မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ ဝေဒပညာဆက်နွယ်မှုမှ မြန်မာအား ဆန်းစစ်ကြည့်ခြင်း



*******************************************************************************************************************************

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကျော ချင်းကပ်နေသလို မျက်နှာချင်းဆိုင်ရင်လည်း နဖူး ချင်းထိလို့မတပ်နီးကပ်စွာ တည်ရှိနေကြတဲ့ နိုင်ငံ တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် တည်စ က တည်းက အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ် အလာတွေ၊ မင်းခမ်းမင်းနားတွေ၊ ပွဲလမ်း သဘင် တွေ၊ ဗိသုကာတွေ နည်းပညာ အမျိုးမျိုးကို ရယူ လက်ခံသုံးစွဲခဲ့ပါတယ်။ တစ်ချို့ဝါဒတွေကို မိမိတို့ ဓလေ့စရိုက်နဲ့ ကိုက်ညီအောင် ပြုပြင်ပြီး သုံးစွဲ ခဲ့တာ တွေ့ရပါတယ်။

ရှေးက ပျူခေတ်၊ ဗိဿနိုးခေတ်မှသည် ပုဂံခေတ်၊ အနော်ရထာမင်းလက်ထက်အထိ အိန္ဒိယ ယဉ်ကျေးမှု နည်းပညာ တော်တော်များများကို လေးလေးစားစား လက်ခံရယူခဲ့ပါတယ်။ ပုဂံမြို့ ပေါ်မှာ ဗိဿနိုးဘုရားကျောင်း ရှိခဲ့ပါတယ်။ အာနန္ဒဘုရား ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကို မြန်မာတို့က အိပ်နေတဲ့ ဘုရားရှိတဲ့ကျောင်း (၀ါ) နတ်လျောင်းကျောင်းလို့ ခေါ်ခဲ့ကြပါတယ်။

ပုဂံခေတ်အစမှ အနော်ရထာမင်း လက် ထက် အထိ လောကီချမ်းသာအတွက် ဆာဒူး တွေကို ကိုးကွယ်ခဲ့ပြီး ဆာဒူးတွေရဲ့ ချယ်လှယ်မှု ကို ခံခဲ့ကြရပါတယ်။ အနော်ရထာမင်း လက်ထက် မှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားလာကာ ဆာဒူးတွေ အစား ဗုဒ္ဓယဉ်ကျေးမှုတွေ တစ်စတစ်စနှင့် ပါဝင် လာကာ မြန်မာ့ယဉ်ကျေးမှုတွေ ပြောင်းလဲလာခဲ့ ပါတယ်။
ဗေဒင်ပညာရပ်မှာလည်း ရှေးကတည်းက အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှ နည်းစနစ်တွေကို ယုံကြည်လက်ခံခဲ့ပြီးမှ မိမိတို့ နည်းနာသို့ ပြောင်းလဲယူသွားခဲ့ပါတယ်။ ဥပမာ မြန်မာအက္ခရာတွေဆိုရင် ဗြဟ္မီအက္ခရာမှ မွေးစားရယူခဲ့တာ ဖြစ်ပါတယ်။ မျဉ်းဖြောင့်မှ မျဉ်းကွေးသို့ ပြောင်းလဲယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာတို့ သုံးစွဲခဲ့တဲ့ သံဒိဋ္ဌ (ဗေဒင်ပြက္ခဒိန် တွေရဲ့ တွက်နည်းတွေဟာ အိန္ဒိယနိုင်ငံမှာ အသုံး ချတဲ့ သူရိယသိဒ္ဓန္တ တွက်ရိုးကျမ်းအပေါ် အခြေခံ ထားတာ တွေ့ရပါလိမ့်မယ်။ မြန်မာ တို့က အိန္ဒိယ နိုင်ငံမှ နည်းနာယူရဲတဲ့နေရာမှာ အထူး သဖြင့် ဘင်ဂေါနယ်ရဲ့ နည်းစနစ်တွေကို လေးလေး စားစား ရယူခဲ့ကြပါတယ်။

မြန်မာဘုရင်တွေလက်ထက်မှာ ဘင်ဂေါ နယ်၊ နော်ဒေါဒီပန် (န၀ဒေသ)က ပဏ္ဍိတ်တွေကို ဖိတ်ခေါ်ပြီး အလုပ်ခန့်အပ်ကာ လိုအပ်တာတွေ စေခိုင်းခဲ့ပါတယ်။ အိန္ဒိယမှ ရှေးဟောင်း ဗေဒင် ပညာစာအုပ်တွေကို ရှေးကတည်းက ပညာရှင် တွေနဲ့ အိန္ဒိယက ပဏ္ဍိတ်တို့ ပူးပေါင်းကာ ဘာ သာပြန်ဆိုလေ့လာခဲ့ကြတာတွေလည်း တွေ့ရပါ တယ်။

