ဘုရား သင်တန်းလာပေးတဲ့ ဝိပဿနာ ရှုနည်း (၁)


===============================
နာမ်ကို ပဋ္ဌာန်းလိုပြောမယ်ဆိုရင် သမ္ပယုတ္တခန္ခာ သမ္မယုတ္တခန္ဓာကို နာမ်ခေါ် တယ်၊ ဘာနဲ့ သမ္ပယုတ်လဲ ဆိုတော့ ဟိတ်နဲ့ သမ္ပယုတ်တယ် အဲဒါ နာမ်တရား၊ သူ့ဟာသူ ဝိပဿနာတွေပြောနေတယ် ဒါဆို ရုပ်က ဘယ်ဟာလဲ ဆိုရင် စိတ္တသမုဋ္ဌာနရုပ် ပဋ္ဌာန်းလို နာမ် ရုပ် ခွဲတာ အဲဒါ
ပဋ္ဌာန်းလို နာမ်က သမ္ပယုတ္တခန္ဓာ သမ္ပယုတ်က ဟိတ်နဲ့ ယှဉ်တဲ့ခန္ဓာ အကုသိုလ်နဲ့ဖြစ်ဖြစ် ကုသိုလ်နဲ့ ဖြစ်ဖြစ် ယှဉ်တဲ့ခန္ဓာကို နာမ်လို့ ခေါ်တယ်။
အခုပြနေတာတွေကတော့ သိတာကနာမ် ထိုင်တာကရုပ် အဲဒီလိုဟာမျိုး၊ တကယ် ခွဲလိုက်တော့ ထိုင်တာက စိတ္တ သမုဋ္ဌာနရုပ် ထိုင်တာ၊ သိတာက သမ္ပယုတ္တခန္ဓာ အဲဒါ ရုပ်နာမ် ပြီးသွားရောပဲ
သိတာက နာမ် ထိုင်တာကရုပ် ဆိုတာက ခြုံပြီးပြောလိုက်တာ သွားတာ လာ တာတွေက ရုပ်ပေါ့ အဲသလို ဒါက ကမ္မဋ္ဌာန်းလည်း ကျတယ်။
ဒီက သိတဲ့နာမ်က ဘာကသိလဲ ဆိုရင် နာမက္ခန္ဓာက သိတယ်၊ နာမက္ခန္ဓာ က လေးမျိုး ရှိတယ် ဘာနာမ်လဲ ဆိုရင် သမ္ပယုတ္တနာမ် သမ္ပယုတ္တခန္ဓာ၊ အဲဒါကို နာမ်ခေါ်တယ်
အခု မြင်လိုက်ပြီဆိုတာနဲ့ အဲဒီ လေးပါး ပါတာပဲ၊ သိတယ် သိလိုက်ပြီ၊ ကြား လိုက်ပြီ ဆိုရင်လည်း အဲဒီလေးပါး ပါတယ်၊ မြင်လိုက်ပြီ ဆိုရင်လည်း အဲဒီ လေးပါးပဲ၊ သမ္ပယုတ္တခန္ဓာ သူက ဝိပါက် သညာလည်း ပါတယ် တရားဟော နေတယ် ဘယ်သူက ပြောတယ် ဘယ်သူက ပြောတာ မကောင်း ဘူး ကောင်းတယ်၊ အဲဒါ နာမက္ခန္ဓာ လေးပါးပဲ နာမ်ပဲ အဲသလို စိတ်ဖြာ သိပေးပါ အဲဒါ-ပဋ္ဌာန်းနာမ်ရုပ်၊
အခြား မြို့ထဲ ရွာထဲ ပြနေကြတာက သိတာကနာမ် ညွတ်တာကနာမ် တဲ့၊ အဲလို ပြောကြတယ် အမျိုးမျိုးပဲ မှားတယ် မှန်တယ် ကျွန်တော် မဝေဖန်ဘူး အဲသလို ဟောပြော တရားပြတယ် ဆိုတာပဲ ပြောတာ အခု ဒီဟာက ကျွန်တော် ပြောနေတယ် မမှတ်နဲ့ ကျွန်တော်က သင်ထောက်ကူလေး တစ်ခုလောက်ပဲ တကယ် သင်ပြနေတာက ဘုရားကိုယ်တိုင် စာဖတ်သူကို တိုက်ရိုက် သင်ပြနေတာ ဒီလို မှတ်ထားပေးပါ
ဘုရားက ပဋ္ဌာန်းကို သမ္ပယုတ္တ ခန္ဓာနဲ့ စိတ္တသမုဋ္ဌာနရုပ်လို့ သင်တယ်၊ အဲဒါကို ဘာခေါ်သလဲဆို နာမ်ရုပ်၊ အဲဒါ ပဋ္ဌာန်းနာမ်ရုပ် ခေါ်တယ်၊ ပဋ္ဌာန်းက ဘုရားဟော တယ် အဲဒါ ဘုရားကဟောတဲ့ နာမ်ရုပ်။ ဘုရားဟောတဲ့ နာမ်ရုပ်ရဲ့ အကြောင်း က ဟေတုတဲ့ ဟေတုက လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ အဲဒါ ကြောင့် နာမ်ခန္ဓာလေးပါး ဖြစ်တယ်၊
