=====================
လူသတ္တဝါသည် သိန်းသန်းများစွာ ရှည်ကြာဝေးလှ အတိတ်ဟု ဆိုအပ်သော
ခေတ်သမယတို့မှစ၍ မိမိ၏အာသာ ဆန္ဒအလို ပြည့်ဝရေး အတွက် အခက်အခဲ စွဲမြဲကြံစည်
ထိုဤများလှ ဥပါယ အမျိုးမျိုးတို့ဖြင့် မိမိ၏ အသိဉာဏ်ပညာကိုရင့်သန်
ထွားကျိုင်း စေခဲ့၏။
အလွန်ရှေးကျ
ရိုင်းစိုင်းလှသော(ဝါ)အသိပညာ၊ ဥာဏ်ပညာ နဂို၊ ထူပိန်း လှ သော အခြေအနေမှ
တစ်ဆင့်ထက် တစ်ဆင့် မြင့်၍မြင့်၍ တက်လာခဲ့ ၏။ အဝိဇ္ဇာမောဟတည်းဟူသော
တိမ်မည်းတိမ်ပုပ် ဖုံးအုပ်လွှမ်းခြုံ အလင်းလုံခန်း သဖွယ် အရောင်ထုထည်
ထူပြောလှ သော မိမိ၏ ဦးနှောက်အတွင်းသို့ ဝိစာရဏ ဥာဏ်တည်းဟူသော အလင်းရောင်ကို
ထိုးဖောက်၍ ဝင်ရောက်စေခဲ့လေပြီ။
မောဟအဝိဇ္ဇာ ထူထဲလှစွာ ဖုံးလွှမ်းနေခြင်းကြောင့်လည်းကောင်း၊ မှားယွင်း
ချွတ်ချေ္မှာုများကြောင့်လည်းကောင်း ထိတ်လန့် ကြောက်ရွံ့မှု များကြောင့်
လည်းကောင်း လူသတ္တဝါ၏ အသိအမြင် အဆင်အခြင် တိုးတက်မှု ဖင့်နှေးခဲ့ ရ၏။
တဖြည်းဖြည်း တရွေ့ရွေ့ ရှေ့သို့ တိုးတက်လာသောအခါမှသာလျှင် လူ သတ္တဝါ သည်
အမှန်ကို တွေ့မြင်ခွင့်ရလေတော့၏။ နှစ်ပေါင်းများစွာ ကုဋေကုဋာတို့ ပတ်လုံး
၎င်းသည် အမှန်တည်း ဟူသော အလင်းရောင်ေ အာက်သို့ ခရီး ဆိုက်ရောက်ရေး အတွက်
ဖြည်းဖြည်းနှေးနှေး လေးလေးမှန်မှန် ယက်ကန် ယက်ကန်နှင့် ယိမ်းချည် တစ်ခါ
ယိုင်ချည်တစ်လှည့် ကွေ့ချည်တစ်ဖုံ ကောက် ချည် တစ်မျိုး အလျားထိုးတစ်လည်
တွားချည်တစ်လှည့် အတိဒုက္ကရ ပင်ပန်း ငြိုငြင် လှစွာ
ကြိုးစားအားထုတ်ခဲ့လေသည်။ ယင်းသို့ အပတ်တကုတ် နောက် မဆုတ်ပဲ
အားထုတ်ကြိုးစား ခဲ့ခြင်း ကြောင့် လူသတ္တဝါသည် နည်းများမဆို ဝိစာရဏဥာဏ် ဝင်၍
ရဲရဲ ရင့်ရင့် ကြံစည်စဉ်းစားပြုလာလေပြီ။
သို့သော် ကမ္ဘာလောကကြီးသည် လျင်မြန်သော အရှိန်ဖြင့် ပြောင်းလဲ နေချေ ၏။
အဟောင်းများလည်း အသစ်ကို နေရာ ဖယ်ပေးလျက် နေ ချေပြီ။ ရက် စက်ကြမ်းတမ်း
ကြက်သီးဖြန်းလောက်အောင် အသည်း နှလုံး တုန်ဖွယ်ရာ အများ ပါဝင်သည့်