ယနေ့ ပစ္စုပ္ပန်ခေတ်အထိ မြန်မာတို့က ဘင်ဂေါနယ်က အသုံးပြုခဲ့တဲ့ ဇာတာပုံစံတွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တောင်ပိုင်း၊ မြောက်ပိုင်း အိန္ဒိယရဲ့ ဗေဒင် ကျမ်းပေါင်း မြောက်များစွာ ရှိပါတယ်။ နည်းစနစ် အသစ် တွေလည်း အများကြီးရှိပါတယ်။ ဘယ်လောက် အသစ်အဆန်းတွေ ပေါများနေပါစေ မြန်မာ ဇာတာ (ရာသီစက်ပုံစံဟာ ယနေ့အထိ ဘင်ဂေါ နည်းစနစ်အပေါ်ပဲ အခြေခံပါတယ်။

မြန်မာ့ဇာတာတွေကို နက္ခတ်စက်၊ ရာသီ စက်၊ ဇနမတာရာစနစ်တွေ အဟောတွေဟာ ဘင်ဂေါပြည်နယ်က ထုတ်ဝေခဲ့တဲ့ ဇနမပတ္တိတာ ဗေဒင်က အခြေခံခဲ့ပါတယ်။ ဗြို့ဟစ်ဇာတက ဗေဒင်ကျမ်းပါ အကြောင်းအရာတွေကို လေးစား စွာ လိုက်စားခဲ့ကြပါတယ်။

ဒီနည်းစနစ်ဟာ အခုမှ သုံးတာမဟုတ်ပါဘူး။ ပုဂံခေတ်က ပုဂံမင်းစိုးကြီး ဘုရား နံရံတွေမှာ ရာသီစက်တွေ ဖော်ပြထားတာ ကို သိခြင်းအားဖြင့် ရှေးမြန်မာတို့ဟာ ဘင်ဂေါ နယ်က နည်းနာတွေကို လက်ခံသုံးစွဲခဲ့တာ တွေ့ရ ပါလိမ့်မယ်။

ရှေးမြန်မာရှင်ဘုရင်နဲ့ အိန္ဒိယက အရှင် ဘုရင်တွေဟာ ဆက်စပ်မှုရှိကြတဲ့အပြင် အိန္ဒိယ နိုင်ငံမှ ပညာရှင်တွေကို ဖိတ်ခေါ်လို့ဖြစ်ဖြစ် အခကြေးငွေ ပေးပြီးတော့ပဲဖြစ်ဖြစ် မြန်မာ့ နန်း တွင်း ဆိုင်ရာ ပညာရှိတွေ ခန့်အပ်တာဝန် ပေးခဲ့တာတွေ အများကြီးတွေ့ခဲ့ပါတယ်။ မြန်မာ ပြည်ရဲ့ အစော ဆုံး ဖြစ်ရပ်တွေထဲမှာ ဘင်ဂေါနယ် ဟာ မပါမနေရ ပါနေခဲ့ရပါတယ်။

စာတတ်ပေတတ် မြန်မာရဟန်းသံဃာတွေရဲ့ မသင်မနေရ စာတွေ ထဲမှာ ပါဠိ၊ မကဓ၊ ဘင်ဂါလီ၊ နာဂလီ၊ သက္ကတ တွေ ပါဝင်ပါတယ်။ သင်လည်းသင်ခဲ့ကြရပါတယ်။ ရှေးဟောင်း ဗေဒင်ကျမ်း၊ ဆေးကျမ်းတွေ အများ ကြီး မြန်မာပြည်ထဲ ရောက်ဖူးပါတယ်။

နောက်ပိုင်း တဖြည်းဖြည်းနဲ့ မြန်မာတို့ဟာ မိမိတို့ကိုယ်ပိုင်မူ ကိုယ်ပိုင်ပုံစံ ကိုယ့်နယ် ပယ် နဲ့ ကိုက်ညီတဲ့ ၀ါဒတွေကို တီတွင်ပြီး အသုံးပြုခဲ့ ကြတာ တွေ့ရပါလိမ့်မယ်။ အခြေခံ ကတော့ အိန္ဒိယယဉ်ကျေးမှု နယ်ပယ်ထဲက အများဆုံး ဖြစ်ပါတယ်။

သိသာထင်ရှားတဲ့ အကြောင်းအရာတစ်ခုဟာ မြန်မာဘုရင်တွေထဲမှာ ကုန်းဘောင် မင်းဆက် ကတည်းက ပဒုံမင်းလို့ အများက သိကြတဲ့ ဘိုးတော်ဘုရား ဦးဝိုင်း လက်ထက်က ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ နီးပါး ထီးနန်းကို ခံစားခဲ့ပြီး အိန္ဒိယထုံးဟောင်း ဓလေ့ တွေကို လေးစားတဲ့ မင်းတစ်ပါး လည်း ဖြစ်ပါ တယ်။