အကုသိုလ်လုပ်တော့မယ် ဆိုရင်လည်း ဒီနာမ်ခန္ဓာ လေးပါး ကုသိုလ် လုပ်တော့ မယ် ဆိုရင်လည်း ဒီ နာမ်ခန္ဓာ လေးပါးပဲ ယောက်ျားလည်း မဟုတ်ဘူး မိန်းမ လည်းမဟုတ်ဘူး ဟိတ်ကြောင့် လုပ်တယ်၊ ဈေးသွားတယ်ဆိုတာလည်း ဟိတ်ကြောင့် သွားတာ အဲသလိုပဲ စကား ဘာကြောင့်ပြောသလဲဆိုရင် ဟိတ်
ကြောင့်ပြောတယ် အဲဒါ ဘုရားသင်တဲ့ နာမ်ရုပ်ပါပဲ နာမ်ရုပ် ကွဲ မကွဲ ကိုယ့်ဟာ ကိုယ် စစ်ကြည့် ကွဲတယ်ဆိုရင် စာဖတ်သူဟာ ပုထုဇဉ် တစ်ယောက် မဟုတ်တော့ဘူး အဲဒါ ဘုရားပြောတာတွေနော် စာနဲ့ ပြန်ညှိကြည့်ချင်လည်း ကြည့်ပါ
အဲဒီ အထဲမှာ လူလည်းမပါ မိန်းမလည်း မပါဘူး၊ မပါတော့ ရာဂတွေ ဒေါသတွေက နည်းတယ် ဒိဋ္ဌိ ဝိစိကိစ္ဆာ လည်း ကင်းတယ် အဲဒါ ဘုရား ဟောတဲ့ နာမ်ရုပ် ဝိပဿနာနာမ်ရုပ် ပဋ္ဌာန်းနာမ်ရုပ် ပါပဲ
ဒီဆရာ့ထက် ကောင်းတာ ရှိသေးလားမေးရင်လည်း မှန်ပေမယ့် ပီယ၀ါစာ ဖြစ် မှာ မဟုတ်လို့ မမေးတော့ဘူးနော် အဲဒါ ဘုရားဟောတာ ကျွန်တော်က ဟြေ တယ် လို့ မပြောနဲ့နော်၊ ကျွန်တော်က ဘုရားဟောတာကို ပြောနေတဲ့ ကိုယ်စား လှယ်၊ ဘုရားက အဲသလို ဟောတယ် ဘုရားရှိတုန်းကပေါ့၊ ရှင်သာရိပုတ္တရာ လည်း အဲလို ပြောတယ်၊ ရှင်အာနန္ဒာလည်း အဲသလို ပြောတယ် ပထမသင်္ဂါယနာ တင်တုန်းက ပြောတာ ရှင်သာရိပုတ္တရာလည်း သူ့ တပည့်တွေ ကို အဲလိုပဲ ပြောတယ်၊ဘုရားက တာဝတိံသာက လာ လာပြီးတော့ ဟောတယ် ဆွမ်းခံပြီး စားရ သေးတယ် ဘယ်ကလာလို့ ဆွမ်းရမလဲ ဒီမှာဆိုရင် ဆွမ်းလေး
တွေ ဘာလေးတွေ ရတယ်၊ ဘုရားကို ဘယ်သူမှ ဆွမ်း လာမပို့ဘူး ဆွမ်းခံပြီး ဆွမ်းဘုဉ်း ပေးပြီးတော့မှ ရှင်သာရိပုတ္တရာဆီ သွားပြီး ငါ ဒီနေ့ ဒီလိုဟော ခဲ့ တယ် လို့ အဲသလိုပြောတာ အဲဒါ ဘယ်သူ့ ဝိပဿနာလည်း ဆိုရင် ဘုရားဝိပဿနာပါ
နာမ်က သမ္ပယုတ္တခန္ဓာ
ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ အဲဒါကို သမထယာနိက ခေါ်တယ်
ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော
အဲဒါက ဘာခေါ်လဲ ဆိုရင် ဝိပဿနာယာနိက၊ အဲသလို မှတ်ပါ။
သူ့ထဲမှာ နှစ်မျိုး ရှိတယ်၊ ကမ္ဘာကြီးမှာ လူတွေက နှစ်မျိုး ဆိုတော့ ဘုရား က နှစ်မျိုး ဟောရတာ
ဈာနာ ဝုဋ္ဌဟိတွာ ဈာနံ ပစ္စဝေက္ခတိ ကျတော့ သမထယာနိက နောက်ပြီး
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တ တော ဝိပဿန္တိ က ဝိပဿနာယာနိက
သေက္ခာပုဂ္ဂိုလ်က ခုနစ် ယောက် ရှိတယ် သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ တဲ့၊
