အပျင်းထူ


=========
ဘုရားအဆူဆူ ပွင့်တော်မူ
လွဲနေအောင်ကို အပျင်းထူ
ဘုရား ပုထိုး ရွိမခိုး
အကျိုးမလိုသူ အပျင်းထူ
သြကာသမွ မရကြ
များလှဗိုလ်လူ အပျင်းထူ
သီလယူပုံ သရဏဂုံ
လုံးစုံမရသူ အပျင်းထူ
တရားဟောရာ လူမလာ
ပွဲမှာများသူ အပျင်းထူ
ကျောင်းကန်ဘုရား ရှောင်ကွင်းထား
မသွားလိုသူ အပျင်းထူ
စာသံကြားလေ အိပ်ချင်လေ
အိန္ဒေမြရသူ အပျင်းထူ
စာကျက်သည့်ချိန် မြေကြီးလိမ်
တွန့်လိမ်နေသူ အပျင်းထူ
အလုပ်လုပ်ချိန် မြွေကြီးလိမ်
တွန့်လိမ်နေသူ အပျင်းထူ
ဆေးလိပ်ကိုကိုက် ဘိန်းရှူငိုက်
နှစ်ချိုက်နေသူ အပျင်းထူ
ဆေးသောက် ကွမ်းစား စကားများ
အလကားနေသူ အပျင်းထူ
တောင်ပုလု ကျောက်ဆင်တောရ
ပခုက္ကူဆရာတော်ကြီး

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်