ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ

ရှေးတရုတ်နှင့် ကျွန်တော်တို့ပျူ
*****************

ပျူ သမိုင်း နဲ့ ပက်သက်လာရင် တရုတ်မှတ်တမ်း တွေက ပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် အများဆုံး ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ဘူး ထင်တယ်

တရုတ်တွေဟာ ပျူ တွေနဲ့ ပက်သက်ပြီး ၃ ရာစု နောက်ပိုင်းကနေ စတင်ပြီး အတိအကျ  မှတ်တမ်း တင်လာတာကို တွေ့ရတယ် ဒီထက်စောတာ မတွေ့ရဖူးသေးပါ ရှိကောင်း ရှိနိုင်ပါတယ်

AD- ၃-၄ ရာစု ကြားထဲမှာကိုပဲ ပျူတွေ အကြောင်း အတိအကျ မှတ်တမ်းတင် ထားတဲ့ ကျမ်း လေးကျမ်း ရှိတယ်လို့ သိရတယ် ဒါပေမယ့် ယခုအချိန်မှာ သုံးကျမ်းက ပျောက်နေပြီး တစ်ကျမ်း ပဲ တွေ့ရတော့တယ် လို့ တရုတ်ရှေးဟောင်း သမိုင်း ကို ဘာသာပြန်ရာမှာ ဆရာကျလွန်းလှတဲ့ ဦးရည်စိန် က ပြောပါတယ်

ပျောက်နေတဲ့ ကျမ်းသုံးကျမ်းထဲက ပျူတို့ဒေသကို ထူးခြားစွာ ဖော်ပြထားတဲ့ ကျမ်းနာမည်က ဝေ့ပြည် ထောင် သမိုင်းအကျဉ်း လို့ခေါ်ပါတယ် ပျောက် နေတာကို ဘယ်လိုသိတာလဲ မေးစရာ ရှိတယ်
သိရပုံက AD-၅ ရာစုမှာ တရုတ်သမိုင်းပညာရှင်
ဖေယင်းက သုံးပြည်ထောင်ခေတ် သမိုင်းမှတ်တမ်း ကို မှတ်စုထုတ်ပေးတဲ့အခါမှာ ဝေ့ပြည်ထောင် သမိုင်း အကျဉ်းလာ အနောက်ဘက်မျိုးနွယ်စု အခန်းကို မှတ်စုထုတ် ပေးခဲ့လို့ ဒီကျမ်း ရှိတယ်လို့
သိရပါတယ် ဒါပေမယ့် အခုတော့ ပြန်တွေ့ပြီလား မတွေ့သေးဘူးလား ဆိုတာ မသိပါဘူး

အနောက်ဘက်မျိုးနွယ်စုများ အခန်း ကို မှတ်စု ထုတ်ထားရာမှာ ပါတာတွေကို ပြောရရင်  နိုင်ငံ အမည်ကို ဖန်ယွဲ့နိုင်ငံလို့  ခေါ်တယ် ထိုနိုင်ငံကို ဟန့်ယွဲ့ဝမ် လို့လဲ ခေါ်တယ် ဟိန္ဒူနိုင်ငံရဲ့ အရှေ့ တောင် ဘက် လီပေါင်း သုံးလေးငါးထောင် အကွာ မှာ ရှိ တယ် ယူနန်နယ်နဲ့ နီးကပ်တယ် အဲဒီ ဒေသက လူတွေက အရပ်ပုပြီး တရုတ်တွေနဲ့ ဆင် တူတူ ရှိတယ် စီချွမ်နယ်မှ ကုန်သည်များ ထိုဒေသ သို့ ရောက်ခဲ့ တန်ရာသည် လို့ ရေးထားပါတယ်

ဟိန္ဒူ နိုင်ငံဆိုတာ အိန္ဒိယ ကို ပြောတာပါ အရှေ့ တောင်ဘက်မှာ ရှိတယ် ယူနန် နယ်နဲ့လဲ နီးတယ်
ဆိုထားတော့ ရှေးဟောင်း ပထဝီ အနေအထားအရ တိုက်ဆိုင် စီစစ်ကြည့်တဲ့အခါမှာ တရုတ်နဲ့ အိန္ဒယ ရဲ့ ကြားမှာ ရှိတာ ယနေ့လိုပဲ မြန်မာနိုင်ငံ ခေါ် ရှေးဟောင်း ပျူ နိုင်ငံ ကို ဆိုလို တာက ထင်ရှားပေါ် လွင်နေတယ် ဒါက ငြင်းဖို့ရာလဲ မရှိဘူး ထင်ပါတယ်
ပျူနိုင်ငံကို ခေါ်တယ်ဆိုရင် ပျူ လို့ ရေးမှာပေါ့ ဘာကြောင့် ဖန်ယွဲ့ ဆိုပြီး ခေါ်ရတာလဲ လို့ စောဒဂ တက်လာနိုင်တယ် စောဒဂ မတက်ပဲ ငြိမ်နေမှာကို ပဲ စိတ်ပူရတယ် တက်စေချင်တယ် တက်မှ ရှင်းလို့ ရမှာကိုးဗျ

လောလောဆယ်တော့ စောဒဂ တက်သည်ဖြစ်စေ မတက်သည် ဖြစ်စေ အကုသိုလ်ကတော့ ရှင်းရမှာ ပါပဲ ရေးမိပြီကိုးလေ

ဖန်ယွဲ့ ဆိုတဲ့ ရှေးဟောင်း တရုတ်စကားက ဘာလဲ သိဖို့ လိုလာတယ်

ဖန် ဆိုတဲ့ စကားလုံးရဲ့ ရှေးဟောင်း အသံထွက်က
B'uan လို့ ထွက်ပါတယ် ဒီအသံထွက်က ဘယ်က လာသလဲ ဆိုရင် သက္ကဋဘာသာကနေ လာတယ်
သက္ကဋဘာသာ Brahma (ဗြဟ္မာ) Brah (ဗြဟ်) ဆိုတာကို အသံလှယ်ထားတဲ့ စကား ဖြစ် ပါတယ် တနည်းပြောရင် Brahma ရဲ့ အကျဉ်း အတိုကောက် ရေးထားတဲ့ စာပါ ဒါကို ရှေးတရုတ် စာကလုံး ဖန် ဆိုတဲ့ ဝေါဟာရနဲ့ ဖော်ပြတယ် ဒီ နေရာမှာ တူတာလေး တစ်ခု သတိထားမိတယ်
ရှေးဟောင်း မွန်ဝေါဟာရထဲမှာ တွေ့ရတာပါ အညွှန်းပေးပါမယ် စစ်ကြည့်နိုင်ပါတယ် ၁၉၆၁ ခု ထုတ် သမိုင်းတံခွန် အတွဲ-၂ စာ-၃၁၈ မှာ ပြထား တာက ဒီဝေါဟာရကို ရှေးမွန်စာမှာလည်း Bran/Brum ဆိုပြီး ပြထားတာပါ တူနေတယ် တရုတ်ဆီ က ယူပြီး မွေးစားတာလား ဒါမှမဟုတ် သက္ကတ ကို ပဲ အသံလှယ်ထားတာလား ဆိုတာကိုတော့ အကုသိုလ်လည်း မပြောတတ်သေးပါဘူး စီစစ် ကြည့်ပါဦးမယ် လို့သာ ဆိုင်းငံ့မေတ္တာစာနဲ့ ဆိုထား ပါရစေဦးလို့…

ယွဲ့ ဆိုတဲ့ စကားလုံးရဲ့ ရှေးဟောင်း အသံထွက်က
Vat/Vad လို့ ထွက်တယ် ဒီစကားလုံးကိုတော့ ဒီနေ့အထိ ဖူကျန်ပြည်နယ်သားတွေ ဒီအတိုင်းပဲ အသံ ထွက် ပြောဆို သုံးစွဲနေဆဲပါပဲ တရုတ် ဘာသာ ကျမ်းဂန်အချို့မှာ သက္ကတဝေါဟာရ Vastu ကို အသံလှယ်လိုတဲ့ အခါမှာ ဒီစာလုံးကို သုံးပါတယ် ဥပမာ ကပိလဝတ် ဆိုရာမှာ ဝတ် ဆိုတာကို အဲဒီ စာလုံးနဲ့ အသံလှယ်ပါတယ်

ဒါကြောင့် ဖန်ယွဲ့ ဆိုတာကို သက္ကတဘာသာ Brahma Vastu ဒါမှမဟုတ် ပါဠိဘာသာ Brahma Vatthu (ဗြဟ္မာ ဝတ္ထု) ဆိုတာကို အကျဉ်းချုံး အသံလှယ်ထားတယ် ဆိုတာ သိရပါ
တယ် မြန်မာလိုနဲ့ အတည့်ပြန်ရန် ဗြဟ္မာ့ဝတ် လို့ ခေါ်တယ် ဒါပေမယ့်လို့ ဒီနေရာမှာ Vastu ဆိုတာ ကို ဝတ္ထု (ဝတ်) လို့ မသုံးပဲ  Desa (ဒေသ) ရဲ့ အစား အခြားအနက်အနေနဲ့ သုံးတယ် လို့ ယူဆ နိုင်စရာ အချက်ကလဲ ရှိတယ် ဘာကြောင့်လဲ ဆိုတော့ ဘင်္ဂလားနယ်သားတွေဟာ မြန်မာနိုင်ငံကို
Brohmadesh လို့ ဒီနေ့အထိ ခေါ်နေကြသေး လို့ ပါပဲ

