နိဝရဏ သင်္ခါရက္ခန္ဓာ ရှုခြင်း အနုပညာ


========================
လူတွေဟာ ကာမဂုဏ်ခံစားချင်ကြလို့ ချမ်းသာဖို့ တွေချည်း လုပ်နေကြလေတော့  ဒီ ကာမရာဂ တဏှာရမ္မက်တွေ ဟာ ဆားငန်ရေသောက်သလို့ သောက် လေသောက်လေ အငတ်မပြေဆိုသလို့ နန္ဒိရာဂတွေ တဏှာရာဂတွေဟာ အမြဲတမ်း ဖြစ် နေကြတယ်၊ ဒါတွေနဲ့ပဲ လုံးပန်း နေကြတယ်
ကာမစ္ဆန္ဒ လို့ ခေါ်တဲ့ ငါးပါးအာရုံကာမ ဂုဏ်တွေ စွဲကပ်ညှိတော့ ကာမတဏှာ နှစ်သက်တယ်၊ လိုချင်တယ် တပ်မက်တဲ့ လောဘ စိတ်တွေဟာ မိမိသန္တာန်မှာ ဖြစ် ပေါ်နေကြတယ်
ဒီလိုကာမောဂတွေဖြစ်ပေါ်နေတာဟာ မဂ်တား၊ ဖိုလ်တား၊ စိတ် ကာမစ္ဆန္ဒနိဝရဏ တွေဖြစ်ပေါ် နေတာပေါ့
ဒီ ကာမစ္ဆန္ဒနိဝရဏ စိတ်နေစိတ်ထားမျိုးနဲ့ဆိုရင် မဂ်တရား၊ဖိုလ်တရား၊ နိဗ္ဗာန် တရားကို ဘယ်တော့မှ မရနိုင်တော့ဘူး
ဘာကြောင့်လဲဆိုရင် ကာမဂုဏ်ခံစားချင်တဲ့ ငါးပါးအာရုံ ကပ်ငြိတဲ့ တဏှာ လောဘ စိတ်တွေ တပ်မက်တဲ့ ကာမကို အလို ရှိ တဲ့ နိဝရဏတွေက ဖုံးလွမ်းနေလို့ပဲ…
ဒါကြောင့်မြတ်စွာဘုရားက ဓမ္မနုပဿနာ ကို အားထုတ်မယ်ဆိုရင် မိမိရဲ့ အဇ္ဈတ္တ အတွင်း သန္တာန်မှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ စတဲ့ ဒွါရ (၆) ပေါက်မှာ မြင်လို့ပဲ ဖြစ်စေ၊ ကြားလိုပဲ ဖြစ် စေ၊ နံလို့ပဲ ဖြစ်စေ၊ စားမိ လို့ပဲ ဖြစ်စေ၊ ထိတွေ့မိလို့ပဲ ဖြစ်စေ၊ ကြံတွေးမိ လို့ပဲ ဖြစ် စေ၊ အဲဒီလို စိတ် (၆)ပါး ဖြစ်နေတဲ့ နေရာ မှာ သာယာမှု၊ နှစ်သက်မှု၊ လိုချင်မှု၊ တပ်မက်မှုမျိုး ဖြစ်တဲ့ ကာမဂုဏ် ၌ ကပ် ညှိသော ကာမစ္ဆန္ဒ ရှိလာရင် ရှိတယ် ဖြစ်တယ် လို့ သိလိုက်ပါတဲ့
ဒီလိုသိလိုက်လို့ မရှိတော့လို့ ပျက်သွား ရင် ပျက် တယ် လို့ပဲ သိလိုက်ပါတဲ့
(၂) ဗျာပါဒနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို တားမြစ် ပိတ်ဖုံးတတ်တဲ့ ဒုတိယနိဝရဏ တရားကတော့ ဗျာပါဒနိဝရဏ လို့ခေါ် တယ်...
