=============================
ဒီကြောင်းအရာကို ပြောဖို့အတွက် တော်တော် လေး စဉ်းစား ခဲ့ရပါတယ်။
ဘာလို့လည်း ဆို တော့ IT လောကမှာ IT သမားတစ်ယောက် ဥပဒေရဲ့ အကြောင်းအရာတွေနဲ့
ယှဉ်ပြီး ပြော လာတဲ့အခါမှာ ဥပဒေအကြောင်း အသေအချာ နားလည်ပြီး ဥပဒေ ဘက်ကနေ
လုပ်ကိုင်နေကြ တဲ့ ဆရာကြီး တွေရဲ့အမြင်၊ ဥပဒေနဲ့ ပတ်သက် ပြီး
လုပ်ကိုင်နေကြတဲ့ သူတွေအားလုံးရဲ့ အမြင် မှာ အမြင်တစ်မျိုး ဖြစ်မှာလည်း
စိုးရိမ် မိပါတယ်။ ဒါပေမယ့်လည်း မပြောမဖြစ်မို့လို့ ပြောရ ပါ မယ်။
IT လောက မှာက တစ်ခြားလောကတွေလို Limitation မရှိ လို့ ဖြစ်ပါတယ်။
ဘာကြောင့် Limitation မရှိ သလည်း ဆိုတော့ နည်းပညာ ဆိုတာ ဘယ် တော့မှ
ရပ်တန့်သွားတဲ့ အရာ မဟုတ်လို့ပါပဲ၊ လေ့လာလေ မကုန်ခမ်း လေဖြစ် ပါတယ်။
အထူးသဖြင့် တွေ့မြင်နေရတဲ့ ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရောနစ်ဥပဒေ တွေနဲ့ တရား
စွဲဆိုခြင်း ဆိုတာတွေ အဖြစ်များလာတာကို တွေ့ မြင်ရသလို၊ နောင်များတွင်လည်း
မြန်မာနိုင်ငံမှာ ဒီဥပဒေနဲ့ပတ်သက်ပြီး အဖြစ်များလာမှာ ဖြစ်ပါ တယ်။
ဘာကြောင့်လည်း….
အဖြေကတော့ ယနေ့ ခေတ်က IT Century ဖြစ်တဲ့အတွက်ကြောင့် လူတိုင်း Social
Media ကို အသုံးပြုလာကြပါ တယ်။ ဒီ Social Media ကနေပဲ ဗဟုသုတ
တွေရနိုင်သလို၊ ဒီ Social Media ပေါ် ကနေပဲ သတင်းအချက်အလက် တွေ၊ ပညာရေး၊
စီးပွားရေး၊ လူမှုရေးတွေကို လုပ်ဆောင် လာနိုင်ကြပါတယ်။
Social Media ကို ကောင်းတဲ့ဖက်ကနေ မြင် ပေးရမယ် ဆိုရင် ယခင်က
မီးလောင်တယ်ဆိုတဲ့ မီးသတင်း ကြားပြီဆိုရင် မီးသတ်ကို ဖုန်းဆက်ပြီး
မေးမြန်းရပါတယ်။ ဒါပေမယ့် ဖုန်းက မအားတာ များတဲ့အတွက်ကြောင့် ဘယ်မှာ
လောင်နေ သလဲ ဆိုတာ မသိနိုင်ပါဘူး။
ဒါပေမယ့် ယနေ့ Facebook အသုံးများလာတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံမီးသတ်
ရဲ့ Facebook Page ကို Like and Get Noti လုပ် ထားတဲ့အတွက်ကြောင့်
အချိန်နဲ့ တပြေးညီ ဘယ်နေရာမှာ မီးလောင်နေတယ်။ လောင်နှုန်း ဘယ်လောက် ရှိတယ်။
ဘယ်လောက် ဆုံးရှုံး သွားတယ် ဆိုတာကို အလွယ်တကူ သိရှိလာ နိုင်ပါတယ်။
ထို့အတူပဲ စီးပွားရေးနဲ့ပတ်သက်လို့ယခင်က ကုန်ပစ္စည်းတွေ ရောင်းချတဲ့အခါမှာ
