မေးလို့သာ ဖြေရတာပါဗျာ


==================
ကျွန်တော်လည်း ပိဋကတ်စာပေတွေ လေ့လာ ချင်တာဗျာ ဘယ်လို လုပ်ရမှန်း မသိဘူး အစ်ကို တို့လိုလည်း မမှတ်မိဘူး ဖတ်လိုက် မေ့လိုက် ဖြစ် နေတာ အစ်ကို ရော ဘယ်လိုလေ့လာတာလဲ ပြောပြပေးပါဦး တဲ့
သူက သူ မေ့တတ်တာ သူ ပါဠိစာ မဖတ်နိုင်တာ ကို အားငယ်နေတာလို ပြောလာတာ သူ့ကိုယ်သူ အားမရဖြစ်နေတဲ့ ပုံစံပါ
ကျွန်တော်ကရော ဆရာလားဆို ဘယ်ကလာ ပရိတ်ကြီးတောင် အလွတ်ရတဲ့သူ မဟုတ်ဘူး မသိတဲ့သူက မတတ်တဲ့သူကို လာမေးတော့ လည်း အိုးပဲ့နဲ့ စလောင်းပဲ့ တွေ့ကြလေသတည်း ပေါ့လေ
ဘာဖြစ်ဖြစ်ပါ သိသလောက်လေး ပြော ပေးပါ မယ် သိတတ်တဲ့သူတွေက ဝိုင်းဝန်း ကူညီပြီး ညွှန်ကြားလမ်းပြ အကြံပြုပေး ကြပါလို့လည်း မေတ္တာရပ်ခံပါတယ် ပစ်မထားကြပါနဲ့ အပေ အတူးလေးတွေ ဆိုပြီး မျက်နှာမလွှဲသွား ကြပါ ကုန်နဲ့ သင်ပေးကြပါ
ကျွန်တော် လေ့လာတဲ့ ပုံစံလေး အခု ပြော ပြပေးပါမယ် အခြေခံ လူပိန်းနည်းပါ
ဓမ္မဒါယာ ဒါ မေ ဘိက္ခဝေ ဘဝထ
မာ အာမိသဒါယာ ဒါ
လို့ ဆိုလိုက်ရင် မြင် လိုက်ရင် ဒီတရားက သုတ္တန် ကလား သူနဲ့ လျော်တဲ့ အခြားနေရာက ဇာတ် ဝတ္ထု စတာတွေနဲ့ တွဲပြီး စပ်အပ်မိအောင် လုပ် ကြရတာပါ
ဒီအတွက် စာဖတ်တဲ့အခါ မှတ်မိအောင် ဖတ်ရ တယ် အလွတ်ရတာ ပြောတာ မဟုတ်ဘူး ဘယ် စာအုပ်မှာ ဒီဟာနဲ့ ဆိုင်တာရှိတယ် ဆိုတာလေး လောက် ပထမ အနေနဲ့ ကိုယ်က သိနေဖို့တော့ လိုအပ်ပါတယ် ဒီအတွက် မှတ်မိအောင်ဖတ်ရ တယ် ဆိုတာ ပြောရတာ အနိမ့်ဆုံး အဆင့်ပြော တာပါ
ဓမ္မဒါယာ ဒ လုပ်ကြ အာမိသဒါယာ ဒ
မလုပ်ကြနဲ့ လို့ ဆိုလိုက်တယ် မြင်လိုက် တယ် ဆိုတာနဲ့ သွားပြီးတော့ ခိုင်မာတဲ့ Authority တစ်ခုကို အရင် ရအောင် လုပ်ရပါတယ်
ဘုရားကပြောတယ် ဓမ္မကိုသာ အမွေခံကြ အာမိသကို အမွေမခံကြနဲ့ တဲ့
ဒီဟာလေး ပြောတော့ သတိရလာတာ ညီအစ်ကို ဝမ်းကွဲ သုံးယောက် သိဒ္ဓတ္ထ အာနန္ဒာ ဒေဝဒတ္တ ရယ် ဘုရားဖြစ်ပြီး ဝါ နည်းနည်း ရပြီးတဲ့ ကာလ ပေါ့လေ
