#‎သာသနာနှင့်ရာဇာအပိုင်း‬(၂၄)


*****************
ယင်းဘွဲ့တံဆိပ်သည် ရဟန်းသံဃာ တစ်ပါးပါးအား ပထမ ဆုံးအကြိမ် ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ် ဖြစ်သည်။ ထိုအခါမှ အစပြု၍ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည့် အစဉ်အလာ ထွန်းကားလာခဲ့သည်။ နောက်ပိုင်းတွင် ရဟန်း သံဃာတော်များအား ဘွဲ့တံဆိပ် အမျိုးမျိုးကို လှူဒါန်း ဆက်ကပ်လာခဲ့သည်မှာ ယခုခေတ် အချိန်ကာလအထိ
ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၌ နာယက၊ မဟာနာယက၊ သံဃနာယက စသော ဘွဲ့တံဆိပ်များကို ဆက်ကပ် လှူဒါန်း သည်။
သာသနာတော် သန့်စင်ရေးနှင့် ပတ်သက်၍ ပိုလန္နာရုဝရှိ ဂလ၀ိဟာရ ကျောက်စာ၌ "ဘုရင်မင်းကြီးသည် ဥဒုမ္ဗရဂိရိ ၀ိဟာရ (ဂူမက္ခရတောင်၊ ယခု ဒမ္ဗုသာဂလ၊ ဒမမုလ္လေ)မှ မဟာကဿပ မဟာထေရ်၏ ညွှန်ကြား မိန့်ဆိုချက် အရ အကျင့်ပျက်ပြားသည့် ရဟန်း ရာပေါင်းများစွာအား
သာသနာတော်တွင်းမှ ထုတ်ပစ်လိုက်ပြီးလျှင်ဂိုဏ်းသုံးဂိုဏ်း ကို တစ်ဂိုဏ်းတည်း ပြောင်းပစ်လိုက်၏" ဟူ၍ ရေးထိုးထား သည်ကို တွေ့ရှိရသည်။
ပရက္ကမဗာဟုမင်းကြီးသည် ကျောင်းတိုက် အသစ်ပေါင်းများ စွာကို ဆောက်လုပ်သည်။ ရှေးဟောင်း ကျောင်းပျက်များကို လည်း ပြုပြင်မွမ်းမံသည်။ သံဃာ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုရာ လိုအပ်ချက်များကို ဖြည့် တင်းပေးရန် အစီအစဉ်များကိုလည်း ပြုလုပ်ဖန်တီးပေး သည်။ နှစ်စဉ်နှစ်တိုင်း မဟာဝေလိ မြစ်ထဲတွင် ဆောက် ထားသည့် ဥဒကုက္ခေပ သိမ်တော်တွင် ပရက္ကမဗာဟု မင်း ကြီး၏ မျက်မှောက်၌ ဥပသမ္ပဒ ပဉ္စင်းခံပွဲ ကျင်းပပြုလုပ် သည်။
နေပြည်တော်အတွင်း၌ ဘုရင်မင်းကြီးသည် စုတုသာလခေါ် ဓမ္မာရုံကြီးများကို ဆောက်လုပ်ထားသည်။ ထိုဓမ္မာရုံများ သည် အနုရာဓပူရရှိ မဟာပါလီ စတုသာလာခေါ် ဓမ္မာရုံကြီး မျိုးကဲ့သို့ ဖြစ်သည်။ ထိုဓမ္မရုံကြီးများကို မြို့တော်၏ လေး ပြင်လေးရပ်၌ ဆောက်လုပ်ထားသည်။
တခြား ပြည်သူ့အကျိုးပြုဌာနတစ်ခုမှာ ဆေးရုံဖြစ်သည်။ ဆေးရုံများ၌ သမားတော်များနှင့် သူနာပြုများသည် လူနာ များအား ကုသခြင်း၊ပြုစုစောင့်ရှောက်ခြင်းများကို ပြုလုပ်ကြ သည်။ ဘုရင်မင်းကြီးကိုယ်တိုင် ကျွမ်းကျင်သော သမား တော်တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ တစ်လလေးကြိမ် ဥပုသ်နေ့ရက်များ၌ ဘုရင်မင်းကြီးသည် လူနာများကို