မြန်မာဆိုတဲ့ နာမည်ဟာ Brahma Vastu/Vatthu ,Brahma Desa ဆိုတာကနေ လာ
တာပါလို့လဲ ပြောချင်ပြောနိုင်တယ် အတူတူပါပဲ အခြား သမိုင်းဆရာတွေ သက်သေပြထားတာနဲ့ မတူတာသာ ရှိချင်ရှိမယ် အနက် ဝေါဟာရ ပြောင်း လဲလာတာ အသံပြောင်းလာတာ စတာတွေဟာ ဒီဘောင်ထဲကနေကို မထွက်တာပါ ထွက်လို့လဲ မရ တဲ့ဟာ ဖြစ်နေတာပါ ခိုင်မာတဲ့ အချက်အလက်က
မူလ ပင်မ ဖြစ်နေတာကြောင့်ပါပဲ

နောက်ထပ်  ဟန်ယွဲ့ဝမ်  လို့လဲ ခေါ်တယ် လို့ ဆိုထား တာကို သိဖို့ လိုပါတယ်

ဟန့်ယွဲ့ဝမ် ဆိုတာ ဘာလဲ

ဟန့်ယွဲ့ဝမ်ဆိုတာ ဟန်ယွဲ့မင်း ကို ပြောတာ ဟန့် ဆိုတဲ့ တရုတ် စကားက ဖျောင် Piao (Piu) ဆို တဲ့ စာလုံးနဲ့ ဆင်တူရိုးမှား ဖြစ်လို့ စာမူ အဆင့်ဆင့် ရေးကူးကြရာမှာ စာကူးတာ မှားခဲ့ကြတာကို တွေ့ ရတယ် ဘယ်လိုသိရလဲ ဆိုရင် AD-၄ ရာစု အလယ်မှာ ပြုစု ရေးပြီးခဲ့တဲ့ သမိုင်းကျမ်း တစ် စောင်မှာ ဖျောင်ယွဲ့ Piaoyueh လို့ အတိအကျ ထင်ထင်ရှားရှား ရေးထားတာ တွေ့ရလို့ပါပဲ  အဲဒီ ဖျောင်ယွဲ့ ဆိုတာ ပျူ ဒေသ ဆိုတာကို အသံလှယ် ထားတဲ့ ဝေါဟာရ ဖြစ်ပါတယ် 

AD-၃-၄ ရာစု အတွင်းမှာ ရှေးတရုတ်တွေ  မှတ် တမ်းတင်ခဲ့တဲ့ ပျူဒေသ ဆိုတာ ဗိဿဏိုး ကို ဆို လိုတာ လို့ ပြောနိုင်ပါတယ် အကြောင်းကတော့
AD-၁ ရာစုမှာ ဗိဿဏိုးဟာမြို့ပြတည်ထောင်ပြီး
ဖြစ်တယ် ဆိုတာ သုတေသန စစ်ဆေးတွေ့ချက် အရ အခိုင်အမာ အကုသိုလ်တို့ သိထားကြပြီး ဖြစ် လို့ပါပဲ

အံ့သြစရာကောင်းလောက်အောင်ပါပဲ ဝေ့ပြည် ထောင် သမိုင်းအကျဉ်းလာ ပျူဒေသ အကြောင်းနဲ့  ထပ်တူ မှတ်တမ်းတစ်ခုကတော့ Bc ၉၀ ခုနှစ် မှာ ပြုစုပြီးစီးတဲ့ (ရှိရ်)  ကျိ သမိုင်း မှတ်တမ်းပါ

ဒီမှတ်တမ်းမှာ ပြထားတာအရ
တာလီဒေသ၏ အနောက်ဘက် မိုင်သုံးရာကျော် (တရုတ်စကားနဲ့ ဆို လီတစ်ထောင်ကျော်) အကွာ မှာ ဆင်စီးနိုင်ငံ ရှိကြောင်း သိရတယ် တီး-ယဲန့်ယွဲ့ လို့ ခေါ်တယ် ရှုနယ်က မှောင်ခိုကုန်သည်များ ထိုဒေသကို ရောက်ခဲ့ တန်ရာ၏ လို့ ပြောထားတယ်

ဒီမှာ မေးစရာက ကျိ သမိုင်း မှတ်တမ်း ပြုစုသူ နန်းတွင်း သမိုင်းဆရာ စီမာချီး-ယဲန်က ဘာကို အထောက်အထား ပြုပြီး ရေးခဲ့တာလဲ ဆိုတာပါ

ဒီအတွက် အဖြေက သူ့မတိုင်ခင် BC ၁၂၂ နှစ်မှာ ကျန်ချီးယဲန် က သူ့ သံခရီးအပြန် အနောက်
ဘက်တစ်ခွင်အတွေ့အကြုံ မှတ်တမ်းကို ဧကရာဇ် ဝူ ထံ အစီရင် ခံခဲ့တာ ရှိပါတယ်

အင်း တိုတိုပဲ လိုရင်း ဖြတ်ပြောကြပါစို…
သူက ဝူဘုရင်ကို အိန္ဒိယ ဆိုတာ မိုင်ခုနှစ်ရာခန့် တွင်မို့ သိပ်မဝေးကြောင်း ပိုးထည်ကောင်းများ ထွက်ကြောင်း ကုန်သွယ်နိုင်ရန် အိန္ဒိယကို ကျော်ပြီး ဗက်တြိယာ့သို့ လမ်းဖောက် စေလိုကြောင်း ပြောတယ် ဗက်တြိယာ့ ဆိုတာ အခု အာဖင်ဂန် နင်စတန်မြောက်ပိုင်းကို ပြောတာပါ ရှေးဟောင်း ပထဝီမြေပုံကျမ်း အရ သိရပါတယ်

ဒီလို လျောက်တဲ့အခါ ဘုရင်ကလည်း စိတ်ဝင်စား တယ် ဒါနဲ့ BC  ၁၁၀ မှာ ဝမ်ရီယွမ် တို့ လူဆယ်ဦး ကျော်ပါတဲ့ အဖွဲ့ကို (ဘယ်မျှကျော်သည် ကို မသိ ရပါ ၉၉ အထိ ဖြစ်နိုင်) လမ်းလေးလမ်းခွဲပြီး
ဗက်တြိယာ့ ကို လမ်းဖောက်နိုင်မယ့် လမ်းကြောင်း ကို ရှာခိုင်းခဲ့ပါတယ်

အပိုင်း(၂)

ဝမ်ရန်ယွီ တို့ လူစုဟာ တောင်ဘက်မှာရှိတဲ့ တီး-ယန် နိုင်ငံ (ယူနန် နယ် အရှေ့ပိုင်း) မှာ ပြန်ဆုံမိကြ
တယ်

တီး-ယန် နိုင်ငံက လော်လော် မျိုးနွယ်စုတွေဟာ ပျူ မြန်မာတွေနဲ့ လူမျိုး ဘာသာစကားအားဖြင့် နှီးနွယ်တဲ့ လူမျိုးစုတွေ ဖြစ်တယ်လို့ ဆိုပါတယ်
မင်း ဖြစ်သူ ချန်-ချီးအန်းက အနောက်ဘက်ကို လမ်းပေါက်အောင် ဆောင်ရွက်ရာမှာ ကူညီမယ်လို့
ကတိပြုတယ် ဒါပေမယ့်လို့ လမ်းမဖောက်နိုင်ဘဲ တန့်နေခဲ့ရတယ် အကြောင်းကတော့ တာ့လီ ဒေသ ထဲရှိတဲ့ ထိုင်းမျိုးနွယ်စုရဲ့ အရှင်ဖြစ်သူက ပေးမသွား ဘဲ ချုံခိုတိုက်ခိုက်နေကြလို့ပါပဲ ဒါနဲ့ပဲ နေပြည်တော် ချန်အန်းကို ပြန်သွားကြရတယ် ပြန်အစီရင်ခံပြန်တယ်

နန်းတွင်းသမိုင်းဆရာ စီမာချီး-ယဲန့်က ဝမ်ရန်ယွီ တို့
အစီရင်ခံစာကနေ ကူးယူပြီးရေးတယ်

သမိုင်းစာမူတွေ အဆင့်ဆင့်ကူးကြရာမှာ ဆင်တူရိုး မှား ဝေါဟာရတွေ မှားပြီး ရေးလာကြတာကိုလည်း တွေ့ရတယ် ဟန့်မင်းဆက် နှောင်းခေတ်သမိုင်းမှာ
ဖန်ယွဲ့ ဆိုတာကို ဖန်ချီဆိုပြီး ရေးလာတာ မျိုးပါ ဒါပေမယ့် လျန်မင်းဆက် သမိုင်းမှာကျတော့ ဖန်ယွဲ့ လို့ ပဲ ပြပါတယ်