ဗျာပါဒ ဆိုတာ စိတ်ဆိုးမှု၊ စိတ်ပျက်မှု၊ ညှင်းဆဲ သတ်ဖြတ်လိုမှု၊ ပျက်စီးစေလိုမှု၊ စိတ်ဆိုး၊ စိတ် သွမ်းတွေ အားလုံးဟာ ဗျာပါဒတွေ ချည်းပဲ၊ ဒီလို ဗျာပါဒ စိတ်ဆိုး စိတ်သွမ်းတွေ မိမိရဲ့အတွင်း ""သန္တာန်မှာ ရှိလာရင်၊ ဖြစ်လာရင်" " ရှိတယ်"" " "ဖြစ်တယ်" " လို့ သိလိုက်ပါ။
ဒီလိုသိလိုက်လို့ မရှိတော့လို့ ပျက်သွား ရင် " "ပျက်တယ်" " လို့ သိလိုက်ပါတဲ့။
တဏှာ၊ ဥပါဒါန်၊ ကံ ဖြစ်တာက သမုဒယသစ္စာ၊
ကာမ,ရာဂ,ဒေါသတွေဖြစ်နေတဲ့စိတ်က ဒုက္ခသစ္စာ ကာမ,ဒေါသ,မောဟတွေ ကင်းနေရင် ဒုက္ခမရှိတဲ့ နိရောဓသစ္စာ
ဒီလို တရားအားလျော်စွာ သိနေတဲ့စိတ် က မဂ္ဂသစ္စာ လို့ ခေါ်တယ်၊
ကာမ,ရာဂ,ဒေါသ, မောဟတွေ မရှိပဲ ငြိမ်းငြိမ်း ကြီး နေတော့တာပေါ့၊ ကိုယ့် သန္တာန်မှာ ကာမ ရာဂတွေ ဘယ်လောက် ကျန်တယ်၊ မကျန်ဘူး ဆိုတာ ကိုယ့်ဟာ ကိုယ် ကို သိတာ
*{{ကဗျာ နှစ်တွေကြွင်းကျန်လေ မှတ်လေ သကဒါဂါမ်}}
*{{ကဗျာ နှစ်တွေအကုန်ချွေ မှတ်လေ အနာဂါမ် တဲ့}}
က = ကာမိစ္ဆန္ဒနိဝရဏ
ဗျာ = ဗျာပါဒနိဝရဏ
(၃) ထိနမိဒ္ဓနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော် မြတ် ကို တားဆီးပိတ်ပင်တဲ့ တတိယ နိဝရဏကတော့ ထိနမိန္ဒနိဝရဏ
ထိနမိန္ဒနိဝရဏ ဆိုတာ
ထိန က စိတ်သဘောလေးမခန့်တဲ့ သဘော၊ စိတ်မခန့် ကျမ်းတယ်လို့ ပြော ကြတယ်၊ စိတ်နေလို့မကောင်း""တာ ၊ ဘာအလုပ်မှ မလုပ်ချင်အောင်၊ အားမ ထုတ်ချင်အောင် စိတ်ရောကိုယ်ပါ၊ ထုံ ထိုင်း နေတဲ့သဘော
ထိနက စိတ်မထက် သန်တဲ့ သဘောပါပဲ။
မိဒ္ဓ ဆိုတာက ထိုင်းမှိုင်းနေတဲ့သဘော၊ လုံ့လ၀ိရိယ ကင်းပြီး ပျင်းရိနေတဲ့ သဘော၊ အိပ်ပျော်ခါနီး၊ တရားနာရင်း ပျင်းရိထိုင်းမှိုင်းနေတဲ့သဘောက ထင်ရှား တယ်၊ အိပ်ချင်တိုင်းဟာ ထိနမိဒ္ဓ မဟုတ် သေးဘူး၊ မိဒ္ဓက စေတသိက် မထက်သန် တဲ့ သဘောဆိုတော့ ထိနမိဒ္ဓက စိတ်၊ စေတသိက်တို့ ထက်ထက်သန်သန် မရှိတဲ့ သဘော ဖြစ်တယ်