အဲဒီမှာ ဒေဝဒတ်က ဘာသွားပြောလဲဆိုရင် နောင်တော်ဘုရား ခြောက်နှစ်ကြီး တောင် ကျင့် ရလို့လည်း ပင်ပန်းလွန်းလှပြီ နေညမနား သွား နေရလို့လည်း ပင်ပန်း လွန်းလှပြီ အငြိမ်းစား ယူ တော်မူပါ ဒီသံဃ အစည်းအရုံးကြီးကို သူထိန်း ပါ့မယ် ဆိုပြီး ဘုရားကို သွားပြောတာ
ဒါက ဒေဝဒတ်က အာမိသ ပဲ တွေးပြီး သူလို ချင်တာ ဓမ္မဒါယာ ဒ ကို သူယူသွား တာ မဟုတ် ဘူး သူက ဘုရားဖြစ်ချင်တာ အဲဒါကြံရင်း လုပ်ကြံ မှု ၃ ကြိမ် ပြုဖြစ်တယ်
ဘုရား ဝါတော် ၂၀ နောက်ပိုင်းမှာ အရှင် အာနန္ဒာကို အလုပ်အကျွေးသံဃာအဖြစ် ရွေး လိုက်တယ်
အဲ ဝါ ၂၀ ရှေ့ပိုင်း ကာလ မှာ အလုပ်အကြွေး သံဃာ ၆ ပါး ရှိတယ် တပါးမှ မမြဲဘူး အဲဒီ ရဟန်းတွေကို သုတ အဖြစ် နည်းနည်း မှတ် ရအောင် ထည့် ပြောပေးပါမယ်
၁။ နာဂသမာလ ၂။ နာဂိတ ၃။ သုနက္ခတ္တ ၄။ ဥပဝါန ၅။ မေဃိယ ၆။ သာဂတ ဒီခြောက်ပါး
နောက်ထပ် သာမဏေကြီးတစ်ပါး ပါ သေးတယ် စုစုပေါင်း ၇ ပါး ဝါတော် ၂၀ ရှေ့ပိုင်းကာလက အလုပ် အကြွေး သံဃာတွေ
ဝါတော် ၂၀ နောကိပိုင်းမှာ ရှင်အာနန္ဒာ
အားလုံးဆိုရင် ၈ ပါး ရှိတယ်
အဲဒီမှာ သုနက္ခတ္တ ဆိုရင် ဘုရားနောက် ဆွမ်းခံ လိုက်နေရင်း လမ်းမှာ တက္ကဒွန်းတွေ (ဂျိန်းဘုန်း ကြီးကိုပြောတာ) အဝတ် မဝတ်ဘဲ နေနေတာ မြင်တော့ ဟာ အဝတ်တောင် အလှူမခံကြဘူး ကိလေသာ ကုန်ပြီ ကိလေသာ ခေါင်းပါးလိုက်ကြ တာ လို့ သူကတွေးတာ ဒီတော့ တဆက်တည်း ပေါ့လေ ဘုရားဟာ ကိလေသာ မကုန်သေးဘူး ထင်ပြီး ဘုရားကိုထားခဲ့ပြီး ပြေးတော့တာပဲ
နာဂသမာလ ဆိုရင်လည်း ဘုရားနဲ့အတူ ခရီး သွားရင်း လမ်းမှာ သပိတ်ကြီး ချထား ခဲ့ပြီးတော့ ကိုယ်တော်လည်း ကြိုက်တဲ့ လမ်းသွား တပည့် တော်လည်း ကြိုက်တဲ့ လမ်း သွားမယ် ပြောရော အဲဒါ အကြောင်းက သူက ခရီးတိုအောင် ဖြတ် လမ်းက သွားမယ် ပြောတော့ ဘုရားက လမ်းရိုး အတိုင်းပဲ သွားကြဖို့ ပြောတယ် အဲမှာ လမ်းရွေး ပြီး ဘုရားနဲ့ ငြင်းတာ နောက်တော့ သူကတော့ ဖြတ်လမ်းကပဲ သွားမယ် ဆိုပြီး ဘုရားကို ဆန့်ကျင်ပြီး သွားပါရော သူသွားတဲ့လမ်းမှာ ဓါးပြ အတိုက်ခံရတာ သင်္ဃန်းပါ မကျန်ဘူး ဆရာကို အာခံတဲ့ အန္တရာယ်
