**************************
(ပြူသည် ဗြဟ္မာမှ ဆင်းသက်လာသောစကားဖြစ်ပြီး၊
မြန်မာ၊ ဗရမာတို့၏ ဆင့်ပွားအမည် တစ်ခုဖြစ်ကာ မူလရေထုံးအရစ် (ရရစ်) ပြူ ဖြစ်သော်လည်း သဒ္ဒါဖောက်ပြန်ကာ အပင့်(ယပင့်) ပျူ ရေးထုံး ဖြစ်လာသည့်အကြောင်း ရှင်းလင်းချက်)
ပြူခေတ်၊ ပြူခေတ်မြို့တော်၊ ပြူခေတ်ယဉ်ကျေးမှု ပြူစောထီးစသဖြင့် ပြူကို အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ပေပုရပိုက် တွေမှာ ရရစ်နဲ့ ပြူ လို့ ရေးခဲ့ကြပါတယ်။
ပြူကို အရစ်နဲ့သာ ရေးခဲ့ကြောင်း သာဓက အနည်းငယ် ထုတ်ပြပါ့မယ်။
*1ပုဂံရာဇဝင်ကြီးပေမူမှာ “သရေခေတ္တရာ ပြည်အရပ်၌ ကြွင်းသော မြန်မာဟူသော ပြူ တို့ကား” . . .
“မြန်မာဟူသည်ကား ပြူ့သား ပြူ့မြေးတည်း”
“သရေခေတရာပျက်ဆဲအခါ လျင်သန်မြန်မာသူကို ပြူအချင်းချင်း မြန်မာသော ပြူ ခေါ်သည်”
“ပြူ စစ်လျှင် မြန်မာဆိုသည့် ရှေးဆိုရိုးစကား . . . ”
*2 ဆရာတော် ရဝေထွန်းကလည်းသရေခေတ္တရာ ၏ နောက်ခံသမိုင်းဆောင်းပါးမှာ
“. . . ရှေ့ ဆရာတို့ကားရှေးရှေးပျူ တို့သည် နောင်တွင် မြန်မာဖြစ်လာကြောင်း၊ ဗြဟ္မာ . . . ပြုဟ္မာ မှ ပြုမာ- မြန်မာသို့ ရွေ့လာကြောင်း ကာဗျတ္ထ စန္ဒီကျမ်းကဆိုသည်။
ပသင်္ဂဝီသောဓနိကလည်း ဗြဟ္မာ၊ ဗရမ္မာ၊ ဘရမာ၊ ဘမာ၊ ပရမ္မာ၊ မရမ္မာ၊ မြန်မာဟု ဖြစ်လာကြောင်းဆိုသည်။
(ဤ ဗြဟ္မာမှ ရွေ့လျားသည်ထောက်၍ ပျူကို ပြုဟုအရစ်ဖြင့် ရေးသားကြသည်ကိုလည်း တွေ့ရသည်)
အရှင်အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ကြီးက စေတီယကထာခေါ် ရာဇဝင်ချုပ်မှာ ဟန်လင်းရာဇဝင်ကို ဟော့သလိုရေးပြပါသေးတယ်။
“ထိုဗြဟ္မာမျိုး၊ ဗြူမျိုး၊ မြန်မာမျိုး ဟုဆိုအပ်သော သုနာပရန္တတိုင်းအပြင်၌ မန္ဓာတုဟူသော စကြာမင်းမရှိသည့်နောက် တိုင်းနိုင်ငံထောင်ထားကြ၍ ဇမ္ဗူဒီပါ ကျွန်းအပြင်၌ အသီးသီး မင်းမူကြသောကာလ မနုဇန္ဒသမ္မတမင်းကြီးသည် ဟံသာနာဂရမည်သော ဟံလင်းမြို့ ကြီးကိုတည်၏။” တဲ့။
ဒီနေရာမှာ ဗြူ ဆိုတာ ပြူ နဲ့ အတူတူပဲ ဖြစ်ပါတယ်။ မြန်မာတွေဟာ ဗ၊ မ၊ ပ တို့ကိုလဲလှယ် သုံးစွဲ ကြလို့ပဲဖြစ်တယ်။
ဥပမာ.. တံမြက်စည်းကို တဗြက်စည်း၊ တပြက်စည်းခေါ်ကြသလို ဗြူ နဲ့ ပြူ ဟာအတူတူပဲ ဖြစ်ပါတယ်။
ခေတ်သစ် သမိုင်းပညာဆိုကရာဇဝင်ပြောတာ
အထက် ရာဇဝင်တွေကပြောတဲ့ ဗြဟ္မာကနေ ပြူ အထိရွေ့လျားလာတာ၊ ပုဂံခေတ် ကျောက်စာတွေမှာအရစ်ရေးထုံးရ
