မြစေတီကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာကို ဒေါက်တာ စီ-အို-ဗလဂ်ဒင် ဖေါ်ထုတ်ဖတ်ရှုခဲ့စဉ် ၁၉၁၁-ခုနှစ်လောက်ကပင် ယင်းကျောက်စာတွင် ရေးထိုးခဲ့သည့် ဘာသာစကား ၄-မျိုးအနက် တမျိုးသည် ]]ပျူ}}ဘာသာစကားဖြစ်သည်ဟု ဖေါ်ထုတ်နိုင်ခဲ့ ပေသည်။ ထိုသို့ ဖေါ်ထုတ်ရာ၌ ဗလဂ်ဒင်က-
အဆိုပါ ဘာသာစကားကို ပျူ}ဟူ၍ အမည်ပေးရာ၌ မြန်မာတို့၏ရိုးရာသမိုင်းအ စဉ်အလာ အမြင်မှ ရှုပါသော် မဖြစ်နိုင်စရာ အကြောင်းမရှိချေ}}ဟု ဆိုခဲ့ဖူးသည်။ (မြန်မာ ပြည်ကျောက်စာ စာစောင် (နစငါမငေ့စ ငြမာညေငခေ) အတွဲ ၁၊ အပိုင်း ၁၊ ပြန်လည် ပုံနှိပ်ခြင်း။ ၁၉၇၂၊ စာ ၆၁)
ခရစ်ရာစုနှစ် အစောပိုင်းကာလ မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများ တွင် ပျူတို့ အပျံ့အနှံ့နေထိုင်ခဲ့ကြဟန်တူသည်။ အဘယ့်ကြောင့်ဆိုသော် ပျူတို့၏မြို့ပြ နိုင်ငံမြို့ရိုးမြို့တာ အြွကင်းအကျန်များ၊ ကျောက်စာများ၊ အရိုးအိုးများ၊ မြန်မာနှင့်တရုတ် သမိုင်းစာပေများက ဖေါ်ပြနေကြသောကြောင့် ဖြစ်၏။ ကုန်းဘောင်ခေတ် ဘိုးတော် ဘုရားလက်ထက်တွင် မုံရွှေးဇေတဝန်ဆရာတော် ပြုစုခဲ့သော ကျမ်းတဆူဖြစ်သည့် စေတီ
ယကထာကျမ်းနှင့်ဇမ္ဗူ့ကွန်ခြာကျမ်းတို့တွင် အလယ်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့၌ ပျူတို့
နေထိုင်ခဲ့ကြကြောင်း ဖေါ်ထုတ်ရေးသားထားကြသည်။
ပျူဘာသာစကား၊ ပျူလူမျိုးအကြောင်းနှင့်ပတ်သက်၍ ရှေးဦးသုတေသနပြုခဲ့ကြသူ ဒေါက်တာဗလက်ဒင်နှင့်ကျောက်စာဝန် တော်စိန်ခိုတို့ အချင်းချင်း အပြန်အလှန် ရေးသား ဆက်သွယ်ခဲ့ကြသော စာများ(တော်စိန်ခို၏ ၁၉၀၄-ခုနှစ်အစီရင်ခံစာ စာမျက်နှာ ၅)အရ
ရမည်းသင်းနယ် ညောင်လွန့်တွင် ဗဥခေါ် လူမျိုးစု တစုရှိခဲ့ဖူးကြောင်း၊ ယင်းတို့သည် မျက်မှောက်ခေတ် တောင်သူလူမျိုးတို့နှင့်တူသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ သထုံနယ်မှ တောင်သူတို့သည် သူတို့ကိုယ်ကို သူတို့ ဖအို သို့မဟုတ် ရှေးဟောင်းဖခင်များဟု ခေါ်ဆို ခဲ့ကြကြောင်း သိရှိခဲ့ရသည်။
