိုးပမ်းခဲ့မှုတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အမျိုးသား
အကျိုးစီးပားအတွက် ပြုလုပ်ခဲ့တာလို့ ဆိုပြန်ပါတယ်။
အီရတ်က ကူဝိတ်ကို ကျူးကျော်ခ တုန်းက အီရတ်အစိုးရကို တိုက်ခိုက်တာန့ ပတ်သက်ပြီး အမေရိကန်
သမ္မတ စီနီယာဘွတ်ခ်ျကလဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပားအတွက် စစ်ပွ
ဆင်နွှဲခ့တာလို့ ဆိုခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Benazir Bhutto ကလဲ အိန္ဒိယ ကက်စ်မီးယားဒေသ
နိုင်ငံရေး မတည်ငြိမ်မှုဟာ ပါကစ္စတန်ရဲ့ အမျုးသားအကျိုးစီးပားလို့ ယူဆတယ်လို့ လူသိရှင်ကြား
ပြောဆိုခ့ပါတယ်။ မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြရေးအတွက် သွေးချောင်းစီး
လူသတ်ပွပြုလုပ်တာ၊ တိုင်းရင်းသား လူမျုးစုတေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရ့
အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တာလို့ ဆိုကြပြန်ပါတယ်။
တကယ်တော အမျိုးသားအကျုးစီးပွားဆိုတဲ သဘောတရားကို ဓားတချောင်းဘ၀ကို ရောက်နေတာနဲ့
တူပါတယ်။ စားဖိုမှူးလက်ထဲ ရောက်ပြီး၊ ဟင်းချက်ဖို့ အသုံးပြုခံရတဲအခါကျတော အရသာရှိတဲ
ဟင်းကောင်းတခွက်အတက် အထောက်အကူပြုပါတယ်။ ထင်းခုတ်သမားလက်ထဲရောက်ပြီး ညမီးလှုံ့ဖို့
လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ အခါကျတော လူတွေကို အနွေးဓာတ်ပေးမယ့်
မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော လူတွေရ့ စည်းစိမ်
ဥစ္စာကို ခြိမ်းချောက်တဲ လက်နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော
လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။
ဒါကြောင့် အမျုးသားအကျိုးစီးပားဆိုတဲ သဘောတရား တခုတည်းန့ ကောင်းမန်တဲ သဘောတရားလား၊
ဆိုးရွားတဲ သဘောတရားလားဆိုတာကို ဘယ်သူမှ မဆိုနိုင်ပါဘူး။ ကင်စွအသးပြုသရယ၊ အသုးပြုခရတ
ပစညးရယ၊ အသးပြုလကတဲ အချန်၊ နေရာန့ အခြေအနေတေရယ၊ အသးပြုပုံနညးလမ်းရယ၊
နောကဆကတ သကရောကစေမှုရယကသာ ကောငးခြငး၊ ဆုးခြင်းက ဖောကျူးပေးနိင်တာ ဖြစပါတယ။
ဘယအရာကမှ တရားသေသတမှတထားလု့ မရပါ။ အပြညအ၀ မနကန်တ အမှနတရားလ့
သတမတလို့ မရပါ။ တကျတ့ အနကအဓိပ္ပာယ် ဖင့်ဆိုချကတေ ဖောဆောငလု့မရပါ။
အခြေအနေ၊ အချိန်အခါအရ အနက်အဓိပ္ပာယ် များစာကို လူပေါင်းများစွာက ဖော်ထုတ်ခဲ့ကြပါတယ်။
ဘယ်သူတွေက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်ဆိုတာကို လေ့လာဖို့ ဆိုသလို၊
ဒီဖွင့်ဆိုခ့မှုဟာလဲ လက်ရှိ အခြေအနေ၊ အချိန်အခါနဲ့ ထင်ဟပ်မှုရှိရဲ့လား ဆိုတာကို
စဉ်ဆက်မပြတ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
လေ့လာဆန်းစစ်မှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေမှာ ဘယ်သူက ဒါကို ပြောခဲ့တာမို့ မှန်တယ်ဆိုပြီး
ပြောဆိုတတ်တာတေ ရှိပါတယ်။ ဒါတွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများပြီး၊ တိုးတက်တဲ
အတွေးအခေါ် နည်းပါးတဲ လူ့အဖွ့အစည်းတေမှာ အဖြစ်များပါတယ်။ အဒီကနေ အပြန်အလှန်
လေးစားမှုရှိတဲ ဆွေးနေးငြင်းခုံမှု မဟုတ်ပဲ သူဘာလဲ၊ ငါဘာလ လုပ်နေကြတဲ တောင်စဉ်ရေမရ
အရက်သမား စကားဝိုင်းတွေ ဖြစ်သွားတတ်တာပဲ ဖြစ်ပါတယ်။
ပညာရှင်တွေ ရေးသားခဲ့တဲ ကျမ်းဂန်စာပေတွေ၊ ခေါင်းဆောင်တွေရ့ အဆိုအမိန့် စကားလုံးတွေကို
ကိုးကားတဲ့အခါမှာ သူပြောခဲ့တယ် ဆိုတာထက် သူပြောခ့တဲ အကြောင်းအရာဟာ လက်ရှိအခြေအနေ၊
အချိန်အခါနဲ့ သင့်လျော်နိုင်စေမှု၊ အသုံးဝင်မှုတွေကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဒီလို
မဟုတ်ပဲ စကားပြောနေရင်း “ဒါကို ဦးတောက်တဲ့က ပြောခဲ့တာ၊ ဒေါ်ဘုမက ပြောခဲ့တာ။ မင်းက
သူတို့လောက်ပဲ တတ်ဦးမတဲ့လား။ မင်းကဘာမို့လို့လဲ” ဆိုတာမျိုးတွေ၊ “ငါဆိုတဲ ရွှေဇီးကက်က
ပြောတာ။ ငါဘာလဲ ဆိုတာ မင်းတို့ သိတယ်မလား။ ငါပြောတာမှန်တယ်” ဆိုတာမျိုးတွေ
ပါလာပြီဆိုရင်တော အဲလိုလူမျုးဟာ အဝေးဆုံး ကနေ ရှောင်ရှားသင့်သူတွေ ဖြစ်ပါတယ်။
မရှောင်ရှားနိုင်ရင် မိမိရဲ့ အတွေးအခေါ်တေကို တိုးတက်မှု မရှိစေတော့ပ သင်းကွပ်ခံရနိုင်လို့ပဲ
ဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားဆိုတဲ သဘောတရားနဲ့ ပတ်သက်ပြီးတော့လ ပညာရှင်ပေါင်းများစွာ၊