ဒီက အကြောင်း ချုံ့ပြောရင် BC ၁၂၂ ကတည်းက တရုတ်တွေဟာ မြန်မာ အိန္ဒိယ တို့ကို ကျော်ပြီး အာဖင်ဂန်မြောက်ပိုင်း အထိ ရောက်ခဲ့တာ သိရတယ် စီချွမ်ကုန်သည်တွေ ကြိမ်ဖန်များစွာ ပျူ ဒေသကို ဖြတ်သန်းသွားလာ ဖူးတယ်ဆိုတာ သိရတယ် တရုတ်တွေက AD-၃ ရာစုလောက်မှာ ကတည်းက ပျူကို ဗြဟ္မာလို့ ခေါ်တာ သိရတာ ပျူ နိုင်ငံဟာ အိန္ဒိယနဲ့ ယူနန်နယ်ကြားမှာ ရှိတယ် ဆို တာ အတိအကျ သိရ တယ် ကုန်သွယ်လမ်းမဟာ နောက်ပိုင်းမှာ ဖောက်လုပ် နိုင်ခဲ့တာကို BC ၃ ရာစု မတိုင်မီကတည်းက ကူးသန်း သွားလာနေတဲ့ ကုန်းလမ်း ရှိတယ် ဆိုတာကို သိထားကြ ပြီးမို့ အောင်မြင်ခဲ့တယ် လို့ ဆိုရင် ငြင်းလို့မှ မရလေဘဲ လေ

နောက်တစ်ချက် ထပ်သိရတာကတော့ ပျူတွေဟာ BC- 122 မှာ မြို့ပြနိုင်ငံ ဖြစ်နေပြီ ဆိုတဲ့ အထောက်အထားကို ကျိ သမိုင်းမှတ်တမ်းက အသိပေးလိုက်ခြင်းပါပဲ ကိုယ့်နိုင်ငံက ရေးတဲ့ မှတ် တမ်း မဟုတ်လို့လဲ ဒီကောက်ချက်ကို အကုသိုလ်
ရဲရဲချရဲတာပါ ငြင်းချင်ရင် ကျိ သမိုင်း မှတ်တမ်း ဒါမှ မဟုတ် သံအမတ်ရဲ့ အစီရင်ခံစာကို သွားငြင်းကြ
ချေ အထောက်အထား လိုပါသလား ပေးပါမည်
စိတ်ဒုက္ခတော့ လာမပေးပါနဲ့ ဖင်ပိတ်ငြင်း ငရစ်များ ကိုတော့ အင်မတန် လန့်ပါသည် စိတ်ညစ်လွန်းတာ အပြင် အချိန်လည်း ကုန်လို့ပါ

ထပ်မံ တွေးမိသည်ကား Bc -၁၂၂ ခု က တည်း ကတည်း က မြို့ ပြအဖြစ် တည်ရှိနေ ပြီ ဆိုလျှင် ဗိဿဏိုး မြို့ တည်ခဲ့သည့် အချိန်ကို ရာဇဝင်ကျမ်းလာ များနှင့်ပြန်လည် ညှိနှိုင်း စီစစ် ရ ပေတော့မည် သမိုင်းခေတ်ပြိုင်အားဖြင့် မှတ်တမ်း
ရှိနေပြီ ဖြစ်ရာ ရာဇဝင်နှင့်ညှိ၍လည်း အမှား မတွေ့ နိုင်ဟု မြင်မိပါသည်

ထားပါဦးစို့ …
ဒီအကြောင်း နောက်ပိုင်းမှ ဖော်ပြပါမည်

AD- ၃ ရာစု နောက်ပိုင်း တရုတ်တို့ အတိအကျ မှတ်တမ်းတင်လာခဲ့တဲ့ တရုတ်သမိုင်းကျမ်း တွေကို လေ့လာချင်ရင်

၁။ The Outline History OF Wei State
(AD-220-25)
ဝေ့ပြည်ထောင် သမိုင်းအကျဉ်း

၂။ The Gazetteer Of The South West Region
အနောက်တောင်ဘက်ဒေသ ဦးဆောင်းကျမ်း

၃။ နန်းကျုန်းဒေသ အုပ်ချုပ်ရေးနှင့် ရှစ်နယ် ဦးဆောင်းကျမ်း

၎။ ဟွာယံဒေသသမိုင်း

တို့ကို လေ့လာ စီစစ်နိုင်ပါတယ် အဲဒီကျမ်းတွေကို ချေဖျက်ချင်လဲချေဖျက်နိုင်ပါတယ်

ဒါပေမယ့်လို့ ကျမ်းလေးကျမ်းလုံးကိုတော့ ငြင်းလို့
ရတော့မယ် မထင်ပါ ရှာတွေ့ဖို့ကိုပဲ အတော် အား ထုတ်ကြပါဦးလို့ ဆိုရမယ့် အနေအထားပါ တရုတ် သမိုင်းတွေ နှံ့စပ်ပါတဲ့ ဦးရည်စိန် ကတော့ ဝန်ခံ ထားပါတယ် သူတောင် စွယ်စုံကျမ်းတွေ ဘာတွေ
မှာပါတဲ့ တိုတိုထွထွာမှတ်စုတွေကနေ တစ်ဆင့် ဒီကျမ်းတွေ ရှိတာ သိရတာပါတဲ့ သိထားပါ ဦးရည်စိန်တို့ ခေတ်တွင် ရှာမတွေ့လေတိုင်း ယနေ့ ခေတ်တွင် မရှိဟုတော့ မထင်လိုက်ပါနဲ့ အကုသိုလ် တို့က အတော်အသင့် ကောင်းတဲ့ ခေတ်မှာ လူ ဖြစ် နေရတာပါ ဂိုဂယ်ရှိတယ် ရှာပါ ရှိတယ် ဟွာယံ ဒေသသမိုင်းကတော့ လွယ်လွယ်ရပါမယ် ကျန်တာ
ကတော့ သင့်အားထုတ်မှု အပေါ် မူတည်ပါတယ် ရှိတယ် လို့ယုံပြီး ရှာပါ တွေ့ပါလိမ့်မယ်

နောက်ထပ် အဲဒီထက်နဲနဲနောက်ကျတဲ့ မှတ်စုကျမ်း က သုံးပြည်ထောင်သမိုင်းကျမ်း ဖေးယင် ရဲ့ မှတ်စု
ဒါလည်းရှိပါတယ်

ပျူသမိုင်းအတွက် အရေးကြီးတဲ့ ရှေးဟောင်း တရုတ် မှတ်တမ်းပါ ဝေါဟာရ အချို့ကို ဆက်ပြော ပါမယ်

Ti'en Chu ထီး-ယဲန်ကျူ (Tian Zhu)  ဒီတရုတ်ရှေးဟောင်းဝေါဟာရက အိန္ဒိယ ကို ဆိုလို ပါတယ် ဟိန္ဒူစကားကို အသံလှယ်ထားတာပါ

မိုင် နဲ့ လီ
၁မို်င်=၃.၃ လီ

အရှေ့တိုင်းပညာကို လေ့လာတဲ့အခါ တရုတ် သမိုင်းပါ စာတွေကို ဖလှယ်လိုတဲ့ အခါ  တရုတ် ပီကင်းစကား သို့ ဖလှယ် ယူရတယ် ဆိုတာ မှတ်ထားပေးပါ ယခု ရုံးသုံးဘာသာစကားနဲ့ တော် တော်ကွာပါတယ်

တရုတ်တွေ အိန္ဒိယကို ပထမဆုံး ဖော်ပြ မှတ်တမ်း တင်တဲ့ ကျမ်းက ကျိ မှတ်တမ်း သမိုင်းကျမ်းပါပဲ
BC- ၉၀ ခုနှစ်မှာ ပြုစုပြီးစီးတယ် (ဖော်ပြပြီး)
အဲဒီကျမ်းမှာတော့ အိန္ဒိယကို သိန္ဓုလို့ မှတ်တမ်း တင်ပါတယ် ရှဲန်တူ Shent-u (shendu) လို့ ရေးထားတယ် ဒါက Shendhu သိန္ဓုကို အသံ လှယ်ထားတဲ့ စကားပါပဲ

AD-5 ရာစု နောက်ပိုင်းအထိ ရှဲန်တူ ဆိုတာကို တွင်ကျယ်စွာ ဆက်လက်သုံးစွဲနေပြီး ထီး-ယဲန်ကျူ ဟိန္ဒူ လို့ သုံးတယ် အခုခေတ် တရုတ်တွေ အိန္ဒိယ ကို ခေါ်နေတဲ့ ယင့်တု Yin tu (Yin Du) ဆိုတာ အဲဒီကနေ ပြောင်းလဲလာတဲ့ အခေါ်ပါပဲ