ရှေးမြန်မာ့ ကျောက်စာတွေမှာ “ဗြဟ္မာ” ကိုကြောင်းတူသံကွဲ(ဝါ) ဗြဟ္မာနဲ့ အဓိပ္ပါယ်တူအောက်ပါ အတိုင်းလည်းရေးထိုးခဲ့ကြပါတ
ဗြုဟ္မာ
(သက်စိုးတောင် ကျောက်စာ၊ ဦးရေ-၅၊ က-၈၊ စာမျက်နှာ - ၁၉၊ ရှေးဟောင်းမြန်မာကျောက်စာမျ
ဗြုံမ်မာ (ဦးရေ-၆၂၊ က-၁၀၊ ၁၁။ (နှာ-၁၃၆) ရှေးဟောင်း မြန်မာကျောက်စာများ -တတိယတွဲ)
ပြုမ်မှာ (ဦးရေ- ၁၈၄၊ က-၁၂၊ (နှာ-၃၀၆) ရှေးဟောင်းမြန်မာကျောက်စာမျ
ပြုမှာ( ဦးရေ-၁၄၁၊ က- ၁၈၊ (နှာ-၂၃၉) ရှေးဟောင်းမြန်မာကျောက်စာမျ
ပြု (ပြုလယ် ၁၀၀၊ ဦးရေ ၆၈၊ က-၆၊ (နှာ-၁၁၃) ရှေးဟောင်းမြန်မာကျောက်စာမျ
ဆျြိာပြူ (ဦးရေ ၁၂၅၊ က-၁၅၊ (နှာ-၂၁၅) ရှေးဟောင်း မြန်မာကျောက်စာများ - တတိယတွဲ)
ဆိရျာ ပြူ ( ဦးရေ- ၈၊ က -၁၆၊ (နှာ ၁၀) ရှေးဟောင်း မြန်မာကျောက်စာများ - တတိယတွဲ)
ပုဂံခေတ် ကျောက်စာများအရ ပြု နဲ့ ပြူ ဟာ အတူတူပါပဲ။
ပုဂံခေတ်ကျောက်စာများမှာ တစ်ချောင်းငင် (×ု) နဲ့ နှစ်ချောင်းငင် (×ူ) ကို လဲလှယ် သုံးစွဲလို့ ဖြစ်ပါတယ်။
ဥပမာ ရာဇကုမာ ကျောက်စာမှာ ဗုဒ္ဓကို ဗူဓ လို့ ရေးသလို အခြား (×ု) နဲ့ (×ူ) လဲလှယ် သုံးစွဲတာတွေကို ကျောက်စာတွေထဲက ဥပမာ ထုတ်ပြရရင်
*3 သုကြွယ် - *4 သူကြွယ်
*5 လှု - *6 လှူ
*7 ခံမှု - *8 ခံမှူ
*9 လု (ယက်) - *10 လူယက်
တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီလို အရစ် ရေးထုံးရှိတဲ့ ပြူ ကို အပင့်နဲ့ ပျူ လို့ ရေးခဲ့ကြတာ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တက္ကသလိုလ်မှာ အင်္ဂလိပ်စာ ပါမောက္ခမှ တဆင့် သမိုင်းပါမောက္ခလုပ်သွားသူ G.H Luce ကြောင့်ပါ။
*11 G.H Luce က သူရဲ့ The Ancient Phyuမှာ ပြူကိုယပင့်နဲ့သာရေးသင့်တယ်
တကယ်လို့ ရရစ်ပြူ သာအသုံးများခံရင် သူ့စကားလုံးရင်းမြစ်ဟာ ဗြဟ္မာ၊ မြန်မာ၊ ပြုမှာ၊ ပြု၊ ပြူ ဆိုတာပေါ်သွားရင် သူရဲ့ ဗမာအစကျောက်ဆည်ကဆိုတဲ့စာတမ်
G.H Luce ပြောသလို ပုဂံခေတ် ကျောက်စာတွေမှာ အပင့်နဲ့ ပျူ ရေးထုံးရှိသလား စစ်ဆေးကြည့်တော့ ရှိနေပါတယ်။ အနည်းငယ် သာဓက ပြရရင်
*12 ငါပျူသင်ရွာ
*13 ပျူ မ္လိယ်သာ
*14 ပျူထန်
တို့ပဲ ဖြစ်ပါတယ်။
ပြူ ဆိုတဲ့စကားလုံးဟာ မူလ ဗြဟ္မာက ရွေ့လျောလာတာဖြစ်ပြီး မူလရေးထုံး ရရစ် ပြူ ဖြစ်သော်လည်း ယပင့် ပျူ နဲ့ပါ ရေးထုံးရှိနေတာကြောင့် နောက်ပိုင်းမှာ ယပင့်ပျူ နဲ့သာ အရေးများပါတော့တယ်။
(ဒါကို သဒ္ဒါ ဆရာကြီးတွေက သဒ္ဒါ ဖောက်ပြန်ခြင်းလို့ ခေါ်ကြပါတယ်)
