၁၈။ မုတ္တသုခနဂရမြို့  အမည်ပျောက်၍
ရှင်မုတ္ထီးရွာဟု အမည်တွင်ခြင်း
ယင်းအပြင်
နောင်လာနောက်သားများကို
ကိုးကွယ်စေရန် ဌာပနာများစွာ ရွှေ , ငွေ, ကျောက်သံပတ္တမြား တို့ ကိုလည်း
ဌာပနာသွင်းနှံကာ ရုပ်ပွားတော်
စေတီတော်များ တည်ထားခဲ့ပြီး ပညာရှိအမတ်ကြီး ၂-ဦးတို့ 
တော်ထွက်ကြလေ၏။
ယင်းနောက် မုတ္တသုခနဂရမြို့ 
အမည်ပျောက်၍ မင်းတရား မုတ်ဆေးထိသည်ကို အစွဲပြုကာ
"မုတ်ထီးမြို့  " ဟု
ခေါ်တွင်ကြရမှ နောင်သောအခါ
အခေါ်ပျက်ပြား၍ (ရှင်မုတ္ထီး) ဟု
ယခုတိုင်ခေါ်ကြလေသည်။
ယင်း
"ရှင်မုတ္ထီးဘုရား"
ကိန်းဝပ်တော်မူရာ
"ရှင်မုတ္ထီးရွာ" သည်ကား ထားဝယ်မြို
့မှ မြိတ်မြို့ သွား
မော်တော်ကားလမ်းတွင်
တည်ရှိ၍ ထားဝယ်မြို့ မှ ၆-မိုင် ကွားဝေလေသည်။
ယင်း မုတ္တသုခနဂရမြို့တည် နန်းတည်
"ရှင်မုတ္ထီးရာဇ၀င် "
ဇာတ်တော်ကြီးကို ထားဝယ်မြို့ 
တိုင်းရင်းသားကျောင်း
ရန်ပုံငွေအတွက် ဂုဏ်သရေရှိ လူကြီးများ, ကျောင်းဆရာများ, ကျောင်းသား
ကျောင်းသူများ ပါဝင်ကပြကြရာ
ထားဝယ်မြို့ဇရစ်ရပ်
ယူနီဘာဆယ်ဇာတ်ရုံ (ယခု ရွှေ ၀ယ်သီရိဇာတ်ရုံ ) ကြီးတွင်
လွန်ခဲ့သော မြန်မာသက္ကရာဇ် ၁၂၉၄-ခုနှစ်၊
ပြာသိုလဆန်း ၁၁-ရက်
(၆-၁--၃၃)ညနှင့် ပြာသိုလဆန်း
၁၂-ရက် (၇-၁-၃၃) ညများတွင် အသုံးတော်ခံကြပါသည်။
……………………………………….
ရှင်မော် စေတီတော် သမိုင်း
(ယခု ရေသားလတံ့သော ရှင်မော်ဘုရား
စေတီတော်သည်ကား ထားဝယ်မြို့မှ တောင်ဘက်မိုင် ၄၀-ကျော်ကွာသော ထားဝယ်မြစ် ဝ
ရှင်မော်တောင် အငူစွန်းတွင် တည်ထားလျက်
ရှိသည်ဖြစ်၍ ရန်ကုန် , မော်လမြိုင် , မြိတ် ,
ကော့သောင်း စသော မြို့များသို
့သွားသော လှေ ,
သင်္ဘောစီး
ခရီးသည်များတို့ သေအချာ
ဖူးမြင်နိုင်ကြပေသည်။)
၁။ မဟာဗန္ဓ ၀, စူဋ္ဌဗန္ဓ ဝ
ညီနောင် မထေရ် ၂-ပါး သာသနာပြုရန် ကြွရောက်လာခြင်း
ဂေါတမ ရှင်တော်မြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် အနှစ်
၂၂၀-မြောက်သောအခါ ပါဋလိပုတ်
ပြည်ကြီးနှင့်တကွ
ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို
အစိုးရတော်မူသော “သီရိဓမ္မာသောက” မင်းကြီး လက်ထက် “ရှင်မဟာ
မောဂ္ဂလိပုတ္တိဿ”
ရဟန္တာ မထေရ်ကြီးသည်
“မဟာဗန္ဓ ၀,
စူဋ္ဌဗန္ဓ
ဝ”
ညီနောင် မထေရ်
၂-ပါးတို့ အား တနင်္သာရီတိုင်း,
ဒူကရတိုင်းများသို့ သာသနာပြု စေလွှတ်တော်မူရာ ဒူကရတိုင်း
(ထားဝယ်မြို့)၏ ပင်လယ် ၀ မော် ဦးဖြစ်သော
“သိန္ဓုသေလ(ရှင်မော်
)တောင် ” သို့ ရောက်ရှိကြလေ၏။
ယင်းတောင်၌ နဂါးမင်းကြီး၏ တူတော်
နဂါးစစ်သူကြီးဖြစ်သည့် “၀ါသုလဒေ ၀”
သည် ရှင်တော်မြတ်စွာ၏
လက်ျာအံတော် ဓာတ်မြတ်ကို နဂါးပြည်မှ
ပတ္တမြားကြုတ်နှင့်ထည့်၍
ယူလာပြီးလျှင်
လင်းလွန်းပင်ခွကြား၌ မြှုပ်
ထားလျက်
ကိုးကွယ်နေသည်ကို မြင်တော်မူလေသော် ယင်းတောင်တွင် ခေတ္တသီးတင်းသုံနေတော်မူပြီးမှ တနင်္သာရီတိုင်း ဘုရင်
“ကောရမ္ဗ ”
မင်းထံသွား၍
လူပြည်သူအပေါင်းတို့ အား တရားရေအေး အမြိုင်ဆေးကို တိုက်ကျွေးတော်မူလေ၏။
ယင်းနောက် ဒူရကတိုင်းကြီးရှင် ဘုရင်
“ဓမ္မသေန” မင်းကြီးထံ
ကြွသွား၍ အထက်နည်း ၇-ရက်
ဆွမ်းရပ်တော်မူလျက် တရားရေအေး
အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြန်လေ၏။
ယင်းနောက် “ဓမ္မသေန” မင်းကြီးက “မဟာဗန္ဓ ၀,
စူဋ္ဌဗန္ဓ
ဝ” အရှင် ၂-ပါးအား လျှောက်ထားသည်မှာ-
“ဘေးတော် ,
ဘိုးတော်
, ခမည်းတော်နှင့်
တပည့်တော်တို့ သည်
ရဟန္တာအရှင်မြတ်များ တည်းခို သီတင်းသုံး
နေထိုင်တော်မူရန်
ဝေမိဿတောင်တွင် ကျောင်းတော် ဆောက်လုပ်လှူဒါန်းကြပါသည်။ အရှင်ဘုရားတို့ သည်
ယင်းဝေမိဿကတောင်ရှိ
ရွှေကျောင်းတော်တွင်
စံနေတော်မမူဘဲ အဘယ့်ကြောင့် သိန္ဓုသေလတောင်၌ သီတင်းသုံး
နေတော်မူပါသနည်း။”
“ဒကာတော်မင်းမြတ် -
မြတ်စွာဘုရားရှင်၏
လက်ျာအံတော် ဓာတ်မြတ်ကို ၀ါသုလဒေ ဝ
နဂါးမင်းသည်
သိန္ဓုသေလတောင်ရှိ လင်းလွန်းပင်ခွကြား၌
မြှုပ်ထား၍ ကိုးကွယ်နေသည်ကို အမှီပြု၍ သီတင်းသုံးနေကြပါသည်။”
“အရှင်ဘုရားတို့  -
ထိုအံတော် ဓာတ်မြတ်သည်
သိန္ဓုသေလတောင်သို့  အဘယ်နည်းဖြင့်
ရောက်လာပါ သနည်း။”
“အံတော်ဓာတ်မြတ်ကို နဂါးပြည်၌
ရွှေစေတီတည်၍ ကိုးကွယ်ထားရာ သီရိဓမ္မာသောကမင်းကြီး၏
ဘုန်းတန်ခိုးတော်ကြောင့်
ကြေက်ရွံ့၍ သီဟိုဋ္ဌ်ကျွန်းရှိ ရဟန္တာကြီးတို့ ထံ နဂါးစစ်သူကြီးက လျှောက်ပန်ကြားပြီးလျှင်
ဝါသုလဒေ ၀ နဂါးမင်းက ယူဆောင်လာလျက်
ဤတောင်၌ ကိုးကွယ်ထားပါသည် ” ဟု မိန်
့တော်မူလေ၏။
ထိုအခါ ဓမ္မသေနမင်းမြတ်သည် အလွန်ကြည်ညိုကာ သဒ္ဓါတရား
ဖြစ်တော်မူပြီးလျှင်
“အရှင်ဘုရားတို့ 
ဤအံတော်ဓာတ်မြတ်ကို တပည့်တော်လည်း ကိုးကွယ်ပူဇော်လိုပါသဖြင့် ကုသိုလ်အဖို့ ကိုစောင်မတော်မူပါ”
ဟု လျှောက်ထားပြီးလျှင် အရှင်
၂-ပါးတို့ လည်း ကြွသွားတော်မူကြလေ၏။
ယင်းနောက် ဓမ္မသေနမင်းမြတ်သည် မှူးမတ်ပြည်သူလူထုများနှင့် တိုင်ပင်လျက် အမြင်
၇-တောင်ရှိသော
ရွှေသားစေတီတော်ကို
သွန်းလုပ်စေပြီးလျှင်
န၀ရတ်ကိုးပါးတို့ ဖြင့် ခြယ်လယ်အပ်သော ရတနာထီးတော် , မြသပိတ်တော် ,
ရွှေစင်ယပ် , မိုးကြိုးသားရေနယ် , သံသေသင်ဓုန်း, သံသေအပ် ,
ဘော်စင်
အပ်ချည်တို့  နှင့်တကွ
စိန်ပန်းခိုင် ,
မြပန်းခိုင် ,
ပတ္တမြားပန်းခိုင် ,
ရတနာပန်းခိုင်များပါ
အသင့်စီမံပြီးစီးအောင် ပြုလုပ်ထားရှိလေ၏။
“မဟာဗန္ဓ ၀,
စူဋ္ဌဗန္ဓ
ဝ”
ရဟန္တာအရှင် ၂-ပါးတို့  လည်း တနင်္သာရီဘုရင်
ကောရမ္ဗမင်းထံ သွားရောက်ပြီးလျှင်
ဓမ္မသေနမင်းအား မိန်းကြားသကဲ့သို့ 
ပင် မိန့်  ကြားတော်မူလေသော် ကောရမ္ဗမင်းသည်လည်း ထိုအံတော်
ဓာတ်မြတ်ကို
ဖူးမြော်ပူဇော်လိုသည့် သဒ္ဓါဆန္ဒ အားကြီးလှရကား ဒူရကတိုင်း
အောင်သာဝတီပြည့်ရှင် ဘုရင် ဓမ္မသေနမင်းထံ
ပုဏ္ဏားလက်ဆောင်တော်များနှင့်တကွ အမတ်လေးယောက်တို့ ကို
စာနှင့် စေလွှတ်လိုက်လေ၏။
စာတွင် ပါရှိသည်ကား -“ဒူရကတိုင်း
အောင်သာဝတီပြည်
ကလိန်အောင်မြို့ကို
အစိုးရတော်မူသော အကြည်တော်
ဓမ္မသေနမင်းတရား။
အကြည်တော် စိုးပိုင်တော်မူသည့် နိုင်ငံတော်၌
ခပ်သိမ်းသော ရတနာတို့  ထက် ဆယ် , ရာ,
ထောင် ,
သောင်းမကမြင့်မြတ်
အဖိုးတန်လှပါသော ရတနာမြတ်ကို အကြည်တော်နှင့်အတူ ပြုစုလှူဒါန်း
ကိုးကွယ်ပူဇော်လိုပါကြောင်း ကြားရောက်လိုက်ပါသည် ဓမ္မသေနမင်းမြတ် ”
ဟူ၍ ပါရှိလေရာ ဓမ္မသေနမင်းမြတ်လည်း များစွာ
အားရ၀မ်းမြောက်တော်မူ၍
လက်ဆောင်ပဏ္ဏာများကို
သိမ်းယူတော်မူလျက် “နေ့ ရက်အချိန်
ကျရောက်သည့်အခါ ကြွချီတော် မူလာစေလိုပါကြောင်း။” ဟူသော
စာနှင့်တကွ လက်ဆောင်ပဏ္ဏာများကိုပါ တုံ
့ပြန်လိုက်လေ၏။
၂။ ဓမ္မသေနမင်း, ကောရမ္ဗမင်း, ၀ါသုလဒေ ၀နဂါးမင်း မင်း
၃-ပါးတို့  အံတော်ဓာတ်မြတ်ကို ဌာပနာ၍စေတီတော် တည်ခြင်း
ဓမ္မသေနမင်းကြီးသည် စေတီတည်၍ ဌာပနာတိုက်ပြုလုပ်ရန် အရှင်
၂-ပါးတို့ အား လျှောက်ထားလေလျှင် နောက်
၃-ရက်မြောက်လပြည့်ကျော် ၁-ရက်နေ့
တွင် အကြောင်းကို ပြန်ကြားမည်ဟု မိန့် တော်မူခဲ့ပြီး အရှင်
၂-ပါးတို့  ကြွသွားတော်မူလေ၏။
တပို့  တွဲလပြည့်နေ
ကျရောက်လတ်သော် နဂါမင်းသည် ဆွမ်း, ဆီမီး,
ရေချမ်း, နတ်ပန်းတို့ြ ဖင့်