မေဃိက ကတော့ စာလိယတောင်မှာ ဘုရားနဲ့ နှစ်ပါး အတူတူ နေနေတုန်း ဘုရားကို ထားခဲ့ပြီး သူ့ဟာသူ တရားသွား ကျင့်တာ သူကတော့ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ သွားတာပါ ဒါပေမယ့် သူက ဘုရားရဲ့ အလုပ်အကျွေး သံဃာ အဖြစ် ပါလာတဲ့ ဟာ ထားခဲ့ပြီး သွားတာ
ဒါက စဉ်းစားသင့်တယ် ကိုယ့်ကိစ္စ ဘယ် လောက် အရေးကြီးကြီး မိဘ ဆရာကို အဲသလို တစ်ဦးတည်း ထားခဲ့ပြီး မသွားသင့်ဘူး
လူကတော့ ဆင်ခြေများမှာ သံဃာ ဆိုရင် ဒီနေ ရာမှာ ဘာမှ ပြောစရာ မရှိဘူး နေကို နေနေသင့် တယ် သူ့မှာ အရေးကြီးတဲ့ ကိစ္စဆိုတာ အဲဒီ အလုပ်ပဲ ရှိတာ ဘဝဆိုတာက တခါတခါမှာ တစ်ဦး တစ်ယောက်တည်း နေလို့ မဖြစ်တာတွေ ရှိတယ် ဒါကို သတိရနေဖို့ လိုတယ်
နာဂသမာလ နာဂိတ မေဃိယ သုနက္ခတ္တ တို့က ဘုရားဆီ တပည့်ခံပြီး ဆရာကို အထင်သေးကြ တာ ဒါက အတွေးအခေါ် ပိုင်းပဲ ဒေဝဒတ် ကျတော့ စိတ်ဓါတ်ညံ့တာကနေ စတာ
ဥပဝါန ဆိုတာက တစ်ပါး ဒီရဟန်းက မှတ်တမ်း အရိုင်းမရှိဘူး ကျန်တဲ့ ကိုယ်တော်တွေက မှတ်တမ်းမကောင်းဘူး ဥပဝါနက မကောင်းတဲ့ မှတ်တမ်း လုံးဝ မရှိတာ ထူးတယ်ပေါ့ ခြောက် ပါးမှာ သူ့တပါး တည်း မရှိတာ ဒီရဟန်း နာမည် ရင်းနှီးပြီးသား ဖြစ်ကြမှာပါ
ဘုရားပရိနိဗ္ဗာန်ပြုခါနီးတော့ ဘုရားရှေ့ ပိတ်ပြီး ထိုင်နေတာဟာ ဒီရဟန်းပဲ
ဘုရားက သူ့ကို ပြောတယ်
အပေဟိ ဥပဝါန အပေဟိ ဥပဝါန တဲ့
ဥပဝါန ဖယ်လိုက် ဖယ်လိုက် တဲ့
အဲလို ပြောတယ် ဒီအခါမှာ ရှင်အာနန္ဒာက ဘုရား ကို ဘာဝင်ပြောသလဲ ဆိုရင်
အရှင်ဘုရား ငယ်ငယ်တုန်းက သူပဲ လုပ်ကျွေး လာခဲ့တာ အလုပ်အကျွေးကောင်းပါ သူ့ကို မပစ် ပယ်ပါနဲ့ ဘုရား တဲ့ အဲလို ဝင်ပြောတာ စိတ်ထား လေးတွေ ကြည့် ဘယ်လိုကွာကြလဲလို့
အဲလိုပြောတော့ ဘုရားက အာနန္ဒာ ဟိုနောက်မှာ နတ်တွေက စိတ် ဆိုးနေကြတယ်တဲ့ ဘာကြောင့် စိတ်ဆိုးနေလဲ ဆိုရင် ဥပဝါန က ဘုရားနဲ့ အရမ်း နီးကပ်နေတော့ ဘုရားမျက်နှာက သူ့နဲ့ ကွယ် နေလို့ စိတ်ဆိုးနေကြတာ
နတ်မျက်စိနဲ့ ဖောက်ပြီး ကြည့်လို့ရတယ် ဒါပေမယ့် အဲချိန်မှာ ဥပဝါန ခန္ဓာကို နတ် တွေက ဖောက်ပြီး မကြည့်နိုင်ကြဘူး ဖြစ် နေတာ ထူးခြား ဖြစ်စဉ်ပေါ့ ဒီဟာကလည်း အကြောင်းမဲ့ ဖြစ်တာ မဟုတ်ဘူးတဲ့