ခရစ်နှစ် ၁၇၈၄-ခုနှစ်က မြန်မာပညာရှိ အဖွဲ့တစ်ဖွဲ့ကို ဘင်ဂေါနယ် (နာဗာဒိပ်)ကို စေလွှတ် ခဲ့ပြီး ဘင်ဂါလီပဏ္ဍိတများကို ဖိတ်ခေါ် စေခဲ့ပါတယ်။ နာဗာဒိပ်မှတစ်ဆင့် ဗာရာဏသီ (ကာချီ)ကို သွားရောက်ကာ ဗာရာဏသီဘုရင်ရဲ့ အကူအညီနဲ့ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ တွက်ရိုး ကျမ်း၊ ဥပဒေ ကျမ်း အပါအ၀င် ကျမ်း ပေါင်း ၃၃၆ ကျမ်းကို ရယူခဲ့ကာ ဒီကျမ်းတွေကို မြန်မာ ဘာသာသို့ ပြန်ဆိုဖို့ ဗာရာဏသီမှ ပဏ္ဍိတ ၈ယောက်ကို စေလွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရောက်တော့ ဘာသာဗေဒ ကျွမ်းကျင်တဲ့ ရဟန်းတွေ ဦးဆောင်ကာ လူပညာ ရှိတွေ နာဗာဒိပ်မှ ပဏ္ဍိတတွေ ဗာရာဏသီမှ ပဏ္ဍိတတွေ ပူးပေါင်းပြီး မြန်မာဘာသာသို့ ပြန်ဆို ခဲ့ပါတယ်။ ကျမ်းအားလုံးဟာ အိန္ဒိယက ရှေးကျမ်း တွေဖြစ်ပါတယ်။
ဥပမာ - ဆေးကျမ်းဆိုရင် မာဏ၀ဆေးကျမ်း၊ ဓန္နျိတြိဆေးကျမ်း၊ အာယုဗေဒဆေးကျမ်းတွေကို ပြန်ဆိုခဲ့ပါတယ်။
ဗေဒင်ကျမ်းဘက်ကဆိုရင် သူရိယသိဒ္ဓန္တ ကျမ်းတွေ လေလာဝတီကျမ်း၊ ဗြို့ဟေဇာတက၊ ဆပဉ္စကဟူးရားကျမ်း၊ ရာဇမတ္တ၊ ဇောတိတတ္တ၊ ကရာမဇိဏ၊ သရောဒယ ဗေဒင်ကျမ်း စသည့် ကျမ်းပေါင်း ၃၀-ကျော်ကို ဘင်္ဂါလီက၊ နာဂရီက၊ သက္ကထက မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ မြန်မာပညာရှင်တွေက လက်တွေ့အသုံးချခဲ့ပါ တယ်။

သရောဒယဗေဒင်ပညာဟာ ခက်ခဲတော့ မြန်မာတို့က အာယုစန်းဗေဒင်ပညာဆိုပြီး တီတွင် အသုံးချခဲ့ကြပါတယ်။ မြန်မာတို့က တီတွင်ဉာဏ် ကောင်းတဲ့အခါမှာ အိန္ဒိယကျမ်းတွေ များစွာကို မြန်မာ့ယဉ်ကျေးမှု မျက်နှာစာမှာ သွတ်သွင်းခဲ့ကြ ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယရဲ့ ရှေးဓလေ့နဲ့ မြန်မာတို့ရဲ့ ဓလေ့တွေဟာ တစ်ခုနဲ့တစ်ခု တူခဲ့ တာ ဖြစ်ပါတယ်။

၁၉၀၄ ခုနှစ်ကဆိုရင် ဘင်္ဂါလီ ဗေဒင်ဆရာ တစ်ဦးဖြစ်တဲ့ ချက်တာဂျီ (ဘီအေ)က မြန်မာနိုင်ငံ မှာ The New Light of Astrology စာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီ ခေတ်က ပညာရှင်တွေ တော်တော် သဘောကျ ကြပါတယ်။

ဇနမ နက္ခတ်အပါအ၀င် နက္ခတ်ကိုးခိုင်၊ နက္ခတ်ခြောက်ခိုင်၊ ကေတုပတကီဒသာ၊ နက္ခတ္တိ တဒသာ၊ ၀ိသောတ္တိရီဒသာ စနစ်တွေကို မြန်မာ ပညာရှင်တွေက လေးလေးစားစား အသုံးပြုခဲ့ကြ ပါတယ်။ ၁၉၄၅-ခုနှစ်နောက်ပိုင်း တိုးတက်တဲ့ မြန်မာဗေဒင်ဆရာအချို့က အန်စီလဟီရီးရဲ့ အိန္ဒိယဗေဒင်ပြက္ခဒိန်ကို ယနေ့အထိပါပဲ။ လူငယ် တွေဟာ လဟီရီးရဲ့ အာယနကို သုံးကြပါတယ်။
၁၉၆၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ကေပီစနစ်စာအုပ်တွေ ရောက်လာခဲ့ပါတယ်။
ဆရာကြီး ဘီဗွီရာမာန်ရဲ့ စာအုပ်တွေကတော့ ၁၉၄၀ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံ ဗေဒင်ဆရာတွေ ဖတ်ခွင့်ရခဲ့ပါတယ်။ ကေပီစနစ် ကို လူငယ်တွေအများဆုံး လေ့လာကြပါတယ်။
၁၉၈၀ ခုနှစ်မှာ မြန်မာ့အရာရှိ တစ်ယောက် က အိန္ဒိယနိုင်ငံမှ ဗေဒင်ကျမ်းပေါင်း တစ်ရာကျော် ယူလာခဲ့ပြီး မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့လို့ မြန်မာဗေဒင်ပညာ တိုးတက်လာခဲ့ပါတယ်။
ထူးခြားတာက ဘင်ဂေါနယ် ကလကတ္တား က ထုတ်ဝေခဲ့တဲ့ ဆရာကြီး ( )ရဲ့ ( )စာအုပ်ကို မြန်မာဗေဒင်မဂ္ဂဇင်းမှာ အခန်းဆက်အဖြစ် ၈နှစ် တိုင်တိုင် ဖော်ပြခဲ့လို့ လူငယ်တွေ ဖတ်ခွင့် ရခဲ့ပါတယ်။ ကြိုက်လည်း ကြိုက်ကြပါတယ်။ မြန်မာဗေဒင် သင် တန်းကျောင်းတွေမှာ သင်တန်းမှူးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ယခုအခါ တိုးတက်တဲ့ စာသင်သား၊ ရဟန်း သံဃာတွေနဲ့ လူငယ်တွေဟာ အိန္ဒိယ နိုင်ငံမှ နောက်ဆုံးထုတ်ဝေတဲ့ စာအုပ်စာတန်း၊ မဂ္ဂဇင်း၊ ဆော့ဝဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာ ကြပါတယ်။ သုတေသန ပြုကြပါတယ်။ အင်တာ နက် ပေါ်လာတော့ မြန်မာလူငယ်တွေက ပိုပြီး လေ့လာဖြစ်ကြပြီး မြန်မာဘာသာစကားသို့ ပြန်ဆို ထုတ်ဝေကြပါတယ်။

