ဈာန် သစ် အောင် မေးတာလေးပါ


======================
မွန် ဆိုတဲ့ ဝေါဟာရ ပေါ်လာပုံကို ပြော ထားတာ ဖတ်မှတ်ဖူးသမျှထဲကနေ စုစုပေါင်း ၁၄ မျိုး အထိ မူကွဲတွေ တွေ့ရပါတယ် ဘယ်ဟာ အမှန် ပါဆိုတာ ကောက်ချက်ဆွဲဖို့က မလွယ်ဘူး စကားလုံး တွေကနေ လျောက်ဆွဲယူပြီး ပြော ထားတာတွေ ဖြစ်နေလို့ပါ
ဥပမာ
၁။ မွန်ဂိုလွိုက်ကို စွဲပြီး မွန် ခေါ်တယ်
၂။ မွန်ဂိုက နေ ဂိုကို ဖြုတ်ပြီး မွန် ခေါ်တယ်
၃။ မဏ္ဍလ ကနေ မန် မွန် အဲလို ဖြစ်လာတယ်
ထားတော့ပေါ့လေ အဲလိုချည်း ၁၄ မျိုး ဆိုတော့ ဘယ်ဟာကို ယူသင့်တယ် ဆိုတာ ကို ခုထိ နီးနီး စပ်စပ် အထောက်အထား ပြလောက်စရာ ကျွန်တော် မတွေ့ဖူးသေးဘူး
ဘာသာဗေဒပညာရှင် ဒေါက်တာလိုဂန် က စခေါ်လိုက်တာ မွန်အာနန်လို့
အာရှအရှေ့ဘက်ခြမ်း တကျောလုံးက လူမျိုးစု တွေ အားလုံးကို ပေါင်းပြီး မွန်အာနန်လို့ ခေါ်တာ လူမျိုးစုပေါင်း အများကြီးပဲ
မွန် ဆိုတဲ့ အခေါ်က အဲချိန်က ဘယ်နားက ရတယ် ဆိုတာ မှတ်တမ်း မတွေ့ဘူး
အာ ဆိုတာက အာရှကို ပြောတာ
နန် ဆိုတာက ဖူနန်နဲ့ မဲနန်မြစ်ဝှမ်း တလျောက် က ခမာနယ်မြေတွေကို ပြောတယ်
နောက်တော့ မွန်နဲ့ ခမာက စကားဆင်တူ တယ် ဆိုပြီး နောက်ပိုင်း ပညာရှင်တွေက မွန်ခမာ လို့ နာမည်အသစ် ပြောင်းခေါ် တယ် ၂၀ ရာစုဦးမှာ မွန်ခမာ နာမည် ဖြစ် လာတယ်
အဲမှာ စကားဆင်တူလို့ ပေါင်း ခေါ်တာပါလို့ ပါမောက္ခ ရှားမစ်က ပြောထားတယ် လူမျိုးတူ တာ မဟုတ်ဘူး
အာရှတောင်ပိုင်းက ဘာသာစကားတွေပါ
နောက်တော့ မွန်ခမာ ဆိုတဲ့ ဟာကိုပဲ သြစတြို အေရှတစ် ဆိုပြီး ထပ်ပြောင်း ခေါ်ပါတယ် အဲဒါ တစ်ခုတည်းပါ
ခုခောတ်ပေါ် အချို့စာအုပ်တွေမှာ တော့ မသိလို့ လား မလှိမ့်တပတ်လုပ်တာလား မသိပါဘူး ဒီ နာမည်နှစ်မျိုးကို မတူဘဲ သီးခြား ခေါ်ကြလေ ဟန် ရေးတာတွေ ဖတ်ရတယ် ဒါကတော့ စာရေး သူသာ သဘောမှန် သိမှာပါ ဘာမှ မပြောလိုပါ ဘူး
ကိုသာဝ မေးတဲ့မေးခွန်းက ၁၁ ရာစု ဒွါယဝတီကို ခမာတွေ သိမ်းတယ် ဒွါယဝတီ နိုင်ငံပျက်တယ် မရှိတော့ဘူး
အဲဒီ အချိန်ထိ မွန် ဆိုတဲ့ ဝေါဟာရက မပေါ်သေး ဘူး ဘယ်လိုနည်းနဲ့ မွန်နိုင်ငံလို့ ဆိုကြတာ လည်း ကျွန်တော်တော့ သဘောမရှင်းဘူး