ဥပဝါနဟာ ကဿပ ဘုရားလက်ထက်က
စေတီမှာ တံမြက်စည်း နေ့တိုင်း အမြဲ လှဲ လေ့ရှိ တယ် အဲဒီ တံမြက်စည်းလှဲခဲ့လို့ ရတဲ့ အကျိုးက ခုဘဝမှာ ခန္ဓာကိုယ် ကြံ့ ခိုင် ကျစ်လစ်ပြီး နတ် တွေတောင် သူ့ခန္ဓာ ကို ဖောက်မကြည့်နိုင်ဘူးတဲ့ တံမြက်စည်း လှဲလို့ ရတဲ့အကျိုးကျေးဇူးနော် တုတ်ပြီး ဓါးပြီး သေနတ်ပြီးလောက်ကတော့ သနားတယ် ပြောရမယ့် အနေအထားပဲ
ဘုရား ၂၁ ဝါ ရတော့ ရှင်အာနန္ဒာကို ရွေးလိုက် တယ် ဘုရားက အသက်ကြီး လာတော့ ကျမ္မာ ရေး မကောင်းဘူး ခေါင်းခဲတယ် ခါးနာတယ် ဝမ်းနာတယ် ဒီ ၃ မျိုး ရှိတယ် ထားတော့ ဒါတွေပါ ဆက် ပြောနေရင် ပေရှည်နေဦးမှာ
ရှင်အာနန္ဒာကို ရွေးတော့ ရှင်အာနန္ဒာက ဒီ အတိုင်း လက်မခံဘူး သိပြီးသားတွေ မဟုတ် လား သူတောင်းဆိုတာတွေ လုပ် ပေးမှ လက်ခံ မယ် ဆိုပြီး တစ်ခုစီ ပြော တာ သူ့အတွက် တစ်ခု မှ မပါဘူး စိတ်ဓါတ်က အဲလို စံပြုစရာ ဒေဝဒတ် နဲ့ ကတော့ ဆန့်ကျင်ဘက်ပဲ ဓမ္မဒါယာ ဒ ကို ယူသွားတာ
နောက်တစ်ချက်က သူတောင်းတဲ့အထဲ မှာ တရားဟောခဲ့သမျှ သူ့ကို ပြန်ဟောပေး ဖို့ဆို တာလေး ပါတယ်
အစက ကျွန်တော်လည်း ဝါတော် ၂၀ ရှေ့ပိုင်းက ဟောခဲ့တာတွေ သူများများ ပြန်မနာရဘူး ထင် တာပဲ စာတွေတောင် ရေးထားတာ ရှိသေးတယ် အဲဒီအချက်လေး ချော်နေတာ ပြန်ပြင်ထား ရပါ ဦးမယ် နောက် ပါဠိ တော်ကြည့်ရင်းကမှ သူ အကုန် ပြန်ပြီး နာခဲ့ရမှန်း သိလာတယ်
သူပြောတာက သူမကြားနာဖူးသေးသမျှ ဘာမှ မရှိချင်ဘူး သူအကုန်ကြားသိလို တယ် ဆိုတော့ အဘိဓမ္မာကို ရှင်အာနန္ဒာ ကို ဘုရား ပြန်ဟော သေးတယ်လို့ အဓိပ္ပါယ် ရတယ် နတ်ပြည်မှာပဲ ဟောခဲ့တာ မဟုတ်ဘူး ဆိုတာ ပေါ်လာတယ်
ကျွန်တော်က အဲသလို ကောက်ယူတယ်
ဒီယူဆချက်ဟာ မမှားဘူးလို့ မျှော်လင့်ပါ တယ် စာဖတ်သူထဲက ပိုတတ်သိ နားလည်တဲ့ ရဟန်း ရှင်လူ အပေါင်းတို့က ညွှန်ကြား ပြသပေးစေ လို ပါတယ်
ဧဝံ မေ သုတံ ဒီလို ကြားဖူးတယ်ပဲ လိုချင်တာ မကြားနာဖူးတာ မရှိစေရဘူး ဆိုတာ တောင်းခဲ့ တာ