သိန္ဓူသေလ
တောင်တော်သာသို့  ပူဇော်ရန် ရောက်လာလေလျှင် အရှင်
၂-ပါးတို့  က နဂါးမင်းအား ဓမ္မရေအေး
အမြိုက်ဆေးကို
တိုက်ကျွေးတော်မူပြီးလျှင် မိန့် တော်မူသည်မှာ -“ဒူရကတိုင်း အောင်သာဝတီပြည့်ရှင် ဘုရင်
ဓမ္မသေနမင်းကြီးနှင့် တနင်္သာရီ တိုင်းကြီးရှင် ဘုရင်
ကောရမ္ဗမင်း ၂-ပါးတို
့ကဒကာတော် နဂါးမင်းနှင့် အတူတကွ
အံတော်ဓာတ်မြတ်ကို စေတီတည်၍ ဌာပနာ
လှူဒါန်းလိုပါကြောင်းကို
ကျွနိုပ်တို့  ထံ လျှောက်ထားပါသည် ” ဟု မိန်
့တော်မူရာ နဂါးမင်းက အလွန်တရာ
နှစ်သက် ၀မ်းမြောက်လှ၍ “ကောင်းပါပြီ
ဘုရားတပည့်တော်တည်း တပေါင်းလပြည့်နေ့
ကျရောက်လျှင် ဌာပနာရန် ပစ္စည်းတို့ြ ဖင့် လာရောက်ပါမည် ” ဟု
လျှောက်ထားလေ၏။
ယင်းနောက် ဌာပနာမည့်နေရာတွင် နဂါးအခြွေအရံတို့  ကို တူးဖော်စေ၍
အမြင့် ဉာဏ်တော် တစ်ထွာခန့်  ရှိ
ပတ္တမြားစေတီတော်နှင့် အနံ ၁၂-တောင် , အလျား ၈-တောင် , အမြင့်
အတောင် ၂၀-ရှိသော တိုက်အတွင်း
တစ် ၀င်းဝင်း
တစ်ထိန်ထိန်ထွန်းပသည့်
ဘိုးတော်နဂါးမင်းကြီး၏
လည်ရွတန်ဆာ
ကွမ်းသီးလုံးပမာဏရှိသော ပတ္တမြားကို
ရွှေသားမီးတိုင်ခုံပေါ်၌ တင်၍ အလွန်မာကြောသည့် ကျောက်နံရံရွှေမြေတို့ြ ဖင့် ဆန်းကြယ်
ခမ်းနားလှစွာသော
ဌာပနာတိုက်တော်ကြီးကို
မွမ်းမံပြုလုပ်ပြီး နဂါမင်း ပြန်သွားလေ၏။
ရဟန္တာ အရှင် ၂-ပါးတို့ လည်း ဓမ္မသေနမင်းကြီးထံ တဖန်
ကြွတော်မူလာပြန်၍
ဆွမ်းအနုမော်ဒနာကို ပြုပြီး
ဓမ္မသေနမင်းကြီးက “အရှင်ဘုရားတို့  အံတော်ဓာတ်မြတ်ကို မည့်သည့်အခါ
ကိုးကွယ်ပူဇော်ပြုလုပ်ရပါအံ့နည်း” ဟု
လျှောက်ထားပြန်လေ၏။
“ဒကာမင်းမြတ် တပို
့တွဲလပြည့်နေ့  က နဂါးမင်း
လာရောက်ပြီး တပေါင်းလပြည့်နေ့ ကျရောက်လတ်သော် မင်း
၃-ပါးအတူတကွ ပေါင်းဆုံလျက် ဌာပနာလှူဒါန်းရန် လာရောက်ပါမည်ဟု လျှောက်ထားပြီးသော် ဆန်းကြယ်ခမ်းနားလှစွာသော
ဌာပနာတိုက်တော်ကြီးကို
နဂါးမင်းသည်
အခြွေအရံများဖြင့်
သေချာစွာပြုလုပ်ပြီး ပြန်သွားလေပြီ ” ဟုမိန့် တော်မူလေ၏။
ဓမ္မသေနမင်းကြီးကလည်း အလွန်
ဝမ်းမြောက်တော်မူလျက်
လူပေါင်းတစ်ထောင်ခန့်  တို့  ကို
မှူးမတ်များနှင့် တကွ
ကြပ်မ၍ ယင်း “သိန္ဓုသေလတောင် ” ပေါ်ဝယ်
ကြီးကျယ်ဆန်းပြား
ခမ်းနားလှစွာသော မဏ္ဍပ်ကြီးကို ဆောက်လုပ်စေပြီး
တနင်္သာရီဘုရင် ကောရမ္ဗမင်းထံသို့ လည်း
အကြောင်းကြားတော်မူလေ၏။
တနင်္သာရီဘုရင် “ကောရမ္ဗမင်း”
သည်လည်း စစ်အင်္ဂါ
လေးပါးနှင့်တကွ
ရေကြောင်းချီတော်မူလာရာ
သာသနာတော်သက္ကရာဇ် ၂၃၈-ခု တပေါင်းလဆန်း ၁၃-ရက်နေ့ တွင် သိန္ဓုသေလတောင်ပေါ်သို့ ရောက်ရှိတော်
မူလေ၏။
ဒူရကတိုင်းကြီးရှင် ဘုရင် “ဓမ္မသေနမင်းကြီး”
သည်လည်း များပြားလှစွာသော စစ်အင်္ဂါအပေါင်းတို့  နှင့် တကွ
ပြည်သားပြည်သူ လူထုအများတို့ ပါ
ခြံရံလျက် ယင်းနေ့ တွင်ပင် သိန္ဓုသေလာတောင်သို့ ရောက်ရှိတော်မူလေ၏။
ဘုရင် ၂-ပါး တွေ
့ဆုံ၍
နှုတ်ခွန်းဆက်သတော်မူကြပြီး ညချမ်း အချိန်
ကျရောက်လတ်သော် များပြား လှစွာသော
ဆီမီး, ရေချမ်း, တံခွန် , ပန်းတို့ြ ဖင့်
ဆန်းပြားတင့်တယ်စွာ
မြတ်စွာဗုဒ္ဓ၏
အံတော်ဓာတ်တည်ရှိရာ လင်းလွန်ပင်၌
ပူဇော်ကန်တော့ကြလေရာ
အံတော်ဓာတ်မြတ်သည် ထန်း ၂-ဖျာခန့်  မျှ ရောင်ခြည်တော် ကွန့်ြ မူးလျက် အထူးထူးသော
တန်းခိုးပြဋိဟာကို
ပြတော်မူလေ၏။မင်း
၂-ပါးနှင့်တကွ
မှူးမတ်ပြည်သူလူထု အပေါင်းတို့ 
လည်း အံ့သြလျက် ညီညွတ်စွာ
ဦးတိုက်ကြလေ၏။
ယင်းအခါဝယ် ဓမ္မသေနမင်းသည် အလွန်ကြည်ညိုသော ဇောပီတိ
ဖြစ်တော်မူသဖြင့် မိန်းမော တွေဝေခြင်း
ဖြစ်လေရာ မိဖုရားကြီးနှင့်
သားတော် အိမ်ရှေ့ မင်းတို
့က တွဲထူတော်မူကာ နှာတော်ပေးမှ သတိရလေ၏။
ယင်းနောက် အံတော်ဓာတ်မြတ်သည် မင်း ၂-ပါးတို့ ၏
ဦးထိပ်ထက်သို
့ကြွတော်မူပြီးလျှင်
လင်းလွန်း ပင်ခွကြားသို့ 
ကြွဝင်တော်မူလေ၏။
ဤသို့ြ ဖင့် ၃-ရက်ပတ်လုံး ပူဇော်တော်မူနေသည့် အခိုက်
“နဂါးမင်း” သည် စစ်အင်္ဂါ ၄-ပါးနှင့်တကွ
တူရိ ယာငါးပါးတို့ ကို
သာယာငြိမ့်လေးစွာ
တီးမှုတ်လျက်
တပေါင်းလပြည့်နေ့နေ၀န်းပေါ်သည်နှင့်
တစ်ပြိုင်နက်
ရောက်ရှိလေ၏။
“မင်း ၃-ပါး
နှုတ်ခွန်းဆက်သတော်မူကြပြီးလျှင် ” နဂါးမင်း၏
ကုသိုလ်ဖြစ်သည့် ပတ္တမြားစေတီတော် အတွင်းဝယ်
အံတော် ဓာတ်မြတ်ကို သွင်းနှံတော်မူလေ၏။ ယင်းနောက်
ဓမ္မသေနမင်းမြတ်၏ ကုသိုလ်တော် ဖြစ်သော
ရွှေသားစေတီတော်ကို အုပ်တော်မူလေ၏။
ယင်းနောက် တနင်္သာရီမင်းမြတ်၏ ကုသိုလ်တော်ဖြစ်သည့် ရွှေသားပြာသာဒ်ကို ငွေသားတိုင်း
၅-လက်မ ပတ်လည်စိုက်ပြီး
ရွှေပြသာဒ်တင်၍ နဂါးမင်း၏ ကုသိုလ်တော်ထီးကို ရွှေစင်အတိ
လုံးပတ်ညှိုဆိုင်ထွာ အမြင့် ၁၂-တောင်
မကိုဋ်ပုံသဏ္ဌာန်
ရတနာ ၇-ပါးတို့ြ ဖင့်ပြီးသော ညောင်ရွက်ပန်းဆိုင်း,
ပန်းသွယ်တို
ြ့ ဖင့် တလက်လက် ထွန်းပသည့်
ရတနာထီးတော်ကို
အုပ်မိုးလျက် ပန်းဆိုင်း,
တံခွန်
, ကုံက္ကား, မုလေးပွားတို့  ကိုရွှေပြသာဒ်၌ တွဲရရွဲဆွဲပြီးလျှင် ရွှေသားစေတီတော် အမြင့်
၇-တောင်၊ ရွှေသားပစ္စယံထိပ် ၀ ၃-တောင်၊
၅-လက်၊ ရွှေသားန၀ရတ် ၉-ပါးဖြင့်
ခြယ်လယ်သော ရတနာထီးတော်၊ ယင်းအပြင်
ဓမ္မသေနမင်း, ကောရမ္ဗမင်း, နဂါးမင်းတို့ ၏ ရွှေကိုယ်လေး
ရုပ်ပုံတော်များ၊ ဘေးတော် ,
ဘိုးတော်
, ခမည်းတော် ,
မယ်တော်တို့  ၏ ရုပ်ပုံများ
အသီးသီးတို့ အပြင် ရဟန္တာအရှင်မြတ် ၂-ပါးတို
့၏ ရွှေရုပ်ပုံတော်များ၊ ပတ္တမြား
ပန်းခိုင် , မြပန်းခိုင် ,
စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးတို
့၏ ရွှေအကိုယ်လေးရုပ်ပုံတော်မှာ
သံသေ, ပြဒါးသေ ပန်းဆိုင်းတို့ နှင့်
ပူဇော်ဟန်ထားပြီး
“ရွှေတံခါးဖြင့် ပိတ်လျက်
ဌာပနာတိုက်တော်ကြီးကို ကျောက်ကြီး, ကျောက် ငယ်
တို့ နှင့်တကွ ပိတ်ဆို
့ပြီးလျှင် လေယန္တရား,
ရေယန္တရား စက်တို့ ဖြင့် ထားရှိလေ၏။”
ယင်းနောက် ရဟန္တာအရှင်မြတ် ၂-ပါးတို့  အားလည်း မင်း ၃-ပါးတို့ က
ပရိက္ခရာ ၈-ပါးတို့ ဖြင့် လှူဒါန်းတော် မူပြီးလျှင်
“ရေစက်သွန်းချ အမျှဝေပြီးသည်နှင့် တစ်ပြိုင်နက် တောင်တောင်အလုံး တောင်ငလျင်
ပဲ့တင်ဟီးပြီး မဟာပထ၀ီမြေကြီး ၃-ကြိမ်လှုပ်၍ ကောင်းချီးသာဓု ခေါ်လေသတည်း။”
၃။ တောင်စောင့်နတ်များ ကိုယ်ထင်ပြခြင်း
ယင်းအခါဝယ် သိန္ဒုကနတ်မင်း,
ဘုမ္မဒေ၀နတ်မင်း,
သုခဒေ၀နတ်မင်း, သောမဒေ၀နတ်မင်း
ယင်းနတ်မင်း ၄-ပါတို့  သည် တအောင့်ခန့်  ကိုယ်ထင်ပြသ၍
သာဓုခေါ်ပြီးလျှင်
တစ်ပြည်တောင်လုံး မွှေးကြိုင်သော နတ်ပန်းတို့ြ ဖင့်
ပူးဇော်ကြလေသည်။
ရှင်မော်တောင်ဘုရား၌ သားဆုတောင်းကြခြင်း
ရှင်မော်တောင်ဘုရား၌ ၇-ရက်
သီလစင်ကြယ်စွာ ယုံယုံကြည်ကြည်
ဆောက်တည်၍ မိမိတို့  အလိုဆန္ဒရှိသော
ဆုကို
တောင်းသော် ပြည့်စုံကြောင်း
ပေါက္ကံရာဇ၀င် နရပတိစည်သူ စကြာမင်း အခဏ်း၌ ပါသည်။
“သိန္နီမင်းသမီး” ၃၅-နှစ်
သက်တော်ရောက်၍ သားတစ်ယောက်မျှ မရလေလျှင်
ကောဇာသက္ကရာဇ် ၄၆၈-ခုနှစ်၊ အထက်မင်း
၃-ပါးတစ်ဆူစီ အထက်၌ တည်ထားခဲ့သော
ဘုရားကို ပြင်ဆင်လှူဒါန်း ရွှေသင်္ကန်း
ကပ်ပြီး သာဓုခေါ်သည့်အခါ
သံဃာတော်တစ်ရာတို့ ကို ပရိက္ခရာ ၈-ပါးလှူ၍ သီလဆောက် တည်ပြီး သားဆုကို