ပျူတို့ကို တရုတ်တို့က ]]ဖျောက်}}ဟု ခေါ်ခဲ့ကြသည်။ ယင်းတို့သည် တိဗက်-မြန်မာ အနွယ်ဝင်များ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင်းသို့ ဝင်မလာကြမီ တရုတ်မြန်မာ နယ်စပ်ဖြစ် သော ယုန်ချန်၏အနောက်တောင်အရပ်တွင် ခရစ်နှစ်ဦးက စ၍ ကာလရှည်ကြာစွာ နေ ထိုင်ခဲ့ကြကြောင်း ဖေါ်ထုတ်ထားပြီး ဖြစ်၏(ဒေါက်တာသန်းထွန်း ခေတ်ဟောင်းမြန်မာရာ ဇဝင်၊ ၁၉၆၄၊ စာ ၃၉)ပုဂံမင်းဆက် ကျန်စစ်သားမင်း၏နန်းတည်ကျောက်စာတွင် ပျူတို့ ကို မွန်တို့က ]]တီစုလ်}}ဟု ခေါ်ခဲ့ကြ၏။ ဤသည်ကို ပါမောက္ခ ဂျီ-အိပ်ခ်ျ-လုစ် က တိစုလ် သည် ပျူလူမျိုးဖြစ်ကြောင်း ဆက်စပ်ပေးနိုင်ခဲ့သည်။ (ွ.ံ.ူကခန ဓွှ့န ဗညခငနညအ ဏပကဓ
ျြွှင်္ဗဏ သြ.၂ယ၁၉၆၀ယ ဏ-၃၀၉) လုစ်ကပင် ဆက်လက်၍ ပျူတို့သည် သူတို့ကိုယ် သူတို့
]]ထု-လော-ကျူ}}ခေါ်ခဲ့ပြီး ဂျာဗားသားတို့က ]]ထု-လီ-ချူ}}ဟု ခေါ်ခဲ့သည်ဟု ဆိုသည်။
ပျူလူမျိုးများအကြောင်း သုတေသနပြုရာတွင် ဗြိတိသျှအစိုးရလက်ထက် မိတ္ထီလာ တိုင်းမင်းကြီးတဦးက ၁၂-၃-၁၉၀၃ ရက်စွဲပါ ပေးစာအမှတ် ၂၉ စီဖြင့် ရမည်းသင်းစီရင် စု ညောင်ကိုင်းရွာ၊ ညောင်ကိုင်းချောင်းအတွင်း အုတ်အဆောက်အအုံများ ပေါ်ပေါက်ခဲ့ ကြောင်း၊ ယင်းတို့သည် ပျူအုတ်ဂူများဖြစ်သည်ဟု ဒေသခံများ ပြောဆိုမှတ်သားထားကြ ကြောင်း၊ တနေရာတွင် လူရိုးများကိုလည်း တွေ့ရကြောင်း တော်စိန်ခိုထံ ရေးသားဖေါ်ပြ ၍ အကြောင်းကြားခဲ့ဖူးသည်။
သို့သော် ထိုစဉ်က တော်စိန်ခိုသည် အဆိုပါ ညောင်ကိုင်းရွာဘက်သို့ ခရီးဆက်နိုင် ခဲ့ဟန် မတူချေ။ အကြောင်းမူ ညောင်ကိုင်းရွာ ပျူအုတ်ဂူများအကြောင်း နောက်ထပ်တစုံ တရာ ဖေါ်ပြထားသည်ကို တော်စိန်ခို၏မှတ်တမ်းများတွင် မတွေ့ရသောကြောင့်ဖြစ်၏။ သို့သော် ပျူဘာသာစကားနှင့်ပတ်သက်၍မူ ရှေးဟောင်းသုတေသနရုံး(ယခင် ကျောက် စာရုံး)ဖိုင်နံပါတ် ၃၀၊ ဂျေ-အေ၊ ၁၉၁၁-ခုတွင် ဒေါက်တာဗလဂ်ဒင်ထံမှ ၁၄-၇-၁၉၁၁
