လွမ်းစေ

ကိုယ့်ဒေါသနဲ့ကိုယ် ပျို့တက်လာတဲ့
လေချဉ်တွေကို ထိန်းသိမ်းရင်း
လွမ်းချင်းတပုဒ် ချမိရက်သားဖြစ်ခဲ့
တမ်းချင်းတပိုဒ်နဲ့ ဟစ်ကြွေး
အပြုံးတုနောက်မှာက ဆိုတေး
ငိုကြွေးသံသဲ့သဲ့က စိမ်းရဲ့လေအား
ဗီသိုဗင်တေးသွားတွေကြား တခါတခါ
ကမ်းထရီးတပိုဒ်လောက်ညှပ်လို့
ရေလားအရက်လား အရောင်ကိုကြည့်ပြီး
ခွဲမရ ရောသမတဲ့ ဒရမ်ဘိတွေကြား
ကျေးစေရတုတစ်ပုဒ်လောက် ဆိုညည်း
ရမလား သခင်မငဲ့ သဇင်တခက်ရယ်နဲ့
သခင်အရှိုက်ခက်ပါတဲ့ စိမ်းသခင်မဖုရား
လွမ်းစေ သတဲ့လား

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်