ဘယ်လောက်ခေတ်မီတဲ့ နည်းစနစ်သစ်တွေကို လေ့လာနေပါစေ။ ဇာတာပုံစံကတော့ ဘင်ဂေါနည်းစနစ်ကနေ ဘယ်မှရှောင်လွှဲမသွားပါ။ ရှေးကလည်း ဒီအတိုင်းပါပဲ၊ ယခုလည်း ဒီအတိုင်းပါပဲ။ အဲ .. အယူအဆတစ်ခုကတော့ မြန်မာ့နန်း၊ မြန်မာ့ဟန်နဲ့ ကိုက်ညီအောင်ညှိပြီး သုံးကြတာကို တွေ့ရပါလိမ့်မယ်။

အတွက်အချက်မှာ ကွာဟခြင်းမရှိပေမဲ့ ဖလိတအဟော ပညာရပ်ကို သုံးတဲ့နေရာမှာ အိန္ဒိယနဲ့ မြန်မာတို့ဟာ သူ့နည်းသူ့ဟန်နဲ့ လျှောက်လှမ်းနေကြပါတယ်။
အခုလောက်ဆိုရင် မြန်မာနိုင်ငံက နက္ခတ် ဗေဒင်ပညာနဲ့ အိန္ဒိယနိုင်ငံက နက္ခတ်ဗေဒင်ပညာ ကွာဟမှုကို သိလောက်ပါပြီ။ ဒါပေမဲ့ အခြေခံတွေ အားလုံးကတော့ အိန္ဒိယ ဘင်ဂေါပြည်နယ်က နက္ခတ်ဗေဒင် ပညာရပ်ပေါ်မှာ မူတည်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဗေဒင်ပညာဟာ နောင်နှစ် ပေါင်းများစွာအထိ ဘင်ဂေါနယ်က နည်းဟောင်း တွေ ထဲမှာပဲ မှီတွယ်နေအုံးမယ်ဆိုတာ ယုံမှားစရာ မရှိတာ အမှန်ပါ။

#သူရိယသိဒ္ဓန္တ ကျမ်း၏ နောက်ခံသမိုင်း

သူရိယ သိဒ္ဓန္တ ကျမ်း ၏ သက်တမ်းသည် နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်းရှိသော ကျမ်းစာ ဖြစ်သည်။ သို့သော် အိန္ဒိယတို့က ၄င်းတို့၏ ကျမ်းသည် အနှစ် ၅၀၀၀ ရှိပြီဟုပင် ဆိုနေကြပါသည်။ နောက်ဆုံး အထောက်အထားများအရ- မက်ဆိုပိုတေးမီးယား ဒေသ၊ (ယခု အီရတ်နိုင်ငံ) တွင် ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၅၀၀ မှ ၃၀၀၀ ခန့် (လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်) ကာလက တည်ရှိ ခဲ့သော ဆူးမေးရီးယန်း လူမျိုး (ဘေဘီလုံ ခေတ်ထက်ရှေးကျသော လူမျိုးစု) တို့၏ ကျောက်စာ တွင်- ကောင်းကင်မှ နက္ခတ် တာရာ တို့ကို တွက်ချက်မှု များကို တွေ့လာရပါသည်။ ထိုနည်းတူ မာယာ လူမျိုးတို့၏ ပြက္ခဒိန် တွင်လည်း ကောင်းကင် တွက်ချက်မှု များ ပါဝင် နေခဲ့သည်ကို တွေ့ကြရသည်။ နက္ခတ်တာရာ တွက်ချက်မှု ပညာရပ်တို့နှင့် ပါတ်သက်၍- အခြားသော တွေ့ရှိ မှုမှာ- ရှေးဟောင်း ဘေဘီလုံ ခေတ် ခရစ်တော် မပေါ်မီ ဘီစီ ၇၄၇ မှ ၇၃၃ ဘီစီ အထိ အုပ်ချုပ် ခဲ့သော နက်ဘိုနက်စာ အမည်ရှိ ဘုရင် လက်ထက်တွင်- လကြတ်ခြင်း၊ နေကြတ်ခြင်း ကို တွက်ထား ခဲ့သော အချက်အလက်များကို တွေ့ရပြန် ပါသေးသည်။

