နိဗ္ဗာန်ကို မှားယွင်းစွာသိတဲ့ ဒုက္ခ


=======================
မဟာစည် ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်း ဟောပြောချက် တွေထဲက ဒုက္ခ ဆို တာကို မသိကြဘူး ဆိုတာလေး သတိရလာ တော့ စာလေး ရေးဖြစ်တယ်
ကြားတာလဲ ဒုက္ခ နံတာလည်းဒုက္ခ အရသာ ခံစားတာလဲ ဒုက္ခ တွေ့ထိတာလဲ ဒုက္ခ ကြံစည် တာလည်း ဒုက္ခ သွားတာ လာတာ လှုပ်တာလဲ ဒုက္ခ ပြောတာ လုပ်တာ တွေလည်း ဒုက္ခ စသည် ပေါ့လေ အများကြီး ပြောထား တာပဲ
ကောင်းတယ် ဆိုတာလည်း ဒုက္ခ သုခ လို့ ထင် နေတာတွေ အားလုံးဟာလည်း ဒုက္ခ သုခလို့ ထင်နေလို့ သင်တို့ ဒီလို အားထုတ်နေကြခြင်း ဖြစ်တယ် အဲဒါကို ဒုက္ခ ကို မှားယွင်း အသိမြင်မှု လို့ ခေါ်တယ်တဲ့ မဟာစည်ဆရာတော် ပြောတာ
အဲသလို ပြောတယ် ဒီအချက်လေးမှာ ဆရာ တော် ပြောတာ သုခထင်နေလို့ သင်တို့ ဒီလို အားထုတ်နေကြခြင်း ဖြစ်တယ် ဆိုထား တာက ထပ်ချဲ့ရင် ဘယ်ထိ သွားမလဲ စဉ်းစားစရာပါ အကျယ်ကြီးပဲ အနားသတ်က ဘယ်ထိရှိသလဲ ဆိုတာ သုံးသပ်ဖို့ လိုပါတယ်
ဒုက္ခ ရဲ့အဓိက အကြောင်းအရင်းက ၃ မျိုး ရှိ တယ် ဘာလဲ ဆိုရင် တဏှာ ၃ မျိုး ပေါ့လေ ဒါက သမုဒယကို မသိမှု ဆိုလည်း ဟုတ်တယ်
နိရောဓသစ္စာ ဆိုတာကို ပြောရင် ဒုက္ခရဲ့ အဆုံး ဆိုတာ ရှိတယ် လို့ ပြောတဲ့ စကား ဆိုပြီး ဖွင့်နိုင် တယ် အတူတူပဲ ဒုက္ခရဲ့ အဆုံးက ဘာလဲ နိဗ္ဗာန် ပေါ့ ဒါကလည်း ပညတ်တင်ထားထားတဲ့ စကားပဲ
နိဗ္ဗာန် ဆိုတာကို ထာဝရ အမိုက် မှောင် ကြီး သို့ အဆုံးစီရင်မှု ထာဝရ သေသွားမှု အဖြစ်နဲ့ ယူဆ ရေးသားထား တာတွေ လည်း တွေ့ရတယ် ထား ပါတော့ မပြောလိုဘူး ဒါတွေ ဒီလိုသဘော မဟုတ်ဘူး ဆိုတာ ဘုရားက ဟောထားတာ ရှိ တယ် ဒါပေမယ့်လည်း ရေးနေကြတာ တွေ့ တယ်
ဓမ္မစကြာထဲက အတိကျဆုံး ဧကဝုစ် စကားတွေ နဲ့ နောက်ထပ်တဖန် ပဋိသန္ဓေ နေရခြင်း မရှိ တော့ပြီ ဆိုတာတွေကို ကိုးကားပြီး ဘုရား ရဟန္တာတွေ အားလုံးဟာ ထာဝရဘဝ ထာဝရ ချမ်းသာကို ခံစားပြီး နိဗ္ဗာန်မှာ ယခုထိ ရှိနေကြ၏ ဆိုတာမျိုး ရေးထားတာလည်း တွေ့ရတယ်
ဒါတွေက မက်လုံးပေးပြီး အမြင်မှားအောင် ဟော ပြော ရေးသားတာတွေ နိဗ္ဗာန် ဆိုတာကို တစ်ဦး က တစ်ဦးကို ပြပေးလို့ ရတဲ့ အရာ မဟုတ်ဘူး ကိုယ့် ညာဏ်နဲ့ ကိုယ် သိမှရတာ
