ရှင်တောက်ထိန်ဘုရားသမိုင်းအကျဉ်း
ရှင်တောက်ထိန်ဘုရားသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာကြီးတွင် တည်ရှိပါသည်။
ထားဝယ်မြို့မှ တစ်မိုင်ကျော် ခန့်  မျှ
ဝေးကွာ၍ မောင်းမကန်သွားလမ်း၊ ကမြောကင်းတံတားအလွန်၊ ရွာဝင်လမ်းသွယ်
တစ်ဖာလုံ၌ ရှင်တောက်ထိန်ဘုရားကို
ဖူးမြော်နိုင်ပါသည်။
ကောဇာသက္ကရာဇ် (၁၀၃) ခုနှစ်တွင်
ဦးဖိုးတုတ် -ဒေါ်စောသီးတို့
ဇနီးမောင်နှံသည် ယင်းနေရာတွင်
တောင်ယာလုပ်ကိုင်းရင်း
မြေတူးဆွရာမှ ရုပ်ပွားတော်၏ ဦးခေါင်းကို
ပေါက်တူးဖြင့် ခိုက်မိ၍ တူးဖော်သော
အခါ
ဦးခေါင်းတော်ပိုင်း ပေါ်ထွက်လာသည်ဟု
သိရှိရပါသည်။
ဦးဖိုးတုတ် -ဒေါ်စောသီး
ဇနီးမောင်နှံနှင့်
ကမြောကင်းရွာသူ ရွားသားတို့ 
ပူပေါင်း၍ ရုပ်ပွားတော်ပေါ်လာသည်အထိ
မြေများဖယ်ရှားကာ
တူးဖော်ခဲ့ကြသည်။ ရွာသူ ရွာသားတို့
သည် ဤဘုရားကို မြေပေါ်ဘုရား
(ပေါ်တော်မူဘုရား) ဟူ၍
ဤအချိန်မှစပြီး (ဓာတ်ဘုရား) ဟူ၍လည်း
ခေါ်ဆိုခဲ့ပါသည်။ ၎င်းနေရာ၌ပင် ရာဇမတ်ကာ
၍ အမိုးယာယီပြုလုပ်
ပူဇော်နေကြပါသည်။
စတင်တွေ့ရှိချိန်မှစ၍
ရုပ်ပွားတော်သည်
ရုပ်ရှင်တော်ဖြစ်သဖြင့်
တဖြည်းဖြည်း ကြီးလာသည်ဟု အဆိုရှိပါသည်။
အဓိဋ္ဌာန် ၀င်သူအချို့
ပြောပြချက်အရ ရုပ်ပွားတော်သည် မျက်တောင်ခတ်ခြင်း၊ ပြုံးတော်မူခြင်း စသည့်
တန်းခိုးပြဋိဟာ
ပြတော်မူတတ်သည်ဟုလည်း သိရှိရပါသည်။
ရုပ်ပွားတော်၏ ဉာဏ်တော်သည် တရွေ့ရွေ့ကြီးမြင့်လာခဲ့ရာ ယခုအခါတွင်
ဉာဏ်တော်အမြင့် ၅ပေ
၆လက်မခန့်  ရှိနေပြီဖြစ်ပါသည်။
“ရှင်တောက်ထိန် ” ဘုရားကို
တစ်နည်းအားဖြင့် “ကုန်းမြင့်တောင်ငယ်ပေါ်ဘုရား” ဟူ၍ အဓိပ္ပာယ်ရသည်ဟု
သိရှိရပါသည်။ ယခုလက်ရှိ ရှင်တောက်ထိန်ဘုရားသည် စေတီဖြစ်သော်လည်း စင်စစ်အားဖြင့် ထိုစေတီအရှေ့ ဘက်
သိမ်အတွင်း တ၀ဂူအတွင်းရှိ
ရုပ်ပွားတော် သည်သာ
ရှင်တောက်ထိန်ဘုရား ဖြစ်ပါသည်။
ရှင်ဥသြဘုရားသမိုင်းအကျဉ်း
မင်းရှင်ဇော်သည် သက္ကရာဇ် (၁၁၂၂)
ခုနှစ်တွင် လက်ရှိ ပိန္နဲတောရပ်၊
ရွှေကျောင်းကြီးနေရာ၌
နန်းတော်တည်ဆောက်ကာ နန်းစံသည်။ ရွှေတောင်းစားမင်းဟုလည်း အမည်တွင်သည် ။
နန်းတော်နှင့် တပြိုင်တည်း
“နန်းဦးဘုရား” ကိုတည်၍ “ရှင်ဥသြ”
ဟုဘွဲ့ တော်သသည်။
