====================
သုဏာထ-အာရုံတစ်ပါးစိတ်မသွားဘဲ နားစေ့စေ့ ထောင်၊ တံ- ထိုဟောမည့်တရားကိုပေါ့၊ အဲဒါကို နားစေ့စေ့ ထောင်တဲ့၊ အာရုံတွေပျံ့မနေနဲ့
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အဗျာကတက အဗျာကတချင်း၊ ကုသိုလ် အကုသိုလ် မဟုတ်တော့ဘူး၊ အဗျာကတ
အဗျာကတဆိုတာလည်း ဘာလဲဆိုရင် အခြား ဟာ မဟုတ်ဘူး စာဖတ်နေတဲ့ သူတော်ကောင်း
ကြီးကိုပဲပြောတာ သူယုတ်မာတော့ မဖြစ် လောက်ဘူး ဟုတ်တယ် မဟုတ်လား
ကျွန်တော် လျောက်ရေးတာ လာလာဖတ်နေတဲ့ ကျေးဇူးရှင် သူတော်ကောင်းကြီးက
ကုသိုလ် ဆိုရင်လည်း ကုသိုလ် အကုသိုလ် ဆိုရင်လည်း အကုသိုလ် အဗျာကတဆိုရင်လည်း
သူတော် ကောင်းကြီးပဲ တခြားမဟုတ်ဘူး နည်းနည်း မြောက် ထားပေးမှာ
မြင့်မြင့်လေး မတင်ထားပြီး နောက်ကျမှ ပစ်ချလို့ ကောင်းတာ အကျနာမှ ဘဝနာတယ်
ဆိုတာကိုး လေယဉ်ပေါ်ကနေ ပစ်ချပေးရမလားပဲ
ဒါ အဗျာ-အဗျာ-အာ၊ အကြောင်းကလည်း အဗျာကတပဲ အကျိုးကလည်း အဗျာကတပဲ
ကိုယ့်ကိုယ်မှာ ကုသိုလ်လည်း ရှိတယ် အကုသိုလ်လည်း ကုသိုလ် အကုသိုလ် မဟုတ် တဲ့ ဟာတွေကို အဗျာကတလို့ ခေါ်တယ်
စကားပြောတာတွေပေါ့ ဘာတွေ ညာတွေပေါ့၊ မျက်တောင်ခတ်တာတွေ စသည်ပေါ့
ကိုယ့်ကိုယ်ကို ကုသိုလ်လည်း မဟုတ်ဘူး အကုသိုလ်လည်း မဟုတ်ဘူး အဗျာကတခေါ် တယ် ကုသိုလ် အကုသိုလ်အားဖြင့် ဘုရား မဟော ဘူး
အဲဒါ ငါလားဆို မဟုတ်ဘူး တစ်ခါတည်းကို နိဗ္ဗာန် ရောက်သွားပြီ၊ ဒိဋ္ဌိ မရှိတော့ဘူး ကုသိုလ် အကုသိုလ်ကလည်း ငါ မဟုတ် ဘူး
နိဗ္ဗာန် မြန်မြန်ပို့ပေးမှ သုဘရာဇာကြီး Arkar Lynn
ဆန်ဆီဆေးဆား ပွဲစားကြီး Sein Hla Moe ယာတြာချေတဲ့ ကိုရင်ကြီး Kyawswar
Htut အာ့လူတွေ တော်တော်ကြည့်ရခက်နေပြီ လိုင်းမှာ ဟိုရေး ဒီရေး လုပ်နေတယ်
ဘာမှမရှိတဲ့ နေရာ မြန်မြန် တာဝန်ချထားပေးမှ ဖြစ်မှာ……
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အဗျာကတသည် ကုသိုလ် အကုသိုလ် မဟုတ် သော တရားသည် ကုသိုလ် အကုသိုလ် မဟုတ် သော တရားအား အာရုံအားဖြင့် ကျေးဇူးပြုသည်၊
အရဟာ ဖလံ ပစ္စဝေက္ခတိ-
ပညတ်အလိုအားဖြင့် ရဟန္တာပုဂ္ဂိုလ်က ဖိုလ်ကို ဆင်ခြင်တယ်၊ ရဟန္တာပုဂ္ဂိုလ်လည်း
အဗျာကတ ပဲ၊ သူ့မှာ ကုသိုလ်အကုသိုလ် မရှိတော့ဘူး ရာဂဒေါသ လည်း မရှိတော့ဘူး
ဒိဋ္ဌိလည်း မရှိတော့ဘူး၊ ရဟန္တာပုဂ္ဂိုလ် ဆိုတာ အဲဒီထဲ ပါတဲ့ အတိုင်းပဲ။
ရဟန္တာနဲ့ ဆင်ခြင်တာက တစ်ခုတည်းပဲ
ဆင်ခြင်တာက ကြိယာ ရဟန္တာက ကတ္တား ကတ္တားနဲ့ ကြိယာ တစ်ပုဒ်တည်း ဖြစ်သွားတယ်
ရဟန္တာပုဂ္ဂိုလ်သည် ဆင်ခြင်၏ ဆိုတာ တစ်ယောက်တည်းပဲ
ဆင်ခြင်တာက ကြိယာ ရဟန္တာက ကတ္တား ကတ္တားနဲ့ ကြိယာ တစ်ပုဒ်တည်း ဖြစ်သွားတယ်
ရဟန္တာပုဂ္ဂိုလ်သည် ဆင်ခြင်၏ ဆိုတာ တစ်ယောက်တည်းပဲ
အဲဒီ ဆင်ခြင်တာကလည်း အဗျာကတပဲ ဖြစ် တာ သူတော်ကောင်းကြီး ဆင်ခြင်တာနဲ့
မတူဘူး သူတော်ကောင်းကြီးတို့ ဆင်ခြင်တာက ကုသိုလ် တွေ ဆင်ခြင်တယ်
အကုသိုလ်တွေ ဆင်ခြင် တယ် ရာဂတွေဆင်ခြင်တယ် သာယာတာတွေ အကုန်
လျှောက်ဆင်ခြင်တယ်
သူကတော့ ဖိုလ်ကိုဆင်ခြင်တယ်
မဂ်က ကုသိုလ်၊ ဖိုလ်က ဝိပါက်
မဂ်က ကုသိုလ်၊ ဖိုလ်က ဝိပါက်
သောတာပတ္တိမဂ္ဂစိတ္တံ သကဒါဂါမိမဂ္ဂစိတ္တံ အနာဂါမိမဂ္ဂစိတ္တံ အရဟတ္တမဂ္ဂစိတ္တဉ္စေတိ ဣမာနိ စတ္တာရိပိ လောကုတ္တရကုသလစိတ္တာနိ နာမ။
အဲဒီ မဂ်စိတ်က ကုသိုလ်လို့ ပြောတာ၊ သင်္ဂြိုဟ် ရတဲ့သူတွေ သိတယ်
သောတာပတ္တိဖလစိတ္တံ သကဒါဂါမိဖလစိတ္တံ အနာဂါမိဖလစိတ္တံ အရဟတ္တဖလစိတ္တဉ္စေတိ ဣမာနိ စတ္တာရိပိ လောကုတ္တရဝိပါကစိတ္တာနိ နာမ။
အဲဒါ ဖိုလ်စိတ်ရတယ် လောကုတ္တရာက-အကျိုး၊ မဂ်က-အကြောင်း၊ ရဟန္တာပုဂ္ဂိုလ်က
မဂ်ဆိုရင် ကုသိုလ် ဖြစ်သွားမှာ၊ ဒီမှာပြောနေတာက အဗျာကတ အဗျာကတက အဗျာကတကို
အာရုံ အားဖြင့် ကျေးဇူးပြုတယ်၊ ကုသိုလ် အကုသိုလ် မဟုတ်တဲ့ဟာက အဲဒါကို
ပြန်ကျေးဇူးပြုတယ်၊
ဘယ်သူမှလည်းမပါဘူး ဘယ်သူ ဆင်ခြင်လဲ ဆိုရင် အရဟတ္တဖိုလ် ပုဂ္ဂိုလ်က
