#‎သာသနာနှင့်ရာဇာအပိုင်း‬(၂၅)


*******************
သီဟိုဠ်ကို သွားပြီးပြီ ဆိုတော့ ဒီတစ်ခေါက် ကျွန်တော်တို့ တရုတ်ပြည်ဘက်ကို လှည့်ကြဦးစို့လားနော်

ဘုရင်ဦတည်
လီယန်မင်းဆက်ကို စတင်တည်ထောင်သူ ပထမဦးဆုံး ဘုရင်ဦတည် (၅၀၂-၅၄၉)၏ ရှည်ကြာလှသော အုပ်ချုပ်မှု ကာလသည် တရုတ် ဗုဒ္ဓဘာသာသမိုင်း၌ အရှိန်အဟုန် အမြင့်ဆုံး ခေတ်တစ်ခေတ် ဖြစ်သည်။
ဘုရင်ဦတည်သည် အသောကမင်းတရားကြီးကဲ့သို့ ဘုန်း လက်ရုံးပိုင်ရှင် မဟုတ်စေကာမူ၊ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်း ကားအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အသောကမင်းတရား ကြီးနှင့် အနီးယိုးစွဲလိုက်သည်ဟု ဆိုနိုင်သည်။ ဘုရင်မင်း ကြီးသည် ကျောင်းကန်ဘုရားများ၏ အဆင့်သည် နိုင်ငံ တော်၏အဆင့်ထက် မြင့်သည်ဟု ပြတ်ပြတ်သားသား စွဲမှတ် ယူဆထားသည်။
ဗုဒ္ဓဘာသာ တရုတ်နိုင်ငံသို့ ရောက်လာသည်မှာ ထိုခေတ်
ထိုအချိန်သမယတွင် ဖြစ်သည်။ ပိဋကတ်သုံးပုံကို ပထမ ဦးဆုံး ထုတ်ဝေဖြန့်ချိခြင်းသည် ဘုရင်ဦတည်၏ ခေတ် ကာလတွင် ဖြစ်သည်။ ဘုရင်မင်းကြီးသည် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဆင့်တွင် ထားသည် ဆိုသည်မှာ သံသယဖြစ်စရာ မလိုပေ။
ထိုအချိန်၌ ဗုဒ္ဓဘာသာသည် တရုပ်ပြည်အတွက် ဘာသာ တရား အသစ်အဆန်း မဟုတ်တော့ပေ။ တရုပ်နယ်မြေ၌ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားလာခဲ့သည်မှာ နှစ်ပေါင်း ငါးရာ၊ ခြောက်ရာ ကြာရှိသွားပြီ။ တရုတ်နှင့် အိန္ဒိယ၏ ဆက်သွယ် ရေး သမိုင်းအစကို ရှေးဟောင်းမှတ်တမ်းအရ ခြေရာ ကောက်၍ ရသည်။ ယင်းအချက်နှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ရှိသည်။
ဝါအီနှင့် ဆင်ခေတ်၌ တရုတ်လူမျိုးနှင့် တရုတ်ယဉ်ကျေးမှု အပေါ်တွင် ဗုဒ္ဓဘာသာသည် ထူးထူးခြားခြား သြဇာသက် ရောက်မှု ရှိသည်။ ယင်းအချက်နှင့် စပ်လျဉ်းသော မှတ် တမ်းများကို အများအပြား တွေ့ရသည်။ သို့ရာတွင် အစ ပထမ၌ တရုတ်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို နိုင်ငံရပ် ခြား မှ ဘာသာတရား ဖြစ်သည်ဟု ယူဆထားကြကြောင်းကိုမူ
