လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီး၏ဉာဏ်တော်မှာ (၃၂၆)ပေရှိ၍ လုံးပတ်တော်မှာ
(၁၄၂၈)ပေ ရှိပါသည်။ စေတီတော်မြတ်ကြီးတည်ထားသော သိင်္ဂုတ္တရကုန်း ယင်ပြင်တော်မှာ အလျားပေ
၉၀ဝ ရှိပြီး အနံပေ ၇၀ဝ ရှိပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအပေါ် ကျားတက်သောအကြောင်းနှင့်မီးလောင်သောအကြောင်းအရာ အဖြစ်အပျက ခုနှစ်သက္ကရာဇ် နေ့လအချိန်နာရီက စာရေးသ သုတေသနပြုမိသမျှ သုတေသီတို့အတွက ဗဟုသုတကဏ္ဍမှ တင်ပြလိုပါသည်။
မှတ်တမ်းစာအုပ်ကြီးတစ်အုပ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပေါ် ကျားတက်သညကိ နေ့ရက်၊ အချိန်နာရီ အတိအကျစုံစမ်း၍မရသော်လည်း ခရစ်သက္ကရာဇ် ၁၈၉၂-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၆၄-ခုနှစ် တပေါင်းလတွင် ကျားကြီးတစ်ကောင် စေတီတော်မြတ်ကြီး၏သပိတ်မှောက်အောက ခေါင်းလောင်းပုံ
အောက်ရစ်တွင် ဝပ်နေသောကျားကြီးက ဘုရားဖူးလာသူများက တွေ့မြင်ကြရသည်။
စေတီတော်မြတ်ကြီးအပေါ် ၃ ရက်ကြာ ဝပ်နေသော ထုကျားသတ္တဝါက အင်္ဂလိပ်စစ်တပ်မှဂေါ်ယာ စစ်ဗါရီက သေနတ်နှင့်ပစ်သတ်လိုက်သည်ဟ ရေးသားထားသည်က ဖတ်ရသည့်အပြင်..
အချု့က ရွှေတိဂုံစေတီတော်မြတ်ကြီးအပေါ် ကျားကြီးတက်နေသည်မှာ ၅ ရက်တောင်ကြာသော
ကြောင့်...
ဘုရားမှာ ကျားတက်တာ ၅ ရက်ကြာ...ဆိုတဲ သီချင်းများတောင် ရှိသည်ဟ ပြောဆိုနေကြသည်။
စေတီတော်မြတ်ကြီးအပေါ် ကျားတက်စဉ်က အဖြစ်အပျက မျက်မြင်ဖြစ်သော စာရေးသူ၏ဘခင် ဦးသာဗျောနှင့်မိခင်ဒေါ်ရွှေရီတ မကွယ်လွန်မီက အောက်ပါအတိုင်း ပြောပြသွား၍ မှတ်သားထားခဲ့ပါသည်။
သက္ကရာဇ် ၁၂၆၄-ခုနှစ်၊ တပေါင်းလပြည့်မှ လပြည့်ကျော ၈ ရက်နေ့အထ စေတီတော်မြတ်ကြီး၏ ယင်ပြင်တော အင်္ဂါဒေါင့်ရှိ သစ်သားကွတ်ပြစ်ကြီးများအပေါ် ဦးသာဗျော ဒေါ်ရွှေရီနှင့်မိတ်ဆွေ ၄-၅ယောက တ ဥပုသ်စောင့်နေကြသည်။
ဓတပေါင်းလပြည့်ကျော ၅ ရက်နေ့ နံနက ၄ နာရီလောက အရုဏ်ဆွမ်းချက်သချက်၊ ပုတီးစိပ်သ ကစိပ်၍နေကြစဉ် အင်္ဂါဒေါင့်ကပင် ရေစိုနေသောကျားကြီးတစ်ကောင် မဟာရာမ်တံတိုင်းက ကျော်၍တက လာပြီး ဆွမ်းချက်နေသူများ အနီးအနားကပင် စေတီတော်မြတ်ကြီးဘက ပြေးသွား၍ ကြောက်လန့်ကြ