ကြည့်ရန်နှင့် ဆေးဝါးကုသပေးရန် ဆေးရုံသို့ သွားလေ့ရှိ သည်။
ပရက္ကမဗာဟု မင်းကြီးလက်ထက်၌ စာပေ၏ အခြေအနေ သည် အလွန်တရာ တိုးတက်မှုရှိသည်။ ၅ ရာစုနှစ်၌ ရှင်မဟာဗုဒ္ဓဃောသသည် တိပိဋကအဋ္ဌကထာကျမ်းများကို ရေးသားစီရင်သည်။
သီဟိုဠ်စာပေ အစဉ်အလာအရ ရှေးဟောင်း သီဟိုဠ်ဘာသာ ဖြင့် အဋ္ဌကထာ အားလုံး ရှိနေသည်။ ယင်း သီဟိုဠ်ဘာသာ အဋ္ဌကထာများကို ရှင်မဟာဗုဒ္ဓဃောသက ပါဠိဘာသာ ပြန် ဆိုသည်။
ထို့နောက် ပရက္ကမဗာဟု မင်းကြီးလက်ထက်အထိတစ်နည်း ပြောရလျှင် ပိုလန္နရုဝခေတ်အထိ ဗုဒ္ဓစာပေကျမ်းဂန်များကို အမြောက်အမြား ရေးသားကြသည်။ ယင်းကျမ်းဂန်များ ထဲ တွင် ပါဠိဗျာကရဏ ပါဠိသဒ္ဒါကျမ်းများလည်း အပါအ၀င်ဖြစ် သည်။
ပရက္ကမဗာဟုမင်းကြီးသည် ကဿပမထေရ်၏ ဦးဆောင်မှု အောက်၌ အဋ္ဌကထာကျမ်းများ၏ အထူးအရေးကြီးသော ဋီကာကျမ်းများစွာကို ရေးသား ပြုစုခဲ့သည်။ ယင်းလုပ်ငန်း ကြီးကို ရဟန်းပေါင်း တစ်ထောင်က တစ်နှစ်အတွင်း ခရစ် နှစ် ၁၂၀၇ ခုနှစ်၌ ထမြောက်ပြီးစီးအောင် ဆောင်ရွက်ကြ သည်။
ထိုခေတ်မှာ အိန္ဒိယနိုင်ငံ နာလန္ဒာ၊ ဥဒန္တပူရီ၊ ၀ိကြမသီလာ၊ ဂျဂတ္တလာ တက္ကသိုလ်ကြီးများ ပြာပုံဘ၀ ရောက်ရှိသွားပြီး ရဟန်းသံဃာတော်များ အသတ်ခံရသူခံရ၊ ပြည်ပတိမ်း ရှောင်သွားသူများ၊ ပြည်ပတိမ်းရှောင်သွားရသည့် ခေတ် ကာလဖြစ်သည်။ တောင်ပိုင်း အိန္ဒိယ၌မူ ရဟန်းသံဃာ တော်များ ဆိတ်သုဉ်းမသွားခဲ့ပေ။
"ပိုလန္နရုဝခေတ်သည် ပါဠိဋီကာနှင့် ပါဠိကဗျာ ရွှေခေတ် ဖြစ်၏" ဟု မော်ကွန်းတင်ထားကြသည်။ ထိုခေတ်၌ ဒမ္ဗုလာဂလသည် ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ သီဟိုဠ် ကျွန်း၏ အချက်အချာ ဖြစ်ခဲ့သည်။ ထိုဒေသ၌ နေထိုင် သီတင်းသုံးကြသော ကဿပမထေရ်၏ တပည့်အစဉ် အဆက်သည် ပါဠိစာပေ ကျမ်းဂန်များကို များစွာ ရေးသား ပြုစုခဲ့ကြသည်။
ထိုခေတ် နာမည်ကျော် ဋီကာဆရာမှာ သာရိပုတြမထေရ်၏ တပည့် ဖြစ်သည်။ ဇိနာလင်္ကာရနှင့် ဇီနာလင်္ကာရဋီကာ၊ ဒါဋ္ဌာဝံသ၊ ဇိနစရိတ၊ ပဇ္ဇမဓု၊ မောဂ္ဂလ္လန၊ ဗျာကရဏ စသော ကျမ်းများသည် ထိုခေတ်၌ ရေးသားစီရင်သော ကျမ်းများ ဖြစ်သည်။