ဆင်ခြင်တယ်၊ ဖိုလ်နဲ့ စိတ်ရှိမှလည်း ပုဂ္ဂိုလ်က ရှိသွားတာ အဲဒီစိတ် ရတော့
ပုဂ္ဂိုလ်ရသွားတာ့
မဂ်ဆိုတာ
အကုသိုလ်တွေ ကိလေသာတွေကို သတ်ထားတာကို မဂ် ခေါ်တယ် မဂ်ဆိုတာက နိဗ္ဗာန်ကို
သွားတာ နိဗ္ဗာန်ကို ရောက်တာ၊ ကိလေသာသတ်မှ နိဗ္ဗာန်ကို ရောက်တယ်။
အဲဒါ မဂ်ရဲ့အဓိပ္ပါယ်ပဲ
အဲဒါ မဂ်ရဲ့အဓိပ္ပါယ်ပဲ
ကိုယ့်ကိုယ်ကိုမှာ လိုချင်တာတွေ ဘာတွေညာ တွေ မကောင်းတာတွေ အကုသိုလ်တွေကိုသာ သတ် လိုက်၊ နိဗ္ဗာန်ဆိုတာကို ရောက်သွားတာပဲ၊
နိဗ္ဗာန်က အဗျာကတ အဲဒါ သေသေချာချာမှတ် ထား ရူးကြောင်ကြောင်နဲ့ ကိလေသာဆိုတာ မွေး ကတည်းက ပါလာတာ ထမလုပ်နဲ့ ဘုရားတောင် အဲဒီ စကား မပြောဘူး
နိဗ္ဗာန်က အဗျာကတ အဲဒါ သေသေချာချာမှတ် ထား ရူးကြောင်ကြောင်နဲ့ ကိလေသာဆိုတာ မွေး ကတည်းက ပါလာတာ ထမလုပ်နဲ့ ဘုရားတောင် အဲဒီ စကား မပြောဘူး
နိဗ္ဗာန်ဆိုတာက အဗျာကတ ရာဂတွေ ဒေါသတွေ ဒိဋ္ဌိတွေ ဝိစိကိစ္ဆာတွေ ဥဒ္ဓစ္စ တွေက
အကုသိုလ်တရား ဒါနတွေ သီလတွေ ဥပုသ် တွေက ကုသိုလ်တရား အဲဒါ နှစ်ခု မဟုတ်ဘူး
တဲ့
မဂ်က ကိလေသာသတ်တော့မှ
နိဗ္ဗာန် ရောက် သွား တယ်၊ ကိလေသာဆိုတာရာဂပဲ နှစ်သက် တာနဲ့ သာယာတာပဲ မသာယာနဲ့
ရာဂသူ့ဟာသူ ဖြစ်ချင် ဖြစ်နေပါစေ မသာယာနဲ့ သူ့ဟာသူလုပ်၊ သူ့ဟာ သူ ဖြစ်တာ
အဲဒါ ကိုယ်နဲ့မဆိုင်ဘူး ကိုယ် က ရာဂ ဖြစ်တာ မဟုတ်ဘူး အကုသိုလ်တရား က
ဖြစ်တာ၊ ငါ့ရာဂလို့ ထင်ရင်တော့ ငါ့ရာဂ ဖြစ်မှာပဲ တကယ်က အကုသိုလ်ရာဂ အဲဒီ
အကုသိုလ်လည်း မရှိရော နိဗ္ဗာန်လည်း ရောက် ပါလေရော
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ အရဟာ ဖလံ
ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ပစ္စဝေက္ခတိ။ နိဗ္ဗာနံ ဖလဿ အာဝဇ္ဇနာယ အာရမ္မဏပစ္စယေန
ပစ္စယော။
ဒီဟာတွေက အရမ်းရိုးရှင်းပြီး ကောင်းလွန်းတာ ကောင်းတဲ့ဟာမို့ လုံးစေ့ ပတ်စေ့ပြောနေတာ
ပစ္စဝေက္ခတိက ဘာလဲဆိုတော့ အဗျာကတ တရား
ပစ္စဝေက္ခတိက ဘာလဲဆိုတော့ အဗျာကတ တရား
အရဟာ က ရဟန္တာပုဂ္ဂိုလ်ဆင်ခြင်တာ အဲလို မှတ် ထား၊ နိဗ္ဗာနံ-နိဗ္ဗာန်သည်၊
ဖလဿ-ဖိုလ်အားလည်း ကောင်း၊ အာဝဇ္ဇနာယ-ဆင်ခြင်တတ်သော မနောဒွါရာ ဝဇ္ဇန်းအား
လည်းကောင်း ဆင်ခြင်တာ က မနောဒွါရာဝဇ္ဇန်း ဒါမှ ကိရိယာဖြစ်တယ် ကိရိယာ ဖြစ်မှ
အဗျာကတ ဖြစ်တယ်
ဝိပါကာဗျာကတာ ကိရိယာဗျာကတာ တဲ့၊
အာဝဇ္ဇနာက-ကိရိယာဗျာကတာ၊ ဖိုလ်ကလည်း အဗျာကတ ဆင်ခြင်တာကလည်း ရဟန္တာ
ဆင်ခြင်လို့ အဗျာကတ ဖြစ်တယ် နိဗ္ဗာန်က လည်း အဗျာကတ ဆင်ခြင်တာကလည်း အဗျာကတ
နိဗ္ဗာန်က ပစ္စဝေက္ခတိကို သွားပြီးတော့ ကျေးဇူး ပြု တယ် အဗျာကတချည်းပဲ၊
အဗျာကတက အဗျာကတ ကိုပဲ ကျေးဇူးပြုရတယ်၊ အကုန်လုံး အဗျာကတပဲ၊ အဲဒီထဲမှာ
ကုသိုလ် အကုသိုလ် မပါဘူး ရာဂတွေ ဒေါသတွေ ဥပေါသထတွေ ဘာတွေ မပါဘူး
ဖိုလ်ကို ဆင်ခြင်တယ်၊ အဲဒီထဲ ပါတာမှန်သမျှ အကုန် အဗျာကတချည်းပဲ။
အာဝဇ္ဇနာယ-ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း အားလည်းကောင်း၊ အာရမ္မဏ
ပစ္စယေန-အာရုံဟူသော အကြောင်းအားဖြင့်၊ ပစ္စယော-အကြောင်းပြုသည်၊ ဟော
တိ-ဖြစ်၏။
အကြောင်းပဲ အကြောင်းကြောင့် အကျိုးဖြစ်တာပဲ
အရဟာ စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တ တော ဝိပဿတိ။
အရဟာ- ရဟန္တာပုဂ္ဂိုလ်သည်၊ စက္ခုံ-
စက္ခုပသာဒ ကို၊ အနိစ္စတော-အနိစ္စအားဖြင့် လည်းကောင်း ဒုက္ခတော-ဒုက္ခအားဖြင့်လည်း ကောင်း၊ အနတ္တတော-အနတ္တအားဖြင့်လည်း ကောင်း၊ ဝိပဿတိ ရှု၏။
စက္ခုပသာဒ ကို၊ အနိစ္စတော-အနိစ္စအားဖြင့် လည်းကောင်း ဒုက္ခတော-ဒုက္ခအားဖြင့်လည်း ကောင်း၊ အနတ္တတော-အနတ္တအားဖြင့်လည်း ကောင်း၊ ဝိပဿတိ ရှု၏။
စက္ခုကို မျက်စိကို ဝိပဿနာ ရှုတယ်တဲ့ ဒါပဲ
စာဖတ်သူရဲ့မျက်စိက အဗျာကတတရား ရဟန္တာ ပုဂ္ဂိုလ်ဆင်ခြင်လို့ အဗျာကတ ဖြစ်တာ၊
သောတံ ဃာနံ ဇိဝှံ ကာယံ ရူပေ သဒ္ဒေ ဂန္ဓေ ရသေ ဖောဋ္ဌဗ္ဗေ ဝတ္ထုံ။ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေအနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။