မိမိရဲ့အတွင်းသန္တာန်မှာ ထိုင်းမှိုင်းပျင်းရိ ခြင်း၊ ငိုက်မျဉ်းခြင်း ရှိလာရင် ထိနမိန္ဓ ရှိ တယ် ဖြစ်တယ်" " လို့ သိပေးပါ။ ဒီလို သိလိုက်လို့ မရှိတော့လို့ ပျက်သွားရင် ပျက်တယ် လို့သိလိုက်ပါ
(၄) ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို တားမြစ်ပိတ်ပင်တဲ့ စတုတ္တ နိဝရဏ ကတော့ ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏလို့ ခေါ်ပါ တယ်
ဥဒ္ဓစ္စဆိုတာ ပျံ့လွင်တဲ့စိတ် ဖြစ်နေတာ ကို ပြောတာ စိတ်မတည်ငြိမ်ပဲ၊ စိတ် ရောက်ယက်ခတ်နေတာ အာရုံတစ်မျိုး
မျိုး ပေါ်မှာ""တည်တည်ငြိမ်ငြိမ် မရှိပဲနဲ့ ဟိုလွင့်၊ ဒီလွင့်၊ ဟိုရောက်၊ ဒီရောက်နဲ့ စိတ်ပျံ့လွင့်နေတာကို ဥဒ္ဓစ္စ လို့ ခေါ်တာ
ကုက္ကုစ္စ သဘောကတော့ နောင်တရလို့ တဖန် ပူပန်ခြင်း သဘောပဲ၊ အကုသိုလ် လုပ်ပြီးကာမှ ငါလုပ်မိတာမှားလေခြင်းလို့ နောင်တရပြီး ပူပန်နေတာ၊ သူများ ကုသိုလ် ပြုတာ၊ ကောင်းတာ လုပ်တာ မြင်ရမှ၊ သိရမှ၊ ငါမလုပ်မိတာမှားလေခြင်း လို့ နောင်တရပြီး ပူပန်နေတဲ့ ကုက္ကုစ္စ သဘော (၂) မျိုးကို ခေါ်တယ်
ဒါကြောင့် မိမိရဲ့သန္တာန်မှာ ဒီလို ဥဒ္ဓစ္စ စိတ်တွေပျံ့လွင့်နေရင် စိတ်ပျံ့လွင့် နေ တယ်၊ ဖြစ်တယ် လို့ သိလိုက်ပါ၊ ဒီလို သိလိုက်လို့ ပျံ့လွင့်စိတ် မရှိတော့ပဲ ပျက် သွားရင် ပျက်တယ်လို့ သိလိုက်ပါ၊
မိမိရဲ့အတွင်းသန္တာန်မှာ နောင်တ တစ်ဖန် ရနေတဲ့ ကုက္ကုစ္စ ဖြစ်နေရင် နောင်တရ ပူပန်နေတာ ဖြစ်နေရင် ဖြစ်တယ် လို့ သိလိုက်ပါ၊ ဒီလို သိလိုက်လို့ နောင်တရ တဲ့ ပူပန်စိတ် မရှိတော့ပဲ ပျက်သွားရင် ပျက်တယ် လို့ သိလိုက်ပါ
(၅) ၀ီစိကိစ္ဆာနိဝရဏ ရှုနည်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို တားမြစ်ပိတ်ပင်နေတဲ့ ပဉ္စမနိဝရဏ ကတော့ ၀ီစိကိစ္ဆာနိဝရဏ လို့ ခေါ်တယ်
ဝီစိကိစ္ဆာဆိုတာ သို့လော၊ သို့လောလို့ တွေးတော ရွံရှာ၊ သင်္ကာမကင်း၊ ယုံမှား သံသယဖြစ်ခြင်း လက္ခဏာ ဖြစ်တာ ကို ဆိုတယ်
