ထားဝယ်မှာ ပုဂံမတိုင်ခင်က မွန်တွေ နေသလား
ထားဝယ်တွေ နေသလား ဆိုပြီး အွန်လိုင်းပေါ်မှာ
မွန်လူငယ်လေး တစ်ယောက်က မွန်သမိုင်းတွေကို ရေးသားဖြန့်ဝေနေတဲ့ ကိုဝင်းဘို(မွန်ဝင်းဘို) ကို မေးတယ်
ဒီအခါမှာ ကိုဝင်းဘိုက မွန်တွေ နေပါတယ်လို့ ဖြေပါတယ်။
ဒီဟာက သမရိုးကျ အမှားတစ်ခု အဖြစ် သေးသေးလေးလို့
ရူမြင်နိုင်ပေမယ့် ကျွန်တော်ကတော့ အဲသလိုမမြင်ပါဘူး။
ဒါဟာ ရည်ရွယ်ချက်ရှိရှိ လိမ်တာလို့ မြင်ပါတယ်။ ကျွန်တော် အားမနာပါဘူး။ သူက အထောက်အထားမဲ့ ပြောလို့ ကျွန်တော်က ပြောရတာပါ။ အထောက်အထား မပေးနိုင်ပဲ သမိုင်းကြောင်းကို ပြောလို့ မရပါဘူး။ မိမိ အတ္တနဲ့ စိတ်ထင်တိုင်း ပြောလို့မရပါဘူး။ အကြောင်းတစ်ခုခု ကို ပြောတော့မယ်ဆိုရင် ကိုယ်ပြောတာ မှန်ကန်ကြောင်း သက်သေပြချက် လိုပါတယ်။ အထောက်အထား မပေးနိုင် ရင် ဒါဟာ လိမ်တာပဲ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကနေ ဆိုရှယ်မီဒီယာတွေ သုံးပြီး ဒီလိုတွေ ဝါဒဖြန့် လူငယ်တွေ မသိနားမလည်တဲ့သူတွေကို အမှား တွေ ပြောပြနေတာ ဖြစ်တာကြောင့် ရည်ရွယ်ချက်ရှိရှိ လိမ်တာပါလို့ ကျွန်တော် ပြောတာပါ စွပ်စွဲတာ မဟုတ် ပါဘူး။ ဒီလိုတွေ လုပ်နေတာဟာ အဆိပ်တွေ ဖြန့်ဝေနေ တာပါ။ ဟိုတုန်းကာလက စာအုပ်စာတမ်းတွေ ရှားပါးနေလို့ လက်လှမ်းမမှီလို့ ငွေကြေးမတတ်နိုင်လို့ စသဖြင့် စာဖတ် နိုင်သူ နည်းပါးလှပါတယ်။ အဲဒီအချိန်က ကြိုက်သလိုပြော ဟုတ်တယ်ပဲ ထင်ကြမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကမ္ဘာအဆင့်နိုင်ငံတကာက စာကြည့်တိုက်တွေက စာအုပ် တွေကိုတောင် လွယ်လွယ်ရနေပါပြီ။ လိမ်ဖို့ မလွယ်တော့ ပါဘူး။ လိမ်ပြောရင် အရှက်ကွဲမှာ အသေအချာပါပဲ။
အစက နာမည် ဖျောက်ထားပေးဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် စာတစ်ခုမှာ ရှုသူနဲ့ အရှုခံ ရှိမှ ပြည့်စုံပါတယ်။ နာမည် ဖျောက်ထားလိုက်ရင် ဘယ်သူဘယ်ဝါမှန်း မသိဘူး ဆိုရင် အဲဒီစာက ပေါ့သွားတော့တယ်။ အရှုခံ မပါဘူး ဒါ လိုရာဆွဲပြောတာ ဆိုပြီး ဖြစ်လာပါတယ်။ ဒါကြောင့် နာမည် အတိအကျ ထည့်ပြောထားရတာ ဖြစ်ပါတယ်။ အရှက်ခွဲလိုတာမျိုး မဟုတ်ပါ။
သူ့စကားအမှားက ထားဝယ်တွေအတွက်တော့ ထိခိုက်မှု ရှိပါတယ်။ ဒါကြောင့် ထားဝယ်မှာ မွန်တွေ နေမနေ ဆိုတာ ကို သက်သေအထောက်အထားနဲ့တကွ ပြသပေးဖို့ လိုအပ် လာတယ်။ ဒါကြောင့် ကျွန်တော် မွန်နဲ့ ဆက်စပ်ရာ အချက် တွေကို ထုတ်ရေးထားရတာ ဖြစ်ပါတယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်