သောတံ -သောတပသာဒကိုလည်းကောင်း၊
ဃာနံ-ဃာနပသာဒကိုလည်းကောင်း၊
ဇိဝှံ-ဇိဝှာပသာဒကို လည်းကောင်း၊
ကာယံ-ကာယပသာဒကိုလည်းကောင်း၊
ရူပေ-ရူပါရုံတို့ကိုလည်းကောင်း၊
သဒ္ဒေ-သဒ္ဒါရုံတို့ကိုလည်းကောင်း၊
ဂန္ဓေ-ဂန္ဓာရုံတို့ကိုလည်းကောင်း၊
ရသေ-ရသာရုံတို့ကိုလည်းကောင်း၊
ဖောဋ္ဌဗ္ဗေ-ဖောဋ္ဌဗ္ဗာရုံတို့ကို လည်းကောင်း၊
ဝတ္ထုံ-ဟဒယဝတ္ထု ရုပ်ကိုလည်းကောင်း၊
ဝိပါကာဗျာကတေ- ဝိပါက်အဗျာကတ ဖြစ်ကုန်
သော
ကိရိယာဗျာကတေ-ကိရိယာအဗျာကတဖြစ်ကုန် သော၊
ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ အနိစ္စတော-အမြဲမရှိသော အားဖြင့် လည်းကောင်း ဖြစ်ပြီးရင် ပျက်၏ ဟူ၍ လည်းကောင်း၊
ဒုက္ခတော-အဖြစ်၏ မကောင်းအားဖြင့်လည်း ကောင်း (ဝါ) ဆင်းရဲသောအားဖြင့်လည်းကောင်း၊ အနတ္တတော- ငါ့ကိုယ် မဟုတ်ဟူ၍လည်းကောင်း၊ ဝိပဿတိ-ရှု၏။
ဃာနံ-ဃာနပသာဒကိုလည်းကောင်း၊
ဇိဝှံ-ဇိဝှာပသာဒကို လည်းကောင်း၊
ကာယံ-ကာယပသာဒကိုလည်းကောင်း၊
ရူပေ-ရူပါရုံတို့ကိုလည်းကောင်း၊
သဒ္ဒေ-သဒ္ဒါရုံတို့ကိုလည်းကောင်း၊
ဂန္ဓေ-ဂန္ဓာရုံတို့ကိုလည်းကောင်း၊
ရသေ-ရသာရုံတို့ကိုလည်းကောင်း၊
ဖောဋ္ဌဗ္ဗေ-ဖောဋ္ဌဗ္ဗာရုံတို့ကို လည်းကောင်း၊
ဝတ္ထုံ-ဟဒယဝတ္ထု ရုပ်ကိုလည်းကောင်း၊
ဝိပါကာဗျာကတေ- ဝိပါက်အဗျာကတ ဖြစ်ကုန်
သော
ကိရိယာဗျာကတေ-ကိရိယာအဗျာကတဖြစ်ကုန် သော၊
ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ အနိစ္စတော-အမြဲမရှိသော အားဖြင့် လည်းကောင်း ဖြစ်ပြီးရင် ပျက်၏ ဟူ၍ လည်းကောင်း၊
ဒုက္ခတော-အဖြစ်၏ မကောင်းအားဖြင့်လည်း ကောင်း (ဝါ) ဆင်းရဲသောအားဖြင့်လည်းကောင်း၊ အနတ္တတော- ငါ့ကိုယ် မဟုတ်ဟူ၍လည်းကောင်း၊ ဝိပဿတိ-ရှု၏။
စာဖတ်သူက စက္ခုကို ငါလို့ ရှုတယ် ဒီက အနိစ္စ ဒုက္ခ အနတ္တလို့ ရှုတယ် စက္ခုက အဗျာကတ တရား
အဲဒီ စက္ခုက အဗျာကတဖြစ်ရင် မျက်စိကမြင် တိုင်း အဗျာကတသာ ဖြစ်ရင် သူ
နိဗ္ဗာန် ရောက် တယ်၊အဲဒါက ရဟန္တာပုဂ္ဂိုလ်မြင်တဲ့ အမြင်မျိုး၊ စာဖတ်သူ လည်း
အဲဒီ အမြင်မျိုးသာ လိုက်မြင် ရင် တန်းပြီပဲ
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ
ဒိဗ္ဗေန-နတ်၌ ဖြစ်သော၊
စက္ခုနာ-အဘိညာဉ် စက္ခုဖြင့်၊ ဒိဗ္ဗစက္ခုခေါ်တယ်၊
ဒိဗ္ဗေန စက္ခုနာ- နတ်၌ဖြစ်သော မျက်စိတဲ့ စာဖတ်သူကြီးတို့ မျက်စိ မဟုတ်ဘူး။
စက္ခုနာ-အဘိညာဉ် စက္ခုဖြင့်၊ ဒိဗ္ဗစက္ခုခေါ်တယ်၊
ဒိဗ္ဗေန စက္ခုနာ- နတ်၌ဖြစ်သော မျက်စိတဲ့ စာဖတ်သူကြီးတို့ မျက်စိ မဟုတ်ဘူး။
အခု စာဖတ်သူက မသာကောင်ကြီး ဖြစ်သွားပြီ နတ်ဖြစ်သွားပြီ အဲဒီ မျက်စိနဲ့
မြင်တာ စာဖတ် သူရဲ့ မျက်စိ မဟုတ်ဘူး သိကြားမင်း မျက်စိဆို ရင် သဟဿာနိသံသ-
မျက်စိတစ်ထောင် အမြင် ဆောင်တယ်၊ ဘယ်မှ ပြေးမလွတ်ဘူး မနော ကလည်း မျက်စိ
ဖြစ်သွားပြီ၊
ဒိဗ္ဗေန-နတ်၌ဖြစ်သော၊ စက္ခု နာ-အဘိညာဉ် စက္ခု ဖြင့်၊ ရူပံ- ရူပါရုံကို ပဿတိ-မြင်၏။
ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံ သုဏာတိ၊
ဒိဗ္ဗာယ- နတ်၌ဖြစ်သော သောတဓာတုယာ-အဘိညာဉ် နားဖြင့် သဒ္ဒံ- သဒ္ဒါရုံကို သုဏာတိ-ကြား၏။
ဒိဗ္ဗာယ- နတ်၌ဖြစ်သော သောတဓာတုယာ-အဘိညာဉ် နားဖြင့် သဒ္ဒံ- သဒ္ဒါရုံကို သုဏာတိ-ကြား၏။
စေတောပရိယဥာဏေန ဝိပါကာဗျာကတ ကိရိယာဗျာကတစိတ္တသမင်္ဂိဿ စိတ္တံ ဇာနာတိ။
စေတောပရိယဥာဏေန-စေတောပရိယဥာဏ် ဖြင့်၊
ဝိပါကာဗျာကတကိရိယာဗျာကတစိတ္တသမင်္ဂိဿ-ဝိပါက်အဗျာကတ ကိရိယာအဗျာကတ စိတ် နှင့်
ပြည့်စုံသောပုဂ္ဂိုလ်၏၊ စိတ္တံ- စိတ်ကို၊ ဇာနာတိ-သိ၏။
အာကာသာနဉ္စာယတနကိရိယံ ဝိညာဏဉ္စာ
ယတနကိရိယဿ အာရမ္မဏပစ္စယေန ပစ္စယော။
ယတနကိရိယဿ အာရမ္မဏပစ္စယေန ပစ္စယော။
အာကာသာနဉ္စာယတနကိရိယံ-အာကာသာနဉ္စာ ယတန ကိရိယာစိတ်သည်၊ ကိရိယာအနားကို စိတ်သည်လို့ အနက်လေးကပ် ပေးလိုက်ရုံပဲ၊
ဝိညာဏဉ္စာယတနကိရိယဿ-