ထိုဒေသ သည်- လူ့ဘောင် ယဉ်ကျေးမှုတို့၏ ထင်ရှားစွာ ထွန်းကားသော ကာလ ဖြစ်သည် ဟုဆိုရပါမည်။ ဘေဘီလုံ-အင်ပိုင်ယာ၊ ပါရှန်း အင်ပိုင်ယာ စသည်ဖြင့်- အင်မတန် အဆင့်မြင့်သော လူ့ယဉ်ကျေး မှုနှင့် တကွ- နက္ခတ္တ ပညာ သည် ထင်ရှားလာခဲ့ပါသည်။ ပါရှန်း (ယခု အီရန် လူမျိုး) တို့နှင့် အိန္ဒိယ နိုင်ငံ မြောက်ပိုင်း လူမျိုး တို့ ဘာသာ စကားအရ၊ D.N.A စစ်ဆေးမှုများ အရ (အသား အရောင်၊ မျက်လုံးတို့တွင် မြင်နိုင်ပါသည်။)၊

ယဉ်ကျေးမှုများ အရ- ဆက်စပ်မှု ရှိနေကြောင်းကို ရှေးဟောင်း သုတေသန ပညာရှင်များ၊ မျိုးရိုး ဗီဇ ပညာရှင်များ၊ သမိုင်း ပညာရှင်များ သိရှိထား ကြပါသည်။ ဘာသာရေး၊ လူမျိုးရေး ပြဿနာများ အငြင်းပွားဘွယ်ရာ ဖြစ်သဖြင့် - ဤနေရာတွင် ယခုထက်ပို၍ မရှင်းပြ တော့ပါ။

နောက်ထပ်မံ၍လည်း- ခရစ်တော် မပေါ်မီ အနှစ် ၃၀၀- ၄၀၀ ခန့် တွင် မက်ဆိုပိုတေးမီးယန်း ဒေသ (“မက်ဆိုပိုတေးမီးယန်း” ဆို သော ဂရိ စကားသည် - မြစ် ၂-ခု အကြားဟု အဓိပ္ပါယ် ရ၍၊ “တိုက်ဂရစ် မြစ်” နှင့် “ယူဖရေးတီး မြစ်” တို့ အကြားဒေသ ဖြစ်ပါသည်။) တွင် ကောင်းကင်ရှိ၊ နေလ၊ ကြယ်၊ ဂြိုဟ်တို့၏ အနေအထားကို တွက်ချက်သော နက္ခတ္တ ပညာ များ ထွန်းကားမှုများကို ထင်ထင်ရှားရှားတွေ့ လာပါသည်။ ထိုကာလ - နောက်ပိုင်း မှာပင် - အိန္ဒိယတွင် သိဒ္ဓန္တ ကျမ်း တို့ပေါ်လာပါသည်။

အမှန်အားဖြင့်- သိဒ္ဓန္တကျမ်းမျိုး (၁၈) မျိုး အထိ ကွဲပြား သွားသော်လည်း- အိန္ဒိယ တွင် ပေါ်ပေါက် လာခဲ့သော ပါရမီရှင် နက္ခတ်ပညာ ရှင်များ ဖြစ်သည့်- အရိယ ဘတ္တနှင့် ၀ရ ဟိမိရ ဆရာ တို့ မှ အောက်ပါ သိဒ္ဓန္တ ကျမ်း (၅) မျိုး ကိုသာ- ထောက်ခံခဲ့သည်။

၎င်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
• ပေတ မဟာ သိဒ္ဓန္တ
• ရောမက သိဒ္ဓန္တ
• ပေါလိစ္စ သိဒ္ဓန္တ
• ၀ါစိဿ သိဒ္ဓန္တ
• သူရိယ သိဒ္ဓန္တ
အိန္ဒိယ ပြက္ခဒိန် ကျမ်းတို့အဆိုအရ- ခရစ်နှစ် ၆၂၈ တွင် ဗြဟ္မာ ရပ္မတိ အမည်ရှိသော နက္ခတ် ပညာရှင် ထံမှ ကူးယူ၍- ခရစ်နှစ် ၁၆၀၉ တွင် နက္ခတ် ပညာရှိ ဖြစ်သူ ရန်ဃ နာသ မှ ပြုပြင်သည် ဆိုထားပါသည်။