မိမိရဲ့အတွင်းသန္တာန်မှာ ဒီလိုတွေးတော တဲ့ ယုံမှားသံသယ ဖြစ်လာရင် ဖြစ်တယ် လို့ သိလိုက်ပါ၊ ဒီလို သိလိုက်လို့ မရှိတော့ ပဲ ပျက်သွားရင် ပျက်တယ် လို့သိလိုက်ပါ၊
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်
ဓမ္မနုပဿနာ နိဝရဏ ပိုင်းမှာ ဟောထား တာ ကတော့
သမုဒယ ဓမ္မာနုပဿီ ၀ါ ဓမ္မေသု ၀ိဟာရတိ။
ဝယဓမ္မာ နုပဿီဝါ ဓမ္မေသု ၀ိဟာရတိ၊
သမုဒယ ၀ယဓမ္မာ နုပဿီဝါ ဓမ္မေသု ၀ိဟရတိ။
ဒီလိုဟောထားပါတယ်
မဂ်ဖိုလ်ကို တားဆီးပိတ်ပင်တတ်တဲ့ ဓမ္မေသု နိဝရဏ တရားတို့မှာ သမုဒယ ဓမ္မာ နုပဿီဝါ ဖြစ်သည့် သဘောကို လည်း ရှု၊ ၀ယဓမ္မာ နုပဿီဝါ =ပျက်သည့် သဘောကိုလည်း အဖန်တလဲလဲ ရှုပြီး နေပါလို့ ဟောပြထားပါတယ်
နိဝရဏဆိုတာ မသိလို့ တားမြစ်ပိတ်ပင် တာကို ခေါ်တယ်၊ နိဝရဏက နာမည် အခေါ်အဝေါ်၊ အဓိပ္ပါယ်က နိဗ္ဗာန်ကို ပိတ်ပင်တာ၊ တားဆီးနေတာ"
" မိမိသန္တာနမှာ တဏှာလောဘ ဖြစ်လာ ရင်၊ (မိန်းမ) သို့မဟုတ် (ယောင်္ကျား) နဲ့ ပေါင်းသင်းချင်တဲ့ ကာမဆန္ဒတွေ ဖြစ်လာ ရင် ဒီဟာ ကာမစ္ဆန္ဒနိဝရဏ လို့ ဒီလို သိလိုက်ပါ၊
ဒီလို သိလိုက်လို့ ပျက်သွားရင် ပျက်တယ် လို့ သိလိုက်ပါ၊
မိမိသန္တာန်မှာ စိတ်ဆိုး စိတ်သွမ်း ဒေါသ ဖြစ်မယ် ဆိုရင် ဒါဟာ ဗျာပါဒနိဝရဏ လို့ သိပေးပါ၊ သိလိုက်လို့ ပျက်သွားရင် ပျက် တယ်လို့ သိလိုက်ပါ၊
မိမိသန္တာန်မှာ မလုပ်ချင် မကိုင်ချင်နဲ့ စိတ် ရောကိုယ်ပါ ထုံထိုင်းနေမှုဖြစ်နေရင် ဒီဟာ ထိနမိဒ္ဓနိဝရဏ လို့ သိလိုက်ပါ။ သိလိုက်လို့ပျက်သွားရင် ပျက် တယ်လို့ သိလိုက်ပါ။
မိမိသန္တာန်မှာ စိတ်တွေ ပျံ့လွင်ပြီး ပူပန် နေမယ် ဆိုရင် ဒီဟာ ဥဒ္ဓစ္စက္ကုစ္စ နိဝရဏ လို့ ဒီလို သိလိုက်ပါ။ သိလိုက်လို့ ပျက် သွားရင် ပျက်တယ် လို့ သိလိုက်ပါ၊
