ဇာတိအစ ထိုဒုက္ခ


**********

စာသစ်စာကျက် (စာဟောင်းစာသစ်)
အောက်ထက်ဝန်းရံ ပုပ်နံညှီလှောင်း
ကျဉ်းမြောင်းမည်းမိုက် မိဝမ်းတိုက်ဝယ်
ဘင်၌လောက်လို ကျောကိုဝမ်းပြု
ဒူးနှစ်ခုကြား ဦးခေါင်းထားလျက်
မေးဖျားလက်ဆုပ် သစ်ခွတိုမှာ (သစ်ငုတ်တိုမှာ) မျောက်အိုကုပ်သည့်နှယ်မလှုပ်မရှက် (မလှုပ်မလှက်)
သေသောက်လက်ဝယ် ဆိတ်သူငယ်လို
အလမ္ပါယ်မိ မြွေငယ်ချိသို့
အမိ စပ်, ခါးပူ,အေး စားလည်းကိုယ်သား
ဆတ်ဆတ်သက်ပြတ် တစေဆယ်လ
နေ၍လေကမ္မဇ ဦးဇောက်ချသား
မဂ်ဝသို့ရောက် သံကောက်ပေါက်က
ဆွဲမြှောက်ဆင်ပြောင် သံဘောင်ကြိတ်ချေ
ပုံနေရယိက ပြင်သို့ကျလည်း
အပ်ဆွသည့်ဟန် ကြီးပြန်ဒုက္ခ
ပြစ်များလှသည် လက်စ ဇာတိဖြစ်ရင်းတည်း။
(မူလ ဇာတိဖြစ်ရင်းတည်း။)


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်