သမိုင်းကော်မရှင်၏စိတ်ဝင်စားဖွယ် လုပ်ငန်း
သမိုင်းကော်မရှင်၏စိတ်ဝင်စားဖွယ် လုပ်ငန်း
မင်းသုဝဏ် ပျူမြို့တော်သွားခြင်းဆိုသောသတင်းတစ်ခုကို ဖတ်လိုက်ရ၏။ သမိုင်းကော်မရှင်၏ ကွင်းဆင်းသုတေသနလုပ်ငန်းရပ်တစ်ခုအနေနှင့်ပထဝီ၊ ဘူမိဗေဒ၊ နိုင်ငံသမိုင်းနှင့်မြန်မာပညာရှင်တို့ပါဝင် သော အဖွဲ့တစ်ခုသည် အထောက်အထားရှိရာသို့ ကိုယ်တိုင်ကိုယ်ကျသွား၍ လေ့လာခြင်းဖြစ်သဖြင့် စိတ်
ဝင်စားဖွယ်ကောင်းလှသည်။ သမိုင်းကော်မရှင်သည် အလားတူ ကွင်းဆင်းသုတေသနအဖွဲ့များကို အ ထောက် အထားရှိသည့်နေရာ၊ ရှိနိုင်မည်ထင်ရသည့်နေရာများသို့ နိုင်ငံတွင်းအစွန်အဖျား ချောင်ကြိုချောင် ကြား နေရာများ ရောက်အောင် စေလွှတ်ခဲ့သည်ကို သတင်းစာတို့တွင် ဖတ်ရသည်။
ပျူမြို့တော် ၂ မြို့
ယခုသွားရောက် သုတေသနပြုသောနေရာမှာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ ဟလင်းကြီး မြို့ဒေသဟုဆိုသည်။ ထိုမြို့မှာ ရှေးပျူမြို့ဟောင်းဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။ ပျူတို့၏မြို့တော် မှာ ပါဠိဘာသာဖြင့် သီရိခေတ္တရာခေါ် ပြည်မြို့အရှေ့တောင်ယွန်း၊ ယခုမှော်ဇာမြို့တည်ရာတွင် ရှိ၏ဟုမှတ်
ရဖူးသည်။ ゞင်းသီရိခေတ္တရာခေါ် သရေခေတ္တရာကို လူသိရှားကြသည်။ စူဠာသမ္ဘဝ၊ မဟာသမ္ဘဝတို့အဆက်
ဒွတ္တဘောင်မင်းကြီးနှင့်ဆက်စပ်၍ မြန်မာရာဇဝင်တို့တွင် ပါဝင်နေပြီဖြစ်၍ အသစ်အဆန်း မဟုတ်ပေ။ ယ ခုဟလင်းကြီးမြို့မှာမူ သရေခေတ္တရာလောက် လူသိများဟန် မတူ။ သမိုင်းစစ်စစ် ဟုတ်သည်ဖြစ်စေ၊ အ ထောက်အထား မခိုင်လုံ မပြည့်စုံသောရေးသားချက်ပင်ဖြစ်စေ၊ သရေခေတ္တရာ၏သမိုင်းကို မြို့ပျက်သည် ထိ မင်းစဉ်မင်းဆက်နှင့်ဖော်ပြထား၏။ ဟလင်းကြီးကား သရေခေတ္တရာလောက် ထင်ပေါ်ခြင်းမရှိဟုဆိုရပေ မည်။ သို့ရာတွင် ပျူမြို့တော်ဟုဆိုထားသဖြင့် ပျူမြို့တော် ၂ မြို့ဖြစ်နေသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ် ကိုင်း စသည်ဖြင့် မြန်မာမြို့တော်အများရှိနေသလို ပျူတို့ကြီးစိုးစဉ်ခေတ်ကလည်း မြို့တော်တစ်ခုထက် ပို ၍ ရှိနိုင်ပေသည်။ သို့ရာတွင် ထိုမြို့တော် ၂ ခုမှာ အပြိုင်လော၊ မဟုတ်လျှင် မည်သည့်မြို့တော်က အလျင် ကျသနည်း။