တောင်းရာ သားတော် “ဇမ္ဗူဒီပရာဇာ” ကို
ရတော်မူကြောင်း။
ဒိုင်းဝန်မင်းကြီး
မင်းလှသီဟရာဇာဘွဲ့ ခံ ၎င်းမင်းကတော်
အဘ တပယင်း မင်းကြီးသမီ
“ခင်ညို” သည် ၄၆-နှစ်
အသက်ရှိသည် တိုင်အောင် သားတစ်ယောက်မျှ မရ၍
ထိုရှင်မော်တောင်သမိုင်းကို မဟာဒန်ကျောင်း၌ တွေ့ရှိ၍
ရှ င်မောင်တောင်တွင် သီလ ၇-ရက် ဆောက်တည်ရာ တောင်ထားဝယ်ဗိုလ် “ဇေယျသူရ” ကိုရကြောင်း ပါရှိလေသည်။
၎။ ထပ်မံပြုပြင် ကုသိုလ်ရှင်
ယင်း လက်ျာတော်ဓာတ်မြတ်ကို ဌာပနာသွင်းနှံ ပူဇော်ထားရှိသည့် ရှင်မော်တောင် စေတီတော်
မြတ်အား
ပေါက္ကံပြည့်ရှင်
အလောင်းစည်သူမင်းကြီးသည်
ကောဇာသက္ကရာဇ် ၄၆၈-ခုနှစ်တွင် ထပ်မံပြုပြင်တော် မူလေသည်။
ယင်းနောက် ကောဇာသက္ကရာဇ် ၁၃၀၀-ပြည့်နှစ်လောက်တွင် ထားဝယ်မြို
့ မြို့တွင်းရပ် ပိုးကုန်သည်
“ခူဂေါ်ဒင် ဇနီး
ဒေါ်မြသိန်းမေ နှင့် သားသမီးတစ်စု ” တို့ က ထပ်မံပြုပြင် ပြီး ၁၃၀၂-ခုနှစ်
တပို့ တွဲလဆန်း ၁၁-ရက်နေ
့တွင် ရွှေထီးတော် ကို
တင်လှူပူဇော်ကြလေသည်။
ယင်းအကြောင်းနှင့် ပက်သက်၍ နန်းညွှန့်  ဆရာ လူပြန်တော်
ဦးဇင်ဘာ ခေါ် “ဦးစောလှိုင် ”
က မိမိ၏
မဟာသမိုင်းတော်ကြီး ပေါင်းချုပ်စာအုပ်
ရှင်မော်တောင်သမိုင်း နောက်ဆုံးတွင်
ရေးသား ဖော်ပြထားရှိသည်မှာ -သိန္ဒသေလ
အမည်ဆောင်
ရှင်မော်တောင်စောင့်သော “သန္ဒုကနတ် , ဘုမ္မဒေ၀နတ် , သုခဒေ၀နတ် ,
သောမဒေ၀နတ် ” ၎င်း နတ်မင်းကြီး ၄-ပါး
ဝမ်းမြောက်တော်မူသည့်အခဏ်း -ဘုရား .. ဘုရား … ဘုရား …
မိုးသိကြားက၊
မိန့်  ချထားမှာ၊ ဤနေရာ၌၊ ဘဂ၀ါဇိန၊ တန်ခိုးကြွတဲ့၊ သမ္ဗုဒ္ဓ၏ သာသနာ၊
နေလိုထွန်းလိမ့်မည်ဟု စောင့်စေ အမိန့် ပေး၊
အရေးယူကာ၊ စောင့်နေပါ၊ ဘောဂ၀တီ
တိုင်းလုံးချုပ်တဲ့၊ နဂါးပြည်က၊
အမည်နာမ၊ ၀ါသုလဒေ ၀၊ နာဂရာဇ၊
သူဆောင်ကြဉ်း၍၊ ယူတည့်လာ၊ လက်ျာအံတော်၊
ဤတောင်ပေါ်မှာ၊ ကော်ရော် ၀န္ဒနာ၊
ငါတို့  ပါဖူး၊ ရှိဦးထွာ၊ များမကြာခင်၊
ဈာန်ရှင်ကြွ၍၊ လာသည့်အင်၊ အရှင်နှစ်ပါး
မည်ကားနာမ၊ မဟာဗန္ဓ ၀၊ တန်ခိုးကြွစွာ၊
ရဟန္တာနှင့်၊ ဒူကရတိုင်းရှင်၊ ဘုရင်ဓမ္မသေန၊ တနင်္သာရီတိုင်းရှင်၊ ဘုရင် ကောရမ္ဗ၊ ဘောဂ၀တီတိုင်းရှာ၊ ဘုရင် ၀ါသုလဒေ၀တို့  ၊
သမ္ဗုသာသနာ၊ မြတ်ကောဇာသည်၊ နှစ်ရာသုံးဆယ်၊ စွန်းကယ်ရှစ်ခု၊ ဥတုဂိမ္မန္တ၊
တပေါင်းလ၌၊ ပြည့် ထပုဏ္ဏမိန်၊
မြူတိမ်သန့်  စင်၊ ဘုရင်သုံးထွေ၊ အောင်စည်
ပဋ္ဌမ … ဆော်တီး၍
တစ်ခဏ်းပြ။
ဒုတိယ … စခန်းစ၊
နန်းသမ္မတဘုရင်၊ ကျွန်းဇမ္ဗူ တိုင်းခွင်မှာ၊ နရပတိစည်သူတွင်၊ အလောင်းတော်ထိုဘုရင်သည်၊
ကောဇာလျှင် လေးရာခြောက်ဆယ်၊ စွန်းကယ်ရှစ်ခုသာ၊ ပြုစုကာပြင်ဆင်၊ ရွှေသင်္ကန်း
ကပ်ပြီးလျှင်မူ၊ အောင်ပန်းဆင်
တစ်ခဏ်း။
အလို တတိယ အောင်ပန်း၊
ဆွတ်လှမ်းမည်ကြားရ၊ နန်းညွှန့် 
ဆရာ ထံပါးက၊ ရှင်မော်သမိုင်း တွေ့ရ၍၊
သဒ္ဓါကြွစေတနာ၊ ဆံတော်ရှင် သမ္ဗုဒ္ဓါ၏
ဒါယကာ “ခူဂေါ်ဒင် ”
ဟဒယဇောရွှင်၊ အိမ်သူကို
တိုင်ပင်၊ “မြသိန်းမေ ”
အလှူရှင်၊
မွေးမိခင် “မယ်အင် ”
နှင့် သားကြီးလျှင် “ခူဟပ်စွမ် ”၊ သမီကြီးနာမံ၊
ငယ်မည်မှန် “မစိန်ပို ”
လျှင်၊ စေတသိက်
ဇောရွှ င်၍၊
ပြင်ဆင်ရန် ရွှေသင်္ကန်း၊ ကပ်လှမ်းမည်ကြားရ၊ ငါနတ်မင်းလေးပါက၊ ၀မ်းမြောက်လှ
- စေတနာ၊ နောက်မဆုတ်
မသွေသာအောင်၊ ဒေ၀ရာ-ရေစင်လောင်း၊ အောင်စေကြောင်း -
ဂရုပြု၊ သာဓု -
သာဓုလို့  ၊ မင်္ဂလာ နတ်ခရုနှင့်၊
မေရုက
ကြော်ငြာလိုက်သဗျ။ (မူအတိုင်းပင် )
…………………………………
ရွှေတောင်စား စေတီတော်ကြီးသမိုင်း
“ဥသြကြောလှစ် - ရွှေတောင်စား သက္ကရာဇ်၊ဥသြအော် သည်၊ ထားဝယ်တည် ”
ဟူ၍ ထားဝယ်ခရိုင်လုံးတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် ရွှေတောင်စား
စေတီမြတ်ကြီး၏ မြောက်ဘက် အာရုံခံ
တန်ဆောင်း၌ ကမ္ပည်းရေးထိုးထားသည်ကို
ဘုရားဖူးပရိသတ်အပေါင်းတို့ တွေ
့မြင် ဖတ်ရှုကြရပေသည်။
၁။ ရာဇ၀င် သမိုင်းများ
မပျောက်မပျက်စေရန် စာအုပ်အဖြစ် ပုံနှိပ်ဖြန်
့ချီရခြင်း
“ဥသြကြော်လှစ် ”
ဟူသော
နံသင့် အက္ခရာအရ ၁၁၂၄-ခုနှစ်တွင် ရွှေတောင်စား စေတီတော် တည်ကြောင်း -“ဥသြ အော်သည် ”အရ
၁၁၁၆-ခုနှစ်တွင်
ထားဝယ်မြို့တည်ကြောင်းကို ထင်ရှား
သိကြရ လေသည်။
“ယင်းမှတဆင့်တက်ကာ ရွှေတောင်မြို
့စားမင်း တည်သည်ကို အစွဲပြု၍
ရွေတောင်စား စေတီတော် တွင်ကြောင်း”
သို့ သော် ရွှေတောင်စားမြို့ကား မည်သည့်နေရာမှာနည်း?။
ပြည်မြို့  အောက်ဘက်ရှိ
ရွှေတောင် လုံချည်ထွက်သည့် “ရွှေတောင်မြို့”
ဟူ၍လည်းကောင်း၊ “အောက်ရွှေတောင် ”
ဟူ၍လည်းကောင်း အကြောင်းကြောင်း အထွေထွေ
ငြင်းခုံပြောဆို နေကြပေသည်။
သို့သော် တိကျမှန်ကန်စွာ ပြောဆိုနေသူ
ခပ်ရှားရှားပင် ဖြစ်ချေသည်။ ယင်းသို
ြ့ ဖစ်ရကား စာအုပ် , စာတမ်း ဖြန့် 
ချီမှုမရှိသလောက်
နည်းပါးခြင်းကြောင့်ပင် ဖြစ်
ပေသည်။
ယင်းကြောင့် ဤရွှေတောင်စား စေတီတော်ကြီးနှင့်တကွ “ထားဝယ်ခရို င်အတွင်းရှိ သမိုင်းဝင်
ဘုရားစေတီတော်များအကြောင့်နှင့်
ရာဇ၀င်သမိုင်းအကြောင်းကို
စာအုပ်အဖြစ် ပုံနှိပ်ဖြန့် ချီရခြင်း
ဖြစ်ပါသည်။”
၂။ ဂေါတမဘုရားရှင်၏ ဓာတ်တော်ကို ဌာပနာ၍
စေတီငယ်တည်ခြင်း
အောင်သာဝတီမြို့ ကို လက်မွန်မဆွ
တည်ထောင်သည် “နရုတိမင်း”
လက်ထက် ကောဇာသက္ကရာဇ် ၆၇-ခုနှစ်တွင် ရဟန္တာ
အရှင်မြတ်ဘုရား ပင့်ယူလာသော ရှင်တော်ဗုဒ္ဓ
ဂေါတမ၏ ဓာတ်တော်ကို ၆၉-ခုနှစ်တွင် ထားဝယ်ဒေသ၌
စေတီတော်ကလေးတစ်ဆူ တည်ထားကိုးကွယ်၍
ဌာပနာလေသည်။ ယင်းစေတီကလေး၏ အမည်ကား မထင်ရှားချေ။
ကောဇာသက္ကရာဇ် ၁၂၈-ခုနှစ်တွင် နရုတိမင်း၏
မြေးတော် “စန္ဒရိယ”
မင်းမြတ်က ထပ်မံ
ပြင်ဆင်တော်မူပြီး
နောက်မင်း အဆက်ဆက်တို့ လည်း ပြုပြင်မူကြလေသည်။
ကောဇာသက္ကရာဇ် ၈၇၅-ခုနှစ်တွင် ယခုထားဝယ်မြို့ မှ
အရှေ့ မြောက်ဘက် ၁၀-မိုင်ကွာ
မှိုင်းကာရီမြို့  (ယခု
ပကာရီသတ္တုတွင်းရွာ)ရှိ ဘူမိဒေ၀ နဂရမြို့ကို
အုပ်စိုးသော ဆင်ဖြူရှင် “နရိန္ဒ ”
မင်းမြတ်က ဆက်လက်ပြုပြင်ပြီး
တပေါင်းလပြည့်နေတွင် သံဃာတော် အရှင်မြတ်များအား ပင့်လျက်
ကြီးကျယ်စွာ အလှူကြီးပေးကာ ရေစက်သွန်းချ
အမျှပေးဝေလေသည်။
၃။ ဥသြအော်သည် ထားဝယ်တည်
“ဥသြအော်သည် ”
ဟူသော
နံနက်အက္ခရာအရ ကောဇာ သက္ကရာဇ် ၁၁၁၆-ခုနှစ်၊ တပေါင်းလဆန်း ၁၃-ရက်နေ့ တွင်
“မြို့စားဦးနဲလှ ”
သည် “ထားဝယ်မြို့ ကို ထားဝယ်တိုင်း
သာယာဝတီမြို့  ” အမည်ဖြင့် တည်ထောင်
အုပ်စိုးလေသည်။
၎။ ဥသြကြော်လှစ် ရွှေတောင်စား သက္ကရာဇ်
ယင်းနောက် ယခု ထားဝယ်မြို့မှ
အရှေ့ တောင်ဘက် ၃-မိုင်
ခရီးအကွာ ပေါက်တိုင်းချောင်းအနီး အောက်ပုပ္ပါးတောင်
(ယခုစပါးတောင် )၏ တောင်စွယ် ရွှေထွက်ခဲ့ဖူးသည့် ရွှေတောင်ကို
အစွဲပြု၍ တည်ထောင်သည့် ရွှေတောင်မြို့စား
မင်းတရား “ရှင်ဇော် ”
သည် ဆိုခဲ့သည့်
သာယာဝတီမြို့ကို
ဆက်ခံအုပ်စိုးစဉ် “ဥသြကြော်လှစ် ” ဆိုသည့်
နံသင့်အက္ခရာအတိုင်း -ကောဇာသက္ကရာဇ်
၁၁၂၄-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက်နေ့ ၀ယ်
သံဃာတော် ပါးရေ တစ်ထောင်ပင့်ပြီး
ပရိတ်ရွတ်လျက်
ဘုရင်မင်းမြတ်ကိုယ်တော်တိုင်
ရွှေအုတ်တော်ကို ကိုင်ကာ သစ္စာအဓိဋ္ဌာန်ပြုပြီး ဆုတောင်း