ရိုင်းစိုင်းသောအယူဝါဒများသည် တိုးတက်၍ အသိဥာဏ် ရင့်ကျက်သော လူသတ္တဝါ အတွက်
မျိုချ၍ မဖြစ်နိုင်သော ဆေးခါးကြီး သဖွယ် ဖြစ်ကုန်လေပြီ။
အဝိဇ္ဇာမောဟ ထူပြောလှအောင် အမှောင်ဖုံးလွှမ်းနေသော ကမ္ဘာ လောက ကြီးအတွင်း၌
မပြောပလောက်အောင် အရောင်တောက်၍ နေသော အမှန် တရားကို မတွေ့၊ တွေ့ကြောင်း
နည်းကောင်း လမ်းကောင်းတို့ ဖြင့် ကြောင်း ကျိုးဆင်ခြင်လျက် လိုက်လံ
ရှာဖွေရခြင်း ထက် ပိုမိုမြင့်မြတ် လူသတ္တဝါတို့ အသက်နှင့် လဲ၍ပြုလုပ်အပ်သော
လုပ်ငန်း မရှိတော့ပြီ။
အမှန်သည်
ငါတို့၏ ကမ္ဘာလောကအတွင်းရှိ ရတနာအပေါင်းတို့တွင် အမြင့် ဆုံး အမြတ်ဆုံး
အကောင်းဆုံးရတနာ ဖြစ်၏။ ၄င်းသည် ပြောင်းလဲ ပျက်စီး တတ်သော ဤလောကအတွင်း၌
မပြောင်းမလွဲ၊ အမြဲတည် နေသော အရာ ဖြစ်၏။
အမှန်သည် လူသတ္တဝါတို့၏ ဒုက္ခကို သုခဖြစ်အောင် ဖန်ဆင်းနိုင်၏။ ၄င်း သည်
သေမျိုးဖြစ်သော လူသတ္တဝါတို့အတွက် မသေစေတတ်သော အမြိုက်ဆေး ဖြစ်၏။ ၄င်းသည်
ဂဏှာမငြိမ်၊ ဣနြေ္ဒမရ၊ ပူပင်သောက ဗျာပါ ဒနှင့် အကြောင့်အကြ များနေကြသော
လူသတ္တဝါတို့အားစိုးရိမ်ကင်း ပ ငြိမ်းချမ်းအေးမြခြင်းကို ပေးတတ်၏။၎င်းသည်
ဆာလောင်မွတ်သိပ်၍နေသော လူသတ္တဝါတို့အတွက် ကောင်းမြတ်သော ဘောဇဉ်အာဟာရကြည်လင်
အေးမြသော ရေ သဖွယ် ဖြစ်၏။ အမှောင်အတွင်း၌ နေကြရသောသူတို့အတွက်
အလင်းရောင်ဖြစ်၏။ မျှော်လင့်ချက် ကင်းမဲ့ကြသော သူတို့၏ မှီခိုအားထားရာ
ကိုင်းကျွန်းဖြစ်၏။တော်ဖြောင့်မှန်ကန် ဥာဏ်အမြင်သန်သောသူတော်ကောင်း တို့
အတွက် အမြတ်ဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်၏။
အမှန်သည် လူသတ္တဝါတို့၏ အသက်ရှင်စဉ်အခါ၌လည်းကောင်း သေသော အခါ၌လည်းကောင်း
နောက်တွန့် ကြောက်ရွံ့သော စိတ် ကင်း၍ ရဲတင်းခြင်း ကို
ဖြစ်စေ၏။အမှန်တစ်ခုကို တွေ့သောသူသည် ဤအမှောင်မိုက် အတိပြီး သော ကမ္ဘာ
လောကအတွင်း၌ အလွန်ထွန်းလင်း တောက်ပြောင် အရောင် လျှပ်သော