ခေါင်းဆောင်ပေါင်းများစွာက အနက်အဓိပ္ပာယ်များစာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln
တို့က အမျုးသားအကျုးစးပွားဆတာ နင်ငံတော အတင်းမှာ မတင်းနေထင်ကြတ လ့အဖွ့
အစညးတရပလးရဲ့ အကျိုးစးပွားတေဖြစ်တ နင်ငတော ဖ့ဖြိုးတုးတကရေး၊ နိင်ငံရေးအတေးအခေါ်၊
နိင်ငံတောရဲ့ မြေပြင်ပင်နက၊ ရေပင်နက၊ ဝေဟငပိုင်နက စတာတေအပေါ်မာ ဗဟပြုတယလ့
ဆထားခဲပါတယ။
Robert Osgood ဆိုသူကလဲ အမျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး
ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတေလို့ ဆိုခဲ့ပါတယ်။ Morgenthau ကတော
အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရ့ နိုင်ငံရေး identity နဲ့
ယဉ်ကျေးမှုရေးရာ identity ကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်
စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။
ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျုးသားအကျုးစးပွားဆတာ
နိင်ငံတနင်ငံရ့ နယမြေပိင်နက၊ အချုပအခြာအာဏာ၊ political identity, cultural identity စတာတေနဲ့
ဆကစပကြောငး ယေဘယျ ဆနိုငမှာ ဖြစ်ပါတယ။ ဒီလိုဆက်စပ်မှုတွေမှာမှ ဘယ်လို အချက်တွေကို
ဦးစားပေးရမယ်၊ ဘယ်လိုအကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေရှည်
အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွခြားစိတ်ဖြာကြည့်ဖို့ လိုအပ်ပါမယ်။ ဒီလို မစိတ်ဖြာခင်မှာ
အမျိုးသားအကျိုးစီးပွားကို ဒဿနိကဗေဒရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲဆိုတာကို
ရေးသားတင်ပြလိုပါတယ်။
ဒဿနိကဗေဒရှုထောငမှ လေလာခြငး
အမျိုးသားအကျိုးစီးပွားဆိုတဲ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ်
တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ စာတွေထမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့
အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတ ကိုယ်ကျင့်တရားကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း
ဆိုထားခ့ပါတယ်။ အဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီး
နိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ ကာလ
ဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခ့တာဖြစ်ပါတယ်။
medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသား
အကျိုးစီးပားန့ ပတ်သက်တဲ တွေးခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ၀ိညာဉ်တွေ
ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည်ဆန်းစစ်ခံရမှာ ဖြစ်တဲ့အတွက် ပြုမူဆောင်ရက်ချက်တွေနဲ့
ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ် လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့်
နိုင်ငံတွေမှာကျတော ၀ိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်း ကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ
ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ဖို့န့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို မဆို
အကောင်အထည်ဖောနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။
ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တ jus ad bellum နဲ့ jus in bello
သီအိုရီတွေထမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီ
သဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ realism ၀ါဒရဲ့ အခြေခံတွေ
ဖြစ်လာခ့ပါတယ်။
စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျုးသားအကျိုးစီးပား သဘောတရားနဲ့ ပတ်သက်ပြီး
ဆိုထားခ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည်
တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့်
နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ
အခြေအနေတွေ ရှိနိုင်တယ်လို့ ဆိုထားခ့ပါတယ်။ စစ်ပွနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲအခါမှာ
အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတ တခြားဘယ်အကြောင်းအရာကိုမှ ဦးစားပေး
မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွ၊ အချိန်အတိုင်းအတာတွေန့ ပတ်သက်ပြီး
ကန့်သတ်ချက်မရှိတဲ စစ်ပွတွေကကျတော အမျိုးသားအကျိုးစီးပားအတွက် ကောင်းကျိုး မဖြစ်စေ
တဲ့အတက် မိုက်မဲရူးသွပ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့
သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက
လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။
(၂၀) ရာစု ကာလထဲမှာတော Hans Morgenthau ရဲ့အတေးအခေါ်တွေက အမေရိကန်န့
ကမ္ဘာတ၀ှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံတွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပ သူတို့ရဲ့ အမျိုးသား
အကျိုးစီးပားကိုပ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို
ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော်တော
များမှာတော သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။
ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူလုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပားကို
ကာကွယ် စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင်တော ကမ္ဘာ့ငြိမ်းချမ်းရေးန့
ဒေသတွင်း ငြိမ်းချမ်းရေးတွေ အတွက် အန္တရာယ်ရှိလာပါပြီ။ နိုင်ငံတွေဟာ စီးပားရေးနဲ့ စစ်ရေးဆိုင်ရာ
ကိုယ်ပိုင်အမျိုးသား အကျုးစီးပွားကို အကြောင်းပြုပြီး၊ နယ်ချ့ စနစ်ကို ကျင့်သုံးလာတဲ့အခါ
စစ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေအနေနဲ့ တကမ္ဘာလုံးအတက် အကျုးကျေးဇူး
ဖြစ်ထွန်းစေတာတွေထက်စာရင် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားလေ့
ရှိကြပါတယ်လို့ သူက ဆိုခဲ့ပါတယ်။
နိုင်ငံတနိုင်ငံရ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားဆိုတာက အလွန်အရေးပါတာ
မှန်ပေမယ့် ပါဝါပေါ်အခြေတည်ပြီး ထည့်သွင်းစဉ်းစားမှု လုပ်ဖို့ လိုတယ်လို့ သူက
အကြံပြုထားခ့ပါတယ်။ အမျုးသားအကျုးစးပွားက အခြေခံပြး မ၀ါဒတရပ်မချမတခငမှာ ဒမ၀ါဒက
ကျင်သးအကောငအထညဖောခြငးအားဖြင် နိင်ငံတော်ရဲ့ National Power က တးမြငစေတာလား၊
အားလျောစေတာလားဆတာက ထညသင်းမှုတေ ပြုလပ်လို့ရရင် နင်ငံတောအနာဂတအတက
ကောငးမွနတ့ မ၀ါဒတေ ပေါ်ထကလာနိုငတယလို့ ဆိုထားခဲ့ပါတယ်။
သူ့ရဲ့ အယူအဆတွေကို ကန့်ကွက်သူတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပေမယ့်၊
ဒီအယူအဆတေထဲမှာ rational ဖြစ်တဲ အချက်အလက်တွေလဲ အများအပြား ပါဝင်နေပါတယ်။
တိုင်းပြည်တပြည်ရ့ National Power ဆတာက လဦးရေ၊ တညနေရာ အနေအထား၊
ရာသဥတအခြေအနေ၊ သဘာဝသယဇာတ၊ ထတလပ်မှုစွမ်းအား၊ စးပွားရေးအင်အား၊ စစ်အငအား စတ
tangible elements တေသာမက ဥးဆောငမှု၊ ဖွ့စညးတညဆောကပ၊ အစးရအမျုးအစား၊
လူ့အဖ့အစညး ညညတ်မှု စတ့ intangible elements တေန့ပါ တုငးတာရတာဖြစပါတယ။
တချို့အစိုးရတွေက အမျိုးသားအကျိုးစီးပွားဆိုတဲ သဘောတရားကို အသုံးပြုပြီး စစ်အင်အား
ကြီးထွားလာအောင် ဦးစားပေး ဆောင်ရက်တတ်ကြပါတယ်။ အဒီအခါမှာ စစ်အသုံးစရိတ်
ကြီးမားတဲ့အတက် တိုင်းပြည်ရဲ့ စီးပွားရေးဖံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတော့တယ်။ စီးပားရေ
းအင်အားမှာ ယုတ်လျော့အားနည်းလာပါတယ်။ ဒါကြောင့် Hans Morgenthau ဆိုထားခဲ့သလိုပ
နိုင်ငံတွေဟာ အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို
ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊
အခင်းအကျင်းတွေမှာ အသုံးဝင်တဲ အယူအဆတရပ်ဖြစ်ပါတယ်။
စစ်အင်အား ကြီးထွားလာအောင် ပြုလုပ်တာ၊ ခေတ်မီဖွံ့ဖြိုးသော တပ်မတော်တရပ်ပေါ်ထွက်လာအောင်
ပြုလုပ်တာတွေဟာ စီးပွားရေး ခိုင်မာတောင့်တင်းမှ တိုင်းပြည်ရ့ ဂျီဒီပီများလာမှ
ဦးစားပေးလုပ်ဆောင်ရမယ့် အရာတေ ဖြစ်ပါတယ်။ ငွေတမတ်န့ ငါးကြင်းခေါင်း ကိုင်ချင်လို့ မရပါ။
အိမ်တအိမ်မှာရှိတဲ အိမ်ထောင်ဦးစီးဟာ အိမ်တအိမ်လုံးရဲ့ ၀င်ငွေ ဆယ်သိန်းရှိနေချိန်မှာ အိမ်ကို
ကာကွယ်ဖို့ဆိုပြီး တသောင်းတန် ဓားတလက်ဝယ်တာက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ၀င်ငွေ
