~~~~~~~~~~~~~~~~~~~~~~~~~~~
သိတာတော့သိတာပါပဲဒါပေမယ့်ဘယ်လိုသိတာလဲ? ဒါကတော့ကွာခြားသွားပါတယ် ဝိပဿနာ တရားအားထုတ်တယ်ဆ
ိုရာမှာဣရိယာပုတ်တွေရှိပါတယ်။
ဣရိယာပုတ်ဆိုတာက လျောင်း ၊ ထိုင် ၊ ရပ် ၊ သွားဆိုတဲ့လှဲတဲ
့အခါထိုင်နေတဲ့အခါမတ်တပ် ရပ်နေတဲ့အခါ လမ်းလျှောက်နေတဲ
့အခါ စသဖြင့်
ကိုယ်နေဟန်ထားတွေ ရှိပါတယ်တဲ့ ဒါတွေဟာ ဒီ လျောင်း ထိုင် ရပ် သွား ဆိုတာတွေဟာ ဝိပဿနာ တရားအားထုတ်မှ မဟုတ်ပါဘူးတဲ့။
ပုံမှန်ပြုလုပ်လေ့ရှိတဲ့ကိုယ်နေဟန်ထားပြောင်းလဲမှုတွေပါပဲဒီလိုဣ
ရိယာပုတ်တွေမှာဝိပဿနအားထုတ်သူကျတော့ သတိနဲ့လိုက်သိပေ
းနေရပါ တယ်တဲ့ ဒါက ဘာလဲဆိုတော့ လဲလျောင်းနေရင် ထိုင်နေရင်ရပ်နေရင်သွားနေရင်စသဖြင့်တစ်ခုခုကို တော့ လုပ်နေရမှာပဲ။
ဒီလိုလုပ်နေရင်းကမိမိမှာအာရုံတွေပေါ်ပါ တယ်တဲ့မြင်ရင်လည
်းမြင်မယ်ကြားရင်လည်း ကြားမယ် နံရင်လည်းနံမယ် စားရင်လည်းစားမယ် ထိသိတာပေါ်ရင်လည်
း ပေါ်မယ် တွေးတောတာ ပေါ်ရင်လည်း ပေါ်ပါမယ်တဲ့။
ဝိပဿနာရှုသူဟာ ဒီအာရုံခြောက်ပါးကို မိမိရဲ့ ဣရိယာပုတ်တိုင်း
မှာသတိနဲ့စောင့်ကြည့်ပါ တယ်တဲ့ ဒီလို အာရုံတွေကို စောင့်ကြည့်နိုင်မှ အာရုံခြောက်ပါးသ
ာလျှင်ရှိတယ်ဒီအာရုံ ခြောက်ပါးဟာ အလှည့်ကျ ဖြစ်ပေါ်နေတယ်။
ဘယ်လိုပေါ်တာလဲ မျက်စိက မြင်စရာကို ခံစားတယ် နားက ကြားစရာကို ခံစားတယ် နှာခေါင်းက နံစရာကို ခံစားတယ် ပါးစပ်က လျှာက အရသာကို ခံစားတယ် ကိုယ်ခန္ဓာက ထိတွေ့စရာကို ခံစားတယ် စိတ်က တွေးတောစရာတွေကို ခံစားတယ်။
ဒီတော့ မြင်တယ်ဆိုတဲ့နေရာမှာ မျက်စိက မြင်စရာကို ခံစားတယ် ဒါက ဘာလဲ ဘယ်လိုသဘောလဲဆိုတော့ ကင်မရာရှေ့မှာ ရိုက်စရာပုံရိပ်ရှိတယ် ဒါပေမယ့် ကင်မရာက ခလုတ်ကို မနှိပ်သရွေ့ ကင်မရာရှေ့က ပုံရိပ်ကို ဓာတ်ပုံအဖြစ် မဖမ်းယူနိုင်သလိုပါပဲတဲ့။
မျက်စိရှိတယ် မျက်စိရှေ့မှာ မြင်စရာအဆင်းရှိတယ် ဒါပေမယ့် သိမှုဆိုတဲ့ ဝိညာဏ်ကလေးပေါ်ပါမှ မြင်စိတ်ဖြစ်တယ် ဒီတော့ မျက်စိတို့ အဆင်းတို့ဟာရုပ်သဘောတွေ သိမှုဆိုတာက နာမ်သဘောတရားတွေ ဒီနှစ်ခု ပေါင်းလိုက်တော့ မြင်သိစိတ် ဖြစ်သွားတယ်။
အာရုံဖြစ်သွားတယ် ဒီနေရာလေးမှာမြင်တာပဲရှိ တယ်မြင်လိုက်တယ်ဆိုတဲ့ခံစားမှုလေးဖြစ်သွားတယ် ဒါလေးပဲ ဥပေက္ခာသဘောလေးမျှသာပဲ သိမှုလေးပြီးတာနဲ့ ပျက်သွားတယ် ဒါဟာ ဥာဏ်စိုက်ထားလို့ သိတဲ့ဥာဏ်သိ။