ရက်စွဲပါစာ၌ ပျူဘာသာစကားကို မွန်ခမယ်ဘာသာစကားစုတွင် မထည့်သွင်းနိုင်ကြောင်း၊ မြစေတီကျောက်စာ ပျူမျက်နှာပါ စကားလုံး ဝေါဟာရများတွင် မြန်မာဘာသာနှင့်နီးစပ် သော စကားလုံးအတော်များများ တွေ့ရသော်လည်း မွန်နှင့်နီးစပ်သည့်စကားလုံး တလုံး တည်းသာ တွေ့ရကြောင်း၊ ပျူသည် မြန်မာနှင့်ဘာသာစကားတွင် အလှမ်းဝေးသည့်ညီအစ် ကိုတော်စပ်ကြောင်း ဖေါ်ပြပါရှိသည်။ တဆက်တည်းမှာပင် ရခိုင်နှင့်မြန်မာနယ်စပ်တောင် တန်းများပေါ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားများကို လေ့လာခြင်းဖြင့် ပျူဘာ သာစကား ပြဿနာအပေါ် မီးမောင်းထိုးပြနိုင်မည်ဟု အကြံပြုထားခဲ့သည်။
ပုဂံခေတ်နှင့်ခေတ်ပြိုင် မွန်ဂိုလ်ရာဇဝင် ယွဲင်-ရှိက မြန်မာတို့ကို မိ-အဲန်(မြန်)ဟု သိ
ရှိမှတ်တမ်းတင်ခဲ့သော်လည်း၊ မြန်မာနိုင်ငံကိုမူ ပျူနိုင်ငံ (ဏဒငသေ-ုကသ) ဟုခေါ်ခဲ့ကြောင်း၊ တရုတ်ပညာရှင် ဦးရည်စိန် ရေးသားခဲ့ဖူးသည်။ (ဦးရည်စိန် ]]မြန်မာနိုင်ငံအတွင်းသို့ တိုင် သို့ (ရှမ်း)များဝင်ရောက်လာပုံ}}စာတမ်း၊ ပုံမနှိပ်၊ စာ ၃၆)။ တချိန်တည်းမှာပင် ရခိုင်မင်း လကျာ်မင်းနန်ကို အင်အားတသိန်းရှိသော ပျူတပ်နှင့်အလားတူအင်အားရှိသော မွန်တပ် ဖွဲ့များ အကူအညီဖြင့် ခရစ် ၁၁၀၃-ခုနှစ်တွင် ပုဂံမင်းဆက် အလောင်းစည်သူမင်းက
ရခိုင်ထီးနန်း၌ ပြန်လည်တင်ထားပေးခဲ့ဖူးသည်ကို အကြောင်းပြု၍ လကျာ်မင်းနန်အား
]]ပျူတသိန်းမင်း}}ဟု ခေါ်ဆိုအမည်တွင်ခဲ့ကြောင်း ရခိုင်ရှေးဟောင်းသုတေသီ ဦးစံရွှေဘု ရေးသားခဲ့ဖူးသည်။ (ှ့ညှေ့တန ကြ ဓွှ့နျအသမပ သ် ၾေ့ောကညငဓ ဲသကမညေူ သ္ ႀကမာေ ြ်န်နေမခ့ ွသခငနအပယ ဠသူ.ဠႈ ၁၉၁၆ယ စစ.၂၂၇-၉) ဤအချက်နှင့်စပ်လျဉ်း၍ တော်စိန်ခိုက
]]ပျူတသိန်းမင်း}}အခေါ်အဝေါ်သည် လကျာ်မင်းနန်အား ထီးနန်းတင်ပေးသူ အလောင်း စည်သူကို ခေါ်သောအမည် နာမ ဖြစ်ကြောင်း ရှင်းလင်းခဲ့ဖူးပြီးဖြစ်၏။ (ႊေတ ွနငည ဳသ ဓႀကမာန်န ႈည်ခမငစအငသည အေ သြိါ့ပေဓေ နစငါမစေ့ငှေုညိငခယေ ဠသူ. ဌှုယ ဏအ.ငငငယ စစ.၁၁၈).