သောကြောင့် ပြေးလွှားပုန်းအောင်းကြရသည်။
နံနက ၆ နာရီကျော်လောက်တွင် အင်္ဂါဒေါင့်နှင့်ဗုဒ္ဓဟူးဒေါင့်အကြား စေတီတော်မြတ်ကြီး၏အလည
ပစ္စရံတွင် တောင်ဘက်က ခေါင်းထားပြီး ဝပ်နေသောကျားကြီးတစ်ကောင်က ဘုရားဖူးလာသူများက တွေ့
မြင်ကြသောကြောင့် အော်ဟစ်ပြေးလွှားကြသည်။
၈-နာရီကျော ၉-နာရီလောက ဘုရားလူကြီးဦးဝိုင်း ရောက်လာပြီး အနောက်မုခ်ဖက်ရှိ ဂေါ်ရာတပ်မှ စစ်ဗိုလ်က သွားခေါ်ပြီး သေနတ်နှင့်အပစ်ခိုင်းသည်။
ထိုခေတ်က နယ်ချဲ့ဗြိတိသျှအစိုးရက ရွှေတိဂုံစေတီတော်မြတ်ကြီးက ခံတပ်လုပ်ထားပြီး အနောက ဘက်မုခ်က အလုံပိတ်၍ ဂေါ်ယာကင်းစောင့်တပ်က ချထားသည်။
ဝိုင်းအုံကြည့်ရှုနေသော လူအုပ်ထဲမှ နတ်ကတော်တစ်ယောက်က ခုန်ပေါက်ဟစ်အောပြီး ဓမပစ်နဲ
ဟေ မပစ်နဲ့၊ ငါ့စီးတော်ကျားကွ၊ နတ်ကျား-နတ်ကျား၊ ဥပုသ်စောင့်လာတာကွ၊ ပစ်ရင် မင်းတို့အကြောင်း သိ မဟေ့နော်၊ ငါ မှော်ဘီအရှင်ကြီးကဓွ ဟု ပြောဆိုလေသည်။
နတ်မယုံသော လူတစ်ယောက်က ဓအရှင်ကြီး စီးတော်ကျားဟာ အထီးလား အမလားဗျဓ
ဓငါ့လခွီး - စီးတော်ကျားဟာ အထီးပေါကွ၊ ကျားထး ကျားထး၊ သိပလားဓဟု နတ်ကတော်က ပြန်
ပြောနေစဉ် ဂေါ်ယာစစ်ဗိုလ်က ပစ်လိုက်သောပထမကျည်ဆ ကျားကြီး၏ဘယ်ဘက်လက်ဖမိုးက ထိမှန် သွားသည်။
ကျားကြးသည ထ၍မပြေးဘဲ ခေါင်းထောင်ကြည့်ပြီး ကျည်ဆံမှန်သောလက်က သူ၏လျှာနှင့်ယက ပြီး ပြန်၍ဝပ်မြဲတိုင်း ဝပ်နေသည်။
ဒတိယကျည်ဆ ဝမ်းပိုက်အနီး ထိမှန်သောကြောင့် ကျားကြးသည ခုန်ပေါက်လူးလှိမ့်ရာမှ ဒလိန့်
ခေါက်ခွေးနှင့်အောက်သ လိမ့်ကျသေဆုံးသွားသည်။ ကျားထီးမဟုတ်ဘဲ ကျားမ ဖြစ်နေသောကြောင့် နတ ကတော်လည်း လူအုပ်ထဲမှာ ပျောက်သွားသောအကြောင်းများကိုပါ ပြောပြသွားပါသည်။
ဓဘုရားမှာ ကျားတက်တာ ငါးရက်ပါ၊ ဂေါ်ယာနဲ့ဦးဝိုင်း ဒိုင်းကနဲ ပစ်ချတာဓ
အချု့က ဓကျားတက်တာ ငါးရက်မှာ ဂေါ်ယာတေဝွ
ိုင်း ဒိုင်းကနဲ ပစ်ချလို့သာ ကျားသေရှာဓသီချင်း
