မြို အနောက်သား(စစ်တွေ)




မြိုလူမျိုးသည် ရခိုင်တိုင်းမှ တိုင်းရင်းသားလူမျိုး တမျိုးဖြစ်၍ ရခိုင်တိုင်းတွင် လွန်ခဲ့သောနှစ်ပေါင်း (၁၀ဝ၀)ကျော်လောက် ကပင် အ ခြေစိုက်ခဲ့သူများဖြစ်သည်။ ゞင်းတို့သည် ယခုအခါ ရခိုင်တိုင်း အနှံ့အ ပြားတွင် နေထိုင်လျက် ရှိကြသည်။ လူဦးရေ တသိန်းကျော်ခန့်ရှိသည်။


သမိုင်းအလိုအရ အဆိုပြုချက် ၂-ခွ

မြိုလူမျိုး၏သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် လွန်ခဲ့ သောနှစ်ပေါင်း(၁၀ဝ၀)ကျော်လောက်က အိန္ဒိယပြည် မဇ္ဈိမဒေသ၊ ကုဿဝတီပြည်မှ ဘုရင်]]ဝါရဓမ္မတူ}}အား တခြားမင်းတပါးက တိုက် ခိုက်သဖြင့် ဘုရင်ဝါရဓမ္မတူ အရေးနိမ့်လေ၍ မင်းညီမင်းသားစသော ဆွေတော်မျိုးတော်အပေါင်းတို့မှာ အသက်ဘေးမှ လွတ်မြောက်ရန်အ တွက် ခြေဦးတည့်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ကုဿဝတီပြည့်ရှင်ဘုရင် ဝါရဓမ္မတူ၏သားတော်သည် မြိုလူ ထုတသောင်းခန့်ကို ဦးဆောင်လျက် အာသံနယ်ဖက်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့လေသည်။ ဝါရဓမ္မတူ၏သားတော်အမည်မှာ ]]ခွာဇ ပုတီး}}ဖြစ်လေသည်။ ခွာဇပုတီးသည် အာသံပြည်တွင် အခြေစိုက်ရန် ဆုံးဖြတ်ခဲ့သော်လည်း အာသံဘုရင်က သဘောမတူသဖြင့် အာသံမှ တဆင့်   ကစ္ဆပနဒီမြစ်ဖက်သို့ ပြောင်းရွှေ့လာကြလေသည်။ ယင်း ကြောင့် မြိုလူမျိုးတို့သည် စစ်တကောင်းတောင်တန်းဒေသနှင့်ရခိုင်ပြည် အနှံ့အပြားတွင် အခြေစိုက်မိခဲ့ကြသည်ဟူ၍ သမိုင်းသုတေသီအချို့က လက်ခံယုံကြည်ထားကြလေသည်။

မြိုလူမျိုးများကို ယနေ့တိုင် ရခိုင်ပြည်အနှံ့အပြားတွင် တွေ့ရှိ နေရခြင်းကို  ထောက်ထားခြင်းအားဖြင့်  မြိုလူမျိုးတို့၏ပင်မမူလဒေသ မှာ ရခိုင်ပြည်သာလျှင်ဖြစ်သည်။ မြိုလူမျိုးတို့သည် ရခိုင်လူမျိုးမှ ဆင်း သက်ဆက်နွှယ်လာခဲ့ကြသူများသာလျှင် ဖြစ်သည်ဟူ၍ တချို့သော မနုဿဗေဒပညာရှင်များက အဆိုပြုကြလေသည်။


မြို့လူမျိုးကို အိန္ဒိယပြည်၊ မဇ္ဈိမဒေသ၊ ကုဿဝတီပြည်မှဆင်း သက်လာခဲ့သည်ဟူ၍ゞင်း၊ ရခိုင်လူမျိုးမှ ဆင်းသက်ဆက်နွှယ်လာခဲ့ သည်ဟူ၍ゞင်း အယူအဆနှစ်ခုကွဲပြားလျက်ရှိသေး၏။

ပထမအဆိုပြုချက် ပိုမိုခိုင်မာ

မြိုလူမျိုးတို့တွင် ရခိုင်တို့နှင့်မတူသော (၁)သီးခြားဘာသာ စကားရှိခြင်း၊ (၂)သီးခြားဆင်ယင်ထုံးဖွဲ့မှုရှိခြင်း၊ (၃)သီးခြားလူမှုရေး အလေ့အထများရှိခြင်း၊ (၄)နေအိမ်ဆောက်လုပ်ပုံ တပုံစံတည်းရှိခြင်း၊ (၅)ကိုယ်ပိုင်ယဉ်ကျေးမှု၊ တေးဂီတ၊ အကရှိခြင်းနှင့် (၆)သီခြားကိုးကွယ် မှုရှိခြင်းတို့ကြောင့် မြိုလူမျိုးသည် ရခိုင်လူမျိုးမှ ဆင်းသက်ဆက်နွှယ် လာခဲ့သည်ဆိုသော ဒုတိယအဆိုပြုချက်ထက် အိန္ဒိယပြည်အလယ်ပိုင်း မှ ဆင်းသက်လာခဲ့သည်ဆိုသော ပထမအဆိုပြုချက်ကသာလျှင်  ပိုမို ခိုင်မာလိမ့်မည်ဟူ၍ ယူဆရသည်။