မီးရှုးတိုင်တစ်ခုကို ညှိထွန်းသည်မည်၏။ ထို အမှန်တရားကို စုံ စမ်းခြင်း၊
စစ်ဆေးခြင်း၊အမှန်တရားကို စုံစမ်းခြင်း၊ စစ်ဆေးခြင်း၊ အမှန်တရား ကို
စုံစမ်းခြင်း၊ စစ်ဆေးခြင်း၊ ဆွေးနွေးခြင်း တို့ဖြင့် သာ လျှင်
ရရှိနိုင်ချေ၏။ ၄င်းသည် ယုံကြည်ခြင်းဖြင့် ရရှိနိုင်သောအရာ မဟုတ်ချေ။
ဆွေးနွေးခြင်း တို့ဖြင့် သာလျှင် ရရှိနိုင်ချေ၏။
ထို့ကြောင့် အမှန်ကိုတွေ့ရှိသိမြင်နိုင်ရန် လူတိုင်းလူတိုင်းမှာ စုံစမ်း
စစ်ဆေးခွင့် ရှိရမည်။ လွတ်လွတ်လပ်လပ် ကြံစည် စဉ်းစားခွင့် ရရှိရ မည်။
စုံစမ်းစစ်ဆေး သူကို ငရဲတည်း ဟူသော အပြစ်ဒဏ်ဖြင့် ခြောက်လန့်သော သူသည် လူ
သတ္တဝါ၏ အကြီးဆုံး ရန်သူ ဖြစ်၏။ စူးစမ်းရှာဖွေသူကို မဟုတ်မမှန် လုပ်ကြံ သည့်
လက်ဆောင်မျိုး လာဘ်ထိုး၍ အမျိုးမျိုး ဖြားယောင်းသော သူသည် သစ္စာဖောက်သူ
မည်၏။
လူသတ္တဝါ ပဓာနရည်ရွယ်ချက်သည်
အမှန်ကို စူးစမ်းရှာဖွေရန်သာ ဖြစ်သင့် ၏။ မိမိစူးစမ်းရှာဖွေ၍ရရှိသော(ဝါ)
အကျိုးအကြောင်း ကိုက်ညီ သော (ဝါ) ဝိစာရဏမှတ်ကျောက်မှာ အတင်ခံနိုင်သော
အမှန်သည် မိမိရှေ့ဆောင် မိမိ၏ ဆရာ အစစ် ဖြစ်သင့်၏။ ယင်းသို့သော
အမှန်တရားကို ယုံကြည်လိုက် နာရ သူသည် လူဖြစ်ကျိုး ၊ လူ့ဘဝရကျိုး
နပ်လေတော့၏။
နတ်ကိုကြောက်၍၊
လူမင်းကိုကြောက်၍၊ မိမိ ဝိစာရဏဥာဏ်ကို အသုံး မပြု ဝံ့သောသူသည် လူစင်စစ်က
ကျွန်ဖြစ်ရလေတော့၏။ အမှန်သည် လူသတ္တဝါ ကို ရဲရင့်စေ၏။ အမှားသည် သူရဲဘောနည်း
စေ၏။ အမှန်သည် ဖြောင့်မတ် တည်ကြည်စေ၏။ အမှားသည် လိမ်လည်လှည့်ဖြား
မုသားစကားကြွိုမက် ကြား ပြောဆိုစေ၏။
လူသတ္တဝါသည် မိမိ၏ဥာဏ်၌ထင်လာသော(ဝါ) မိမိ၏နား၌ ကြား လာသော (ဝါ) မိမိမျက်စိ၌
မြင်လာသောအရာ ဟူသမျှကို ငဲ့ကွက် ထောက်ထား ညှာ တာခြင်း၊
ကြောက်ရွံ့ထိတ်လန့်ခြင်း၊ အလျဉ်း မရှိဘဲ (ဝါ) အဂတိလေးပါး လိုက်စားခြင်း
မပြုဘဲ စုံစမ်းစစ်ဆေးရမည်။
၎င်းမှာ အမှန်ကိုရအောင် စုံစမ်းရှာဖွေဖို့ ရည်ရွယ်ချက်တစ်ခုသာလျှင်
ရှိရမည်။ လူသတ္တဝါတို့သည် မည်သည့်တရား၊ မည်သည့်ဘာသာကို မဆို ချိန်စက်ရ မည်။