မှတ်သားထားသင့်သည်။
ယင်းအချက်၏ အကြောင်းရင်းမှာလည်း ထင်ရှား ပြတ်သား လှပေသည်။ ဒေသခံ ဘာသာတရားများသည် ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားလာခြင်းကို ဆန့်ကျင်ကြသည်။ သီဟိုဠ် (သီရိလင်္ကာ)နှင့် မြန်မာနိုင်ငံတို့၌ ဗုဒ္ဓဘာသာ စတင်ပြန့်ပွား စဉ်အခါက မည်ကဲ့သို့သော အင်အားစုကမှ ဆန့်ကျင်ခြင်း မပြုလုပ်ပေ။ တရုတ်ပြည်၏ အခြေအနေမှာမူ ထိုကဲ့သို့ မဟုတ်ပေ။ တရုတ်ပြည်တွင် ဗုဒ္ဓဘာသာ ပြန့်ပွားဝင် ရောက် လာခြင်းနှင့် စပ်လျဉ်း၍ ဆိုရိုးစကား အများအပြားရှိသည်။
လိယေဟတ်ဇေ၏ စာအုပ်၌ ဖော်ပြထားသည့် အတိုင်းဆို လျှင် တစ်ချိန်က စူဘုရင်၏ ဖာဦအမည်ရှိ အမတ်ကြီး သည် ကွန်ဖြူးရှပ်အား ကမ္ဘာလောကတွင် မည်သည့်ပုဂ္ဂိုလ်သည် အမြတ်ဆုံးနည်း ဟူ၍ မေးသည်။ ထိုအခါ ကွန်ဖြူရှပ်က "အနောက်နိုင်ငံ၌ နေထိုင်သော ထူးခြားသည့် ပုဂ္ဂိုလ် တစ်ဦးအကြောင်းကို ငါ ကြားသိ၏" ဟူ၍ ပြန်လည် ဖြေ ကြားသည်။ ယင်းဆိုရိုးစကားပေါ်တွင် အခြေခံလျက် ဗုဒ္ဓ ဘာသာအကြောင်းကို ကွန်ဖြူရှပ် သိ၏ ဟူ၍ တရုတ် လူမျိုး အတော်များများက ယုံကြည် ယူဆကြသည်။
ရဟန်းတော် တာအိုယန် စုဆောင်းရေးသားထားသော ဗုဒ္ဓကျမ်းစာများ၏ စာရင်း၌ ဤသို့ ရေးသားဖော်ပြထား သည်။ "ချင်ဘုရင် ရှိဟ၀န်တီ၏ လက်ထက်၌ နိုင်ငံခြားမှ လာရောက်သည့် ရဟန်း ၁၈ ပါး နေထိုင်သီတင်းသုံးကြ၏။ ထိုရဟန်းများထဲက သီရိဗန္ဓု အမည်ရှိ ရဟန်းတစ်ပါးသည် ဘုရင်ကြီးအား ဗုဒ္ဓကျမ်းစာအချို့ ပေးအပ်သည်။ သို့ရာတွင် ဘုရင်မင်းကြီးက ထိုရဟန်းအား ယုံကြည်စိတ်ချခြင်း မရှိဘဲ အကျဉ်း ချထားလိုက်၏။ ညဥ့်အချိန်၌ အရပ်ဆယ်ပေမက မြင့်သည့် ရွှေရောင်ဝင်းနေသော ပုဂ္ဂိုလ်တစ်ယောက် ပေါ် လာပြီးလျှင် အကျဉ်းထောင်က လွတ်မြောက်သွား အောင် လုပ်ပေးလိုက်လေ၏။ ထိုအချိန်မှစ၍ ဘုရင်မင်းကြီး သည် ရဟန်းများအပေါ်တွင် ယုံကြည်မှုရှိလာ၏”
ထို့ပြင် ၀ါအီမင်းဆက်ခေတ်က ဗုဒ္ဓနှင့် တာအိုဝါဒဆိုင်ရာ