ဒွါယဝတီနိုင်ငံနေ လူတွေဟာ ဘာလူမျိုး ဆိုတာ ဘယ်လို ပြောကြမလဲ ဆိုတာ စဉ်းစားရမှာ
‪#‎ကိုသာဝဆိုရင်ဘယ်လိုဖြေမလဲ‬
မွန်လို့ ပြောလို့ မရဘူးဖြစ်နေတာ မွန် စကားနဲ့ ဆင်တူတဲ့ လူမျိုးစုက တပုံကြီး ဗီယက်နမ်ကနေ ဂျာဗား မြောက်ကနေ တောင်ထိ မဲနန်မြစ်ဝှမ်း တကျောလုံးဟာ အဲဒီ ဘာသာစကား ဆင်တူရိုး မှားတွေသုံးတဲ့ လူမျိုးတွေချည်းပဲ ဆိုတော့ ဘယ် လူမျိုးစုက ဒွါယဝတီမှာ မင်းလုပ် အုပ်ချုပ် တာလဲ ဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်သလဲ
ကျောက်ပြားတစ်ခု နှစ်ခုက စာ လောက်နဲ့ မွန် နိုင်ငံပါလို့ ဆိုတာ ပေါက်လွတ်ပဲစားပြောတဲ့ စကားပါပဲ ပညာရှင် ဆိုသူတွေ စည်းကမ်းမဲ့ လုပ် ကြတဲ့ အလုပ်ပါ
ဗီယက်နမ်တောင်ပိုင်း ကမ္ဘာဒီးယား ထိုင်း
ဒီ သုံးနိုင်ငံလေးပဲကြည့် စကားက ဆင်တူ သုံးသူ တွေချည်း နေကြတာ ဘာလူမျိုးလဲ
ခမာက ရှင်း တယ် သူ့ဟာသူ AD-3 ကတည်းက ခမာအင်ပါယာ ထူထောင်ပြီး လာတာ ဒွါယဝတီ နေရာဟာ ခမာပိုင်နက် ဒွါယဝတီ မရှိသေးဘူး ၆ ရာစုမှ စတယ် ခမာအင်ပါယာထဲမှာ ဘာမှန်းမသိ တဲ့ လူမျိုးက ထပြီး ဒွါယဝတီနိုင်ငံထူထောင် တယ်
ဒီနေရာလေး စဉ်းစားကြည့်ပါ
ဒွါယဝတီနိုင်ငံ တည်သူတွေက ခမာမင်း မဖြစ် နိုင်ဘူးလို့ ငြင်းရဲသလား မွန် ဆိုတာ ရှိကို မရှိ သေးဘူးနော် မွန်မင်းလို့ မပြောနဲ့
အခြား မျိုးစုတွေကော မဖြစ်နိုင်ဘူးလား ဒါက သေသေချာချာ လေ့လာစီစစ်ရမယ့် အချက်ပါ မွန်အက္ခရာနဲ့ တူတယ် ဆိုပြီး မွန်မင်း မွန်နိုင်ငံ ပြောရင် ခမာမင်း ခမာ နိုင်ငံပါ လို့ ပြန်ခံ ပြောပြီ တဲ့ ဘယ်လို ဖြေရှင်းမလဲ အက္ခရာ စကား ယဉ်ကျေးမှုဟန် ဆင်တူရိုးမှားတွေချည်းပဲလေ
အဲဒါ ခဏထားဦး နောက်ပြည်ပ သမိုင်းမှတ်တမ်း တွေမှာ ဒွါယာဝတီ အင်အား တောင့်တင်းလာပြီး အရမ်းထွန်းကားပါ တယ် ဆိုတဲ့ မှတ်တမ်း အခိုင် အမာ ရှိသလား စစ်ရပါမယ် အင်အားတောင့်ဖို့ နေနေသာသာ သုံးမြို့ကွဲပြီး အချင်းချင်း ချတော့ ကြားက ခမာတွေ ဝင်သမသွား တာနဲ့ အကုန် ပြေးကြရတာ ဘာမှန်းမသိ တဲ့ လူမျိုးတွေ ခမာ တွေလည်း ဖြစ်နိုင်တယ် ဒါက စဉ်းစားဝေဖန် စီစစ်ရမယ့် အချက် အချို့ပါ ကိုသာဝတို့ သမိုင်း သမားတွေ ပိုသိကြမှာပါ ပိုဆက်တွေး နိုင် ကြမှာ ပါ