နှစ်သောင်းရှိနေချိန်မှာ တသောင်းတန်ဓားဝယ်မယ်ဆိုရင်တော အိမ်ကလူတွေ အစာရေစာ မ၀ပဲ ငတ်ဖို့
များပါတယ်။
ဒီလိုအိမ်ထောင်ဦးစီးမျိုးက အိမ်ရ့ အကျိုးစီးပားအတွက် ဒီဓားကို ၀ယ်ရတာပါလို့ ဘယ်လောက်ပဲ
လူကြားကောင်းအောင် ဟစ်နေနေ၊ ဒါကို ရူးသွပ်မှု လို့ပဲ လူအများက သုံးသပ်ပါလိမ့်မယ်။ ပိုပြီး
ဆိုးတာက အဒီဓားကြီးကို ကိုင်ပြီး အိမ်က လူတွေကို ခုတ်မယ်တကဲကဲ ဖြစ်နေတဲ အခြေအနေမျိုးပါ။
အိမ်တအိမ်မှာ အလိုအရူးက အိမ်ထောင်ဦးစီး လုပ်နေလို့ မရတာကတော အသေအချာပါပဲ။ အရူးကို
မဖယ်ရှားနိုင်ရင်တော အဒီအိမ်တအိမ်လုံး ဒုက္ခဆင်းရဲ ကြုံကြရမှာပါ။
နိုင်ငံတွေမှာလဲ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တ နိုင်ငံကြီးတွေတိုင်းမှာ စစ်အသုံးစရိတ်ကို
တိုင်းပြည်ဂျီဒီပီရ့ ၁ ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ သုံးစွကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဂျီဒီပီများလေ
စစ်အသုံးစရိတ်ကလဲ ကြီးလာလေလေပါပဲ။ နိုင်ငံရဲ့ National Power ကလဲ တိုးလာလေလေပါပဲ။
ရေမြင့်လို့ ကြာတင့်တာဖြစ်ပါတယ်။ အလိုမဟုတ်ပဲ တုငးပြညစးပွားရေးကလ ဆတယတ၊
စစအသုးစရတကလ ကြး၊ စစအသးစရိတကြးလာလု့ စးပွားရေးက ပဆတယတနဲ့ သသရာလညနေတ
နိင်ငံတေကတော ဘယလောကပဲ ကြိုးစားပေမယလ နင်ငတကာ စစ်အငအား အဆငအတနးကလ
မမနိုင်၊ စးပွားရေးအင်အား အဆင့်အတနးကလ ဆတယတပျကစး၊ အပ်ချုပသတေက
အဖနှိပ်ခပြညသတေက တောလန်လာကြတအတက နင်ငရေးတညငြိမမှုကလ မရ၊ နင်ငတော
အပချုပ်သများ အတကကလ ဘယအရာက ဘယအချိနမှာ ဥးစားပေးရမန်း မသပ ၀မရပဲ ၀လပ်ချင်တဲ
မိကမဲရူးသပ်နေသများအဖြစသာ ကမာက သတမတခံရန့ national power လ မရ၊
တင်းပြညသကာကျတာပဲ အဖတတင်ကျနရစ်တတပါတယ။
ရေမမြင့်တဲအတွက် ကြာလဲ မတင့်ပါ။ ဖွတ်မရ၊ ဓားမဆုံးပြီး၊ နိုင်ငံသူ၊ နိုင်ငံသားတွေမှာသာ ရေနည်းငါး
ဘ၀လို မျက်နှာငယ်ကြရပါတော့တယ်။
အမျုးအစားကပြားမှုများ
Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွခြားပြီး
ဖော်ပြလေ့ရှိကြပါတယ်။ ပထမအမျိုးအစားကတော အရေးကြီးမှုအပေါ်မှာ အခြေခံပြီး
အမျိုးသားအကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွခြားဖော်ပြပါတယ်။
ဥပမာ- စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ
အမေရိကန်ပြည်ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ
ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေရဆိုတာက အမေရိကန်ရဲ့ secondary
interest ဖြစ်ပါတယ်။
ဒုတိယ အမျိုးအစားကတော ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့
permanent interests ဆိုပြီး ခွခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ- အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို
ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power
မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။
တတိယအမျိုးအစားကတော တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့
general interests ခွခြားသတ်မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ- ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ
မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အရေးန့ ပတ်သက်တဲ ကိစ္စတွေကတော
general interest ပဲ ဖြစ်ပါတယ်။
စတုတ္ထအမျိုးအစားကတော compatibility ပေါ်မှာ အခြေခံပြီး complementary interests နဲ့
conflicting interests ဆိုပြီး ခွခြားသတ်မှတ်မှု ဖြစ်ပါတယ်။ ဥပမာ- ကိုဆိုဗိုအရေးမှာ ရုရှားနဲ့
ပူးပေါင်းဆောင်ရွက်မှုက complementary interest ဖြစ်ပြီး၊ ဆာဗ့်တွေကို ရုရှားတွေက
ကူညီမှုကကျတော conflicting interest ဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေမှာ ဒီလိုအမျိုးအစား
ကွပြားမှုတေက အလွန်အရေးကြီးပါတယ်။ ဥပမာ- တခြားနိုင်ငံတခုရ့ လူ့အခွင့်အရေးကိစ္စတေဆိုတာက
Permanent, general, secondary interests ဖြစ်ပါတယ်။
ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ လူ့အခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံငယ်တွေ အပေါ်မှာသာ
