ကမြော။ နန်းတောင်
AD-1488 ခုနှစ် ၁၅ ရာစုလယ်တွင် ဝေဒီပျက်ပြီးနောက်
ထိုနှစ်တွင်ပင် ဝေဒီမင်းကြီး စောသီလ၏ သားတော်ကြီး ဘပုသည် ယခု ကမြောရွာ၌ ကမြောမြို့ကို တည်ထောင် အုပ်ချုပ်သည်ဟု ဆိုပါသည်။
ယခုကမြောရွာတွင် နန်းတော်ကုန်း သောက်တော်တွင်း လူသတ်ကုန်း နှင့် တာရိုးများ၏ အမှတ်အသားများ ကျန်ရှိ နေသမျှကို တွေ့နိုင်သေးသည်။
ဘပု တည်သော ကမြောမြို့သည် နန်းသက် ၆ နှစ်သာ ခံသည်။ အကြောင်းမှာ စောသီလမင်း၏ သားတော်ငယ် နန္ဒကာရသည် သက္ကရာဇ် ၈၅၆တွင် နောင်တော်ဘပုအား တိုက်ခိုက် နန်းလုသဖြင့် ကမြောမြို့ ပျက်ရလေသည်။
နန္ဒကာရသည် သာဂရ(ယခုမြို့ဟောင်း)အနီး နန်းတောင် မြို့ကို တည်ထောင်သည်။ ၃ နှစ်သာ ခံသည်။ နောင်တော် ဘပုက ပြန်တိုက်သဖြင့် နန်းတောင်နန်းမြို့ပျက်လေသည်။
သက္ကရာဇ် ၈၅၉ တွင် ဘပုသည် မူလနေရာ ကမြောမြို့ကို ဒုတိယအကြိမ် ပြန်တည်ပြန်သည်။ ၈၆၆ တွင် ဒုတိယ ကမြောမြို့ နန်းပျက်သည်ဟု ရာဇဝင်၌ ဆိုထားသည်။
ရာဇဝင်လာအရ အဆိုတို့ကို ကြည့်သော် ညီနောင်ချင်း နန်း
လုကြသည်။ ညီတော်က နိုင်သည်။ သို့သော် နန်းစိုက်ရာ မြို့အတွက် လုခြင်း မဟုတ်ပါ။ အဘယ်အတွက် လုရ သနည်း ဟူသည်မှာ စဉ်းစားဖွယ်ရာ။ လက်လှမ်းမမှီပါ။ မြေပေါ် အထောက်အထားများလည်း ခေတ်ပိုင်းဖြတ်ရန် မတွေ့ရသေးသဖြင့် ပြောရခက်လှသည်။ မြို့ဟောင်း ဆိုင်ရာ အမှတ်အသားများ ရှိနေသဖြင့် ရာဇဝင်အဆို မှန် မမှန်သာ အတည်ပြုနိုင်ရန် လိုအပ်သည်သာ ဖြစ်ပါသည်။
ကြက်စားမြို့
တတိယ သာဂရမင်းဆက်မှ နောက်ဆုံးမင်း ဖြစ်သော မင်းနဲလှသည် သာဂရမြို့တွင် သီးခြားမင်းပြုနေရာမှ ထားဝယ်မြစ်ကို ဖြတ်ကူး၍ ယခု ထားဝယ်မြို့ကြက်စားပြင် ရပ်နေရာတွင် ကြက်စားမြို့ကို တည်ထောင်ပါသည်။ ကြက်စား ဟူသော စာပါသည့် အုတ်ချပ်ကြီး တွေ့ရှိထား ပါသည်။ AD-1751 ခုနှစ် ဖြစ်သည်။ တလိုင်းရှောင်မြို့ ဟုလည်း ခေါ်သည်။ မြို့သာ (၃) နှစ် အရောက်တွင် ယခု ထားဝယ်မြို့ နေရာသို့ ပြောင်းရွှေ့ မြို့တည်ပါသည်။ ပျက်သည် မဟုတ်ပါ။ AD-1754 တွင် ယခုထားဝယ်မြို့ ခေါ် သာယာဝတီမြို့ကို တည်ထောင်သည်။
ကြက်စားမြို့သည် ယာယီနန်းမြိအဖြစ်သာ တည်ထောင်ခဲ့ ဖြစ်မည်ဟု ယူဆရပါသည်။ ထိုကြောင် ၁၈ ရာစုတွင် အုတ်မြို့ရိုးတို့ကို မတွေ့ရသော်လည်း ကြက်စားမြို့မှ (၁၅"× ၇"× ဒု ၂ ၁/၂) အရွယ်ရှိ အုတ်ချပ်ကြီးများ ရရှိ သဖြင့် အုတ်မြို့ရိုး တည်ခဲ့လေသလားဟု တွေးမိပါသည်။
ထိုအုတ်ချပ်များသည် နန်းမြို့ရိုး အုတ်ချပ်များ မဟုတ်သော် နန်းမြို့တွင်း အဆောက်အဦ တစ်ခုခု၏ အုတ်ချပ်များသာ ဖြစ်ပါမည်။ ကြက်စားမြို့၏ မြို့ကွက်အနေအထားကို မှန်းဆ ၍ မရ နိုင်တော့ပေ။ ပြောင်းလဲလာသည့် မြို့ရွာတိုးတက်မှု ကြောင့် မြို့ရိုးရာ ကျုံးရာများ မတွေ့ရခြင်း ဖြစ်ပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်