မျက်စိ စသည်၌ စိတ်ဖြစ်ပုံ


==================
ယဒါ= အကြင်အခါ၌၊ ရူပနိမိတ္တာနိ= အိုးသဏ္ဌာန် ခွက်သဏ္ဌာန် စသော
အဆင်း သဏ္ဌာန် အရိပ်အရောင်တို့သည်၊ စက္ခုမှိ = မျက်စိ အကြည်၌
၊ ဒိဿန္တိ= ထင်လာကုန်၏၊ ဃဋ္ဋန္တေသု= ခိုက်လာကုန်၏၊ တဒါ = ထိုအခါ၌၊ ဟဒယေ = နှလုံး၌၊ စိတ္တသန္တာနံ = စိတ်အစဉ်သည်၊ ဆိဇ္ဇတိ = ပြတ်၏၊ စက္ခုမှိ= စက္ခုအကြည်၌၊ ဇာယတိ =ဖြစ်ပေါ်၏။ဧဝံ= ဤနည်းအတူ၊
အကြင်အခါ၌ အိုးသဏ္ဌာန် ခွက်သဏ္ဌာန် စသော အဆင်း သဏ္ဌာန် အရိပ် အရောင် တို့သည် မျက်စိ အကြည်၌ ထင်လာကုန်၏ ခိုက်လာကုန်၏ ထိုအခါ နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊
သဒ္ဒနိမိတ္တေသု =အသံရိပ် တိုသည်၊ သောတေ = သောတအကြည်၌၊ ဒိဿန္တေသု = ထင်လာကုန်သည်ရှိသော် ဃဋ္ဋန္တေသု= ခိုက်လာ ကုန်သည်ရှိသော်၊ ဟဒယေ
=နှလုံး၌၊ စိတ္တသန္တာနံ=စိတ် အစဉ်သည်၊ ဆိဇ္ဇတိ=ပြတ်၏။ သောတေ=
သောတ အကြည်၌၊ ဇာယတိ=ဖြစ်ပေါ်၏။
အသံရိပ် တိုသည် သောတအကြည်၌ ခိုက်လာကုန်သည်ရှိသော် နှလုံး၌
စိတ်အစဉ်သည် ပြတ်၏၊ သောတအကြည်၌ ဖြစ်ပေါ်၏
ဂန္ဓေသု= အနံ့တိုသည်၊ ဃာနေ=ဃာနအကြည်၌၊ ဒိဿန္တေသု= ထင်လာကုန် သည်ရှိသော်၊ ဃဋ္ဋန္တေသု=ခိုက်လာကုန်သည်ရှိသော်၊ ဟဒယေ=နှလုံး၌၊ စိတ္တသန္တာနံ =စိတ်အစဉ်သည်၊ ဆိဇ္ဇတိ=ပြတ်၏၊ ဃာနေ= ဃာနအကြည်၌၊ ဇာယတိ = ဖြစ်ပေါ်လာ၏။
အနံ့တို့သည် ဃာနအကြည်တွင် ထင်လာကုန်၏ ခိုက်လာကုန်၏ ထိုအခါ နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊ဃာနအကြည်၌ ဖြစ်ပေါ်လာ၏။
ရသေသု =အရသာတို့ သည်၊ ဇိဝှါယ=ဇိဝှါအကြည်၌၊ ဒိဿန္တေသု = ထင်လာကုန် သည်ရှိသော်၊ ဃဋ္ဋန္တေသု = ခိုက်လာကုန်သည်ရှိသော်၊ ဟဒယေ=နှလုံး၌၊ စိတ္တသန္တာနံ=စိတ်အစဉ်သည်၊ ဆိဇ္ဇတိ=ပြတ်၏၊ ဇိဝှါယ= ဇိဝှါအကြည် ၌၊ ဇာယတိ=ဖြစ်ပေါ်လာ၏။
အရသာတို့သည် ဇိဝှါအကြည်တွင် ထင်လာကုန်၏ ခိုက်လာကုန်၏ ထိုအခါ နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊ ဇိဝါွအကြည်၌ ဖြစ်ပေါ်လာ၏။
ကာယေ=တွင်းပသိမ်းကျုံး တစ်ကိုယ်လုံးတွင်၊ ယတ္ထ= အကြင် နေရာ ၌၊ ဗောဋ္ဌဗ္ဗာနိ = အနုအကြမ်းဟူသော မြေဓာတ် အတွေ့ အအေး အပူဟူသော မီးဓာတ်အတွေ့ အလှုပ်အရှား အတင်းအလျော့ ဟူသော လေဓာတ် အတွေ့ တို့သည်၊ ဖုသန္တိ =တွေ့ထိကုန်အံ့၊ ဃန္တေိ=ခိုက်တိုက် ကုန်အံ့၊ ဟဒယေ =နှလုံး ၌၊ စိတ္တသန္တာနံ =စိတ်အစဉ်သည်၊ ဆိဇ္ဇိတွာ=ပြတ်၍၊ တတ္ထ= ထိုတွေ့ထိရာနေ ရာ ၌၊ ဇာယတိ =ဖြစ်ပေါ်လာ၏။