ဝိညာဏဉ္စာယတနကိရိယာစိတ်အား၊ အာရမ္မဏပစ္စယေန- အာရမ္မဏပစ္စည်းဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
ဝိညာဏဉ္စာယတနကိရိယာစိတ်အား၊ အာရမ္မဏပစ္စယေန- အာရမ္မဏပစ္စည်းဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
အာကိဉ္စညာယတနကိရိယံ နေဝသညာ နာ သညာယတနကိရိယဿ အာရမ္မဏပစ္စယေန ပစ္စ ယော။
အာကိဉ္စညာယတနကိရိယံ-အာကိဉ္စညာယတန ကိရိယာစိတ်သည်၊ နေဝသညာ နာသညာယတနကိရိယဿ-
နေဝသညာ နာသညာယတနကိရိယာ စိတ်အား၊ အာရမ္မဏပစ္စယေန-အာရမ္မဏပစ္စည်းဖြင့်၊ ပစ္စယော-
ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
ရူပါယတနံ စက္ခုဝိညာဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော။
ရူပါယတနံ-ရူပါရုံသည်၊ စက္ခုဝိညာဏဿ-စက္ခုဝိညာဏ်အား၊ အာရမ္မဏပစ္စယေန-အာရမ္မ ဏပစ္စည်းဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ -ဖြစ်၏။
ရူပါရုံက အဗျာကတ စက္ခုဝိညာဏ်ကလည်း အဗျာကတ အဲဒီ စက္ခုက ရူပါရုံကို မြင်ရင်
အဗျာကတပဲ ဖြစ်ရင် ကုသိုလ် အကုသိုလ် မဖြစ် ဘူးဆိုရင် ရဟန္တာ ဖြစ်တယ် စာဖတ်သူ
သွားရမယ့် လမ်းက အဲဒီလမ်းပဲ
ဆရာတော် U Mar Ni Ta တောင် မနေ့ကပဲ ကားနဲ့ လိုက်သွား တယ် ဆိုလားပဲ
မျက်စိနဲ့မြင်ရင် ရူပါရုံသာ မြင် မိန်းမတွေ ယောကျာ်းတွေ သွားမမြင်နဲ့
ကုသိုလ် အကုသိုလ် သာ မဖြစ်နဲ့ ဘာမှ မကျန်တော့ဘူး ငြိမ်းပြီပဲ
ပုဗ္ဗေသုစိဏ္ဏေဆိုတာ အဲဒီလိုဟာမျိုးကို ခေါ်တာ၊
ရူပါယတနံ စက္ခုဝိညာဏဿ အာရမ္မဏ
ပစ္စယေန ပစ္စယော။
ပစ္စယေန ပစ္စယော။
ရူပါယတနံ-ရူပါရုံသည်၊ စက္ခုဝိညာဏဿ- စက္ခုဝိညာဏ်စိတ်အား၊ အာရမ္မဏပစ္စယေန-
အာရမ္မဏပစ္စည်းဖြင့် အာရုံအကြောင်း ဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည် (ဝါ)
အကြောင်းပြု သည်၊ ဟောတိ-ဖြစ်၏။
ရူပါရုံက အဗျာကတတရား ကုသိုလ် အကုသိုလ် လည်း မဟုတ်ဘူး၊ မျက်စိနဲ့ မြင်တာတွေက အဗျာကတတရားတွေပဲ အဲဒါ ရဟန္တာမြင်တဲ့ အမြင်
အလန်းလးတို့ အစင်လေးတို့ ဘာတို့ ကုလား ထိုင် တို့ စားပွဲတို့
သွားမလုပ်နဲ့၊ ဥပမာ-တောထဲ သွားပြီး ဝါးလုံးတွေကိုကြည့် ဖြောင့်တဲ့ဝါးလုံး
ကောက်တဲ့ ဝါးလုံး ရှည်တဲ့ဝါးလုံး တိုတဲ့ဝါးလုံး၊ အဲဒီဝါးလုံးတွေ ကို
ဘယ်လို ကြည့်တုံး ဆိုရင် အဲဒီအတိုင်းပဲကြည့် တယ် ဖြောင့်ရင် ဖြောင့် တာပဲ
ရှည်ရင် ရှည်တာပဲ တိုရင် တိုတာပဲ
လူကိုမြင်ရင်လည်း မြင်တာပဲ၊ ခေါင်းက ဘယ်လို
ခြေက မျက်နှာကဘယ်လို အဲဒီ ဘယ်လိုတွေကို မလုပ်ဘူး၊ မြင်တာပဲ ဆိုတာက ဘယ်သူမြင်တာ လဲ ဆိုတော့ အဗျာကတက မြင်တာ အဲလိုမြင် တာက ရဟန္တာပုဂ္ဂိုလ် အဲလို မြင်တဲ့ပုဂ္ဂိုလ်အား ရှိခိုးပါ၏ ဆိုပြီး ကိုယ်ကလည်း သူ့လို လိုက်ပြီး မြင် လိုက်ရင် ကိုယ်လည်းပြီးပြီပဲ
ခြေက မျက်နှာကဘယ်လို အဲဒီ ဘယ်လိုတွေကို မလုပ်ဘူး၊ မြင်တာပဲ ဆိုတာက ဘယ်သူမြင်တာ လဲ ဆိုတော့ အဗျာကတက မြင်တာ အဲလိုမြင် တာက ရဟန္တာပုဂ္ဂိုလ် အဲလို မြင်တဲ့ပုဂ္ဂိုလ်အား ရှိခိုးပါ၏ ဆိုပြီး ကိုယ်ကလည်း သူ့လို လိုက်ပြီး မြင် လိုက်ရင် ကိုယ်လည်းပြီးပြီပဲ
မြင်တဲ့အခါမှာ လောကဓံမဖြစ်ဘူးဆိုရင်သာပြီး
တောင် အဆင်ပြေလိုက်သေးတယ်၊ မကြောက် ဘူး မတုန်လှုပ်ဘူးဆိုရင် ဘာကြောက်စရာ ရှိဦးမလဲ အဲဒါ အဗျာကတက အဗျာကတ ဖြစ်သွားတာပဲ ကြောက်ရင် အကုသိုလ်ဖြစ်တယ် စေတနာကောင်း ရင် ကုသိုလ်ဖြစ်တယ် ဘုရား အဲသလို မဖြစ်မှ ရဟန္တာပုဂ္ဂိုလ် ဆိုတာ ဖြစ်တယ်
တောင် အဆင်ပြေလိုက်သေးတယ်၊ မကြောက် ဘူး မတုန်လှုပ်ဘူးဆိုရင် ဘာကြောက်စရာ ရှိဦးမလဲ အဲဒါ အဗျာကတက အဗျာကတ ဖြစ်သွားတာပဲ ကြောက်ရင် အကုသိုလ်ဖြစ်တယ် စေတနာကောင်း ရင် ကုသိုလ်ဖြစ်တယ် ဘုရား အဲသလို မဖြစ်မှ ရဟန္တာပုဂ္ဂိုလ် ဆိုတာ ဖြစ်တယ်
အဗျာကတက အဗျာကတသာ ကျေးဇူးပြုပါ
သူဟာ ရဟန္တာဖြစ်သတည်း တဲ့
သူဟာ ရဟန္တာဖြစ်သတည်း တဲ့
ဘာခက်လဲ လူသေကောင်လေးကို မျက်စိနဲ့ မြင် တယ်- မျက်စိက အဗျာကတပါ လူသေ ကောင်
လေးကလည်း အဗျာကတပဲ သားကို မျက်စိ နဲ့ မြင်တယ် မျက်စိက အဗျာကတ သားကိုက