မင်းရှင်ဇော် (၀ါ) ရွှေတောင်းစားမင်းသည် သက္ကရာဇ်
(၁၁၂၄) ခုနှစ်တွင် ရွှေတောင်စားစေတီကို တည်သဖြင့်
ရှင်ဥသြသည် ရွှေတောင်စား စေတီထက်
(၂)
နှစ်စောသည်ဟု ဆိုနိုင်ပါသည်။
သက္ကရာဇ် (၁၁၂၆) ခုနှစ်တွင်
အလောင်းတရားမင်းကြီး၏
ဒုတိယသားတော်
ဆင်ဖြူရှင်မင်းလက်ထက်
ဗိုလ်မှူးနော်ရထာယိုးဒယားသို့ 
ချီတက်ရာ ထားဝယ်၊ မြိတ်၊
တနင်္သာရီနယ်များကို နှိမ်နှင်းရန်
ထားဝယ်မြို့သို့ ရောက်ရှိလေလျှင်
မင်းရှင်ဇော်က မြို့နယ်နှင့် တကွ “မြွေကြီးရစ် ” (ဖောင်ရစ် )
မျှ ပြီးစီးနေသည့်
စေတီကို ပါ ဗိုလ်မှူးနော်ရထာလက်သို
့အပ်နှံလိုက်လေသည်။
ယင်းအခါ ဗိုလ်မှူးနော်ရထာသည် ဆင်ဖြူရှင်မင်းတရား၏ အမိန့်တော်အရ
မင်းရှင်ဇော်ပင်လျှင်
ထီးတော်တင်သည်အထိ ပြီးစီးအောင် တည်ဆောက်မြဲ
တည်ဆောက်စေဟု အမိန့်တော်ပေးသဖြင့်
ဆက်လက်တည်ဆောက်တော်မူရာ “တစ်ရာသံတောင်
ဉာဏ်တော် အမြင့်ဆောင်သည့် စေတီတော်ကြီး
ပြီးစီးအောင်မြင်လေ၏။”
မင်းရှင်ဇော်သည်
ဗိုလ်မှူးနော်ရထာ၏
လက်အောက်တွင် နေရသည့်အခါ နန်းတော်နှင့် မနေရသဖြင့်
နန်းတော်ဟောင်းကို ကျောင်းအဖြစ် လှူဒါန်းပြီး “ရွှေကျောင်းကြီး” ဟု အမည်တွင်သည်။
ထိုကျောင်းနေရာတွင်
ထပ်မံဆောက်လုပ်သော
ကျောင်းကိုလည်း “ရွှေကျောင်းကြီး” ဟု
ဆက်လက် အမည်တွင်ပြီး “ရှင်ဥသြ”
ဘုရားသည် ရွှေကျောင်းကြီး ကျောင်းဝင်းအတွင်း၌
တည်ရှိနေခြင်းဖြစ်ပါသည်။
ရှင်ကိုးရှင်ဘုရားများ
၁။ ရှင်ပင်ခရုဘုရား
ထားဝယ်မြို့၊ ကရပ်ပြင် (တောင် )ရပ်၊
ရပ်ဘုရား - ရွာဘုရား ဖြစ်သည်။
၂။ ရှင်မုတ္ထီးဘုရား
ရှင်မုတ္ထီးဘုရားကြီးရှိသောရွာတွင်
ရှိသည်။ ထားဝယ်မှ မြိတ်မြို့သွားလမ်း (၆)မိုင်ကွာ၊
ရှင်မုတ္ထီးရွာကြီး ကားလမ်းနံဘေးတွင်တည်ရှိပါသည်။
၃။ ရှင်တောင့်ပုံဘုရား
ထားဝယ်ခရိုင်၊
သရက်ချောင်းမြို့နယ် မြို့၏အရှေ
့ဘက် မနီးမဝေး တောင်တန်းတွင်
တည်ထားသည်။ ထားဝယ်မြို့မှ
မြိတ်မြို့သွား ကားလမ်း (၁၈)မိုင်
ကွာဝေးသည်။
၎။ ရှင်မျှော်တောင်ဘုရား
ထားဝယ်မြို့မှ မိုင် (၃၀)ကျော်ဝေးသော လောင်းလုံးမြို့နယ်၊ ကောက် ၀ပ်ပြင်ရွာ ၊
(ကျောက်နီမော်တို့ သို့ ကားဖြင့်သွားရသည်။ ထိုမှ
တဆင့် ရှင်မျှော်တောင်ခြေရင်းသို့ မိုင်
(၂၀)ခန့် ရှိသည်။ )
ကြက်လွှတ်ရွာ အထိရောက်ပြီး ၎င်းမှ