မရေရာသော အစောပိုင်း
အနောက်နိုင်ငံမှ နိုင်ငံသမိုင်းပညာရှင်အချို့တို့က ပုဂံခေတ် အနော်ရထာ(အနိရုဒ္ဓဒေဝရာဇာ)မင်း လက်ထက်စော၍ မြန်မာနိုင်ငံအတွက် အထောက်အထားနှင့်ခိုင်လုံသော အစောပိုင်းနိုင်ငံသမိုင်းဟူ၍ မယ် မယ်ရရ မရှိဟုဆိုထားသည်။ သို့ရာတွင် ကွယ်လွန်ပြီဖြစ်သော အရှေ့တိုင်းပညာဆိုင်ရာပါရဂူတစ်ဦးဖြစ် သည့်ဒေါက်တာဘလက်ဒင်နှင့်ယခုတိုင် အစောပိုင်းမြန်မာနိုင်ငံသမိုင်းကို ကျားခုပ်ကျားရက် သုတေသနပြု လျက်ရှိသော ဒေါက်တာလုစ်တို့ကမူ သရေခေတ္တရာတွင် အုပ်စိုးခဲ့သော ပျူမင်းဆက်နှင့်မင်းတို့၏အမည်ကို ခုနှစ်၊ သကရာဇ်နှင့်ပျူကျောက်စာ၊ အရိုးအိုးစာများကို ဖတ်ရှုဘာသာပြန်ဆိုပြီးနောက် ဖေါ်ထုတ်ခဲ့ပေပြီ။
ပျူမင်းဆက်
ထိုပညာရှင်တို့ဖေါ်ထုတ်ပေး၍ သိရသော ဝိကြမမင်းဆက်မှာ ခရစ်သကရာဇ် ၆၇၃ မှ ၇၁၈ ထိအုပ် စိုးခဲ့သည်ဟုယာယီသတ်မှတ်ထားသည်။ ယင်းမင်းဆက်တွင် သူရိယဝိကြမ(ခရစ်သကရာဇ် ၆၈၈ ခု၊ သက်
တော် ၆၄ တွင် နတ်ရွာစံသည်။) ဟရိဝိကြမ(ခရစ်သကရာဇ် ၆၉၅ ခု၊ သက်တော် ၄၁ တွင် နတ်ရွာစံသည်) နှင့်သိဟဝိကြမ(ခရစ်သကရာဇ် ၇၁၈ ခု၊ သက်တော် ၄၄ တွင် နတ်ရွာစံသည်)တို့ပါဝင်ကြသည်။ မင်းဆက်
ဝန်မင်းအားလုံးတို့ အပြည့်အစုံပါဝင်ပြီဟုဆိုနိုင်မည် မဟုတ်ဟုထင်သည်။ တွေ့ရသမျှသော အရိုးအိုးစာများ
အရသာ ဖြစ်ပေသည်။
မင်းဆက်အပြိုင်
ယင်းမင်းဆက်အပြင် ဝရ်မန်မင်းဆက်ရှိသေးကြောင်း ရှေးဟောင်းသုတေသနဌာနက ဒုတိယကမ္ဘာ စစ်အရင်က တွေ့ရှိခဲ့သော ကျောက်ဆင်းတုတစ်ဆူတွင် ထိုးထားသော သက္ကဋပျူစာ၊ ငွေထူပါတစ်ဆူတွင် ထိုးထားသောပါဠိပျူစာတို့ကို ထောက်ထား၍ သိရသည်။ အထက်တွင် ဖေါ်ပြထားသော သက္ကဋပျူစာတွင် ဇယစန္ဒြဝရ်မန်မင်းသားမှ ဆင်းတုတော်ကို လှူသူဖြစ်သည်။ ゞင်းသည် ဟရိဝိကရမမင်း၏ညီတော် ဖြစ် သည်။ ထိုမင်း ၂ ပါးမှာ မြို့တော် ၂ မြို့ကို တစ်ပြိုင်နက်တည်း တည်ကြကြောင်း၊ ゞင်းတို့၏ဆရာမှာ ဂုဟ
ဒီပဖြစ်ကြောင်း၊ ၂ မြို့ကို တစ်ပြိုင်တည်း သဘောထား၍ ချစ်ကြည်စွာ ဆက်ဆံကြပုံ၊ နောက်ကမ္ဘာပျက်
သည်တိုင်အောင် ချစ်ကြည်ရေးရှိစေချင်ပုံတို့ကို ဖေါ်ပြထားပေသည်။
သရေခေတ္တရာအပြင် အခြားပျူမြို့များ