ဒိဋ္ဌိနဲ့ မြင်တာ သားကို မြင်တော့ ချစ်တာတွေ မုန်းတာ တွေ ဖြစ်တယ် သမီ
မြင်ရင်လည်း ဒီလိုပဲ
သဒ္ဒါယတနံ သောတဝိညာဏဿ။
ဂန္ဓာယတနံ ဃာနဝိညာဏဿ။
ရသာယတနံ ဇိဝှါ ဝိညာဏဿ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ အာရမ္မဏ ပစ္စ ယေန ပစ္စယော။
ဂန္ဓာယတနံ ဃာနဝိညာဏဿ။
ရသာယတနံ ဇိဝှါ ဝိညာဏဿ။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ အာရမ္မဏ ပစ္စ ယေန ပစ္စယော။
သဒ္ဒါယတနံ-သဒ္ဒါရုံသည်၊ သောတဝိညာဏဿ- သောတဝိညာဏ်စိတ်အား။ ဂန္ဓာယတနံ-ဂန္ဓာရုံ
သည်၊ ဃာနဝိညာဏဿ -ဃာနဝိညာဏ်စိတ် အား။ ရသာယတနံ-ရသာရုံသည်၊
ဇိဝှါဝိညာဏဿ-ဇိဝှါဝိညာဏ် စိတ်အား။ ဖောဋ္ဌဗ္ဗာယတနံ-ဖောဋ္ဌဗ္ဗာရုံသည်၊ ကာယ
ဝိညာဏဿ- ကာယဝိညာဏ်စိတ်အား။ အာရမ္မဏပစ္စယေန-အာရုံအားဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ဟောတိ-ဖြစ်၏။
ဝိညာဏဿ- ကာယဝိညာဏ်စိတ်အား။ အာရမ္မဏပစ္စယေန-အာရုံအားဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ဟောတိ-ဖြစ်၏။
အဲဒီထဲမှာ ဖောဋ္ဌဗ္ဗာယတနပဲ ပါတယ်၊ဓမ္မာယတနံ မပါဘူး၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတာ ပထဝီ
တေဇော ဝါယော ပထဝီ တေဇော ဝါယောက အာရုံပဲ လို့သိ အာရုံကို သိပြီ ဆိုတော့
ခွာနိုင်ပြီ ယောကျာ်းတို့ မိန်းမတို့ ဆိုရင်တော့ မခွာနိုင်ဘူး အကုသိုလ်
ဖြစ်သွားတယ်၊ ဖောဋ္ဌဗ္ဗာရုံဆိုမှလည်း အဗျာကတဖြစ်မှာ၊ ဒါမှ လည်း
အဗျာကတဖြစ်ပြီး အကုသိုလ်တွေမဖြစ် တော့ဘူး အဲသလို မှတ်
အဗျာကတာ ခန္ဓာ ဣဒ္ဓိဝိဓဥာဏဿ စေတော ပရိယဥာဏဿ ပုဗ္ဗေနိဝါသာနုဿတိဥာဏဿ အနာဂတံသဥာဏဿ အာဝဇ္ဇနာယ အာရမ္မဏ ပစ္စယေန ပစ္စယော။
အဗျာကတာ -အဗျာကတဖြစ်ကုန်သော(ဝါ)
ကုသိုလ်အကုသိုလ်မဟုတ်ကုန်သော၊ ခန္ဓာ-ခန္ဓာတို့ သည်၊ ဣဒ္ဓိဝိဓဥာဏဿ-ဣဒ္ဓိဝိဓဥာဏ်အား လည်းကောင်း၊ စေတောပရိယဥာဏဿ-စေတောပရိယဥာဏ်အားလည်းကောင်း၊ ပုဗ္ဗေနိဝါသာနုဿတိဥာဏဿ-ပုဗ္ဗေနိဝါသာ နုဿတိဥာဏ်အားလည်းကောင်း၊ အနာဂတံသ ဥာဏဿ- အနာဂတံသဥာဏ်အားလည်းကောင်း၊ အာဝဇ္ဇနာယ-ဆင်ခြင်ခြင်းအားလည်းကောင်း၊ အာရမ္မဏပစ္စယေန-အာရုံအားဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
ကုသိုလ်အကုသိုလ်မဟုတ်ကုန်သော၊ ခန္ဓာ-ခန္ဓာတို့ သည်၊ ဣဒ္ဓိဝိဓဥာဏဿ-ဣဒ္ဓိဝိဓဥာဏ်အား လည်းကောင်း၊ စေတောပရိယဥာဏဿ-စေတောပရိယဥာဏ်အားလည်းကောင်း၊ ပုဗ္ဗေနိဝါသာနုဿတိဥာဏဿ-ပုဗ္ဗေနိဝါသာ နုဿတိဥာဏ်အားလည်းကောင်း၊ အနာဂတံသ ဥာဏဿ- အနာဂတံသဥာဏ်အားလည်းကောင်း၊ အာဝဇ္ဇနာယ-ဆင်ခြင်ခြင်းအားလည်းကောင်း၊ အာရမ္မဏပစ္စယေန-အာရုံအားဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
အဲဒါ အဗျာကတက အဗျာကတချင်း ကျေးဇူး
ပြုတာပဲ၊ အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
ပြုတာပဲ၊ အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။
အဲဒါက အဗျာကတက ကုသိုလ်ကို ကျေးဇူးပြု လိမ့် မယ်တဲ့၊ အဗျာ-ကု-အာ အဲလို မှတ်
ဘယ်လိုပြုသလဲ ဆို
သေက္ခာ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ ဝေါဒါနဿ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော။
သေက္ခာ ဖလံ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂေါတြဘုဿ ဝေါဒါနဿ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော။
သေက္ခာ-သေက္ခာပုဂ္ဂိုလ်တို့သည်၊ ပုဂ္ဂိုလ် ခုနစ် ယောက် ဖလံ-ဖိုလ်ကို၊
ပစ္စဝေက္ခန္တိ-ဆင်ခြင်ကုန်၏။ ဖိုလ်က အဗျာကတတရား သေက္ခာဆင်ခြင်တာက ကုသိုလ်တရား
ဖြစ်သွားတယ် အဗျာ-ကု-အာ ဆိုတာ မှတ်တာက အဲလိုမှတ်တာကို ပြောတာ
နိဗ္ဗာနံ-နိဗ္ဗာန်ကို၊ ပစ္စဝေက္ခန္တိ-ဆင်ခြင်ကုန်၏။ နိဗ္ဗာန်က အဗျာကတတရား ၊ ဆင်ခြင်တာက ကုသိုလ်တရား
နိဗ္ဗာနံ-နိဗ္ဗာန်သည် ဂေါတြဘုဿ-ဂေါတြဘူ ဥာဏ်အားလည်းကောင်း၊
ဝေါဒါနဿ-ဝေါဒါန်အား လည်းကောင်း၊
အာရမ္မဏပစ္စယေန-အာရုံအားဖြင့်၊ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ စက္ခုံ အနိစ္စတော