အဋ္ဌကထာကျမ်းများကို ရှင်မဟာဗုဒ္ဓဃောသ သုတ်သင် တည်းဖြတ်ပြီးသည့်နောက်၌ ကစ္စာယနဗျာကရုဏ်းကျမ်းကို အဖြေပြန်ပေးသည့်အနေဖြင့် မေဂ္ဂလ္လယနဗျာကရုဏ်း
ပေါ်ထွက်လာသည်။ ယင်းကို ထောက်ခြင်းအားဖြင့် ပညာ ရှင်တို့၏ အကြားတွင် ဗျာကရုဏ် (သဒ္ဒါ)နှင့် ပတ်သက်၍ အစဉ်အလာနှစ်ခု ထွန်းကားခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ပါး အခြားအစဉ်အလာ တစ်ခုလည်း ရှိသေးသည်။ ယင်းအစဉ်အလာသည်ပင်လျှင် နိရုတ္တိ မဉ္ဇုသာ၊ စူလနိရုတ္တိ၊ နိရုတ္တိ ပိဋကကဲ့သို့သော ကျမ်းများကို မွေးထုတ်ပေးခဲ့သည်။ စန္ဒြာယန ဗျာကရုဏ်းကို ရေးသားစီရင်သူမှာ မဟာကဿပ ကိုယ်တိုင်ဖြစ်သည်။
ဓမ္မကိတ္တိ၏ ရူပါဝတာနနှင့် ဇေတ၀နာရာမ ကျောင်းတိုက်နေ မေဂ္ဂလ္လယနထေရ်၏ အဘိဓာနပ္ပဒီပိကာတို့သည် ပိုလန္နရုဝ ခေတ်၏ အဓိကကျမ်းဂန်များ ဖြစ်ကြသည်။
ထိုခေတ်သည် သီဟိုဠ်ဘာသာစကား၌ ပါဠိသြဇာ အလွှမ်းမိုး ဆုံးခေတ် တစ်ခေတ် ဖြစ်သည်။ ထိုခေတ်တွင် သီဟိုဠ်ကဗျာ ဆရာများလည်း အများအပြား ပေါ်ပေါက်ခဲ့သည်။
ပိုလန္နရုဝ ကျောက်စာအရ ထိုခေတ်သည် သီဟိုဠ်စကားပြေ အရေးအသား အထွတ်အထိပ် ရောက်သောခေတ် ဖြစ်၏ ဟူ၍ သိရှိရသည်။ သို့ရာတွင် ဂုရုလုဂေါမီ၏ ကျမ်းနှစ်ကျမ်း မှတစ်ပါး အခြား ကျမ်းများကို ရှာမရတော့ပေ။ ထိုနည်းတူ စွာ ဆေးပညာလည်း ထိုခေတ်၌ အထူး တိုးတက်ထွန်းကား သည်။ အနုရာဓပူရ၏ ဘုရင်တစ်ပါးဖြစ်သော ဗုဒ္ဓဒါသသည် နာမည်ကျော် သမားတော်တစ်ဦးလည်း ဖြစ်သည်။ ဆေး ပညာ၌ ယင်းဘုရင်နှင့် ယှဉ်ပြိုင်နိုင်သူ အခြားဘုရင်တစ်ဦး မှာ ပရက္ကမဗာဟုဘုရင် ဖြစ်သည်။
ပိုလန္နရုဝအား လင်္ကာဒီပ သီဟိုဠ်ကျွန်း၏ နေပြည်တော် ပြုလုပ်ပြီးနောက် ပရက္ကမဗာဟုသည် မြို့တော် ပြန်လည် မွမ်းမံ တည်ဆောက်ရေးကို ကြိုးပမ်း အားထုတ်သည်။ မြို့တော် ပြန်လည်မွမ်းမံ တည်ဆောက်ရေး၌ နန်းတော် ကို အဓိကထားသည်။ နေပြည်တော်၏ မြို့ရိုးကို ခိုင်မာ တောင့် တင်းအောင် လုပ်သည်။ လမ်းများကို အသစ်ဖောက် လုပ် သည်။
စူဠ၀ံသ၏ အဆိုအရ မြို့တော်တွင် မြို့တံခါး ၁၆ ပေါက် ရှိ သည်။ မြို့၏အလျားမှာ လေးဂါဝုတ် (၁၅ မိုင်) ခန့် ရှိသည်။ မြို့ရိုးအတွင်းဘက်ရှိ မြေနေရာသည် ယခုအခါတွင် တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် မိုင်ဝက်မျှသာ ရှိတော့သည်။ စူဠ၀ံသ၏ အထက်ပါ စကားမှာ မြို့ရိုးအပြင် ဘက်က မြို့နေရာကို ဆိုလိုဟန်ရှိသည်။