အရေးယူမှုတွေ ပြုလုပ်တတ်ပေမယ့် နိုင်ငံကြီးတွေအပေါ် ထားရှိတဲ နိုင်ငံခြားရေး မူဝါဒတွေမှာကျတော
ရှေ့တန်းတင်လေ့ မရှိတတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချုးဖောက်မှုတွေ အပေါ်မှာ
အမေရိကန်ပြည်ထောင်စု အနေနဲ့ စီးပားရေးပိတ်ဆို့ အရေးယူသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး
ဆွေးနွေးမှုတွေမှာ ဒီအချက်ကို ထည့်သွင်းပြီး ဆွေးနေးလေ့ရှိကြပါတယ်။ တရုတ်ပြည်ကို
စီးပားရေးပိတ်ဆို့အရေးယူခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်စေနိုင်မှု၊ အပြည်ပြည်ဆိုင်ရာ
ကုန်သွယ်ရေးမှာ ဆိုးဝါးတဲ အကျိုးသက်ရောက်စေမှု၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ
အားနည်းချက်ရှိစေမှု စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တေက ရေးသား
တင်ပြထားကြပါတယ်။
အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ နယူးကလီးယားအရေးန့ ပတ်သက်ပြီး တရုတ်ရဲ့ ပူးပေါင်း
ဆောင်ရက်မှု လျော့နည်းသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မြောက်ကိုးရီးယားအရေးဟာ
အမေရိကန် ပြည်ထောင်စုရဲ့ specific interests ဖြစ်ပြီး၊ တရုတ်ရဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုကကျတော general interests ပဲ ဖြစ်တဲ အတွက် ပိုပြီး အရေးကြီးတဲ
အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခ့တယ်ဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီလို competing
interests တွေဖြစ်လာတဲအခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ
ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရ့ အကျိုးစီးပွားတွေက
ထပ်တူမကျနိုင်ပါဘူး။ ဥပမာ- ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတေကို ဖိနှိပ်မှုနဲ့
ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက်က general, temporary and
secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျုးသား အကျိုးစီးပား
သတ်မှတ်ချက်ကကျတော specific, permanent and vital interests ဖြစ်သွားပါပြီ။ ဒီလိုပါပဲ။
မြန်မာအရေးန့ ပတ်သက်ရင်လဲ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေက
မတူညီပါဘူး။ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ဆိုင်တဲ့အတက်
general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို
ထိန်းချုပ်ရေးန့ ဆိုင်တာဖြစ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ
တွစပ်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ရှိပါတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ
နိုင်ငံတနိုင်ငံဖြစ်နေတာကတကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ
ရေနံနဲ့ သဘာဝဓာတ်ငေ့တွေကို အမေရိကန် ရေတပ်ထိန်းချုပ်ထားတဲ မလက်ကာရေလက်ကြားကနေ
တဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေ တဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလားအလာ ရှိနေတာ၊
မဟာဗျူဟာ စီမံကိန်းတေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ
တခုဖြစ်နေတာက တကြောင်း စတာတေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital
interests ဖြစ်နေပါတယ်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်
လာရင် ဘယ်တော့မှ ထိပ်တိုက် ဖြစ်လာနိုင်စရာ အကြောင်း မရှိပါ။ အမျိုးသား အကျုးစီးပွား နှစ်ခု
ထပ်တူ မကျနေတဲအတွက် vital interests အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ နယ်မြေဒေသကို
secondary interests အဖြစ် သတ်မှတ်ထားတဲ အမေရိကန်က စစ်အင်အားသုံးပြီး ၀င်လာနိုင်စရာ
အကြောင်း မရှိရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို
သတိမမူတဲ့အခါ မလိုလားအပ်တဲ နောက်ဆက်တွပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ -
မြန်မာအတိုက်အခံတွေအနေနဲ့ အမေရိကန်တွေကပဲ အီရတ်ကို ၀င်သလို မြန်မာပြည်ကို ၀င်လာလေ
မလားဆိုပြီး စိတ်ကူးယဉ်မိသွားတတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အီရတ်က အမေရိကန် အတွက် vital