မှတ်တင်ကြည့်ရမည်။ လူသည် ပုဂ္ဂိုလ်စွဲ၊ ဌာနစွဲ၊ ဘာသာစွဲစသည်တို့ကို
အရင်းအမြစ်မှ ဖြတ်လှီးဖယ်ချ၍ အကွယ်အကာ အတားအဆီး မရှိ၊ ပကတိနေရောင်ခြည်ဖြင့်
လင်းပြောင်တောက်ပ အမှောင်မခသော ကွင်းပြင်၌ ရပ်တည်နေသူ ဖြစ်ရမည်။
အမှန်တရားကို ရှာဖွေသူသည် မိမိဥာဏ်မျက်စိ အမြဲဖွင့်ထား၍ ကြား သမျှ၊
မြင်သမျှအရာတို့ကို ကြက်ကန်း ဆန်တွေ့ - လွေ့လွေ့ငန်းငန်း မစူးစမ်း ဘဲ အရမ်း
ယုံကြည်လေ့ မရှိ။
ကျမ်းစာအုပ်
အသီးသီးတို့၌ ပါရှိခြင်းကြောင့် မှန်သည်ဟု ယုံကြည်၍ ထိုထို ကျမ်းစာတို့၌
မပါရှိခြင်းကြောင့် မှားသည်ဟု ပယ်ဖျက်သည် မဟုတ်ပေ။
အကြောင်းအရာ တစ်ခုသည် အလွန်ရှေး ကျသော ခေတ်သမယမှ အာစရိယ ပရမ္ပရ၊ သိဿာနုသိဿ
လက်ဆင့်ကမ်း၍ ဆင်းသက် ယုံကြည်လာခဲ့သောကြောင့် မှန်သည်။ ယခုမှ
ပေါ်ပင်ဖြစ်သောကြောင့် မှားသည်ဟု ယုံကြည်သည် မဟုတ်ချေ။
ပုဂ္ဂလဓိဋ္ဌာန်ပုဂ္ဂိုလ်စွဲဖြင့် မည်သူ ဟောပြော၍ မှန်သည် သို့မဟုတ် မှားသည်
ဟုဆုံး ဖြတ်မည်မဟုတ်၊ တန်ခိုးပြာဋိဟာနှင့်ပြည့်စုံသောသူ၏ မုက္ခပါဌ် ဖြစ်
သောကြောင့် မှန်ရမည်။ သို့မဟုတ် ပကတိလူ၊ လူသာမန် က ပြော
သောကြောင့်မှား ရမည်ဟူသော ထုံးစံကိုလိုက်နာမည် မဟုတ် ချေ။
သောကြောင့် မှန်ရမည်။ သို့မဟုတ် ပကတိလူ၊ လူသာမန် က ပြော
သောကြောင့်မှား ရမည်ဟူသော ထုံးစံကိုလိုက်နာမည် မဟုတ် ချေ။
ဆရာသမားကပြော၍ မှန်ပြီး တပည့်ကပြော၍ မှားသည်ဟု ယုံကြည်မည် မဟုတ်။
အစစ်အမှန်ကို ရှာဖွေသူသည် ရှေးကလူများ ပြောခဲ့သမျှ ဟောခဲ့သမျှ
အကုန်မှန်သည်ဟု လိုက်နာယုံကြည်၍ ယခုခေတ်ပေါ် လူများ ပြော သမျှ၊ ဟောသမျှ
အကုန်မှားသည်ဟု ငြင်းပယ်လေ့မရှိ။ ပြောသူဟောသူ၏
ဂုဏ်သတင်းနှင့်နာမည်ကြီးခြင်း(ဝါ) ကျော်ဇော ကိတ္တိ ရှိခြင်းကို ပဓါနမပြုဘဲ
ကျိုးကြောင်းသာဓက ယုတ္တိရှိ၊ မဲ့ကိုသာ အဓိကထား၍ အမှားအမှန်ကို
ဆုံးဖြတ်ချေမည်။
ပြောဆိုရေးသားသူက
ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ သူတောင်းစားပဲဖြစ်ဖြစ် ဧရာမ