ပုထုဇဉ် ဆိုတာ ကိလေသာတွေ ရှိတဲ့သူ ပုထုဇဉ် ဆိုတာက -ဖြစ်ပေါ်မှု အပေါ်မှာ နောက်ဆက်တွဲ အယူတွေ ရှိနေတာ တဲ့၊ ဖြစ်ပေါ်မှု အပေါ်မှာ
နောက်ဆက်တွဲ အယူတွေ ရှိနေတာဆိုတာက ငါဘာလုပ်မိတာ ဘယ်လို ပါလိမ့်မယ် ဘာပါလိမ့်မယ် ဒီလို တွေးတယ် အဲဒါမျိုးကို နောက်ဆက်တွဲ အယူရှိတယ် ပြောတာ ငါဘာလုပ်တယ် ဘာပြုတယ်နဲ့ ယူတယ် ငါမှားတယ် ဝယ်ခဲ့တာ မှားတာပဲနဲ့၊ တစ်ခါတည်း ငါတွေပါလာတယ်။ အဲဒါ ဖြစ်ပေါ်မှု အပေါ် ဖြစ်တာက သူခိုးခိုးခံ ရတယ် ခါးပိုက်နှိုက်ခံရတယ်၊ အဲဒါ ဖြစ်ပေါ်မှုအပေါ်၊ ကြားတာ မြင်တာတွေလည်း ဖြစ်ပေါ်မှုအပေါ် ပါ ပဲ နောက်ဆက်တွဲ ဘာတွေဖြစ် လဲ ဆိုတော့ အယူတွေဖြစ်တယ် ငါ သူ ဆိုတာက အယူ အဲဒါဖြစ်ရင် ပုထုဇဉ် ပဲ ဖြစ်ပေါ်မှုအပေါ်မှာ ငါ သူ လို့ နောက် အယူတွေ မရှိတာက အရိယာ
ဖြစ်ပြီးရင် ပြီးပြီလေ၊ ဘာစွဲချင်နေသေးလဲ မစွဲချင် ဖျားပြီးရင် ဆိုရင်လည်း ဖျားပြီးပြီ၊ ကားတိုက်ပြီးရင်လည်း တိုက်ပြီးပြီပေါ အဲသလို နေနိုင်ပြီလား နေနိုင်ပြီ ဆိုရင် အဲဒါ အရိယာ ဘုရားရဟန္တာ ထိအောင် အဲလို သွားရမှာ၊ အခုလည်း အဲဒီဖြစ်ပေါ်မှုအပေါ်မှာ နောက်ဆက်တွဲ အယူတွေ မထားရင် အရိယာပဲ
ကျော်စွာထွဋ် က (-------) ဆိုတဲ့ ကောင်မလေးကို ရည်းစားစကား သွားပြော တယ်
ဘယ့်နှယ့်နေမလဲ -နောက်ဆက်တွဲအယူတွေ မထားဘူးတဲ့လေ၊ အယူဆိုတာ က ဒိဋ္ဌိ ဒိဋ္ဌိ ဆိုတာ လောဘထဲက ပါတာပေါ့၊ ဟေတု မဟုတ်ဘူးလား၊ ပဋ္ဌာန်း ဥာဏ်တွေ၊ ပဋ္ဌာန်းဥာဏ်ကို ပြောနေတာပါ၊ ဘယ်လောက် ဥာဏ် ကောင်း ထားသလဲ ဆိုတာ ပဋ္ဌာန်းနဲ့ ဥာဏ်နဲ့ ကိုက်အောင်ကြည့်။
ဟဲ့…. မသာကောင်ကြီး ကျော်စွာထွဋ် ဘာတွေ လာပြောနေတာလဲ ပါးကွဲသွား ချင်နေပြီလား (--------) ဆိုတဲ့ ကောင်မလေးက ပြောတယ်
အဲဒီမှာ ဆဲရင် ဘယ်နှယ့်လုပ်မတုံး နောက်ဆက်တွဲ ဘယ်လို လုပ်မတုံး ဆိုတာ မျိုးက အယူ မရှိတာ ခေါ်တယ်၊ ဒီအတိုင်းဆို ဟိုဟာလို ဖြစ်သွားမှာ အပြစ် လွတ်အောင် ပြောရတယ် ဒီလိုဆိုတော့ အပြစ် လွတ်တယ် ကိုယ့်ကိုယ်ကို ဂရုစိုက် တော်ကြာ ချထည့်လိုက်လို့ ပါးကွဲသွားဦးမယ်
နောက်ဆက်တွဲတွေ ဘာတွေ ငါ ဘယ်လိုဖြစ်ပါလိမ့် ဘယ်လိုဖြစ်ပါလိမ့် ဆိုတာ ဝိစိကိစ္ဆာတွေ ဒါတရားနဲ့ စာပေနဲ့-ဒိဋ္ဌိံ ဂဏှာတိနဲ့ ပါနေတာတွေ ပဋ္ဌာန်းဝိပဿနာ ပြောနေတယ်၊ နာမ်ရုပ်ကလည်း ပဋ္ဌာန်း နာမ်ရုပ်။

3 comments:

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်