ဘယ်နည်းနဲ့ ဒွါယာဝတီဟာ မွန်နိုင်ငံပါ လို့ ယူပြီး ပြောနေကြတာလဲ ဆိုတာ နား မလည်နိုင်ဘူး ဖြစ်ရတယ်
၁၁ ရာစုမှာ ပြေးရပြီ ဘယ်ကို ပြေးသွား တာလဲ တော့ ဆက်စပ်ယူတော့ ဂျာဗားက ကျောက်စာ မှာ ရေးတဲ့ ဟာကလည်း မွန် မှ မဟုတ်ဘဲ အဲဒါ လဲ နီးစပ်ပုဒ်ကို ဆွဲယူ ပြောတာပဲလေ အပေါ်က ၁၄ မျိုး ဆိုတာ ပြောတာထဲ အဲဒါလည်းပါတယ်
ဒီတော့ မွန်ဆိုတဲ့ အခေါ်ဟာ မြန်မာနိုင်ငံထဲမှာ ရော ဘယ်အချိန်မှာ စသုံးတာလဲ ကျွန်တော် တွေ့ဖူးသမျှ အစောပိုင်းဟာ တွေ မှာတော့ တန်လိုင်း ဆိုတာတွေပဲ တွေ့တယ် ဒီတလိုင်း ဆိုတာလဲ ကိုလိုနီ ခေတ်နှောင်းမှ ပြဿနာ စ တက်တာ သက်သေ အခိုင်အမာပဲ မင်းတွေ လက်ထက်က ဘာမှမဖြစ်ဘူး သခင်ကိုယ်တော် မှိုင်းတောင်းတောင် ပဲခူးရာဇဝင် ပြဇာတ်မှာ တအုပ်လုံး တလိုင်းချည်း ရေးသွားတာ
မွန်က ဘယ်ချိန်မှပေါ်လဲ ဆိုရင် ကိုလိုနီ ခေတ် စာပေတိုက်ပွဲ ကာလမှာ ဦးဖိုးကျားက တလိုင်း ဘာဖြစ်တယ် ညာဖြစ်တယ် ရေးတာကို မကျေ နပ်လို့ ပြဿနာက အစပျိုးလာတယ်
အဲချိန်က တန်လိုင်း တွေက လုစ်နဲ့ ပနံရနေချိန် ဦးဖိုးလတ်က လုစ်ကို ထကန်ချခဲ့တာ မကျေ မနပ် ဖြစ်နေတဲ့ လုစ်က မကျေနပ်သူ အချင်း ချင်း ပေါင်းပြီး လုစ်ထောင်ချောက်ထဲ တလိုင်း တွေ ပြေးဆင်းတာ လူသတ်မှု တွေဖြစ်လိုဖြစ် တရားတဘောင် ဖြစ်လို ဖြစ်နဲ့ အဲနောက်ပိုင်းမှ ဒီမွန် ဆိုတဲ့ ဝေါဟာရ က ထွက်လာတာ အဲဒီ ရှေ့က ရေးခဲ့တဲ့ စာအုပ်စာတမ်းဖတ်ကြည့်ရင် မွန်လို့မရေးဘူး တလိုင်းသာ ရေးတာ ထင်ရှား နေတာ
ဒီဟာက ကိုသာဝ မေးသလို ခမာတွေ ထဲ ကနေ ယူပြီး ခေါ်တာလည်း မဟုတ်ဘူး
မွန်ခမာလို့ ခေါ်တဲ့ အမည် ပေါ်ချိန်ကို ပြန်ကြည့် ရင် ၁၉၀၀ပြည့် ဝန်းကျင် ၂၀ ရာစုမှ ခေါ်တယ် ပြဿနာ ထဖြစ်ကြချိန်နဲ့ ဒီနာမည်တွေ ပေါ်လာ ချိန်တွေကို ညှိနှိုင်း ကြည့်ရင် အဲဒီကာလ ဝန်းကျင်တဝိုက်မှ ပေါ်လာတဲ့ ဝေါဟာရလို့ ပြော လို့ရတယ် ယူနိုင်တာပေါ့
ကျန်တာ ကွကို ဆက်ယူတော့ဗျာ လက်ညောင်း လာပြီ ဟီး ဟီး
မွန် ညီအစ်ကိုများကလည်း သက်သေရလောက် စရာတွေ ရှိရင် ပြောပေးပါ ဒါတွေ ပြောတာက လူမျိုးရေးနဲ့ မဆိုင်ဘူး စဉ်း စားသင့်တာကို လမ်း ကြောင်းအလိုက် ပြောနေတာလောက်ပါပဲ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်