တစ်ဆက်တည်း တောင်ပေါ်သို့ (၃)မိုင်ခန့် ကို ကားဖြင့်
တိုက်ရိုက်တက်နိုင်ပြီး
တောင်ထိပ်ရှိ
ရှင်မျှော်တောင်ဘုရားသို့ရောက်ပါသည်။
သားဆုတောင်းပါက
အောင်မြင်ကြကြောင်း သိရပါသည်။ နေ့ ချင်းပြန်
ဘုရားဖူး သွားရောက်နိုင်ကြကြောင်းလည်း သိရပါသည်။
၅။ ရှင်တောက်ထိန်ဘုရား
ထားဝယ်ခရိုင်၊
လောင်းလုံးမြို့နယ်၊
ကမြောကင်းရွာတွင် တည်ရှိပါသည်။
မောင်းမကန်သွား ကားလမ်းမကြီး တံတားကြီမှ
(၁/၂) မိုင်ခန့် မျှရှိရာ ရွာလယ်မှ
လမ်းသွယ် တစ်ဖာလုံခန့် 
ဝင်သွားက ရှင်တောက်ထိန် ဘုရားကို ဖူးတွေ့ ရပါသည်။
၆။ ရှင်ဥသြဘုရားစေတီ
ထားဝယ်မြို့ ၊ ပိန္နဲတောရပ်၊
ရွှေကျောင်းကြီး ကျောင်းဝင်းအတွင်း တည်ရှိပါသည်။
၎င်းဘုရားကို ရွှေတောင်စားမင်းသည် နန်းတော်နှင့် တစ်ပြိုင်တည်း
တည်၍ နန်းဦးဘုရား
ဟုလည်း ဘွဲ့ တော်သသည်။
၇။ ရှင်ဇလွန်ဘုရား
ထားဝယ်မြို့မှ
ကမြောကင်းရွာကိုဖြတ်၍
ခံတောရွာကိုပါ ဖြတ်ကျော်ပြီး ထားဝယ်မြို့မှ
(၇)မိုင်ခန့် ဝေးသော
လောင်းလုံးမြို့နယ်၊ မြိ
ု့ဟောင်းကျေးရွာ (ရှေးအခေါ်) သာဂရမြို့တွင်
တည်ရှိလေသည်။ ထားဝယ်မြစ် အနောက်ဘက်ကမ်းတွင် ရှိသည်။
ရှင်ဇောက ဓာတ်တော်ပွားကို ရရှိပြီး
ရှင်ဇလွန်ဘုရားကို တည်သည်။ “ရှင်ဇလွန် ” ဟု ဘွဲ့ တော်
သသည်။
၈။ ရှင်ဓာတ် ၀ဲဘုရား
ရှင်ဓာတ် ၀ဲဘုရား သည် ထားဝယ်မှ မြောက်ဘက်
ရေးမြို့သွား ကားလမ်း
(၇)မိုင်ခန့်  တွင်ရှိသည်။
ကားလမ်းမကြီးမှ အတွင်းဘက်သို
့ (၂ဖာလုံခန့်  ) ၀င်သွား၍
ဖူးမြော်နိုင်ပါသည်။
ထားဝယ်မြစ်အရှေ့ ဘက် ကမ်းတွင် ရှိသည်။
၉။ ရှင်ဆံတော် (ကလိန်အောင် ) ဆံတော်
ရှင်ဘုရားဟုလည်း ဘွဲ့တော်သသည်။ ဆုတောင်းတိုင်းပြည့်၍ ဆုတောင်းပြည့်
ဆံတော်ရှင်ဘုရားဟုတွင်သည်။
မြောက်ဘက် ထားဝယ်မြို့ မှ
ရေးမြို့ သွား ကားလမ်း
(၄၇)မိုင်ကွာ တွင်
တည်ရှိသည်။
ကလိန်အောင်ရွာကြီးအနောက်ဘက်
ထားဝယ်မြစ်ကမ်းဘေး
တောင်ပေါ်တွင် တည်ရှိသည်။
ရှင်ဆံတော် - ကလိန်အောင်ဆံတော်ရှင်ဘုရားသည် နေ့ကောင်းရက်မြတ်များတွင် တစ်နေ
့တည်း (၂)ကြိမ်
(၃)ကြိမ်အထိ ရောင်ခြည်တော်များ
ကွန့် မြူးလေ့ရှိကြောင်း သိရပါသည်။
ထားဝယ်ရာဇ၀င် အကျဉ်း ပြီး၏။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်