မိမိသန္တာန်မှာ သင်္ကာမကင်း ယုံမှားခြင်း လက္ခဏာတွေ ဖြစ်နေမယ်ဆိုရင် ဒါဟာ ၀ီစိကိစ္ဆာနိဝရဏလို့ သိလိုက်ပါ၊ သိလိုက် လို့ ပျက်သွားရင် ပျက်တယ်လို့ သိလိုက် ပါ၊ မသိရင် မောဟ ၀င်သွားမယ်၊ မောဟ မ၀င်နိုင်အောင် ဖြစ် ရင် ဖြစ် တာသိ၊ မဖြစ်တော့လို့ ပျက်သွားရင် ပျက် တဲ့ အနိစ္စ ကိုသိပေးပေါ့၊
မိမိသန္တာန်မှာ ဓမ္မသဘောတရားတွေ ဖြစ်တဲ့ နိဝရဏ တွေ ဖြစ်ပျက် နေပုံကို ကြည့်ပြီး သိသိပေးနေပါ၊ သိပေးတဲ့ နေရာ မှာ""သမ္မသင်္ကပ္ပ… ဖြစ်အောင် (နိဝရဏ) တွေ သိအောင် ကြံပေးရတယ်၊ မှတ်မိ နေ အောင် ၀သီဘော် ပါရအောင် အစပထမ မှာတော့- ဖြစ်သမျှကို စိတ်ထဲက ဆို အပို အလို မထားပဲ၊ ကျင့်ယူရတယ်၊ အကြံ အစည် လုပ်ပေးရတယ်
ဖြစ်သမျှကို စိတ်ထဲကဆို ဆိုတာ ဒီနေရာ မှာ စိတ် ဆိုတာ ဥာဏ် နဲ့ယှဉ်တဲ့စိတ် ကို ပြောတာ ဥာဏသမ္ပယုတ်ပေါ့
ဖြစ်သမျှကို စိတ်ထဲဆိုရင် ဟိုဟာ၊ ဒီဟာ တွေ မရောက်တော့ဘူး၊ အပိုအလိုတွေ မပါတော့ဘူး၊ အပိုအလိုတွေ မရှိတော့ ငြိမ်းတော့တာပေါ့၊ အဲဒီလို ကျင့်ရင် အဘိညာလည်း ဖြစ်တယ်၊ ပရိညာလည်း ဖြစ်တယ်၊ ဒီ နိဝရဏတွေ ဖြစ်လာရင် စိတ် ထဲမှာ ဖြစ်တာမို့ စိတ်ထဲက ဆိုလိုက်ပြီး ပျက်တာကို သိပေးရတယ်။
နိဝရဏကို ရှုပုံက ၀ိရိယလေးနဲ့ သတိလေး ထားပြီး နိဝရဏကို ဥာဏ် နဲ့ ပယ် ရတာမျိုးပဲ
နိဝရဏရှုရင် သင်္ခါရက္ခန္ဓာ ကိုသာကြည့်
တဏှာလောဘဖြစ်တာ ဒေါသ ဖြစ်တာ၊ စိတ်တိုတာ တို့ဆိုတာ သင်္ခါရ ပဲ
တဏှာ ဆိုတာ သင်္ခါရ စေတသိက် သင်္ခါရ ဖြစ်မှ တဏှာ ဖြစ်တာ
သင်္ခါရ မဖြစ်ရင် တဏှာ မဖြစ်ဘူး
ဒါကြောင့် သင်္ခါရကို ရှုခြင်းသည်လည်း ဓမ္မာနုပဿနာ ဖြစ်တော့တယ်၊
သမ္မသင်္ကပ္ပ ဖြစ်အောင် နိဝရဏတွေ သိအောင် ကြံပေးရတယ်၊ မှတ်မိနေ အောင် ၀သီဘော် ပါရအောင် အစ ပထမ မှာတော့ " ဖြစ်သမျှကို စိတ်ထဲကဆို အပိုအလိုမထား ပဲ၊ ကျင့်ယူရတယ်၊ အကြံအစည် လုပ်ပေးရတယ်