မှတ်တမ်းအထောက်အထားများအရ တရုတ်နိုင်ငံအတွင်း ဗုဒ္ဓဘာသာ ပြန့်ပွား ၀င်ရောက်လာခြင်းမှာ ဟန်မင်းဝူတီ၏ လက်ထက် (၁၄၈-၈၀ ဘီစီ)၌ ဖြစ်၏ဟူ၍ လက်ခံထားကြ သည်။
ထိုခေတ်၌ ရေးထားသည့် သမိုင်းဆိုင်ရာ အထောက်အထား အရ ဟိယင်တု အကြောင်း ရေးသူမှာ ချန်ချင်း ဖြစ်၏ ဟူ၍ လည်း သိရှိရသည်။ တခြား သမိုင်းဆရာ အားလုံးကမူ ဗုဒ္ဓ ဘာသာနှင့် စပ်လျဉ်း၍ ရေငုံနေကြသည်။
လျူဆုန်ခေတ် (၄၂၀-၄၇၃)၌ ဖာန၀ီရေးသော "ဟန်မင်း ဆက် အဓိဋ္ဌာန်" စာအုပ်၌လည်း ယင်းအချက်နှင့် ပတ် သက်၍ သက်သေ အထောက်အထားကို တွေ့ရှိရသည်။ ယင်းအဆိုအမိန့်အရ တရုတ်ပြည်၌ ဗုဒ္ဓဘာသာ အခြေချ ခြင်းမှာ ဟန်မင်းဆက် အကြိုခေတ် နောက်ပိုင်း၌ ဖြစ်၏ ဟူ၍ ဆုံးဖြတ်ချက် ချ၍ရသည်။
တရုတ်ပြည်၌ ဗုဒ္ဓဘာသာ ပြန့်ပွားဝင်ရောက်လာခြင်းနှင့် စပ်လျဉ်း၍ ပထမဦးဆုံး ရေးသားချက်ကို ခရစ်နှစ် (၂၃၉-၂၆၅) အလယ်၌ ယူဟန် ရေးသားသော "၀ါအီ လိအာယို" အမည်ရှိ သမိုင်းစာအုပ်၌ တွေ့ရှိရသည်။
အိန္ဒိယနှင့် တရုတ်၏ ဆက်သွယ်ရေး အစပျိုးသော ကာလ ကို ခရစ်နှစ် ၆၄ လောက်ဟူ၍ ယူဆထားကြသည်။ ဆုန်ခေတ် (ခရစ် ၁၁၂၇-၁၂၈၀)၌ ကျိဟယန် ရေးသား သော "ဗုဒ္ဓနှင့် မဟာထေရ်တို့၏ အစဉ်အဆက် မှတ်တမ်း" ၏ အလိုအရ အကြိုဟန်မင်းဆက်နောက်ပိုင်း ဘုရင် မာတံဂီ သည် သူ၏ မင်းသက် ခုနစ်နှစ်မြောက်၌ တစ်ကြိမ် တွင် လည်ပင်း၏ ပတ်လည်၌ နေရောင်ခြည်ကဲ့သို့ တောက် နေသော ရွှေရောင်ဝင်းနေသည့် ပုဂ္ဂိုလ်တစ်ယောက် ဝေဟင်ခရီးက ပျံသန်းပြီး နန်းတော်ထဲ ၀င်ရောက်လာ သည်ဟု အိပ်မက်မြင်မက်သည်။
နောက်တစ်နေ့၌ ဘုရင့်နန်းတွင်းသူ နန်းတွင်းသားတို့သည်
ထိုရွှေရောင်ဝင်းနေသော ပုဂ္ဂိုလ်သည် ချောင်မင်းဆက်နှင့် ခေတ်ပြိုင် အနောက်နိုင်ငံမှ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဖြစ် သည်ဟူ၍ အိပ်မက်ဖတ်ကြသည်။
ဘုရင်မင်းကြီးသည် ထိုအိပ်မက်၏ သြဇာအရှိန်အ၀ါ လွှမ်းမိုး မှုခံရသဖြင့် မိမိ၏ သေနာပတိ တဆာအီပင်၊ ပညာရှင် သမားတော် ပိန်ကျန်၊ ၀မ်ဆုန် အစရှိသော ပုဂ္ဂိုလ် ၁၇ ဦး ပါဝင်သည့် သံတမန်အဖွဲ့တစ်ဖွဲ့ကို ဓမ္မကျမ်းဂန်များနှင့် ရဟန်းတော်များကို ဆောင်ကြဉ်းပင့်ဖိတ်ရန်အတွက်
အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။
နှစ်နှစ်ကြာသောအခါ ယင်းသံတမန်အဖွဲ့သည် အိန္ဒိယ ရဟန်းတော်နှစ်ပါးနှင့် တွေ့ဆုံသည်။ ထိုရဟန်းတော်များ၏ အမည်မှာ တရုတ်ဘာသာ စကားဖြင့် ကျမေမိုတန်
(ကဿပ မာတင်္ဂ)နှင့် သူ၏ သီတင်းသုံးဖော် ကျုဖာလန်တို့ ဖြစ်ကြသည်။ ထိုရဟန်းတော်များနှင့် အတူတကွ သက္ကတ စာပေကျမ်းဂန်များနှင့် ဗုဒ္ဓရုပ်ပွားတော်များ ပါလာသည်။
သံတမန်အဖွဲ့သည် ထိုရဟန်းတော်များကို မြင်းဖြူများ ပေါ် တွင် စီးစေပြီး ခရစ်နှစ် ၆၄ ခု၌ လိုယန်သို့ ပင့်ဆောင်သွား ကြသည်။ ဘုရင်နှင့် တွေ့ဆုံပြီးနောက် ရဟန်းတော်နှစ်ပါး သည် ဟိုလုကျောင်းတိုက်၌ သီတင်းသုံးကြသည်။ နောက် တစ်နှစ်၌ ဘုရင်မင်းကြီးသည် လိုယန်မြို့ အနောက်ဘက် တံခါးအနီး၌ `မြင်းဖြူ' အမည်ရှိ ကျောင်းတိုက်ကို ဆောက် သည်။
ထိုအချိန်ကာလ အတောအတွင်း၌ ကဿပမာတင်္ဂသည်
ဒွိစတ္တာရိသတခေါ် လေးဆယ့်နှစ်ကဏ္ဍရှိသော သုတ်ကို
ဘာသာပြန်ဆိုသည်။ ယင်းဘာသာပြန်သည် တရုတ် ဘာသာ ဖြင့် ဘာသာပြန်သော ပထမဦးဆုံး ဘာသာပြန် ဖြစ်၏ ဟူ၍ အသိအမှတ် ပြုထားကြသည်။
ကဿပမာတင်္ဂနောက် ၈၁ နှစ် ကြာသောအခါ ဘာသာပြန် ဆရာများ တစ်ဦးပြီးတစ်ဦး အဆက်မပြတ် ပေါ်လာသည်။ ကဿပမာတင်္ဂ၏ အလုပ်သည် တရုတ်ပြည်၌ အပေါ်ပိုင်း လောက်သာလျှင် ရှိနေပြီး အောက်ခြေသို့ မရောက်ပေ။ ဗုဒ္ဓဘာသာ အုတ်မြစ်ကို ခိုင်မြဲအောင် လုပ်သူမှာမူ ပါသိယာ မှ ဘုရင့်သားတော်တစ်ပါး ဖြစ်သည်။ ထိုဘုရင့် သားတော် ၏ အမည်မှာ ရှိကာဥ ဖြစ်သည်။
ရှိကာဥ၏ အတ္ထုပ္ပတ္တိ၌ ဤသို့ရေးထားသည်။ ထိုဘုရင့် သားတော်သည် ထီးနန်းကို စွန့်လျက် သာသနာ့ဘောင် ၀င်သည်။ ရှိကာဥသည် ခရစ်နှစ် ၁၄၈ တွင် တရုတ်ပြည်သို့ လာပြီးလျှင် လိုယန်မြင်းဖြူကျောင်း၌ နေထိုင်သည်။ အနှစ် ၂၀ တိတိ တရုတ်ပြည်တွင် နေပြီးလျှင် ရှိကာဥသည် ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သည်။ ဗုဒ္ဓကျမ်းစာ ၉၅ ကျမ်းကိုလည်း