မြို့တော် ၂ မြို့ဆိုထားရာ သရေခေတ္တရာနှင့်အခြားမည်သည့်မြို့ကို ဆိုလိုသနည်း။ ယခု သရေခေ တ္တရာမြို့၏အရှေ့တောင်အနီးတွင် ပိဿနိုးမြို့ဟုခေါ်နေသော မြို့ဟောင်းနေရာတစ်ခု ရှိသေးသည်။ ယင်း အရှေ့တောင်ဘက် ခပ်လှမ်းလှမ်းတွင် အရံအတား တံတိုင်းများရှိသည်ဟုယူဆနိုင်သော ပျူတိုက် ၂ ခုရှိ သေးသည်။ ထိုမြို့ငယ်ကလေးများအပြင် တောင်တွင်းကြီးအနောက်ဖက် တစ်မိုင်ခန့်ကွာ မကွေးလမ်းပေါ် ကုက္ကိုကွရွာအနီးတွင် ပန်ထွာမိဘုရားရာဇဝင်နှင့်ဆက်စပ်နေသော ပိဿနိုးမြို့ဟောင်းနေရာတစ်ခု ရှိသေး သည်။ ゞင်းပြင် ယခုသမိုင်းကော်မရှင်မှ ကွင်းဆင်းသုတေသနပြုခဲ့သော ဟလင်းလည်း ရှိသေးသည်။ မြို့
ရိုးမြို့တားများ အတော်အတန်ရှိသေးသော ဤမြို့ဟောင်း ၂ ခုကို အတော်ပင်ကျယ်ဝန်း၍ မြို့ကြီးများဖြစ် သည်။ ညီတော်မင်းသားအုပ်စိုးသည်ဆိုသော ဒုတိယမြို့မှာ မည်သည့်မြို့နည်း။ အဖြေရှာရန် လိုပေသည်။
ရှေ့နှင့်နောက်
ဖေါ်ပြခဲ့သော မြို့ဟောင်းအားလုံးပင် ပျူမြို့ဟောင်းများဖြစ်ကြောင်းကို တွေ့ရှိရသော ခိုင်လုံသည့် အထောက်အထားများအရ သိရသည်။ ထိုဒေသရှိလူတို့ တစ်ဆင့်စကား မှတ်သားလာခဲ့သည်မှာလည်း ပျူ တို့နှင့်ပင် ဆက်သွယ်နေသည်။ ဟလင်းကြီးတွင် ပျူကျောက်စာ ၃ ချပ် တွေ့ခဲ့ပြီးဖြစ်သည်။ သရေခေတ္တရာ တွင် တွေ့ရသော ပျူဒင်္ဂါးကဲ့သို့သော ငွေဒင်္ဂါးအများနှင့်ရွှေငွေဖြင့်ပြီးသည့်လက်ရာမြောက် လူသုံးပစ္စည်း များကိုလည်း နှစ်စဉ်တွေ့လျက်ရှိသည်။ ပျူမြို့ဟောင်းများဖြစ်သည်မှာကား သေချာပါသည်။ သို့ရာတွင် မည်သည့်မြို့သည် သရေခေတ္တရာနှင့်ထီးပြိုင်နန်းပြိုင်ဖြစ်သည်။ မည်သည့်မြို့က လက်အောက်ခံမြို့ဖြစ်၍ မည်သည့်မြို့က စော၍ မည်သည့်မြို့က နောက်ကျသည်ကိုကား ထပ်လောင်းသုတေသနပြုရန် လိုပေသေး သည်။
နိုင်ငံသမိုင်းကျမ်းကြီးပင် ဖြစ်နိုင်ဖွယ်ရာ
အထောက်အထားမရှိလျှင် နိုင်ငံသမိုင်းမရှိနိုင်ဟူသောမူအရ ခေတ်မီနိုင်ငံသမိုင်းပညာရှင်တို့လက်ခံ