ပဗ္ဗတကုစ္ဆိမှိ=စိုပြည်ရွှမ်းရွှမ်း တောင်အဝှမ်း၌၊ သိလာဗိလေ = ကျောက်တွင်း ၌၊ ဥဗ္ဘိဒံနာမ=ဗွက်ဗွက် ဗွက်ဗွက် အမြဲထွက်၍နေသော စိမ့်ရေ စမ်းရေမည်သည်၊ အတ္ထိကိရ=ရှိသတတ်၊ ဧဝံ=ဤအတူ၊ ကာယ မဇ္ဈေ = ကိုယ်၏ အလယ်၌၊ ဟဒယ ဗိလေ=နှလုံးအိမ်တည်းဟူသောတွင်း၌၊ ဥဗ္ဘိဒံ = အမြဲပွက်၍ ထွက်နေသော၊ ဘဝင်္ဂသန္တာနံ=ဆွတ်ဆွတ်လင်ကြည် ဘဝင်ရည်တည်း ဟူသော စိတ်ဓာတ်သည်၊ အတ္ထိ=ရှိ၏။
သဗ္ဗနိမိတ္တာနိ= အလုံးစုံသော အာရုံနိမိတ် သဏ္ဍာန်ရိပ်တို့သည်၊ တတ္ထ= ထို လက်လက်လက်လက် အမြဲပွက် ၍ ပေါ်ထွက်ဖြစ်ပွါးကာနေသော ဘဝင်အစဉ် ၌၊ ဒိဿန္တိ= ထင်ရကုန်၏။
ယဒါ= အကြင်အခါ၌၊ တသ္မိံ=ထိုဘဝင်ဟူသော ဓာတ်ကြည်၌၊ ကိဉ္စိ=တစ်စုံ တစ်ခုသော အာရုံသစ်သည်၊ ဒိဿတိ= ထင်၏၊ တဒါ=ထိုအခါ၌၊ ဂန္ဓိတေ =အကြိမ် တစ်ရာချက်၍ ထက်မြက်လှစွာသော ယမ်းအစု၌၊ အဂ္ဂိပါတံဝိယ =မီးပွါး ကျသော အခါကဲ့သို့၊ သဝေဂံ=ထက်သန် ပြင်းထန် အလွန်မြန်သော အဟုန် ရှိသော၊ ဇဝနသန္တာနံ =ဇောစိတ် အစဉ်သည်၊ ဥဋ္ဌဟိတွာ=တိမ်တိုက်တွင်းမှ တလျှမ်းလျှမ်း ထသော လျှပ်ချက်ကဲ့သို့ လျှမ်းလျှမ်းတက်ထျြက၍၊ သဗ္ဗကိစ္စံ= ကိုယ်၏ လှုပ်ရှားမှု အမျိုးမျိုး နှုတ်၏ လှုပ်ရှားမှု အမျိုးမျိုး စိတ်၏လှုပ်ရှားမှု အမျိုးမျိုးကို၊ သာဓေတိ= ပြီးစေ၏။
အာရမ္မဏေ=ထင်လာသော အာရုံနိမိတ် အာရုံရိပ်သည်၊ ဝိဂတေ= ကင်းကွာ ကွယ်ပျောက်ပြန်သည်ရှိသော်၊ တံ= ထိုလျှမ်း လျှမ်း တောက်ထသော ဇောဓာတ် အစဉ်သည်၊ ဝိဂစ္ဆတိ= ကွယ်ဆုံးပျောက် ပျက်ပြန်၏။ ။
ဣမေ= ဤခြောက်ပါးသော အကြည်တို့သည်၊ နိဿတ္တာ= သတ္တဝါ မဟုတ်ကုန်။ နိဇ္ဇီဝါ=အရှင်မဟုတ်ကုန်။ အစေတနာ= ကြံမှု သိမှု ကြောင့်ကြပြုသော ဗျာပါဒ မရှိကုန်။ ။ ဣမေ=ဤခြောက်ပါးသော အကြည်တို့သည်၊ အပါယတော= အပါယ် အကြည်မှ၊ ဘဝဂ္ဂါ=နေဝသညာ နာသညာ ဗြဟ္မာအကြည်တိုင်အောင်၊ ဥပရူပရိ=အဆင့်ဆင့်၊ အဓိကာ= လွန်ကဲကုန်၏၊ ဗုဒ္ဓါ=ဘုရားခေါ်သော အကြည် တို့သည်၊ သေဋ္ဌာ= အထွတ်အထိပ်တို့ပေတည်း။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်