ပညာဝန္တပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ် အရေးမကြီး ပဓာန မဟုတ်၊ စင်စစ်မှာ ၄င်းပြော
ဆိုရေးသားချက်၌ပါရှိသော အကြောင်းယုတ္တိ ငြိ မငြိသာ ပဓာနဖြစ်ချေသည်။
အမှန်၏တန်ဖိုးသည် စတင်ကြံစည်ရေးသားပြောဆိုသူကို အမှီပြု၍
ယုတ်လျော့ရိုးမရှိ၊ အမှားသည်သာလျှင် အပြင်ပ ဗာဟီရတ အကူအညီ ကို လိုချေသည်။
အမှန်သည် အဆံဖြစ်သည်။ အမှားကား အကာသက် သက်ဖြစ် ၏။ ထိုသည့်အမှန်ကို
ရရှိရေးအတွက် သုတေသနဘက်သို့ စိတ်သက်ဝင်သူ လူသတ္တဝါတို့သည် မနေမနား
ကြိုးစားလုံးပမ်းနေကြကုန်၏။
တိုင်းရေးပြည်ရေးဆရာသည် လွန်ခဲ့သော အတိတ်သမယက အမှား များ
မိမိ၏တိုင်းပြည်အပေါ်သို့ မကျရောက်စေရန် ကမ္ဘာ့ရာဇဝင်နှင့် တိုင်းရေးပြည် ရာ
ပညာများကို နေ့မအား ညမလပ် အထပ်ထပ် ဆည်းပူးနေရလေသည်။
ဓါတုဗေဒဆရာသည် ဖားဖို-လုံအမျိုးမျိုးတို့နှင့် အရာဝတ္ထု အထည် ဒဗ္ဗတို့၏ အဆီအနှစ်ကို ညှစ်ထုတ်ရန် အမြဲကြိုးပမ်းနေ၏။၎င်းလည်း အမှန်ကိုသာ အလိုရှိသောကြောင့် ထိုမျှဒုက္ခခံလျက် ကြိုးစားနေရရှာ၏။ အခြားသော လောကဓါတ်ပညာတို့လည်း ဤနည်းနှင့်ပင်တည်း။
ဓါတုဗေဒဆရာသည် ဖားဖို-လုံအမျိုးမျိုးတို့နှင့် အရာဝတ္ထု အထည် ဒဗ္ဗတို့၏ အဆီအနှစ်ကို ညှစ်ထုတ်ရန် အမြဲကြိုးပမ်းနေ၏။၎င်းလည်း အမှန်ကိုသာ အလိုရှိသောကြောင့် ထိုမျှဒုက္ခခံလျက် ကြိုးစားနေရရှာ၏။ အခြားသော လောကဓါတ်ပညာတို့လည်း ဤနည်းနှင့်ပင်တည်း။
သို့သော် အမှန်ကား အဘယ်မှာ ရှိသနည်း။
အမှန်သည် ဤဖောက်လွဲဖောက်ပြန်ဖြစ်နေသော(ဝါ) အမြဲတမ်းပြောင်း
လဲနေသော မမှန်သောအရာတို့၏ အလယ်၌ တည်ရှိနေချေ၏။
လဲနေသော မမှန်သောအရာတို့၏ အလယ်၌ တည်ရှိနေချေ၏။
အမှန်သည် အနိစ္စအဓူဝဖြစ်သောအရာများကို နိစ္စဓူဝသဿတ ဖြစ် အောင် ပြုပြင် ဖန်တီးလိုက်၏။
အမှန်သည် ဖြစ်တုံ၊ ပျက်တုံ၊ သွားတုံ၊ လာတုံ၊ နိယဌုံကျင့်နေသော အရာတို့၏ အလယ်၌ အမြဲတစေ ထာဝရတည်နေသောအရာ ဖြစ်၏။