"" ဖြစ်သမျှကို စိတ်ထဲကဆို "" ဆိုတာ ဒီနေရာ မှာ စိတ်ဆိုတာ ဥာဏ်နဲ့ ယှဉ်တဲ့ စိတ်ကို ပြောတာ ဥာဏသမ္ပယုတ် ပေါ့။ ဖြစ်သမျှကိုစိတ်ထဲဆိုရင် ဟိုဟာ၊ ဒီဟာ တွေ မရောက်တော့ဘူး၊ အပိုအလို တွေ မပါတော့ဘူး၊ အပိုအလိုတွေ မရှိတော့ ငြိမ်း တော့တာပေါ့၊ အဲဒီလို ကျင့်ရင် အဘိညာ လည်း ဖြစ်တယ်၊ ပရိညာလည်း ဖြစ်တယ်၊ ဒီ နိဝရဏ တွေ ဖြစ်လာရင် စိတ်ထဲမှာ ဖြစ်တာမို့ စိတ်ထဲက ဆိုလိုက် ပြီး ပျက် တာကို သိပေးရတယ်။
နိဝရဏကို ရှုပုံက ၀ိရိယလေးနဲ့ သတိ လေး ထားပြီး နိဝရဏကို ဥာဏ်နဲ့ ပယ် ရတာမျိုးပဲ
နိဝရဏရှုရင် သင်္ခါရက္ခန္ဓာကို သာကြည့် တဏှာ လောဘဖြစ်တာ ဒေါသ ဖြစ်တာ၊ စိတ်တိုတာတို့ဆိုတာ သင်္ခါရ ပဲ၊
တဏှာ ဆိုတာ သင်္ခါရ စေတသိက်၊ သင်္ခါရ ဖြစ်မှ တဏှာ ဖြစ်တာ
သင်္ခါရ မဖြစ်ရင် တဏှာ မဖြစ်ဘူး၊ ဒါကြောင့် သင်္ခါရကို ရှုခြင်းသည်လည်း ဓမ္မာနုပဿနာ ဖြစ်တော့တယ်
မှော်တွေ သစ်ရွက်တွေကို ဖယ်ပစ်ပြီးမှ ရေကြည်သောက်ရသလိုပဲ ရေကန်နဲ့ တူတဲ့ စိတ်ခန္ဓာ ၀ိညာက္ခန္ဓာမှာလည်း မဂ်တား ဖိုလ်တားတဲ့ ဒီ နိဝရဏ ၅မျိုး နဲ့ တူတဲ့ အမှိုက် သရိုက်တွေက ရှိနေလေ တော့ သန္တိသုခ ဖြစ်တဲ့ ရေကြည် မဂ် ရေစင်၊ နိဗ္ဗာန် ရေစင် နိဗ္ဗာန်ကို မျက် မှောက် ပြုလိုကြတယ် ဆိုရင် အမှိုက် သရိုက်တွေဖြစ်တဲ့ ဒိုက်တွေ မှော်တွေ၊ သစ်ရွက်တွေနဲ့ တူတဲ့ နိဝရဏ သဘောတွေ မရှိမှ နိဗ္ဗာန်ကို ရနိုင်တယ်၊ ဒီလို နိဝရဏတွေ ဖယ်ရှား ရင်းနဲ့ ပျက် ပျက် သွားတဲ့ ဥဒယဗ္ဗယ ဥာဏ် မြင်ပြီး ကိုယ်သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟ တွေ ကင်းပြီး နေရင် ရာဂ၊ ဒေါသ၊ မောဟ ကင်းရာ နိဗ္ဗာန်ကြီးကို မျက်မှောက်ပြုနိုင် တော့တယ်
ဓမ္မာနုပဿနာက အလွန် ကျယ်ဝန်းပါ တယ်၊ ဓမ္မာနုပဿနာက (၅) ပိုင်း ရှိပါ တယ်။ နိဝရဏပဗ္ဗအပိုင်း အနေနဲ့ သင်္ခါရက္ခန္ဓာ စေတသိက်ကို ရှုရတယ် လို့လည်း ခေါ်နိုင် တယ်။
ဓမ္မနုပဿနာမှာ နိဝရဏပဗ္ဗအပြင် ခန္ဓပဗ္ဗ၊ အာယတနပဗ္ဗ၊ ဗောဇ္ဈင်္ဂပဗ္ဗ၊ သစ္စပဗ္ဗအပိုင်းတွေလည်း ရှိသေးတယ်
ဒါက နိဝရဏပိုင်းပါ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်