လိုက်သည်နှင့်
တစ်ပြိုင်နက် ငလျင်မြေကြီး
တုန်လှုပ်သွားသည့် အကြောင်းကို
သမိုင်းတော်ကြီး စာအုပ်၌ ရေးသား ထားရှိသည်မှာ -“ပြည်ကြီးအရှင်၊
ဘုရင်ရှင်ဇော်၊
ရွှေအုတ်တော်ကို၊
ကိုင်တော်တိုင်ထမ်း၊ ရဟန်း သံဃာ၊
ပရိတ်သာကို၊ ရွတ်ရာဌာန၊
ရောက်လေကလျှင်၊ သစ္စာတော်မူ၊ ဤပြည်သူသည်၊
မင်းမူလတ်ထက်၊ မပျက်စဉ်လာ၊ ချမ်းသာစွာနှင့်၊ ဘေးဘယာဝေး၊
မနှေးကြံတိုင်း၊ ပြီးလှိုင်းပြည့်စုံ၊ သုံးဘုံသခင်၊
ရှည်လျှင်သာသနာ၊
ငါးထောင်သာလျှင်၊ တည်ရာဌာန၊ ဖြစ်စေသောဝ်ဟု၊
ဆုံးတော် ခဏ၊ တော်က
ထစ်ချုန်း၊ မြေအလုံးသည်၊ ချုန်းချုန်း
ငြိမ့်ငြိမ့်၊ သိမ့်သိမ့် တုန်ဟီး၊
ပဲ့တင်ဟီး၍၊ မြေကြီး
သာဓုခေါ်သတည်း” ဟူ၍ ဖြစ်လေသည်။
ယင်းနောက် ရွှေတောင်စား မင်းတရား
မင်းရှင်ဇော် ကိုယ်တော်တိုင် အုတ်မြစ်တော် ကို စတင်ချပြီး
မင်းအဆက်ဆက်တို့  သွင်းနှံထားခဲ့သည့်
ဌာပနာ ပစ္စည်းများကိုပါ ကောင်းမွန်စွာ
စီစဉ် ခင်းကျင်း သွင်းနှံကာ
“သံတောင်
တစ်ရာ မြင့်စွာသော ဉာဏ်တော်ဖြင့် စေတီတော်ကြီးကို တည်ဆောက်တော်မူလေသည်။
အထက်မှအအောက်အထိ ရွှေသင်္ကန်းကပ်လှူ၍
စိန်ဖူးတော်တင်လှူပူဇော်ပြီး ကြည်ညိုဖွယ်ရာ
ဖူးတွေ့ ရသော
“ရွှေတောင်စား
စေတီတော်ပုံ ”။
(အမြင့်ဉာဏ်တော် သံတောင်တရာ)
ဗဒ္ဓသိမ်ကြီး သမုတ်ပြီး
စေတီတော်ကြီးနှင့်အတူ
တည်ဆောက်တော်မူသည့်
စေတီတော်ကြီး၏
တောင်ဘက်တန်းအနီး ဗဒ္ဓ
သိမ်တော်ကြီးကို
"ဘိက္ခုဟုံ " ဆရာတော်ဘုရားကြီးအား အကြီးအမှူးအဖြစ်ထား၍ ကောဇာသက္ကရာဇ်
၁၁၂၅-ခုနှစ်၊
တန်ခူးလပြည့်နေ့တွင်
သမုတ်တော်မူလေသည်။
၁။ ဒါယကာ အဆက်ဆက်
ပြုပြင်ထိန်းသိမ်းလာခြင်း
ယင်းသိမ်တော်ကြီးကို ဒါယကာ အဆက်ဆက်
ပြုပြင်လုပ်ကိုင်လာကြရာ
ထားဝယ်မြို့ သင်္ဘောဆိပ်ရပ် လှေသူကြီး
"ဦးမြတ်သိုင်း-ဒေါ်ရွှေနှုန်း"
တို့က အနုပညာဂုဏ်မြောက်သည့် ခေတ်ပန်းရံကျော်များနှင့်ခမ်းနားစွာ ပြုပြင်တည်ဆောက်
လုပ်ကိုင်ကြသည်အတွက် ထိုစဉ်ကစ၍
"ဦးမြတ်သိုင်းသိမ် "ဟု
အများခေါ်ဝေါ်ကြသည်မှာ ယနေ့ တိုင်ပင်ဖြစ်ပေသည်။
ဦးမြတ်သိုင်း-ဒေါ်ရွှေနှုန်းတို့  ကွယ်လွန်ပြီးနောက် ၎င်းတို့ ၏
သမီး, သမက်ဖြစ်ကြသူ
ရှမ်းမလည်ဆွဲရပ်
သတ္တုတွင်းပိုင်ရှင် သူဌေး
"ဦးနီတိုး-ဒေါ်ရွှေမ" တို
့က ဆက်လက်ပြုပြင် ကြလေသည်။
ဦးနီတိုး-ဒေါ်ရွှေမတို့ကွယ်လွန်ကြပြန်လေရာ
၎င်းတို့  ၏ သမီး,
သမက်ဖြစ်ကြသူ "ဦးမောင်လတ် -ဒေါ်သိန်းညွှန့် 
"သားသမီးတစ်စုတို့ ကဆက်လက် ပြုပြင် ကြလေသည်။
ဦးမောင်လတ် -ဒေါ်သိန်းညွှန့် တို့ 
ကွယ်လွန်ကြပြန်ရာ ယခုအခါ ၎င်းတို
့၏ သားသမီးများဖြစ် ကြသော "ဦးမောင်လှ -ဒေါ်ခင်ခင်ကြွယ် "
အစရှိသည့် မြေးမြစ်တို့ က စောင့်ရှောက်ပြုပြင်လျက် ရှိကြပေသည်။
ဥပုသ်သည်များအား ဧည့်ခံကျွေးမွေး
မိဘ, ဘိုးဘေများ
လက်ထက်က ပြုလုပ်မြဲဖြစ်သည့် နှစ်စဉ်
ဝါတွင်း ၃-လပတ်လုံး သီတင်းနေ
့တိုင်း ပတ် ၀န်းကျင်ရှိ
ဥပုသ်သည်များအား သိ မ်တော်ကြီး အာရုံခံတန်ဆောင်းအတွင်း ဖိတ်ကြားလျက်
ဥပုသ်ထမင်း ကျွေးကြသည်မှာလည်း
အစဉ်လာမပျက် ဖြစ်လေသည်။
၂။ ဆင်ဖြူရှင် ဘုရင်လက်ထက်
မင်းရှင်ဇော်
စေတီတော်တည်ဆောက်နေစဉ်
အလောင်းမင်းတရားကြီး၏
ဒုတိယသားတော် "ဆင်ဖြူရှင် မင်းတရား"
လက်ထက်
"ဗိုလ်မှူးနော်ရထာ"
သည် စစ်သည်ရဲမက်များနှင့် မြိတ် , ထားဝယ် , တနင်္သာရီနယ်များကို
နှိမ်နှင်းရန်
လာရောက်၍ ထားဝယ်မြို့သို့ ရောက်ရှိလေလျှင် မင်းရှင်ဇော်က မြို့နယ်နှင့်တကွ "မြွေကြီးရစ် (ဖောင်းရစ် )မျှ ပြီးစီးသည့်
စေတီတော်ကိုပါ" ဗိုလ်မှူးနော်ရထာလက်သို့အပ်နှင်းလိုက်လေ၏။
ယင်းအခါ ဗိုလ်မှူးနော်ရထာသည် ဆင်ဖြူရှင်မင်းတရား၏အမိန့်တော်အရ မင်းရှင်ဇော်ပင်လျှင် ထီးတော်တင်သည်
အထိ ပြီးစီးအောင်တည်ဆော်ကမြဲ တည်ဆောက်စေဟု
အမိန့်ပေးသဖြင့်
ဆက်လက်တည်လုပ်တော် မူရာ "တစ်ရာ
သံတောင် ဥာဏ်တော် အမြင့်ဆောင်သည့် စေတီတော်ကြီး ပြီးစီးအောင်မြင်လေ၏။ "
ယင်းနောက် "ကောဇာသက္ကရာဇ် ၁၁၂၆-ခုနှစ်၊
တန်ခူးလပြည့်ကျော် ၅-ရက်နေ့တွင်ရတနာထီးတော်ကိုအောင်စည်
ဆော်၍တင်လှူတော်မူပြီးလေ၏။"
ထိုစဉ်ကစ၍ မင်းရှင်ဇော် ရွှေတောင်စား
အမည်ကို အစွဲပြု၍ "ရွှေတောင်စား စေတီတော် " ဟုအမည်တွင်ခဲ့
လေသည်။
(ထားဝယ်မြို့ကို အင်္ဂလိပ်များ သိမ်းပိုက်သောနှစ် ကား သက္ကရာဇ်
၁၁၈၆-ခုနှစ် တော်သလင်း လပြည့်ကျော်
၂-ရက်နေ့ ဖြစ်ပေသည်။)
၃။ အောက်ကသံကြော် ရွှေထီးတော်
"၀ိတိုရိယ " ဧကရီ (အင်္ဂလိပ်
)ဘုရင်မကြီး လက်ထက်တော်အခါဝယ် စစ်ကဲ
"ဦးတာနော" နှင့် မြူနီစီပါယ်မင်း
"ဦးလူဟန် " တို့ကြီးမှူးကာ မြို့သူမြို့သားများနှင့်တကွ စေတီတော်ကြီး၏
ထီးတော်ဟောင်းကို ချပြီး "အောက်ကသံကြော် "
ဆိုသည့်အရ "ကောဇာသက္ကရာဇ်
၁၂၆၂-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ရွှေထီးတော်သစ်ကို တင်လှူ ပူဇော်တော်မူကြ လေသည်။"
၎။ အောက်ကထိန်ညီး ရွှေတောင်စားထီး
ကောဇာသက္ကရာဇ် ၁၂၇၃-ခုနှစ်၊ မိုးဥတုအခါညတစ်ညတွင် လေပြင်းမုန်တိုင်းကျရောက်ထိခိုက်သဖြင့် ထီးတော်
ပျက်စီးယိုယွင်းခြင်း ရှိသည်ကို အသစ်တစ်ဖန်
လဲလှယ်ပြုလုပ်တင်လှူရန်
အနောက်ရပ်နေ "အရေးပိုင် ကာနယ်ဂရိန်း" နှင့်
"မင်းကတော် ဘုရားအမ ဒေါ်ရွှေခင် " တို့က
အရင်းခံလျက် မင်းပေါင်းစုံလင် အရာရှိ
အမှူထမ်း ရပ်သားရွာသူတို့ပါ
ကူညီညာပြီး ထီးတော်ကြီးကို
အသစ်တစ်ဖန် ပြုလုပ်ကြရာ
ပြီးစီးအောင်မြင် လတ်သော် -"အောက်ကထိန်ညီး" ဆိုသည့်အရ
"ကောဇာသက္ကရာဇ်
၁၂၇၃-ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄-ရက်၊
သောကြာနေ့ "
နံနက် ၈-နာရီကျော်အချိန် ၀ယ် ရွှေထီးတော်ကို တင်လှူကြရာ
တစ် ၀က်မျှသာ ပြီးစီးသဖြင့် ညနေ
၃-နာရီခန့်အချိန်တွင်
ကျန်ထီးဖုံများကို ဆက်လက်တင်
လှူကြရာ ၄-နာရီကျော်အချိန် ပြီးစီးအောင်မြင် သည်နှင့်
တစ်ပြိုင်နက် "မဟာပထ၀ီ
ဤမြေကြီးသည် တစ်မြို့လုံး
သွက်သွက်ခါမျှ လှုပ်လေသတည်း။" (ယင်းအခါ ကျွနိုပ်မှာ
တန်ဆောင်းတစ်ခုအတွင်း
မိတ်ဆွေတစ်ဦးနှင့် အတူရပ်လျက် စကားပြောနေစဉ်
ငလျင်လှုပ်သဖြင့် မူးဝေသလိုလို ဖြစ်ရှိကြလေသည်။)
ယင်းသည့်ညတွင် မင်းသား ကိုဖိုးဉာဏ်၏
ရုပ်သေးပွဲမှ ဘုရင်လုပ်သူ မင်းသားကြီးက
စေတီတော်ကြီး
ထီးတော်တင်ပွဲ
အောင်မြင်ပြီးစီးကြောင်းကို
ပြောပြီးအဆုံး ၌ နတ် , သိကြား,
ဗြဟ္မာတို့  က
ငလျင်မြေကြီး ပဲ့တင်ဟီး၍
ကောင်းချီးသာဓု ခေါ်ကြကြောင်း
ရွတ်ဆိုလေသည်။
စိန်ဖူးနှင့် ငှက်မြတ်နားတော်
ထီးတော်မှ စိန်ဖူးနှင့် ငှက်မြတ်နားတော်ကိုကား "ကောဇာသက္ကရာဇ် ၁၂၇၄-ခုနှစ်၊
နယုန်လပြည့်ကျော် ၅-ရက်
အင်္ဂါနေ့  နံနက် ၈-နာရီအချိန်
တင်လှူပူဇော်ကြလေသည်။"
၅။ "နိဗ္ဗာန်ဆော် ဦးဘကြီး"
ရွှေတောင်စား စေတီတော်ကြီး၌ ယင်းခေတ်အခါက
ရွှေဆိုင်းသင်္ကန်း မကပ်လှူရသေးသဖြင့် နှစ်စဉ်
တပေါင်းလပြည့်နေ့ ကျရောက်တိုင်း
ကော်ဖွပ် (ထုံးသင်္ကန်းကပ် ) ပြုလုပ်
ပူဇော်နေကြရာမှ ပိန္နဲတောရပ် "နိဗ္ဗာန်ဆော်
ဦးဘကြီး" (ကွယ်လွန် ) သည်
မြို့ နယ်လူထုအပေါင်းတို့ ထံ
စေတနာရှိသရွေ့
အလှူကောက်ခံပြီး တဖြည်းဖြည်း
ရွှေဆိုင်းသင်္ကန်းများ ကပ်လှူရာ ယခုအခါ