ဥပမာ ရိုင်းရိုင်း ထင်သာမြင်သာ ရှိတဲ့ ပုံပြင်လေး ပြောရရင် တခါက ညီမအစ် နှစ်ယောက်ရှိတယ် သူတို့နှစ်ဦးဟာ အိမ်ထောင်ကျတဲ့ အခါ ကာမ ကိစ္စ တွေ့ကြုံ ခံစားရပုံကို ပြောပြရန် သဘော တူထားကြတယ် တဲ့ ညီမဖြစ်တဲ့ သူက အိမ်ထောင်ပြုလိုက်တယ် မင်္ဂလာဆောင် ပြီး နောက်တစ်နေ့ မနက် ရောက်တော့ အစ်မလုပ် သူက သူ့ညီမကို ချောင်တစ်ခု ထဲ ခေါ်သွားပြီး မေးတယ်
မနေ့က ညည်း ဘယ်လိုခံစားခဲ့ရသလဲ
ကောင်းတယ်
ဘယ်လိုကောင်းတာလဲ
သိပ်ကောင်းတယ်
ဘယ်လောက် သိပ်ကောင်းတာလဲ
ကျွန်မတစ်ကိုယ်လုံး တုန်နေတာပဲ
ဘာဖြစ်လို့ တကိုယ်လုံး တုန်နေတာလဲ
သိပ်ကို ကောင်းလွန်းလို့
သိပ်ကို ကောင်းလှရုံနဲ့ ဘာကြောင့် တကိုယ်လုံး တုန်နေတာလဲ ဆိုတာ ငါ နားမလည်သေးဘူး သေချာပြောစမ်းပါ အေ
အစ်မ လင်ယူကြည့်ပါ ဒါမှ သိပ်ကောင်းရုံ နဲ့ ဘာကြောင့် တကိုယ်လုံး တုန်နေတယ်
ဆိုတာ သိလိမ့်မယ်
အဲဒီ နည်းကားပဲ နိဗ္ဗာန်ကို သိတယ် ဆိုတာ မဂ်တပါးမှ မရသေးရင် ဘယ်သူမှ ပြည့်စုံအောင် မသိဘူး စာပြော ငါပြောနဲ့ တဒင်္ဂလေး အမြဲတွေ ဘာတွေ လျောက် ပြောနေရတာ နားလည်စေ ချင်လို့ သဘောပေါက်စေချင်တဲ့ စေတနာပဲ ရှိကြ တယ် ပုထုဇဉ် အချင်းချင်းကတော့ ပြောမနေ တာ ကောင်းတာ ကိုယ့်ဟာကိုယ် သိမှ မြင်ရမယ့် ကိစ္စကို တောပြော တောင်ပြော လျောက်ပြော နေလို့ကတော့ ဘာမှ မထူးပါဘူး(စကား အချေ အတင် ပြောကြသည်ကို ဆိုလိုသည်) ပြောသူ ကိုယ်တိုင်တောင် မသိတဲ့ ကိစ္စကို နားထောင်သူ က ဘယ်လို သိမှာတဲ့လဲ
နိဗ္ဗာန်ကို သိချင်လား သိချင်ရင် မြင်နိုင်တဲ့ လမ်း ပြထားတယ် လုပ်ရမယ့် နည်းစနစ် ပြထားတယ် ဆောင်ရန် ရှောင်ရန် မူဝါဒ တွေ ချမှတ်ပေးထား တယ် သွားရမယ့် လမ်းအတိုင်း မြေပုံကိုင်ပြီး လိုက်သွားရုံပဲ အဲဒါ လုပ်ဖို့ တစ်နည်းပဲ ရှိတယ်
မိုးပြော ဂျိုးပြောတွေ ယုံမနေနဲ့ သူများကို လည်း မှားတယ် မပြောနဲ့ မှားတယ်ပြောရ အောင် မင်း က သိလို့လား ဆိုရင် ဘာဖြေ မှာလဲ စာအုပ်က ပြောလို့ ဆိုပြီး စာအုပ် ထိုးပြမှလား အဲဒီ စာအုပ် ဟာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး နိဗ္ဗာန် မပြော နဲ့ အပေါ်က ပြောလာတဲ့ ဒုက္ခ ဆိုတာကို တောင် မမြင်ဘူး ဖတ်တယ် သိတယ် လူက ကိုယ့်ဟာ ကိုယ် လုပ်ချင်တာ လုပ်တယ် ဒါမျိုးပဲ မဟုတ် လား ဒါက လောကီ လူဘောင်မှာ ဖြစ်နေတဲ့ အမှန်တရား မဟုတ်လား