interests ဆိုတာကို သတိပြုမိဖို့ လိုအပ်လှပါတယ်။ ဒီလို သတိမမူ၊ ဂူမမြင်တာတွေ များလာတဲ
အခါကျရင် “အမောင်၊ တောင်မှန်း၊ မြောက်မှန်း မသိ” ဖြစ်ကိန်း ဆိုက်တတ်တာကြောင့်ပါ။
နာဂစ်ကာလတုန်းက အမေရိကန်တပ်တွေ မြန်မာပြည်ကို ၀င်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် Responsibility to Protect ထဲမှာ ပြဌာန်းထားတဲ အချက်တွေထဲမှာ သဘာဝ
ဘေးအန္တရာယ်ဆိုတဲ စကားလုံး မပါဝင်ပါဘူး။ ဆွယူအသုံးပြုမှသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ဒီလိုဆွယူအသုံးပြုပြီးမှ ပြင်သစ်က ဦးဆောင်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပါတယ်။
လုံခြုံရေးကောင်စီဆိုတာကလဲ log-rolling problem ရှိတဲ့အတက် လုံခြုံရေးကောင်စီရ့ ဆုံးဖြတ်ချက်
မကျလာပါဘူး။ အဒီအခါမှာ ကမ္ဘာ့ကုလသမဂ္ဂက authorised လုပ်တဲ multilateral intervention
မဟုတ်တဲ coalition အသွင်သဏ္ဍာန်န့ multilateral intervention တွေ၊ unilateral intervention
စတာတေကို ထပ်မံတောင်းဆိုကြပါတယ်။ ဒါပေမယ့် ၀င်ရောက်ခြင်း မပြုခဲ့ကြပါဘူး။
အဓိကကတော ဖြစ်တဲ ကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တ
အစိုးရရဲ့ လျစ်လျူရှုမှု ဖြစ်တဲ အတွက် တခြားနိုင်ငံတွေအတွက် general, temporary, secondary
interests ဖြစ်နေရခြင်းကြောင့်ပါပဲ။ နိုင်ငံတကာ ဥပဒေအရမှာလဲ legitimized intervention
မဖြစ်နိုင်တဲအတွက် နောက်ဆက်တွပြဿနာတွေ အများအပြား ရှိလာနိုင်လို့ဖြစ်ပါတယ်။ ဒီလို
အမျိုးသားအကျိုးစီးပွား သဘောတရားကို သတိမမူတဲ အတိုက်အခံတေက ဒါကို နိုင်ငံတကာက
ပါးစပ်န့ပဲ ပြောတယ်၊ ဘာရယ်နဲ့ အပြစ်တင်ဝေဖန်ကြပြန်ပါတယ်။ အာဏာရှင်ဘက်တော်သားတွေကလဲ
အမေရိကန်န့ ဥရောပတို့ကပဲ သူတို့ရဲ့ စစ်အင်အားကို ကြောက်လန့်လို့ မ၀င်ရဲသလိုလို
ဆိုကြပြန်ပါတယ်။
ဒါကို အကြောင်းပြုပြီး တဘက်နဲ့ တဘက် အင်တာနက်ပေါ်မှာ ငြင်းခုန်ရန်ဖြစ်နေကြသူတွေကလဲ
ရှိပြန်ပါသေးတယ်။ တောထမှာ အလေကျပေါကတ အရွကက ခမှ စမြငသအချင်းချင်း တယောကက အေ
အရကလို့ပြော၊ နောကတယောကက ဘ အရကလ့ ပြောပြီး ငြငးနေကြတာန့ အတတပါပဲ။ အချိနကန်၊
လပမ်းပြး ဘာမလ အကျုးရှိတာ မဟတပါ။
ဒီကြားထဲ ကိုးကိုးကျန်းကို အမေရိကန်ရေတပ်ကို နှစ်တရာတပ်စခွင့်ပေးပြီး၊ မြန်မာကို အမေရိကန်
ဝင်ပေးပါလို့ ပြောပေးကြပါ ဆိုတဲ စာတေကလဲ ထွက်လာပြန်ပါသေးတယ်။ ဒီထက် ပိုဆိုးတာက
ဘင်္ဂလားဒေ့ရှ်န့ မြန်မာ ရေပိုင်နက် အငြင်းပွားတာကို စစ်ဖြစ်လာရင်တော ဘင်္ဂလားဒေ့ရှ်ဘက်ကနေ
အမေရိကန်က ၀င်ကူညီပေးပြီး မြန်မာအာဏာရှင်စစ်တပ်ကို တိုက်လိမ့်မယ် ဆိုတာမျိုးတွေ ပြောပြီး
မြန်မာလူထုကို မဆက်စပ်၊ မသက်ဆိုင်တဲ့ အတွေးမှား၊ မျှော်လင့်ချက်မှားတွေ ပေးတာမျိုးဖြစ်ပါတယ်။
ဒီလိုကိစ္စမျိုးတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတနိုင်ငံရ့ permanent and vital
interests နဲ့ သက်ဆိုင်တဲ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်က “အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ” ဆိုတာ မရှိနိုင်ကြောင်း ပြောဆိုထားခ့ဘူးပါတယ်။
နိုင်ငံ ခေါင်းဆောင်များစွာကလဲ အမြဲတမ်း မဟာမိတ်၊ အမြဲတမ်း ရန်ဘက် ဆိုတာ မရှိနိုင်ကြောင်း
မီးမောင်းထိုးပြခဲ့ပြီး ဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ဖို့ လိုအပ်တဲ အဓိက
အချက်ကတော စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အမျုးသား အကျိုးစီးပားကို
မဆောင်ကျဉ်းပေးနိုင်တဲ အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ National Power ကို လျော့ကျစေ
နိုင်တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို
ဆန့်ကျင်ကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါဟာ မြနမာနင်ငံမှာ နိင်ငံရေး၊ စးပွားရေး၊
လမှုရေးအခြေအနေအရပ်ရပကနေ မြနမာတမျုးသားလုးက တောငးဆလာတ temporary interests ပဲ
ဖြစ်ပါတယ။ ဒါပေမယ ဒအတက permanent and vital interests ဖြစ်တ နယမြေပိင်နက၊
အချုပ်အခြာအာဏာ စတာတေက ဘယသကမ ဘာအကြောင်းကြောင့်မ compromise လပ်လို့
မရပါဘး။
ကိုယ့်ရန်သူရဲ့ ရန်သူတိုင်းကို မိတ်ဆွေဖွ့လို့ မရပါဘူး။ ကိုယ့်ရန်သူရဲ့ မိတ်ဆွေတိုင်းကို ရန်သူ