ယိပု ဆိုတာက ယိကျိုးအုပ်ချုပ်ရေးနယ်ကို ခေါ်တာ ပါပဲ ယူနန်နယ်ကို ခေါ်တာ ယိကျိုး ဆိုတာ ဝေ့ပြည် ထောင်စု သမိုင်းကျမ်းမှာ အနောက်ပိုင်း အကြောင်း ရေးရာမှာ သုံးတာတွေ့ရတယ်

ရှုနယ် ဆိုတာ စီချွမ်းနယ်ကို ပြောတယ် ယူနန်နဲ့ ကပ်ပြီး တည်ရှိတယ် ယူနန်နယ်မြောက်ဘက်မှာ ရှိ တယ်

ဖန့်ယွယ် ဆိုတာ ပျူဒေသ ဒီမှာ မင်းဆက်တွေ ကွာ ဟလာတာနဲ့အမျှ နှောင်းပိုင်း တွေမှာ အသံလှယ် တာ ပြောင်းလဲမှု ရှိလာတာတွေ ရှိတာကို သတိပြု ရပါမယ်

နောက် ထန်မင်းဆက်သမိုင်းသစ် မှာ ပျူနိုင်ငံ အခန်း ဆိုတာ ရှိတယ် AD-7-9 ရာစု ကြားကာ လ ကို မှတ်တမ်းတင်ထားတာပါ အဲဒီက နေရာ အမည်စာရင်းမှာ ကျယ်ယွယ် ဆိုပြီး သုံးထားတာ တွေ့ရတယ် ဒါက ဇေယျဝဍ္ဎန ကို ပြောတာပါ ဇေယျဝတ် ကို အသံလှယ်ထားတဲ့ စာပါပဲ ဘာဆိုင် လဲ မေးစရာရှိရင် တရုတ်ဗုဒ္ဓကျမ်းဂန်တွေ မှာ ဇေယျ ဆိုတာကို အသံလှယ်လိုတဲ့ အခါ ကျယ် ဆိုတာကို သုံးတယ်

ထန်မင်းဆက်လာ ကျယ်ယွယ့် ဆိုတာ ဘယ်နေရာ ကိုပြောတာလဲ ဆိုရင် မြန်မာနိုင်ငံ တောင်ငူအနား မှာ ရှိတယ် ဇဗ္ဗူဒီပဦးဆောင်းကျမ်းမှာ တောင်ငူကို ဇေယျဝဍ္ဎန တိုင်း ဆိုပြီး ပြထားတာ ရှိပါတယ် ယခု တောင်ငူအနားမှာ ဇေယျဝတီ ဆိုတာလည်း ရှိ တယ် စီစစ်ကြည့်ကြပေါ့လေ

အပိုင်း(၃)

ရှေးဟောင်း ကမ်ဖူးချား နိုင်ငံကို တရုတ်တွေက ဖူနမ်လို့ နားလည်တယ် ဒါပေမယ့် ရှေ့ဟောင်း အသံထွက်က ဗျူနမ် ဖြစ်ပါတယ် ဒါက ရှေးဟောင်း ကမ်ဖူးချား စကား ဗနမ် Bnam ကို စကားလှယ် ထားတာပါ ဒါက ရှေးဟောင်း ကမ်ဖူးချား နိုင်ငံရဲ့ အမည် မဟုတ်ပါဘူး ကမ်ဖူးချား အရှင်ရဲ့ ဘွဲ့ နာမည် ကုရုင်ဗနမ် (တောင်ကြီးရှင်) လို့ သိခဲ့ရလို့
တရုတ်တွေက ဗျူနမ်(ဖူနန်) ဆိုပြီး ခေါ်ကြတာပါ

AD 205-225 အတွင်း ဖူနမ် ကို ဖန်မန်က အုပ်ချုပ်တယ် ဖန်မန်ကို တရုတ်မှတ်တမ်းတွေမှာ ဖန်ရှီမန်လို့ မှတ်တမ်းတင်တယ် အသံလှယ်တာ ဘာညာ ထားပြီး မြန်မာလိုခေါ်တာပဲ ပြောတော့ မယ် သီရိမာရ လို့ခေါ်တယ် သူက စစ်ရေး အင်မ တန် ကောင်းတယ် မလေးကျွန်းဆွယ်က ဆယ် နိုင်ငံကို သိမ်းတယ် အင်အားကတောင့်လာတဲ့ အခါ နောက် ထပ်ကြံလာတာက ကျင်လင် လို့ခေါ်တဲ့ ရွှေနယ်ခြား သုဝဏ္ဏဘူမိ ကို တိုက်တယ် လို့ ဆိုပါ
တယ် စစ်ဆင်နေချိန်မှာပဲ ဖန်မန်ဟာ နေမကောင်း ဖြစ်လာပြီး သူ့သားကို ဦးစီးစေတယ် ဒီမှာ နန်းလုပွဲ ဖြစ်တယ် သူ့သားလဲ သေတယ် စစ်မတိုက်လိုက်ရ ဘူး ထင်ပါတယ် ဖော်ပြမထားပါဘူး

တရုတ်မှတ်တမ်းတွေမှာ ဖန်မန်တိုက်ခဲ့တဲ့ ဆယ် နိုင်ငံကျော် စာရင်းကို နာမည်နဲ့ ဖော်ပြတယ် အဲဒီ အထဲမှာ တွန်စွန် ဆိုတာပါတယ် သမိုင်းပညာရှင် တွေက တွန်စွန် ဆိုတာ တနင်္သာရီ ဒေသလို့ လွန်ခဲ့ တဲ့ နှစ်တစ်ရာကျော်ကတည်းက ကြံဆ ဖော်ထုတ် ခဲ့ကြတယ် ဒါပေမယ့်လို့ လက်မခံသူလဲ ရှိခဲ့တယ် ခုထိ အငြင်းပွား ရဆဲ ပြဿနာ ဆိုရင် ပိုမှန်ပါတယ်

ပြောစရာက တနင်္သာရီ ဆိပ်ကမ်းမြို့ကို ဆိုလိုတာ လား မလေးကျွန်းဆွယ်ကို ဆိုလိုတာလား မရေမ ရာ ဖြစ်နေပါတယ် တရုတ်ဘာသာစကားအရ တွန်စွန်ဆိုတာ မင်းငါးမင်းအုပ်စိုးရာ လို့ ဆိုလေ တော့ အကုသိုလ်သိသမျှ မင်းငါးမင်း အုပ်စိုးတဲ့ မြို့
တနင်္သာရီတွင် မည်သည့်အခါကမျှ မရှိခဲ့ပေ

မွန်ဘာသာစကား ဍုင်သုန် (မြို့ငါးမြို့ ) ဆိုတာနဲ့ ပဲ ကိုက်ညီပါတယ် ဒီအဆိုကို ၁၉၆၂ ကတည်းက ပညာရှင် ရှောတိုးက တင်သွင်းထားခဲ့ပြီး ဖြစ်ပါ တယ် ဒီအဆိုပြုချက်ကို နှစ်သက်ပါတယ် ဒီအဆို အရ မွန်တွေက AD-3 ရာစုမှာ မလေးကျွန်းစွယ် မြောက်ပိုင်းနေ ကမ်ဖူးချား (ခမာ) လက်အောက်ခံ နိုင်ငံ ဖြစ် တယ် ဆိုတာ ထင်ရှားပါတယ်

ဖန်မန်က မလေးကျွန်းစွယ်ကနေ မြန်မာပြည်ထဲ လာပြီး သုဝဏ္ဏဘူမိကို ဘာကြောင့် တိုက်ရတာလဲ

မွန်ခမာ အချင်းချင်း ဘာကြောင့် စစ်တိုက်သိမ်း ပိုက်ခဲ့ရသလဲ ဆိုတာက

တွန်စွန်ကို ဖန်မန်ချုပ်ကိုင်ထားချင်တဲ့ ရည်ရွယ်ချက် က တရုတ် ရောမ ရေလမ်း ကုန်သွယ်ရေး လမ်းမကို ထိန်း ချုပ်ထားချင်လို့ပါပဲ

ဖန်မန်ရဲ့ နယ်ချဲ့ အင်အားကလည်း ပေါ့သေးသေး မဟုတ်ပါဘူး သူစတိုက်ခဲ့တာ ပထမ ကုန်းလမ်း ပေါက်တဲ့ ဒေသတွေ ဖြစ်တဲ့ မလေးကျွန်းစွယ် မြောက်ပိုင်း ဒေသ တလျောက် အရှေ့ဘက်မှာ စပ္ပ(ဗီယက်နမ်တောင်ပိုင်း) အထိ ဝင်ချလာတာ ညတြင်သို့ အထိ တိုင်အောင်ပါ ဒါက ဗောကည်က သက္ကတဘာသာ ကျောက်စာ အထောက်အထား အရ ပြောတာ အနောက်ဘက်မှာတော့ နောင် အခါ မှာ ဒွါယဝတီလို့ ထင်ပေါ်လာမယ့် မဲနမ်မြစ်ဝှမ်း တလျောက်လုံး သိမ်းသွားခဲ့ပါတယ် အဲဒီကနေ မြောက်ပိုင်းကိုပါ ဆက်သိမ်းတယ်