ဒုက္ခတော အနတ္တတော ဝိပဿန္တိ။ သောတံ ဃာနံ ဇိဝှံ ကာယံ ရူပေ သဒ္ဒေဂန္ဓေ ရသေ ဖောဋ္ဌဗ္ဗေဝတ္ထုံ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။
ဒုက္ခတော အနတ္တတော ဝိပဿန္တိ။ သောတံ ဃာနံ ဇိဝှံ ကာယံ ရူပေ သဒ္ဒေဂန္ဓေ ရသေ ဖောဋ္ဌဗ္ဗေဝတ္ထုံ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။
သေက္ခာ
ဝါ-သေက္ခာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ပုထုဇ္ဇနာဝါ-ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်
လည်းကောင်း၊ စက္ခုံ- စက္ခုပသာဒကို၊ အနိစ္စတော-အနိစ္စ အားဖြင့် လည်းကောင်း
၊ဒုက္ခတော-ဒုက္ခအားဖြင့် လည်း ကောင်း၊ အနတ္တတော- အနတ္တအားဖြင့် လည်း ကောင်း၊
ဝိပဿန္တိ-ရှုကုန်၏။
သေက္ခာက
ပုထုဇဉ်က စက္ခုပသာဒကို အနိစ္စ တော ဒုက္ခတော အနတ္တတောနဲ့ရှုတယ်၊ စက္ခုက
အဗျာကတတရား ရှုတာက ကုသိုလ် တရား မျက်စိကို အနိစ္စ ဒုက္ခ အနတ္တ လုပ်တော့
အဗျာကတက ကုသိုလ် ဖြစ်သွားတယ် စက္ခုကို အနိစ္စ ဒုက္ခ လုပ်ပြီးကြည့်ရင်
ကုသိုလ်ဖြစ်သွား တယ်
သောတံ-နားကိုလည်းကောင်း၊ ဃာနံ-နှာခေါင်း ကိုလည်းကောင်း၊
ဇိဝှံ-ဇိဝှါပသာဒကိုလည်း ကောင်း၊ ကာယံ-ကာယပသာဒကိုလည်း ကောင်း၊ ရူပေ-ရူပါ ရုံ
တို့ကိုလည်းကောင်း၊ သဒ္ဒေ-သဒ္ဒါရုံတို့ကိုလည်း ကောင်း၊
ဂန္ဓေ-ဂန္ဓာရုံတို့ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေ-ဖောဋ္ဌဗ္ဗာရုံ
တို့ကိုလည်းကောင်း၊ဝတˆ္ထုံ-ဟဒယဝတ္ထုကိုလည်းကောင်း၊
ဝိပါကာဗျာကတေ-ဝိပါက်အဗျာကတဖြစ်ကုန် သော၊ ကိရိယာဗျာကတေ-ကိရိယာအဗျာကတ
ဖြစ်ကုန်သော၊ ခန္ဓေ- ခန္ဓာတို့ကို၊ အနိစ္စတော-အနိစ္စအားဖြင့်လည်း ကောင်း၊
ဒုက္ခတော-ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တတော-အနတ္တအားဖြင့်လည်းကောင်း၊
ဝိပဿန္တိ- ရှုကုန်၏။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿန္တိ။ ဒိဗ္ဗာယ သောတ
ဓာတုယာ သဒ္ဒံ သုဏန္တိ။ စေတောပရိယ ဥာဏေနဝိပါကာဗျာကတကိရိယာဗျာကတစိတ္တသမင်္ဂိဿ စိတ္တံ ဇာနန္တိ။ အဗျာကတာ ခန္ဓာ ဣဒ္ဓိဝိဓဥာဏဿ စေ တောပရိယဥာဏဿ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏဿ အနာဂတံသဥာဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော။
ဓာတုယာ သဒ္ဒံ သုဏန္တိ။ စေတောပရိယ ဥာဏေနဝိပါကာဗျာကတကိရိယာဗျာကတစိတ္တသမင်္ဂိဿ စိတ္တံ ဇာနန္တိ။ အဗျာကတာ ခန္ဓာ ဣဒ္ဓိဝိဓဥာဏဿ စေ တောပရိယဥာဏဿ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏဿ အနာဂတံသဥာဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော။
ဒိဗ္ဗေန-နတ်၌ဖြစ်သော၊ စက္ခုနာ-အဘိညာဉ် စက္ခုဖြင့်၊ ရူပံ-ရူပါရုံကို၊
ပဿန္တိ-မြင်ကုန်၏၊ ဒိဗ္ဗာယ- နတ်၌ဖြစ်သော၊ သောတဓာတုယာ-အဘိညာဉ်နားဖြင့်၊
သဒ္ဒံ-အသံကို၊ သုဏန္တိ-ကြားကုန်၏။ စေတောပရိယ ဥာဏေန-စေတောပရိယဥာဏ်ဖြင့်၊
ဝိပါကာဗျာကတ ကိရိယာဗျာကတ စိတ္တသမင်္ဂိဿ-ဝိပါက်အဗျာကတ ကိရိယာအဗျာကတစိတ်နှင့်
ပြည့်စုံသောပုဂ္ဂိုလ်၏၊ စိတ္တံ- စိတ်ကို၊ ဇာနန္တိ-သိကုန်၏။
အဗျာကတာ-အဗျာကတဖြစ်ကုန်သော၊ ခန္ဓာ- ခန္ဓာတို့သည်၊
ဣဒ္ဓိဝိဓဥာဏဿ-ဣဒ္ဓိဝိဓဥာဏ်အား လည်း ကောင်း၊ စေတောပရိယဥာဏဿ-စေတောပရိယဥာဏ်
အားလည်းကောင်း၊ ပုဗ္ဗေနိဝါသာနုဿတိဥာဏဿ- ပုဗ္ဗေနိဝါ သာနုဿတိဥာဏ်အား
လည်းကောင်း၊ အနာဂတံသဥာဏဿ -အနာဂတံသဥာဏ်အား လည်းကောင်း၊ အာရမ္မဏပစ္စယေန-အာရမ္မဏ
ပစ္စည်းဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ အာရမ္မဏပစ္စယေန ပစ္စယော။ စက္ခုံ အဿာဒေတိ
အဘိနန္ဒတိ၊ တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ စက္ခုံ-စက္ခုပသာဒကို၊
အဿာဒေတိ- သာယာ၏၊ အဘိ နန္ဒတိ-နှစ်သက် ၏၊ တံ-ထိုစက္ခုပသာဒကို၊ အာရဗ္ဘ-အာရုံ
ပြု၍၊ ရာဂေါ-ရာဂသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဒိဋ္ဌိ-ဒိဋ္ဌိသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။