မည်သို့ပင်ဖြစ်စေ ပုဂံရာဇဝင်တွင် မြန်မာဟူသည်ကား ]]ပြူသားပြူမြေး}}ဟူ၍လည်း ကောင်း၊ သရေခေတ္တရာ ပျက်ဆဲအခါ ]]လျင်သန်မြန်မာသူပြူအချင်းချင်း မြန်မာသော ပြူ}} ခေါ်သည်ဟူ၍လည်းကောင်း ဖေါ်ပြခဲ့ဖူးသည်။ (ပုဂံဝန်ထောက်မင်း ဦးတင် – မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၊ ဒုတိယပိုင်း၊ ရန်ကုန် ဗဟိုပုံနှိပ်တိုက်၊ ၁၉၆၅၊ စာ ၂၉)ပုံဂံ သမုတိရာဇ် မင်းမှသည် အနော်ရထာမင်းလက်ထက်တိုင်အောင် ပျူနှင့်မြန်မာတို့ ရောစပ်နေထိုင်သည့် အခြေအနေမှာ ပျူလည်း မြန်မာ၊ မြန်မာလည်း ပျူ ဟုခေါ်ဆိုနိုင်သောအခြေအနေသို့ ရောက်နေပြီဟု ဆက်စပ်ဖေါ်ပြသော ဆရာကြီးဦးသာမြတ်(မွန်မြန်မာ အက္ခရာသမိုင်း၊ ရန် ကုန်၊ စာ ၈)နှင့်ပုဂံမြို့သည်ပင်လျှင် မဆွ၌ ပျူတို့၏မြို့တော်ဖြစ်၍ နောင်မှသာလျှင် မြန် မာတို့က ပျူတို့ကို ဆက်ခံသိမ်းပိုက်ခဲ့သည်ဟု ယူဆခဲ့သောဆရာကြီးဦးဖိုးလတ်(ပုဂံရက် သတ္တပတ် ဟောပြောချက်များ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊ ၁၉၆၁၊ စာ ၁၉)တို့၏အယူအ ဆများအရ ပျူနှင့်မြန်မာတို့သည် သရေခေတ္တရာအပျက် ပုဂံခေတ်ဦးကပင် ခွဲခြား၍မရ အောင် တသားတည်းဖြစ်ခဲ့ကြဟန်တူသည်။
ဤအချက်ကို ပုဂံခေတ်ထိုး ကျောက်စာအချို့က သွယ်ဝိုက်ထောက်ခံနေသည်ကို လည်း တွေ့ရသည်။ သက္ကရာဇ် ၆၀၄-ခုနှစ်ထိုး ညောင်ရမ်းကြီးသမီးကျောက်စာ၊ တောင် ဘက်ကျောက်ချပ်၊ ကြောင်းရေ ၂၃-တွင်
]]ပျူမောင်မအိုအ်ပ္လညသင်}}
ဆိုသောအမည်ကို တွေ့ရသည်။ အို့ပြည်သင်ဟူသော အမည်သည် ပုဂံခေတ် အမျိုးသမီး အမည်တခု ဖြစ်၍ ပျူမောင်းမတဦးက အို့ပြည့်သင်ဟူသော မြန်မာအမည်ခံလိုက်ပုံကို ဤ ကျောက်စာဖြင့် ထင်ထင်ရှားရှား တွေ့ရှိရခြင်းပင် ဖြစ်သည်။ အလားတူပင် သက္ကရာဇ်
၆၃၄-ခုနှစ်ထိုး သစ်မထီးကျောက်စာ မျက်နှာဘက် ကြောင်းရေ ၁၆-တွင်
]]ကွန်ပြောက်စောင်္အသောပ္လငဲငထွယ်၁}}ဆိုသည့် အရေးအသားကိုလည်း တွေ့ရ၏။ ဤအရေးအသားကို ယခုခေတ်အရေးဖြင့် ဖလှယ်လျှင် ]]ကွန်းပြောက်စောင့်သော ပြော့ ငယ်ငထွယ်၁}}ဟု ရပါမည်။ ယင်း၏အဓိပ္ပါယ်သည် အပြောက်အမွှမ်းများ ခြယ်လှယ်ထား