Investment အနေနဲ့ ဆိုင်ခန်း၊ မီတာခ၊ ဆိုင်ခန်း ပြင်ဆင်စရိတ်၊
ဝန်ထမ်းစရိတ်၊ မီတာခ၊ ရေခွန်၊ ၀န်ထမ်း စရိတ် စတာတွေနဲ့ တည် ထောင် ရပါတယ်။
ဒါပေမယ့် ယနေ့ခေတ်မှာ တော့ Online Shopping တွေပေါ်လာပြီး Internet
ပေါ်မှတဆင့် မိမိရဲ့ ထုတ်ကုန်ပစ္စည်း တွေကို အလွယ်တကူ အချိန်နဲ့ တပြေးညီ
ဝန်ဆောင်မှုပေးခြင်း၊ ရောင်းဝယ်ဖောက် ကား ခြင်းတွေ လုပ်ဆောင်လာနိုင်ကြပါတယ်။
ပညာရေး အနေနဲ့လည်း ယခင်က
ကွန်ပျူတာ သင်တန်းတွေ တက်ချင်တဲ့ အခါမှာ မုန့်ဖိုးလေး တွေစုစောင်းပြီး
တက်ရောက် သင်ကြားရပါ တယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ သာမာန် ကွန်ပျူတာ
အခြေခံလောက်အတွက်ကတော့ သင်တန်း တက်စရာမလိုပဲ Facebook က ပညာ မျှဝေနေနဲ့
Page တွေ Blog တွေကနေတဆင့် လေ့လာလျှင် လေ့လာ သလောက် အတတ် ပညာကို အလွယ်တကူ
ရယူနိုင်ပါတယ်။
ဒါတွေကတော့
Social Media ရဲ့ အားသာချက် အချို့ ဖြစ်ပါတယ်။ ဒါတွေကတော့ ကောင်းတဲ့ ဖက်ကနေ
တွေးပေးလို့ ကောင်းတဲ့ဖက် ဖြစ် တာပါ။ သို့ပေမယ့် Facebook ဆိုတဲ့ Social
Media ကနေပဲ လူကုန်ကူးမှုတွေ၊ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အနိုင်အထက်
ပြုကျင့်မှုတွေ လည်း တနေ့တစ်ခြား တိုးပွားလာတာကို တွေ့ မြင်ရပါတယ်။ အချို့က
လူပုဂ္ဂိုလ် တစ်ဦးတစ် ယောက် ကို ထိခိုက်နစ်နာစေရန် တိုက်ခိုက်
ပုတ်ခတ်ကြသလို၊ အချိ့က အသင်းအဖွဲ့ တစ်ခု ခုကို တိုက်ခိုက်ပုတ်ခတ်ပြောဆို
နေကြတာ ကို တွေ့မြင်နေရပါတယ်။
ဒီလို လုပ်ဆောင်မှုတွေအတွက်လည်း အရေးယူ မှုတွေက တနေ့ထက်တနေ့ များပြားလာတာကို စာဖတ်သူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့တွေ့ဖူး
ကြမှာပါ။
ကြမှာပါ။
ထိုပြဿနာရပ်တိုင်း အတွက် တရားစွဲဆိုရာတွင် ပြည်သူတစ်ဦးတစ်ယောက်
သို့တည်းမဟုတ် သာမာန် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က တိုင်တန်း
တရားစွဲဆိုခြင်းမျိုး မတွေ့ရှိရပဲ ငွေများ ငွေနိုင် တရားစွဲဆိုခြင်း၊
အာဏာများ အာဏာနိုင် တရားစွဲဆိုခြင်း များကိုသာ အများဆုံး တွေ့မြင်
နေရပါတယ်။
ယနေ့ ၀န် လိုင်းမှာ အဖြစ်များတဲ့ Bullying Case တွေနဲ့ အခြေခံပြီး ဆက်ပြောပါရစေ….