မြို့တောင်ဘက်၌ ဘုရင်မင်းကြီးသည် အထပ်များစွာရှိသော နန်းတော်ကို ဆောက်လုပ်ထားသည်။ နန်းတော်၏ လေး ဖက်လေးတန်၌ နန်းမြို့ရိုးကို အခိုင်အမာ ဆောက်လုပ်ထား သည်။ နန်းတော်၏ အရှေ့ဘက်၌ နန္ဒန၀န နန္ဒ၀န်ဥယျာဉ် ဟု အမည်ပေးထားသော ဥယျာဉ်ရှိသည်။ ရေကန်ကြီး
လေးကန်လည်းရှိသည်။ နန္ဒ၀န်ဥယျာဉ်အပြင် အခြား ဥယျာဉ်တစ်ခုလည်း ရှိသေးသည်။ ထို ဥယျာဉ်မှာ မြို့ရိုး၏ အနောက်ဘက် ပရက္ကမသမုဒ္ဒရာ အနီး၌ ရှိသည်။ ယင်း ဥယျာဉ်မှာ ဘုရင်တစ်ပါးတည်း အသုံးပြုသော ဥယျာဉ်ဖြစ် သည်။ ထိုဥယျာဉ်၌ အဆောက်အအုံ အများအပြား ဆောက် လုပ်ထားသည်။
ပိုလန္နရုဝ နေပြည်တော်သည် မြတ်စွာဘုရား၏ ဓာတ်တော် နှင့် သပိတ်တော်ကို မရရှိသေးပေ။ ဓာတ်တော်နှင့် သပိတ် တော် မရှိမချင်း နေပြည်တော် အနေနှင့် ပြီးပြည့်စုံသည်၊ လုံခြုံစိတ်ချရသည်ဟု မယူဆပေ။ လင်္ကာဒီပ သီဟိုဠ်ကျွန်း ဘုရင် ဖြစ်ပြီးနောက် သုံးနှစ်အကြာ၌ မာနာဘရဏ ဘုရင် ၏ မယ်တော် သုဂလဒေ၀ီသည် ရောဟာဏ၌ ပရက္ကမဗာဟု အား ပုန်ကန်ခြားနားသည်။
သုဂလဒေ၀ီ ပုန်ကန်ခြားနားခြင်းကို ပရက္ကမဗာဟုက ပြုံးရုံ သာပြုံးသည်ဟု အဆိုရှိသည်။ သို့ရာတွင် သုဂလဒေ၀ီ ပုန်ကန်ခြင်းသည် ကလေးကလား မဟုတ်ပေ။ စစ်သည် တပ်သား ထောင်ပေါင်းများစွာ အသက်စွန့်ပြီးသည့် နောက် မှ ပုန်ကန်ခြားနားမှု ငြိမ်းအေးသွားသည်။ သုဂလဒေ၀ီကို လည်း ဖမ်းမိသည်။ စွယ်တော်နှင့် သပိတ်တော်ကို အခမ်း အနားဖြင့် ရောဟဏမှ ပိုလန္နရုဝသို့ ပင့်ဆောင်လာသည်။
စွယ်တော် တည်ထားကိုးကွယ်ရန်အတွက် နေပြည်တော်၏ အလယ်ဗဟိုတွင် စွယ်တော်တိုက် ဆောက်လုပ်သည်။ အလားတူပင် အနုရာဓပူရရှိ အဘယဂိရိ ၀ိဟာရကဲ့သို့ပင်
ဇေတ၀န်ကျောင်းတော်၌လည်း ဓာတ်တော်တိုက် ဆောက် လုပ်သည်။
ရဟန်းသံဃာတော်များ ပရိယတ္တိ သင်ကြား အားထုတ်ရန် အတွက် ပရက္ကမဗာဟုသည် မြို့တော်၏ မြောက်ဘက်၌ အာလာယန ပရိဝုဏ် ဆောက်လုပ် လှူဒါန်းသည်။ ယင်း၏ ပထမ အဆောက်အအုံမှာ အနုပညာ မြောက်လှသည်။ ဥပုသ်သိမ်နှင့် ၀ိဟာရနှစ်မျိုးရသော ကြီးမားခမ်းနား သည့် ဗုဒ္ဓသီမာပြာသာဒ်ဆောင်ကြီးသည် ထူးခြားလှသည်။