ရခိုင်ပြည်၌ အခြေစိုက်မိခဲ့သော မြိုမင်းခွာဇပုတီးမှစ၍ မင်း ဆက်မည်မျှရှိသည်ကို တပ်အပ်သေချာ မပြောနိုင်သော်လည်း မြိုလူမျိုး တို့သည် ]]မင်းငယ်}} သို့မဟုတ် မြို့စား၊ ရွာစား၊ နယ်စားအနေဖြင့်မူ ကား အထင်အရှား ရှိခဲ့ကြပေသည်။ ]]ခွာနာတိမ်း}}အမည်ရှိသော မြို မင်းငယ်တပါးသည် ရခိုင်ပြည် မီးချောင်းတွင် မင်းပြု၍ စိုးစံနေခဲ့ဖူး ကြောင်း သိရှိရပါသည်။ ]]ငအောင်လာ}}ဆိုသူမှာလည်း မီးချောင်း၊ ပ လက်ဝနယ်တို့တွင် နယ်စားအဖြစ် အုပ်ချုပ်ခဲ့ဖူးလေသည်။

မြိုအမျိုးကွဲ

မြိုလူမျိုးတို့တွင်   မြိုအမျိုးကွဲပေါင်း(၁၀ဝ)ကျော်ခန့်ရှိသည်ဟူ ၍ အဆိုရှိကြပါသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇)မျိုး ခန့်သာ ရှာဖွေတွေ့ရှိရကြောင်း၊ ယင်းအထဲတွင်လည်း အမှန်တကယ်


အားဖြင့် ရှိနေသေးသော မြိုအမျိုးကွဲမှာ (၃၀)ခန့်သာဖြစ်ကြောင်း အ
ဆိုရှိကြပါသည်။

နေရာဒေသကွဲပြားစေကာမူ မြိုတို့၏အိမ်များမှာ အများအား ဖြင့် တပုံစံတည်း ဖြစ်ကြောင်း တွေ့မြင်ရပါသည်။ မြိုအိမ်မှာ အလယ် ခန်းဆီးများမရှိပဲ တပြင်တည်းဖြစ်ပါသည်။ အိမ်အောက်တွင် တိုင်အ များအပြားနှင့်ကျားကန့်ကန်ထားသည်။

အချစ်ရေးနှင့်တေးဂီတ

မြိုတို့၏ချစ်ရေးချစ်ရာများမှာလည်း စိတ်ဝင်စားစရာကောင်း ပါသည်။ မြိုအပျိုလူပျိုတို့သည် လွတ်လပ်စွာ ချစ်ရေးဆိုခွင့်၊ နှစ်ဦး သဘောတူလက်ထပ်ပေါင်းသင်းနိုင်ခွင့်ရှိကြသည်။ လူပျိုလှည့်ရာ၌ ယောကျာ်းကလေးက မိန်းမပျိုသဘောကျအောင် သီဆိုသောတေးချင်း များလည်း ရှိသည်။ ယောကျာ်းပျိုက ဝါးပုလွေမှုတ်ယင်း အချစ်တေး ကို ကျူးရင့်သည်။  မိန်းမပျိုက တပြုံးပြုံးနှင့်နားထောင်သည်။ ယော ကျာ်းပျို၏မေတ္တာကို လက်ခံလျှင် ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သည် အ တူတကွ လွတ်လပ်စွာ အိပ်နိုင်ခွင့်ရှိသည်။

လက်ထပ်ရာ၌လည်း အစမ်းသဘောဖြင့် လက်ထပ်ခြင်း၊ အ မှန်တကယ် လက်ထပ်ခြင်းဟူ၍ အဆင့်နှစ်ဆင့် ရှိလေသည်။ အချို့မှာ သားသမီးလေးယောက်ခန့်ရပြီး ဖြစ်သော်လည်း အမှန်တကယ်လက် ထပ်ခြင်းအဆင့်သို့ မရောက်ပဲ အစမ်းသဘောဖြင့် လက်ထပ်သောအ ဆင့်တွင်သာ ရှိသေးသော မြိုလင်မယားများကိုလည်း တွေ့ရှိရ၏။

မြိုတို့သည် အကနှင့်တေးဂီတကို အလွန်ခုံမင်နှစ်သက်ကြ သည်။ ゞင်းတို့တွင် ဂီတအနုပညာပစ္စည်းအဖြစ် လက်နှင့်တီးရသော သားရေကြက်စည်တမျီုးနှင့်ပုလွေများ ရှိပါသည်။ ပုလွေများမှာ အမျိုး


