=============
နှလုံးအိမ်တွင်း၌ စန်းရေပွက်သကဲ့သို့ တလက်လက် တလင်းလင်း တဖွါးဖွါး မပြတ်မစဲ အမြဲဖြစ်ပေါ်၍ နေသော ဘဝင်စိတ်ကို မနောအကြည် ဆိုသည်။
ထိုဘဝင်စိတ်- ဟုဆိုအပ်သော မနောအကြည်သည် ရှေးဘဝ ဟောင်းနှင့် စပ်သော
အာရုံကိုသာ အာရုံပြုသည်ဖြစ်၍လည်းကောင်း၊ ထိုသို့ပြုသော်လည်း
ထင်လင်းသောပြုခြင်း မဟုတ်၊ မထင်မရှားသော ပြုခြင်းသာဖြစ်၍ လည်းကောင်း၊
အဘယ်ကိုအာရုံပြုသည်ဟု ပုဂ္ဂိုလ် သဏ္ဌာန်မှာ ပေါ်တော့ သည် မဟုတ်။
တစ်ညဥ့်လုံး အိပ်၍နေရာ အိပ်မက်မှာကိုလွှတ်၍ ဘဝင်စိတ်အာရုံပြုချက်နှင့် ငါသည်-ဘယ် အာရုံကို တွေ့မြင်ရသည်ဟု မသိလေ။ ထိုဘဝင် ဟူသော မနောအကြည်လည်း မြစ်ရေအစဉ်ကဲ့သို့ ဖြစ်၍နေစဉ်အခါ ထိုပုဂ္ဂိုလ် သည် သေငယ်သေ၍ နေသတည်း။
အကြင်အခါ နေဝန်းလဝန်းစသော အာရုံနိမိတ်သည် စက္ခု အကြည် စသော အကြည်ငါးမျိုးတို့မှ ဝင်၍ ထိုဘဝင်ဟူသော မနော အကြည်မှာပေါ်၏၊ ခိုက်၏။ ထိုအခါ ဘဝင်အကြည်သည် ဒုတ် လှံ ဒဏ်ထိသောြွေမကဲ့သို့ လည်းကောင်း၊ တီကဲ့သို့လည်းကောင်း၊ ဆတ် ဆတ်ခါ ထြွက၍ ပြတ်စဲပြီးလျှင် ထိုနေရာမှာ ကြယ်ဥက္ကာလုံးတွေ ပေါ်ထွက်သကဲ့သို့ ထိခိုက်လာသော အာရုံကိုသိသော ဝီထိစိတ်တွေ ပေါ်ထွက်လေ၏။ ထိုအခိုက်အတိုက် ပြယ်ပျောက်ပြန်လျှင် ကြယ် ဥက္ကာလုံးတွေ ကွယ်ပျောက်ပျက်ဆုံးသကဲ့သို့ သေပျောက် ပျက် ဆုံးလေ၏။
အကြင်အခါ၌ မြင်မှု၊ ကြားမှု၊ နံမှု၊ လျက်မှု၊ ကိုယ်မှာ တွေထိ မှုတို့မှ အလွတ်
ဖြစ်၍ ခြောက်ပါးသော အာရုံတို့သည် မနောအကြည် သက်သက်မှာ သာ ဝင်၍ထင်လာကုန်၏၊ ထိုအခါမှာလည်း ထိုဘဝင် ဟူသော မနောအကြည် သည် ဆတ်ဆတ်ခါခါ လှုပ်ြွက၍ ပြတ်စဲပြီးလျှင် အာဝဇ္ဇန်းဇောတို့ သည်ဖြစ်
ပေါ်၍ ထိုအာရုံဝတ္ထု အမှုကိစ္စတို့ကို ကြံဖန်ကုန်၏။ အထင် အခိုက် စဲပြန်လျှင် ထိုအာဝဇ္ဇန်းဇောတို့သည် ပေါ်ထွက်သော ကြယ်ဥက္ကာလုံး တွေပျောက်ကွယ် သကဲ့သို့ ပျောက်ကွယ် သေဆုံးကြလေကုန်၏။

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်