ရူပ၀တီစေတီသည် ရူပ၀တီမိဖုရား တည်ဆောက် လှူဒါန်း သည့် စေတီဖြစ်သည်။ သုဘဒြာစေတီလည်း ထိုမိဖုရား တည်သော စေတီပင်ဖြစ်သည်ဟု ယူဆကြသည်။ ပရက္ကမဗာဟု ကိုယ်တိုင်ကမူ ၀ိဟာရဓမ္မာရုံကို ဆောက်လုပ် လှူဒါန်းသည်။ ယင်းအဆောက်အအုံ၏ အပျက်အစီး အကျန် အကြွင်းများမှာ ယနေ့ထက်တိုင်ပင် စိတ်ပါဝင်စားစရာ ဖြစ် နေသည်။ မြို့တော်အနောက်ဘက်၌ ပစ္ဆိမာရုံ ကျောင်းတိုက် ရှိသည်။ အာလာယန ပရိဝုဏ်၏မြောက်ဘက်၌ ဥတ္တရာ ရုံကျောင်း (ယခု ဂလ်ကျောင်း) ရှိသည်။ ယင်းကျောင်းတိုက် ၏ အပျက်အစီးများမှာ ယနေ့ထက်တိုင် တွေ့မြင်နေရတုန်း ပင် ဖြစ်သည်။
ဘုရားဆောင် ကုဋီသုံးခုမှာလည်း ထူးခြားသော အနုပညာ လက်ရာများဖြင့် ဆောက်လုပ်ထားသည်။ ယင်းတို့ကား
ဝိဒယာဂဟကုဋီ၊ သန္တပတိမာလုဟာကုဋီ၊ သီဟသေယျ ပတိမာကုဋီတို့ ဖြစ်ကြသည်။ ယင်းကုဋီများ၌ ဗုဒ္ဓရုပ်ပွား တော်များကို ကိုးကွယ်တည်ထားသည်။ မြောက်ဘက်၌ ရှိသော သန္တပတိမာရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ ၁၅ ပေ၊ ၂ လက်မ ရှိသည်။ ဒုတိယ ပဒမာသန ရုပ်ပွားတော် သည် လေးပေ၊ ခုနစ်လက်မ ဉာဏ်တော်ရှိသည်။ တတိယ ရပ်တော်မူရုပ်ပွားတော်မှာ ၂၂ ပေ၊ ၉ လက်မ ဉာဏ်တော် ရှိသည်။
ယင်းရုပ်ပွားတော်သည် ပရိနိဗ္ဗာန် ရုပ်ပွားတော်၏ မဏိတော် ဘက် လှည့်ရပ်နေတော်မူသည်။ အချို့ပညာရှင်များက ယင်းရုပ်ပွားတော်ကို ရှင်အာနန္ဒာ၏ ရုပ်ပွားဟု ပြောကြ သည်။ သို့ရာတွင် ဗုဒ္ဓရုပ်ပွားတော် အတိုင်းပင် ဖူးတွေ့ရ သည်။ နောက်ဆုံး ရုပ်ပွားတော်ဖြစ်သော သီဟသေယျ ရုပ်ပွားတော်သည် ၄ ပေ၊ ၄ လက်မ အလျားရှိသည်။ ယင်းရုပ်ပွားတော် အားလုံးမှာ ကျောက်ကို ဖြတ်တောက် လျက် ထွင်းထုထားသည့် ရုပ်ပွားတော်များ ဖြစ်ကြသည်။
ယင်းကုဋီများ၏ မြောက်ဘက်၌ မဟာထူပရှိသည်။ ယင်း ထူပကို တာမိလထူပဟု ခေါ်သည်။ တာမိလသုံ့ပန်းများ
တည်ထားကိုးကွယ်သောကြောင့် ဖြစ်သည်။ ယင်းထူပ သို့မဟုတ် စေတီသည် ပိုလန္နရုဝရှိ စေတီများထဲတွင် အခမ်းနားဆုံး ဖြစ်သည်။
နေပြည်တော်၏ မြောက်ဘက် နှစ်မိုင်အကွာလောက်တွင်
ဇေတ၀န်ကျောင်းရှိသည်။ ကျယ်ပြန့်သော မြေနေရာတွင်
ဆောက်ထားသော ကျောင်းတော် ဖြစ်သည်။ အဆောက် အအုံ လေးခုရှိသည်။