များကိုပင် စာရေးသ ငယ်ရွယ်စဉ်က ကြားဖူးခဲ့ပြီး တောင်ဖက်အာရုံခံတန်ဆောင်းအနီးအနားတွင် ကမ္ပည်း စာတန်းများနှင့်ကျားရုပ်ကြီးက တွေ့ဖူးသည့်အပြင် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီကလည်း ဘဏ္ဍာတော်ပြ တိုက်ဟောင်းအတွင်း ကျားရုပ်ကြီး ပြောင်းရွှေ့ထားသည်ကိုလည်း မြင်ဖူးသည်။ ဘုရားဆောင်းတန်းမှန် ကားဆိုင်များလည်း စေတီမြတ်ကြီး၏ပုံတော အလယ်ပစ္စယံပေါ် ကျားကြီးတစ်ကောင် ဝပ်နေပြီး ဂေါ်ရာစစ် ဗိုလ်က သေနတ်နှင့်ချိန်ရွယ်နေသော မှန်ကားများကိုလည်း ရောင်းချကြသည်။
ကျွန်သပေါက်ဘဝမှ လွတ်မြောက်သောပြည်ထောင်စုခေတ်တွင် ပြတိုက်ဟောင်းတွင် ကျားရုပ်ကြီး မတွေ့ရသောကြောင့် စုံစမ်းမေးမြန်းရာ ဖျက်ဆီးပစ်လိုက်ပြီဟ ပြတိုက်ဟောင်းအစောင့်က တိုတောင်းသော အဖြေက ပြောလိုက်ပါသည်။
ဗုဒ္ဓဘာသာမြန်မာများသာမက ကမ္ဘာအရပ်ရပ်မှ အလည်အပတ ရောက်လာကြသော နိုင်ငံခြား
ဧည့်သည်များပါ ဦးညွှတ်အရိုအသေ ပြုရသော ရွှေတိဂုံစေတီတော်မြတ်ကြီး သမိုင်းဝင်ကျားရုပ်က သက် ဆိုင်ရာတို့က ထပ်မံထုလုပ်စေပြီး မြန်မာစာ အင်္ဂလိပ်စာများနှင့်ကမ္ပည်းရေးသား၍ ပြတိုက်သစ်အတွင်းထား ရှိပါလျှင် နောက်နောင်စဉ်လာ ရှင်လူတကာတ ဗဟုသုတများစွာ ရစရာရှိပါသည်။
စေတတောမြတကြး မီးလောင်ခံရပု
သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး မီးမလောင်မီ ယင်ပြင်တော်ပေါ်တွင် အတိတ်နိမိတ်ဆိုးနှစ်မျိုး ရှိပါ
၁၂၉၂-ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်နေ့ ညနေအချိန် မြောက်ဘက်သွေးဆေးကန်ဆောင်းတန်းမှ
နွားမကြီးတစ်ကောင် ယင်ပြင်တော်အရောက တက်လာပြီး စေတီတော်မြတ်ကြီးက တစ်ပတ်ပတ်၍ ပြန် ဆင်းသွားသည်။
တပေါင်းလဆန်း ၁၀ ရက်နေ့ နောင်တော်ကြီးစေတီတော်ဘက်အနီးရှိ အာရုံခံတန်ဆောင်းအတွင်း မှ တင်ပလ္လင်ခွေရုပ်ပွားတော်တစ်ဆူ၏မျက်နှာတော်က ပျားစွဲသည်။ ထိုအတိတ်နိမိတ်ဆိုး နှစ်မျိုးရှိခဲပြီး
နောက...
တပေါင်းလပြည့်ကျော(၄)ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ဘက်မုခ် ဆောင်းတန်းအနီး ဗုဒ္ဓရာဇာ