ခရစ်နှစ် ၁၈၅၈-ခုနှစ်တွင် အင်္ဂလိပ် ဘုန်းတော်ကြီး အက်ဘင် နက်ဇာ ဘားဂက်စ် (Ebenezer Burgess) မှ- ၄င်းကျမ်းအား ခေတ်နှင့် လျော်ညီအောင် ဘာသာပြန်ပေးခဲ့သည်။ သင်တန်းသားတို့ အနေဖြင့် စိတ်ဝင်စားပါက Amazon မှ ၀ယ်ယူနိုင်ပါသည်။ ၄င်းကို ခေတ်သစ် သူရိယ သိဒ္ဓန္တ ကျမ်းဟု ခေါ်၍၊ သချာင်္ ပညာရှင်များ အနေဖြင့် နားလည် နိုင်သော စာအုပ် ဖြစ်ပြီး၊ ယခု အိန္ဒိယ တနိုင်ငံလုံး တွင် အသုံးပြုနေပါသည်။ ဟိန္ဒူဘာသာ အားဖြင့်မူ- သူရိယ သိဒ္ဓန္တကျမ်း သည် ဗြဟ္မာ မှ ရေးသား စီရင်သည် ဟုပင် ဆိုထား ပါသည်။ ဆိုလိုသည်မှာ- ၄င်း၏ မူလ ပထမကို မူ မည်သူမျှ သေသေ ချာချာ မသိပါ။

မြန်မာ သက္ကရာဇ် ၁၁၄၀-ခုနှစ်၊ (ခရဇ်နှစ် ၁၇၈၆) ဘိုးတော် မင်းတရား လက်ထက်တွင်၊ အိန္ဒိယပြည် ဗာရာဏသီ မြို.မှ နက္ခတ်ပညာရှင်- ဘ၀ါနိဒင် ဆိုသူသည် သက္ကတ ဘာသာ ဖြင့် ရေးသားထားသော သူရိယ သိဒ္ဓန္တ ကျမ်း ကို မြန်မာပြည်သို့ စတင် သယ်ဆောင်လာခဲ့သည်။ ၄င်း ကျမ်းကို မောင်းထောင် ဆရာတော် ဘုရားမှ ဦးစွာ ဘာသာပြန် ခဲ့သည်။ ထိုသို့ ဘာသာ ပြန်ဆိုခဲ့ပြီး- အနှစ် ၅၀-ခန့် အကြာကာလ-မြန်မာ သက္ကရာဇ် ၁၂၀၃- ခုနှစ်၊ တွင် နာဂရီ ဘာသာဖြင့် ရေးသား ထားသော အခြား သူရိယ သိဒ္ဓန္တ ကျမ်း တစ်စောင် မြန်မာပြည်သို့ ထပ်မံ ရောက်လာ ခဲ့သည်။

(ဤနေရာတွင် တစ်ချက် ဖေါ်ပြလိုသည်မှာ- မြန်မာ အများစု- အနေဖြင့်- ဗေဒင်ကျမ်း၊ အဂ္ဂိရတ် ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း တို့တွင် ပါဌ်ဆင့် တွေ့လျှင်၊ ၄င်းစာများကို ပါဠိစာ ဟု မှတ်ယူ ထားကြ သည်။ အမှန်အားဖြင့် - ဝေဒ ကျမ်းများသည် မြတ်စွာ ဘုရား မပေါ်မီ ကပင် ရှိခဲ့ ၍ - ၄င်းတို့ကို သက္ကတ ဘာသာဖြင့် ရေးသား ထားသည်။ သက္ကတ ဘာသာနှင့် ပါဠိဘာသာ သည် စကား အားဖြင့် များစွာ တူညီသည်။ ပါဠိ ဘာသာသည်- ဗိမ္ဗိသာရမင်း၊ အဇာတသတ် မင်း တို့ တိုင်းပြည် ဖြစ်သည့် “မာဂဓ တိုင်း”တွင် အသုံးပြုသော စကားဖြစ်သဖြင့် “မာဂဓ” ဘာသာ ဟုခေါ်တွင်၍၊ မြတ်စွာ ဘုရား၏ တရားတော် များသည် “မာဂဓ” ဖြင့်သာ ဟောကြားခဲ့ခြင်း ဖြစ်သည်။ “မာဂဓ ဘာသာကို နားလည် သည် ဆိုခြင်းမှာ- တိရစ္ဆာန်များ၏ ဘာသာကို နားလည်ခြင်း ဖြစ်သည်” ဟု အရပ်ပြော ပြောနေ ကြခြင်းမှာ မမှန်ပါ။ ထိုစဉ်က အိန္ဒိယတွင် “မာဂဓ” တိုင်း ၊ “ကောသလ” တိုင်း ၊ စသည်ဖြင့် တိုင်းကြီး ၁၆-တိုင်း ရှိခဲ့ ပါသည်။)