မျက်စိကိုသာယာတယ် သာယာတော့ နှမြော တယ် နှမြောရင် တပ်မက်တယ် သေရင် လောဘနဲ့
သေသွားတယ်၊ မျက်စိကို တပ်မက်ပြီး သေသွား တယ်။ မျက်စိက မမြင်ရတော့ဘူး၊
ကမ္မဇရုပ်က ချုပ် သွားပြီ၊ ထမင်း အရက် ၂၀ ဆယ် မစားနိုင်လို့ ရှိရင်
မျက်စိတွေ မှုန်သွားပြီ မမြင်ရတော့ဘူး၊ အာဟာရ အရက် နှစ်ဆယ် မစားရင်
အာဟာရဇရုပ်က အရင် ချုပ်တယ် နောက် ကမ္မဇရုပ် ချုပ်သွားပြီ၊ မျက်စိတွေ
နားတွေ မကြားရဘူး၊ ကြေးစည်တွေ ထုလည်း မကြားရဘူး ဘုရား ဘုရား ဆိုပေးလည်း
မကြား ရဘူး စာဖတ်သူ မဟုတ်တော့ဘူး၊ အဲလို အရ င်ကတည်းက သိထားဖို့ လိုအပ်တယ်
ဒီလို မသိထားရင် ငါ့မကြားရတော့ဘူး လုပ်ပါ အုံးဟယ် ဆိုပြီးတော့
ဝမ်းနည်းပက်လက်တွေ မှောက်ခုံတွေ ဖြစ် သောကတွေဖြစ်နဲ့ ဖြစ်လို့ရှိရင်
ငရဲသွားတယ် သောကဆိုတာဒေါသပဲ မစိုးရိမ်ရဘူး၊ မြတ်စွာဘုရားက လောကုတ္တရာနဲ့
အနုပါဒါန်ဟော တယ်။
အသောက-မစိုးရိမ်ရဘူး၊ အနုပါဒါန်-မစွဲလမ်းရ ဘူး၊ မျက်စိက မျက်စိပဲ၊ ငါ့ မျက်စိ မလုပ်ရဘူး၊
ငါ့မျက်စိလို့လုပ်ရင် စက္ခုံအဿာဒေတိ
စက္ခုက အဗျာကတတရား၊ သာယာတာက အကုသိုလ်တရား၊
စက္ခုက အဗျာကတတရား၊ သာယာတာက အကုသိုလ်တရား၊
အဗျာကတောဓမ္မော အကုသလဿ ဓမ္မဿ ဖြစ် သွားတယ်။
အဲလို သိအောင်လို့ ပြောတာပါ၊ မျက်စိကို မသာ ယာ နဲ့၊ ဘယ်သူ့မျက်စိလေးက
လှလိုက်တာ ဆိုရင် အဲဒီ ကောင်မလေးကို လိုချင်တယ် မျက်လုံးလေး လှတာနဲ့ပဲ
လိုချင်ပြန်တယ်
မိဂဒီဝိယ သောဘတိ- သမင်မ မျက်လုံးလေး လိုပဲ ကြည်လို့ ဆိုလား ဘာဒေလားပြောကြတာ
စက္ခုံ အဿာဒေတိ အဘိနန္ဒတိ တံ အာရဗ္ဘ
ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစံ္စ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစံ္စ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
စက္ခုံ-မျက်စိကို၊ အဿာဒေတိ-သာယာ၏၊ အဘိနန္ဒတိ-နှစ်သက်၏၊ တံ-ထိုစက္ခုကို၊
အာရဗ္ဘ-အာရုံ ပြု၍၊ ရာဂေါ-ရာဂသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။ သာယာပြီး ဖြစ်ရင်
ရာဂဖြစ်တယ် ဒိဋ္ဌိ-အယူသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။
ငါလို့ သူလို့ ယူတာဟာ အယူပဲ ဒိဋ္ဌိပဲ၊ မျက်စိကို မျက်စိ အတိုင်းပဲ
ထားပြီး ငါလို့ သူလို့ မယူရင် ဒိဋ္ဌိ လွတ်တယ်၊ မျက်စိကိုငါလို့ယူတယ်
ငါ့ဥစ္စာလို့ လည်းယူတယ် ငါ့ကိုယ်လို့လည်း ယူတယ် အဲဒါ
နေတံမမ နေသောဟမသ္မိ နမေသော အတ္တာတိ
ဒီလို ရှုမှ မှန်တယ် ငါမဟုတ်ဘူး ငါ့ဥစ္စာမဟုတ် ဘူး ငါ့ကိုယ် မဟုတ်ဘူး။
မမြဲဘူး-ဒီလိုယူမှ မျက်စိကို အာရုံပြုပြီး ရာဂမဖြစ် တော့ဘူး၊ အခုက
စပြီးလုပ် သေတဲ့အခါကျ ရာဂပါမသွား အောင် ရာဂ မပါဘူး ဆိုရင် နိဗ္ဗာန်ရောက်တယ်၊
ဒိဋ္ဌိ မပါဘူးဆိုရင်လည်း နိဗ္ဗာန်ရောက်တယ်၊ အဗျာကတက အဗျာကတကို ကျေးဇူးပြုမှာ
အနိစ္စတော ဒုက္ခတော အနတ္တတော ဖြစ်နေတာ
ဒိဋ္ဌိ-အယူသည် ငါဟု သူဟု အယူသည် ငါဟု
သူဟု ဟူ၍ ယူသောအယူသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။
ဒိဋ္ဌိ-အယူသည် ငါဟု သူဟု အယူသည် ငါဟု
သူဟု ဟူ၍ ယူသောအယူသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။
မျက်စိက အဗျာကတတရား နှစ်သက်တာက အကုသိုလ်တရား မသာယာအောင် ဘယ်လို
လုပ်မလဲဆိုတော့ ဒီတိုင်းပဲရှု ဒီတိုင်းပဲထား ရမယ် အဗျာကတဖြစ်အောင်က
ဘယ်လိုလုပ်ရ သလဲ ဆိုရင်လည်း ဒီအတိုင်းထားရမယ်
အနိစ္စ ဒုက္ခက ကုသိုလ် ရှုတယ်၊ အဲဒါက ကုသိုလ် ဖြစ်သွားတယ်။မြင်ရင် ရာဂ
မဖြစ်စေနဲ့ ဒေါသလည်း မဖြစ်စေနဲ့ ဝိစိကိစ္ဆာလည်း မဖြစ် စေနဲ့ ဒိဋ္ဌိလည်း
မဖြစ်စေနဲ့ အဲလိုပြောတာ
တံ- ထို
စက္ခုကို၊ အာရဗ္ဘ-အာရုံပြု၍၊ ရာဂေါ- ကပ်ငြိခြင်းသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဒိဋ္ဌိ-
ငါသူဟူ သော အယူသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဝိစိကိစ္ဆာ- ဘယ်ကလာ မှန်းမသိသော