သူ့အင်အားနဲ့ အင်ပါယာအတိုင်းအထွာကို ထောက် ပြီး ပြောရရင် ဖန်မန်ဟာ ထိုင်းပင်လယ်ကွေ့ကို ချုပ်ကိုင် ထားနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ဒီလို ထိန်းထားနိုင်လို့သာ ဝေးလံလွန်းလှတဲ့ တရကျွန်း ဆွယ်ဒေသ မလေး ကျွန်းစွယ် မြောက်ပိုင်းကို သိမ်း နိုင်တယ်လို့ ယူဆတယ်

မဲနမ်ကို သိမ်းပြီးတဲ့နောက်တော့ ပျူ မြန်မာ နိုင်ငံ နဲ့က ကပ်နေပြီပဲ ဒါကြောင့်ပဲ သုဝဏ္ဏ ဘူမိကို ဝင် တိုက်လာတာပေါ့

AD-၃ ရာစုက သုဝဏ္ဏဘူမိ ဆိုတာ ဘယ်နေရာ လဲ ဆိုတဲ့ ပြဿနာ အတုံးလိုက် အတစ်လိုက်ကြီး
ဝင်လာပါပြီ ခဏနား ထားဦးမယ် သက်ဆိုင်ရာ အခန်းမှ ဆက်ပြောပါမယ်

ဒီနေ့ ထိုင်း ဆိုတာ AD- ၁၁ ရာစုအထိ ဖူနမ်တွေ ရဲ့ လက်အောက်မှာပဲ ရှိခဲ့တယ် ဒါကြောင့်ပဲ တရုတ် မှတ်တမ်းတွေမှာ ပျူတွေရဲ့ အိမ်နီးချင်းနိုင်ငံကို ပြတဲ့အခါ အရှေ့ဘက်အိမ်နီးချင်းဟာတွင် ကမ်ဖူး ချား(ခမာ) ပါ ဆိုပြီး အမြဲသုံးခဲ့တယ် ထိုင်းလို့ ဘယ်
ခါမှ မသုံးခဲ့ဖူးပါဘူး တောင်ဘက် အိမ်နီးချင်းကို  သုဝဏ္ဏဘူမိပါလို့လဲ ဘယ်မှတ်တမ်းမှာမှ မဖော်ပြ ပါဘူး အနောက်ဘက်မှာ အိန္ဒိယ ဆိုတာပြပါတယ်
ပျူမြို့ပြရဲ့ တောင်ဘက်မှာ ပင်လယ်ပဲ ရှိတယ်လို့ သာ ဆိုပါတယ်

ဖန်မန် သုဝဏ္ဏဘူမိကို ဝင်တိုက်တာက ဘာကြာင့် လဲ ဆိုရင် အိန္ဒိယ ပျူ ကုန်းသွယ်လမ်းမ ပျူ ဖူနန် ကုန်းလမ်းမ ဆုံချက် ဖြစ်တဲ့ ဗိဿနိုးမြို့ကို တိုက်ယူ လို့လို့ ဖြစ်ပါတယ် သုဝဏ္ဏဘူမိ ကို နိုင်ရင် ခြေကုပ် ရပါပြီ အဲဒီကနေ အချက်အချာ နေရာဖြစ်တဲ့ အဲဒီ ကနေ စစ်တောင်း မြစ်ဝှမ်း တစ်လျောက် အမုန်း ကြဲမယ့် စစ်ဗျူဟာပါ ကံဆိုးချင် တော့ သကောင့် သားက ဖျားနာပြီး နန်းလွှဲလိုက်ရ တာပါပဲ 

အဲဒီ အချိန်ထိ မြန်မာနိုင်ငံထဲကို မွန်ခမာတွေ အခြေ ချ ဝင်ရောက်ခြင်း မရှိသေးပါဘူး ဒွါရဝတီ ဆိုတာ တောင် မပေါ်သေးတဲ့ ကာလ ဖြစ်ပါတယ်
ဒါပေမယ့်လို့ သုဝဏ္ဏဘူမိ ကတော့ ရှိနေတာ အခိုင်
အမာပါပဲ

ဘာကြောင့် သုဝဏ္ဏဘူမိမှာ ပျူ အထောက်အထား တွေ တူးဖော် တွေ့ရှိနေရတာလဲ ဆိုတာ အထူး ရှင်းဖို့ မလိုတော့ဘူးလို့ ယူဆပါတယ်


အပိုင်း (၄) ဆက်ရန်

မြန်မာနိုင်ငံနှင့် ပက်သက်လို့ ရှေးကာလများမှာ ကုန်သွယ်လမ်းကြောင်း အားဖြင့် ပြောရင် လမ်းမ ကြီး လေးခု ရှိပါတာကို လေ့လာတွေ့ရှိရပါတယ်

၁။ ပျူ-အိန္ဒိယ ကုန်သွယ်လမ်းမ
၂။ ပျူ-ဖူနန် ကုန်းလမ်းမ
၃။ တရုတ်-ရောမ ရေလမ်းကုန်သွယ်လမ်းမ
၎။ ထရန်ပင်နီဆူလာ ကုန်သွယ် လမ်းမ

ဒီလမ်းလေးခုမှ ရှေးအကျဆုံး လမ်းက ထရန်ပင်နီ ဆူလာလမ်းမဖြစ်ပါတယ် ဒီလမ်းက တနင်္သာရီ မြစ် ကနေ ဆန်တက် လာပြီး ထိုင်းပင်လယ်ကွေ့ကနေ ရောမထိ ဆက်ထားတဲ့ ရေကြောင်း ကုန်သွယ်လမ်း ပါ အိန္ဒိယကနေ ထွက် ရောမထိရောက်တဲ့ လမ်းမ ကြီး အရှည်လျားဆုံးကုန်သွယ်လမ်းကြီးလည်း ဖြစ် ပါတယ်

လီယန်ရှု ကတော့ တွန်စွန်နိုင်ငံ ဆိုတာ ဖူနန်နိုင်ငံ တောင်ဘက် လီ၃၀၀၀ (၁၀၀၀မိုင် ) အကွာမှာ ရှိ တယ်လို့ဆိုတယ် တွန်ဆွန်ပင်လယ်ကမ်းစပ်ဟာ ကျောက်တောင်ထူထပ်များပြားတယ် မြို့တော်ဟာ လည်း ကမ်းစပ်နဲ့ ဆယ်လီ ပဲကွာတဲ့ မြိတ်မြို့ လို့ ဆိုထားပါတယ် အရှေ့ဘက်တွင်ချောင်ဆို။တုံကင်။ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ နန်ရှိ (ယခု ပတ္တယား) အပြင် အခြားနိုင်ငံများနှင့် နယ်နိမိတ် ချင်း ထိစပ်နေပါတယ်လို့ ဆိုထားတယ်

တွန်ဆွန် ဆိုတာကို ဖော်ပြတဲ့ နေရာမှာ မွန်သမိုင်း ပညာရှင် နိုင်ခင်မောင်လေး ရေးတဲ့ တိမ်မြှုပ်ပျောက်
ကွယ်နေသော မွန်တို့၏ မြို့ပြနိုင်ငံများ နှင့် အခြား ဆောင်းပါးများ ဆိုတဲ့ စာအုပ် ပထမဆုံးအခန်းမှာပဲ အကျယ်တဝင့် ရေးထားတာ ပါရှိပါတယ်

ဆရာကြီး ဦးလူဖေဝင်းက တမျိုးဆိုပါတယ် လီအန် မင်းဆက်ကို တည်ထောင်ခဲ့တဲ့ မော်ကွန်း မှတ်တမ်း တွေအရ ပသျူးကျွန်းဆွယ် မလေးနယ် ပယ် အနောက်ဘက်ကမ်းခြေ ရေလမ်းခရီးရဲ့ အစွန် အဖျား မြောက်ဘက်အဆုံး၌ တွန်ဆွန်ဆိုတဲ့ မြို့ ရှိ
ကြောင်း ပြောတယ် ဆရာကြီးက တွန်ဆွန် ဆိုတာ ကို တနင်္သာရီကို ညွှန်းလိုဟန် ရှိပါတယ် အာရှ ခမာအင်ပါယာ စာအုပ်ရေးသူကလည်း တနင်္သာရီ ကိုပဲ ညွှန်းပါတယ် လို့ ဆရာနိုင်ခင်မောင်လေး စာအုပ် စာမျက်နှာ-၄ မှာ ဖော်ပြထားပါတယ်

ဆရာနိုင်ခင်မောင်လေးရဲ့ ကောက်ချက်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် တွန်ဆွန်ဆိုတာ ယနေ့ မြန်မာ နိုင်ငံအောက်ပိုင်း အပါအဝင် မလေးကျွန်းစွယ် မြောက်ပိုင်း အထိပါတယ် ဆိုတာကို သံသယ မရှိပါ ဘူး လို့ (စာ-၄) မှာပဲ ကောက်ချက် ချထားပါတယ်