ရိပ်သာသွားတယ် ညာဏ်စဉ်တွေ တက်လာ တယ် ဆိုလား ဘာဒေလား ပြောသံ ကြားဖူးတယ် အိမ်ပြန်ရောက်တော့ ဒုံရင်း က ဒုံရင်း ဒါက ရိပ်သာတွေကို ပြောလို တာမဟုတ်ဘူး လူတွေ ဖြစ်နေတဲ့ သဘောကို ပြောလိုတာ လုပ်တုန်း ခဏ အတွက်တော့ အကျိုးရှိတာပေါ့ ဒါပေမယ့် လည်း ကျီတောက်စွပ်တဲ့ ခွေးမြီးလို ဆိုတော့ ဘယ်နားက နိဗ္ဗာန်ကို သွားသိပြီး ဘာတွေကို ပြောတော့မှာလဲ
ဟောပြောတဲ့သူတွေ ပြောပြတယ် ဆိုတာ က လည်း အရှိတရားကို ရှိနေတယ် ဆိုတာ သိ အောင် ပြောနေတာပဲ ရှိတယ် ဥပမာတွေ ပြပြီး ပြောနေရတယ် ဆောင် ပြီး ပြောနေရတယ်
ကျွန်တော်ပြောတာလည်း မယုံနဲ့ ကျွန်တော် လည်း မသိဘူး ဘုရားက ပြောတယ် အေးငြိမ်း တယ် တဲ့ ချမ်းသာ သုခတွေ ဘာတွေ ညာတွေ ဘာမှ မပါဘူး အဲဒါတွေက တင်စားပြီး ပြောတာ တွေပဲ
နိဗ္ဗာန်ဟာ ဘယ်မှာရှိလဲ ဆိုရင် ပညာ နားမှာ ရှိ တယ် ပညာ ဆိုတဲ့ ဝိပဿနာနား ကပ်နေတယ် ဒါလောက်သာ သိတာ နိဗ္ဗာန်ဆိုတာ သရဖူ ပါသလား ဂျိုပါသလား ကျွန်တော်မသိဘူး
အမြင့်ဆုံး ဝိပဿနာ ဘာဝနာအဆင့် ရောက်သူ တွေဟာ အာရုံခြောက်ပါးလုံး ပျောက်ကွယ်ကုန် တယ် စိတ်က အဲဒါတွေ ကိုစွန့်ပြီး တစ်ခုတည်း သော အာရုံမှာ နေတယ် အဲဒီ အာရုံ အသစ်ဟာ အာရုံ ခြောက်ပါးနဲ့ မတူဘူး စိတ်လည်း မဟုတ် ရုပ် လည်း မဟုတ်ဘူး အသစ်တဲ့
နိဗ္ဗာန်ကို ခဏ မြင်တဲ့စိတ်ဟာ ဖြစ်တယ် အမှန်ပဲ ဒါဟာ နိဗ္ဗာန်ပါလို့တောင် မြင်တဲ့သူက သိတာ မဟုတ်သေးဘူး နိဗ္ဗာန် အကြောင်း သိဖို့ဆိုတာ အဝေးကြီး
ဒါဆို ခဏ မြင်လိုက်တာကို နိဗ္ဗာန်မြင်တယ် ဆို ပြီး ဘာလို့ ပြောနေတာလဲ မေး ချင်မှာပေါ့ စာကပြောပြထားတာ ဘုရား ဟောတာပါ ဆိုတာ တွေကနေ ကြိုလေ့လာထားလို့ သြော် ဒါဟာ နိဗ္ဗာန် ဆိုတာ နားလည်ရတာ
အဲသလို မဟုတ်ဘူး ခဏလေး ဖျတ်ကနဲ့ မြင် လိုက်တာဟာ နိဗ္ဗာန်လို့ သူ့စိတ်က အလိုလို သိ နေတယ် ဆိုလာရင် ထိုင်သာ ကန်တော့လိုက် တော့ အဲလူက သာမာန် မဟုတ်တော့ဘူး ပစ္စေကဗုဒ္ဓလား ဘာလား ညာလားပဲ
ခဏလေး ဖျတ်ခနဲ မြင်လိုက်တဲ့ အသစ် တစ်ခု ကို ဒါ ခွေးလား ကြောင်လား သိရအောင် ဆိုတာ ဘုရားမှတပါး ဘယ်သူမှသိတာ မဟုတ်ဘူး အဂ္ဂသာဝကတောင်မသိဘူး ဒီလို သိတယ် ဆို လာရင် ဒီလူ ဘုရား ဖြစ်နေပြီ ကြုံရခဲတယ် မြန်မြန် ကန်တော့ထားလိုက်