ကျန်တဲ့ ကြားတာ နံတာ စားတာ ထိတွေ့တာ တွေးတောတာတွေမှာလည်းမြင်ရင်မြင်တဲ့အ တိုင်းဒီလိုလေးစိုက်ကြည့်ပေးတော့မြင်ကာမျှသာပဲ ချုပ်သွားတယ်ဒါကိုပဲသိလုံးလေးလို့ခေါ်ပါတယ် ဥာဏ်လို့လည်းခေါ်
ပါတယ်။
ဒီတော့ မြင်သိစိတ်က သိမှုသဘောဟာ ခန္ဓာသဘော ဝိညာဏက္ခန္ဓာ ဒီသိမှုသဘောက မျက်စိနဲ့အဆင်းတ
ိုက်လည်းမြင်သိစိတ်ပေါ်တယ် နားနဲ့အသံနဲ့တိုက်တော့ ကြားသိစိတ်ပေါ်တယ် နှာခေါင်းနဲ့အနံ့နဲ့တိုက်တော့ နံသိစိတ်ပေါ်တယ် လျှာနဲ့အရသာနဲ့တိုက်တော့ ချိုချဉ်ဖန်ခါးစတဲ့ အရသာစိတ်ပေါ်တယ်ကိုယ်နဲ့ထိတွေ့စရာ တိုက်တော့ ထိသိစိတ်ပေါ်တယ်။
ဥာဏ်သိကကျတော့ ဒီ လိုမျိုး ရှေ့ကပေါ်သွားတဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတိ တွေးသိစိတ်တွေအပေါ်မှာ ဒါကတော့ မြင်သိစိတ် ဒါကတော့ ကြားသိစိတ် စသဖြင့် အမှန်အတိုင်း ပစ္စုပ္ပန်ကျကျ လိုက်သိပေးနေတာ ဒါကတော့ဒီသိမှုကတော့ဥာဏ်ပါတဲ့ဥာဏ
်သိပါတဲ့ ဝိပဿနာရှုနေသူမို့ ဒီလိုသိတာပါတဲ့။
ဒီတော့ရှေ့ကခန္ဓာသဘောဆိုတဲ့သိမှုကပေါ် တယ် ပျက်တယ် နောက်ကနေကျတော့ သိလုံးလေးဖြစ်တဲ
့သိပေးနေတဲ့ဥာဏ်ကလိုက်နေ တယ် ဒီတော့ သိလုံးကလေးဖြစ်တဲ့ ဥာဏ်က ရှေ့ကဖြစ်သွား ပျက်သွားတဲ့ ခန္ဓာသဘောကို သွားတွေ့တယ်။
မြင်တာပဲဖြစ်ဖြစ် ကြားတာပဲဖြစ်ဖြစ် သိမှုဆိုတဲ့ ခန္ဓာမှာလမ်းဆုံး
တယ် မြင်တာကိုသိပေးပြီးတော့ နားကကြားတော့ရော သိမပေးရဘူးလား ဒီတော့ မြင်သိမှုပျက် ကြားသိမှုပေါ် ဒီလိုသွားတယ်။
အရင်းကို လိုက်တော့ မြင်မြင် ကြားကြား သိမှုပေါ်တာ ဒီသိမှုက ဝိညာဏက္ခန္ဓာ ဒါဆိုရင် ဘာမြင်တယ် ဘာကြားတယ် လို့ မဖြစ်တော့ဘူး ခန္တာပေါ်တာလို့သိတယ် ဒီတော့ ဝိညာဏ်ဆိုတဲ့ ခန္ဓာသဘော သက္ကာယအပေါ်မှာ ငါ ရှိတယ်။
ငါ့ဟာဖြစ်တယ် ငါပိုင်တယ်လို့ ဆွဲယူထားတဲ့ သက္ကာယဒိဋ္ဌိပြုတ်သ
ွားတယ် ခန္ဓာမှန်ရင် အနိစ္စ ဆိုတော့ အနိစ္စနောက်က ဥာဏ်လိုက်တယ် သစ္စာဖွဲ့တော့ သိမှုဆိုတဲ့ခန္ဓာသဘောက ဒုက္ခ သစ္စာ နောက်ကသိလုံးက မဂ္ဂသစ္စာ ဆိုတော့ ဝိညာဏက္ခန္ဓာကို ငါလို့ယူပြီးစွဲလန်းတတ်တဲ့ ဝိညာနုပါဒါနက္ခန္ဓာ မဖြစ်တော့ဘူး ဒီတော့ လိုချင်မှုတဏှာဥပါဒါန်ကံတွေဖြစ်ခွင့်မရတော့ဘူးချ
ုပ်သွားတယ်။
သစ္စာဖွဲ့တော့ သမုဒယသစ္စာချုပ်တယ် နိရောဓ ဆိုတဲ့ ကိလေသာနာမ်ရုပ်တွေ ချုပ်ငြိမ်းရာကို ဆိုက်ရောက်သွားပ
ါတယ်တဲ့ဒါကဥာဏ်သိနဲ့သိတဲ့ ပရမတ်အသိပါပဲ ။