ဝိစိကိစ္ဆာသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဥဒ္ဓစံ္စ- ဥဒ္ဓစ္စသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊
ဒေါမနဿံ- နှလုံးမသာယာခြင်းသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။
သောတံ ဃာနံ ဇိဝှံ ကာယံ ရူပေ သဒ္ဒေ
ဂန္ဓေ ရသေ ဖောဋ္ဌဗ္ဗေ ဝတ္ထုံ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
ဂန္ဓေ ရသေ ဖောဋ္ဌဗ္ဗေ ဝတ္ထုံ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
သောတံ- နားကို၊ အဿာဒေတိ- သာယာ၏၊ အဘိနန္ဒတိ- နှစ်သက်၏၊ တံ- ထိုနားကို၊
အာရဗ္ဘ- အာရုံပြု၍၊ ရာဂေါ- ရာဂသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဒိဋ္ဌိ- အယူသည်၊ ဥပ္ပဇ္ဇတိ-
ဖြစ်၏၊ ဝိစိကိစ္ဆာ-သို့လော သို့လော တွေးတောခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊
ဥဒ္ဓစ္စံ- ပျံ့လွင့်ခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဒေါမနဿံ-
စိတ်ဆိုးခြင်းသည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။
ဃာနံ- နှာခေါင်းကို၊ အဿာဒေတိ- သာယာ
၏၊ အဲဒါ ပုဒ်တိုင်းလိုက်တက်တာခေါ်တယ်၊ အနက် ပေးရင် အဲလို ပေးရတယ်၊ ဒါမှ စုံတယ် စက္ခုပေးသလို ခွဲပေးရတယ်၊ အဲလိုဆိုရင် အရှည် ကြီးဖြစ်သွားမှာစိုးလို့ ဃာနံ ဇိဝှံ ကာယံ ရူပေနဲ့ ဒီလို လုပ်တာ၊ နောက် အဿာဒေတိတွေ အကုန်ပြန် ရတာ
ဃာနံ- နှာခေါင်းကို၊ အဿာဒေတိ- သာယာ
၏၊ အဲဒါ ပုဒ်တိုင်းလိုက်တက်တာခေါ်တယ်၊ အနက် ပေးရင် အဲလို ပေးရတယ်၊ ဒါမှ စုံတယ် စက္ခုပေးသလို ခွဲပေးရတယ်၊ အဲလိုဆိုရင် အရှည် ကြီးဖြစ်သွားမှာစိုးလို့ ဃာနံ ဇိဝှံ ကာယံ ရူပေနဲ့ ဒီလို လုပ်တာ၊ နောက် အဿာဒေတိတွေ အကုန်ပြန် ရတာ
ဃာနံ- ဃာန ပသာဒကိုလည်းကောင်း၊ ဇိဝှံ- ဇိဝှါပသာဒကိုလည်းကောင်း၊ ကာယံ-
ကာယပသာဒကို လည်းကောင်း၊ ရူပေ- ရူပါရုံတို့ကို လည်းကောင်း၊ သဒ္ဒေ-
သဒ္ဒါရုံတို့ကိုလည်းကောင်း၊ ဂန္ဓေ- ဂန္ဓာရုံတို့ကိုလည်း ကောင်း၊ ရသေ- ရသာရုံ
တို့ကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေ- ဖောဋ္ဌဗ္ဗာရုံတို့ကို လည်းကောင်း၊ ဝတ္ထုံ-
ဟဒယဝတ္ထုကို လည်း ကောင်း၊ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ-
ဝိပါက်အဗျာကတ ကိရိယာအဗျာကတ ဖြစ်ကုန် သော၊ ခန္ဓေ - ခန္ဓာတို့ကို၊ အဿာဒေတိ - သာယာ ၏၊ အဘိနန္ဒတိ- နှစ်သက်၏။
တံ- ထိုခန္ဓာကို၊ အာရဗ္ဘ- အာရုံပြု၍၊ ရာဂေါ-
ရာဂသည်ç တပ်မက်ခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဒိဋ္ဌိ- ငါသူဟူသော အယူသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဝိစိကိစ္ဆာ- သို့လော သို့လော တွေးတောခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊
ဝိပါက်အဗျာကတ ကိရိယာအဗျာကတ ဖြစ်ကုန် သော၊ ခန္ဓေ - ခန္ဓာတို့ကို၊ အဿာဒေတိ - သာယာ ၏၊ အဘိနန္ဒတိ- နှစ်သက်၏။
တံ- ထိုခန္ဓာကို၊ အာရဗ္ဘ- အာရုံပြု၍၊ ရာဂေါ-
ရာဂသည်ç တပ်မက်ခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဒိဋ္ဌိ- ငါသူဟူသော အယူသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဝိစိကိစ္ဆာ- သို့လော သို့လော တွေးတောခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊
ကထံ- အသို့နည်း ပါဠိက
ဒီလို လာတယ်၊ တွေးတောယုံမှားခြင်းသည်၊ ဥဒ္ဓစ္စံ- ပျံ့လွင့်ခြင်း သည်၊
ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဒေါမနဿံ- စိတ်ဆိုး ခြင်း သည် (ဝါ) နှလုံး မသာယာခြင်း သည်၊
ဥပ္ပဇ္ဇတိ- ဖြစ်၏။
အာရမ္မဏပစ္စယော- အာရမ္မဏပစ္စည်းသည်၊
နိဋ္ဌိတော- ပြီးပြီ။
နိဋ္ဌိတော- ပြီးပြီ။
အဲလိုလည်း ထည့်တတ်ရတယ်၊ နောက်တစ်ခါမှ အဓိပတိပစ္စည်း၊ ပြန်ကြည့်ပြီး
ပြန်ပြန် အတုခိုး လုပ် ပေါ့၊ အဲဒီတိုင်း ပါတဲ့ဟာလုပ်၊ အဲဒါ ပဋ္ဌာန်း ဝိပဿနာ
ခေါ်တယ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်