ထိုနောက်မှ- ရောက်လာသော ကျမ်းကို ညောင်ကန် ဆရာတော် ဘုရားသည် မြန်မာ သက္ကရာဇ် ၁၂၂၅- ခုနှစ် ခန့်တွင် မြန်မာဘာသာ သို့ ပြန်ဆိုပေးတော်မူခဲ့သည်။ ထို့နောက်- ထို ညောင်ကန် ဆရာတော် ဘာသာ ပြန်သော ကျမ်း နိသျှ အတိုင်း- ကို မြစ်စဉ် ၀န် ရွှေခဲယဉ်း လှေတော်အုပ် မှ ရှင်းလင်း ၍- လင်္ကာများ ရေးခဲ့ပြီး၊ နောက်တွင် နေမျိုး မင်းလှ ကျော်သူ မှ စကားပြေ အဖြစ် ပြန်လည် ရေးသားခဲ့သည်။ ယခု မြန်မာ နိုင်ငံတွင် အများစု သိထားကြသော သူရိယ သိဒ္ဓန္တ ကျမ်း သည် ညောင်ကန် ဆရာတော် ဘုရား၏ ကျမ်းဖြစ်ပါသည်။ ပညာရပ် တို့၏ မူရင်း၊ ကျမ်းမူရင်း ဆိုရာတွင်-အံ့မခန်း သော သူရိယ သိဒ္ဓန္တ ကျမ်း တွင်ပင်- မူရင်း ဇစ်မြစ် ရှာရ ခက်ပါသည်။ ထို.ကြောင့် - “မိမိတွင် ရှိသော ကျမ်းသည်သာ-မူရင်းကျမ်းဖြစ်သည်၊ မိမိကျမ်းသည် သာ အစစ် အမှန် ဖြစ်သည်၊ မိမိ တတ်မြောက်ထားသည် က, သာ - အမှန်ဖြစ်သည်” ဟု သဘော မထားပဲ- ထိုကျမ်းကို မိမိ ကိုယ်တိုင် ဘယ်ရွေ. ဘယ်မျှ တတ်ကျွမ်း နားလည်သည် ကသာ အဓိက ကျပါသည်။ ထို.ကြောင့်လည်း မြတ်စွာ ဘုရား အနေဖြင့် ကာလာမ သုတ္တန် တွင်- “ငါဘုရား ပြော၍လည်း မှန်သည်ဟူ၍ မယုံနှင့်၊ ကျမ်းဂန်တွင် ပါသော ကြောင့်လည်း မှန်သည် ဟူ၍ မယုံနှင့်၊ ပညာရှိများ ပြော၍လည်း မှန်သည် ဟူ၍ မယုံနှင့် -” စသည်ဖြင့် မိမိကိုယ်တိုင် အမှန်ကို သိအောင် လုပ်စေရန်သာ ဟောကြား ခဲ့သည်ကို သတိပြုကြစေလိုပါသည်။

သူရိယ သိဒ္ဓန္တ ကျမ်း အား၊ ယခုခေတ် လူငယ်တို့ လိုက်စားမည် ဆိုပါက- မသိ နားမလည် သော အခေါ် အဝေါ် အသုံးအနှုန်းများကြောင့်- လွန်စွာ အခက် အခဲတွေ. ရပါလိမ့်မည်။ နောက်ကွယ်က သင်္ချာသဘော ကို နားလည်ရန် ကမူ များစွာ ပို၍ ခက်ခဲ ပါလိမ့် မည်။ ထို့အပြင် မူရင်း သူရိယ သိဒ္ဓန္တ ကျမ်းသည် အိန္ဒိယ နိုင်ငံ ဥဂျိန်း ဒေသ (မြန်မာ အခေါ် ဥဇ္ဇေနီ တိုင်းပြည်) ကို မူတည် တွက် ချက်ထားခြင်း ဖြစ်ရာ- ယခု ကမ္ဘာသုံး စနစ်ဖြစ်သော ဂရင်းနစ်မှ တွက်ချက်မှု နှင့် ကွာခြားမှု ရှိပါ သည်။

ဗေဒင် ၀ါသနာပါသူတိုင်းလည်း သင်္ချာမတော်ပါ။ သင်္ချာ တော်သူတိုင်းလည်း ဗေဒင် ၀ါသနာမပါ-ပါ။ ထို့ကြောင့်လည်း မြန်မာ နိုင်ငံတွင် လက်ရိုးဗေဒင် ကဏ္ဍ မှေးမှိန်ခဲ့ရခြင်း ဖြစ်ပါသည်။ အချို့က သူရိယ သိဒ္ဓန္တ ကျမ်းကို ကျောက်ခေတ်က ကျမ်း၊ မတိကျတော့သော ကျမ်းဟူ၍ ပြောဆို နေကြ သော်လည်း ကျွန်တော့် အမြင်တွင် ဤကျမ်းသည် လွန်စွာအဆင့်မြင့်သော ကျမ်းဖြစ်ပါသည်။ ကာလကြာမြင့်ခြင်း၊ နောက်ကွယ်မှ သဘောတရား နားလည်ရန်ထက် တွက်ချက် ပုံ၊ တွက်ချက် နည်း ကို သာခက်ခဲစွာ လက်ဆင့်ကမ်း ခဲ့ကြရခြင်း၊ အပေါင်း အနှုတ်ကို လက်ဖြင့် ချပေါင်း ချနှုတ် ပြုလုပ် ခဲ့ကြ ရခြင်း တို့ကြောင့် ယခုခေတ် သိပ္ပံနည်းဖြင့် တွက်ချက်မှု များလောက် တိကျမှု မရှိသော်လည်း အလွန်အဆင့်မြင့်သော ပညာ ကျမ်း ဖြစ်ပါသည်။ ထိုကျမ်းကို မျိုးရိုးအလိုက်- ထိမ်းသိမ်း လေ့လာ ခဲ့သူ ပညာရှင် များ သည်လည်း- ရှေးပညာရပ် ကို ထိမ်းသိမ်း သူများ ဖြစ်သော ကြောင့် ကျေးဇူး ကြီးမားလှ ပါသည်။ ထို့ကြောင့်လည်း ခေတ်မှီ သူရိယ သိဒ္ဓန္တ ကျမ်းကို ကွန်ပျူတာ နည်းပညာ အကူအညီ ဖြင့်- ပြုစုပေး၍ မြန်မာ ပြက္ခဒိန် အကြံပေး ခြင်းကို စိတ်ဝင်စားသည့် ပညာရှင်၊ ၀ါသနာရှင် သုတေသီများကို ဖိတ်ခေါ် အပ်ပါသည်။