မျိုးအစားစား ရှိသည်။ (၆)လက်မမှ (၁၈)ပေခန့်ထိ ရှည်သောပုလွေ
များကိုလည်း တွေ့ရှိနိုင်သည်။

ဝတ်စားဆင်ယင်မှု

မြိုတို့၏ဝတ်စားဆင်ယင်မှုမှာ သီးခြားရှိလေသည်။ အနံ တ တောင်၊ အလျား ကိုးတောင် ရှည်သောပုဆိုးကို ခါးတွင် နှစ်ပတ်ပတ် ၍ အင်္ဂါစပ်ကို ဖုံးအုပ်ရုံသာ ဖုံးအုပ်ထားပြီး ပုဆိုးစနှစ်စကို ရှေ့တစ နောက်တစချ၍ ဝတ်ဆင်လေ့ရှိကြပါသည်။ အပေါ်ပိုင်းတွင် အင်္ကျီဝတ် သူနည်း၍ ခေါင်းပေါင်း ပေါင်းလေ့ရှိသည်။ မိန်းမပျိုတို့မှာ အပေါ်ပိုင်း တွင် အင်္ကျီ လုံးဝမရှိပေ။ ခေါင်းတွင် သန္တာစေ့များကို သီကုံး၍ ဝတ် ဆင်ကြပြီး နားတွင်ဆုံဝိုင်းသဏ္ဌာန်ရှိသော ငွေနားဋောင်းကို ဝတ်ဆင် ကြသည်။

မြိုအမျိုးသမီးတို့မှာ ထမီတိုကို ဒူးခေါင်းပေါ်သည်အထိ တင်
ဝတ်၍ လက်ဝဲဖက်ပေါင်တခြမ်း မပေါ်တပေါ် ဝတ်ဆင်လေ့ရှိသည်။ ခါးတွင် သန္တာစေ့များကို သီကုံး၍ ရစ်ပတ်ထားလေသည်။ ငွေခြေကျင်း ငွေလက်ကောက်များကိုလည်း ဝတ်ဆင်ကြ၏။

ပွဲလမ်းသဘင်များ၌ ဝတ်ဆင်ရာတွင် အနည်းငယ် ဆန်းလေ သည်။ မြိုအမျိုးသမီးလေးတို့မှာ ဘယ်ဖက်ရင်အုံကို ဖုံးအုပ်နိုင်ရန် ချည် တဘက်ကို ဘယ်ဖက်ပုခုံး၌တင်၍ ပွဲလမ်းသဘင်များသို့ သွားရောက် လေ့ရှိကြပါသည်။ ညာဖက်ရင်အုံကိုမူ ဖေါ်ထားပါသည်။ လက်ထပ်ပြီး သူများမှာမူ ပန်းပန်၍ သမရိုးကျအဝတ်များကို ဝတ်ဆင်သည်။ သူတို့
၏ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် အပျိုမှန်း အအိုမှန်းခွဲခြားသိနိုင် လေသည်။ သက်ကြီးရွယ်အိုများမှာ လက်မပါသောပြင်ခံအင်္ကျီနှင့်ပုဆိုး
ရှည်များကို ဝတ်ဆင်လေ့ရှိကြသည်။


ဘာသာစကားနှင့်ကိုးကွယ်မှု

မြိုလူမျိုးတို့သည် အကျင့်စာရိတ္တဖက်၌မူ ကောင်းမွန်သူများ၍
ဝီရိယနှင့်ဥာဏ်စွမ်းဥာဏ်စ အတော်အသင့်ရှိကြပြီး ပရိယာယ်နည်း သည်။ ရိုးသားဖေါ်ရွေမှုရှိသည်။ သူတို့၏ဘာသာစကားများမှာ မြိုမျိုး နွယ်ကွဲပြားသလောက် စကားပြောရာ၌ စကားအသုံးအနှုန်းချင်း မကွဲ ပြားပဲ အချင်းချင်းပြောဆိုမှု တူညီ၍ နားလည်ကြသည်။

မြိုတို့သည် ရခိုင်လူမျိုးများနည်းတူ ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်ကြသည်။ စုန်းနတ်ကိုလည်း ယုံကြည်ကိုးကွယ်ကြသည်။ လောကတခုလုံး၌ ရှိသော စုန်းနတ်များကို အုပ်ချုပ်သည့် ထိုရိုင်း အ မည်ရှိ နတ်မင်းကြီးသည် ကောင်းကင်ဘုံတွင် နေသည်၊ ゞင်းနတ်မင်း ကြီးသည် ゞင်းတို့အား ကောင်းကျိုးဆိုးကျိုးကို ပေးစွမ်းနိုင်သည်ဟူ၍
ယုံကြည်ကြလေသည်။




မှတ်ချက်။       ။၁-၁၁-၁၉၇၀-ခုနှစ်ထုတ် ရှုဒေါင့်ဂျာနယ် စာမျက် နှာ(၃၅) တွင်ပါရှိသော ဆောင်းပါးကို မူရင်းအတိုင်းပြန်လည်ရိုက်နှိပ် ထားပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်