Facebook ကိုသုံးစွဲသူအများစု မြင်တွေ့နေရတဲ့ Bullying Case တွေကတော့
မိန်းကလေးတစ်ဦး သို့တည်းမဟုတ် လူတစ်ဦးဦးရဲ့ Facebook Account ကို Hacked
လုပ်ခြင်းဖြင့်သော်လည်း ကောင်း၊ ထို သူ တစ်ဦးတစ်ယောက်ဆီမှ ဓာတ်ပုံ
အချို့ကို ရယူ၍ မသာမောသော ပြင်ဆင်မှုများ ဖြင့် ညစ်ညမ်းသော Facebook
စာမျက်နှာများ ပေါ်တွင် တင်ပြီး အသရေ ပျက်စေရန် ခြိမ်း ခြောက် ပြောဆိုပြီး
Phone Bill ညှစ်ခြင်း၊ ငွေ ညှစ် ခြင်း။ လုပ်ငန်းလုပ်ဆောင်နေသော Facebook
Page များ၊ ဘာသာရေး Page များ အား မသမာသောနည်းလမ်းဖြင့် ရယူသိမ်းပိုက် ၍
ပေါက်ပန်းလေးဆယ် တင်ခြင်း စသည့် ကိစ္စ ရပ်များ။ စသည့် အဖြစ်အပျက်များဟာ
တရားစွဲ ဆို နိုင်လောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလို တရားစွဲဆိုနိုင်တဲ့
လုပ်ရပ်ဆိုပေမယ့် တရား စွဲဆိုလာတဲ့အခါမှာ မည်သို့ ပုဒ်မတပ်၍
တိုင်တန်းရမည်နည်း ဆိုတာ အရမ်း အရေးကြီး ပါတယ်။
ကျွန်တော်တို့လည်း ယခင်က ကြုံဖူး ခဲ့ကြပါ တယ်။ ထိုကိစ္စမျိုးအတွက်
စဉ်းစားမိတဲ့ ပုဒ်မ တစ်ခု က အသရေဖျက်မှု ဟူ၍သာ စဉ်းစားမိခဲ့ ကြပါတယ်။
ဒါပေမယ့် ယနေ့ အချိန်အခါတွင်တော့ အသရေ ဖျက်မှု အပြင် ဆက်သွယ်ရေး ဥပဒေ
ဖြင့်လည်း တရားစွဲဆို လာနိုင်ပါတယ်။ ဒီလို ကိစ္စမျိုး အတွက် တရားစွဲဆိုတဲ့
အခါမှာ အခြေခံအချက် လေးတွေကိုတော့ လေ့လာထား သင့်ပါတယ်။ ဒါမှလည်း မည်သို့သော
အပြုအမူတွေကိုတော့ ဖြင့် အလွယ်တကူ ပုဒ်မ ဆွဲတင်၍ တရားစွဲဆိုနိုင် မလည်း
ဆိုတာကို သေချာနားလည်ကြမှာပါ။
ဒါကြောင့်….အရင် ဆုံး Cyber Crime ဆိုတာကို ပြောပေးပါမယ်…
မြန်မာနိုင်ငံ၏တည်ဆဲဥပဒေတွေထဲမှာ Cyber Crime ရယ်လို့ သီးခြား
ပြဌာန်းထားတာ မရှိ တော့၊ အနောက်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ က
ဥပဒေတွေမှာ ရှာကြည့်တော့ ဒီလို တွေရပါ တယ်။
Cyber Crime ဆိုတာ “ကွန်ပြူတာ သို့မဟုတ် အလားတူပစ္စည်း၊ သို့တည်းမဟုတ် ဆက်သွယ် ရေးကိရိယာများကို အသုံးပြု၍
(က) အလွန်အကျူးနောက်ပြောင်သော သို့မဟုတ် ခြိမ်းခြောက်သည့်သဘော သက်ဝင် သော သတင်းအချက် အလက်များပေးပို့ခြင်း၊
(ခ) စိတ်ငြိုငြင်စေရန်၊ စိတ်အနှောက်အယှက် ဖြစ်စေရန်၊ မန္တရာယ်ဖြစ်စေရန်၊
တားဆီးပိတ်ပင် ရန်၊ အသရေပျက်စေရန်၊ အကျိုးပျက်စီးစေရန်၊
ရာဇ၀တ်မကင်းသောခြောက်လှန့်တောင်းယူမှုပြုရန်၊ ခိုက်ရန်ဖြစ်ပွားစေရန်၊
အမုန်းပွားစေရန် သို့မဟုတ် စိတ်ဆင်းရဲခြင်းဖြစ်စေရန် ရည်ရွယ်
ချက်တစ်ရပ်ရပ်ဖြင့် မမှန်ကန်သော သတင်း အချက်အလက်များ ပေးပို့ခြင်း၊
(ဂ) အီးမေးလ်တွင် စာသား၊ ရုပ်ပုံ၊ အသံ နှင့်
အခြားအီလက်ထရောနစ်မှတ်တမ်းတစ်ခုခု စသည် တို့ကို စိတ်ငြိုငြင်မှု
ဖြစ်ပေါ်စေရန်၊ သို့မဟုတ် စိတ်အနှောက်အယှက် ဖြစ်စေရန် သို့မဟုတ် မူရင်းသတင်း
အမှန်ကိုလှည့်ဖျားရန် သို့မဟုတ် အလွဲဖေါ်ဆောင်ရန် ပူးတွဲပေးပိုခြင်း”
စတဲ့ အချက်အလက်တွေက Cyber Crime ဟု ခေါ်တွင်သော အွန်လိုင်းမှုခင်း ဆိုင်ရာထဲမှာ အကျုံးဝင်ပါတယ်။
အသေးစိတ် ဆက်လက် ဖတ်နိုင်ရန် Pdf နဲ့ လုပ်
မှ အဆင်ပြေပါမယ် သိသင့်တာတော့ သိထားကြ
ပါ
မှ အဆင်ပြေပါမယ် သိသင့်တာတော့ သိထားကြ
ပါ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်