အဝိဇ္ဇာအသိကတော့ ရှင်းပါတယ် မြင်တိုင်း ကြားတိုင်း အပေါ်မှာ အမှန်အတိုင်း မမြင်ဘူး မြင်လိုက်တိုင်းသည် ငါမြင်တယ် ကြားလိုက်တိုင်းသည် ငါကြားတယ် စသဖြင့် ပေါ်အပ်ရာအာရုံတိ
ုင်းကို ငါ ငါ၏ ဥစ္စာဟုယူ၍ အမည်နာမနှင့်တကွ ပညတ်အာရုံတွေ ဖြစ်သွားတယ်။
ဒီလို ငါ သူတစ်ပါးစတဲ့ ပညတ်တွေဟာ ဘာနဲ့တူသလဲဆိုတော့ အချိုကြိုက်သော ပုရွက်ဆိတ်ကောင်ရဲ့ ရှေ့မှာ သကာခဲ သကြားခဲ ချပေးလိုက်သလိုပါပဲတဲ့ တဏှာ ဥပါဒါန်တို့ဟာ ငါ သူတစ်ပါး စတဲ့ ပညတ်အာရုံတွေကို အလွန်ကြိုက်ပါတယ်တဲ့။
ဒီတော့ အဝိဇ္ဇာက ပရမတ်ရုပ်နာမ်ကိုမသိအောင် ဖုံးအုပ်တယ် ဒိဌိက ငါငါ၏ဥစ္စာလို့ယူတယ်တဏှာ ဥပါဒါန်ကမလွတ်တမ
်းဒီအာရုံကိုစွဲယူ၍သင်္ခါရ တွေကိုဖြစ်စေပါတယ်တဲ့ကံတရားတွေေ
မြာက် စေ၍သံသရာစက်ဝန်းကိုဆက်စေပါ တယ်။
အာယတနကိုမြင်တဲ့အမြင်ကဖြစ်ရာအစု
အဝေးလို့ မြင်တဲ့ မြင်တဲ့အမြင်ကျမှဓမ္မတွေကဖြစ်လာတဲ့ သဘောတရားအမြင်ဖြစ်လို့ဓမ္မနုပဿနာဖြစ် တယ်ဝိညာဏ်သိမှုဆိ
ုတာနဂိကရှိတာမဟုတ်ဘူး ဒီအာယတနနှစ်ခုစုဝေးမှတွေ့တိုက်မ
ှဝိညာဏ်ဆိုတာ ဖြစ်ရတာကို သိထားရမယ်။
ဒီနှစ်ခု ပူးမှ တွေ့တိုက်မှ ဝိညဏ်သိမှုဆိုတာ ဖြစ်ရတာ နဂိုက ရှိတာမဟုတ်ဘူး ဒီလိုဖြစ်ပြီးတော့လည်း ပျက်သွားကြရတာပဲ။
ဒီလို ပညတ်တွေမဝင်နိုင်တဲ့အာယတနနှစ်ခုတို့၏ စုဝေးရာသဘောကို ပိုင်းခြားပြီး ပြန်မြင်သွားရင် ရာဂ ဒေါသ မောဟ တွေ မဖြစ်တော့တဲ့ သင်္ခါရနိမိတ်ကလွတ်ပြီး ပဝတ္ထိနိမိတ်အမြင်မှာ အာကာသ ကောင်းကင်ကြီးကိုပဲ ဟာလာဟင်း လင်းကြီး ဖြစ်ပြီးနေရတဲ့ သဘော ရင်ထဲမှာ အေးချမ်းပြီးနေရတဲ့သဘောတွေ ဖြစ်လာတယ် ဒါဟာ စင်စစ်တော့ နိရောဓ သစ္စာ ပဲ။
အာယတနတွေဖြစ်တဲ့ ရူပါရုံနဲ့မျက်စိကို သတ်သတ်စီမထားပဲ မျက်စိကို ငါ့မျက်စိလို့ ငါမြင်တယ်လို့သဘောထားရင်ကြိုးချည်တဲ့ သံယောဇဉ်ကြိုးဖြစ်သွားတယ်နားနဲ့အသံမှာ လည်း ငါကြားတယ် နှာခေါင်းနဲ့အနံ့မှာလည်း ငါနံတယ်လို့သံယောဇဉ်ကြိုးချည်တတ်ကြတယ်။
လျှာနဲ့အရသာ ကိုယ်နဲ့အတွေ့အထိ စိတ်နဲ့ ကြံ တွေးစရာ တွေမှာလည်း ထို့အတူပဲ ငါပါလာရင် ငါ ဆိုတဲ့ဒိဋ္ဌိဝင်လာရင် လောဘ ဒေါသလည်း ဖြစ် တယ် တဏှာ မာန ဒိဋ္ဌိလည်းဖြစ်တယ် ဒါကြောင့် အာယတနနှစ်ခု တို့ရဲ့စုဝေးရာလူ့ဥာဏ်နဲ့ သိရင် ငါသူယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါ ပညတ် အမြင် မရတော့ နိဗ္ဗာန်ရောက်တော့တာပဲ။
=================================
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်