မိမိစိတ်အသိမှားကသာ
အတ္တရှိတယ်ထင်ပေမဲ့ အထင်မျှသာ
တရားတွေကတော့ ထင်လဲ အနတ္တ ,
မထင်လဲ အနတ္တပါပဲ။
သဗ္ဗေဓမ္မာ အနတ္တာ…လို့ ဗုဒ္ဓက
ဟောခဲ့တာပါ။ဘယ်တုန်းဘယ်ခါ
ဘယ်ကမ္ဘာမှာမှ မရအပ်တဲ့
အတ္တအယူကို အတ္တဆိုတာ မရှိပါဘူး…
တရားတွေက အနတ္တသဘောပါလို့
ဥာဏ်ဖြစ်ရုံမှတပါး………
တမင် အတ္တကို ဖြုတ်စရာ အကြောင်းမရှိ။
အဘယ်ကြောင့်နည်း………
မရှိသော မရအပ်သော အတ္တကို
ရှိတယ် ရတယ်အထင်နဲ့ စွဲယူသိမ်းပိုက်
နေလို့သာလျှင် အတ္တရှိတယ် အထင်ရှိလို့
အတ္တကို တမင်လိုက်ဖြုတ်နေခြင်းသည်
ပင်လျှင် နည်းမှားတခုဖြစ်လေရာ၏။
အနတ္တမှန်ပါလျှက်နဲ့ အတ္တကို တမင်
မဖြုတ်ရဟု ဆရာတော်ကြီး မိန့်ခဲ့ပါ၏။
မရှိတာကို အရှိထားဖြုတ်နေခြင်း
ပယ်နေခြင်း သည်ပင်လျှင်
စိတ္တဇ အထင်ဖြစ်နေ ခြင်းကြောင့်
အပိုလုပ်နေကြခြင်းဟု ဆရာတော်ကြီးက
ဆုံးမသည်ကို ဆရာသမားများက
ပြန်ပြောဖူးပါ၏။မရှိတာ မရှိဘူးလို့
သိတဲ့ဥာဏ်ဖြစ်ရုံမှတပါး အပိုအလုပ်
မလုပ်ရာ။ဥာဏ်အမြင်စင်ကြယ်ခြင်း
သည်ပင်လျှင် ဒိဋ္ဌိအယူစင်ကြယ်ရာ၏။
စကားအရာ ဒဿနကိစ္စ မြင်သာအောင်
ပြောဆိုသုံးနှုံးသော ယာယီမျှ ဘက်ထား၍
အစားထိုးထားသော စကားရပ်များ
အပေါ် ဥာဏ်အမြင်စင်ကြယ်မှ
ဒဿနကိစ္စပြည့်စုံ၏။
သို့မဟုတ်လျှင် ဒဿနကိစ္စ
အစားထိုးထားသော(သပ်)
ဝေါဟာရ ပညတ်ပေါ်တွင်
သောင်တင်(သပ်ကျန်)နေ၍
ပြန်ငြိနေတတ်(သပ်ညပ်)နေတတ်ပါ၏။
မရှိတာ ဘယ်လို စွဲမှာလဲကွဲ့။
ပယ်တယ် ပယ်တယ်,ဆိုတာ
ဒါ, မရှိတာ သိအောင်လို့ ပြော ဟောရတာ …
မရှိတာကို ရှိတယ်လို့ စွဲနေတာ…
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်