ကောက်ကိန်း ဇယားကို အသုံးပြု၍ တွက်ချက်ခြင်း

ကောက်ကိန်း ဇယားကို အသုံးပြုကြရာတွင်- သံဒိဋ္ဌ ဂြိုဟ်သွား ပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း ဇယားတို့ကို အသုံးပြု ခြင်း ဖြစ် သည်။ ကောက်ကိန်း ဇယားကို အသုံးပြု၍ တွက်ချက် တော့မည် ဆိုပါက-အောက်ပါတို့ကို သိထားသင့်ပါသည်။

သံဒိဋ္ဌ ပြက္ခဒိန် အမျိုးအစား

သံဒိဋ္ဌ ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း ဇယားတို့တွင်- အုပ်စုခွဲကြည့်ပါက- အောက်ပါအတိုင်း တွေ့ကြရပါမည်။
နိယာယန မူ နှင့် သာယန မူ ဟူ၍လည်းကောင်း။
နေ့လည် ၁၂-နာရီ ကို မူတည် ၍ တွက်ချက် ထားသော ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း၊ ည- ၁၂-နာရီ ကို မူတည်၍ တွက်ချက် ထားသော ဂြိုဟ်သွားပြက္ခဒိန် နှင့် လဂ်ကောက်ကိန်း၊ တို့ ဟူ၍ လည်းကောင်း ရှိနေ ပါသည်။

ထင်ရှားသော ဂြိုဟ်သွားပြက္ခဒိန် များမှာ- လာဟိရိ ဂြိုဟ်သွား ပြက္ခဒိန်၊ ရာဖီ ဂြိုဟ်သွား ပြက္ခဒိန်၊ အမေရိကန် ဂြိုဟ်သွား ပြက္ခဒိန် နှင့် မြန်မာ နိုင်ငံတွင်- ဆရာကြီး ဦးဗိုလ်ထွေး၊ ဆရာကြီး ဦးဗိုလ်ထွေး ၏ သားများ ထုတ်ဝေသော ဂြိုဟ်သွား ပြက္ခဒိန်များ၊ ဆရာ ကာလာစန် ထုတ်သော ဂြိုဟ်သွား ပြက္ခဒိန်များ၊ နှင့် အိန္ဒိယ တွင်မူ- သက်ဆိုင်ရာ ဒေသ အလိုက် “ပန်ချန်း” ခေါ် ဂြိုဟ်သွားပြက္ခဒိန် များ ဖြစ်ကြသည်။
“ပန်ချန်း” ဟူသော အသုံးအနှုန်းသည်-
“ပဉ္စင်္ဂ” တနည်းအားဖြင့် (“ပဉ္စ” + “အင်္ဂ”= ငါးပါး သော အင်္ဂါ) အင်္ဂါ (၅) ပါး ကို ကိုယ်စားပြုထားသော အဓိပ္ပါယ် ဖြစ်ပါသည်။ ထိုအင်္ဂါ (၅) ပါးတို့မှာ-
ဝါရ- နေ့ရက်များ (တနင်္ဂနွေ၊ တနင်္လာ. .. စသည်တို့)
တိထီ- အလွယ်အားဖြင့် လဆန်း၊ လဆုတ် အနေအထားရက်များ (အရပ်သုံး ပြက္ခဒိန် နှင့် မတူပါ။)
နက္ခတ် - (အာသာဝဏီ- အစ ရေ၀တီ အဆုံးနက္ခတ်များ)
ယောဂ- ဂြိုဟ်တို့၏ ပူးယှဉ်နေမှုများ။
ကာရဏ - (တိထီ၏ တစ်ဝက်တာ- ကာလများ)
တို့ဖြစ်ပါသည်။

#သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်း ခေါ် ခောတ်သစ်သချာင်္ဘာသာ၏ ဇစ်မြစ်

ရှေးဟောင်းအိန္ဒိယမှ ဘုရားမပွင့်မီကတည်းက ပေါ်ထွန်းခဲ့သည့် သူရိယသိဒ္နန္တ(Surya Siddhanta) ကျမ်းမှ Algorithm များဖြစ်ကြောင်းသိရှိလာခဲ့ရသည်။ အကျိုးအမြတ် တစ်ခုကတော့ ရာသီ၊နက္ခတ်၊ပြက္ခဒိန် များအကြောင်း နဲနဲလောက် ပိုမိုသိရှိလာခဲ့ ရ တာပဲဖြစ်ပါသည်။

အပိုင်း (၂) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်