ရှိသည့် နန်းတော် သို့မဟုတ် အိမ်တော်ကို စောင့်ရသည့် မင်းမှုထမ်း ပြော့လူမျိုး ငထွယ်
ဟုရပေမည်။
ဤတွင် ပျူနှင့်ပြော့သည် အတူတူ ဖြစ်ကြသလောဟူသော အမေးပုစ္ဆာ ပေါ်လာ သည်။ ဤအမေးကို မဖြေမီ ပျူအမည်ကို လူမျိုး၌ ယှဉ်တွဲသုံးစွဲကြောင်း အင်းဝခေတ်တိုင် အောင် အထောက်အထားတွေ့ရသည်ကို ကနဦးဖေါ်ပြလိုပါသည်။ သက္ကရာဇ် ၈၇၂-ခုနှစ် ထိုး ရွှေနန်းကျော့ရှင် နရပတိ၏နန်းတည်အခမ်းအနား ကျောက်စာ၊ ကြောင်းရေ ၇၀-တွင်
]]ပုံဏာသ္မီ၊ ပျူသ္မီတိုဝ် ဝင်္အသော တရာသျှစ်မျင်}}ဟူ၍ တွေ့ရသည်။ ဤအချက်ကို ထောက်လျှင် အင်းဝခေတ်တိုင်အောင် ပျူလူမျိုးတို့ ရှိနေသေးကြောင်း သိရ၏။
ပျူနှင့်ပြော့သည် အတူတူ ဖြစ် မဖြစ် ဤသို့ ဖြေလိုပါသည်။ ကရင်အမျိုးသားတို့ သည် မြန်မာတို့ကို ပယော ဟုခေါ်ကြ၏။ ပယောတွင် ပ၌ ယကိုပင့်လိုက်လျှင် ပျောဖြစ် မည်။ ပျောသည် ပျော့နှင့်အသံအပြင်းအပေါ့သာ ခြားနားသည်။ ထို့ကြောင့် ပြောဟု စာ လုံးပေါင်းမည့်အစား ပျော့ဟု ပေါင်းသင့်ကြောင်း ဦးရည်စိန်က သူ၏အထက်ပါစာတမ်း တွင် အဆိုပြုထားခြင်းပင် ဖြစ်သည်။
ပုဂံခေတ် ကုန်ဆုံးလုနီးသောအခါ ရှမ်းညီနောင် အသင်္ခယာရာဇသင်္ကြံနှင့်သီဟသူ တို့၏ဖခင် သိင်္ခဗိုလ်သည် ဘိန္နကမြို့က ထွက်ခွာလာပြီး မြန်မာနိုင်ငံ ပြော့တို့နေရာ မြင် စိုင်းသို့ရောက်ခဲ့သည်ဟု မှန်နန်းရာဇဝင်(ပ-တွဲ၊ စာ ၃၉၇)က ဆိုခဲ့သည်။ နောင်တွင် ဤ မင်းညီနောင်သုံးပါးသည် ပုဂံမင်းကျော်စွာကို ထီးနန်းမှ ချခဲ့ကြ၏။ ဤသည်ကို အဇာဂရု ပုဏ္ဏားက (ဇာတာတော်ပုံရာဇဝင်၊ ရန်ကုန်၊ ရှေးဟောင်းသုတေသနဌာန၊ ၁၉၆၀၊ စာ ၄၂ တွင်
မြင်စိုင်းတွင်ကား ပြော့သိင်္ခဗိုလ်သား မင်းသုံးပါးသည် သက္ကရာဇ် ၆၆၂-ခုတွင် ပုဂံ
မင်းရိုးသားကျော်စွာကို နန်းမှ ချ၍ မင်းသီးပြုကုန်၏။
ဟူ၍ မှတ်တမ်းတင်ခဲ့သည်။ အဇာဂရုပုဏ္ဏား၏အလိုအရ သိင်္ခဗိုလ်နှင့်သားသုံးပါးသည် ပြော့လူမျိုးများဖြစ်ကြသည်ဟု ယူရမည်ကဲ့သို့ ရှိသည်။ သို့သော် သိင်္ခဗိုလ်တို့ ရောက်လာ သော နေရာဒေသကိုသာ ပြော့တို့နေရာ တနည်းအားဖြင့် ပျူတို့နေရာ မြန်မာနိုင်ငံဟုဆိုလို