အမှန်သည် မွေးဖွားခြင်း၊ သေကြေပျက်စီးခြင်းကို အလျဉ်းမသိ၊ အစမရှိ၊ အဆုံးမရှိ၊ အနာဒိ-အနန္တဖြစ်၏။
အမှန်သည်ကျောက်စရစ်-ကျောက်ခဲတို့၌ပင်ရှိ၏။ ဘာကြောင့် ထိုကျောက်ခဲ ကျောက်စရစ်တို့သည် ထင်ရှားရှိခြင်းတို့ကြောင့်တည်း။
ဤကမ္ဘာလောကတွင်း၌ မည်မျှတန်ခိုး ပါဝါအာဏာကြီးသူပင် ဖြစ်ပါ စေ မည်သူမျှ
ကျောက်ခဲ၌ စုပေါင်းပါ ဝင်ဖွဲ့စည်းနေသော ရုပ်ဓါတ် ရုပ်ကလာပ် တို့ကို
တစ်ခါတည်းအပြီးအငြိမ်း လက်စသတ် ဖျောက် ဖျက်မပစ်နိုင်ချေ။ ပထဝီမြေပြင်၌
သဘာဝဓမ္မအလျောက် ပေါက်နေကြ ကုန်သော သစ်ပင်တို့ ၌လည်း အမှန်တရားတည်ရှိ၏။
သစ်ပင်သည် အစေ့အညှောက်မှစ၍ တဖြည်းဖြည်း တစ်စတစ်စ တရွေ့ရွေ့တိုး၍ တိုး၍
ရင့်သန်ထွားကျိုင်းလျက် ကိုင်းခက်ဝေဆာခြင်းသို့ ရောက်လာရ ၏။ အကိုင်းအခက်
အညွန့် အတက် ဝေဖြာကြီးမားပြန့်ပြူး ကြည်နူး ဖွယ်ရာဖြစ်လာ၏။အငုံအပွင့် အဆင့်
ဆင့် စီရရီဖြစ်လာ၏။ သီးကင်း၊ သီးရင့်၊ သီးမှည့်တို့ တွဲရရွဲသီးဆောင်၏။
သစ်ပင်၏အလှကျက်သရေသည်ရေး၍ မကုန်၊ ပြော၍မခန်း အံ့ဘနန်းမျှ ထူးဆန်းလှ၏။
သို့သော် ထိုသစ်ပင်၌ အသိဥာဏ် မရှိချေတကား။
ထို့အတူ တိရိစ္ဆာန်၌လည်း အမှန်တရား ရှိချေ၏။ ၄င်းသည် ဟိုဟို ဒီဒီ ရွေ့ရှား
သွားလာတတ်၏။ မိမိထက်ဝန်းကျင်ရှိ အရာဟူသမျှကို သိတတ် ၏။ အပူအအေး
ခွဲခြားတတ်၏။ ၄င်း၌ အသိဓါတ် ပေါ်လာ ချေပြီ။ သို့ရာတွင် အမှန်ကို သိတတ် သော
ဥာဏ်ကား မဟုတ်သေး။
ထိုအမှန်တရားကိုသိဖို့ဖော်ထုတ်ဖို့ကား လူ သတ္တဝါ၏ တာဝန်တည်း။ ထို့ကြောင့်
လူသတ္တဝါ သည် စုံစမ်းစစ်ဆေး ဆွေးနွေးခြင်းတို့ဖြင့် အမှန်တရားကို တွေ့
အောင်ရှာဖွေသင့်ချေ၏။ အမှန်သည် မြင့်မြတ် ၏။ ချိုမြိန်၏။ အမှန်သ ည်
အသင်တို့ကို ဒုက္ခ အပေါင်းမှ ကင်းလွတ်စေနိုင် ၏။ ဤကမ္ဘာ လောကအတွင်း၌
အမှန်မှတပါး အသင်တို့အတွက် အခြားကယ်တင်ရှင် မရှိတော့ ပြီ။
အမှန်တရားသည်ဗုဒ္ဓဖြစ်၏။ ထို့ကြောင့် အသင် တို့၏ စိတ်၌ ဗုဒ္ဓကို ကိန်းဝပ်နေကြပါစေ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်