ခေါ်ဆံရှည်ကိုယ်တော်ခေါ် ဓဦးနာဂိန္ဒဓတရားဟောမဏ္ဍပ်မှ စတင်မီးလောင်ရာ အနောက်ဖက်မုခ်၊ မြောက ဖက်မုခ်၊ အရှေ့ဖက်မုခ်ဆောင်းတန်းအတွင်းရှိ ရှေးဟောင်းလက်ရာမွန်၊ လက်ရာကောင်းတန်ဆောင်းပြာ သာဒ်ကြီးများ၊ ရုပ်ပွားဆင်းတုတော်များ၊ ပန်းချ-ပန်းပုများ၊ စေတီတော်မြတ်ကြီး၏ယင်ပြင်တော်လေးပုံသုံးပုံ ခန့် မီးလောင်သွားပြီး စေတီမြတ်တစ်ခြမ်း မီးခလောင်ကျွမ်းသွား၍ ကပ်လှူထားသောရွှေပြားများ အရောင် ညှိုးနွမ်းသွားလေသည်။
စေတီတော်မြတ်ကြီး မီးစတင်လောင်ကျွမ်းသွားသည်က နှောင်းလူများ အမှတ်ရလွယ်လေအောင်
အောက်ပါတေးထပ်က စာရေးသ ဖွဲ့စပ်ရေးဆိုပြီး မန္တလေးမြို့ တိုင်းချစ်သတင်းစာတွင် ထည့်ခဲ့သည်။
ဓာတ်လေးဆ အစုံတင့်၊ ဒဂုံရှင့်စေတီ၊ ကြုံသဖြင့် ဖြေမဆည်တယ်၊ ရဝေပြည မြန်စမ်း၊ မြတ်ထူပ၊
ရွှေဘောဂံကို၊ တေဇောလျှန်မီးခလောင်ကျွမ်းဍ္ဍကိုးဆယ့်နှစ် ထောင့်နှစ်ရာမှာ၊ ၎င်းအခါနှစ်ကြမ်း၊ ဖြောင့် မသမာ အဖြစ်ဆန်းမို့၊ ခေတ်သရမ်းကြုံပြီဍ္ဍကျော်လေးလ မိန်မာသ၊ စိန်ညှာကြွ ဖူးပွင့် သရဖီဍ္ဍဘက္ခု ဏ စန်းစန္ဒီငယ်၊ လျှမ်းသျှဉ်ကြည ယှဉ်ဆဲမို့၊ မြင်မရဲ သည်းထိပ်မရွှင်၊ ကြီးနိမိတ်ပင်ဍ္ဍအနိဋ္ဌမျိုးစုံကျဉ်
အောင်၊ ကိုးဂုဏ်ရှင်၊ ကယ်ကြောင်းဖျလေးဍ္ဍ
၁၂၉၂-ခုနှစ်တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အိမ်တိုင်းလိုပင် ကိးကွယ်ထားကြသော ဒက္ခိဏသာ
ခါရုပ်ပွားတော်များမှ အမွေးတော်ပေါက်ခြင်း။ ပဲခူးငလျင်ကြီးလှုပ်၍ ရွှေမောဓောဘုရားကြီး ပြိုကျခြင်း။
လေဘားအလုပ်သမားကိစ္စနှင့်ပတ်သက်၍ ကုလားမြန်မာရိုက်ပွဲကြီး ဖြစ်ခြင်း။
အစားအသောက်ရောင်းသော တရုပ်ဆိုင်တစ်ဆိုင်မှ စကားအပြောအဆ အဆင်မပြေမှုကြောင့် တ ရုပ်မြန်မာရိုက်ပွဲကလေးဖြစ်ခြင်း။
မျိုးချစ်တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ နယ်ချဲ့ဗြိတိသျှအစိုးရက တော်လှန်ခြင်း။
ထို့ကြောင့် တေးထပ်တွင် ကိုးဆယ်နှစ် ထောင့်နှစ်ရာမှာ ၎င်းအခါနှစ်ကြမ်း၊ ဖြောင့်မသမာ အဖြစ် ဆန်းမို့ ခေတ်သရမ်းကြုံပြီ...ဟုထည့်သွင်း ရေးစပ်ဖွဲ့ဆိုခဲ့ပါသည်။
၁၂၆၄-ခုနှစ် တပေါင်းလပြည့်ကျော ၅ ရက်နေ့ ကျားတက်ခံရသော ရွှေတိဂုံစေတီတော...
၁၂၉၂-ခုနှစ် တပေါင်းလပြည့်ကျော ၄ ရက်နေ့ မီးလောင်ခံရသော ရွှေတိဂုံစေတီတော...