စေတီတော်ကြီး၏ ငှက်ပျောဖူးမှ အောက်ဘက် လုံးပတ်တော်အဆုံး
ဖိနပ်တော်အထိ ပြီးစီးလျက်ရှိလေသည်။
ယခုအခါ စေတီတော်ကြီးအား မီးမောင်းဆလိုက် လေးဘက်
လေးတန် အောက်ဘက်မှ ထိုး၍
ပူးဇော်
ထားရှိသည်မှာ ညပိုင်းတွင်
အလွန်ကြည်ညိုဖွယ်ရာ ဖူးတွေ့ နေရလေသည်။
၆။ ဂျပန်လက်ထက် ကျရောက်လတ်သော်
ရန်သူဘေးမှ စိုးရိမ်ရသဖြင့် နိဗ္ဗာန်ဆော်
ဦးဘကြီးသည် ဘုရားအဖွဲ့ လူကြီးများနှင့် တိုင်ပင်ကာ
စိန်ဖူးနှင့်
ငှက်မြတ်နားတော်ကို ချယူပြီး
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ လုံခြုံစွာ ထားရှိလေသည်။
၇။ ဂျပန်ထွက်ပြီး အခါဝယ်
ယင်းစိန်ဖူးနှင့်
ငှက်မြတ်နားတော်ကို
"သူဌေးဦးလူဖေ"
(ကွယ်လွန် )က ထပ်မံပြုပြင် မွမ်းမံပြီးလျှင် "ကောဇာ
သက္ကရာဇ် ၁၃၀၉-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၂-ရက်နေ့ ၊
နံနက်အချိန် ၀ယ်
ဟင်္သာရုပ်စက်ကြိုးနှင့်
တင်လှူပူဇော်လေသတည်း။"
၈။ လေမုန်တိုင်း ဒဏ်ကြောင့်
"ကောဇာသက္ကရာဇ်
၁၃၃၀-ပြည့်နှစ်၊ တန်ခူးလပြည့်ကျော် ၆-ရက်
(၁၈-၄-၆၈) ကြာသပတေးနေ့ ၊
ညနေ
၃-နာရီခွဲအချိန်လေမုန်းတိုင်းဒဏ်ကြောင့်
ငှက်မြတ်နားနှင် စိန်ဖူးတော် အနောက်တောင်သို့  ကိုင်းညွှန့်  သည်ကို
ဘုရားကြီးဂေါပကအဖွဲ့ မှ အောက်သို့ ပင့်ယူချပြီး
ပြင်ဆင်၍ တင်လှူ
ပူဇော်ကြလေသည်။"
၉။ အသစ်တဖန် , စေတီတော်ရွှေချ
စိန်ဖူးတော်တင်လှူပူဇော်ခြင်း ရွှေသင်္ကန်း
ကပ်လှူပူဇော်ပွဲ
မြန်မာသက္ကရာဇ် ၁၃၃၅-ခု၊ တပေါင်းလပြည့်နေမှ လပြည့်ကျော်
၃-ရက် (၇-၃-၇၄) မှ
(၁၀-၃-၇၄)နေ့ အထိ
၎-ရက်တိုင်တိုင် ဇာတ်ပွဲ အမျိုးမျိုး၊
အလှူ အကျွေးအမွေးပွဲ အမျိုးမျိုးဖြင့် စေတီတော်အထက်မှ အောက်ခြေအထိ
"ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲကြီးကို
ကျင်းမကြလေသည်။"
၎င်းပွဲတော်သည်
ထားဝယ်မြို့သူမြို့သားများနှင့်
ပတ် ၀န်းကျင်မှ
နယ်လူထုပရိတ်သတ်များ အလွန်စည်ကား
လှပသော ပွဲတော်ဖြစ်လေသည်။
"ပြခန်းများ ထားရှိပြသခြင်း"
၎င်းပွဲတော်တွင် "ထားဝယ် ရာဇ၀င်
သမိုင်း" ၏ "သမိုင်းဝင် " ရှေးဟောင်းပစ္စည်းများ ပြခန်းနှင့်
"ထားဝယ်အပျော် တမ်း
ဓာတ်ပုံအသင်း" ၏ ဗဟုသုတရဖွယ်
"ဓာတ်ပုံပြခန်း" ပါ ထားရှိပြသထားရာ များစွာသော
ပွဲလာ
လူထုပိရသတ်များ,ရှင် ရဟန်း
သံဃာများ, လေ့လာကြည့်ရှု
ဗဟုသုတ ဆည်းပူးသူများအတွက် များစွာ
အဖိုး
ထိုက်တန်လှပေသည်။
"စိန်ဖူးနှင့်
ငှက်မြတ်နားတော်
တင်လှူပူဇော်ခြင်း"
မြန်မာသက္ကရာဇ် ၁၃၃၆-ခု၊ ကဆုန်လပြည့်
(၅-၅-၇၄) နေ့ နံနက် အချိန်တွင်
အသစ်တဖန် မွမ်းမံ
ခြယ်လယ်အပ်သော
"ရွှေသားအချိန် ၂-ပိဿာ" စီး
"စိန်ဖူးတော်နှင့်
ငှက်မြတ်နားတော် "
ကိုမြို့လှည်အပူဇော် ခံပြီး ဟင်္သာရုပ်
စက်ကြိုးနှင့် တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ကြလေသည်။ ၎င်းပွဲတော်ကို
၃-ရက်တိုင်တိုင်ကျင်းပပြုလုပ်ရာ
မြို့နှင့်
နယ်လူထုပရိသတ်များ စည်းကားလှရာ ခြိမ့်ခြိမ့်သဲမျှရှိကြလေသည်။
…………………………….
လောကမာရဇိန် ရုပ်ပွားတော်ကြီးသမိုင်း
ရွှေတောင်စား စေတီတော်ကြီး၏ မြောက်ဘက်အနီး
သိမ်တော်ကြီးအတွင်း၌
ကိန်းဝပ်တော်မူလျက် ရှိသည့်
လောကမာရဇိန် ရုပ်ပွားတော်သမိုင်းကား
-
၁။ ရုပ်ပွားတော်မြတ် အလှူခံရန် မင်းတုန်းမင်းဘုရင်ကြီးထံ စေလွှတ်ခြင်း
မန္တလေး ရတနာပုံမြို့တည်ရာ နန်းတည်
ပဉ္စမသင်္ဂါယနာတင်
ဘုရင်မင်းတုန်းမင်းတရားကြီး၏
လက်ထက်တော်အခါ
ထားဝယ်မြို့နယ်မှ မင်း,
သူဌေးစသော လူကြီးလူကောင်းအများ စုပေါင်းတိုင်ပင်ညီညွတ်ကြပြီးလျှင် "ထားဝယ်မြို့တွင်
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ
သွန်းလုပ်ပူဇော်ရန်အတွက် ဦးရွှေတိုက် , ဦးရွှေခေါင် ,
ဦးထွန်းအောင်
, ဦးရွှေညိ , ဦးအောင်ဒိုးတို့အား
အများသဘောတူ
မင်းတုန်းမင်းဘုရင်ထံ
လျှောက်ထားရန် စေလွှတ်ကြလေ၏။"
နေပြည်တော်သို့ ရောက်ရှိလတ်သော် အဆိုပါ
လူကြီး ၅-ဦးတို့ က ဘုရင်မင်းတရားကြီးထံ လျှောက်ထားကြရာ
ဘုရင်မင်းတရားကြီးလည်း
လွန်မင်းစွာ
အားရနှစ်သက်တော်မူသဖြင့် မှူးတော်
, မတ်တော်များနှင့်တကွ
သားတော်ကြီး
အိမ်ရှေ့မင်း မက္ခရာမြို့စားအား တာဝန်ပေး၍
ပန်းတဉ်းဆရာများနှင့်
မြတ်စွာဘုရား၏
ရုပ်ပွားတော်ကို သွန်းစေဟု
အမိန့်ပေးတော်မူလေ၏။
ယင်းသို့
အမိန့်ပေးတော်မူသည့်အတိုင်း
"ရှင်ပင်ရုပ်ပွား၊
ကြေးကား ငွေစင်၊ ရွှေလျှင်
သွန်းလောင်း၊အောင်မြင်ကြောင်းကို "
လျှောက်ထားလေရာ
"ကောဇာသက္ကရာဇ်
၁၂၃၇-ခုနှစ်၊ ပြာသိုလဆန်း ၁၁-ရက်နေ့
နံနက် ၉-နာရီအချိန် ၀ယ် " နတ်ပွဲကနား
စုံလင်စွာတင်ပြီး ပုဏ္ဏားတာ် ၄-ယောက်တို့အား မန္တန်များ
မန်းမှုတ်စေကာ
သံဃာတော်များစွာနှင့်
ပရိတ်ရွတ်ဖတ်လျက် အမြောက် ၃-ကြိမ်ပစ်ဖောက်၍ အဘယစည်ကြီး
၃-ကြိမ်တီးပြီးနောက်
သံဃာတော် ၁၂၀၀-နှင့် အနေကဇာ
တင်လှူပြီးစီးလျှင်
"မဟာလောက လောကမာရဇိန်၊ တန်ခိုးထိန်၍၊
မမှိန် သာသနာ၊
ငါးထောင်သာလျှင်၊ ခိုင်စွာတည်စေ၊ မိန့်တော်ခြွေ၍၊ ရေစက်သွန်းချ
လှူဒါန်းတော်မူလေသည်။"
အလွန်ကြည်ညိုဖွယ်ရာ ထားဝယ် “လောကမာရဇိန် ” ဘုရားကြီးပုံ။
(ရွှေတောင်စား စေတီတော်အနီး သိမ်တော်ထဲတွင်
တည်ရှိသည်။)
၂။ ရုပ်ပွားတော်ကို ထားဝယ်သို့ ပင့်ယုဆောင်တော်မူခြင်း
ယင်းနောက် နန်းတော်ရှေ့ မင်္ဂလာမဏ္ဍပ်တော်ကြီး၌ ၃-ရက်
ကိန်းဝပ်တော်မူပြီးသော်
ဘုရင် မင်းတရားကြီး၏
ခွင့်ပြုချက် အမိန့်တော်အရ မြို့တော်၏
အနောက် ဈေးချိုတော် သင်္ဃဇာချောင်းနှင့် ဂေါဝိန်ဆိပ်တွင် ကိန်းဝပ်စံနေတော်မူပြီး
"ကောဇာသက္ကရာဇ်
၁၂၃၇-ခုနှစ်၊ တန်ခူးလဆန်း ၁၅-ရက်
စနေနေ့တွင် ရေနန်းစကြာ သဘောင်္တော်ပေါ်သို့
ပင့်တော်မူလေ၏။"
ယင်း ရေနန်းစကြာ သဘောင်္တော်ဖြင့် မြစ်ဧရာကမ်းတစ်လျှောက်ရှိ ကျောက်တလုံးကင်း၊ မြင်းခြံမြို့၊ ကျပင်းမြို့၊
မင်းလှမြို့၊ ပြည်မြို့၊ ဓနုဖြူမြို့၊ ဒေးဒရဲမြို့၊ တိဂုံမြို့(ရန်ကုန်မြို့)တော်သို့ ရောက်ရှိတော်မူလေသည်။
"ကောဇာသက္ကရာဇ်
၁၂၃၈-ခုနှစ်၊
ကဆုန်လပြည့်ကျော် ၈-ရက် တနင်္ဂနွေနေ့တွင် အာနန္ဒာသင်္ဘောဖြင့် ရေနန်းစကြာ
သင်္ဘောတော်ကိုဆွဲလျက်
ထားဝယ်မြို့သို့ ခုတ်လာရာ ကဆုန်လပြည့်ကျော် ၁၁-ရက်
ဗုဒ္ဓဟူးနေ့တွင်
ဆင်ဖြူပြင်ဆိပ်ကမ်းသို့
ရောက်ရှိတော်မူလေ၏။
ယင်းနောက်
ကတ္တုလှေပေါ်သို့ပြောင်းရွှေ့ပင့်ဆောင်လာရာ
ဝေဒီဆိပ်ကမ်းတွင်
ခေတ္တကိန်းဝပ်တော်မူပြီး
"လပြည့်ကျော် ၁၂-ရက် သောကြာနေ့ တွင် ထားဝယ်မြို့ 
သင်္ဘောဆိပ်သို့  " ရောက်ရှိ၍
မဏ္ဍပ်တော်ကြီးအတွင်း ၅-ရက်ကြာမျှ အပူဇော်ခံ
ကိန်းဝပ်တော်မူပြီးလျှင်
ရွှေတောင်စား
စေတီတော်ကြီးအနီးရှိ
ကျောင်းတော်ကြီး မပြီးမီ
ယာယီကျောင်းတော်ကြီး၌ ခေတ္တမျှ ကိန်းဝပ်တော်မူလေ၏။
ကျောင်းတော်ကြီး ပြီးစီးလတ်သော် "ကောဇာသက္ကရာဇ် ၁၂၃၈-ခုနှစ်၊
တပေါင်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ
့တွင်
သံဃာတော်ပေါင်းများစွာနှင့်
ကျောင်းဝိဟာသို့  ပင့်ဆောင်ပြီး တပေါင်းလပြည့်နေ့ နံနက်အချိန် ၀ယ် ထားဝယ်မြို
့ ဇရစ်ရပ်
သူဌေးကတော် "ဒေါ်မပွင့် "
တို့ လှူဒါန်းသည့် အပရာဇိတ ပလ္လင်တော် ပေါ်သို