ရင်း ဖြစ်ကြောင်း၊ သိင်္ခဗိုလ်တို့ကို ကိုယ်နှိုက်က ပြော့လူမျိုးများ ဖြစ်သည်ဟု အဓိပ္ပါယ် မ ပေါ်လွင်ကြောင်း အထက်က ကိုးကားခဲ့သည့် မှန်နန်းရာဇဝင်၏အရေးအသားတွင် သိသာ ထင်ရှားပြီဖြစ်၏။
ဤအချက်ကို သမိုင်းဖြစ်စဉ်များနှင့်ချိန်ထိုးကြည့်နိုင်ပေသေးသည်။ သရေခေတ္တရာ ပြည် သုပညာနာဂရဆိန္နမင်းလက်ထက် ငါ့စကော စစ်ကြောင့် ပြည်ပျက်ခဲ့ရာတွင် ပျူ၊ ကမ်းယံ၊ မြန်မာဟူ၍ သုံးစုကွဲခဲ့ကြပြီး ပျူတို့သည် တောင်ညို၊ မင်းတုန်းနှင့်နောက်ဆုံး ပုဂံ
အနီးအနား တဝိုက်တွင် ခဆပဉ္စ ကိန်းဝင် သက္ကရာဇ် ၂၉-ခုနှစ်၌ အခြေချခဲ့သည်ဟု ဦး
ကုလားမဟာရာဇဝင်ကြီး(ပထမတွဲ၊ ရန်ကုန၊ ဟံသာဝတီ၊ ၁၉၆၀၊ စာ ၁၃၄)တွင် ဖေါ်ပြပါ
ရှိသည်။ ထို့အပြင် ပျူစောထီးမင်း ငယ်စဉ်ဘဝက မြေခဲတွင်းရွာသူ ပျူအိုလင်မယားက မွေးစားခဲ့သည့်အမှတ်အသားတရပ်လည်း ရှိခဲ့သည်။
ဤသည်တို့အပြင် အခြားပျူကျောက်စာ၊ ရှေးဟောင်းမြို့ပြအြွကင်းအကျန်များကို ထောက်သော် သိင်္ခဗိုလ်တို့ကိုယ်နှိုက်က ပျူလူမျိုးများမဟုတ်နိုင်ပဲ မြင်စိုင်းဒေသတွင်ရှိနှင့် ပြီးဖြစ်သည့် ဒေသခံတို့ကသာ ပြော့ သို့မဟုတ် ပျော့လူမျိုး တနည်းအားဖြင့် ပျူလူမျိုးများ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျောက်စာအထောက်အထားအရ ပုဂံခေတ် သက္ကရာဇ် ၆၃၄-ခုနှစ်က စ၍ ပြော့အသုံးကို လူမျိုးနှင့်ယှဉ်တွဲ၍သုံးစွဲကြောင်း စတင်တွေ့ရပြီး၊ ယင်းသည်လည်း ကွန်းပြောက်ကိုစောင့်ရသူ နန်းတွင်းမင်းမှုထမ်းတဦးဖြစ်ကြောင်း သိခဲ့ရပြီဖြစ်သည်။ အင်းဝ ခေတ် မင်းခမ်းမင်းနားများအကြောင်းကို ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီး လက်ထက်တော်တွင် ရေးသားမှတ်တမ်းတင်ခဲ့သည့် အင်ရုံဝန်ကြီးဥဇနာ၏လောကဗျူဟာ အင်ရုံစာတမ်း (ရန်ကုန်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ၁၉၅၈၊ စာ ၁၁၄)တွင်-
]]ဘုရင်ဥကင်တော်ဖွင့် အခမ်းအနားတွင် ပြော့ကြီးမှူးလည်း အလှူတော်ကျောက် စာ ယွန်းပေါင် ပုရပိုက်နှင့်နေရာက ဦးချ၍ မြေနန်းတော် စမုတ်ဆောင် နှာယောင်ခန်းရှေ့ တောင်နှင့်တူရူတွင် ပုဆစ်တုပ်၍ အလှူတော်စာ ဖတ်လျှောက်သည်}}
ဟူ၍ပါရှိသည်။