ဒါကြောင့် ပြူကို အရစ်နဲ့ ပဲရေးရေး၊ အပင့်နဲ့ ပျူလို့ပဲ ရေးရေး ၂မျိုးလုံး အမှန်ဖြစ်ပြီး၊ ဗြဟ္မာက ရွေ့လျောလာတဲ့ အရစ် ပြူ ကတော့ မူလ ရေးထုံးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အောက်ခြေမှတ်စု။ ။
*1 ပုဂံရာဇဝင်ကြီး ပေမူ၊ ဟန်လင်းကြီး မြို့တွင်းရပ်နေ စာအမ မချစ်စု ကောင်းမှု
*2 ရဝေထွန်းကလည်းသရေခေတ္တရာ ၏ နောက်ခံသမိုင်း၊ သီရိခေတ္တရာ စာစောင်၊ နှာ ၂၀၂၊ ၂၀၃
*3 သုကြွယ် (ဦးရေ ၁၁၊ က ၁၆၊ နှာ ၂၈၊ ရှေးဟောင်းမြန်မာကျောက်စာမျ
*4 သူကြွယ် (ဦးရေ ၁၀၄၊ က ၁၉၊ နှာ ၁၇၂၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ ပထမတွဲ)
*5 လှု (ဦးရေ ၁၄၊ က ၂၊ နှာ ၃၃၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ ပထမတွဲ)
*6 လှူ (ဦးရေ ၁၊ က ၃၃၊ နှာ ၂၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ ပထမတွဲ)
*7 ခံမှု(ခရိုန်) (ဦးရေ ၈၊ က ၁၂၊ နှာ ၉၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ တတိယတွဲ)
*8 ခံမှူ (ခြိုန်) (ဦးရေ ၅၃၊ က၂၀၊ နှာ ၈၃၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ စတုတ္ထတွဲ)
*9 လုယက် (ဦးရေ ၃၂၊ က ၁၆၊ နှာ ၅၅၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ ပထမတွဲ)
*10 လူယက် (ဦးရေ ၄၂၊ က ၁၄၊ နှာ ၆၉၊ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ ပထမတွဲ)
*11 G.H Luce ; The Ancient Pyu , JBRS -27 (3), 1937, pp -309
*12 ငါပျူသင်ရွာ (ဦးရေ ၁၃၆၊ က ၆၊ နှာ ၂၂၀။ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ ပထမတွဲ)
*13 ပျူ မ္လိယ်သာ (ဦးရေ ၄၄၊ က၅၊ နှာ ၇၂။ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ တတိယတွဲ)
*14 ပျူထန် (ဦးရေ ၁၀၈၊ က ၁၊ နှာ ၁၇၅။ ရှေးဟောင်းမြန်မာ ကျောက်စာများ၊ စတုတ္ထတွဲ)
ကျမ်းကိုး။ ။
နှစ်ပေါင်း ၂၀၀၀ ကျော်ပြီဖြစ်သော မြန်မာ့သမိုင်း (၁-၂)၊ ဘုန်းတင့်ကျော်။
ပျူစစ်လျှင် မြန်မာ ။ ဘုန်းတင့်ကျော်။
ရှေးဟောင်း မြန်မာ ကျောက်စာများ (ပ၊ ဒု၊ တ၊ စ) ဦးကျော်ငြိမ်း။
ပုဂံရာဇဝင်ကြီး ပေမူ
ရဝေထွန်း၊ သရေခေတ္တရာ ၏ နောက်ခံသမိုင်း၊ သီရိခေတ္တရာ စာစောင်၊
စေတိယကထာ မည်သောရာဇဝင်ချုပ်၊ မုံရွေးဆရာတော် အာဒိစ္စရံသီ
G.H Luce ; The Ancient Pyu , JBRS -27 (3), 1937
(ကိုသာဝ)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်