့ပင့်တင် ပူဇော်ကြလေသတည်း။"
ကမ္ဘာပေါ်တွင် အကြီးဆုံးသော
လောကသရဖူ လျောင်းတော်မူ၏
ရုပ်ပွားတော်ကြီး
သမိုင်း
ဦးခေါင်းတော် လုံးပတ် အတောင် -၆၀၊
ရောင်လျှံတော် ၁၀-တောင်၊
မျက်နှာတော် ၂၂-တောင်၊
မျက်လုံးတော် ၇-တောင်၊
နှုတ်ခမ်းတော် ၅-တောင်၊
နားတော် ၁၉-တောင်၊
လည်တိုင်တော် ၇-တောင်၊
လက်မောင်းတော် အတောင် -၄၀၊
ခြေဖ၀ါးတော် ၂၂-တောင်၊
ရောင်လျှံတော်ထိပ်မှ
ခြေဖျားတော်အထိ ညဏ်တော် အလျား
၁၆၂-တောင်၊ တြင်းကြေ ၊
န၀င်းကြေ ၊
သတ္တဗီသကြေတည်း။
ပလ္လင်တော်အလျား မြောက်မှ တောင်အဆုံး
အတောင် ၂၀၀၊ ၎င်းအနံတော်
အတောင် ၄၀၊
မြေမှ အမြင့် -၅၂-တောင် ဖြစ်လေသည်။
ယင်း လောကသရဖူ လျောင်းတော်မူ ရုပ်ပွားတော်ကြီး သည်ကား
ထားဝယ်မြို့ မှ ရှေ့တောင်
ခပ်ယွန်းယွန်း ၄-မိုင်ခန့် ခရီး
အကွာ "ကူးတို့ ရွာ
အရှေ့ ဘက်အနီးရှိ " ရှေးအခေါ်(အောက်ပု ပ္ပါးတောင် ) ယခုအခေါ်
"စပါးတောင် " ခြေရင်း
ပိဋကတ်တိုက်ကျောင်းအနီးတွင်
တည်ရှိလေသည်။
၁။ ပိဋကတ်တိုက်ဆရာဘုရားကြီး ဦးဣန္ဒ ၀ံသ
ပိဋကတ်တိုက်ကျောင်းကို
ရှေးဦးပဌမ
တည်ထောင်တော်မူသည့် ဆရာတော် အရှင်သူမြတ်သည် ထားဝယ်မြို့
ကညုံရပ် မြို့အုပ်မင်း "ဦးခွေးဖြူ" မင်းကတော်
"ဒေါ်မြတ်ဧ"တို့ မှ
ကောဇာသက္ကရာဇ် ၁၁၉၃-ခုနှစ် သီတင်းကျွတ်လပြည့်ကျော်
၉-ရက် တနင်္ဂနွေနေ့ တွင် ဖွားသန့် စင်သည့် သားရတနာကို
"မောင်ရွှေဆင် " ဟူ၍ အမည်မှည့်လေသည်။
မောင်ရွှေဆင် အရွယ်ရောက်သောအခါ ကညုံရပ်
မြေတိုက်ကျောင်းဆရာတော်ထံတွင် ပညာ သင်ကြားလျက်
၉-နှစ်အရွယ်၌ ရှင်သာမဏေအဖြစ်ဖြင့် မန္တလေး
ရတနာပုံနေပြည်တော်သို့
တက်ရောက်လျက် ပညာသင်ကြားရင်း
ရဟန်းသိက္ခာ ၆-၀ါအရတွင် ဇာတိ -ထားဝယ်သို့ ပြန်လည်ကြွရောက်တော်မူခဲ့လေသည်။ "ရဟန်းဘွဲ့တော်ကားဦးဣန္ဒ ၀သံ "ဖြစ်ပေသည်။
ယင်းနောက် မူလဆရာတော်အရင်များ ဖြစ်တော်မူသည့် မြေတိုက်ကျောင်း, ၎င်းမှတဖန် ကူးတို
့ကျောင်းတွင် စာပို့  ချ
သီတင်းသုံး
နေထိုင်တော်မူပြီနောက် ကူးတို့ 
အရှေ့ ဘက် အောက်ပုပ္ပားခေါ် "စပါးတောင် " ခြေရင်းရှိ
တော်ရကျောင်း၌
စာပေပို့ ချ သီတင်းသုံး နေထိုင်တော် မူစဉ် မန္တလေးရတနာပုံနေပြည်မှ ပဉ္စမ
သင်္ဂါယနာတင်
ဘ၀သျှင်မင်းတုန်းမင်းတရားကြီးနှင့်
ရဟန်းအမ မိဖုရားခေါင်ကြီးတို့
က လှူဒါန်းတော်မူလိုက်သော ပိဋကတ်စာပေ
အထွေထွေတို့ ကို ပူဇော်
ထားရှိရန် ထားဝယ်မြို့  "အနောက်ရပ် ဦးစစ်ထိုင် -ဒေါ်ကျော့ " တို
့က ကောဇာသက္ကရာဇ် ၁၂၄၇-ခုနှစ်တွင် ၂-ထပ်
အုတ်ကျောင်းတော်ကြီး
ဆောက်လုပ်လှူဒါန်းပြီး
ယင်းတိုက်တော်ကြီး အတွင်း၌ ဆရာတော်
ဘုရားကြီး၏
တင်ပလ္လင်ခွေ ရုပ်လုံးတော်ကိုပါ ထုလုပ်ပူဇော်ထားရှိသဖြင့် စပါးတောင်
- ပိဋကတ်တိုက် ဟူ၍
ယနေ့ တိုင်
ထင်ရှားကျော်ကြားလေသည်။ ဦးဣန္ဒ ၀ံသ
အရှင်သူမြတ်လည်း "ပိဋကတ်တိုက်
ဆရာတော် ဟူ၍ ထင်ပေါ်လေသည်။
၂။ဘုရားမတည်မီ ပုဗ္ဗနိမိတ်
မျစ်နှာမာ-သံက္လော့စေ့
ပါးတော်န်ခေရင်းကေ့။
တစ်နေ့ သ၌ ဆရာတော်သည် နေ့ ဆွမ်းဘုဉ်းပေးပြီး ကျိန်းစက်
တော်မူနေခိုက်
(မျစ်နှာမာ-သံက္လော့စေ့
ပါးတော် န်ခေရင်းကေ့ )
မြန်မာလိုကား (မျက်နှာမှာ သံကျောက်စိ -စပါးတောင်ခြေရင်းကြည့် ) ဟူ၍
ကျောင်းသား သူငယ်များ
သီဆိုကသားကြသည့် "သံချပ်
" ကို ကြားရလေသည်။
ယင်းတို့ကျောင်းသူငယ်များ
သီဆို ကစားကြသည်မှာ
တစ်ရက်သာမဟုတ် ၂-ရက်လည်းမက ၃,၄-ရက်ကျော်မျှ နေ
့တိုင်း သီဆို၍ ကစားကြသည်ကို
ဆရာတော် ကျိန်းစက်ရာမှ
ကြားရတော်မူလေသည်။
ယင်းနောက် ဆရာတော်သည် ကျောင်းတိုက်အတွင်းရှိ ဦးပဉ္စင်းများအား ပင့်ခေါ်၍
ကျောင်းသား သူငယ်များ
သီဆိုကြသည့် သံချပ် ရွတ်ပြပြီး
အဓိပ္ပာယ်ကို မေးရာ ဦးပဉ္စင်းတစ်ပါးမျှ တိကျစွာ
မဖြေဆိုတတ်သဖြင့် ဆရတော်က
ရှင်းသည်မှာ -ဦးပဉ္စင်းတို့ "စပါးတောင်ခြေရင်းကြည့်
" ဆိုသော သံချပ်သီချင်း
အရ ကျုပ်အသက် အနှစ်တစ်ရာပြည့်လျှင်
ကျုပ်မရှိသော်လည်း
ဒီစပါးတောင်ခြေရင်းကို
ရှင်လူအများ အံ့သြစွာ ကြည့်ရလိမ့်မယ်။ ဦးပဉ္စင်းတို့  မှတ်ထားကြပါ။
"ကျုပ်မွေးသက္ကရာဇ်
၁၁၉၃-ခုနှစ်ဖြစ်တယ် " ဟု
ဆရာတော်က ပြောလေ၏။
ကမ္ဘာပေါ်တွင် အကြီးဆုံး လောကသရဖူ
ထားဝယ် “လျောင်းတော်မူဘုရားကြီး” အားဖူးမြင်ရပုံ။
လောကသရဖူ “လျောင်းတော်မူဘုရားကြီး” အား အနီးကပ် သပ္ပာယ်စွာ ဖူးမြင်ရပုံ။
၃။ဘုရားတည်ဆောက်ရန် အစည်းဝေး
ပြုလုပ်ကြခြင်း
ပိ ဋကတ်တိုက် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးသည့် နောက်
နှစ်များစွာ မကြာမီတွင် ကောဇာ
သက္ကရာဇ်
၁၂၉၂-ခုနှစ်တွင်
ဆရာတော်ဘုရားကြီး၏
တပည့်ကညုံရပ်
မြေတိုက်ကျောင်းဆရာတော်
"ဦးဣသိန္ဒရ"
အရှင်သူမြတ်သည်
အကြီးဆုံးသော
လျောင်းတော်မူရုပ်ပွားတော်ကြီးတစ်ဆူ
တည်လုပ်ရန် သဲများကို စုပုံထားပြီး
ယခု တည်ထားသည့်နေရာ
အောက်ဘက်တွင် ပလ္လင်တော် အုတ်မြစ်အတွက် မြေနေရာကို
ညီညွတ်အောင်
ပြုပြင်ထားပြီးလျင် ယင်း ၁၂၉၂-ခုနှစ်
တပေါင်းလအတွင်း ဒကာ,
ဒကာမများအား
ပင့်ဖိတ်ကာ အစည်းအဝေးပြုလုပ်ကြလေသည်။
ယင်းအခါ သံဃာတော် အရှင်သူမြတ်များက
-"ယခု တည်လုပ်မည့် ဘုရားကြီးနှင့်နှိုင်းချိန်ကာ အုတ်ဖြစ်ချမည့် နေရာသည်
အနိမ့်ဘက်ဖြစ်နေ၍ အထက်ဘက်
နေရာ အမြင့်သို့ ပြောင်းရွှေ
့ရန် သင့်လျော်ကြောင်း" အများသဘောတူ
ဆုံးဖြတ်တော်မူကြသဖြင့်
အထက်ဘက်နေရာ
တောင်စွယ် ကုန်းမြင့်ကို ရှင်းလင်း
သုတ်သင် ပြုပြင်ရဦးမည်ဖြစ်၍ ယခုနှစ်တွင်
အုတ်မြစ် မချနိုင်တော့ဘဲ ရှေ
့နှစ် ၁၂၉၃-ခုနှစ်သို့ ရွှေ
့ပြောင်းလိုက်ရလေသည်။
(ယင်းသို့ ရွှေ့ ပြောင်းလိုက်သည့်
၁၂၉၃-ခုနှစ်တွင် ပိဋကတ်တိုက် ဆရာတော်ဘုရာကြီး၏ သက်တော်
အနှစ်တစ်ရာနှင့် ကိုက်ညီ၍ ဆရာတော်မိန်းကြားခဲ့သည့် "စပါးတောင်ခြေရင်းကေ့ = (ကြည့် )" ဆိုသော
သံချပ်နှင့်
ကိုက်ညီလေတော့၏။)
မြေတိုက်ကျောင်း ဆရာတော်သည် ရှေ့နှစ်တွင် အုတ်မြစ်ချရန် အတွက်
အထက်ဘက် တောင်စွယ်
ကုန်မြင့်နေရာကို ညီညွတ်အောင် ဒကာ, ဒကာမများအား
ကုသိုလ်လုပ် အားပေးအနေဖြင့်
တူးဖြိုပြုလုပ် စေပြီး
"ကောဇာသက္ကရာဇ် ၁၂၉၃-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃-တကွ
ဒကာ, ဒကာမအပေါင်းတို
့ပါ ညီညွတ်ကြလျက် အငြိမ်းစား
မြို့ အုပ်မင်း ပညာရှိ "ဦးနှင်းလှိုင်က အောင်ခြင်းမင်္ဂလာ
သြဘာရတု ဖတ်ကြားပြီး အုတ်မြစ်ချကြလေသည်။"
မျက်နှာမှာ သံကျောက်စေ့ (စိ )
ရုပ်ပွားတော်ကြီး
တည်လုပ်ရန်အတွက် လက်ရာမြောက် ပန်းရံဆရာကြီးများဖြစ်သော ထားဝယ်မြို့
ဇာတိ ဆရာကြီး
"ဦးစောဖေ" နှင့်
"ဦးဘဝေး " တို
့တပည့်များပါ တည်လုပ်ကြလေသည်။
၎။ တစ်ကမ္ဘာလုံးတွင် အကြီးဆုံး
လျောင်းတော်မူ ရုပ်ပွားတော်ကြီး
ယင်းသို့  တည်လုပ်ကြရာ ဦးခေါင်းတော်နှင့် မျက်နှာတော်
အတွက် သံဆန်ခါခံ၍ အင်္ဂတေသရွတ်နှင့် ပြုလုပ်ရာ
ခြောက်သွေ့လျှင် မျက်နှာတော်မှာ အကြိမ်ကြိမ်
ကွဲအက်သဖြင့် မကွဲရအောင် နည်းအမျိုးမျိုးဖြင့် စမ်းသပ်ကြံစည်
ပြုလုပ်ကြသည်တွင် နောက်ဆုံး၌ သိပ္ပံနည်းတစ်ရပ်ဖြစ်သော "ကျောက်စေ့ " ခေါ်
"ကျောက် စရစ်ဖြူ" လုံးကလေးများကို
ညက်စွာထောင်းပြီး အင်္ဂတေနှင့် ရောစပ်ပြုလုပ်မှ မျက်နှာတော်တွင် အမာခံရကာ
