ဥမ္မာဒန္တီအလှနှင့် တန်ဆောင်တိုင်ည

ဥမ္မာဒန္တီအလှနှင့် တန်ဆောင်တိုင်ည
********************

ဒီကဗျာလေးကို စာဆိုတော် ဦးရွှန်း ရေးဖွဲ့ ထား တဲ့ ဥမ္မာဒန္တီ ပျို့  ကဗျာလေးမှ ကောက်နုတ် ထား တာပါ

ဥမ္မာဒန္တီ လို့  ဆိုတာနဲ့ မိတ်ဆွေများ ရင်းနှီးပြီးသား ဖြစ်နေမှာပါ ။ ညက ထားဝယ် တန်ဆောင်တိုင်ည နှစ်ကျိပ်ရှစ်ဆူ ဒေသစာရီ ကြွချီတဲ့ Movie လေး   ကြည့်ရင်း ဥမ္မာဒန္တီ ဇာတ်လမ်းလေးကို သတိရမိ ပါတယ် … ။

သိကြမယ်လို့တော့ ထင်ပါတယ် မသိသေးသူများ
သိရလေအောင် နည်းနည်းလောက် ပျိုးပေးလိုက် ပါတယ်

တချိန်က တန်ဆောင်တိုင်လပြည့်ည တစ်ညမှာ အရိဋ္ဌပြည့်ရှင် သိဝိမင်းကြီးဟာ မြို့တော်အတွင်း ဆင်တော်စီးပြီး အပူဇော်ခံ ထွက်လာခဲ့သတဲ့ ။

မြို့ တော်ရဲ့ တစ်နေရာမှာ  စစ်သူကြီး အဘိပါရက ရဲ့ ဇနီးမယား အလှဒေဝီ မယ်ဥမ္မာဒန္တီရဲ့အလှကို မြင်တွေ့ ပြီး အရူးအမူး ဖြစ်ခဲ့ရတယ် ပြောတာပါပဲ ။

နောက်ဆုံး မှာတော့ စိတ်ဆိုတဲ့ မနောကံနဲ့ ပြစ်မှား မိခဲ့တာကို သတိသံဝေဂ ကြီးစွာရကာ တောထွက် တော်မူခြင်း ဖြစ်ပါတယ် ။

မြန်မာ ကဗျာတွေထဲမှာ ကုန်းဘောင်ခေတ် စာဆို တော်များ ဖြစ်တဲ့ ရွှေတောင်နန္ဒမိတ်နဲ့ မဟာမင်း လှမင်းခေါင်ဦးရွှန်း တို့  ရေးဖွဲ့ တဲ့ ဥမ္မာဒန္တီ ပျို့  ကဗျာ များဟာ ထင်ပေါ် ကျော်ကြားခဲ့သလို ဇာတ်သဘင် ဖခင်ကြီး ဂရိတ်ဦးဘိုးစိန်ရဲ့ ဥမ္မာဒန္တီဇာတ်တော် ဆို ရင် သမိုင်းမှတ်တိုင် တစ်ခုလို ဖြစ်ခဲ့ရပါတယ် … ။

ဥမ္မာဒန္တီ ကို သိဝိဘုရင်ကြီးမြင်တွေ့လိုက်ရတဲ့အခါ ရူးသွပ်ခဲ့ရပြီး ၊ ဆင်တော်ပေါ်မှ လိမ့်ကျလုမတတ် ရာဇဣနြေ္ဒ ပျက်ခဲ့ရပုံတွေကို ပန်ချီ ၊ ကာတွန်း ၊ ပြဇတ် ဆရာများက ဟာသမြောက်အောင် ခေတ် အဆက်ဆက် သရုပ်ဖော် ကျီစယ်ခဲ့ကြပြန်ပါတယ် … ။

အခုလို တန်ဆောင်တိုင် လရောက်တိုင်း စာပေ အနုပညာ သမိုင်းမှာ မှတ်တိုင် တစ်ခုဖြစ်တဲ့ ဥမ္မာဒန္တီ ကို ကျွန်တော့်လိုပဲ မိတ်ဆွေတို့လည်း သတိတရ ရှိနေကြမယ်လို့  ထင်မိပါတယ် …။

ဥမ္မာဒန္တီ

ဥမ္မာဒန္တီဘွဲ့သင်္ဂီနှင့် ၊ နတ်မှီသဏ္ဌာန်
လှပဟန်မူ ၊ နှိုင်းရန်မပြု 
မိုးအောက်သူတွင် ၊ ဇမ္ဗူမင်းစံ
ရွှေပွတ် ခံဖို့ ၊ ရိုးတံရိုးဆစ် 
ပြေပြစ်ချောမော ၊ မြကြောစိမ်းစိမ်း 
ရှိန်းရှိန်းစိုစို ၊ လှသည့်ကိုယ်၌ 
ရှိုက်ဖိုကြီးငယ် ၊ အသွယ်သွယ်မူ
တင့်တယ်စေမှု ၊ သိကြားထုသို့ 
ညံ့နုသားရေ ၊ မြဆံကေလည်း
ဖြေသော်ပြန်တက် ဖနောင့်ထက်ဝယ် 
ကျီးနက်တောင်ပံ ၊ ပိတုန်းပျံသို့ ဖိတ်လျှံရောင်ခြည် တစ်လဲရှည်လျက်၊
ရိပ်ခြည်မမှိန် ရုပ်ရည်ထိန်၍၊
ဒေဝိန္ဒရ၊ သိကြားသမီး
စံသီးနတ်တူ ၊ မြင်သသူတို့
လူပုထုဇန် ၊ ပုဂ္ဂိုလ်မှန်မူ
လျက်မြန်ခုမြောက် ၊ သေရည်သောက်သား မျောက်၏ပမာ ၊ ထောင့်ငါးရာကြောင့်
ကာယိနြေ္ဒ ၊ မှိန်မသေဘဲ
လက်ခြေအာပေါင် ၊ ချွန်းတောင်ဉာဏ်ခိုင် မချိတ်နိုင်၍ ၊ ထိုင်ယောက်ထယောင် ကတောင်ကချောက် ၊ စိတ်နောက်ကိုယ်ပါ ကိုးရာမရ ၊ ရူးအောင်လှသား . . … ။

စာဖတ်သူထဲမှ အများစုကတော့ တန်ဆောင်တိုင် လပြည့်ညနဲ့ မယ်ဥမ္မာကို တွဲပြီး သိကြမယ် မဟုတ် ပါဘူး ၇၅% လောက်ပေါ့လေ တွဲပြီးသိတဲ့သူ အတော်ကို နည်းလှပါတယ် ဒါကြောင့်ကိုပဲ အချိန် အခါ မဟုတ် သတိရတာနဲ့ ကောက်ရေးဖြစ်သွား တာပါ

 


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်