နောက်ထပ် ကောက်ချက်တစ်ခုက တွန်ဆွန်ဆိုတာ မွန်ဘာသာ ဍုင်သုန် ကနေ အသံလှယ်ထားတာကို ထောက်တော့ AD- ၃ ရာစု အစောပိုင်း ကာလမှာ
မွန်တွေဟာ မလေးကျွန်းဆွယ် မြောက်ပိုင်း မှာပျံ့နှံ့ နေတယ် ဆိုတာ ထင်ရှားပါတယ်လို့ ဆိုထားပါ တယ် (စာ-၅)

နောက်တစ်ချက်အနေနဲ့ မွန်တွေဟာ မဲနန်မြစ်ဝှမ်း ပယ်လယ်ပြင်ကို ဖြတ်လာခဲ့တာ မဟုတ်ဘဲ မဲနမ် မြစ်ဝှမ်း အကြေပိုင်းမှ အနောက်ဘက် စစ်တောင်း မြစ်ဝှမ်း အကြေပိုင်း ဝင်ရောက်ပျံ့နှံ့နေထိုင်ခဲ့ခြင်း ဖြစ်သည် ခရစ်နှစ်ဦးပိုင်းကတည်းက မွန်တွေ စစ်တောင်းမြစ်ဝှမ်း အကြေပိုင်းမှာ နေထိုင်ခဲ့သည်
ဟု စိတ်ချလက်ချ ပြောနိုင်ပေသည် (စာ-၅)

ဒီအဆိုကို အကုသိုလ် နားမလည်နိုင် ဖြစ်ရသည် ရိုးသားစွာ ဝန်ခံရလျှင်မူ ဆရာ့အဆိုကို မရှင်းမလင်း ဖြစ်ရပါသည် မဲနမ်မြစ်ဝှမ်းမှ ပယ်လယ်ပြင်ကို  ဖြတ် သန်းလာခဲ့တာ မဟုတ်ဟု ပထမ ဆိုသည် နောက်
မဲနမ်မြစ်ဝှမ်းအကြေဘက် ကနေ စစ်တောင်းမြစ်ဝှမ်း အကြေသို့ ဟု ဆိုထားပြန်တော့ မေးခွန်းများ ထွက်လာပါတယ်

၁။ ပင်လယ်ကို မဖြတ်ဘဲ မည်သည်လမ်းက လာခဲ့ သနည်း

အနိမ့်ဆုံးအားဖြင့် ပင်လယ်ဝ ပါချန်မြစ်ကို ဖြတ် သန်းရမည် ဖြစ်သည် AD-၃ ရာစုတွင် ကော့ သောင်းမြို့တွင် မြေပြင် မရှိသေး ပင်လယ်အောက် တွင်သာရှိသေးသည် ဖြစ်ရာ မည်သည့်လမ်းက လာခဲ့ သနည်း ဤကား ပထမလမ်းတည်း

ရေးမြို့နယ် ကလိန်အောင် စသည်ဖြင့် ကုန်းလမ်း ပေါက်နေသော နေရာများမှ ကူးသန်းဝင်ရောက်လာ သည်ဟု ဆိုလျှင် တက်တက်စင်လွဲပေမည် ပထဝီ သမိုင်းမြေပုံအရ အေဒီ ၃ ရာစု ကာလတွင် မဒမ တဖက်ကမ်းသည် တနင်္သာရီ ရိုးမတောင်ခြေအထိ ပယ်လယ်ပြင်ကြီးသာ ဖြစ်သည်ဟု ပြဆိုထားရာ ဤလမ်းသည်ကား အဖြေ မဖြစ်နိုင် 

၂။ သို့တည်းမဟုတ် တနင်္သာရီ မြိတ် ထားဝယ် စသည် တနင်္သာရီတိုင်း တလျောက် မွန်တို့ အပိုင် ဖြစ်သည် မွန်တွေသာနေခဲ့သည် နောက်မှ ထားဝယ်များ လာသည် လို့ ဆိုလိုချင်ပါသလား

၃။ AD-၃ ရာစု မှ ပျံ့နှံ့ဝင်ရောက်လာသည် ဆို စကားသည် သုဝဏ္ဏဘူမိသည် မွန်မြို့တော် မဟုတ် ဟု ဝန်ခံပါကြောင်း ဆိုရာရောက်ပါသဖြင့် ထို အတိုင်းပင် ဆရာသည် သဘောရိုးဖြင့် ဝန်ခံခြင်း ဖြစ်လေသလား

မေးမည်ဆိုလျှင် မေးစရာ အချက် အတော်များပါ သည် ဆရာသည် ပညာရှိ သတိဖြစ်ခဲ ဖြစ်ခဲ့ဟန် သာတူပါသည်

မိုင်တစ်ထောင်ရှည်သော ကမ္ဘာ့ အရှည်ဆုံး ကျွန်းစွယ် သုံးခုတွင် အပါအဝင်သော အကုသိုလ် တို့ ထားဝယ်များ နေထိုင်ရာ တနင်္သာရီကမ်းရိုးတမ်း သည် မွန် သမိုင်းဆရာများ ပြောလိုရာ ပြော ရေးလို ရာရေး နေကြသော အချက်ကို ပွင့်ပွင့်လင်းလင်း ဆိုရချေမူ အကုသိုလ် မနှစ်သက်ပါ

တိကျခိုင်မာသော အထောက်အထား တစ်စုံတစ်ရာ မရှိပါပဲ ဆိုချင်တိုင်းဆို ရေးချင်တိုင်းရေးခြင်းသည်
နိုင်ငံတော်သမိုင်းကို ဖျက်ဆီးခြင်းသာ ဖြစ်သည်ဟု ခံယူပါသည် တနင်္သာရီတိုင်းတခွင်အတွင်း ရာစုနှစ် ဦးပိုင်းတွင် မွန်ပိုင် မြို့ပြနိုင်ငံ မွန်နိုင်ငံ ဟူ၍ ရှိခဲ့ပါ သည် ဟူသော အထောက်အထား မရှိပါ ရှိသည် ဆိုလျှင်လည်း အတိအလင်းပင် အထောက်အထား ခိုင်ခိုင်လုံလုံ ဖြင့် ပြောဆိုနိုင်ပါသည် အကုသိုလ် ဘက်မှ သမိုင်း နည်းလမ်းမှန်ကန်စွာဖြင့် ချေဖျက် ရန် ဝတ္တရား ရှိသည့် အတိုင်း ချေဖျက်ပေးပါမည် ဖင်ပိတ် ငြင်းဆိုနေမည် မဟုတ်ပါကြောင်း ဖိတ် ကြား အသိပေး အပ်ပါသည်

တွန်ဆွန်ကို မွန်ဘာသာမှ ဖလှယ်ထားသည်ကို ထောက်သော် ဟူသော စကားစု၏ အနက်သဘော အရ ဆရာနိုင်ခင်မောင်လေးသည် တနင်္သာရီတိုင်း
တွင် မရှိသော မြို့ငါးမြို့ ဟူသော အယူအဆကို လည်း လက်ခံသည် တနင်္သာရီ အပြင် မလေးကျွန်း ဆွယ်မြောက်ပိုင်း အထိ ယူထားသည်ကို ရှုပြန် သော် မေးခွန်းအနေဖြင့် တနင်္သာရီတိုင်းသည်

၁။ သုဝဏ္ဏဘူမိလား
၂။ ရာမညလား
၃။ တွန်ဆွန်လား

မည်သည့်အရာ ဖြစ်လေသနည်း
သုံးခု စလုံးပင် ဟုတ်၏ ဟု ဖြေမည် ဆိုလျှင်တော့
ချာလီချက်ပလင် မာစတာဘီးလ်တို့ကို ကြည့်ရန်
မလိုတော့ချေ ရသ မြောက်မည်မှာ အမှန်ဖြစ်ပေ လိမ့်မည်

၎င်းစာအုပ် (စာ-၅) တွင်ပင် ထပ်မံ ဆိုထားသည် ကား  တွန်ဆွန်ကို AD502-506 မှာ ထွန်းကား ပါတယ် လို့ ဆရာဦးလူဖေဝင်းရဲ့ အဆိုက နောက် ကျလွန်းတယ် ထင်ပါသည် လို့ ဆိုတယ်အမှန် စင်စစ် တွန်ဆွန်သည် အကြိုသမိုင်းကာလ ကပင် မွန်တို့၏ ဒေသဖြစ်ပြီး AD-1  ရာစုတွင် လန်ယာရှု နှင့် မရှေးမနှောင်း တည်ထောင်ခဲ့ခြင်း ဖြစ်သည် ဒါကြောင့် အကြိုသမိုင်းကာလ ကတည်းက မွန်တွေ အခြေချ ဝင်ရောက်နေထိုင်ခဲ့သည်ဟု ကောက်ချက် ချနိုင်ပြီ ဖြစ်သည် (စာ-5)

