*********************
နိဗ္ဗာန်ဟာ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင် ခရီး အဆုံး ပါပဲ။ အဆုံးရောက်တော့ ဒုက္ခ ငြိမ်း တာပေါ့။
ဒီနေရာမှာ သိပ္ပံသမားတွေ အဆုံး မရှိ ချင်ကြဘူး။ သိပ္ပံသမားတွေဟာ ဆုံးသွား မှာကို စိုးရိမ်ကြတယ်။ သူတို့ ခံယူထားက —
“—- it is better to travel hopefully than to arrive..”
“—- we reached the end of the line, the human spirit would shrivel and die.”
လို့ ဒီလို ခံယူထားတာကိုး။
သိပ္ပံသမားတွေက မျှော်လင့်ချက်နဲ့ သွား နေရတာကိုပဲ သဘောကျကြတယ်။ အဆုံးရောက်သွားရင် သူတို့က ရပ်တန့် သွားမယ်။ လူသားတွေဟာလည်း ရှုံ့တွ ပြီးတော့ သေဆုံးသွားမယ် အဲဒီလို သူတို့ က ခံယူကြတယ်။
ဒါဟာ သိပ္ပံပညာရှင်တွေရဲ့ လွဲနေတဲ့ ခံယူချက် လို့ ဆိုရမလား ဗုဒ္ဓဘာသာဝင် အနေနဲ့ ကြည့်ရင်တော့ လွဲနေတာ မှားနေ
ကြတယ် တန်းပြောမိမှာပဲပေါ့
ပြန်သုံးသပ်ကြည့်ရင် တကယ်တမ်းမှာ သိပ္ပံသမားတွေက အဆုံးကို ရောက်ဖူးကြ
လို့ ဒီလို ခံယူလေသလား ဆိုတာ တွေး စရာ မေးစရာ ပေါ်လာတယ်
စီစစ်ကြည့်ရင် သူတို့က အဆုံးကိုလည်း မရောက်ဖူးဘဲနဲ့ အဆုံးကို သွားနေရတာ မကြိုက်ဘူး ဆိုတော့ ဒါဟာ သိပ္ပံနည်း တော့ မကျဘူး လို့ ပြောရမှာပါပဲ
သိပ္ပံပညာရှင်တွေရဲ့ သိပ္ပံနည်းမကျတဲ့ ခံယူချက် တစ်ခုလို့ ဆိုနိုင်ပါတယ်
သူတို့ဟာ အဆုံးကို ကြောက်ကြတယ်။ တစ်ချို့တွေဆို ရည်မှန်းချက်ကို မထား ဘူး၊ ရည်မှန်းလို့ ရောက်သွားရင် ရပ်တန့် သွားမှာကို စိုးရိမ်လို့ ရည်မှန်းချက် မရှိဘူး။ သူတို့ မှာ သွားနေခြင်းပဲ ရှိတယ် လို့ ဒီလို အခိုင်အမာ ယူကြတယ်။ တကယ့် နာမည်ကြီး ပညာရှင်တွေကိုက အဲဒီလိုပဲ ယူဆကြတယ်။
ဒါ သူတို့ ချော်နေတဲ့ အချက်ပေါ့ တကယ် တော့ နိဗ္ဗာန် ရောက်တဲ့အခါ ချမ်းသာတာ ကို သူတို့ မသိကြဘူး။ မသိပါဘဲ ကြောက်
နေတာ ဖြစ်နေတယ် ရုပ်နာမ်ကို ခွာချခဲ့ပြီး ပြီပဲ၊ (၃၁) ဘုံကို ထားခဲ့ပြီးပြီပဲ ဟိုမှာ ရုပ် နာမ် ရှုံ့တွစရာ ဘာမှ မရှိတော့ပါဘူး။
ဉာဏ်ပညာနဲ့ တည်ငြိမ်၊ လွတ်လပ်၊ ငြိမ်း ချမ်းစွာ၊ ဒုက္ခက လွန်မြောက်နေတာပဲ ရှိ တယ်။ သူတို့ က ဒါကို မသိကြဘူး။
ဒီတော့ သိပ္ပံပညာရှင်ကြီးတွေဟာ သနား စရာ ကောင်းတဲ့ သူတွေ အနေအထား လို
ဖြစ်ကုန်တယ် သူတို့ဘက်က ဘယ်လို စောဒဂ တက်နိုင်မလဲ ဆိုတာကိုက စာဖတ်သူက ဆွေးနွေးသွားပေးကြည့်ပါ
သိပ္ပံသမားတွေဟာ လောကီကိုပဲ သိတာ လောကတ္တရာကို နားမှ မလည်ဘဲ။ လောကုတ္တရာကိုမှ မမှန်းဆတတ်ပဲ။
ဒီတော့ သူတို့ဟာ ပန်းတိုင် အဆုံးနိဂုံး ဆိုတာကို ကြောက်ကြတာ
တကယ်တော့ နိဂုံးရောက်တဲ့အခါ အင်မတန်မှ ချမ်းသာတဲ့ အကြောင်း
သူတော်ကောင်းတွေ ဥဒါန်းကျူးတော် မူကြတာကို သူတို့ မသိကြဘူး။
ဒီတော့ သိပ္ပံဟာ ဒီတစ်ခုတော့ တော် တော်လေး ခေတ်နောက်ကျနေကြောင်း
သတိထားမိရတယ်
ဆွေးနွေးကြည့်ကြပါဦးလား
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်