တရုတ်ဘာသာ ပြန်ဆိုခဲ့သည်။ သို့ရာတွင် နန်ဂျီယို၏ ကျမ်း စာအုပ်စာရင်းအရ ယင်းကျမ်းစာ ၉၅ ကျမ်းထဲက ယခုအခါ တွင် ၅၅ ကျမ်းသာလျှင် ကျန်ရှိတော့သည်။
အန်ရှိကာဥသည် ကျွမ်းကျင်သော ဘာသာပြန်ဆရာတစ်ဦး မျှသာမကပေ။ တရုတ်ပြည်၌ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွား ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ကြသော
တပည့်ပေါင်းများစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ တရုတ်ပြည် ဗုဒ္ဓဘာသာသမိုင်း၌ အန်ရှိကာဥသည် သီဟိုဠ် ကျွန်း၌ ရှင်မဟာမဟိန္ဒရသော နေရာမျိုးကို ရရှိသည်။
အခြားဘာသာပြန် ဆရာတစ်ဦးမှာ ရဟန်းတော် လော ကခေမ နောက် တရုတ်ပြည် ရောက်လာသော ကျုဖိုကျို (အိန္ဒိယဗောဓိသတ္တ) ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် လော ကခေမနှင့်လည်းကောင်း၊ ရှိကာဥနှင့်လည်းကောင်း အတူ တွဲပြီး လုပ်ခဲ့သည်။ သို့ရာတွင် သူ ဘာသာပြန်ခဲ့သော
ကျမ်းစာများကို တစ်ကျမ်းမျှ မတွေ့ရတော့ပေ။
ဟန်မင်းဆက်ခေတ်က ဘာသာပြန်ဆရာ အများစုမှာ
တရင်မြစ်ဝှမ်းဒေသမှ ဖြစ်သော်လည်း အန်ဟရီဝင်မှာမူ ရှိကာဥကဲ့သို့ ပါသိကာဒေသမှ ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ရဟန်းမဟုတ်ပေ။ လူပုဂ္ဂိုလ်ဖြစ်သည်။ တရုတ်ပြည် စစ်တပ် တွင် တပ်မှူးရာထူး ခန့်အပ်ခြင်းခံရသည်။ ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားရေးအတွက် စိတ်အား ထက် သန်သူ တစ်ဦးဖြစ်သည်။
ယူကျီ ရဟန်းတော် ကျိဒဟု (ခရစ်နှစ် ၁၈၄-၈၉)သည် အာရှအလယ်ပိုင်း ရွာတစ်ရွာမှ ဖြစ်သည်။ ထိုရဟန်းတော် သည် တရုတ်ပြည် ရောက်လာသောအခါ ကျမ်းစာပေါင်း များစွာကို ဘာသာပြန်ဆိုသည်။ ယင်းကျမ်းစာများထဲက ယခုအခါတွင် ကျမ်းငါးကျမ်းသာလျှင် ရရှိသည်။ ထို ပုဂ္ဂိုလ် ဘာသာပြန်သော သုတ်နှစ်သုတ်မှာ သံယုတ္တအာဂမ
(နိကာယ်) ထဲက သုတ်ဖြစ်သည်။