သတ်မှတ်လို့ မရပါဘူး။ အမျိုးသားအကျိုးစီးပားန့ ပတ်သက်တဲ အကြောင်းအရာတွေကို ဘယ်လို
အဖွ့အစည်း၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ လက်လွတ် စပယ် လုပ်ကိုင်ဆုံးဖြတ်လို့ မရပါဘူး။ ဒီလိုပါပဲ။
နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ အကြောင်းအရာတွေဟာလ
အမျိုးသား အကျုးစီးပွားနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရေးစနစ် မှန်ကန်ကောင်းမွန်
လာချိန်ကျမှ ဒိုင်ယာလော့ခ် ဆွေးနွေးပတွေ၊ ပြည်သူ့ဆန္ဒခံယူပွတွေနဲ့ စဉ်းစားသတ်မှတ်ကြရမယ့်
လုပ်ငန်းဆောင်တာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ လူမျုးစုသတ်မှတ်ရေး၊ နယ်မြေပိုင်နက်
ခွဝေသတ်မှတ်ရေး ကိစ္စရပ်တွေ အားလုံးကို ဘယ်လိုလူတွေက ဘယ်လိုကတိတွေပဲ ပေးထားခဲ့သည်
ဖြစ်စေ၊ ဘယ်လိုနိုင်ငံတွေက ထောက်ခံမှုပြုသည်ဖြစ်စေ ဒါတွေဟာ အကျုံးမ၀င်ပါဘူး။
ဘာတွေပဲ ပြောနေနေ လက်တွေ့မှာကျတော မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ
ကာလပတ်လုံး မြန်မာတမျိုးသားလုံးရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ လူ့ဂုဏ်သိက္ခာတွေ
ကျဆင်းနေမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရင်တေရဲ့ သေးခွအပ်ချုပ်မှုတေ၊ အမ်ကြကချငး အးမဲသပ်ပြး
ခွပခိုင်းမှုတေ ရနေသမျှကာလပတလး အမျိုးသားသေးစညးညညတရေးနဲ့ တနးတညမျှရေး က
အကောင်အထညဖောနိုငမှာ မဟတပါဘး။ မြန်မာနင်ငံရဲ့ အမျုးသားအကျူးစီးပားက တကရိုက
ဖျကဆးနေတာက စစအာဏာရှငစနစ်သာ ဖြစ်ပါတယ။ တပ်မတော်မဟုတ်ဘူး။ ဒါပေမယ့် စစ်တပ်ဟာ
စစ်အာဏာရှင်စနစ်ရ့ လက်ကိုင်ဒုတ်ဖြစ်နေတဲအတွက် ဖျက်ဆီးသူတွေထဲမှာ ပါဝင်နေတယ်။
ရဲတပ်ဖ့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ မတရားတဲ ဥပဒေတွေကို ရဲတပ်ဖ့က
အသုံးပြုနေကြရတယ်။ ကြံ့ဖွံ့တွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်ဒေါက်တိုင်အဖြစ် စနစ်ကို
ထောက်မထားသလို ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသားအကျိုးစီးပားကို ကာကွယ်စောင့်ရှောက်ဖို့
တပ်မတော်ထ၊ ရဲတပ်ဖွ့ထဲ၊ ကြံ့ဖွံ့ထဲ ၀င်ရောက်ခ့သူတွေဟာ ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး
အာဏာရှင်စနစ်ကို ဖီဆန်ဆန့်ကျင်ဖို့ လိုအပ်လှပါတယ်။
ယနေ့မြနမာနိုင်ငရေး အခြေအနေမာ စစ်အာဏာရင်စနစဆုး အောကကနေ လတမြောကရေးအတက
တပမတော်၊ ပြညသ့ရတပ်ဖွ့ အပါအ၀င် မြနမာ တမျိုးသားလး လကတပြီး လတမြောကရေး
လှုပရှားမှုကြးက ဖောဆောင်နင်ဖို့က လကတေ့ကျသော လပငန်းစဥ တကပွဝငလမ်းကြောင်း
တရပ်အဖြစ် လအပ်နေပြီ ဖြစ်ပါတယ။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုဆိုတာကို အချို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊
အမျိုးသား သွေးစည်း ညီညတ်ရေးတို့နဲ့ ယှဉ်ပြီး ပေါ်ထွက်လာတယ်လို့ ထင်တတ်ကြတယ်။ ဒါတွေဟာ
strategy framework သဘောတရားအပေါ်မှာ ကွလွစာ နားလည်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဘယလလုပငန်းဆောငတာမှာမဆ ends (အဆးသတ ပန်းတင)၊ ways (သားမယလမ်းကြောင်း) န့
means (resources) သးမျုး ဟနချကညမှ အောင်မြင်နင်တာ ဖြစတယ။
ကျောင်းသားတယောက်က ဘ၀မှာ ဘွ့တခုရဖို့ လိုအပ်တယ်လို့ ယူဆတယ်။ အဒီအခါမှာ ဘွ့ရဖို့ဆိုတဲ
ရည်မှန်းချက်ကို ထားတယ်။ ဘွ့ရဖို့ ကြိုးစားမယ်ဆိုပြီးတော့လဲ မိဘဆွေမျိုး အသိုင်းအ၀ိုင်းကို
ကြေညာတယ်။ ဒါက ends ဖြစ်တယ်။ ဒါပေမယ့် ဒါတခုတည်းနဲ့တင် မပြီးသေးဘူး။ ဒီလိုဘွ့ရဖို့အတက်
ဆယ်တန်းအောင်ရမယ်၊ တက္ကသိုလ် တက်ရမယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စာမေးပတွေ
အဆင့်ဆင့် ဖြေရမယ်။ ဒါက ways ဖြစ်တယ်။ ဒီလိုရှိရုံလောက်နဲ့လဲ မရသေးဘူး။ ဘွ့ရဖို့ဆိုတဲ
ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်း အဆင့်ဆင့်မှာ အချိန်ကုန်မယ်၊
ငွေကုန်မယ်၊ လူရဲ့ ကြိုးပမ်းအားထုတ်မှုတေ ရှိမယ်။ ဒါတွေက means တွေပ ဖြစ်တယ်။
မြန်မာပြည်အရေးမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး
ဆိုတာတွေက မြန်မာနိုင်ငံ အနာဂတ်အတွက် လိုအပ်တဲ အမျိုးသားအကျိုးစီးပွားတေ ဖြစ်တယ်။