ဤသည်ကိုထောက်လျှင် ပုဂံခေတ်ကပင် ရွှေအိမ်ရွှေနန်းနှင့်နီးစပ်ခဲ့သော ပြော့မင်း မှုထမ်းကို အင်းဝခေတ်တွင် ]]ပြော့ကြီးမှူး}}အမည်ဖြင့် အရေးပါသော မင်းခမ်းမင်းနား၌ ဆက်လက်တွေ့ရှိရခြင်းပင် ဖြစ်သည်။
ပြော့လူမျိုး၊ ပြော့ကြီးမှူး အသုံးများနှင့်ပတ်သက်၍ ကုန်းဘောင်ခေတ်နောက်ပိုင်း
တွင် ပိုမိုရှင်းလင်းစွာ လေ့လာတွေ့ရှိရသည်။ မြေနန်းစမုတ်ဦး အရှေ့မင်းတက်လှေကား
၏အဆင်းမြေပြင်တွင် ကာရံထားသည့် ရွှေရာဇမတ်တံခါးလက်ဝဲ လက်ယာက ပြော့သား ထုရင်သားတို့ကို တဘက်စီကြိမ်စွဲလျက် မြီသရီဟုခေါ်သော ကတ္တီပါနက်ဦးထုပ်အဖျား၌ ကွင်းတပ်စေသည်ကိုဆောင်း၍၊ အင်္ကျီလက်ကျယ်နှင့်ခစားရသည်။ ယင်းတို့ကို ကြီးမှူးရသူ ကို ပြော့မှူးကြီးဟု ခေါ်ဝေါ်ကြောင်း ဦးမောင်မောင်တင်က ရွှေနန်းသုံးဝေါဟာရအဘိဓာန် (လက်နှိပ်စက်မူ၊ အမှတ်စဉ် ၅၇)တွင် ရှင်းလင်းဖေါ်ပြထားသည်။ ပြော့လူမျိုးတို့ကို ခန့်
ထားသောကြောင့် ပြော့အစုခေါ်ကြောင်းလည်း ဦးတင်က (မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ပဉ္စမပိုင်း၊ ရန်ကုန်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၈၃၊ စာ ၁၃၈)တွင် ရှင်းပြထား၏။ ပြော့အစု သည် လွှတ်တော်အရာရှိများတွင် အပါအဝင် ဖြစ်သည်။
ပြော့သည် လူမျိုးတမျိုးဖြစ်ပြီး ပြော့လူမျိုးမင်းမှုထမ်းများတွင် ဆောင်းရသောဗောင်း တမာရွက်ချွန်၌ ကြော့ကွင်းတပ်ရသည့် အကြောင်းရင်းမှာ ဤသို့ဖြစ်သည်။ ပျူစောထီး သည် နေမင်းနှင့်နတ်နဂါးသမီးတို့ သင့်ရာတွင် ဖွားမြင်သူဟုအဆိုရှိသည်။ ပျူစောထီးမင်း ဖြစ်လာသောအခါ မယ်တော်နတ်နဂါးမင်းသမီးက သားတော်ထံ နဂါးအမတ် ရှစ်ယောက် စေလွှတ်၍ အစောင့်ထားသည်။ ယင်းနဂါးအမတ်များသည် ဂဠုန်အန္တရာယ်ကို စိုးနှောင့် သဖြင့် ယင်းတို့၏ဗောင်းတွင် ကြော့ကွင်းတပ်၍ဆောင်းကြသည်။ ဤသည်ကို အစွဲပြု၍ ဗောင်းတမာရွက်ချွန်၌ ကြော့ကွင်းတပ်ရသည့်အစဉ်အလာ ဖြစ်ပေါ်ခဲ့သည်(ရွှေနန်းသုံး ဝေါဟာရအဘိဓာန်၊ အမှတ်စဉ် ၅၇)