မကွဲမအက်ပဲ အောင်မြင်လေတော့သည်။
(ဤသည်ကား
"မျက်နှာမှာ-သံကျောက်စေ့ "
ဟူသော ကျောင်းသား သူငယ်များသီဆိုကြသည့် သံချပ်သီချင်း၏
အဓိပ္ပာယ်ပင်တည်း။)
ရုပ်ပွားတော်၏ ဘွဲ့တော်မှာ တစ်ကမ္ဘာလုံးတွင် အကြီးဆုံးဖြစ်သောကြောင့် "လောကသရဖူ လျောင်းတော်မူ "
ရုပ်ပွားတော်ကြီးဟူသော ဘွဲ့အမည်တော်
သမုတ်ကြလေသည်။
ယင်းရုပ်ပွားတော်ကြီးကို
ငွေအင်အား လူထုအင်အားနှင့် တဖြည်းဖြည်း
တည်လုပ်ကြရာ ယခုအခါ
သံတန်ဆောင်းကြီးနှင့်တကွ
မားမားမတ်မတ်
တင့်တယ်သပ္ပာယ်စွာ ရှင်လူအများ ဖူးမြော်နိုင်ကြသဖြင့် "တနသာင်္ရီတိုင်း
ထားဝယ်မြို့တော်၏ ကျက်သရေဆောင်
ကမ္ဘာကျော် ရုပ်ပွားတော်ကြီး
တစ်ဆူပင် ဖြစ်ပေသည်။"
တနသာင်္ရီတိုင်း တိုင်းကုန်သွယ်ရေး ဦးစီးမန်နေဂျာ ဗိုလ်ကြီး
ဗိုလ်သိန်းညွန့်
ခေါင်းဆောင်လျက် ဂေါပက အဖွဲ့များနှင့်
ယင်းရုပ်ပွားတော်ကြီးအား
သပ္ပာယ်သည်ထက်
သပ္ပာယ်ခြင်းဖြစ်စေရန်
နှစ်စဉ် တပို့တွဲလပြည့် ကျရောက်တိုင်း
ဘုရားပွဲတော်ကျင်းပ၍ အလှူငွေများ လက်ခံလျက်
ရှိကြလေသည်။ သပ္ပုရိသနွယ် ၀င် စေတနာရှင်
ပါရမီရှင်
အပေါင်းကလည်း အချိန်မရွေး ထည့်လှူပူဇော်လိုပါက အဖွဲ့တွင် အလှူငွေများ ထည့် ၀င်လှူဒါန်းနေကြ လေသည်။
တနင်္သာရီတိုင်းတွင်
အကြီးဆုံးနှင့်
အရှည်လျားဆုံးဖြစ်လာမည့် ထားဝယ်မြို့မှ အရှေ့မြောက်ဘက် ၂-မိုင်ခန့်အကွာ မောင်းမကန်ရွာသား မော်တော်ကားလမ်း အဆက်
ကမြောကင်းကျေးရွာ ကူးတို့ဆိပ်မှ တောင်ဘက်
၂-ဖာလုံ ခန့်အကွာ "ဖြတ်ကူးကျွန်းတန်း" ခေါ်
အရှေ့ဘက်ကမ်း နေရာမှ
အနောက်ဘက်ကမ်း "အဗူတောင်
" ခြင်္သေ့ ၂-ကောင်ရုပ်အနီးရှိ နေရာသို့
တံတားကြီး တည်ဆောက်ရန်
"ကောဇာသက္ကရာဇ် ၁၃၃၃-ခုနှစ်၊
ပြာသိုလပြည့်ကျော် ၁၅-ရက် (လကွယ်
) (၁၅-၁-၇၂) နေ့ နံနက်
၈-နာရီ ၁၅-မီနစ်အချိန်
ဖြစ်ကူးကျွန်းတန်း နေရာတွင် အုတ်မြစ်ချ
အခမ်းအနားပွဲကို
ကျင်းပပြုလုပ်ရာ စံပြလုပ်သားကြီး "ဦးစံ ၀င်း" က
အုတ်မြစ်ချပေးလေသည်။"
၁။ တိုင် ၉-ခွင် အရှည်ပေ ၁၀၀၀
ယင်းအခါ ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဌာန ၀န်ကြီး
"ဗိုလ်မှူးချုပ် ဦးစိန်
ဝင်း" မှာ အစီအစဉ်များကို
ချမှတ်ပေးခဲ့ပြီး အကြောင်းကိစ္စရှိ၍
ရန်ကုန်မြို့သို့ ပြန်လည်သွားရာ
၎င်း၏ ကိုယ်စား ယင်းဌာန အတွင်းဝန် ဥက္ကဠ
ဗိုလ်မှုးကြီး
ထင်ကျော်နှင့် ထားဝယ်မြို့နယ် ပါတီယူနစ်
ဥက္ကဠ ဗိုလ်ကြီးဟန်ပ၊ ခရိုင်လုံခြုံရေးနှင့် အုပ်ချူပ်မှုကော်မတီ ဥက္ကဠ
ဗိုလ်ကြီး
သောင်းတန်တို့က
ကမြောကင်းတံတားကြီးကိုတည်ဆောက်ထားခြင်းဖြင့် ဖြစ်ထွန်းလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း
ပြောကြားကြလေသည်။
ယင်းကမြောကင်းတံတားကြီး၌ တိုင် ၉-ခွင်နှင့်
အရှည်ပေပေါင်း ၁၀၀၀ ခန့်မျှ
ရှည်မည်ဖြစ်၍ ပြီးစီးက
တနသာင်္ရီတိုင်းတွင် အရှည်ဆုံးသော တံတားကြီးဖြစ် လိမ့်မည်။ ရေးမြို့
တံတားသစ်ကြီးကို
တည်ဆောက်သကဲ့သို့ပင်
ပြည်တွင်းဖြစ်ပစ္စည်းများကိုသုံး၍
မြန်မာ့အင်ဂျင်နီယာများက
တည်ဆောက်ကာ အားဖြည့်ကွန်ကရစ် နည်းစနစ်ဖြင့် ပြုလုပ်၍
၎-နှစ်စီ မံကိန်းအရ ဆောင်ရွက်ကြမည်
ဖြစ်လေသည်။
၂။ တံတားအုတ်မြစ်ချ ပျော်ပွဲရွှင်ပွဲများ
ခရစ်သက္ကရာဇ် ၁၉၇၂-ခုနှစ်၊ ဇန်န၀ါရီ
(၁၅-၁၆-၁၇) ယင်း ၃-ရက်များတွင် မွန်းလွဲအချိန် လှေပြိုင်ပွဲ
များနှင့် ည ၈-နာရီ
၃၀-မီနစ် အချိန်ကစ၍ မိုးသောက်ယံအထိ ရန်ကုန်မြို့မှ လာရောက်
ကပြဖြေဖျော်ကြသည့်
"စန္ဒာဦး ယဉ်ကျေးမှုအဖွဲ့
"
ကပွဲဖြင့် ဗလာပွဲကျင်းပရာ လာရောက်ကြည့်ရှုအားပေးကြသူ ပရိသတ်ပေါင်း
ညစဉ် သောင်းနှင့်ချီ၍ ကြိတ်ကြိတ်တိုး
စည်ကားလေသည်။
ယင်း စန္ဒာဦး ယဉ်ကျေးမှုအဖွဲ့ကပွဲတွင် ဤစာရေးသူ
စီစဉ်ပေးသည့်
"ထားဝယ်ရိုးရာ
ယဉ်ကျေးမှုတစ်ရပ် ဖြစ်သည့်
ဖားထီး, ဖားမ မိုးခေါ်ပွဲတစ်ခဏ်းကို ထားဝယ်သီချင်းဖြင့် သီဆိုပြသ သရုပ်ဖော်ကြလေသည်။"
ရှုခင်းသာဟန် မောင်းမကန်
ကောဇာသက္ကရာဇ် ၅၁၇-ခုနှစ် အချိန် ၀ယ်
အလောင်းစည်သူမင်းကြီးသည်
ဖောင်တော်နှင့် ထားဝယ် ဒေသသို့
ရောက်ရှိခဲ့ရာ ပင်လယ်ကမ်းခြေတစ်နေရာ၌ ဖောင်တော်ကို ရပ်နား ဆိုက်ကပ်ထားလေသည်။
ယင်းအခါ မောင်းမမိဿံ အခြွေအရံများသည် ရေချိုရရှိ ရန် အတွက်
ကမ်းသို့တက်ကာ ရေကန်တူးဖော်ကြသည်
ကိုစွဲ၍ "မောင်းမကန် " ဟု
ယနေ့တိုင် ခေါ်တွင်ကြလေသည်။
၁ - မောင်းမကန်ရေချိုး ဆွေမျိုးကိုမေ့တယ်
မောင်းမကန်သည် ထားဝယ်မြို့ ကမြောကင်းတံတားကြီးပေါ်မှ မြစ်အနောက်ဘက်ရှိ ကမြောကင်းရွာသို့ကူးပြီး
ယင်းမှတစ်ဆင့် ၆ မိုင်ခရီးခန့် မော်တော်ကားဖြင့် သွားရောက်
နိုင်လေသည်။
"မောင်းမကန်ရေချိုး
ဆွေမျိုးကိုမေ့တယ် " ဟူ၍ အချို့သူတို့က
ပြောဆိုကြသည့်အတိုင်း အလုပ် အားလပ်သည့်
တနင်္ဂနွေနေ့များတွင် ခြေဆန့် လက်ဆန့်
ဆိုသလို အလွမ်းဖြေ,
အပန်းဖြေ မောင်းမကန်၏
သဘာဝရှုခင်းကို ကြည့်ရှုရင်း
ရေချိုးရန် ရောက်ရှိကြသူ အများအပြားပင် ဖြစ်လေသည်။
၎-နှစ်စီမံကိန်းအရ တည်ဆောက်ဆဲ ကမြောကင်းတံတားကြီး
ပြီးစီးပါက ယခုထက် ပိုမိုများပြားစွာ အလည်အပတ်
သွားကြမည်မှာ ပြောဖွယ်ရာ မရှိတော့ချေ။(တံတားဆောက်လုပ်
မပြီးသေးချိန်ကိုဆိုလိုပါသည်။)
နှစ်စဉ်နှစ်တိုင်း
ရုံးအားလပ်ရက်များ,
ကျောင်းအားလပ် ရက်များ,
မဟာသင်္ကြန်ကျချိန်
ရက်အားများတွင် ရေချိုး လေညင်းခံရန်
ဗမာတစ်ပြည်လုံး အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များ
လာရောက်လည်ပတ်
ကြိတ်ကြိတ်တိုး ရေဆိပ်တည်းခိုအိန်
(ဘန်ဂလို ) များပင် မအားရဘဲ
ရှိတတ်လေသည်။
"ပန်းတက်အင်း သွားလမ်း ရေပူစမ်း"
"မကျန်းမာသူအများ ရေချိုးသွား"
မောင်းမကန်ရွာကလေးမှ မြောက်ဘက် တစ်မိုင်ခန့်မျှသာ ကွားဝေးသော
ပန်းတက်အင်းရွာသို့သွား
မော်တော်ကားလမ်း၏ လက်
ဝဲဘက်နံဘေးတွင်
"ရေပူစမ်း"
ရှိပါသည်။ ၎င်းရေပူစခန်းသို့ ခြေလျင်ဖြစ်စေ၊
မော်တော်ကားနှင့်ဖြစ်စေ သွားရောက်
ရေချိုးနိုင်ကြလေသည်။
မောင်းမကန် ပင်လယ်ကမ်းခြေသို့ အနားယူ
အပန်းဖြေ လာကြသူများ,
မကျန်းမာ နာလံထစသူများ
အမြဲမပြတ်
သွားရောက်၍ ရေပူချိုးကြရာ နံနက်နှင့်
ညနေတိုင်း လူစည်ကားသော "ရေပူစမ်း" ကလေး ဖြစ်နေလေသည်။
၎င်းအပြင် သဘာဝဖြစ်ပေါ်နေသော ရေပူစမ်း
နောက်ထပ် ၃-ခု ထားဝယ်တွင်
ရှိပါသေးသည်။ ၎င်းတို့မှာ ထားဝယ်မှ
၄၂-မိုင်ကွာသော
"၀ဇွမ်းချောင်း
ရေပူစမ်း"
၆၄-မိုင်ကွာသော " ပဲဒက်
ရေပူစမ်း"
၁၂-မိုင်ကွာသော
"ရှစ်ငုတ် ရေပူစမ်း"
တို့ဖြစ်ကြပြီး ပဲဒက်ရေပူစမ်းသည်
အပူဆုံးဖြစ်၍ ကာဖီ ,
လက်ဖက်ရည်များပင်
ဖျော်နိုင်လေသည်။
လျှပ်စစ်ရေအားသုံးပြီး တောင်ကို
ရေပန်းထိုးဖြိုချ၊
ခဲသတ္တုထုတ်လုပ်နေသော
“ဟိန္ဒားသတ္တုတွင်း” တောင်ထိပ်တစ်နေရာတွင်
တွေ့ မြင်ရပုံ။
ဟာမြင်းကြီးသတ္တုတွင်းတောင်ပေါ်ရှိ “သတ္တုထုတ်လုပ်ရာအလုပ်စခန်း”
တစ်စိတ်တစ်ဒေသကို တွေ့ မြင်ရပုံ။
ထားဝယ် ခဲ, သတ္တုတွင်းများ
ထားဝယ်မြို့တွင် ဟိန္ဒားသတ္တုတွင်း,
ဟာမြင်းကြီး,
ကံဘောက်
, တောင်သုံးလုံး, ကျောက်မဲတောင် ,
ပကာရီ
,
သင်္ကန်းတုံး, ၀ကုန်း, ဘ၀ပင် , ကလုံးထာ
အစရှိသည့် သတ္တုတွင်းပေါင်း များစွာရှိသည့်အနက် အကြီးဆုံးဖြစ်သော