တမျိုးသားလုံး ဦးတည်ရမယ့် ပန်းတိုင် ends ဖြစ်တယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး
လှုပ်ရှားမှုဆိုတာက ဒီပန်းတိုင်ကို ရောက်အောင်သားဖို့ လမ်းကြောင်းအဆင့်ဆင့်ထဲက အဆင့်
တဆင့်သာပဲ ဖြစ်ပါတယ်။ ways တွေထဲက တဆင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် လပငန်းဖော်ဆောငမှုတေမှာ strategic picture တခလးက ခြုံငုံကြညပြီးမှ complementary
interests လား၊ competing interests လားဆတာ မှနမှနကန်ကန သးသပနိုငဖို့ လအပ်လပါတယ။
ဒလမဟတပဲ သဘာလ၊ ငါဘာလဲ လပနေလ့ကတော ဟသာကုးသန်း ပျကကန်း ကြုပါလမမယ။
ပင်လယ်ထဲ သင်္ဘောပျက်နေချိန်မှာ အသက်ကယ်လှေတွေပေါ် လူတွေရောက်ဖို့က အရေးကြီးပါတယ်။
သင်္ဘောပျက်နေမှ သင်္ဘောဆောက်ပြီး ကယ်ဖို့ လုပ်နေလို့မရပါဘူး။ သင်္ဘောဆောက်တာကတော
ရေရှည်အတက် ဆောက်ဖို့ လိုမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီသင်္ဘောနဲ့ပဲ ကယ်မယ်လုပ်နေလို့တော
မရပါဘူး။
ရေတို၊ ရေရှည် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ရေရညပ အာရစိုကနေရင်
နောကတန့်ပါတယ။ ရေတပဲ အာရုံစကနေရင ရှေ့ကျပါတယ။ ဟနချကမညရင် အောင်မြငမှု ရမှာလ
မဟတပါ။ ပြည်တွင်းပဋ္ဋိပက္ခမှာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပဋ္ဋိပက္ခတွေမှာပ ဖြစ်ဖြစ်
အမျိုးသားအကျိုးစီးပွားဆိုတာက မူဝါဒတွေ၊ မဟာဗျူဟာတေကို အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားရ့ အမျိုးအစားကွပြားမှုတွေ အပေါ်မှာ အခြေခံပြီးမှ strategy framework ကို
ချမှတ်မယ်ဆိုရင် အောင်မြင်ဖို့ အလားအလာတွေ ပိုရှိမှာ ဖြစ်ပါတယ်။
နိဂး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ အမျိုးသားအကျိုးစီးပားဆိုတ သဘောတရားကို အတိုချုပ်အနေနဲ့
ရေးသားတင်ပြပြီး မြန်မာပြည်နဲ့ ဆက်စပ်တဲ အကြောင်းအရာအချို့ကို ယေဘုယျဥပမာအနေနဲ့
ထည့် သွင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျုးသား အကျိုးစီးပားကို သီးသန့်
ရေးသားထားတဲ ဆောင်းပါး မဟုတ်ပါဘူး။ ရေးသားထုတ်ဝေဖို့ လိုအပ်သော အချိန်ကာလ
မဟုတ်သေးပါ။ အိန္ဒိယစာ၊ ဘိုစာ၊ တရုတ်စာ ချက်စားဖို့ နေနေသာသာ မီးဖိုထဲ ဝေးလို့ အိမ်ထဲ တောင်
ရောက်သေးတာ မဟုတ်ပဲ ဘိုစာကောင်းတယ်၊ တရုတ်စာ ကောင်းတယ်နဲ့ ငြင်းခုန်ဆေးနွေးမှုတွေကိုလဲ
စိတ်ပါဝင်စားမှု မရှိလှပါ။ အနယစာ ချကလသက တကယချကရမယအချန်မှာ မန်မှနကန်ကန
ချကတတအောင ပြင်ဆငလေလာထားဖို့၊ ဘုစာ ချကလသက မးဖထရောကမ ဟဟာမသိ၊ ဒဟာမသနဲ့
အဂလန်မ စားဖမှူးများ ပြနပင့်နေရတ ဘ၀ မရောကဖို့၊ တရတစာ ချကလသကလ မီးဖထရောကမ
ရွာရိုးကးပေါက ပြန်ထကလျှောကပြး သားလးဓား လက်ရှာနေရတ ဘ၀မရောကဖို့ကသာ
ကယ့်အသနှငကယ် ၀င်းဝနးကြိုးပမး ပြငဆငထားသငပါကြောငး ရေးသားတင်ပြလိုက်ရပါတယ်။
ရညညန်းကးကား-
St. Thomas Aquinas, Summa Theologica, 2-2ae, Quest. 40, Art. 1 in Aquinas, Selected Political
Writings, trans. J. G. Dawson (Oxford: Blackwell, 1948).
Hans J. Morgenthau, Politics Among Nations (6th ed.; New York: Knopf, 1985).
Niccolo Machiavelli, The Prince and the Discourses (New York: Random House, 1940).
Morgenthau, “Alliances in Theory and Practice,” in Arnold Wolfers, ed., Alliance Policy in the Cold
War (Baltimore: Johns Hopkins Univ. Press, 1959).
Donald E. Nuechterlein, America Overcommitted: United States National Interests in the 1980s
(Lexington: Univ. of Kentucky Press, 1985)
K. J. Holsti, International Politics: A Framework for Analysis, 5th ed. (Englewood Cliffs, N.J.:
Prentice Hall, 1988)
Paul M. Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict
from 1500-2000 (New York: Random House, 1987)
Barry O’Neill, “Power and Satisfaction in the United Nations Security Council,” Journal of Conflict
Resolution, 40 (June 1996), 219-37;
Stephen M. Wait, “The Search for a Science of Strategy, A Review Essay,” International Security,
Summer 1987, Vol. 12, No. 1, pp. 142-143