ရွှေတိဂုံစေတီတော်မြတ်ကြီး၏သမိုင်းဝင် အထက်ပါဖြစ်ရပ်နှစ်မျိုးသည တပေါင်းလပြည့်ကျော်မှာ သာဖြစ်ပြီး ကျားနှင့်နွားမှာလည်း အမချည်းဖြစ်သောကြောင့် ထူးခြားသောဖြစ်ရပ်များဟ ဆိုနိုင်ပါကြောင်း။
ရွှေတိဂုံစေတီတော်ကြီး၏လုံးပတ်နှင့်ဉာဏ်တော (၁)ရွှေတိဂုံစေတီတော်ကြီးဘိနပ်တော အလျား ၃၆၇ ပေ ၂ လက်မ။ အမြင့် ၂ ပေ ၃ လက်မ။ (၂)၎င်းဘိနပ်တော်လေးမျက်နှာအနက တောင်မျက်နှာ အလျား ၃၂၂ ပေ ၂ လက်မ။ (၃)ပဌမပစ္စယံအောက်ခြေအလျား ၃၄၀ ပေ ၆ လက်မ။
(၄)၎င်းအထက်အထိပ်အလျား ၃၂၂ ပေ ၂ လက်မ။ ၎င်း ၃-၄ အောက်အထက်အမြင့် ၁၅ ပေ ၁၀ လက်မ။
(၅)ဒုတိယပစ္စယံအောက်ခြေအလျား ၂၆၅ ပေ။
(၆)၎င်းအထက်ထိပ်အလျား ၁၉၉ ပေ ၂ လက်မ။ ၎င်း ၅-၆ အောက်အထက်အမြင့် ၃၈ ပေ ၅ လက်မ။
(၇)တတိယပစ္စယံအောက်ခြေအလျား ၁၈၈ ပေ။ ၎င်းအထက်အထိပ် အလျားပေ ၁၄၀။ ၎င်း ၇-၈ အောက အထက်အမြင့် ၂၅ ပေ ၁၀ လက်မ။
(၉)ကြေးခွေကြီးအောက်ခြေလုံးပတ ၄၄၃ ပေ၊ ထိပ်ဝ ၁၄၁ ပေ။
(၁၀)၎င်းအထက်ထိပ်လုံးပတ ၃၃၉ ပေ။ ထိပ်ဝ ၁၀၇ ပေ။ ၉-၁၀ အောက်အထက်အမြင့် ၂၁ ပေ ၅ လက်မ။
(၁၁)သပိတ်မှောက ခေါင်းလောင်းကြီးအောက်လုံးပတ ၃၃၉ ပေ။ ထိပ်ဝ ၁၀၇ ပေ။
(၁၂)၎င်းအထက်ထိပ်လုံးပတ ၁၉၁ ပေ ၁၁ လက်မ။ ထိပ်ဝ ၆၁ ပေ။ ၁၁-၁၂ အောက်အထက်အမြင့် ၄၈
ပေ ၁၁ လက်မ။
(၁၃)ဖောင်းရစ်အောက်လုံးပတ ၁၉၁ ပေ ၁၁ လက်မ။ ထိပ်ဝ ၆၁ ပေ။
(၁၄)၎င်းအထက်လုံးပတ ၉၆ ပေ ၅ လက်မ။ ထိပ်ဝ ၃၀ ပေ ၈ လက်မ။ ၎င်း ၁၃-၁၄ အောက်အထက်အ
မြင့် ၄၁ ပေ။
(၁၅)ကြာနုလုံးပတ ၉၆ ပေ ၅ လက်မ။ ထိပ်ဝ ၃၀ ပေ ၈ လက်မ။
(၁၆)အထက် ကြာနုလုံးပတ ၇၈ ပေ ၉ လက်မ။ ထိပ်ဝ ၂၅ ပေ။ ၎င်း ၁၅-၁၆ အောက အထက်အမြင့် ၃၁
ပေ ၅ လက်မ။
(၁၇)ငှက်ပျောဖူး အောက်ခြေလုံးပတ ၆၅ ပေ ၉ လက်မ။ ထိပ်ဝ ၂၀ ပေ ၁၁ လက်မ။ (၁၈)၎င်းတင်းလုံးပတ ၃၇ ပေ။ ၁၁ လက်မ။ ထိပ်ဝ ၂၃ ပေ ၆ လက်မ။ (၁၉)၎င်းအလယ်လုံးပတ ၅၂ ပေ ၁၁ လက်မ။ ထိပ်ဝ ၁၆ ပေ ၁၀ လက်မ။
(၂၀)၎င်းထိပ်ဆုံးလုံးပတ ၁၂ ပေ ၉ လက်မ။ ထိပ်ဝ ၄ ပေ။ ၎င်းငှက်ပျောဖူး အောက်ခြေမှထိပ်ဆုံးထ အ
မြင့် ၅၂ ပေ ၆ လက်မ။
(၂၁)ဘိနပ်တော အောက်ခြေက ငှက်ပျောဖူးအဆုံးထ ၂၇၇ ပေ ၇ လက်မ။
(၂၂)ထီးတော်အောက်ခြေလုံးပတ ၄၅ ပေ ၇ လက်မ။ ထိပ်ဝ ၁၄ ပေ ၆ လက်မ။ အမြင့် ၃၃ ပေ။ ဘိနပ်
တော်မှ ထီးတော်အဆုံးထ အမြင့် ၃၁၀ ပေ ၇ လက်မ။
ဒါရိုက်တာဆရာမြင့် မှတ်ချက်။ ။၁၉၆၉-ခုနှစ် ဒီဇင်ဘာလထုတ သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၅ မှ ၇)ထိ လာရှိသော
ဆောင်းပါးက ပြန်၍စာစီရိုက်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်