ဤတွင် သံဃာစဉ်ပြိုလေတော့သတည်း ဆရာ နိုင်ခင်မောင်လေးသည် စာရေးနေရင်းဖြင့် လူမျိုးစွဲ မာန် တအားတက်ကြွလာဟန်ရှိသည်ကို ပေါ်ပေါ် ထင်ထင် ရေးချဖောက်ခွဲလိုက်သော အရေးအသား ဖြစ်သည်ကို စာတတ်သူတိုင်း ခံစားမိပေလိမ့်မည်
ဆရာ၏ နေရာမှ ဝင်နေကြည့်၍ မွန်လူမျိုးများ ဘက် က နေ၍ မွန်သမိုင်းကို အစားထိုး ရေးစမ်းကြည့်မိပါ သည် အကုသိုလ် ဆရာလောက် မရေးနိုင်ပါ ထိုသို့ မရေးချရဲပါ ဆရာသည် မွန်လူမျိုးများ အပေါ် အလွန် ချစ်ခင်ပြီး မိမိလူမျိုး မြင့်မားရေးကို အထူး အလေးထားသူ ဖြစ်ကြောင်း ဆရာရေးသော စာ တစ်ပိုဒ်မှ မိမိရရ ခံစားရမိသည်

မည်သည့်အထောက်အထားမှ မပါပဲ ဤသို့ ဆိုရဲ ခြင်းကို အံ့သြမိသည် ပိုဆိုးသည်က ဆရာသည် သမိုင်းပညာရှင် တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်ပါ သည်
ဆက်ပြီးဖော်ပြထားသည်များမှာ နှောင်းခေတ် သုတေသီတို့ကမူ တွန်ဆွန်သည် လန်ချီးယားနှင့် အတူတူပင် ဖြစ်၍ AD-2 ရာစု အစောပိုင်းတွင် လန်ရှုယာနှင့် တူတူ တည်ထောင်ခဲ့ပြီး ပင်နီဆူလာ ကုန်သွယ်လမ်းမ၏ အချက်အချာဖြစ်သည်

တွန်ဆွန်သည် တနင်္သာရီ တကွာပါ တို့လောက် တင် မက ယခုထိုင်းနိုင်ငံ ဒွါယဝတီမြို့ ဖြစ်လာမည့် နေရာတို့သည် မွန်တို့ဒေသဖြစ်ကြောင်း ဆိုပါတယ်

နောက် ဒွါယဝတီသည် ထိုအချိန်က တွန်ဆွန် လက်အောက်ခံ ငါးနိုင်တွင် တစ်ခုအပါအဝင်ဖြစ် သည် လို့ ပြောပါတယ်

သတိထားမိပါသလား ဖန်မန် စစ်ထိုးသိမ်းပိုက်လာ
တဲ့ AD-3 ရာစုကာလ တစ်လျောက်တွင် ဒွါယဝတီ မရှိသေးချေ ယခု ဆရာ ဆိုသည့် အချက် သည်ကား AD-2 ရာစုက ဒွါယဝတီသည် တွန်ဆွန် ငါးနိုင်ငံ၏ လက်အောက်ခံ နိုင်ငံပါဟု ဆို ခြင်းသည် အတော်ပင် ချော်ပြော ယူဆချက်ပင်
ဖြစ်သည်

ဤမျှ ဆိုလျှင် တွန်ဆွန် နှင့် ပက်သက်၍ မွန် မြန်မာ နိုင်ငံသမိုင်းယူဆ ချက်များသည် အခြေအမြစ် မရှိ သော လိုရာဆွဲ ကောက်ချက်များသာ ဖြစ်နေသေး သည်မှာ ထင်ရှားလှပြီ ဖြစ်လို့ တော်လိုက်ပါမယ် တွန်ဆွန် ကိုပဲ ရေးရင် အပိုင်းသုံး လေးပိုင်း နှင့် ပြီးမည် မဟုတ်ပါ တွန်ဆွန်ထက် ပိုမိုရှုပ်ထွေး သော မိချဲန် လင်းယန် စသည့်ဖြင့် အရေးကြီးတဲ့ အရာများ ကျန်နေသေးသဖြင့် တွန်ဆွန်ကို ဤနေရာတွင် ခဏ ရပ်ထားလိုက်ပါသည်

ရပ်ထားမယ် ပြောကာမှ ရပ်လို့ မဖြစ်သေးတာလေး တွေ့လာလို့  တွန်ဆွန်ကိုပဲ ထပ်ပြောရပါဦးမယ်
၁၉၆၃ခုနှစ်တွင် ပညာရှင်ရှောတိုးက တရုတ်မှတ် တမ်းများတွင် ဖော်ပြထားတဲ့  တွန်ဆွန် ဆိုတဲ့ အ
မည် ကို ပြန် ဖော်ပြလာတယ် တွန်ဆွန် ဆိုတာ ရှေးမွန်ဘာသာစကား ဖြစ်ပြီး အဓိပ္ပါယ်က မြို့ငါးမြို့ လို့ဆိုပါတယ်၊

လျန်မင်းဆက်သမိုင်း ( အေဒီ ၅၀၂ - ၅၅၇ )တွင် တွန်ဆွန်မှာ မင်းငါးမင်း ရှိကြောင်း ဖော်ပြထား ပါ တယ်။ ဖူနန်ရဲ့လက်အောက်ခံ နယ်မြေ တစ်ခု ဖြစ်ကြောင်း၊ အရှေ့နဲ့အနောက် ကုန်စည်ကူးသန်း ရာဖြစ် ကြောင်း၊ ထူးခြားသော ကုန်ပစ္စည်းများ ရှိ ကြောင်း လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တွန်ယွှန်ဟာ ဖူနန်မှ လီ ၃၀၀၀အကွာမှာ ရှိတယ်၊ အကျယ်အ၀န်း လီ ၁၀၀၀ရှိတယ်၊ ပင်လယ်က ၁၀လီဝေးတယ်၊( ၃.၃ လီ - ၁မိုင် ) တွန်ယွှန်မှာ အဓိက နေထိုင်တဲ့ လူမျိုးတွေအပြင် အိန္ဒိယမှ ဟူ အိမ်ထောင်စု ၅၀၀၊ ဖိုတူ အိမ်ထောင်စု ၂ စု နဲ့ ဗြဟ္မဏ အိမ်ထောင်စု တစ်ထောင်ကျော် ရှိ တယ်၊ တစ်နေ့မှာ လူပေါင်း တစ်သောင်းခန့် ဥဒဟို သွားလာ ကုန်သွယ်နေကြတယ်၊ တွန်ဆွန်မှာ မရ နိုင်တဲ့ ပစ္စည်းဆိုတာ မရှိလို့ ဆိုပါတယ်။

တွန်ဆွန်ဆိုတဲ့ အမည်ကို ပထမ ဆုံးဖော်ပြထားတဲ့ မှတ်တမ်းက ဖူနန်မှတ်တမ်း ဖြစ်ပါတယ်၊ ခရစ် (၂၀၅-၂၂၅) မှာ အုပ်စိုးတဲ့ ဖန်မန် က ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်လိုသဖြင့် မလေးကျွန်း ဆွယ်ဒေသရှိ နိုင်ငံများကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်၊ ဒီလိုတိုက်ခိုက် သိမ်းပိုက်ခဲ့ တဲ့ နိုင်ငံ ဆယ်ခုကျော်မှာ ကျူခွန်၊ ကျူယာ (ခ) ကျူလိ နဲ့ တွန်ဆွန် ဆိုပြီး ဖော်ပြထားပါတယ်။ တွန်ဆွန် ဟာ ဖူနန်က မသိမ်းပိုက်မီက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်၊ မင်းငါးမင်း ရှိတဲ့အတွက် မြို့ပြနိုင်ငံ ( ၅) ခု စုပေါင်းထားတဲ့ ဒေသ ဖြစ်တယ်လို့ ယူ
ူဆ လို့ ရပါတယ်။

မြန်မာ(ထားဝယ်)-ထိုင်းနယ်စပ်က မိုင်၃၀ လောက် ဝေးတဲ့ နေရာနားမှာ အေဒီ ၆ ရာစု ( လွန်ခဲ့တဲ့ နှစ် ပေါင်း ၁၄၀၀)က ဒွါရ၀တီဆိုတဲ့ မြို့ပြနိုင်ငံဖြစ် လာ တဲ့ ဒေသဟာ တွန်ဆွန်ကောင်းစားစဉ်အခါက တွန်ဆွန်ရဲ့လက်အောက်ခံ ဖြစ်ပါတယ်။

ဆရာကြီးဦးရည်စိန်က တွန်ဆွန်ဟာ တကွာပါလို့ သတ်မှတ်ပါတယ်၊ ဒီနေရာမှာ စဉ်းစားစရာက   ဖှူးကန်းတူးလူ - ပုဂါမဒွါရ -ပျူဒေသ၀င်ပေါက် ကို လည်း တကွာပါလို့ ဆရာကြီးဦးရည်စိန်က သတ် မှတ် ခဲ့ပါတယ်။