နဂါးအမှတ်တို့နှင့်ပျူစောထီးမိဘမျိုးရိုးသည် ဒဏ္ဍာရီဆန်လှသည်ဟု ဆိုသော် ဆို နိုင်သည်။ သို့သော် ကုန်းဘောင်ခေတ် ပြော့ အစုသားတို့မှာမူ ကြော့ကွင်းတပ် ဗောင်းကို ဆောင်းရသည့်အချက်ကြောင့် ပျူစောထီးမင်းနှင့်ဆက်စပ်ဖေါ်ထုတ်ခွင့်ရပေသည်။ ပျူစော ထီးသည် ပျူတို့၏အကြီးအကဲမင်းဖြစ်၏။ ထို့ကြောင့် ပျူသည်ပင်လျှင် ပြော့ သို့မဟုတ် ပျော့ဟု ဆက်စပ်ပေါ်လွင်လာသည်။
အချုပ်ကို ဆိုရလျှင် ပျူလူမျိုးတို့သည် ပုဂံခေတ် မတိုင်မီကပင် မြန်မာနိုင်ငံအနှံ့၌ နေထိုင်ကြီးပွား တိုးတက်ခဲ့ကြပြီးနောက် မြန်မာတို့နှင့်ခွဲမရအောင် တသားတည်းရှိခဲ့ကြ သည်။
ပုဂံခေတ်တွင်မူ ပျူမောင်းမအမည်ဖြင့် နန်းတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသော ပျူအမျိုးသမီးများရှိသကဲ့သို့ ပြော့အမည်ဖြင့် အမှုထမ်းများလည်း ရှိခဲ့ကြ၏။
ပျူနှင့်ပြော့အသုံးသည် ပုဂံခေတ်ကတည်းကပင် ရင်းမြစ်တူ အသွင်ကွဲ ဖြစ်ခဲ့ဟန်တူ
သည်။
ပုဂံခေတ်အကုန် မြင်စိုင်း ပင်းယခေတ် အရောက်တွင် ပြော့ကို ကျောက်ဆည်မြို့အ
နီးရှိ ဒေသတခု၌ နေထိုင်ကြသူများအဖြစ် ဖေါ်ပြတွေ့ရှိရပြီး အင်းဝခေတ်တွင်မူ ပျူအမျိုး သမီးများရှိခဲ့ကြောင်း ကျောက်စာက သက်သေခံနေ၏။ ထိုအင်းဝခေတ်မှာပင်လျှင် ပုဂံ ခေတ်က စတင်တွေ့ရှိခဲ့ရသော ပြော့နန်းတွင်း အမှုထမ်းကို မင်းခမ်းမင်းနားများတွင် ပိုမို အရေးပါသောနေရာ၌ တာဝန်ထမ်းဆောင်လျက် ရှိခဲ့ကြောင်း တွေ့ရ၏။
ကုန်းဘောင်ခေတ်တွင်မူ အင်းဝခေတ်ကကဲ့သို့ ဆက်လက် အရေးပါလျက်ရှိသေး သည်။ တနည်းအားဖြင့် ဆိုရလျှင် ပုဂံခေတ်မတိုင်မီကစ၍ ပျူတို့သည် မြန်မာတို့နှင့်တသွေး တည်း တသားတည်း ရြေွာပမ်းနေထိုင် ခဲ့ကြပြီးနောက် အင်းဝခေတ်တွင် ပျူဝေါဟာရကို လူ မျိုးအမည်အဖြစ်လည်းကောင်း၊ ကုန်းဘောင်ခေတ် နောက် ပိုင်း တွင် ပျူအဆက်အနွယ် နန်းတွင်းပြော့အမှုထမ်း အဖြစ်လည်းကောင်း၊ ကောင်းစွာ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ ကြောင်း လေ့လာတွေ့ရှိရသည်။
ဦးမြင့်အောင်
မှတ်ချက်။ ။စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၄-ခုနှစ်၊ ဧပြီလ၊ စာမျက်နှာ-၁၄၅ မှ ၁၄၈ ထိ ၌လာရှိသောဆောင်းပါးကို ပြင်ဆင်ခြင်းမရှိဘဲ ရိုက်နှိပ်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်