ဗုဒ္ဓက ဘာလူမျိုးလဲ


==============
ဗုဒ္ဓက မြန်မာဆိုတာ ဟုတ်သလား ဟိန္ဒူလူမျိုး ဆိုတာ ဟုတ်သလား ဘယ်ဟာက အမှန်လဲ
ဗုဒ္ဓက မြန်မာလဲ မဟုတ်ဘူး ဟိန္ဒူလဲ မဟုတ်ဘူး နှစ်ခုစလုံး အမှားတွေပါ
ဗုဒ္ဓက သကျ သာကီမျိုးပါ
သကျ သာကီ ဆိုတာ ဘာလူမျိုးလဲ
သကျ သာကီ ဆိုတာ သကျ သာကီပါဘဲ
သကျလူမျိုး လို့ ခေါ်တယ် ခုချိန်ထိ နီပေါ မှာ လူမျိုးစုလိုက် ထောင်ဂဏန်းနီးပါး ရှိနေကြတုန်း ပါပဲ နီပေါ တိုင်းသားရင်း အစုဝင်တွေကို လေ့လာ ကြည့်ရင် သိနိုင်ပါတယ်
တခါကတောင် သကျလူမျိုး လူငယ် တစ်ဦးနဲ့ သီတဂူ ဆရာတော် အမေး အဖြေ လုပ်ထားတာ ရှိသေးတယ် ၁၉၉၇ က ထင်ပါတယ် ဆရာတော် အဲဒီမှာ တရားသွားဟောတော့ သကျမျိုး လူငယ် လေး တစ်ယောက် ထမေးသွားတာ အထင် အရှားပါပဲ
တောပြောတောင်ပြောနဲ့ တလွဲ သမိုင်းတွေ ရေး မလာကြပါနဲ့ ဟိုလူကြီးကလည်း ခပ်တည်တည် နဲ့ ဗုဒ္ဓက မြန်မာ ဆိုပြီး ဘုရားနဲ့ အမျိုးစပ်ပြ လိုက် သေးတယ် ရီရတယ် ပေါက်တတ်ကရ တော် တော် နိုင်တဲ့ လူတွေ
ဗုဒ္ဓသမိုင်းကို ပြောရင် မဟာဝံသ ဒီပဝံသ နဲ့ ရှင်မဟာဗုဒ္ဓဃောသ ပေါက်တတ်ကရ ရေးခဲ့ တာတွေ ပြောရတော့မှာ ပြဿနာ မဖြစ်ချင်သေး လို့ အေးအေး နေနေတယ်
မြန်မာနိုင်ငံမှာ ဖြစ်ရတာက တော်တော် ဆိုး တယ် ဗုဒ္ဓဃောသကို ထိရင် ထောင်ထဲသွား ဆို တာ လိုမျိုး ဖြစ်နေတာ သမိုင်းပညာနဲ့ ဆိုရင် တော့ မြန်မာတော်တော် များများ ဒီလို တဖက် ပိတ် စိတ်ဓါတ်လေး တွေ ပြင်ဖို့ အတော်လိုသေး တယ် ဒီလိုပြောလို့ မနာနဲ့ အဲဒါအမှန်ပဲ
ကျွန်တော် ဘာသာရေးအရ ဓမ္မပိုင်းကို ဘာမှ မပြောဘူး ပြောစရာလဲ မရှိဘူး ဒါပေမယ့် ဝံသ ဆိုတဲ့ သမိုင်းပိုင်းကတော့ သင်္ဂါယနာတင် ကျမ်း တွေလည်း မဟုတ်တော့ အားမနာပါဘူး ပိုကောင်းစေလိုတဲ့ စေတနာသာ ရှိတယ် စံချိန်မှီသာ ဖြစ်စေချင်တယ် တခါတုန်းကတော့ ဒီပဝံသထဲက တလွဲတချော်တွေ အကြောင်းပါးပါး လေး ရေးခဲ့ဖူးတယ်
တကယ်က မဟာဝံသ ဒီပဝံသ ဆိုတာ သမိုင်း ကျမ်း တစ်ခုပါဘဲ အသစ်တွေ့ရှိ ချက်တွေနဲ့ မကိုက်ညီတာ အချို့ကို ပြုပြင်ဖို့ လိုအပ်ပါတယ် ဒါမှလည်း စံချိန်မှီပြီး အမှားရှင်း မှာပေါ့
ဒီဟာက ဓမ္မ ကို ပြုပြင်တာလဲ မဟုတ်ပါဘဲ ဒါကို နားလည်တတ်ဖို့ လိုပါတယ် ဒါတွေ ဒါတွေက လွဲ နေတယ် ဆိုရင် အဲနားလေး ပြင်လိုက်ရုံပါပဲ အကုန် အသစ် ပြန်ရေးဖို့လည်း လိုတာ မဟုတ် ပါဘူး သမိုင်းကျမ်း တစ်ခုဟာ သမိုင်းပညာ သဘောအရသာ ရှုမြင် လက်ခံ သင့်ပါတယ်
ပြင်ဆင်ပြုပြင်မှု မလုပ်ဘဲ ထားတာဟာ ရှေးကျမ်း ပြုတွေကို စော်ကားတာပါ သူတို့ သိ သလောက် ကျောရိုး ရေးထားပေးခဲ့တယ် အသစ် တွေ့လာတယ် သဘာဝယုတ္တိ ကျတယ် ဆိုရင် ပြင်ကို ပြင်ရမှာပါ
ဘုရားဟော မဟုတ်တဲ့ဟာတွေဆိုတာ သတိ ချပ်သင့်ပြီး အမှားတွေကို ပယ်ချတန် ပယ်ချသင့် လှပါတယ် ဖြစ်သင့် ဖြစ် ထိုက်တာကိုသာ ယူရ မှာပါ သူများက ခုချိန်မှာ ကမ္ဘာပြားတယ် ပြောနေ တာကို ထိုင်ရီနေရုံနဲ့ မရတော့တဲ့ ကာလပါ
ဆရာတော်သံဃာတော်များ ပညာရှင်များ သိပြီးသားပါ ဘယ်နေရာတွေမှာ ချွတ် ချော်နေ တယ် ဆိုတာတွေ ထောက်ပြနေ စရာကို မလိုပါ ဘူး Phd ဘွဲ့အတွက် စာတမ်း အဖုံဖုံ ရေးလိုက် ကြတာမှ ပလူပျံ နေတယ် ဒါပေမယ့် အဲဒီ သုတေသန စာတမ်းတွေဟာ မဟာဝံသထဲ လည်း မရောက်ဘူး ဒီပဝံသထဲလည်း မရောက် ဘူး သီးခြား အပြင်မှာသာ ဖြစ်နေကြတာ
စိတ်မကောင်းစရာပါ ဒါစာတမ်းတွေကို အမှား တွေ နေရာမှာ အစားထည့် ရိုက်နှိပ် ပြီး ပြန်လည် တည်းဖြတ် သင့်လှပါတယ်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်