ဧဝံ မေ သုတံ ဆိုတဲ့ စကားက ပထမ သင်္ဂါယနာ တင်ချိန်မှာ ဒီစကားကိုက သွားပြီး အသုံးတည့် သွားတာ ဒါကြောင့်ပဲ ဓမ္မစကြာ စပြီး အစရွတ် ကတည်းက ဧဝံ မေ သုတံ ဧကံ သမယံ ဆိုပြီး ရှင်အာနန္ဒာ က အကုန် ပြန်ပြောသွားတာ
လူကပ်တွေ က ပြောမှာပေါ့ ဟေ့ ဓမ္မစကြာဟော တာ အာနန္ဒာတောင် ရဟန်းမဝတ်သေးတဲ့ အချိန်က ဟောတာ ဘယ်လိုဖြစ်နိုင်ပါ့ မလဲ ဆို တာ ပြောလာနိုင်တယ်ပေါ့
ဒါပေမယ့် ရှင်အာနန္ဒာရဲ့ လုပ်အားခထဲက မကြား နာဖူးတာ မရှိစေရ ဆိုတာနဲ့ ပြန် ကောက်ရင် အဲဒီမေးခွန်းက ဖြေပြီးသား ဖြစ်တယ် ဒါကြောင့်ပဲ သူပြန်ပြောနိုင်တာပေါ့
အင်း… ပိုစ့်မှာ ပြောပေးတာက တခြား စာက ရေး ရင်း အရှိန်ရသွားတာ အဲဒါ ပြန် ကောက်ပြောရင် စာလေ့လာတာက ကနဦးအနေနဲ့ ဆိုရင် ဖတ်ရင် အာရုံထည့် ပြီး မှတ်မိအောင် ဖတ်ဖို့ စာတစ်ပိုဒ် ဂါထာ တစ်ပုဒ် မြင်ရင် ကိုယ်ဖတ်မှတ်ဖူးတာတွေ နဲ့ စပ်ပြီး ယူတတ်ဖို့ သုံးသပ်ဖို့ ဆိုတာ လေးကို ပထမဆုံး ကြိုးစားရတာပါ နောက်တော့လည်း တဖြည်းဖြည်းနဲ့ ဆရာတွေ ဆုံးမကြတဲ့ စကားပဲ ငှားပြောရရင် ကျမ်းပေါက်အောင် လေ့လာသွား ပေါ့
မမှတ်မိဘူး မေ့မေ့သွားတယ် ဆိုတာက
ဖတ်တဲ့အခါ ကြားနာတုန်းအခါက အာရုံ စူးစိုက်မှု နည်းရင် နည်းသလောက် မမှတ် မိဘူး ဖြစ်တာပါ ဒါက လေ့ကျင့်ယူလို့ လည်းရတဲ့ အရာမျိုးပါ မေ့တတ်တယ်ဆိုပြီး အားမငယ်ပါနဲ့ လူတိုင်း မေ့တတ်တဲ့ သူချည်းပါပဲ အာရုံဘယ်လောက် စူးစိုက်ပြီး ဖတ်သလဲ ကြားနာသလဲ ဆိုတာက အဓိက အချက်ပါပဲ ဒါလေးပဲ လုပ်ပါ အဆင်ပြေ သွားပါလိမ့်မယ်
ကျွန်တော်စာရေးတယ် ဆိုတာလည်း အဲဒီဟာကို လေ့ကျင့်ယူနေတာကလည်း တပိုင်းပါတယ် ကိုယ်ဘယ်လောက် နားလည်သလဲ ဆိုတာ ကိုယ့်ဟာကိုယ် စီစစ် နေတာမျိုးပါပဲ
ဒီဟာက စာလေ့လာတာရဲ့ အခြေခံ အဆင့်ပေါ့ နောက်ထပ်က တတ်ထား သိထားတာကို အသုံး ချဖြစ်အောင် လုပ်ဖို့ ပါ ဒါကတော့ အခြေခံသမား လဲ လုပ်ရင်း မှတ် ဖတ်ရင်းလုပ် အဲလိုသွားရင် တော့ အကောင်းဆုံးပါပဲ လို့ အကြံပြုပေးလိုက် ပါတယ် အဆင်ပြေပါစေ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်