ယင်းခေတ်၌ ထွန်းကားခဲ့သော အခြားဘာသာပြန် ဆရာ များထဲတွင် ကျုတာလိ (မဟာဗလ)နှင့် တနရိကုအို (ဓမ္မဖလ) တို့သည် အိန္ဒိယမှ ဖြစ်ကြသည်။ ခန်ကိဟုနှင့် ခန်မွန်ဆီယန်တို့သည် ဆောဂဒဂျာဖရံရှန် (မြစ်ဝှမ်းဒေသ) မှ ပုဂ္ဂိုလ်များ ဖြစ်သည်။ ဟန်မင်းဆက်ရှေ့ပိုင်း၌ အားလုံး
စုစုပေါင်း ဗုဒ္ဓကျမ်းစာ ၄၃၄ ကျမ်း ဘာသာပြန်ဆိုသည်။
ယင်းကျမ်းစာများထဲက ကျမ်းပေါင်း ၂၀၇ ကျမ်းကို ဘာသာ ပြန်သော ဘာသာပြန်ဆရာတို့၏ အမည်နာမများကို မသိ ရပေ။
အစတွင် ဤမျှ များပြားသော ကျမ်းစာများကို ဘာသာပြန် နိုင်ခြင်းသည် နည်းနည်းနောနော အောင်မြင်မှု မဟုတ်ပေ။ ထိုအချိန်၌ လိုယန်မြင်းဖြူကျောင်းတိုက်သည် အနုပညာ လက်ရာများဖြင့် တန်ဆာဆင်ထားသည်။ ပညာရှင် ရဟန်း တော်များ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်ဖြစ်သည့် အတွက် ကျောင်းတိုက်၏ ဂုဏ်သိက္ခာသည် အထူးပင် မြင့်မားလှပေသည်။
ဟန်မင်းဆက် (ခရစ် ၂၀၆ မှ ၂၂၀ အထိ) ကုန်ဆုံးသွားပြီး သည့်နောက်၌ တရုတ်ပြည်သည် ပြည်တွင်းစစ်နှင့် ပြင်ပမှ ကျူးကျော်တိုက်ခိုက်မှုများကြောင့် အားပျော့သွားသည်။ နိုင်ငံသည် သုံးခြမ်းကွဲသွားသည်။
ရှူ (ခရစ် ၂၂၁-၆၄)၊
ဝေအီ (၂၂၀-၆၅)၊
သီ (၂၂၂-၈၀)
မင်းဆက် ဘုရင်တို့သည် အသီးသီး မိမိတို့ဆိုင်ရာ နယ်ပယ် ဒေသ၏ ဘုရင်အဖြစ် မိမိတို့ကိုယ် မိမိတို့ သတ်မှတ်ယူဆ ထားကြသည်။ ထိုဘုရင်များသည် အချင်းချင်းလည်း စစ်မက် ဖြစ်ပွားနေကြသည်။ နှစ်ပေါင်း လေးဆယ်၊ ငါးဆယ် အထိ တရုတ်ပြည်သည နိုင်ငံရေးအမြင်ဖြင့် ကြည့်လျှင် ရှေ့သို့ မတိုးတက်နိုင် ဖြစ်နေသည်။အားဆုတ်ယုတ်သွား သည်။ သို့သော်လည်း ထိုအချိန်၌ပင် ဗုဒ္ဓဘာသာတိုးတက်
မှု အရှိန်နှုန်းမှာ ရပ်ဆိုင်း မသွားခဲ့ပေ။
ဟန်မင်းဆက် ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ သည်။ တရုတ်ပြည်၌ ဗုဒ္ဓဘာသာ အမြစ်တွယ်ခဲ့သော ခေတ်မှာ ဟန်ခေတ် ဖြစ်သည်။ ထိုအချိန်၌ ကျန်ဆီမြောက် ပိုင်း ယခုခေတ် ဆူကျောင်တွင် အဆင့်ပေါင်းများစွာရှိသော ပုထိုးတစ်ဆူကို တည်သည်။ ပထမဦးဆုံး တရုတ် ရဟန်း တော် အန်ဟ၀ီသည် ထိုနယ်မှဖြစ်သည်။