သတ္တုတွင်းအသီးသီးကို
နိုင်ငံတော်အစိုးရက စီမံကိန်း အမျိုးမျိုးချ၍ ခဲ, သံ သတ္တုများ ထုတ်လုပ်လျက် ရှိလေသည်။
၁။ ဟိန္ဒား သတ္တုတွင်း
၎င်း ခဲသတ္တုတွင်းကို အစိုးရက
လုပ်သားလခစား (၅၀၀၀) ကျော်နှင့် လုပ်သား
နေ့ စား (၁၀၀) နီးပါးဖြင့် တစ်နှစ်လျှင်
ခဲသတ္တုတန်ချိန် (၂၅၀) ကို ဟိန္ဒားသတ္တုတွင်းမှ “အရှေ့ မြောက်ဘက် ၁၂-မိုင်ကွာရှိ ဖောင်းတောမှ
ပို့ လွှတ်သော
ရေအားလျှပ်စစ်ဖြင့်
ထုတ်လုပ်လျက်ရှိလေသည်။”
ယနေ့ တွင် ဂျာမဏီ (ဂျာမန် )
စီမံကိန်းဖြင့် တစ်နှစ်လျှင် ခဲမဖြူတန်ချိန် (၁၀၀၀၀)ခန့်  ထုတ်လုပ်နိုင်ရန် ခေတ်မီ
နောက်ဆုံးပေါ် (THCKERNA) ခေါ် မြေ,
ခဲ ခွဲစက်ကြီးကို တည်ဆောက်လျက်ရှိပြီး သံ , ခဲ သတ္တုများ
သယ်ယူပို့ ဆောင်ရေးအတွက်
ထရပ်ကားကြီးများ (PAYLOADER) ခေါ်မြေသယ်
မြေပို့  ထရပ်ကြီးများ၊ ဘူလ်ဒိုဇာခေါ်
မြေတူးစက်ကြီးများ ၊ ကောင်းကင်
ကရိန်းစက်ကြီးများ ထက်မံရောက် ရှိလျက်
ကျွမ်းကျင်သူ
ဂျာမန်အင်ဂျင်နီယာများဖြင့်
အားသွန်ခွန်စိုက် ထုတ်လုပ်လျက် ရှိလေသည်။
ဟိန္ဒားသတ္တုတွင်းသည်
ထားဝယ်မြို့မှ အရှေ့ ဘက် ၄၂-မိုင်အကွာတွင် တည်ရှိပြီး
ဆေးရုံ , စစ်တပ် , သမ၀ါယမဆိုင်
ဈေး, အစိုးရလယ်တန်းကျောင်းများရှိ
ပြီး အလွန်စည်ကားသော ထားဝယ်မြို့တွင်
အကြီးဆုံးသော သတ္တုတွင်းဖြစ်လေသည်။
၂။ ကံဘောက် သတ္တုတွင်း
ရေဖြူမြို့နယ်အတွင်းရှိ ကံဘောက် သတ္တုတွင်းသည် ယခုအခါ
ကုလသမဂ္ဂဖွံ့ ဖြိုးရေး
စီမံကိန်း ကျွမ်းကျင်သူ
အကူအညီဖြင့် စီမံကိန်း များချကာ
တစ်တပ်တစ်အား သတ္တုများကို တိုးတက်ထုတ်လုပ်လျက် ရှိနေလေသည်။
ကံဘောက် ခဲမဖြူ ထုတ်လုပ်မှုလုပ်ငန်း နောက်ထပ် တစ်ဆင့်တက်၍ ယုခအခါ
ဓာတ်သတ္တုနှင့်ဘူမိဗေဒလေ့လာရေးနှင့်
ရှာဖွေရေးဦးစီးဌာနမှ
ကံဘောက်အနီး ဟိန်းဇဲချိုင့်
ဝှမ်းတွင် ကုလသမဂ္ဂ စီမံကိန်းအကူအညီဖြင့် ဆောင်ရွက်နေသော သန့် စင်
ခဲမဖြူ
ထုတ်လုပ်မှုအဆင်ဆင့်ကို
ရှာဖွေနိုင်ရန် အတွက် သဲစုပ်စက်ကြီးများ ဇကာနှင့် လှုပ်ခုံ
သက်ဆိုင်ရာ စက်အမျိုးမျိုးကို
တပ်ဆင်
လုပ်ကိုင်သွားရန်
အားသွန်ခွန်စိုက်
လုပ်ဆောင်နေကြလေသည်။
၎င်းလုပ်ငန်း ပြီးစီးပါက တစ်နှစ်တစ်နှစ်လျှင် ခဲမဖြူတန်ချိန် (၁၀၀၀၀) တစ်သောင်းခန့်ထွက်ရှိမည်ဟု ခန့်  မှန်းထားရာ
နိုင်ငံခြားဝင်ငွေ ကောင်းစွာ ရရှိမည်
ဖြစ်ပေသည်။
ကျန်သတ္တုတွင်းများဖြစ်ကြသော
ဟာမြင်းကြီး, တောင်သုံးလုံး, ကျောက်မဲတောင် ,
ပကာရီ
, သင်္ကန်းတုံး, ဘ၀ပင်
ကလုံးသာ စသည်ဖြင့် သတ္တုတွင်းပေါင်းများစွာကိုလည်း စီမံကိန်းအမျိုးမျိုးချကာ လုပ်သားများစွာဖြင့် ထုတ်လုပ်လျက်
ရှိလေသည်။
၎င်း ထားဝယ်မြို့ သတ္တုတွင်း
စခန်းကြီးများသို့  တက္ကသိုလ်မှ
ကျောင်းသားများ,
ကျောင်းသူများ, ဆရာ,
ဆရာမများ၊
တစ်ပြည်လုံးမှ ဒေသန္တရ,
ဘာသန္တရ,
ဗဟုသုတ ရှာဖွေးစုဆောင်းသူ သုတေသီများ
အမြဲမပြတ် လာရောက် လည်ပတ်
လေ့လာကြလေသည်။
“ထားဝယ်မြို
့မြူနီစီပါယ်ဈေးကြီး အရှေ့ ဖက် ” ပုံ အတွင်းဖက်တွင်
ကုန်စိမ်းတန်း၊ ငါးစို
ငါးခြောက်တန်း၊ အထည်တန်း၊ အလှကုန်တန်းခွဲခြားတည်ဆောက်ထားပုံ
စည်းကမ်းကျသည်၊
ရှင်ပင်ခရုဘုရား
သမိုင်းအကျဉ်း
ရှင်ပင်ခရုဘုရားသည် ထားဝယ်မြို့၊
ကရပ်ပြင်ရပ်၏ ရွာဘုရား၊ ရပ်ဘုရားဖြစ်ပါသည်။
ရှင်ပင်ခရုဘုရားတည်ရှိသော
နေရာတွင် ထားဝယ်အခေါ် ရှားပင်
“ခရေပင် ” နှစ်ပင် ညီနောင်
ပေါက်ရောက်စည်ပင်ခဲ့ရာ
ထိုခရေပင်နှစ်ပင် အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ
ခရုခွံပေါ်တွင်
စေတီတည်ခဲ့သည်ဟု ဆိုပါသည်။ (ရှေးယခင်က
စာပေပြုစု ဆုဆောင်းသူရှားပါးသဖြင့် သက္ကရာဇ်
ရှာမတွေ့ တော့ပါ။ )
“ရှားပါး (ခရေပင် )
နှစ်ပင်နှင့် ခရုပေါ်ဘုရား” ဟူ၍ “ရှားပင်ခရု ”
ဘုရားဟု ခေါ်လာရာမှ
“ရှင်ပင်ခရုဘုရား” ဟူ၍
အမည်တွင်လာသည်ဟု ဆိုရိုးရှိပါသည်။
ခရေညီနောင်နှစ်ပင်သည်
သက်တမ်းအတော်ကြာသည့်အပင်
ဖြစ်သော်လည်း
ဘုရားပွဲပြုလုပ်ကျင်းပသည့်အခါ
ဇာတ်စင်ဆောက်လုပ်ရာမှ ချိုင်ခြင်း၊
ဖြတ်ခြင်းဖြင့် သေသွားပါသည်ဟု သိရှိရပါသည်။
ကရပ်ပြင်ရပ် အချို့ နေရာများတွင် ရေတွင်းတူးသောအခါ မြေအောက်မှ
ကမ်းစပ်နုန်းမြေများ၊
ခရေရွက်ခြောက် များ
တွေ့ရှိသဖြင့် တစ်ချိန်က ရေလွှမ်းမိုးရာ
ကမ်းစပ်၊ ပေါက်တိုင်းချောင်းမှ ဒီရေတက်
မိုးကြီးလာသည့်အခါ
ကရပ်ပြင်ရွာအစပ်အထိ၊ အရှေ
့ဘက်ခြမ်း ဇလွန်းရွာ၊ သပြေချောင်းရွာ၊ ဇဟာရွာ၊
မောင်မယ်ရှောင်ရွာစပ်အထိ
ဒီရေနှင့်
မိုးရေများ အလျှံပယ်
ဖြစ်ကြီးသဖွယ် ရေလွှမ်းမိုးနေပါသည်။
စေတီတော်ကြီးနှင့် ဘုရားပရ၀ဏ်၊
ဂန္ဓေကုဋီတိုင်တော်ကြီးတို့ အား မီးမကျွမ်းဘဲ ကွင်းကျော် သွားခြင်း
ရှင်ပင်ခရုစေတီတည်သော ခရုကြီးတစ်ကောင်
မည်၍မည်ပုံ ဤဒေသသို့ 
ရောက်လာသည်ကို မှန်းဆနိုင်ပါသည်။
ဤရှင်ပင်ခရုဘုရားကြီးတည်ရှိသော
တောင်ကရပ်ပြင်ရပ် ကွက်တွင် (သက္ကရာဇ်
- ၂၆-၃-၉၆) မွန်းလွဲ
(၁)နာရီကျော်မှစ၍
ရပ်ကွက်မီးလောင်မှုဖြစ်ပွားရာ
ဂန္ဓကုဋီတိုက်တော်ကြီးနှင့်
ဆင်းဆုတော်၊ ရုပ်ပွားတော်များ၊
ဘုရားစေတီတော်နှင့်
ဆောင်းတန်းများ၊ ဘုရားပရ၀ဏ် အားလုံးကို
မီးမခဘဲ ကွင်းကျော်ပြီး တစ်ရပ်ကွက်လုံးလိုလို
မီးလောင်ကျွမ်းသွားသည်ကို
အံ့သြဖွယ်ရာ
တွေ့မြင်ခဲ့ရပါသည်။
ကိုယ်တွေ့မြင်ပင်ဖြစ်ပါသည်။
၎င်းအချိန်မှ
ဘုရားဖူးပရိသတ်များ တစ်နှစ်ထက်
တစ်နှစ်ပိုမို၍ လာရောက်ဖူးမြော်
အဓိဋ္ဌာန် ၀င်ကြပါသည်။
စိန်ဖူးတော်အား သူခိုးခိုးရန်
အားထုတ်ခြင်း
သက္ကရာဇ် (၃၀-၉-၂၀၀၅) ခု
ညသန်းခေါင်ယံတွင်
စိန်ဖူးတော်အား သူခိုးတက်ခိုးရာ၊ သူခိုးရော
စိန်ဖူးတော်ပါ
မြေခခဲသည်။ သူခိုးသည် မေ့လဲနေရာမှ
နံနက် (၅)နာရီနာရီခန့် တွင်
သူခိုးတွင်ပါလာသည့် မော်တော်ဆိုင်ကယ်အား စီး၍
ထွက်ပြေးခဲ့ရာ ပြေးမလွတ်ဘဲ ပုထိုးကျောင်းလမ်းထိပ် အာဇာနည်လမ်းပေါ်တွင် မေ့လဲကျနေခဲ့သည်။ နံနက် (၆)နာရီခန်
့တွင်
ဘုရားဝင်းအပြင်ဘက်
အိမ်တစ်ဆောင်ပြတင်းပေါက်မှ
လူတစ်ယောက် အိပ်ရာထ မျက်နှာသစ်စဉ် ဘုရားစေတီတော်တွင်
စိန်ဖူးတော် မရှိကြောင်း တွေ
့ရှိရ၍ ဘုရားဝင်း၏ ညစောင့်ကို
အော်ခေါ်ကာ၊ နံနက်အချိန် ဘုရားဖူးလာ
လူအများကိုလည်း
အကူအညီတောင်းရာ စိန်ဖူးတော် မြေခသည်ကို
တွေ့ရှိရပြီး ဘုရားဖူးလာသူ တစ်ဦးက
အားဇာနည်လမ်းပေါ်တွင်
ဆိုင်ကယ်နှင့်
လူတစ်ဦးလဲနေကြောင်းပြော၍
ထားဝယ်မြို့မရဲစခန်းသို့ အကြောင်းကြားပြီး
လက်ရဖမ်းကာ
ရဲစခန်းသို့  ပို့ ဆောင်ခဲ့ပါသည်။
သူခိုးအား ရဲက စစ်ဆေးမေးမြန်းရာ စိန်ဖူးတော်အားခိုးယူနေစဉ် လူမဲကြီးက
သူ့ ကို
ဘုရားပေါ်မှ
တွန်းချလိုက်ကြောင်း၊ မိမိအနေဖြင့်လည်း ဆို င်ကယ်စီးပြီး ထွက်ပြေးရာ
ပြေးမလွတ်ဘဲ လမ်းပေါ်တွင် မေ့လဲကျခဲ့ကြောင်း၊ ၎င်းဘုရားအပြင် ထားဝယ်မြို့ရှိ အခြားတန်ခိုးကြီးဘုရား (၄)
ဆူရှိ စိန်ဖူးတော်ကိုလည်း ခိုးယူခဲ့ကြောင်းအစစ်ခံ ပါသည်။ ထိုအချိန်မှစ၍ ဤရှင်ပင်ခရုဘုရားသည် မီးကွင်းသည့်အပြင် သူခိုးဖမ်းဘုးရားအဖြစ် တန်ခိုးတော်
ပိုမိုပွင့်လင်းလာပြီး ကျော်ကြားလာခဲ့သည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်