နိုင်သည့်အဆင့်အတန်းထိ ခိုင်လုံသောကျွန်ုပ်တို့နိုင်ငံ၏သမိုင်းကို အနော်ရထာမင်းစော၏အလျင် နှစ် ပေါင်း ၄၀ဝ ကျော်ထက်စော၍ အထောက်အထားနှင့်ပြနိုင်ပြီဖြစ်သည်ကိုကား မငြင်းနိုင်တော့ပေ။ ပျူတို့ နှင့်ခေတ်ပြိုင်ဖြစ်သော တရုပ်ပြည် ထန်မင်းဆက်သစ်၊ ထန်မင်းဆက်ဟောင်းရာဇဝင်တို့တွင်ゞင်း၊ တောင် ပိုင်းလူရိုင်းများအကြောင်း စာအုပ်ဖြစ်သည့်မန်ရှုခေါ် အလွန်ရှေးကျသောတရုပ်စာအုပ်တွင်ゞင်း၊ ပျူတို့၏ အကြောင်းကို အုပ်ချုပ်မှု၊ ယဉ်ကျေးမှု၊ လူမှုရေးမှစ၍ အတော်များများ ရေးသားဖေါ်ပြထားသည်ကို သိရ သည်။ ပျူအကြောင်းဖေါ်ပြသော ရှေးကျသည့်တရုပ်ဘာသာနှင့်စာအုပ်များ စွယ်စုံကျမ်းများလည်း ရှိပါ သေးသည်။ ゞင်းတို့တွင် ပါသော အချက်အလက်အကြောင်းရပ်များကို လက်ငုပ်ကျန်ရှိနေသေးသော မြေ ပေါ်မြေအောက် အထောက်အထားတို့နှင့်ညှိနှိုင်းပူးပေါင်း၍ သုတေသနပြုကာ ဖေါ်ပြနိုင်သော် ပျူခေတ်မြန် မာနိုင်ငံသမိုင်းကျမ်းကြီးတစ်စောင်ပင် ကောင်းစွာ ပေါ်ပေါက်နိုင်မည်ထင်သည်။ ပျူအကြောင်းကို သိရသ မျှ ရှေးအကျဆုံးရေးသားသည့်ချန်ချူးဆိုသူ တရုပ်ပညာရှင်မှာ ခရစ်သက္ကရာဇ် ၄ ရာစုအတွင်း ပေါ်ပေါက် ခဲ့သူဖြစ်ကြောင်း ဆရာကြီးလု(စ်)၏ပျူဆောင်းပါးတွင် ဖတ်ခဲ့ဖူးသည်။ သို့ဖြစ်လျှင် ပျူတို့မှာ ၄ ရာစုနှစ် များကတည်းက ရှိခဲ့သူများ ဖြစ်သည်။ အနော်ရထာ၏အလျင် နှစ်ပေါင်း ၇၀ဝ ခန့်ကတည်းက ရှိခဲ့သူများ ဟုယူဆရန် ရှိနေပေသည်။
ငစကော
ဤမျှဖြင့် ပျူတို့အကြောင်း အပြည့်အစုံသိရန်မှာ မည်မျှအရေးကြီးသည်ကို သဘောပေါက်နိုင်ပါပြီ။
ယခုသွားရောက်သုတေသနပြုသော ဟန်လင်းကြီးကွင်းဆင်းသုတေသနအဖွဲ့၏လုပ်ငန်းလည်း မည်မျှအ ရေးပါလှသည်မှာလည်း ထင်ရှားပေသည်။ ဟန်လင်းကြီးအကြောင်းကို ရေးရာတွင် ပျူတို့၏ဇာတ်သိမ်းခန်း ကို စဉ်းစားရန် လိုလာသည်ဟုထင်ပါသည်။ မြန်မာရာဇဝင်တို့၌ သရေခေတ္တရာတွင် စကောတစ်ချပ် လေ ၌ပါ၍ ]]ငါ့စကော}}ဟုအော်လိုက်သောကြောင့် ငစကောစစ်လာပြီအထင်နှင့် ထိတ်လန့်ခြောက်ချားဖြစ်ပြီး မြို့ပျက်ခဲ့ကြောင်း တွေ့ရသည်။
ပျူတို့၏ဇာတ်သိမ်း
ဖန်ချိုဆိုသူ(၈၆၃ အေဒီ)ရေးသော တောင်ပိုင်းလူရိုင်းများအကြောင်းစာအုပ်တွင် ၈၃၂ အေဒီ၌ တောင်ပိုင်းလူရိုင်းတို့သည် (နန်ချောင်)ပျူနိုင်ငံကို လုယက်ဖျက်ဆီးကြ၏။ လူပေါင်း ၃၀ဝ၀ ကျော်ကို သုံ့ အဖြစ် ဖမ်းယူလာပြီးလျှင် ချေတုန်(ယခုယူနန်ဖူ)ဒေသတွင် ကျွန်အဖြစ် နေရာချထားကြသည်။ မိမိတို့ဘာ သာ လုပ်ကိုင်စားသောက်ကြရ၏။ ယခုအခါတွင် (၈၆၃ အေဒီလောက်)ゞင်းတို့၏သားသမီးနှင့်မြေးမြစ်တို့ မှာ ထိုဒေသ၌ ငါးနှင့်ပိုးမွှားစသည်တို့ကို ရှာဖွေစားသောက်၍ ရှိနေကြပေသေးသည်။ ဤသည်ကား ထိုလူ မျိုးတို့၏ဇာတ်သိမ်းပင်တည်း}}ဟုဖေါ်ပြထားပေသည်။ ဤတွင်လည်း နန်ချောင်တို့ တိုက်ခိုက်လုယက်သော အခါတွင် ပျူမြို့တော်မှာ မည်သည့်မြို့တော်ဖြစ်သနည်း။ နန်ချောင်တို့ တန်ခိုးထွားစဉ် ၈ ရာစုနှစ်များအ တွင်း တရုပ်ပြည်တောင်ပိုင်းမှ အိန္ဒိယပြည်သို့သွားသော တောင်ဘက်ဆုံးကုန်းလမ်းမှာ ယခုရှမ်းပြည်မြောက် ပိုင်းကို ဖြတ်၍ ပျူမြို့တော်၊ ယင်းမှတစ်ဆင့် ချင်းတွင်းမြစ် မဏိပူရနှင့်အာသံပြည်ကို ဖြတ်၍သွားခဲ့သည် ဟု တရုပ်ဘာသာအထောက်အထားများက ခိုင်လုံစွာ ဆိုထားသည်။ ဤလမ်းအတိုင်း သွားရာတွင် ပျူမြို့ တော်မှာ တောင်ဖက် သရေခေတ္တရာ၌ ရှိနေပါက ဧရာဝတီမြစ်အတိုင်း ပင်လယ်ကမ်းနားအထိ စုန်ပြီးမှတစ် ဖန် ပြန်ဆန်နေရမည်ဖြစ်သည်။ ထိုစဉ်က ပြည်မြို့မှဟူဂလီမြစ်ဝသို့ ပင်လယ်ခရီးပေါက်နေပြီဖြစ်သည်။ သို့ဖြစ်ရကား ထိုအချိန်တွင် ပျူမြို့တော်မှာ မြောက်ဘက်သို့ ရွှေ့လာပြီဟု ဆရာကြီးလု(စ်) ယူဆထား
သည်။
ရှင်ဒိသာပါမောက္ခကျောက်စာ
ဤသို့ဆိုလျှင် ဟန်လင်းသည် နောက်ပျူမြို့တော် နန်ချောင်တို့တိုက်ဖျက်စဉ်က ပျူမြို့တော်မှာ ဟန်လင်းဟု ယူဆရန်ရှိသည်။ ပုဂံခေတ်နောက်ပိုင်း၌ပင် ဟန်လင်းသည် အရေးပါသောဒေသဖြစ်ကြောင်း
ရှင်ဒိသာပါမောက္ခကျောက်စာ အရ သိရသည်။
ဤဒေသကို သမိုင်းကော်မရှင်က စံနစ်တကျ သုတေသနပြုနေပြီဖြစ်ရာ အထောက်အထားများနှင့် ခိုင်ခံ့သောပုဂံခေတ်အလျင် မြန်မာနိုင်ငံသမိုင်း ဖြစ်သည်။ ပျူခေတ်နိုင်ငံသမိုင်းကို နိုင်ငံသားတို့ဂုဏ်ယူစွာ နှင့်လေ့လာမှတ်သားခွင့်ရအောင် ဖေါ်ထုတ်တင်ပြနိုင်မည်ဟု ယုံကြည်မျှော်လင့်ရပေသည်။
ဗိုလ်မှူးÓဏ
မှတ်ချက်။ ။၁၉၅၉-ခုနှစ်၊ အတွဲ(၇)၊ အမှတ်(၅) မတ်လထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ(၁၂၁ မှ ၁၂၃ ထိ) တွင်ပါသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။
ဗိုလ်မှူးÓဏ
မှတ်ချက်။ ။၁၉၅၉-ခုနှစ်၊ အတွဲ(၇)၊ အမှတ်(၅) မတ်လထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ(၁၂၁ မှ ၁၂၃ ထိ) တွင်ပါသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်