ဗုဒ္ဓစာပေ ကျမ်းဂန်များနှင့် ပတ်သက်၍ ၇၁၃-၇၄၁ (ခရစ်နှစ်)တွင် စုဆောင်း မှတ်တမ်းတင်ထားသော "သကျမုနိ၏ ဒေသနာတော်ဆိုင်ရာ ကျမ်းစာစာရင်း" ၌ ၀ါအီဘုရင်လက်ထက် အထူးခြားဆုံး ဘာသာပြန်ဆရာ လေးဦးတို့၏ အမည်နာမများကို ဖော်ပြထားသည်။
၁။ အာရှအလယ်ပိုင်းမှ ဓမ္မရဒါသည် မြင်းဖြူကျောင်းတိုက်၌ သီတင်းသုံးပြီးလျှင် ခရစ်နှစ် ၂၅၄ ၌ မဟာသံဃိကဂိုဏ်း၏ ပါတိမောက်ကျမ်းကို တရုတ်ဘာသာ ပြန်ဆိုသည်။
၂။ ဘိက္ခုကန်ဆင်ကိုင်သည် ဓမ္မရက္ခကနှင့် ခေတ်ပြိုင်ဖြစ် သည်။ ခရစ်နှစ် ၂၅၂ တွင် တရုတ်ပြည်သို့ရောက်လာသည်။ သူ၏ တရုတ်အမည်ကိုထောက်လျက် ထိုရဟန်းတော်သည် အိန္ဒိယနိုင်ငံသား မဟုတ်ကြောင်း သိရှိရသည်။ ဆိုဂဒိယန် လူမျိုးဖြစ်သော ထိုရဟန်းတော်သည် မြင်းဖြူကျောင်းတိုက် ၌ သီတင်းသုံးပြီးလျှင် ပိဋကတ်ဘာသာပြန် လုပ်ငန်းများကို လုပ်လျက် ဗုဒ္ဓသာသနာအတွက် အကျိုးပြုခဲ့သည်။
၃။ ဓမ္မသစ္စာသည် ပါသိယန်ရဟန်းတော် ဖြစ်သည်။ ထို ရဟန်းတော်သည် ခရစ်နှစ် ၂၅၄ ခု၌ မြင်းဖြူကျောင်းတိုက် တွင် သီတင်းသုံးပြီးလျှင် `ဓမ္မဂုတ္တ နိကာယကမ္မန' အမည် ရှိသောကျမ်းကို တရုတ်ဘာသာ ပြန်ဆိုသည်။
၎။ ဓမ္မဘဒြ ရဟန်းတော်လည်း ပါသီယန် အမျိုးသား ဖြစ် သည်။ ထိုရဟန်းတော်သည် ၀ါအီမင်းလက်ထက်၌ ဗုဒ္ဓ စာပေ ပြန့်ပွားရေးကို ဆောင်ရွက်သည်။
ဟန်မင်းဆက် နောက်ပိုင်း မင်းဆက် သုံးဆက်တိတိ အိန္ဒိယ နိုင်ငံမှ သာသနာပြုများ တရုတ်နိုင်ငံသို့ ကြွကြရုံမျှမက တရုတ်ရဟန်းတော် ခရီးသည် များစွာတို့လည်း ဗုဒ္ဓကျမ်းစာ များကို ရှာဖွေရန် အိန္ဒိယနိုင်ငံသို့ ကြွကြသည်။ ခရစ်နှစ် ၂၆၀ ၌ တရုတ်ပြည်မှ ခိုတန်သို့ကြွသော ပထဦးဆုံး ရဟန်း တော်မှာ ကျုရှိဟင် ဖြစ်သည်။ ထိုရဟန်းတော်သည် ခိုတန် ၌ `ပညာသုတြ' ကျမ်းကို ကူးယူသည်။ ထိုကျမ်း၌ အပိုင်း ၉၀ ပါရှိသည်။ ထိုကျမ်းသည် တရုတ်ပြည်၌ `ပဉ္စ၀ီသတိ သဟဿကပညာ ပါရမိတာ' အမည်ဖြင့် ထင်ရှား ကျော်ကြားသည်။
အပိုင်း(၂၆) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်