ဥပါဒါနက္ခန္ဓာက ဘာဖြစ်လို့ ရှုပ်နေရတာလဲ


===========================
ဘာလို့ ရှုပ်နေရတာလဲ ဆိုတော့ ရှင်းအောင် မပြောကြလို့ပေါ့ ရှင်းအောင်ပြောရင် ရှင်းရှင်း လေးပါပဲ
ဥပါဒါနက္ခန္ဓာ ဆိုတာ ကိလေသာပဲ ကိလေသာ ဆိုတာ သူ့ဟာသူ ဖြစ်တာ မဟုတ်ဘူး
သင်က ဖင်ယားမှ ဖြစ်တာ သင်သာ ဖင်မယားရင်
ကိလေသာက အနားတောင် လာမကပ်ဘူး
သင့်ဟာသင် ဖင်ယားပြီး ကြံကြံဖန်ဖန် လိုက် စဉ်းစားမှ ကိလေသာက ဖြစ်တယ်
သင်သာ ဘာမှ မစဉ်းစားရင် ကိလေသာက မဖြစ်
ဘူး မြင်တဲ့ အာရုံဟာ ကိလေသာ မဟုတ်သေး ဘူး မြင်တာကို ကောင်မ ရုပ်က ဆိုးဆိုး ပဲကများ လိုက်တာ လွန်ရော ဆိုပြီး ကြံဖန် စဉ်းစားကာမှ ကိလေသာက ဖြစ်တာ အဲဒါမှ ဥပါဒါနက္ခန္ဓာ ဆိုတာ ဖြစ်တာ
ဖင်ယားမှု အာမခံ မရတာဟာ ဥပါဒါနက္ခန္ဓာပဲ
ဥပါဒါနက္ခန္ဓာဆိုတာ ကြံဖန်စဉ်းစားတာ လို့ ပြော လို့ လဲ ရတယ်
ဒေါသဖြစ်တဲ့ပြီး ခေါင်းရိုက်ခွဲလိုက်တာလေးနဲ့ အခြား တစ်မျိုးပြောပေးမယ်
ဒေါသဖြစ်တဲ့စိတ် ဆိုတာမှာ
စိတ်က ဝိပါကဝဋ်
ဒေါသက ကိလေသာဝဋ်
ချထည့်လိုက်တာက ကမ္မဝတ်
အဲဒါဝဋ်သုံးပါး
ဒေါသ မဖြစ်ရင် ကိလေသာက မဖြစ်ဘူး
ကမ္မလည်း မလာဘူး ဝိပါကဝဋ်ကလည်း သူ့ချည်းသက်သက် ဘာမှ မဖြစ်ဘူး
ကိလေသာဝဋ်က ဥပါဒါနက္ခန္ဓာပဲ
ဒေါသမဖြစ်တော့ဘူး ဆိုရင်ဘဲ ဝဋ်သုံးပါးက
ငြိမ်းတယ် ဝဋ်သုံးပါးက ငြိမ်းတော့ ဘာဖြစ်လဲ
ဘာမှ မဖြစ်တော့ဘူး မဖြစ် မပျက်ဆီ ရောက် သွားတယ် အဲဒါ နိဗ္ဗာန် ရောက်ပြီပဲ
ဝိပါကဝဋ်တွေက မျက်လုံး နား စသည်ပေါ့
သူ့ဟာသူနေတာ သူ့ချည်းသက်သက်ဆို ဘာမှ မဖြစ်ဘူး
သင်က ဖင်ယားလိုက်မှ ကိလေသာဝဋ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာကြီး ထဖြစ်တာ
ဒါကြောင့် ဖင်မယားနဲ့ ဖင်ယားရင် ဖင်ကုတ်နေရ မယ် သတိထား
ဝဋ်သုံးပါး ငြိမ်းရင် နိဗ္ဗာန်ပဲ လွယ်တာကို ပတ် ချာလည်အောင် စဉ်းစားတာလည်း သင်ပါပဲ
ဖင်မကုတ်ချင်နဲ့ ဖင်ယားတာ ကုလားသေတယ် ဆိုလား ပြောလို့လဲ မယားနဲ့ ဟိုက သေ မသေ အာမခံမရှိဘူး ဒီမှာ သင်က ကိလေသာ တနင့် တပိုးရနေပြီ ယားလေ ရလေမှာမှတ်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်