အမြင့်ဆုံးအဆင့် ရထားသူက ဝိပဿနာကို ဆက်ဆက် အားထုတ်လာတဲ့အခါ ဖလသမာပတ်ဆိုတာ ရတယ် ဖလသမာပတ် ဆိုတာ ဘာပြောတာလဲ ဆိုရင် စိတ်ဟာ နိဗ္ဗာန် တစ်ခုတည်းမှာ အာရုံပြု နေတာကို ပြောတာ ခုဏက အသစ်ပေါ် လာတဲ့ အာရုံမှာ နေနေတာ ကို ပြောတာ
အဲဒါက ဘယ်လောက်ထိ နေနိုင်သလဲ ဆိုရင် နေတဲ့သူရဲ့ သမာဓိ အားပေါ်မှာပဲ မူတည်တယ် ကောင်းရင်ကောင်းသလို ဝင်စားနိုင်တယ် ဒီကျမှ နိဗ္ဗာန်အကြောင်း ကို သုတေသန လုပ်ကြပေါ့
နိဗ္ဗာန် ဆိုတာကို သုခချမ်းသာရှိရာလို့ သွားပြီး ယူဆရင် ဒုက္ခ ဖြစ်မှာ
ဒီလိုပြောတော့ ဓမ္မပဒထဲက စာတွေ ယူ လာပြီး နိဗ္ဗာန်နှင့် တူသောချမ်းသာသည် မရှိလို့ ဆိုထား တာတွေနဲ့ ထောက်ပြကြ ဦးမယ် အဲဒါ တင်စား ပြောထားတဲ့ ဇာတ် ဝတ္ထုထဲက စကား စကား အရာ ပညတ် သညာတွေနဲ့ ဆော့နေလို့ နိဗ္ဗာန် မရဘူး
ဘုရားဟောတာထဲမှာ သုခကို နှစ်မျိုးစီ သုံး တယ် သုခ ချမ်းသာတယ် ဆိုတာနဲ့ ဟို ဝေဒနက္ခခန္ဓာထဲက သုခဝေဒနာ ဒီနှစ် မျိုး သုခ ချမ်းသာတယ် ဝေဒနာ ခံစားရမှု
ခံစားရတာ အရမ်းကောင်းတယ် ဆိုပြီး ဘာသာ ပြန်လိုက် ပြီးရင် အဲဒီ ဝေဒနက္ခန္ဓာ ကို နိဗ္ဗာန်ကွ လို့ ပြောလို့ရမလား ဒီမှာ သုံးတဲ့ သုခ ဆိုတာက ဒုက္ခ ကိုပြောတာ
ဒုက္ခ လက္ခဏာထဲပါတယ် မဟုတ်လား
ကောင်းတာလည်း ဒုက္ခ မကောင်းတာလည်း ဒုက္ခ လို့ အဲဒါ ဒုက္ခ နှစ်မျိုး သုခ နှစ်မျိုး အဲသလို လာတာ
နိဗ္ဗာန်ဆိုတာ ချမ်းသာတာ မဟုတ်ဘူး
ရုပ်လဲ မဟုတ် နာမ်လဲ မဟုတ် ဆိုထား တာ ဘာကို ချမ်းသာနေဦးမလဲ ဒါကြောင့် ဘုရားက ဟောတာ နိဗ္ဗာန်ဆိုတာ အေးငြိမ်းတာလို့
ပူလောင်တဲ့ ဒုက္ခရဲ့အဆုံး အပူကင်းတော့ အေး တယ် ပြောတယ် ဒုက္ခ မရှိတော့လို့ ဖြစ်တာလဲ မရှိ ပျက်တာလဲ မရှိတော့လို့ ငြိမ်းတယ် ပြော တယ် ဘုရားက ပြည့်စုံ လုံလောက်တဲ့ စကား ပြောခဲ့ပြီးသားပဲ
စာစကားနဲ့ မွှန်းပြီးဖွင့်ရင် ဂုဏ်ပုဒ်တွေက
ဝေါဟာရ အလုံးတိုင်းအတွက် ဖွင့်လို့ရတယ် အဲလို ဖွင့်တာက နိဗ္ဗာန်ရဲ့ အကြောင်း မဟုတ်ဘူး တင်စားတာ ဒါလေး ကွဲပြားဖို့ လိုတာ
အဲဒီလို မှားယွင်းစွာသိတဲ့ ဒုက္ခ ကို မသိရင် သဘောမမိရင်လည်း ပြဿနာ ရှိတယ် ဆိုတာ လေး သဘောရှင်းထားကြဖို့ လိုအပ်တယ်
ထင်ယောင်ထင်မှား အထင်မှား အမြင်လွဲတွေ ကင်းစင်ကြစေသော်…

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်