အမှာ

ယခု စာအုပ်တွင် တနင်္သာရီတိုင်း၏ pre history (ခေတ်ဦးကာလ) များကိုသာ ဦးစားပေး ဖော်ပြထားသည့် အတွက် မဖော်ပြဘဲ ကျန်ရှိနေသာ မြို့ဟောင်းများ ပုဂံ ခေတ်အလွန် နှောင်းခေတ်များ၏ သမိုင်းဆိုင်ရာ အကြောင်းအချက်များ များစွာ ကျန်ရှိနေပေသေးသည်။
မြိတ် တနင်္သာရီတို့ အကြောင်း ဆိုပါလျှင် ဤစာအုပ်တွင် စာမျက်နှာ အခက်အခဲကြောင့် ပါသည်ဆိုယုံမျှ အစပျိုး ထားခြင်းသာ ဖြစ်ပါသည်။

အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် စသော ခေတ် များ၌ သမိုင်းဆိုင်ရာ အကြောင်းအချက်တို့ကို ခေတ်ပြိုင် ပြရန် လိုအပ်မှသာ အနည်းအကျဉ်း နှိုင်းယှဉ်ဖော်ပြထား ခြင်း မျှသာ ရှိပါသေးသည်။ စာမူ ရေးထားပြီး ဖြစ်ပါသော် လည်း ဤစာအုပ် တစ်အုပ်တည်းဖြင့် အားလုံးထည့်သွင်း ဖော်ပြရန် စာမျက်နှာအခက်အခဲရှိပါသည်။ ကျွန်တော့်တွင် လည်း ငွေကြေးမတတ်နိုင်သဖြင့် ဖြတ်ချန်ထားလိုက်ရခြင်း ဖြစ်ပါသည်။

တနင်္သာရီတိုင်းသမိုင်း အချက်အလက်များတွင် Pre history အထောက်အထားမျာက ပိုများပြားနေသည်ကို တွေ့ရှိရခြင်းကြောင့် လည်းကောင်း စာသဘောအရ အစအဦးကို ဦးစွာ တင်ပြသင့်သည်က တစ်ကြောင်းတို့ ကြောင့် ကနဦးအနေဖြင့် ထိုအကြောင်းအရာများကို အစီအစဉ်တကျ မဟုတ်သေးသော်လည်း အဆင်ပြေပြေ  ဖတ်မှတ်နိုင်ရန် ရေးထားပြီးသမျှထဲက ကောက်ယူ၍ စီစဉ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ အချို့နေရာများတွင် ရှေ့ကို ရောက်သွားလိုက် အနောက်ကို ပြန်လာလိုက်နှင့် စာများ အစီအစဉ် မကျသည်များ ဖြစ်နေနိုင်ပါသည်။ ဤသည်မှာ လည်း စာဖတ်သူအား နီးနီးကပ်ကပ် နှိုင်းယှဉ် ကြည့်မြင်  သိရှိ နိုင်ရန် ဖော်ပြထားခြင်းကြောင့် ဖြစ်ပါသည်။ တောင် ရေး မြောက်ရေး လျောက်ရေးထားခြင်း မဟုတ်ပါ။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်