(၁) ပထမ အဆောက်အအုံမှာ တိဝင်္ကပတိမာဖြစ်သည်။
ယင်းအဆောက်အအုံ၌ သုံးနေရာတွင် ဗုဒ္ဓရုပ်ပွားတော်များ
ကိုးကွယ်ထားသည်။ ယခုခေတ်တွင် ယင်း အဆောက်အအုံ ကို ဥတ္တရ၀ိဟာရဟု ခေါ်ကြသည်။
(၂) ဒုတိယ အဆောက်အအုံမှာ ဒန္တဓာတုဝိဟာရ ဖြစ်သည်။ ယင်းအဆောက်အအုံမှာ သဏ္ဌာန်လုံးလုံးကြီး ဖြစ်သည်။
(၃) တတိယ အဆောက်အအုံမှာ အဋ္ဌသိလာနဂေဟ ဖြစ် သည်။
(၄) စတုတ္ထ အဆောက်အအုံကား ရှင်သာရိပုတြာမထေရ်
သီတင်းသုံးရန်အတွက် ဆောက်လုပ်ထားသော ကြီးမား သော အဆောက်အအုံကြီး ဖြစ်သည်။
စူဠ၀ံသ၏ အဆိုအရ တစ်နေရာ၌ ကပိလ၀ိဟာရ အဆောက်အအုံတစ်ခု ရှိသည် ဟုလည်း သိရှိရသည်။ ယင်းကျောင်း၏ နံရံ၌ အနုပညာလက်ရာများ ရှိသည်။ ကပိလရသေ့ အမှတ်တရ တည်ဆောက်ထားသော ကျောင်း ဖြစ်သည်ဟု ယူဆကြသည်။ ယင်းကျောင်း ကို တာပသနိကာယဂိုဏ်းဝင် ရဟန်းတော်များ သီတင်းသုံး ရန် လှူဒါန်းထားသည်။
ပရက္ကမဗာဟု၏ ဒုတိယမိဖုရား စန္ဒာဒေ၀ီ၏ ကျောက်စာ၌
"ဘုရင်မင်းကြီးသည် ၀ိဟာရ ဆောက်လုပ်သည်" ဟု ရေးထိုးထားသည်။
သို့ရာတွင် ယင်းဝိဟာရ၏ အမည်နာမကို မသိရပေ။ ပိုလန္နရုဝ မြို့ဟောင်း၏ တောင်ဘက်၌ ကျောင်းတိုက် တစ်တိုက် ရှိသည်။ ယင်းကျောင်းတိုက်သည် ပိုတဂုလ ၀ိဟာရ (ပိဋကတ်တိုက်) အမည်ဖြင့် ထင်ရှားသည်။ ယင်းကျောင်းတိုက်အနီး၌ ၁၄ ပေ ၆ လက်မရှိ အချိုးကျ သော မတ်ရပ်ရုပ်တု တစ်ခုရှိသည်။ ယင်းရုပ်တုကို
လက်နှစ်ဖက်နှင့် ဘုဇပတ် အခေါက်စာကို ကိုင်ပြီးဖတ်နေပုံ ထုလုပ်ထားသည်။ ယင်း ရုပ်တုသည် ပရက္ကမဗာဟု မင်းကြီး၏ ရုပ်တုဖြစ်၏ဟု ယူဆကြသည်။
စူဠ၀ံသ၏ အဆိုအရ ပိုလန္နရုဝ၏ အနီးအနား ပတ်ဝန်းကျင် ၌ သုံးဂါဝုတ် (၂ မိုင်ခန့်မျှ) ကျောင်းတိုက်များနှင့် နန်း ဆောင် များကို ဆောက်လုပ်ထားသည်။ ယင်းတို့အနက် နန်းဆောင်များ၏ အမည်များမှာ ရာဇဝေသီဘုဇဂ်၊ သီဟပုရ၊ ၀ိဇိတတို့ ဖြစ်ကြသည်။ ကျောင်းတိုက်များ၏
အမည်များမှာ ဣသိပတန ၀ိဟာရ၊ ကုသိနာရ ၀ိဟာရ၊ ဝေဠုဝန ၀ိဟာရတို့ ဖြစ်ကြသည်။
ပရက္ကမဗာဟုသည် ယင်းကျောင်းတိုက်များကို ဆောက် လုပ်သည် သာမကဘဲ အနုရာဓမြို့ဟောင်းရှိ ဘုရားအို
ဘုရားပျက်များနှင့် ကျောင်းအို ကျောင်းပျက်များကိုလည်း ပြန်လည် ပြုပြင်မွမ်းမံသည်။
အပိုင်း(၂၅)ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်