ဖှူးကန်တူးလူကို ခရစ်မပေါ်မှီ ၂ရာစု (လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀) က မှတ်တမ်းမှာ တွေ့ရပါတယ်၊ တွန်ဆွန်ကိုလည်း ပညာရှင်တွေက ခရစ်နှစ်ဦး(လွန်
်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ) ကတည်းက တည် ထောင် ပြီးဖြစ် ကြောင်းဆိုပါတယ်၊ ကျွန်တော် အနေနဲ့ သိပ်သဘော မတူပါ။
ဒီနေရာမှာ ဆရာကြီးဦးလူဖေ၀င်းရဲ့ အဆိုက စိတ် ၀င်စားဖို့ကောင်းပါတယ်။ ဆရာကြီးက တွန်ဆွန် ဆိုတာ တနင်္သာရီမြို့လို့ ယူဆလိုတာ တွေ့ရ ပါတယ်၊ ဆရာကြီးလိုဘဲ The Ancient Khmer Empire ) စာအုပ်ကို ရေးသားတဲ့ Lawrence Palmer Birggs ကလည်း တွန်ဆွန် ဆိုတာ တနင်္သာရီဘဲလို့ ညွှန်းပါတယ်။ ဒါက အချက်အချာ ဒေသကို ညွှန်းတာပါ။ အချို့က မုတ္တမကွေ့ကို ညွှန်းပါတယ်၊ ချုံပြောရရင် မြန်မာ နိုင်ငံအောက်ပိုင်း ဒေသကနေ မလေးကျွန်းဆွယ်ေ
မြာက်ပိုင်းဒေသဖြစ်ပါတယ်။

ဒါကြောင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ရှေးမြို့ဟောင်းများဟာ တွန်ဆွန် လို့ တရုတ် မှတ်တမ်းတွေက ဖော်ပြတဲ့ ဒေသအတွင်း ပါဝင်နေပါတယ်၊ မင်းငါးမင်း ဒါမှမဟုတ် မြို့ငါးမြို့ ဒေသကို ဖော်ထုတ်ဖို့လို တယ်၊ တနင်္သာရီတိုင်းဒေ
သကြီးအတွင်း ထားဝယ်(သာဂရ၊ ဝေဒီ၊ မုတ္တီးနဲ့ ဆင်ဆိပ်) ၊ တနင်္သာရီမြို့ဟောင်း၊ အောင်သာဝရ၊ ကြက္ကလင်း၊ထောင့်ကွယ်၊ မော်တုန်း၊ ဘန်ရှောင် တို့သာမက တနင်္သာရီနှင့် ကော့သောင်းကြား မှာ လည်း လေ့လာဖော်ထုတ်ဖို့လိုပါတယ်။

ကျမ်းကိုး
၁။ ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ (၂၀၀၇)ခုနှစ်
၂။ နိုင်ခင်မောင်လေး၊ တိမ်မြှပ်ပျောက်ကွယ်နေသည့် မွန်တို့၏ မြို့ပြနိုင်ငံများ ( ၁၉၉၉ )ခုနှစ်
See Translation







၂။ AD- ၃ ရာစု လောက်မှာ စစ်ေ





****
ပျူတွေဟာ BC ကတည်းက မြို့ပြနိုင်ငံ ထူထောင် တယ် ဆိုတာ စောစော အတည်ပြုပေးပြီးပါပြီ ရေး မယ်ဆိုရင်တော့ တော်တော်များများ ကျန်ပါသေး တယ်

အခု ပျူ တွေ ဧကရာဇ် အင်ပါယာနိုင်ငံတော်ကြီး တည်ထောင်ခဲ့ပုံ အကြောင်းကို နည်းနည်း ပြောပါ မယ် ခုန်ကျော်ပြီးသွားလိုက်တာက အကြောင်း ရှိ လို့ ဆိုတာ သိလာပါလိမ့်မယ်

AD- 946 မတိုင်မီက ပြုစုပြီးစီးခဲ့တဲ့ ထန်မင်း ဆက် သမိုင်းဟောင်း AD- 961 မှာ ပြုစု ပြီးစီးတဲ့
ထန်မင်းဆက် အုပ်ချုပ်ပုံ စာတမ်းတွေမှာ ပြောထား
တာ အရင် တင်ပြပေးမယ်

ပျူတွေရဲ့ လက်အောက်ခံမြို့များဟာ တောက် လင်ဝမ် အစရှိတဲ့ မြို့ကိုးမြို့ ဖြစ်တယ် လို့ ပြော တယ် ကျန်တဲ့ ရှစ်မြို့ကို မပြထားပါဘူး

AD-1060 မှာ ပြုစုပြီးစီးတဲ့  ထန်မင်းဆက် သမိုင်းသစ်မှာ

ပျူတွေမှာ တပ်မြို့ ကိုးမြို့ ရှိတယ် မြို့ကိုးမြို့ နာမည် တွေကိုလည်း အတိအကျ ဖော်ပြထားတယ်
စာရှည်မှာစိုးလို့ ဖြတ်ထားခဲ့ပါတယ်

ဒီနေရာမှာ နှစ်ပေါင်းရာချီတိုင်အောင် အရှေ့တောင် အာရှ သမိုင်းပညာရှင်တွေ အပြင် ကမ္ဘာ့သမိုင်း ပညာ ရှင်တွေကလည်း ဒီတပ်မြို့ ကိုးမြို့ရဲ့ တည် နေရာတွေကို ဆွေးနွေးတာ မရှိခဲ့ပါဘူး သီးသန့် စာတမ်း မရေးခဲ့ဖူးတာကို ဆိုလိုတာပါ ထူးထူးခြား ခြား ပြင်သစ်သမိုင်းပညာရှင် ပါမောက္ခ ပေါလ်ပေလီ ယိုက တပ်မြို့နှစ်ခုအကြောင်း နည်းနည်းလေး ပြောထားတာ နောက်တစ်ယောက်က တော့ လုစ် ပါ သူက တပ်မြို့လေးမြို့အကြောင်း နည်းနည်းစီ ပြောထားတာ တွေ့ရပါတယ်

ထန်မင်းဆကိသမိုင်းမှာ တောက်လင်ဝမ်ကို ပထမ ဆုံး တင်ပြထားတော့ ဒီကပဲ စကြရအောင်

တောက်လင်ဝမ် ဆိုတာ ယခု တောင်တွင်းကြီး မြို့ ကို ပြောတာပါ ဒီမှာ လင်ဝမ် ဆိုတာ လင်းယန် ကို ဆိုလိုတယ် လို့ ဘာသာဗေဒ ပညာရှင်များ သမိုင်း ပညာရှင်များက တညီတည်း လက်ခံကြတယ် ဒီ လင်းယန် ဆိုတာကို နောက်ပိုင်းမှာ တော်တော် ကျယ်ကျယ် ပြောရမှာမို့ ဒီမှာ အကျဉ်းပဲ ထား ပါဦး မယ်

ဗိုလ်မှူးဘရှင် ကတော့ လင်းယန် ဆိုတာ ဗိဿနိုး မြို့ ကို ခေါ်တာပါ ဆိုပြီး အတက်အကျ ပြောတယ်
၁၉၆၆ ခု ဘရှင်။ ဗိဿနိုးမြို့ဟောင်းနှင့်သမိုင်း အမြင် တက္ကသိုလ်ပညာ ပဒေသာ အတွဲ၁ အပိုင်း ၃ စာ ၂၀၁ မှာ ကြည့်ပါ ဒါပေမယ့်လို့ ဘာကြောင့် ပျူ ဒေသ ဖြစ်တယ် ဗိဿနိုးဖြစ်တယ် ဆိုတာကို ဗှိုလ်မှူးဘရှင်က မရှင်းထားခဲ့ပါဘူး ဆရာ မရှင်း တော့ တပည့်တွေ ရှင်းကြပေါ့လေ

မြန်မာရာဇဝင်လာ ဒွတ္တဘောင်မင်းနဲ့ ပန်ထွာဘုရင် မ ဆိုတာ အကြောင်းမဲ့ အလကား လျောက်ပြော လျောက်ရေးခဲ့တဲ့  လုပ်ဇာတ်တွေ မဟုတ်ပါဘူး ဒါလေး သတိထားပြီး ကြည့်ဖို့လိုပါတယ်

AD-7 ပျူ တွေရဲ့ ဝိတြမ မင်းဆက်မှာ ဗိဿနိုး မြို့ ပျက်ရဲ့ အနီးမှာ တပ်မြို့ တစ်မြို့ တည်ခဲ့တယ်
အဲဒါ တောင်တွင်းကြီးမြို့ အဲဒီ အချိန်က ပထဝီ အနေအထား အရ တောင်တွင်းကြီးမြို့ဟာ ကုန်သွယ် လမ်းမကြီးပေါ်က လမ်းဆုံ လမ်းခွ မြို့ ဖြစ်ပါတယ် လမ်းဆုံဆိုလို့ သုံးတာက ကုန်သွယ် လမ်းက နှစ်ခုပြလို့ပါ ပျူ အိန္ဒိယကုန်သွယ် လမ်းမ ပျူ-ခမာ ကုန်းလမ်းမ ဆိုပြီး နှစ်လမ်းရှိတယ် အဲ နှစ်ခု ရဲ့ ဆုံချက်ပါ


























ကိုးကား
ဦးရည်စိန် ရတနာမွန် ၁၉၈၂ ဖေဖရီလထုတ် စာ-၄၁-၄၄ ထိ













0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်